Chanel ရဲ့ နားကြပ်၊ နာရီ၊ လည်ဆွဲ ပေါင်းစပ်ထားတဲ့ ဖက်ရှင်နဲ့ ပွဲတက်လာတဲ့ Blackpink အဖွဲ့ဝင် ဂျင်းနီ

 914

ရောင်နီ (NP News) - ဇူလိုင် ၁၇

ဇိမ်ခံဖက်ရှင် ကုမ္ပဏီ Chanel က သူ့ရဲ့အထင်ကရ Premiere နာရီကို ပြန်လည်ပုံဖော်ပြီး တောင်ကိုရီးယား အမျိုးသမီး K POP အဖွဲ့ Blackpink ရဲ့အဖွဲ့ဝင်ဂျင်းနီအတွက် ထူးခြားတဲ့ဖက်ရှင်တစ်ခု ဖန်တီးပြခဲ့ပါတယ်။

အနက်ရောင်နဲ့ ရွှေရောင်နားကြပ်နဲ့ ရွှေရောင်နာရီကို ပေါင်းစပ်ပြီး လည်ဆွဲဒီဇိုင်းပြန်ပြောင်းထားတဲ့ဖက်ရှင်ဖြစ်ပြီး ဒီဖက်ရှင်ကို နာရီဖန်တီးမှု စတူဒီယိုဒါရိုက်တာ အာနာချက်စတင်ဂျ်က ဖန်တီးပေးခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ လည်ဆွဲအဖြစ် အသုံးပြုထားတဲ့ နားကြပ်တွေဟာ အလှဆင်ရုံသပ်သပ်သာ မဟုတ်ဘဲ တကယ်လည်းအသုံးပြုလို့ရပြီး Chanel ရဲ့အဆိုအရ iPhone သို့မဟုတ် Android စမတ်ဖုန်း သို့မဟုတ် ဘယ်အသံကိရိယာနဲ့မဆို ကလစ်တစ်ချက်နှိပ်ရုံနဲ့ ချိတ်ဆက်နိုင်တယ်လို့ သိရပါတယ်။ နားကြပ်မှာလည်း အသံအတိုးအကျယ်ချိန်ညှိဖို့၊ အသံနဲ့ ဗီဒီယိုထိန်းချုပ်ဖို့နဲ့ ဖုန်းခေါ်ဆိုမှုတွေကို လက်ခံဖို့အတွက် မိုက်ခရိုဖုန်းနဲ့အဝေးထိန်းခလုတ်တစ်ခုလည်း တပ်ဆင်ထားတယ်လို့ သိရပါတယ်။ လည်ဆွဲမှာပါဝင်တဲ့ လက်ပတ်နာရီ ဒိုင်ခွက်ဟာ 18k ရွှေနဲ့အုပ်ထားပြီး အနက်ရောင်သားရေနဲ့ အနက်ရောင် အော်ဒီယိုကြိုးကို ပေါင်းစပ်ထားတယ်လို့ သိရပါတယ်။

Human Chanel လို့ နာမည်ရရှိထားတဲ့ ဂျင်းနီဟာ အဆိုပါ လည်ဆွဲဖက်ရှင်ကို တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မှာ မကြာသေးမီက ကျင်းပခဲ့တဲ့ Coco Crush pop-up event မှာ ၀တ်ဆင်ထားပြခဲ့တာ ဖြစ်ပါတယ်။

zawgyi version
Chanel ရဲ႕ နားၾကပ္၊ နာရီ၊ လည္ဆြဲ ေပါင္းစပ္ထားတဲ့ ဖက္ရွင္နဲ႔ ပြဲတက္လာတဲ့ Blackpink အဖြဲ႕ဝင္ ဂ်င္းနီ
ေရာင္နီ (NP News) - ဇူလိုင္ ၁၇

ဇိမ္ခံဖက္ရွင္ ကုမၸဏီ Chanel က သူ႔ရဲ႕အထင္ကရ Premiere နာရီကို ျပန္လည္ပုံေဖာ္ၿပီး ေတာင္ကိုရီးယား အမ်ိဳးသမီး K POP အဖြဲ႕ Blackpink ရဲ႕အဖြဲ႕ဝင္ဂ်င္းနီအတြက္ ထူးျခားတဲ့ဖက္ရွင္တစ္ခု ဖန္တီးျပခဲ့ပါတယ္။

အနက္ေရာင္နဲ႔ ေ႐ႊေရာင္နားၾကပ္နဲ႔ ေ႐ႊေရာင္နာရီကို ေပါင္းစပ္ၿပီး လည္ဆြဲဒီဇိုင္းျပန္ေျပာင္းထားတဲ့ဖက္ရွင္ျဖစ္ၿပီး ဒီဖက္ရွင္ကို နာရီဖန္တီးမႈ စတူဒီယိုဒါ႐ိုက္တာ အာနာခ်က္စတင္ဂ်္က ဖန္တီးေပးခဲ့တာ ျဖစ္ပါတယ္။ အဆိုပါ လည္ဆြဲအျဖစ္ အသုံးျပဳထားတဲ့ နားၾကပ္ေတြဟာ အလွဆင္႐ုံသပ္သပ္သာ မဟုတ္ဘဲ တကယ္လည္းအသုံးျပဳလို႔ရၿပီး Chanel ရဲ႕အဆိုအရ iPhone သို႔မဟုတ္ Android စမတ္ဖုန္း သို႔မဟုတ္ ဘယ္အသံကိရိယာနဲ႔မဆို ကလစ္တစ္ခ်က္ႏွိပ္႐ုံနဲ႔ ခ်ိတ္ဆက္ႏိုင္တယ္လို႔ သိရပါတယ္။ နားၾကပ္မွာလည္း အသံအတိုးအက်ယ္ခ်ိန္ညႇိဖို႔၊ အသံနဲ႔ ဗီဒီယိုထိန္းခ်ဳပ္ဖို႔နဲ႔ ဖုန္းေခၚဆိုမႈေတြကို လက္ခံဖို႔အတြက္ မိုက္ခ႐ိုဖုန္းနဲ႔အေဝးထိန္းခလုတ္တစ္ခုလည္း တပ္ဆင္ထားတယ္လို႔ သိရပါတယ္။ လည္ဆြဲမွာပါဝင္တဲ့ လက္ပတ္နာရီ ဒိုင္ခြက္ဟာ 18k ေ႐ႊနဲ႔အုပ္ထားၿပီး အနက္ေရာင္သားေရနဲ႔ အနက္ေရာင္ ေအာ္ဒီယိုႀကိဳးကို ေပါင္းစပ္ထားတယ္လို႔ သိရပါတယ္။

Human Chanel လို႔ နာမည္ရရွိထားတဲ့ ဂ်င္းနီဟာ အဆိုပါ လည္ဆြဲဖက္ရွင္ကို ေတာင္ကိုရီးယားႏိုင္ငံ၊ ဆိုးလ္မွာ မၾကာေသးမီက က်င္းပခဲ့တဲ့ Coco Crush pop-up event မွာ ၀တ္ဆင္ထားျပခဲ့တာ ျဖစ္ပါတယ္။

Related news

© 2021. All rights reserved.