ဝန်ကြီးချုပ်ကို လွှတ်တော်အတွင်းအယုံကြည်မရှိကြောင်းအဆိုတင်ကာ ဖြုတ်ချပြီးနောက် နီပေါနိုင်ငံမှာ ဝန်ကြီးချုပ်အသစ်တစ်ဦး ရွေးချယ်

 663

ဂျန်ဇက် (NP News) - ဇူလိုင် ၁၅

နီပေါ လက်ဝဲစွန်းပါတီခေါင်းဆောင် ဖြစ်သူ ရှာမာအိုလီဟာ ဇူလိုင် ၁၅ ရက်မှာ နီပေါနိုင်ငံ ဝန်ကြီးချုပ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့ကြောင်း သိရပါတယ်။ နီပေါနိုင်ငံမှာ ယခင်ဝန်ကြီးချုပ်ဟောင်းကို အယုံကြည်မရှိကြောင်း အဆိုတင်သွင်းကာ ဖြုတ်ချခဲ့ပြီးနောက် နီပေါလွှတ်တော်အတွင်း ဝန်ကြီးချုပ်အသစ် ရွေးချယ်နိုင်ဖို့ကြိုပမ်းခဲ့ရာ နီပေါကွန်မြူနစ်ပါတီဟာ လွှတ်တော်အတွင်းရှိ အလယ်လတ်လမ်းစဉ်ပါတီတွေနဲ့ ညွန့်ပေါင်းအစိုးရအဖွဲ့ ဖွဲ့စည်းဖို့ လက်ခံသဘောတူညီခဲ့ကြောင်း သိရပါတယ်။

နီပေါ အလယ်လတ်လမ်းစဉ်ပါတီတွေနဲ့ ညွန့်ပေါင်းအစိုးရအဖွဲ့ ဖွဲ့စည်းနိုင်ခဲ့တဲ့ နီပေါကွန်မြူနစ်ပါတီ ခေါင်းဆောင် အိုလီဟာနီပေါနိုင်ငံဝန်ကြီးချုပ်အဖြစ် လေးကြိမ်မြောက် ရွေးချယ်ခံခဲ့ရကြောင်း သိရပါတယ်။ နီပေါဝန်ကြီးချုပ် အသစ်က "ကျွန်တော်ဟာ ဝန်ကြီးချုပ်အဖြစ် တာဝန်ယူချိန်အတွင်း ဖွဲ့စည်းပုံအခြေခံဥပဒေကို သစ္စာရှိသွားမှာ ဖြစ်တယ်။ ဝန်ကြီးချုပ်အဖြစ် အကောင်းဆုံးတာဝန်ယူသွားမယ်လို့ ပြည်သူတွေကို ကတိပြုပါတယ်" လို့ ပြောပါတယ်။

၎င်းဟာ ၂၀၁၅ ခုနှစ်တုန်းက ဝန်ကြီးချုပ်အဖြစ် ပထမဆုံးအကြိမ်ရွေးချယ်ခံရပြီးနောက် ဝန်ကြီးချုပ်အဖြစ် လေးကြိမ်တိုင်ရွေးချယ်ခံခဲ့ရကြောင်း သိရပါတယ်။ နီပေါ မော်ဝါဒီလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်တစ်ဦးဖြစ်သူ ဒါဟယ်ဟာ ယခင်က နီပေါကွန်မြူနစ်ပါတီနဲ့ မဟာမိတ်ဖြစ်ခဲ့ပေမယ့် နီပေါကွန်မြူနစ်ပါတီက ၎င်းကို ထောက်ခံမှု မရှိတော့တဲ့အတွက် ဝန်ကြီးချုပ်အဖြစ်က ဖယ်ရှားခံလိုက်ရကြောင်း သိရပါတယ်။

Zawgyi Version;
ဝန္ႀကီးခ်ဳပ္ကို လႊတ္ေတာ္အတြင္းအယုံၾကည္မရွိေၾကာင္းအဆိုတင္ကာ ျဖဳတ္ခ်ၿပီးေနာက္ နီေပါႏိုင္ငံမွာ ဝန္ႀကီးခ်ဳပ္အသစ္တစ္ဦး ေ႐ြးခ်ယ္
ဂ်န္ဇက္ (NP News) - ဇူလိုင္ ၁၅

နီေပါ လက္ဝဲစြန္းပါတီေခါင္းေဆာင္ ျဖစ္သူ ရွာမာအိုလီဟာ ဇူလိုင္ ၁၅ ရက္မွာ နီေပါႏိုင္ငံ ဝန္ႀကီးခ်ဳပ္အျဖစ္ က်မ္းသစၥာက်ိန္ဆိုခဲ့ေၾကာင္း သိရပါတယ္။ နီေပါႏိုင္ငံမွာ ယခင္ဝန္ႀကီးခ်ဳပ္ေဟာင္းကို အယုံၾကည္မရွိေၾကာင္း အဆိုတင္သြင္းကာ ျဖဳတ္ခ်ခဲ့ၿပီးေနာက္ နီေပါလႊတ္ေတာ္အတြင္း ဝန္ႀကီးခ်ဳပ္အသစ္ ေ႐ြးခ်ယ္ႏိုင္ဖို႔ႀကိဳပမ္းခဲ့ရာ နီေပါကြန္ျမဴနစ္ပါတီဟာ လႊတ္ေတာ္အတြင္းရွိ အလယ္လတ္လမ္းစဥ္ပါတီေတြနဲ႔ ၫြန္႔ေပါင္းအစိုးရအဖြဲ႕ ဖြဲ႕စည္းဖို႔ လက္ခံသေဘာတူညီခဲ့ေၾကာင္း သိရပါတယ္။

နီေပါ အလယ္လတ္လမ္းစဥ္ပါတီေတြနဲ႔ ၫြန္႔ေပါင္းအစိုးရအဖြဲ႕ ဖြဲ႕စည္းႏိုင္ခဲ့တဲ့ နီေပါကြန္ျမဴနစ္ပါတီ ေခါင္းေဆာင္ အိုလီဟာနီေပါႏိုင္ငံဝန္ႀကီးခ်ဳပ္အျဖစ္ ေလးႀကိမ္ေျမာက္ ေ႐ြးခ်ယ္ခံခဲ့ရေၾကာင္း သိရပါတယ္။ နီေပါဝန္ႀကီးခ်ဳပ္ အသစ္က "ကြၽန္ေတာ္ဟာ ဝန္ႀကီးခ်ဳပ္အျဖစ္ တာဝန္ယူခ်ိန္အတြင္း ဖြဲ႕စည္းပုံအေျခခံဥပေဒကို သစၥာရွိသြားမွာ ျဖစ္တယ္။ ဝန္ႀကီးခ်ဳပ္အျဖစ္ အေကာင္းဆုံးတာဝန္ယူသြားမယ္လို႔ ျပည္သူေတြကို ကတိျပဳပါတယ္" လို႔ ေျပာပါတယ္။

၎ဟာ ၂၀၁၅ ခုႏွစ္တုန္းက ဝန္ႀကီးခ်ဳပ္အျဖစ္ ပထမဆုံးအႀကိမ္ေ႐ြးခ်ယ္ခံရၿပီးေနာက္ ဝန္ႀကီးခ်ဳပ္အျဖစ္ ေလးႀကိမ္တိုင္ေ႐ြးခ်ယ္ခံခဲ့ရေၾကာင္း သိရပါတယ္။ နီေပါ ေမာ္ဝါဒီလက္နက္ကိုင္အဖြဲ႕ေခါင္းေဆာင္တစ္ဦးျဖစ္သူ ဒါဟယ္ဟာ ယခင္က နီေပါကြန္ျမဴနစ္ပါတီနဲ႔ မဟာမိတ္ျဖစ္ခဲ့ေပမယ့္ နီေပါကြန္ျမဴနစ္ပါတီက ၎ကို ေထာက္ခံမႈ မရွိေတာ့တဲ့အတြက္ ဝန္ႀကီးခ်ဳပ္အျဖစ္က ဖယ္ရွားခံလိုက္ရေၾကာင္း သိရပါတယ္။

Picture

Aung Bo

16/07/2024 01:50

dxxdxcx xxx xx x x xddxxxdxxxxx x🤞👏👏💪👄💪💪💪👇💪💪💪💪👏👏👏👏😼👏👽👽👽😼👽😼👏😈👏👏👏😲😗😫😞🤨😞😫😐🎯 🥈🧗‍♀️🧗‍♀️🎪🎪🎪 🥈🎪 🥈🎪🎼🎼 🥈🏄‍♀️ 🥈🧗‍♀️ 🥈🙇‍♀️🧞‍♂️🧞‍♂️🙋🙍💅🎼 🥈🎼🎪🎪🏋️‍♀️🥋🥋🏀🏋️‍♂️🥋🏈🚶‍♀️🚶‍♀️🚶‍♀️💅🙋👨‍❤️‍👨👨‍❤️‍👨👨‍👦👨‍👨‍👧‍👦🚶‍♀️🙍🙋🧙‍♂️🧞‍♂️🧞‍♂️🙋‍♂️🙇‍♀️🧙‍♂️🙇‍♀️🙋🤴🙋👨‍👩‍👧‍👧👞🧗‍♀️ 🥈🧗‍♀️🧗‍♀️🏄‍♀️🤺🧗‍♀️🎼 🥈 🥈🎪🤺🤺👨‍🏫👨‍🌾👷👨‍🏫🎪🎪 🥈🎪🎪 🥈🎪🥋🏄‍♀️🎪🏄‍♀️🏄‍♀️🎪🎪🎪🎹🎪🎯🎯🎯🎼 🥈🎯 🥈🧗‍♀️🎪🎪xxxxxxxrx ddx ddddexxxxxxe d 😼👽👽👿👽😫😫

Related news

© 2021. All rights reserved.