မြန်မာနိုင်ငံတွင်တွေ့ရှိရသော ပင်လယ်လိပ်(၅)မျိုးသည် ငါးဖမ်းပိုက်များတွင် မတော်တဆဖမ်းမိနေ၍ မျိုးသုဉ်းအန္တရာယ်ကျရောက်ရန်ရှိနေ

 385

စော (NP News) - ဇူလိုင် ၁၇

မြန်မာနိုင်ငံတွင်တွေ့ရှိရသော ပင်လယ်လိပ်(၅)မျိုးသည် ငါးဖမ်းပိုက်များတွင် မတော်တဆဖမ်းမိနေ၍ မျိုးသုဉ်းအန္တရာယ်ကျရောက်ရန် ရှိနေကြောင်း Myanmar Ocean Project ၏ထုတ်ပြန်ချက်အရ သိရသည်။

ပင်လယ်ရေညစ်ညမ်းလာမှုနှင့် လူ့အဖွဲ့အစည်း၏ ကမ်းရိုးတန်းတိုးချဲ့မှုများ ကြောင့် ပင်လယ်လိပ်များ အသက်အန္တရာယ်ထိခိုက်သကဲ့သို့ ကျက်စားရာနေရာ ဆုံးရှုံးခြင်းများဖြစ်ပေါ်နေပြီး အဆိုပါပင်လယ်လိပ်များ အများဆုံးထိခိုက်သေဆုံးနေရခြင်း၏ အကြောင်းအရင်းတစ်ခုမှာ ဖမ်းပိုက်ကြီးများတွင် မတော်တဆဖမ်းမိနေခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ကမ္ဘာပေါ်ရှိ ပင်လယ်လိပ်မျိုးစိတ်(၇)ခုအနက် မြန်မာနိုင်ငံတွင် တွေ့ရသော လိပ်ကြက်တူရွေး၊ ပြင်သာလိပ်၊ လိပ်လှောင်း၊ လိပ်ခွေးနှင့် လိပ်စောင်းလျားမျိုးစိတ်များသည် မျိုးသုဉ်းအန္တရာယ်ကျရောက်နိုင်သည်ကို တွေ့ရှိကြောင်း အဆိုပါအဖွဲ့အစည်းက ထုတ်ပြန်ထားသည်။ အဆိုပါမတော်တ ဆဖမ်းမိခြင်းဖြစ်ရပ်များတွင် အများဆုံးပါဝင်နေသော ငါးဖမ်းနည်းစနစ်များမှာ Trawls (ဝါးလက်)၊ Longlines၊ Gillnets (ပလာတူးပိုက်)၊ Trammel/ Seine Nets ( ဝိုင်းပိုက်၊ ဝါးတန်း ငါးဖန်း) နှင့် အခြားသော ငါးဖမ်းပိုက်ကွန်များဖြင့် ဖမ်းဆီးခြင်းများ ပါဝင်နေကြောင်း သိရသည်။

ထို့ပြင် ငါးဖမ်းလုပ်ငန်းကြီးများသာမက SSF - Small Scale Fisheries ဟုခေါ်သော တံငါလှေများတွင်လည်း bycatch များရှိနေပြီး လေ့လာတွေ့ရှိချက်များအရ ပင်လယ်လိပ်များသည် ဝါးလက်နှင့် Longlines များထက် ပလာတူးပိုက်များတွင် ပိုမိုငြိတတ်ကာ ပိုမိုပြီးသေဆုံးမှုများနေသည်ကို တွေ့ရှိရကြောင်း သိရသည်။

zawgyi version
ျမန္မာႏိုင္ငံတြင္ေတြ႕ရွိရေသာ ပင္လယ္လိပ္(၅)မ်ိဳးသည္ ငါးဖမ္းပိုက္မ်ားတြင္ မေတာ္တဆဖမ္းမိေန၍ မ်ိဳးသုဥ္းအႏၲရာယ္က်ေရာက္ရန္ရွိေန

ေစာ (NP News) - ဇူလိုင္ ၁၇

ျမန္မာႏိုင္ငံတြင္ေတြ႕ရွိရေသာ ပင္လယ္လိပ္(၅)မ်ိဳးသည္ ငါးဖမ္းပိုက္မ်ားတြင္ မေတာ္တဆဖမ္းမိေန၍ မ်ိဳးသုဥ္းအႏၲရာယ္က်ေရာက္ရန္ ရွိေနေၾကာင္း Myanmar Ocean Project ၏ထုတ္ျပန္ခ်က္အရ သိရသည္။

ပင္လယ္ေရညစ္ညမ္းလာမႈႏွင့္ လူ႔အဖြဲ႕အစည္း၏ ကမ္း႐ိုးတန္းတိုးခ်ဲ႕မႈမ်ား ေၾကာင့္ ပင္လယ္လိပ္မ်ား အသက္အႏၲရာယ္ထိခိုက္သကဲ့သို႔ က်က္စားရာေနရာ ဆုံးရႈံးျခင္းမ်ားျဖစ္ေပၚေနၿပီး အဆိုပါပင္လယ္လိပ္မ်ား အမ်ားဆုံးထိခိုက္ေသဆုံးေနရျခင္း၏ အေၾကာင္းအရင္းတစ္ခုမွာ ဖမ္းပိုက္ႀကီးမ်ားတြင္ မေတာ္တဆဖမ္းမိေနျခင္းျဖစ္ေၾကာင္း သိရသည္။

လက္ရွိတြင္ ကမာၻေပၚရွိ ပင္လယ္လိပ္မ်ိဳးစိတ္(၇)ခုအနက္ ျမန္မာႏိုင္ငံတြင္ ေတြ႕ရေသာ လိပ္ၾကက္တူေ႐ြး၊ ျပင္သာလိပ္၊ လိပ္ေလွာင္း၊ လိပ္ေခြးႏွင့္ လိပ္ေစာင္းလ်ားမ်ိဳးစိတ္မ်ားသည္ မ်ိဳးသုဥ္းအႏၲရာယ္က်ေရာက္ႏိုင္သည္ကို ေတြ႕ရွိေၾကာင္း အဆိုပါအဖြဲ႕အစည္းက ထုတ္ျပန္ထားသည္။ အဆိုပါမေတာ္တ ဆဖမ္းမိျခင္းျဖစ္ရပ္မ်ားတြင္ အမ်ားဆုံးပါဝင္ေနေသာ ငါးဖမ္းနည္းစနစ္မ်ားမွာ Trawls (ဝါးလက္)၊ Longlines၊ Gillnets (ပလာတူးပိုက္)၊ Trammel/ Seine Nets ( ဝိုင္းပိုက္၊ ဝါးတန္း ငါးဖန္း) ႏွင့္ အျခားေသာ ငါးဖမ္းပိုက္ကြန္မ်ားျဖင့္ ဖမ္းဆီးျခင္းမ်ား ပါဝင္ေနေၾကာင္း သိရသည္။

ထို႔ျပင္ ငါးဖမ္းလုပ္ငန္းႀကီးမ်ားသာမက SSF - Small Scale Fisheries ဟုေခၚေသာ တံငါေလွမ်ားတြင္လည္း bycatch မ်ားရွိေနၿပီး ေလ့လာေတြ႕ရွိခ်က္မ်ားအရ ပင္လယ္လိပ္မ်ားသည္ ဝါးလက္ႏွင့္ Longlines မ်ားထက္ ပလာတူးပိုက္မ်ားတြင္ ပိုမိုၿငိတတ္ကာ ပိုမိုၿပီးေသဆုံးမႈမ်ားေနသည္ကို ေတြ႕ရွိရေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.