ကျိုင်းတုံမြို့နယ်တွင် ကုန်တင်ကားနှင့် အိမ်စီးကားတို့ တိုက်မိရာမှ အိမ်စီးကားမီးလောင်ကာ ကလေးငယ်တစ်ဦး အပါအဝင် (၆)ဦးပွဲချင်း ပြီးသေဆုံး
1494
သန့်ဇင် (NP News) - ဇူလိုင်လ ၁၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင် ကုန်တင်ကားနှင့် အိမ်စီးကားတို့တိုက်မိရာမှ အိမ်စီးကား မီးလောင်ကာ ကလေးငယ် တစ်ဦးအပါအဝင် (၆)ဦးပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း တိုင်းနေနာရေးကူညီမှုအသင်း ထံမှ သိရသည်။
ယာဉ်တိုက်မှုသည် ယနေ့(ဇူလိုင်လ ၁၅ ရက်)၊ နံနက် ၇ နာရီ ၃ဝ မိနစ်ဝန်းကျင်အချိန်ခန့်က ကျိုင်းတုံမြို့နယ်၊ ပန်လော့ရွာအနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ဖြစ်တာက အိမ်စီးကားဖြစ်တဲ့ Toyota Succeed က ကျိုင်းတုံကနေ အထွက်၊ ကားတာယာတွေ တင်လာတဲ့ ကုန်တင်ကားက ကျိုင်းတုံဘက်ကို အဝင်မှာ မျက်နှာချင်းဆိုင်ပုံစံမျိုး တိုက်မိတာ။ တိုက်ပြီး အိမ်စီးကားက မီးလောင်သွားတာ။ ကုန်တင်ကားကတော့ မှောက်သွားတယ်” ဟု တိုင်းနေနာရေးကူညီမှုအသင်းမှ တာဝန်ရှိသူ တစ်ဦးက NP News ကို ပြောသည်။
ယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် Toyota Succeed ကားမှာ မီးလောင်ပျက်စီးသွားခဲ့ပြီး အဆိုပါကားပေါ်တွင် လိုက်ပါ လာသည့် အသက် (၁၀)နှစ်ဝန်းကျင် ကလေးငယ်တစ်ဦး အပါအဝင် (၆)ဦးပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း သိရသည်။
“မီးလောင်သွားတဲ့ အိမ်စီးကားပေါ်မှာက (၆)ယောက် ပါတယ်။ အသက်(၁၀)နှစ်ဝန်းကျင်ကလေးတစ်ဦးလည်း ပါတယ်။ ကားမီးလောင်တော့ (၅)ယောက်ကလည်း မီးလောင်သွားတယ်။ တစ်ယောက်ကတော့ ဒဏ်ရာတွေနဲ့ပဲ ဆုံးသွားတယ်။ အိမ်စီးကားပေါ်မှာက မိန်းကလေး(၂)ယောက်နဲ့ ယောက်ျားလေး(၄)ယောက် ပါတာပါ။ ကုန်တင်ကားက (၂)ယောက်ကတော့ ဒဏ်ရာတွေရတယ်။ အဲဒီနေရာက ခဏခဏ တိုက်တယ်။ ဒီနှစ်ထဲမှာလည်း ခဏခဏဖြစ်နေတာ” ဟု ၎င်းက ဆက်လက်ပြောသည်။
ထို့ကြောင့် သေဆုံးသူများ၏ရုပ်အလောင်း နှင့် ထိခိုက်ဒဏ်ရာရရှိသူတို့ကို တိုင်းနေ နာရေးကူညီမှုအသင်းမှ ကျိုင်းတုံမြို့နယ်ပြည်သူ့ ဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
Zawgyi Version;
က်ိဳင္းတုံၿမိဳ႕နယ္တြင္ ကုန္တင္ကားႏွင့္ အိမ္စီးကားတို႔ တိုက္မိရာမွ အိမ္စီးကားမီးေလာင္ကာ ကေလးငယ္တစ္ဦး အပါအဝင္ (၆)ဦးပြဲခ်င္း ၿပီးေသဆုံး
သန႔္ဇင္ (NP News) - ဇူလိုင္လ ၁၅
ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ က်ိဳင္းတုံၿမိဳ႕နယ္တြင္ ကုန္တင္ကားႏွင့္ အိမ္စီးကားတို႔တိုက္မိရာမွ အိမ္စီးကား မီးေလာင္ကာ ကေလးငယ္ တစ္ဦးအပါအဝင္ (၆)ဦးပြဲခ်င္းၿပီး ေသဆုံးသြားခဲ့ေၾကာင္း တိုင္းေနနာေရးကူညီမႈအသင္း ထံမွ သိရသည္။
ယာဥ္တိုက္မႈသည္ ယေန႔(ဇူလိုင္လ ၁၅ ရက္)၊ နံနက္ ၇ နာရီ ၃ဝ မိနစ္ဝန္းက်င္အခ်ိန္ခန႔္က က်ိဳင္းတုံၿမိဳ႕နယ္၊ ပန္ေလာ့႐ြာအနီးတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“ျဖစ္တာက အိမ္စီးကားျဖစ္တဲ့ Toyota Succeed က က်ိဳင္းတုံကေန အထြက္၊ ကားတာယာေတြ တင္လာတဲ့ ကုန္တင္ကားက က်ိဳင္းတုံဘက္ကို အဝင္မွာ မ်က္ႏွာခ်င္းဆိုင္ပုံစံမ်ိဳး တိုက္မိတာ။ တိုက္ၿပီး အိမ္စီးကားက မီးေလာင္သြားတာ။ ကုန္တင္ကားကေတာ့ ေမွာက္သြားတယ္” ဟု တိုင္းေနနာေရးကူညီမႈအသင္းမွ တာဝန္ရွိသူ တစ္ဦးက NP News ကို ေျပာသည္။
ယာဥ္တိုက္မႈျဖစ္စဥ္ေၾကာင့္ Toyota Succeed ကားမွာ မီးေလာင္ပ်က္စီးသြားခဲ့ၿပီး အဆိုပါကားေပၚတြင္ လိုက္ပါ လာသည့္ အသက္ (၁၀)ႏွစ္ဝန္းက်င္ ကေလးငယ္တစ္ဦး အပါအဝင္ (၆)ဦးပြဲခ်င္းၿပီး ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။
“မီးေလာင္သြားတဲ့ အိမ္စီးကားေပၚမွာက (၆)ေယာက္ ပါတယ္။ အသက္(၁၀)ႏွစ္ဝန္းက်င္ကေလးတစ္ဦးလည္း ပါတယ္။ ကားမီးေလာင္ေတာ့ (၅)ေယာက္ကလည္း မီးေလာင္သြားတယ္။ တစ္ေယာက္ကေတာ့ ဒဏ္ရာေတြနဲ႔ပဲ ဆုံးသြားတယ္။ အိမ္စီးကားေပၚမွာက မိန္းကေလး(၂)ေယာက္နဲ႔ ေယာက္်ားေလး(၄)ေယာက္ ပါတာပါ။ ကုန္တင္ကားက (၂)ေယာက္ကေတာ့ ဒဏ္ရာေတြရတယ္။ အဲဒီေနရာက ခဏခဏ တိုက္တယ္။ ဒီႏွစ္ထဲမွာလည္း ခဏခဏျဖစ္ေနတာ” ဟု ၎က ဆက္လက္ေျပာသည္။
ထို႔ေၾကာင့္ ေသဆုံးသူမ်ား၏႐ုပ္အေလာင္း ႏွင့္ ထိခိုက္ဒဏ္ရာရရွိသူတို႔ကို တိုင္းေန နာေရးကူညီမႈအသင္းမွ က်ိဳင္းတုံၿမိဳ႕နယ္ျပည္သူ႔ ေဆး႐ုံသို႔ ပို႔ေဆာင္ကူညီေပးခဲ့ေၾကာင္း သိရသည္။