မြန်မာအရေးတွင်ပါဝင်နေသည့် အဖွဲ့အစည်းအားလုံးနှင့်စေ့စပ်ဆွေးနွေးနိုင်ရန် ကူညီထောက်ပံ့ပေးမည်ဟု အိန္ဒိယအစိုးရပြော

1519

ဂျန်ဇက် (NP News) - ဇူလိုင် ၁၂
အိန္ဒိယအစိုးရအနေဖြင့် မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းအပေါ် ပြန်လည်ရောက်ရှိလာစေရန်အတွက် နိုင်ငံရေးအငြင်းပွားမှုများတွင် ပါဝင်နေသည့် အဖွဲ့အစည်းအားလုံးနှင့်စေ့စပ်ဆွေးနွေးနိုင်ရန် ကူညီပေးမည်ဟု အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးက ထုတ်ဖော်ပြောဆိုလိုက်သည်။
အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးသည် ပြီးခဲ့သောရက်ပိုင်းတွင် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနှင့်တွေ့ဆုံဆွေးနွေးချိန်အတွင်း ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ မြန်မာနိုင်ငံခြားရေးဝန်ကြီးသည် အိန္ဒိယနိုင်ငံကအိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့သော ဘင်းစတက်ထိပ်သီးအစည်းအဝေးကိုတက်ရောက်ချိန်အတွင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး၊ ထိုင်းနိုင်ငံခြားရေးဝန်ကြီးတို့နှင့်တွေ့ဆုံဆွေးနွေးခဲ့ကြောင်းသိရသည်။
အိန္ဒိယပြည်ပရေးရာဝန်ကြီးက "ဘင်းစတက်ထိပ်သီးအစည်းအဝေးနားချိန်မှာ မြန်မာနိုင်ငံခြားရေးဝန်ကြီးနဲ့ သီးခြားတွေ့ဆုံဆွေးနွေးခဲ့တယ်။ အဲဒီ တွေ့ဆုံဆွေးနွေးပွဲအတွင်း နယ်စပ်ဒေသတည်ငြိမ်ရေး၊ နေရပ်စွန့်ခွာသူများ အိန္ဒိယနိုင်ငံဘက်ခြမ်းကို ပိုမိုဝင်ရောက်လာမှုအခြေအနေတွေကို ဆွေးနွေးခဲ့တယ်။ ဒါ့ပြင် တရားမဝင် မူးယစ်ဆေးဝါးတင်ပို့မှုတွေ၊ မြန်မာလက်နက်ကိုင်အုပ်စုတွေရဲ့အခြေအနေတွေ၊ လက်နက်မှောင်ခိုမှုတွေကိုလည်း ဆွေးနွေးခဲ့တယ်။ ဒါ့ပြင် အွန်လိုင်းအသုံးပြုကာလိမ်လည်မှုကျူးလွန်နေတဲ့ ဂိုဏ်းတွေလက်ထဲမှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ အိန္ဒိယနိုင်ငံသားတွေကို အမြန်ဆုံးပြန်လွှတ်မြောက်ရေးကိုလည်းဆွေးနွေးခဲ့တယ်။ အိန္ဒိယအစိုးရဟာ မြန်မာ နိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းအပေါ် ပြန်လည်ရောက်ရှိစေဖို့ နဲ့ မြန်မာ နိုင်ငံရေးအငြင်းပွားမှုတွေမှာ ပါဝင်နေတဲ့အဖွဲ့အစည်းအားလုံးနဲ့စေ့စပ်ဆွေးနွေးမှုတွေကို ကူညီထောက်ပံ့ပေးသွားမှာဖြစ်တယ်။ မြန်မာနိုင်ငံခြားရေးဝန်ကြီး၊ ထိုင်းနိုင်ငံခြားရေးဝန်ကြီးတို့ ပူးပေါင်းပါဝင်တဲ့ သုံးနိုင်ငံရဲ့နိုင်ငံ ခြားရေးဝန်ကြီးတွေပါဝင်တဲ့ တွေ့ဆုံဆွေးနွေးပွဲလည်းလုပ်ဆောင်ခဲ့တယ်။ ထိုင်းနိုင်ငံဟာ အိန္ဒိယနိုင်ငံလိုမျိုး မြန်မာနိုင်ငံနဲ့ နယ်စပ်ချင်းထိစပ်နေတဲ့နိုင်ငံဖြစ်တယ်။ အဲဒီတွေ့ဆုံဆွေးနွေးမှုအတွင်း ဘင်းစတက်အဖွဲ့အနာဂတ်အလားအလာများ၊ သုံးနိုင်ငံ ပူးပေါင်းဆောင်ရွက်မယ့် စီမံကိန်းများကိုလည်း အဓိကထားဆွေးနွေးခဲ့တယ်"ဟု 'X' လူမူကွန်ရက်ပလက်ဖောင်းတွင်ရေး သားဖော်ပြထားသည်။
ဘင်းစတက်အဖွဲ့ကို ၁၉၉၇ ခုနှစ်ကစတင်ဖွဲ့စည်းခဲ့ပြီး မြန်မာ၊ အိန္ဒိယ၊ ဘူတန်၊ သီရိလင်္ကာ၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ နီပေါနိုင်ငံတို့ ပူးပေါင်းပါဝင်ဖွဲ့စည်းထားပြီး ဒေသအတွင်းဖွံ့ဖြိုးတိုတက်ရေးအတွက် အဓိကထားလုပ်ဆောင်မည့်အဖွဲ့ဖြစ်ကြောင်းသိရသည်။

zawgyi version
ျမန္မာအေရးတြင္ပါဝင္ေနသည့္ အဖြဲ႕အစည္းအားလုံးႏွင့္ေစ့စပ္ေဆြးေႏြးႏိုင္ရန္ ကူညီေထာက္ပံ့ေပးမည္ဟု အိႏၵိယအစိုးရေျပာ
ဂ်န္ဇက္ (NP News) - ဇူလိုင္ ၁၂
အိႏၵိယအစိုးရအေနျဖင့္ ျမန္မာႏိုင္ငံကို ဒီမိုကေရစီလမ္းေၾကာင္းအေပၚ ျပန္လည္ေရာက္ရွိလာေစရန္အတြက္ ႏိုင္ငံေရးအျငင္းပြားမႈမ်ားတြင္ ပါဝင္ေနသည့္ အဖြဲ႕အစည္းအားလုံးႏွင့္ေစ့စပ္ေဆြးေႏြးႏိုင္ရန္ ကူညီေပးမည္ဟု အိႏၵိယႏိုင္ငံျခားေရးဝန္ႀကီးက ထုတ္ေဖာ္ေျပာဆိုလိုက္သည္။
အိႏၵိယႏိုင္ငံျခားေရးဝန္ႀကီးသည္ ၿပီးခဲ့ေသာရက္ပိုင္းတြင္ ျမန္မာႏိုင္ငံျခားေရးဝန္ႀကီး ဦးသန္းေဆြႏွင့္ေတြ႕ဆုံေဆြးေႏြးခ်ိန္အတြင္း ထည့္သြင္းေျပာဆိုခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။ ျမန္မာႏိုင္ငံျခားေရးဝန္ႀကီးသည္ အိႏၵိယႏိုင္ငံကအိမ္ရွင္အျဖစ္လက္ခံက်င္းပခဲ့ေသာ ဘင္းစတက္ထိပ္သီးအစည္းအေဝးကိုတက္ေရာက္ခ်ိန္အတြင္း အိႏၵိယႏိုင္ငံျခားေရးဝန္ႀကီး၊ ထိုင္းႏိုင္ငံျခားေရးဝန္ႀကီးတို႔ႏွင့္ေတြ႕ဆုံေဆြးေႏြးခဲ့ေၾကာင္းသိရသည္။
အိႏၵိယျပည္ပေရးရာဝန္ႀကီးက "ဘင္းစတက္ထိပ္သီးအစည္းအေဝးနားခ်ိန္မွာ ျမန္မာႏိုင္ငံျခားေရးဝန္ႀကီးနဲ႔ သီးျခားေတြ႕ဆုံေဆြးေႏြးခဲ့တယ္။ အဲဒီ ေတြ႕ဆုံေဆြးေႏြးပြဲအတြင္း နယ္စပ္ေဒသတည္ၿငိမ္ေရး၊ ေနရပ္စြန႔္ခြာသူမ်ား အိႏၵိယႏိုင္ငံဘက္ျခမ္းကို ပိုမိုဝင္ေရာက္လာမႈအေျခအေနေတြကို ေဆြးေႏြးခဲ့တယ္။ ဒါ့ျပင္ တရားမဝင္ မူးယစ္ေဆးဝါးတင္ပို႔မႈေတြ၊ ျမန္မာလက္နက္ကိုင္အုပ္စုေတြရဲ႕အေျခအေနေတြ၊ လက္နက္ေမွာင္ခိုမႈေတြကိုလည္း ေဆြးေႏြးခဲ့တယ္။ ဒါ့ျပင္ အြန္လိုင္းအသုံးျပဳကာလိမ္လည္မႈက်ဴးလြန္ေနတဲ့ ဂိုဏ္းေတြလက္ထဲမွာ ဖမ္းဆီးထိန္းသိမ္းခံထားရတဲ့ အိႏၵိယႏိုင္ငံသားေတြကို အျမန္ဆုံးျပန္လႊတ္ေျမာက္ေရးကိုလည္းေဆြးေႏြးခဲ့တယ္။ အိႏၵိယအစိုးရဟာ ျမန္မာ ႏိုင္ငံကို ဒီမိုကေရစီလမ္းေၾကာင္းအေပၚ ျပန္လည္ေရာက္ရွိေစဖို႔ နဲ႔ ျမန္မာ ႏိုင္ငံေရးအျငင္းပြားမႈေတြမွာ ပါဝင္ေနတဲ့အဖြဲ႕အစည္းအားလုံးနဲ႔ေစ့စပ္ေဆြးေႏြးမႈေတြကို ကူညီေထာက္ပံ့ေပးသြားမွာျဖစ္တယ္။ ျမန္မာႏိုင္ငံျခားေရးဝန္ႀကီး၊ ထိုင္းႏိုင္ငံျခားေရးဝန္ႀကီးတို႔ ပူးေပါင္းပါဝင္တဲ့ သုံးႏိုင္ငံရဲ႕ႏိုင္ငံ ျခားေရးဝန္ႀကီးေတြပါဝင္တဲ့ ေတြ႕ဆုံေဆြးေႏြးပြဲလည္းလုပ္ေဆာင္ခဲ့တယ္။ ထိုင္းႏိုင္ငံဟာ အိႏၵိယႏိုင္ငံလိုမ်ိဳး ျမန္မာႏိုင္ငံနဲ႔ နယ္စပ္ခ်င္းထိစပ္ေနတဲ့ႏိုင္ငံျဖစ္တယ္။ အဲဒီေတြ႕ဆုံေဆြးေႏြးမႈအတြင္း ဘင္းစတက္အဖြဲ႕အနာဂတ္အလားအလာမ်ား၊ သုံးႏိုင္ငံ ပူးေပါင္းေဆာင္႐ြက္မယ့္ စီမံကိန္းမ်ားကိုလည္း အဓိကထားေဆြးေႏြးခဲ့တယ္"ဟု 'X' လူမူကြန္ရက္ပလက္ေဖာင္းတြင္ေရး သားေဖာ္ျပထားသည္။
ဘင္းစတက္အဖြဲ႕ကို ၁၉၉၇ ခုႏွစ္ကစတင္ဖြဲ႕စည္းခဲ့ၿပီး ျမန္မာ၊ အိႏၵိယ၊ ဘူတန္၊ သီရိလကၤာ၊ ထိုင္း၊ ဘဂၤလားေဒ့ရွ္၊ နီေပါႏိုင္ငံတို႔ ပူးေပါင္းပါဝင္ဖြဲ႕စည္းထားၿပီး ေဒသအတြင္းဖြံ႕ၿဖိဳးတိုတက္ေရးအတြက္ အဓိကထားလုပ္ေဆာင္မည့္အဖြဲ႕ျဖစ္ေၾကာင္းသိရသည္။