“တချို့ကလည်း မိသားစုလိုက် ကလေး(၂)ယောက်(၃)ယောက်လောက်ကို ဆိုင်ကယ်ပေါ်ရအောင်တင်ပြီး အထုပ်လေးတွေနဲ့ ကျောပိုးအိတ်တွေလွယ်ထားတာတို့ ၊ ဆိုင်ကယ်လက်ကိုင်မှာ နိုင်သလောက်ချိတ်ပြီး ကလေးတွေနဲ့ မိုးရွာကြီးထွက်ကြတဲ့ မိသားစုတွေကို အများကြီးပဲ” (အင်တာဗျူး)
3936
သန့်ဇင် (NP News) - ဇူလိုင် ၁၇
MNDAA နှင့် TNLA တို့သည် ဇွန်လ (၂) ရက်မှစတင်ကာ လားရှိုးမြို့နှင့်အနီးတစ်ဝိုက်သို့ စတင်တိုက်ခိုက်ခဲ့သည်။ တိုက်ပွဲစတင်ဖြစ်ပွားသည့်ရက်မှ စတင်ကာ မြို့ခံပြည်သူများအနေဖြင့် ကျီးလန့်စာစားအခြေအနေကိုကြုံတွေ့ခဲ့ရပြီး MNDAA ဘက်မှပစ်သော လက်နက်ကြီးကျရောက်ပေါက်ကွဲသည့်အတွက် အပြစ်မဲ့မြို့ခံပြည်သူအချို့လည်း သေဆုံးထိခိုက်ဒဏ်ရာရခြင်းများဖြစ်ပွားခဲ့သည်။
တိုက်ပွဲအရှိန်မြင့်တက်လာချိန်တွင်မူ မြို့ခံပြည်သူများ နေရပ်စွန့်ခွာမှုပမာဏမြင့်တက်ခဲ့သည်။ ထိုသို့နေရပ်စွန့်ခွာရာတွင် ကြုံရသည့်အခြေအနေ မည်သည့်အကြောင်းကြောင့် နေရပ်စွန့်ခွာခဲ့ရသည်ဆိုသောအကြောင်းအရင်းများနှင့်ပတ်သက်၍ စစ်ဘေးရှောင်ပြည်သူတစ်ဦးထံ The Statesman ဂျာနယ်မှ ဆက်သွယ်မေးမြန်းထားသည်များကို NP News က ထပ်ဆင့် ကောက်နုတ်ဖော်ပြအပ်ပါသည်။
မေး - လားရှိုးမြို့ကနေ စပြီးစစ်ဘေးရှောင်လာခဲ့ရတဲ့ အခက်အခဲတွေပြောပြပေးပါဦးခင်ဗျာ။
ဖြေ - စထွက်တဲ့နေ့တုန်းကတော့ အဆိုးဆုံးခရီးပေါ့။ ကိုယ်ကထွက်ခဲ့ပြီးတော့ ကိုယ့်အလှည့်ရောက်မှ ရှေ့ မှာတိုက်ပွဲရှိလို့တဲ့။ ပြီးရင် နမ့်ပေါင်မှာ ဗုံးကြဲမှာဆိုပြီး လမ်းပိတ်လိုက်တယ်။ အဲဒီတော့ မြို့ထဲကို ပြန်လှည့်လာပြီးတော့ အခွင့်အလမ်းရှိတယ်ဆိုတော့ ပြန်ထွက်ကြတာပေါ့။ ညနေ (၂)နာရီလောက်မှာ ပြန်ထွက်ပြီးတော့ တရုတ်ရွာက ကွင်းလမ်းဆိုပြီးတက်ပြီးတော့မှ တောင်ထိပ်ကို လမ်းလေးကလည်း ကျဉ်းကျဉ်းလေးနဲ့ ရွာလမ်းဆိုတော့ ကားတန်းကြီးက ပိတ်မိနေပြန်ရော။ အဲဒီမှာလည်း ဗွက်နစ်နေတာ တဲ့။ အဲဒီမှာစောင့်နေရင်းနဲ့ ည(၄)နာရီလောက်မှာ(၅၀၇)ရှိတဲ့ ရပ်ကွက်(၄)၊ (၅)ဘက်ကို လေယာဉ်လာ တာ။ ပထမကတော့ ကင်းထောက်လေယာဉ်ဝဲတယ်။ နောက်တော့ ငှက်လိုပဲ လေယာဉ်တစ်စင်းလာ တယ်။ တော်တော် မြန်တယ်။ အသံကနောက်မှကြားတာ။ ကြည့်လိုက်ရင်မည်းမည်းလေးပျံပြီး ဗုံးတွေ ချတာ မြင်ရတယ်။ ကိုယ်နေတဲ့နေရာကို ချမှာကြောက်တာပေါ့။ အဲဒီမှာ (၅၀၇)ကျတော့မယ်ဆိုပြီး ပြောပြီး သူတို့ဘက်ကပဲ ပြန်ဆုတ်သွားတယ်။ အဲဒီမှာ လေယာဉ်နဲ့ချတာတို့ လက်နက်တွေနဲ့ပစ်တာ။ နောက်တော့ ကွင်းလမ်းကလည်း သတင်းရသွားလို့စောင့်နေတဲ့ စစ်သားတွေက ပြန်လာပိတ်တယ်။ လှည့်ခိုင်းတာပေါ့။ အဲဒီမှာ ကွင်းလမ်းဆိုတဲ့လမ်းကနေ ရွာထဲကနေ ပြန်လှည့် ထွက်လာရတယ်။ နောက်တော့ ဘယ်သူမှ မြို့ထဲကို မပြန်ရဲကြတော့ဘူးလေ။ တကယ်တမ်းကတော့ အဲဒီနေရာက မြို့အထွက်လေးပဲ ရှိသေးတယ်။ ဒါပေမဲ့လို့ မြို့ထဲကို ပြန်မဝင်ချင်ကြဘူး။ အဲဒီညမှာပဲ မိုးတွေရွာတော့ ကားတန်းကြီး အဲဒီအတိုင်းပဲနေရတာ။ အဲဒီမှာ သူတို့ပြောတာက မနက်ကျရင်ပြန်ဖွင့်ပေးမယ်တဲ့ ညက တော့ အန္တရာယ်များလို့မဖွင့်ပေးဘူးတဲ့။ မနက် ဖွင့်ပေးမယ်ပြောတော့ လူတွေက နေရာတွေဦးထားကြ တော့တာ။ ကားတွေက လမ်းမှာ(၃)ထပ်ကိုပိတ်မိနေပြီ။ ဟိုဘက်ကဝင်မယ့်ကားလမ်း ရှိကိုမရှိတာ။ အဲဒီမှာပဲ ပိတ်မိနေတာ။ အစောပိုင်းမှာတော့ မိုးမရွာသေးဘူး။ ကြယ်တွေလင်းနေတာကို ကြည့်နေကြ တာ။ အဲဒီမှာပဲ လက်နက်မျိုးစုံနဲ့ လေယာဉ်ချတဲ့နေရာကို ပစ်ကြတာလေ။ မီးတွေ လောင်တာလည်း အပြင်က နေမြင်ရတယ်။ ကိုယ်တွေကလည်း ကြောက်ကြတာပေါ့။ ကိုယ်ကမြို့ပြင်မှာ ကားတန်းကြီးနဲ့ ဆိုတော့ အကုန်ငြိမ်နေရတယ်။ အရင်က အိမ်ထဲမှာဆိုတော့ အသံပဲကြားရတာလေ။ အခုက ကြယ်တွေ ကလည်း ဖွေးနေတာပဲ။ ဒရုန်းတွေနဲ့လည်းအများကြီးပဲ။ အဲဒီမှာ ပစ်နေတဲ့အသံတွေကလည်း စုံနေတာ ပဲ။ ပစ်လိုက်ပြီး မြေကြီးတွေပါတုန်သွားတဲ့ ပေါက်ကွဲသံကြီးတွေလည်း ကြားရတယ်။ ပြီးတော့ အုန်းခနဲ မြည်တဲ့အသံနဲ့ ပစ်တာမျိုးတွေရော။ အဲဒီအပစ်ခံရတဲ့ ရပ်ကွက်တွေက နဂိုကတည်းက ရှောင်ခိုင်းထား တာလေ။ အဲဒီမှာ ဟိုဘက်ကလာတဲ့ ရှော့တိုက်ဒုန်းတွေကလည်း မြို့ထဲကအိမ်တွေပေါ်ကို ပလူပျံအောင် ကျတာ။ အဲဒီမှာ တစ်ညလုံး ကြောက်ကြောက်နဲ့ပဲ မိုးလင်းသွားတယ်။ အဲဒီမှာ ဒီဘက်ကိုကျရင်တော့ ကိုယ်လည်း သေမှာပဲလေ။ ဒါပေမဲ့ ဒီဘက်ကမြို့ပြင်က ကားတန်းဘက်တွေကိုတော့ မကျပါဘူး။ အဲဒီမှာ ညဘက်ကြီး လေယာဉ်တွေလည်း ဝဲတယ်။ ပစ်တာလည်း ပစ်တယ်။ ချနေကြတာပဲ။ ဘယ်နားကို ချနေကြလဲတော့မသိဘူး။ (၄)နာရီလောက်ကြာအောင် အကြီးအကျယ်ချတာ မြင်ရတာ လေ။ အဲဒါနဲ့ နောက်နေ့မနက်ကျတော့ ၆ နာရီ မှာလည်းမဖွင့်ပေးသေးဘူး။ လူတွေကလည်း ထွက်ဖို့ ကို တိုးကြိတ်နေကြတာ။ ဖွင့်တာနဲ့ လုထွက်မယ့်လူတွေ ချည်းပဲ။ အဲဒါနဲ့ ၆ နာရီခွဲလောက်မှ ဖွင့်ပေးတာ။ အဲဒီဂိတ်ကနေ ဖွင့်ပေးလိုက်တာနဲ့ ဝေါခနဲဆို ထွက်သွားကြပြီး ၁၅ မိနစ်ခွဲလောက်ကြာတော့ နောင်ပွန် နားရောက်တယ်။ အဲဒီမှာလည်း ပိတ်ထားပြန်တယ်။ အဲဒီမှာတော့ တိုက်ပွဲဖြစ်နေလို့ပိတ်တာတဲ့။ ပြီးတော့ ကြာမှာတဲ့။ နောက်တော့ နောင်ပွန်ကို အပြီးသိမ်းမှာဆိုတော့ ကားကို တစ်ခါပြန်လှည့်။ ပြန်လှည့်ပြီး မယ်ဟန် ဂိတ်ကနေလည်း ပြန်မဝင်ရဲဘူးလေ။ ပြန်ပိတ်သွားမှာ ကြောက်လို့လေ။ အဲဒါနဲ့ နည်းနည်းလေးလွတ်မယ်ထင်တဲ့ နေရာလောက်ကို ပြန်ပြီးနေရတာ။ အဲဒီမှာလည်း ကားတွေအများကြီး တန်းစီပြီးစောင့်နေကြ ပြန်ရော။ တချို့လည်း ပြန်လှည့်သွားကြတာ အဝေးကြီးပဲ။ ကိုယ်ကလည်း အဝေးကြီး ပြန်လှည့်ပြီး ပြန်ကွေ့ပြီးအဲဒီမှာတင်ပဲ တစ်ညအိပ်ပြီး နောက်နေ့ တစ်ပိုင်းတောင် ရောက်တော့မယ်။ အဲဒါနဲ့ ခဏနေတော့ဖွင့်တယ်။ ဖွင့်တယ်ဆိုပြီး နောင်ပွန်ဘက်ကို သွားတော့ ကိုးကန့်တွေပဲရှိတော့တယ်။ အဲဒီကနေ ဆက်လာတော့ ရွာတစ်ရွာထဲကိုဝင်ရတယ်။ ဘာရွာလဲတော့ မသိဘူး။ အဲဒီရွာထဲကိုဝင်ရတော့ ရှမ်းလက်နက်ကိုင်တွေရှိတယ်။ အဲဒီရွာက ပထမတော့ လမ်းက ကောင်းတယ်။ ဟန်နားရွာကိုရောက်တော့ ခေါက်ဆွဲခြောက် တစ်ထုပ်တောင် (၅၀ဝဝ)ပေးစားရတယ်။ အဲဒါက ခေါက်ဆွဲခြောက်ကိုလည်း ရေနွေးကောက် ဖျော်ထည့်လိုက်တာပဲ။ အဲဒီမှာ ဘာဝယ်ဝယ်အကုန် ဈေးကြီးတယ်။ ထမင်းထုပ်တစ်ထုပ်ကို လက်သီးဆုပ်လောက်ပဲ ရှိတယ်။ အဲဒါကို (၂၀ဝဝ)ပေးစားရ တယ်။ အဲဒီမှာ ခဏနားတယ်။ ပြီးတော့ ဆက်ထွက်လာတော့ လမ်းကမြေနီလမ်းပဲ။ နောက်တော့ တအားဆိုးတဲ့နေရာ ရောက်တော့ ကားတစ်စီးက ဘီးလမ်းချော်ပြီးနစ်နေလို့ဆိုတော့ အဲဒီမှာ တစ်နေကုန်သွားပြန်ရော။ နောင်ပွန်ဘက်မှာ ဂိတ်ပိတ်လို့ မိုးချုပ်လို့ အိပ်ရတာက တစ်ည။ နောက်တစ် ခုက ကားနစ်နေလို့ (၂)နာရီ (၃)နာရီ လောက်ကြာသွားတာနဲ့ ညအိပ်လိုက်ရတာပေါ့။ အဲဒီကနေမှဆက် ပြီး နမ့်လန်ကို သွားရတာပေါ့။ အဲဒီ နမ့်လန်ကို သွားတော့လည်း ရှမ်းရွာတွေအများကြီးပေါ့။ ရှမ်းပြည် အဲဒီလောက်ကျယ်တာ ကိုယ်တောင် အခုမှသိတော့တယ်။ အခုရှောင်ရတဲ့လမ်းက ပုံမှန်ပြည်ထောင်စု လမ်းမကြီးပေါ်ကမဟုတ်ဘဲ တခြားကိုရှောင်ပြီးတော့ နမ့်လန်ကိုရောက်သွားတော့ အဲဒီထက် (၂)ဆ ထပ်ပြီး ဝေးသွားပြန်ကော။ နဂိုတုန်းက ပုံမှန်လမ်းထက် (၂)ဆ ဝေးတယ်နော်။ အခုက အဲဒီ(၂)ဆ ဝေး တဲ့လမ်းထက်ကို (၂)ဆထပ်ဝေးသွားတယ်။ ဘာလို့ဆို အဲဒီ နမ့်လန်မရောက်ခင်မှာ မိုးချုပ်သွားပြီးလမ်း ပေါ်မှာအိပ်ရတာလေ။ အဲဒီမှာ မနက်အစောကြီး နမ့်လန်ဘက်ကနေထွက်လာပြီးတော့မှ ဒီဘက်ဆက် လာတော့ လမ်းတော့မပိတ်တော့ဘူး။ အဲဒီလမ်းတောက်လျှောက်ကတော့ SSA တွေပဲရှိတော့တယ်။ သူတို့ကိုပဲ လမ်းကြေးပေးပြီးမောင်းရတယ်။ တချို့ရွာတွေက မောင်းတက်နေတော့ သူတို့ကလည်း စစ်ရှောင်ကားတွေများတော့ တောက်လျှောက်ဖွင့်ထားပေးလိုက်တော့ ပိုက်ဆံမကောက်တော့ဘူး။ အဲဒီလမ်းတွေမှာ လာပြီးတော့ နမ့်လန်ကနေပြီး ကျောက်ဂူ၊ ကျောက်ဂူကနေ အင်တောဘက်ကို ဆက်သွားရတယ်။ အခါတိုင်းတော့ ကျောက်ဂူကနေ နောင်ချိုတက်လိုက်ရင် နီးနီးလေးလေ။ အခုကတော့ အင်တောဘက်ကို လာရတယ်။ အင်တောလမ်းတောက်လျှောက်မှာ SSA က ကားတွေနဲ့အများကြီး စစ်ကြောင်းတွေရှိတယ်။ တချို့ကတော့လည်း ဘီးခွန်ဆောင်ရွက်နေတာတို့ အကြောင်းကြားတဲ့နေရာမှာ ကားနံပါတ်တွေကို SSA နဲ့စစ်သားတွေနဲ့ စစ်ဆေးနေတာရှိတယ်။ အဲဒီဘက်နေပြီးတော့ ဗထူးတို့ ရပ်စောက်တို့ရောက်မှပဲ နည်းနည်းစိတ်အေးသွားရတော့တယ်။ အဲဒီလိုနဲ့လာရင်းနဲ့ ဇူလိုင်လ ၉ ရက်နေ့ည ၁၁ နာရီလောက်မှပဲ မန္တလေးကို ရောက်တယ်။ အဲဒီတော့ လားရှိုးကနေ မန္တလေးကို (၂)ညအိပ် (၃)ရက်ခရီးဖြစ်သွားတယ်။ (၇) ရက်နေ့ ကစထွက်တာကို မြို့အထွက်မှာ တစ်ညအိပ်လိုက်ရတယ်ပေါ့။ တောထဲမှာ နမ့်လန်မရောက်ခင်မှာတစ်ည။ ရှမ်းပြည် တောင်ပိုင်းကနေပတ်လာပြီးမှ မန္တလေးကို ရောက်တာပေါ့။
မေး - MNDAA က ပေါ်တာဆွဲတယ်၊ ဖမ်းတယ်ဆိုတဲ့ အခြေအနေမျိုးတွေရှိတယ်လို့ သိရပါတယ်။ အစ်မတို့ကော ဘယ်လိုကြားသိခဲ့ရပါသလဲခင်ဗျာ။
ဖြေ - အဲဒီမှာအရှေ့က ကားတွေစစ်တယ်။ သူတို့က တရုတ်လိုမေးတာ။ တရုတ်လိုပြန်ဖြေရင်တော့ ခေါ် ထားလိုက်တယ်။ တချို့ကတော့ တရုတ်လိုမေးတာကို မသိဘူးပေါ့လေ။ တချို့ကတော့ သူတို့လည်း တ ရုတ်ပဲလေဆိုပြီး တရုတ်လိုဖြေလိုက်တာ။ အဲဒီအချိန် ကျရင်တော့ အရွယ်ကိုကြည့်ပြီး ခေါ်ထားလိုက် တာ။ ၁၄ နှစ်၊ ၁၅ နှစ်အရွယ်တွေကိုလည်း ခေါ်ထားလိုက်တာပဲ။ ကိုယ်မြင်လိုက်တာတော့ Light Truck လို ကားတစ်စီးနဲ့(၄)ယောက်လောက် တင်သွားတာတော့တွေ့လိုက်တယ်။ သူတို့ကို မန်ဆန်ဘက်ခေါ် သွားတာတဲ့။ အဲဒီဘက်မှာ သူတို့စခန်းရှိတယ်တဲ့။ မန်ဆန်ကလည်း လားရှိုးကိုလျှပ်စစ် ပေးတဲ့နေရာ လေ။ သူတို့ သိမ်းထားတဲ့နေရာတစ်ခုပေါ့။ သူငယ်ချင်းတစ်ယောက်ဆိုရင် သူတို့အမျိုးပါသွားတာ။ အသက်(၁၅)နှစ်တောင်မပြည့်သေးဘူး။ တချို့ကလည်း သူပြန်ပေးဆွဲတာမျိုးတွေဘာတွေလုပ်ပြီး တချို့ကတော့ တပ်သားသစ်စုတဲ့အထဲ ပါသွားတာပေါ့။ သူတို့က ကားနည်းနည်းကောင်းတာစီးရင်တော့ အကြာကြီးစစ်မေးတော့တာပဲ။
မေး - အစ်မအနေနဲ့တိုက်ပွဲတွေဖြစ်နေတဲ့ကြားကနေ မြို့မှာဆက်နေဖို့စဉ်းစားခဲ့တယ်ဆိုတော့ ဘယ်လို စိတ်ကူးနဲ့နေမယ်လို့ စဉ်းစားခဲ့တာလဲခင်ဗျာ။
ဖြေ - အဲဒါက အရင်တုန်းကလည်း အစ်မက မန္တလေးဘက်ကို ရှောင်ပြီးပြီဆိုတော့ ပိုက်ဆံတွေလည်း တ အားကုန်ထားပြီလေ။ အဲလိုမျိုးဆိုတော့ အိမ်ငှားရ ဘာငှားရနဲ့ မရှောင်ချင်ဘဲဖြစ်သွားတာပေါ့။ အဲဒီမှာ တစ်လ၊ နှစ်လလောက်နဲ့အေးချမ်းရင်ပြန်မယ်ပေါ့။ စာချုပ်ကိုတော့ သုံးလချုပ်ပေးမယ်ပေါ့။ ဒါပေမဲ့ အဲဒီလိုမျိုးလည်း မရဘူး။ (၆)လမှနဲ့ တစ်နှစ်မှနဲ့ အဲဒီလိုမျိုးတွေ လုပ်ကြတာ။ အဲဒီမှာပဲ (၆) လစာချုပ် ချုပ်ခဲ့ရပြီးနေတော့ နှစ်လလောက်နေပြီး ပြီးပြီဆိုပြီးပြန် လာကြတာ။ အဲဒီမှာ အိမ်လခကလည်း မတရား လည်းဈေးတက်တယ်။ ပြီးရင် နေချင်နေ မနေချင်နေ အနည်းဆုံး (၆) လချုပ်ပေးရတာ။ အဲဒီတော့ အိမ်ငှားခတွေ အရှုံးခံပြီးပြန်ခဲ့ရတာပေါ့။ ပိုက်ဆံတွေလည်း တော်တော်ကုန်တာပေါ့။ ထမင်းအိုး၊ ဟင်းအိုးနဲ့ မီးပူကအစ အကုန်ဝယ်ရတာ။ အဲဒီကနေပစ္စည်းတွေလည်း သယ်လို့ကုန်ပြီး စီးပွားရေးလည်းကောင်းကောင်း မလုပ်ရတာတို့ ကလေးတွေနဲ့သွားမယ်ဆိုရင် အခုကုန်ဈေးနှုန်းက ကြီးတာတို့ အိမ်ငှားမလွယ်တာတွေနဲ့ဆိုတော့ အစက ကိုယ့်မြို့အခြေအနေက ဘာမှန်းမသိရဘူးလေ။ ဘယ်လောက်ကြာမယ်မှန်းမသိတာနဲ့ မထွက်ချင်တော့ဘူးလေ။ အဆိုးဆုံးအခြေအနေ ရောက်ပြီး မဖြစ် မနေ အခြေအနေမို့ပဲထွက်လာရတာ။
မေး - အဲဒီတုန်းကကော လမ်းခရီးဖြတ်သန်းသွားလာခဲ့ရတဲ့ အခြေအနေက အခုဖြတ်သန်းခဲ့ရတဲ့ အခြေ အနေနဲ့ ဘယ်လိုမျိုးတွေကွာခြားသွားလဲ ခင်ဗျ။
ဖြေ - ၁၀၂၇ ကလည်းအခုလိုပဲ အသံတွေတော့အကျယ်ကြီး ကြားနေရတယ်။ သန္နီလမ်းကနေ ဒီဘက် ထိနီးတော့ အသံကအရမ်းဆူတယ်လေ။ အဲဒီတုန်းကတော့ ကိုယ်လည်းစစချင်းကြုံဖူးတော့ ကြောက် တာပဲ။ ဒါပေမဲ့ အခုက ပိုဆိုးတာ။ အခုကတော့ မြို့ ထဲဆိုတော့ ပိုဆိုးတယ်။ အဲဒီတုန်းက မြို့ပြင်တွေက နေ သေနတ်ပစ်ပြီးဝင်တိုက်တာ။ ဖြစ်တာကလည်း မြို့ပြင်လောက်ပဲပေါ့။ အဲဒီတုန်းက မြို့ပြင်အထွက် ဂိတ်တွေမှာ မွစာကြဲလို့။ အဲဒီတုန်းကလည်း လားရှိုးရောက်လာတော့မှာ အကုန်သိမ်းပြီးပြီဆိုတော့ အဲဒီ လိုအခြေအနေမှာ ကိုယ်ကထွက်လာတာလေ။ အခု ကတော့ နေလို့ရသရွေ့နေမယ်ဆိုပြီးနေတာ။ အခုတောင် လုံးဝမထွက်ဘူးဆိုတဲ့လူတွေတောင်ပါလာကြတာ။
မေး - လားရှိုးမြို့ပေါ်မှာကော ဒေသခံတွေကျန်ခဲ့သေးလား ခင်ဗျ။
ဖြေ - အခု သိတဲ့တော်တော်များများကတော့ အိမ်စောင့်ပဲထားခဲ့တာ။ အိမ်ထောင်ဦးစီးတို့ဘာတို့ပေါ့။ တချို့လည်း ငှားပြီးထားခဲ့တာ။ ငှားရတဲ့လူကိုတော့ သိန်း(၅၀)ပေးရတာတို့ သိန်း(၃၀)ပေးရတာတို့ အိမ် စောင့်တွေကိုပေါ့လေ။ သူတို့ကလည်း အသက်နဲ့ရင်းပြီး စောင့်ပေးတာပဲလေ။ အခုတော့ လူတွေ မရှိတော့ဘူး။ အဲဒီအိမ်အစောင့်တွေပဲ ထားခဲ့တာပါ။
မေး - နောက်တစ်ခုက အစ်မအနေနဲ့လားရှိုးမြို့ကနေ မထွက်ခွာခင်ကာလမှာ တိုက်ပွဲဖြစ်နေရင် ဘယ်လို မျိုး လုံခြုံအောင်နေခဲ့ရလဲခင်ဗျ။
ဖြေ - ကိုယ်နေတာက RC မဟုတ်ဘူးလေ။ အဲဒီတော့ ဗုံးခိုကျင်းတူးဖို့ နေရာလည်းမရှိတော့ ခုတင် အောက်မှာပဲ နေခဲ့ရတာပေါ့။ မနက်ကျတော့လည်း ခုတင်အောက် မှာပဲတစ်နေကုန်နေလို့မှ မရတော့ ချက်ပြုတ်၊ အဝတ်လျှော်၊ ရေချိုးအဲဒါတွေအတွက် အပြင်မှာထွက်လုပ်ရပြီး ညအိပ်ချိန် ရောက်ရင် တော့ ခုတင်အောက်မှာပဲ ခင်းပြီးအဲဒီအောက်မှာပဲ နေခဲ့ရတာ။ အပြင်တော့ မထွက်ရဲဘူး။ ကျလာရင်တောင် နည်းနည်းလေးများ သက်သာအောင်ဆိုပြီး အဲဒီလိုနေရတာ။
မေး - အစ်မတို့လာခဲ့တဲ့လမ်းမှာ ကားသမားတွေအပြင် တခြားဘယ်လိုလူမျိုးတွေ အခက်အခဲ ကြုံရ တာမျိုး ကိုမြင်ခဲ့ရလဲခင်ဗျာ။
ဖြေ - ကားတွေကပိတ်သွားရင်သွားလို့မရတော့ဘူး။ ဆိုင်ကယ်နဲ့ကတော့ ကြားထဲကနေဝင်သွားတာ လေ။ တချို့ကလည်း မိသားစုလိုက်ကို ကလေး(၂)ယောက် (၃)ယောက်လောက်ကို ဆိုင်ကယ်ပေါ်ရ အောင် တင်ပြီး အထုပ်လေးတွေနဲ့ ကျောပိုးအိတ်တွေ လွယ်ထားတာတို့ ဆိုင်ကယ်လက်ကိုင်မှာ နိုင်သ လောက် ချိတ်ပြီး ကလေးတွေနဲ့ မိုးရွာကြီးထွက်ကြတဲ့ မိသားစုတွေကို အများကြီးပဲ။ ကြည့်လိုက် ရင် ဆိုင်ကယ် တော်တော်များများမှာ ကလေးလေးတွေပါတယ်။ သက်ကြီး ရွယ်အိုတွေလည်းပါတယ်။ လူငယ် လင်မယားဆိုရင် ကလေးတစ်ယောက်ကနေ (၃) ယောက်အထိပါတယ်။ အဲဒါတွေကို ဆိုင်ကယ်ခွကြားမှာ တင်ပြီးတော့ မိုးကာနဲ့အုပ်ပြီးသွားကြတာ။ သူတို့ကတော့ တော်တော်ဒုက္ခ ရောက်တာပါ။ သူတို့လည်း ဆိုင်ကယ်နဲ့ဆိုတော့ ခရီးရောက်ပေမယ့် ရွှံ့တွေနဲ့ဆိုတော့ တော်တော်တော့ မချောင်ဘူးပေါ့။ အဲဒီလမ်းမှာ ကားသွားပါ များတော့ ရွှံ့ဗွက်အိုင်ကြီးတွေက အကြီးကြီးတွေပေါ့။
မေး - အစ်မတို့လမ်းကနေမသွားတဲ့ကားတွေကကော ဘယ်ဘက်လမ်းကနေသွားကြလဲခင်ဗျ။
ဖြေ - ကျွန်မတို့တောလမ်းကတော့ ကားက တော်တော်ပိတ်တာ။ ရှေ့မှာရွှံ့ထဲကားနစ်နေတယ်ဆိုရင် တောင် အဲဒီကားကိုသွားကြည့်ဖို့ အစီး(၂၀ဝ)လောက်ကိုကျော်ပြီးသွားရဦးမှာ။ အဲဒါတောင် ကိုယ့် ကားနောက်မှာလည်း အတန်းလိုက်ကြီးနော်။ ခြားလမ်းကနေသွားတဲ့ကားတွေကတော့ စဉ့်အင်ဖောင် ဆိပ်ကနေ ဖောင်စောင့်ပြီးကူးတဲ့ကားတွေရှိသေးတယ်။ ကျွန်မတို့ကတော့ ဖောင်မစောင့်တော့ဘဲနဲ့ တောလမ်းကနေလာတာပါ။ ဖောင်စောင့်ရင်လည်း စဉ့်အင်ဖောင်ဆိပ်မှာ ကားနှစ်စီးကို တစ်လှည့်စီ ဟိုဘက်ကမ်းကိုပို့တာဖြစ်တဲ့အတွက် အဲဒီမှာပဲကားတန်းပြီး ညအိပ်ရတဲ့လူတွေလည်း ရာချီရှိတယ်။ အဲဒီဘက်တော့ ဖောင်ဆိပ်ကနေဖောင်နဲ့ကူးပြီး ဒီဘက်နမ့်လန်ကို ရောက်အောင်လာတာပေါ့။ နမ့်လန် ရောက်မှ ကျောင်ဂူလမ်းသွားမလား၊ လဲချားလမ်းသွားမလားဆိုပြီး တခြားရွေးချယ်ပြီးသွားကြတာပါ။ ဒါပေမဲ့ ကိုယ်တို့လည်း ရှမ်းပြည်တောင်ပိုင်းကနေ ပတ်လာရတော့ ဝေးတာပါပဲ။ ဒါပေမဲ့လဲ ချားလမ်း ကတော့ ကတ္တရာ လမ်းတောင်လျှောက်ဆိုတော့ ကောင်းတာပေါ့။ တောလမ်းကတော့ အရင်က သစ်တွေ ထုတ်တဲ့လမ်းတွေလေ။ ကိုယ်တောင် မီးထိုးပြီးလိုက်လာတာ ဘယ်လမ်းတွေ ဘယ်လမ်း တွေလဲမသိတော့ပါဘူး။ တချို့ရွာတွေကလည်း ရှမ်းစာတွေနဲ့ရေးထားတာ။ ကိုယ်တွေအဖွဲ့ ကလည်း များတော့ အခြားကားတွေက ကိုယ်တွေနဲ့ကပ်လိုက်လာတဲ့ ကားတွေများတယ်။ သူတို့လည်း မသွားဖူး တော့ ကိုယ်ရပ်တဲ့နေရာ လိုက်ရပ်ကြတယ်။ အဲဒီလိုတွေနဲ့ ထမင်းတောင်တောင်းစားခဲ့ရပါသေးတယ်။ လမ်းကောင်းတဲ့ ဘက်ရောက်မှပဲ သူတို့ဘာသာ သူတို့ခွဲပြီးသွားကြတော့တာပေါ့။
မေး - အစ်မအနေနဲ့ လားရှိုးမြို့ကနေစပြီးထွက်ခွာတော့မယ်ဆိုတော့ အခက်အခဲရှိပေမယ့် ဒီလောက် အထိ ဆိုးရွားလိမ့်မယ်လို့တွေးမိလားခင်ဗျ။
ဖြေ - အဲလိုတော့မထင်မိဘူးပေါ့နော်။ နောက်တော့ ဘယ်မှမသွားဘူးဆိုတဲ့လူတွေလည်း ထွက်လာကြ တာပါပဲ။ မထွက်သွားရင်လည်း မလွယ်ဘူးလေ။ စီးပွားရေးမလုပ်ရတာနဲ့ ကုန်ကျစရိတ်တွေကလည်း များလာတာနဲ့၊ ကုန်ဈေးနှုန်းတွေကလည်း ဈေးကြီး လာတာနဲ့လေ။ တချို့ကလည်း အိမ်ကိုမစွန့်ခွာချင် ဘူးလေ။ တချို့ကလည်းချောင်းနေကြတာတွေရှိတော့ မဖြစ်မနေဖြစ်တော့မှထွက်ကြတာ။ အဲဒီမှာ အိမ်က လူကမလိုက်ဘူးဆိုပြီး အိမ်စောင့်ကျန်ခဲ့တဲ့လူတွေ လည်းရှိတယ်။ တချို့ကလည်း ပါချင်ပါ စေတော့ဆိုပြီး အိမ်ကိုပစ်ထားခဲ့တဲ့ လူတွေလည်းရှိတယ်။
မေး - အစ်မတို့ထွက်လာခဲ့တဲ့လမ်းတစ်လျှောက် တခြားသူတွေကော စားရေးသောက်ရေးနဲ့ ကျန်းမာ ရေး လိုအပ်ချက်တွေရှိနေတဲ့သူတွေကို မြင်တွေ့ခဲ့ရတာမျိုးတွေရှိလားခင်ဗျာ။
ဖြေ - အဲလိုမျိုးတွေက တချို့ဆို မွေးခါနီးကြီးနဲ့ လမ်းမှာ မွေးမှာတောင်ကြောက်ရတယ်။ မွေးခါနီးလူနာနဲ့ လမ်းကလည်းပိတ်နေတာတို့ တွေ့တာရှိတယ်။ တချို့ လည်းမွေ့ရာကြီးပေါ်မှာ လူနာကြီးပက်လက်ကြီးနဲ့ လည်းတွေ့တယ်။ နောက်တစ်ခုက ကြုံလို့ ပြောရတာပါ။ ခွေးလေးတွေ၊ ကြောင်လေးတွေလည်း ကား(၁၀)စီးမှာ (၅)စီးလောက်ကတင်လာတာတွေတွေ့တယ်။
မေး - နောက်တစ်ခုက နေရပ်စွန့်ခွာသူတွေအနေနဲ့ ကားငှားကြတဲ့အခါမှာ ကားခဈေးနှုန်းတွေဘယ်လိုရှိ လဲခင်ဗျ။
ဖြေ - ကားခတွေက ပုံမှန်ဆိုရင်တော့ (၈၀ဝဝဝ)ပေါ့ နော်။ အခုတော့ (၃၀ဝဝဝ၀)ပေါ့။ နောက်ပြီး ထွက် လာတဲ့အချိန်က အရမ်းဆိုးနေတဲ့အချိန်ဆိုရင် (၃၀ဝ ဝဝဝ)နဲ့ မရလောက်တော့ဘူးပေါ့။ အခြေအနေ အရမ်း မဆိုးခင်တုန်းက ကားဂိတ်ကိုဖုန်းဆက်မေးကြည့်သေးတယ် အဲဒီတုန်းက တစ်ယောက်ကို (၃၀ဝဝဝ၀)တဲ့။ အဲဒီ (၃၀ဝဝဝ၀)ကိုတောင် ကျပ်ကျပ်သိပ်သိပ် ထိုင်ရမှာ။ နည်းနည်းကားကောင်းတယ် ဆိုရင် ကိုယ့်အသိငှားတာတော့ ကားစီးလုံးဆိုရင် သိန်း(၂၀)ပေးရတယ်။ တချို့လည်း သိန်း(၃၀)ကနေ သိန်း (၅၀)အထိတောင်ပေးရတယ်လို့ ကြားမိတယ်။ တောင်ပိုင်းဘက်ကနေ လာခေါ် ကြတာတွေရှိ တယ်။ ကား ကောင်းရင်ကောင်းသလို ဈေးပေးရတာတွေရှိတယ်။ လူအလွတ်ကြီးပဲ လာကြိုပြီးတော့ မြို့ထဲကကျန်ခဲ့တဲ့ကားတွေတို့ ချိတ်ပြီးတော့မှ ပိတ်တယ်ဆိုရင်လည်း ဖောင်ဆိပ်ကနေပြီးတော့မှ လူချိန်းလိုက်တာ။ အဲဒီ ဖောင်ဆိပ်ကကားကမှ မြို့ထဲကလူတွေကို လာပြန်ခေါ်တယ်။ ဟိုဘက်နေ လာစောင့်တဲ့ကားက စောင့်နေပြီးတော့မှ အဲဒီဘက်မှာပြန်ချိန်းတာမျိုးတွေလုပ်ကြတာပေါ့။ တချို့ ကလည်း ဒုက္ခခံပြီးတော့ပဲ ကလေးပေါက်စလေးတွေနဲ့ထွက်ကြတာပေါ့။ သနားဖို့ တော်တော်ကို ကောင်းပါတယ်။သူတို့ကိုကြည့်ရတာ ကလေးတွေနဲ့ ခရီးကလည်းအဝေးကြီးကို တောလမ်းကလည်း ဖြတ်လာရသေးတယ်။
အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ခင်ဗျာ။
zawgyi version
“တခ်ိဳ႕ကလည္း မိသားစုလိုက္ ကေလး(၂)ေယာက္(၃)ေယာက္ေလာက္ကို ဆိုင္ကယ္ေပၚရေအာင္တင္ၿပီး အထုပ္ေလးေတြနဲ႔ ေက်ာပိုးအိတ္ေတြလြယ္ထားတာတို႔ ၊ ဆိုင္ကယ္လက္ကိုင္မွာ ႏိုင္သေလာက္ခ်ိတ္ၿပီး ကေလးေတြနဲ႔ မိုး႐ြာႀကီးထြက္ၾကတဲ့ မိသားစုေတြကို အမ်ားႀကီးပဲ” (အင်တာဗျူး)
သန႔္ဇင္ (NP News) - ဇူလိုင္ ၁၇
MNDAA ႏွင့္ TNLA တို႔သည္ ဇြန္လ (၂) ရက္မွစတင္ကာ လားရႈိးၿမိဳ႕ႏွင့္အနီးတစ္ဝိုက္သို႔ စတင္တိုက္ခိုက္ခဲ့သည္။ တိုက္ပြဲစတင္ျဖစ္ပြားသည့္ရက္မွ စတင္ကာ ၿမိဳ႕ခံျပည္သူမ်ားအေနျဖင့္ က်ီးလန႔္စာစားအေျခအေနကိုႀကဳံေတြ႕ခဲ့ရၿပီး MNDAA ဘက္မွပစ္ေသာ လက္နက္ႀကီးက်ေရာက္ေပါက္ကြဲသည့္အတြက္ အျပစ္မဲ့ၿမိဳ႕ခံျပည္သူအခ်ိဳ႕လည္း ေသဆုံးထိခိုက္ဒဏ္ရာရျခင္းမ်ားျဖစ္ပြားခဲ့သည္။
တိုက္ပြဲအရွိန္ျမင့္တက္လာခ်ိန္တြင္မူ ၿမိဳ႕ခံျပည္သူမ်ား ေနရပ္စြန႔္ခြာမႈပမာဏျမင့္တက္ခဲ့သည္။ ထိုသို႔ေနရပ္စြန႔္ခြာရာတြင္ ႀကဳံရသည့္အေျခအေန မည္သည့္အေၾကာင္းေၾကာင့္ ေနရပ္စြန႔္ခြာခဲ့ရသည္ဆိုေသာအေၾကာင္းအရင္းမ်ားႏွင့္ပတ္သက္၍ စစ္ေဘးေရွာင္ျပည္သူတစ္ဦးထံ The Statesman ဂ်ာနယ္မွ ဆက္သြယ္ေမးျမန္းထားသည္မ်ားကို NP News က ထပ္ဆင့္ ေကာက္ႏုတ္ေဖာ္ျပအပ္ပါသည္။
ေမး - လားရႈိးၿမိဳ႕ကေန စၿပီးစစ္ေဘးေရွာင္လာခဲ့ရတဲ့ အခက္အခဲေတြေျပာျပေပးပါဦးခင္ဗ်ာ။
ေျဖ - စထြက္တဲ့ေန႔တုန္းကေတာ့ အဆိုးဆုံးခရီးေပါ့။ ကိုယ္ကထြက္ခဲ့ၿပီးေတာ့ ကိုယ့္အလွည့္ေရာက္မွ ေရွ႕ မွာတိုက္ပြဲရွိလို႔တဲ့။ ၿပီးရင္ နမ့္ေပါင္မွာ ဗုံးႀကဲမွာဆိုၿပီး လမ္းပိတ္လိုက္တယ္။ အဲဒီေတာ့ ၿမိဳ႕ထဲကို ျပန္လွည့္လာၿပီးေတာ့ အခြင့္အလမ္းရွိတယ္ဆိုေတာ့ ျပန္ထြက္ၾကတာေပါ့။ ညေန (၂)နာရီေလာက္မွာ ျပန္ထြက္ၿပီးေတာ့ တ႐ုတ္႐ြာက ကြင္းလမ္းဆိုၿပီးတက္ၿပီးေတာ့မွ ေတာင္ထိပ္ကို လမ္းေလးကလည္း က်ဥ္းက်ဥ္းေလးနဲ႔ ႐ြာလမ္းဆိုေတာ့ ကားတန္းႀကီးက ပိတ္မိေနျပန္ေရာ။ အဲဒီမွာလည္း ဗြက္နစ္ေနတာ တဲ့။ အဲဒီမွာေစာင့္ေနရင္းနဲ႔ ည(၄)နာရီေလာက္မွာ(၅၀၇)ရွိတဲ့ ရပ္ကြက္(၄)၊ (၅)ဘက္ကို ေလယာဥ္လာ တာ။ ပထမကေတာ့ ကင္းေထာက္ေလယာဥ္ဝဲတယ္။ ေနာက္ေတာ့ ငွက္လိုပဲ ေလယာဥ္တစ္စင္းလာ တယ္။ ေတာ္ေတာ္ ျမန္တယ္။ အသံကေနာက္မွၾကားတာ။ ၾကည့္လိုက္ရင္မည္းမည္းေလးပ်ံၿပီး ဗုံးေတြ ခ်တာ ျမင္ရတယ္။ ကိုယ္ေနတဲ့ေနရာကို ခ်မွာေၾကာက္တာေပါ့။ အဲဒီမွာ (၅၀၇)က်ေတာ့မယ္ဆိုၿပီး ေျပာၿပီး သူတို႔ဘက္ကပဲ ျပန္ဆုတ္သြားတယ္။ အဲဒီမွာ ေလယာဥ္နဲ႔ခ်တာတို႔ လက္နက္ေတြနဲ႔ပစ္တာ။ ေနာက္ေတာ့ ကြင္းလမ္းကလည္း သတင္းရသြားလို႔ေစာင့္ေနတဲ့ စစ္သားေတြက ျပန္လာပိတ္တယ္။ လွည့္ခိုင္းတာေပါ့။ အဲဒီမွာ ကြင္းလမ္းဆိုတဲ့လမ္းကေန ႐ြာထဲကေန ျပန္လွည့္ ထြက္လာရတယ္။ ေနာက္ေတာ့ ဘယ္သူမွ ၿမိဳ႕ထဲကို မျပန္ရဲၾကေတာ့ဘူးေလ။ တကယ္တမ္းကေတာ့ အဲဒီေနရာက ၿမိဳ႕အထြက္ေလးပဲ ရွိေသးတယ္။ ဒါေပမဲ့လို႔ ၿမိဳ႕ထဲကို ျပန္မဝင္ခ်င္ၾကဘူး။ အဲဒီညမွာပဲ မိုးေတြ႐ြာေတာ့ ကားတန္းႀကီး အဲဒီအတိုင္းပဲေနရတာ။ အဲဒီမွာ သူတို႔ေျပာတာက မနက္က်ရင္ျပန္ဖြင့္ေပးမယ္တဲ့ ညက ေတာ့ အႏၲရာယ္မ်ားလို႔မဖြင့္ေပးဘူးတဲ့။ မနက္ ဖြင့္ေပးမယ္ေျပာေတာ့ လူေတြက ေနရာေတြဦးထားၾက ေတာ့တာ။ ကားေတြက လမ္းမွာ(၃)ထပ္ကိုပိတ္မိေနၿပီ။ ဟိုဘက္ကဝင္မယ့္ကားလမ္း ရွိကိုမရွိတာ။ အဲဒီမွာပဲ ပိတ္မိေနတာ။ အေစာပိုင္းမွာေတာ့ မိုးမ႐ြာေသးဘူး။ ၾကယ္ေတြလင္းေနတာကို ၾကည့္ေနၾက တာ။ အဲဒီမွာပဲ လက္နက္မ်ိဳးစုံနဲ႔ ေလယာဥ္ခ်တဲ့ေနရာကို ပစ္ၾကတာေလ။ မီးေတြ ေလာင္တာလည္း အျပင္က ေနျမင္ရတယ္။ ကိုယ္ေတြကလည္း ေၾကာက္ၾကတာေပါ့။ ကိုယ္ကၿမိဳ႕ျပင္မွာ ကားတန္းႀကီးနဲ႔ ဆိုေတာ့ အကုန္ၿငိမ္ေနရတယ္။ အရင္က အိမ္ထဲမွာဆိုေတာ့ အသံပဲၾကားရတာေလ။ အခုက ၾကယ္ေတြ ကလည္း ေဖြးေနတာပဲ။ ဒ႐ုန္းေတြနဲ႔လည္းအမ်ားႀကီးပဲ။ အဲဒီမွာ ပစ္ေနတဲ့အသံေတြကလည္း စုံေနတာ ပဲ။ ပစ္လိုက္ၿပီး ေျမႀကီးေတြပါတုန္သြားတဲ့ ေပါက္ကြဲသံႀကီးေတြလည္း ၾကားရတယ္။ ၿပီးေတာ့ အုန္းခနဲ ျမည္တဲ့အသံနဲ႔ ပစ္တာမ်ိဳးေတြေရာ။ အဲဒီအပစ္ခံရတဲ့ ရပ္ကြက္ေတြက နဂိုကတည္းက ေရွာင္ခိုင္းထား တာေလ။ အဲဒီမွာ ဟိုဘက္ကလာတဲ့ ေရွာ့တိုက္ဒုန္းေတြကလည္း ၿမိဳ႕ထဲကအိမ္ေတြေပၚကို ပလူပ်ံေအာင္ က်တာ။ အဲဒီမွာ တစ္ညလုံး ေၾကာက္ေၾကာက္နဲ႔ပဲ မိုးလင္းသြားတယ္။ အဲဒီမွာ ဒီဘက္ကိုက်ရင္ေတာ့ ကိုယ္လည္း ေသမွာပဲေလ။ ဒါေပမဲ့ ဒီဘက္ကၿမိဳ႕ျပင္က ကားတန္းဘက္ေတြကိုေတာ့ မက်ပါဘူး။ အဲဒီမွာ ညဘက္ႀကီး ေလယာဥ္ေတြလည္း ဝဲတယ္။ ပစ္တာလည္း ပစ္တယ္။ ခ်ေနၾကတာပဲ။ ဘယ္နားကို ခ်ေနၾကလဲေတာ့မသိဘူး။ (၄)နာရီေလာက္ၾကာေအာင္ အႀကီးအက်ယ္ခ်တာ ျမင္ရတာ ေလ။ အဲဒါနဲ႔ ေနာက္ေန႔မနက္က်ေတာ့ ၆ နာရီ မွာလည္းမဖြင့္ေပးေသးဘူး။ လူေတြကလည္း ထြက္ဖို႔ ကို တိုးႀကိတ္ေနၾကတာ။ ဖြင့္တာနဲ႔ လုထြက္မယ့္လူေတြ ခ်ည္းပဲ။ အဲဒါနဲ႔ ၆ နာရီခြဲေလာက္မွ ဖြင့္ေပးတာ။ အဲဒီဂိတ္ကေန ဖြင့္ေပးလိုက္တာနဲ႔ ေဝါခနဲဆို ထြက္သြားၾကၿပီး ၁၅ မိနစ္ခြဲေလာက္ၾကာေတာ့ ေနာင္ပြန္ နားေရာက္တယ္။ အဲဒီမွာလည္း ပိတ္ထားျပန္တယ္။ အဲဒီမွာေတာ့ တိုက္ပြဲျဖစ္ေနလို႔ပိတ္တာတဲ့။ ၿပီးေတာ့ ၾကာမွာတဲ့။ ေနာက္ေတာ့ ေနာင္ပြန္ကို အၿပီးသိမ္းမွာဆိုေတာ့ ကားကို တစ္ခါျပန္လွည့္။ ျပန္လွည့္ၿပီး မယ္ဟန္ ဂိတ္ကေနလည္း ျပန္မဝင္ရဲဘူးေလ။ ျပန္ပိတ္သြားမွာ ေၾကာက္လို႔ေလ။ အဲဒါနဲ႔ နည္းနည္းေလးလြတ္မယ္ထင္တဲ့ ေနရာေလာက္ကို ျပန္ၿပီးေနရတာ။ အဲဒီမွာလည္း ကားေတြအမ်ားႀကီး တန္းစီၿပီးေစာင့္ေနၾက ျပန္ေရာ။ တခ်ိဳ႕လည္း ျပန္လွည့္သြားၾကတာ အေဝးႀကီးပဲ။ ကိုယ္ကလည္း အေဝးႀကီး ျပန္လွည့္ၿပီး ျပန္ေကြ႕ၿပီးအဲဒီမွာတင္ပဲ တစ္ညအိပ္ၿပီး ေနာက္ေန႔ တစ္ပိုင္းေတာင္ ေရာက္ေတာ့မယ္။ အဲဒါနဲ႔ ခဏေနေတာ့ဖြင့္တယ္။ ဖြင့္တယ္ဆိုၿပီး ေနာင္ပြန္ဘက္ကို သြားေတာ့ ကိုးကန႔္ေတြပဲရွိေတာ့တယ္။ အဲဒီကေန ဆက္လာေတာ့ ႐ြာတစ္႐ြာထဲကိုဝင္ရတယ္။ ဘာ႐ြာလဲေတာ့ မသိဘူး။ အဲဒီ႐ြာထဲကိုဝင္ရေတာ့ ရွမ္းလက္နက္ကိုင္ေတြရွိတယ္။ အဲဒီ႐ြာက ပထမေတာ့ လမ္းက ေကာင္းတယ္။ ဟန္နား႐ြာကိုေရာက္ေတာ့ ေခါက္ဆြဲေျခာက္ တစ္ထုပ္ေတာင္ (၅၀ဝဝ)ေပးစားရတယ္။ အဲဒါက ေခါက္ဆြဲေျခာက္ကိုလည္း ေရေႏြးေကာက္ ေဖ်ာ္ထည့္လိုက္တာပဲ။ အဲဒီမွာ ဘာဝယ္ဝယ္အကုန္ ေဈးႀကီးတယ္။ ထမင္းထုပ္တစ္ထုပ္ကို လက္သီးဆုပ္ေလာက္ပဲ ရွိတယ္။ အဲဒါကို (၂၀ဝဝ)ေပးစားရ တယ္။ အဲဒီမွာ ခဏနားတယ္။ ၿပီးေတာ့ ဆက္ထြက္လာေတာ့ လမ္းကေျမနီလမ္းပဲ။ ေနာက္ေတာ့ တအားဆိုးတဲ့ေနရာ ေရာက္ေတာ့ ကားတစ္စီးက ဘီးလမ္းေခ်ာ္ၿပီးနစ္ေနလို႔ဆိုေတာ့ အဲဒီမွာ တစ္ေနကုန္သြားျပန္ေရာ။ ေနာင္ပြန္ဘက္မွာ ဂိတ္ပိတ္လို႔ မိုးခ်ဳပ္လို႔ အိပ္ရတာက တစ္ည။ ေနာက္တစ္ ခုက ကားနစ္ေနလို႔ (၂)နာရီ (၃)နာရီ ေလာက္ၾကာသြားတာနဲ႔ ညအိပ္လိုက္ရတာေပါ့။ အဲဒီကေနမွဆက္ ၿပီး နမ့္လန္ကို သြားရတာေပါ့။ အဲဒီ နမ့္လန္ကို သြားေတာ့လည္း ရွမ္း႐ြာေတြအမ်ားႀကီးေပါ့။ ရွမ္းျပည္ အဲဒီေလာက္က်ယ္တာ ကိုယ္ေတာင္ အခုမွသိေတာ့တယ္။ အခုေရွာင္ရတဲ့လမ္းက ပုံမွန္ျပည္ေထာင္စု လမ္းမႀကီးေပၚကမဟုတ္ဘဲ တျခားကိုေရွာင္ၿပီးေတာ့ နမ့္လန္ကိုေရာက္သြားေတာ့ အဲဒီထက္ (၂)ဆ ထပ္ၿပီး ေဝးသြားျပန္ေကာ။ နဂိုတုန္းက ပုံမွန္လမ္းထက္ (၂)ဆ ေဝးတယ္ေနာ္။ အခုက အဲဒီ(၂)ဆ ေဝး တဲ့လမ္းထက္ကို (၂)ဆထပ္ေဝးသြားတယ္။ ဘာလို႔ဆို အဲဒီ နမ့္လန္မေရာက္ခင္မွာ မိုးခ်ဳပ္သြားၿပီးလမ္း ေပၚမွာအိပ္ရတာေလ။ အဲဒီမွာ မနက္အေစာႀကီး နမ့္လန္ဘက္ကေနထြက္လာၿပီးေတာ့မွ ဒီဘက္ဆက္ လာေတာ့ လမ္းေတာ့မပိတ္ေတာ့ဘူး။ အဲဒီလမ္းေတာက္ေလွ်ာက္ကေတာ့ SSA ေတြပဲရွိေတာ့တယ္။ သူတို႔ကိုပဲ လမ္းေၾကးေပးၿပီးေမာင္းရတယ္။ တခ်ိဳ႕႐ြာေတြက ေမာင္းတက္ေနေတာ့ သူတို႔ကလည္း စစ္ေရွာင္ကားေတြမ်ားေတာ့ ေတာက္ေလွ်ာက္ဖြင့္ထားေပးလိုက္ေတာ့ ပိုက္ဆံမေကာက္ေတာ့ဘူး။ အဲဒီလမ္းေတြမွာ လာၿပီးေတာ့ နမ့္လန္ကေနၿပီး ေက်ာက္ဂူ၊ ေက်ာက္ဂူကေန အင္ေတာဘက္ကို ဆက္သြားရတယ္။ အခါတိုင္းေတာ့ ေက်ာက္ဂူကေန ေနာင္ခ်ိဳတက္လိုက္ရင္ နီးနီးေလးေလ။ အခုကေတာ့ အင္ေတာဘက္ကို လာရတယ္။ အင္ေတာလမ္းေတာက္ေလွ်ာက္မွာ SSA က ကားေတြနဲ႔အမ်ားႀကီး စစ္ေၾကာင္းေတြရွိတယ္။ တခ်ိဳ႕ကေတာ့လည္း ဘီးခြန္ေဆာင္႐ြက္ေနတာတို႔ အေၾကာင္းၾကားတဲ့ေနရာမွာ ကားနံပါတ္ေတြကို SSA နဲ႔စစ္သားေတြနဲ႔ စစ္ေဆးေနတာရွိတယ္။ အဲဒီဘက္ေနၿပီးေတာ့ ဗထူးတို႔ ရပ္ေစာက္တို႔ေရာက္မွပဲ နည္းနည္းစိတ္ေအးသြားရေတာ့တယ္။ အဲဒီလိုနဲ႔လာရင္းနဲ႔ ဇူလိုင္လ ၉ ရက္ေန႔ည ၁၁ နာရီေလာက္မွပဲ မႏၲေလးကို ေရာက္တယ္။ အဲဒီေတာ့ လားရႈိးကေန မႏၲေလးကို (၂)ညအိပ္ (၃)ရက္ခရီးျဖစ္သြားတယ္။ (၇) ရက္ေန႔ ကစထြက္တာကို ၿမိဳ႕အထြက္မွာ တစ္ညအိပ္လိုက္ရတယ္ေပါ့။ ေတာထဲမွာ နမ့္လန္မေရာက္ခင္မွာတစ္ည။ ရွမ္းျပည္ ေတာင္ပိုင္းကေနပတ္လာၿပီးမွ မႏၲေလးကို ေရာက္တာေပါ့။
ေမး - MNDAA က ေပၚတာဆြဲတယ္၊ ဖမ္းတယ္ဆိုတဲ့ အေျခအေနမ်ိဳးေတြရွိတယ္လို႔ သိရပါတယ္။ အစ္မတို႔ေကာ ဘယ္လိုၾကားသိခဲ့ရပါသလဲခင္ဗ်ာ။
ေျဖ - အဲဒီမွာအေရွ႕က ကားေတြစစ္တယ္။ သူတို႔က တ႐ုတ္လိုေမးတာ။ တ႐ုတ္လိုျပန္ေျဖရင္ေတာ့ ေခၚ ထားလိုက္တယ္။ တခ်ိဳ႕ကေတာ့ တ႐ုတ္လိုေမးတာကို မသိဘူးေပါ့ေလ။ တခ်ိဳ႕ကေတာ့ သူတို႔လည္း တ ႐ုတ္ပဲေလဆိုၿပီး တ႐ုတ္လိုေျဖလိုက္တာ။ အဲဒီအခ်ိန္ က်ရင္ေတာ့ အ႐ြယ္ကိုၾကည့္ၿပီး ေခၚထားလိုက္ တာ။ ၁၄ ႏွစ္၊ ၁၅ ႏွစ္အ႐ြယ္ေတြကိုလည္း ေခၚထားလိုက္တာပဲ။ ကိုယ္ျမင္လိုက္တာေတာ့ Light Truck လို ကားတစ္စီးနဲ႔(၄)ေယာက္ေလာက္ တင္သြားတာေတာ့ေတြ႕လိုက္တယ္။ သူတို႔ကို မန္ဆန္ဘက္ေခၚ သြားတာတဲ့။ အဲဒီဘက္မွာ သူတို႔စခန္းရွိတယ္တဲ့။ မန္ဆန္ကလည္း လားရႈိးကိုလွ်ပ္စစ္ ေပးတဲ့ေနရာ ေလ။ သူတို႔ သိမ္းထားတဲ့ေနရာတစ္ခုေပါ့။ သူငယ္ခ်င္းတစ္ေယာက္ဆိုရင္ သူတို႔အမ်ိဳးပါသြားတာ။ အသက္(၁၅)ႏွစ္ေတာင္မျပည့္ေသးဘူး။ တခ်ိဳ႕ကလည္း သူျပန္ေပးဆြဲတာမ်ိဳးေတြဘာေတြလုပ္ၿပီး တခ်ိဳ႕ကေတာ့ တပ္သားသစ္စုတဲ့အထဲ ပါသြားတာေပါ့။ သူတို႔က ကားနည္းနည္းေကာင္းတာစီးရင္ေတာ့ အၾကာႀကီးစစ္ေမးေတာ့တာပဲ။
ေမး - အစ္မအေနနဲ႔တိုက္ပြဲေတြျဖစ္ေနတဲ့ၾကားကေန ၿမိဳ႕မွာဆက္ေနဖို႔စဥ္းစားခဲ့တယ္ဆိုေတာ့ ဘယ္လို စိတ္ကူးနဲ႔ေနမယ္လို႔ စဥ္းစားခဲ့တာလဲခင္ဗ်ာ။
ေျဖ - အဲဒါက အရင္တုန္းကလည္း အစ္မက မႏၲေလးဘက္ကို ေရွာင္ၿပီးၿပီဆိုေတာ့ ပိုက္ဆံေတြလည္း တ အားကုန္ထားၿပီေလ။ အဲလိုမ်ိဳးဆိုေတာ့ အိမ္ငွားရ ဘာငွားရနဲ႔ မေရွာင္ခ်င္ဘဲျဖစ္သြားတာေပါ့။ အဲဒီမွာ တစ္လ၊ ႏွစ္လေလာက္နဲ႔ေအးခ်မ္းရင္ျပန္မယ္ေပါ့။ စာခ်ဳပ္ကိုေတာ့ သုံးလခ်ဳပ္ေပးမယ္ေပါ့။ ဒါေပမဲ့ အဲဒီလိုမ်ိဳးလည္း မရဘူး။ (၆)လမွနဲ႔ တစ္ႏွစ္မွနဲ႔ အဲဒီလိုမ်ိဳးေတြ လုပ္ၾကတာ။ အဲဒီမွာပဲ (၆) လစာခ်ဳပ္ ခ်ဳပ္ခဲ့ရၿပီးေနေတာ့ ႏွစ္လေလာက္ေနၿပီး ၿပီးၿပီဆိုၿပီးျပန္ လာၾကတာ။ အဲဒီမွာ အိမ္လခကလည္း မတရား လည္းေဈးတက္တယ္။ ၿပီးရင္ ေနခ်င္ေန မေနခ်င္ေန အနည္းဆုံး (၆) လခ်ဳပ္ေပးရတာ။ အဲဒီေတာ့ အိမ္ငွားခေတြ အရႈံးခံၿပီးျပန္ခဲ့ရတာေပါ့။ ပိုက္ဆံေတြလည္း ေတာ္ေတာ္ကုန္တာေပါ့။ ထမင္းအိုး၊ ဟင္းအိုးနဲ႔ မီးပူကအစ အကုန္ဝယ္ရတာ။ အဲဒီကေနပစၥည္းေတြလည္း သယ္လို႔ကုန္ၿပီး စီးပြားေရးလည္းေကာင္းေကာင္း မလုပ္ရတာတို႔ ကေလးေတြနဲ႔သြားမယ္ဆိုရင္ အခုကုန္ေဈးႏႈန္းက ႀကီးတာတို႔ အိမ္ငွားမလြယ္တာေတြနဲ႔ဆိုေတာ့ အစက ကိုယ့္ၿမိဳ႕အေျခအေနက ဘာမွန္းမသိရဘူးေလ။ ဘယ္ေလာက္ၾကာမယ္မွန္းမသိတာနဲ႔ မထြက္ခ်င္ေတာ့ဘူးေလ။ အဆိုးဆုံးအေျခအေန ေရာက္ၿပီး မျဖစ္ မေန အေျခအေနမို႔ပဲထြက္လာရတာ။
ေမး - အဲဒီတုန္းကေကာ လမ္းခရီးျဖတ္သန္းသြားလာခဲ့ရတဲ့ အေျခအေနက အခုျဖတ္သန္းခဲ့ရတဲ့ အေျခ အေနနဲ႔ ဘယ္လိုမ်ိဳးေတြကြာျခားသြားလဲ ခင္ဗ်။
ေျဖ - ၁၀၂၇ ကလည္းအခုလိုပဲ အသံေတြေတာ့အက်ယ္ႀကီး ၾကားေနရတယ္။ သႏၷီလမ္းကေန ဒီဘက္ ထိနီးေတာ့ အသံကအရမ္းဆူတယ္ေလ။ အဲဒီတုန္းကေတာ့ ကိုယ္လည္းစစခ်င္းႀကဳံဖူးေတာ့ ေၾကာက္ တာပဲ။ ဒါေပမဲ့ အခုက ပိုဆိုးတာ။ အခုကေတာ့ ၿမိဳ႕ ထဲဆိုေတာ့ ပိုဆိုးတယ္။ အဲဒီတုန္းက ၿမိဳ႕ျပင္ေတြက ေန ေသနတ္ပစ္ၿပီးဝင္တိုက္တာ။ ျဖစ္တာကလည္း ၿမိဳ႕ျပင္ေလာက္ပဲေပါ့။ အဲဒီတုန္းက ၿမိဳ႕ျပင္အထြက္ ဂိတ္ေတြမွာ မြစာႀကဲလို႔။ အဲဒီတုန္းကလည္း လားရႈိးေရာက္လာေတာ့မွာ အကုန္သိမ္းၿပီးၿပီဆိုေတာ့ အဲဒီ လိုအေျခအေနမွာ ကိုယ္ကထြက္လာတာေလ။ အခု ကေတာ့ ေနလို႔ရသေ႐ြ႕ေနမယ္ဆိုၿပီးေနတာ။ အခုေတာင္ လုံးဝမထြက္ဘူးဆိုတဲ့လူေတြေတာင္ပါလာၾကတာ။
ေမး - လားရႈိးၿမိဳ႕ေပၚမွာေကာ ေဒသခံေတြက်န္ခဲ့ေသးလား ခင္ဗ်။
ေျဖ - အခု သိတဲ့ေတာ္ေတာ္မ်ားမ်ားကေတာ့ အိမ္ေစာင့္ပဲထားခဲ့တာ။ အိမ္ေထာင္ဦးစီးတို႔ဘာတို႔ေပါ့။ တခ်ိဳ႕လည္း ငွားၿပီးထားခဲ့တာ။ ငွားရတဲ့လူကိုေတာ့ သိန္း(၅၀)ေပးရတာတို႔ သိန္း(၃၀)ေပးရတာတို႔ အိမ္ ေစာင့္ေတြကိုေပါ့ေလ။ သူတို႔ကလည္း အသက္နဲ႔ရင္းၿပီး ေစာင့္ေပးတာပဲေလ။ အခုေတာ့ လူေတြ မရွိေတာ့ဘူး။ အဲဒီအိမ္အေစာင့္ေတြပဲ ထားခဲ့တာပါ။
ေမး - ေနာက္တစ္ခုက အစ္မအေနနဲ႔လားရႈိးၿမိဳ႕ကေန မထြက္ခြာခင္ကာလမွာ တိုက္ပြဲျဖစ္ေနရင္ ဘယ္လို မ်ိဳး လုံၿခဳံေအာင္ေနခဲ့ရလဲခင္ဗ်။
ေျဖ - ကိုယ္ေနတာက RC မဟုတ္ဘူးေလ။ အဲဒီေတာ့ ဗုံးခိုက်င္းတူးဖို႔ ေနရာလည္းမရွိေတာ့ ခုတင္ ေအာက္မွာပဲ ေနခဲ့ရတာေပါ့။ မနက္က်ေတာ့လည္း ခုတင္ေအာက္ မွာပဲတစ္ေနကုန္ေနလို႔မွ မရေတာ့ ခ်က္ျပဳတ္၊ အဝတ္ေလွ်ာ္၊ ေရခ်ိဳးအဲဒါေတြအတြက္ အျပင္မွာထြက္လုပ္ရၿပီး ညအိပ္ခ်ိန္ ေရာက္ရင္ ေတာ့ ခုတင္ေအာက္မွာပဲ ခင္းၿပီးအဲဒီေအာက္မွာပဲ ေနခဲ့ရတာ။ အျပင္ေတာ့ မထြက္ရဲဘူး။ က်လာရင္ေတာင္ နည္းနည္းေလးမ်ား သက္သာေအာင္ဆိုၿပီး အဲဒီလိုေနရတာ။
ေမး - အစ္မတို႔လာခဲ့တဲ့လမ္းမွာ ကားသမားေတြအျပင္ တျခားဘယ္လိုလူမ်ိဳးေတြ အခက္အခဲ ႀကဳံရ တာမ်ိဳး ကိုျမင္ခဲ့ရလဲခင္ဗ်ာ။
ေျဖ - ကားေတြကပိတ္သြားရင္သြားလို႔မရေတာ့ဘူး။ ဆိုင္ကယ္နဲ႔ကေတာ့ ၾကားထဲကေနဝင္သြားတာ ေလ။ တခ်ိဳ႕ကလည္း မိသားစုလိုက္ကို ကေလး(၂)ေယာက္ (၃)ေယာက္ေလာက္ကို ဆိုင္ကယ္ေပၚရ ေအာင္ တင္ၿပီး အထုပ္ေလးေတြနဲ႔ ေက်ာပိုးအိတ္ေတြ လြယ္ထားတာတို႔ ဆိုင္ကယ္လက္ကိုင္မွာ ႏိုင္သ ေလာက္ ခ်ိတ္ၿပီး ကေလးေတြနဲ႔ မိုး႐ြာႀကီးထြက္ၾကတဲ့ မိသားစုေတြကို အမ်ားႀကီးပဲ။ ၾကည့္လိုက္ ရင္ ဆိုင္ကယ္ ေတာ္ေတာ္မ်ားမ်ားမွာ ကေလးေလးေတြပါတယ္။ သက္ႀကီး ႐ြယ္အိုေတြလည္းပါတယ္။ လူငယ္ လင္မယားဆိုရင္ ကေလးတစ္ေယာက္ကေန (၃) ေယာက္အထိပါတယ္။ အဲဒါေတြကို ဆိုင္ကယ္ခြၾကားမွာ တင္ၿပီးေတာ့ မိုးကာနဲ႔အုပ္ၿပီးသြားၾကတာ။ သူတို႔ကေတာ့ ေတာ္ေတာ္ဒုကၡ ေရာက္တာပါ။ သူတို႔လည္း ဆိုင္ကယ္နဲ႔ဆိုေတာ့ ခရီးေရာက္ေပမယ့္ ႐ႊံ႕ေတြနဲ႔ဆိုေတာ့ ေတာ္ေတာ္ေတာ့ မေခ်ာင္ဘူးေပါ့။ အဲဒီလမ္းမွာ ကားသြားပါ မ်ားေတာ့ ႐ႊံ႕ဗြက္အိုင္ႀကီးေတြက အႀကီးႀကီးေတြေပါ့။
ေမး - အစ္မတို႔လမ္းကေနမသြားတဲ့ကားေတြကေကာ ဘယ္ဘက္လမ္းကေနသြားၾကလဲခင္ဗ်။
ေျဖ - ကြၽန္မတို႔ေတာလမ္းကေတာ့ ကားက ေတာ္ေတာ္ပိတ္တာ။ ေရွ႕မွာ႐ႊံ႕ထဲကားနစ္ေနတယ္ဆိုရင္ ေတာင္ အဲဒီကားကိုသြားၾကည့္ဖို႔ အစီး(၂၀ဝ)ေလာက္ကိုေက်ာ္ၿပီးသြားရဦးမွာ။ အဲဒါေတာင္ ကိုယ့္ ကားေနာက္မွာလည္း အတန္းလိုက္ႀကီးေနာ္။ ျခားလမ္းကေနသြားတဲ့ကားေတြကေတာ့ စဥ့္အင္ေဖာင္ ဆိပ္ကေန ေဖာင္ေစာင့္ၿပီးကူးတဲ့ကားေတြရွိေသးတယ္။ ကြၽန္မတို႔ကေတာ့ ေဖာင္မေစာင့္ေတာ့ဘဲနဲ႔ ေတာလမ္းကေနလာတာပါ။ ေဖာင္ေစာင့္ရင္လည္း စဥ့္အင္ေဖာင္ဆိပ္မွာ ကားႏွစ္စီးကို တစ္လွည့္စီ ဟိုဘက္ကမ္းကိုပို႔တာျဖစ္တဲ့အတြက္ အဲဒီမွာပဲကားတန္းၿပီး ညအိပ္ရတဲ့လူေတြလည္း ရာခ်ီရွိတယ္။ အဲဒီဘက္ေတာ့ ေဖာင္ဆိပ္ကေနေဖာင္နဲ႔ကူးၿပီး ဒီဘက္နမ့္လန္ကို ေရာက္ေအာင္လာတာေပါ့။ နမ့္လန္ ေရာက္မွ ေက်ာင္ဂူလမ္းသြားမလား၊ လဲခ်ားလမ္းသြားမလားဆိုၿပီး တျခားေ႐ြးခ်ယ္ၿပီးသြားၾကတာပါ။ ဒါေပမဲ့ ကိုယ္တို႔လည္း ရွမ္းျပည္ေတာင္ပိုင္းကေန ပတ္လာရေတာ့ ေဝးတာပါပဲ။ ဒါေပမဲ့လဲ ခ်ားလမ္း ကေတာ့ ကတၱရာ လမ္းေတာင္ေလွ်ာက္ဆိုေတာ့ ေကာင္းတာေပါ့။ ေတာလမ္းကေတာ့ အရင္က သစ္ေတြ ထုတ္တဲ့လမ္းေတြေလ။ ကိုယ္ေတာင္ မီးထိုးၿပီးလိုက္လာတာ ဘယ္လမ္းေတြ ဘယ္လမ္း ေတြလဲမသိေတာ့ပါဘူး။ တခ်ိဳ႕႐ြာေတြကလည္း ရွမ္းစာေတြနဲ႔ေရးထားတာ။ ကိုယ္ေတြအဖြဲ႕ ကလည္း မ်ားေတာ့ အျခားကားေတြက ကိုယ္ေတြနဲ႔ကပ္လိုက္လာတဲ့ ကားေတြမ်ားတယ္။ သူတို႔လည္း မသြားဖူး ေတာ့ ကိုယ္ရပ္တဲ့ေနရာ လိုက္ရပ္ၾကတယ္။ အဲဒီလိုေတြနဲ႔ ထမင္းေတာင္ေတာင္းစားခဲ့ရပါေသးတယ္။ လမ္းေကာင္းတဲ့ ဘက္ေရာက္မွပဲ သူတို႔ဘာသာ သူတို႔ခြဲၿပီးသြားၾကေတာ့တာေပါ့။
ေမး - အစ္မအေနနဲ႔ လားရႈိးၿမိဳ႕ကေနစၿပီးထြက္ခြာေတာ့မယ္ဆိုေတာ့ အခက္အခဲရွိေပမယ့္ ဒီေလာက္ အထိ ဆိုး႐ြားလိမ့္မယ္လို႔ေတြးမိလားခင္ဗ်။
ေျဖ - အဲလိုေတာ့မထင္မိဘူးေပါ့ေနာ္။ ေနာက္ေတာ့ ဘယ္မွမသြားဘူးဆိုတဲ့လူေတြလည္း ထြက္လာၾက တာပါပဲ။ မထြက္သြားရင္လည္း မလြယ္ဘူးေလ။ စီးပြားေရးမလုပ္ရတာနဲ႔ ကုန္က်စရိတ္ေတြကလည္း မ်ားလာတာနဲ႔၊ ကုန္ေဈးႏႈန္းေတြကလည္း ေဈးႀကီး လာတာနဲ႔ေလ။ တခ်ိဳ႕ကလည္း အိမ္ကိုမစြန႔္ခြာခ်င္ ဘူးေလ။ တခ်ိဳ႕ကလည္းေခ်ာင္းေနၾကတာေတြရွိေတာ့ မျဖစ္မေနျဖစ္ေတာ့မွထြက္ၾကတာ။ အဲဒီမွာ အိမ္က လူကမလိုက္ဘူးဆိုၿပီး အိမ္ေစာင့္က်န္ခဲ့တဲ့လူေတြ လည္းရွိတယ္။ တခ်ိဳ႕ကလည္း ပါခ်င္ပါ ေစေတာ့ဆိုၿပီး အိမ္ကိုပစ္ထားခဲ့တဲ့ လူေတြလည္းရွိတယ္။
ေမး - အစ္မတို႔ထြက္လာခဲ့တဲ့လမ္းတစ္ေလွ်ာက္ တျခားသူေတြေကာ စားေရးေသာက္ေရးနဲ႔ က်န္းမာ ေရး လိုအပ္ခ်က္ေတြရွိေနတဲ့သူေတြကို ျမင္ေတြ႕ခဲ့ရတာမ်ိဳးေတြရွိလားခင္ဗ်ာ။
ေျဖ - အဲလိုမ်ိဳးေတြက တခ်ိဳ႕ဆို ေမြးခါနီးႀကီးနဲ႔ လမ္းမွာ ေမြးမွာေတာင္ေၾကာက္ရတယ္။ ေမြးခါနီးလူနာနဲ႔ လမ္းကလည္းပိတ္ေနတာတို႔ ေတြ႕တာရွိတယ္။ တခ်ိဳ႕ လည္းေမြ႕ရာႀကီးေပၚမွာ လူနာႀကီးပက္လက္ႀကီးနဲ႔ လည္းေတြ႕တယ္။ ေနာက္တစ္ခုက ႀကဳံလို႔ ေျပာရတာပါ။ ေခြးေလးေတြ၊ ေၾကာင္ေလးေတြလည္း ကား(၁၀)စီးမွာ (၅)စီးေလာက္ကတင္လာတာေတြေတြ႕တယ္။
ေမး - ေနာက္တစ္ခုက ေနရပ္စြန႔္ခြာသူေတြအေနနဲ႔ ကားငွားၾကတဲ့အခါမွာ ကားခေဈးႏႈန္းေတြဘယ္လိုရွိ လဲခင္ဗ်။
ေျဖ - ကားခေတြက ပုံမွန္ဆိုရင္ေတာ့ (၈၀ဝဝဝ)ေပါ့ ေနာ္။ အခုေတာ့ (၃၀ဝဝဝ၀)ေပါ့။ ေနာက္ၿပီး ထြက္ လာတဲ့အခ်ိန္က အရမ္းဆိုးေနတဲ့အခ်ိန္ဆိုရင္ (၃၀ဝ ဝဝဝ)နဲ႔ မရေလာက္ေတာ့ဘူးေပါ့။ အေျခအေန အရမ္း မဆိုးခင္တုန္းက ကားဂိတ္ကိုဖုန္းဆက္ေမးၾကည့္ေသးတယ္ အဲဒီတုန္းက တစ္ေယာက္ကို (၃၀ဝဝဝ၀)တဲ့။ အဲဒီ (၃၀ဝဝဝ၀)ကိုေတာင္ က်ပ္က်ပ္သိပ္သိပ္ ထိုင္ရမွာ။ နည္းနည္းကားေကာင္းတယ္ ဆိုရင္ ကိုယ့္အသိငွားတာေတာ့ ကားစီးလုံးဆိုရင္ သိန္း(၂၀)ေပးရတယ္။ တခ်ိဳ႕လည္း သိန္း(၃၀)ကေန သိန္း (၅၀)အထိေတာင္ေပးရတယ္လို႔ ၾကားမိတယ္။ ေတာင္ပိုင္းဘက္ကေန လာေခၚ ၾကတာေတြရွိ တယ္။ ကား ေကာင္းရင္ေကာင္းသလို ေဈးေပးရတာေတြရွိတယ္။ လူအလြတ္ႀကီးပဲ လာႀကိဳၿပီးေတာ့ ၿမိဳ႕ထဲကက်န္ခဲ့တဲ့ကားေတြတို႔ ခ်ိတ္ၿပီးေတာ့မွ ပိတ္တယ္ဆိုရင္လည္း ေဖာင္ဆိပ္ကေနၿပီးေတာ့မွ လူခ်ိန္းလိုက္တာ။ အဲဒီ ေဖာင္ဆိပ္ကကားကမွ ၿမိဳ႕ထဲကလူေတြကို လာျပန္ေခၚတယ္။ ဟိုဘက္ေန လာေစာင့္တဲ့ကားက ေစာင့္ေနၿပီးေတာ့မွ အဲဒီဘက္မွာျပန္ခ်ိန္းတာမ်ိဳးေတြလုပ္ၾကတာေပါ့။ တခ်ိဳ႕ ကလည္း ဒုကၡခံၿပီးေတာ့ပဲ ကေလးေပါက္စေလးေတြနဲ႔ထြက္ၾကတာေပါ့။ သနားဖို႔ ေတာ္ေတာ္ကို ေကာင္းပါတယ္။သူတို႔ကိုၾကည့္ရတာ ကေလးေတြနဲ႔ ခရီးကလည္းအေဝးႀကီးကို ေတာလမ္းကလည္း ျဖတ္လာရေသးတယ္။
အခုလိုေျဖၾကားေပးတဲ့အတြက္ ေက်းဇူးတင္ပါတယ္ ခင္ဗ်ာ။