ဘဝကို အရှုံးပေးအဆုံးစီရင်မှုများလျော့ပါးစေရန်အတွက် လုပ်ဆောင်သင့်သော အချက်များကို စိတ်ကျန်းမာရေး ဆရာဝန်ကြီးတစ်ဦး အကြံပြု

 1069

သန့်ဇင် (NP News) - ဇူလိုင် ၁၈

ခက်ခဲနေသောကာလတွင် ဘဝကိုအရှုံးပေး အဆုံးစီရင်မှုများ လျော့ပါးစေရန်အတွက် လုပ်ဆောင်သင့်သော အချက်များကို စိတ်ကျန်းမာရေး ဆရာဝန်ကြီးတစ်ဦးဖြစ်သော ပါမောက္ခ ဒေါက်တာ ဉာဏ်ဝင်းကျော်က NP News က တဆင့် အကြံပြုပြောကြားသည်။

စီးပွားရေး၊ လူမှုရေး အကျပ်အတည်များကြောင့် တချို့က ထွက်ပေါက်ရှာသည့်အနေဖြင့် အဆုံးစီရင်ခြင်းများရှိသကဲ့သို့ တချို့က အရက်နှင့်မူးယစ်ဆေးတို့ကြောင့်လည်းကောင်း၊ စိတ်ကျန်းမာရေး ပြဿနာတစ်ခုခုကြောင့် လည်းကောင်း အဆုံးစီရင်ခြင်းများရှိနေရာ အဆိုပါဖြစ်စဉ်များ လျော့နည်း ပပျောက်သွားစေရန် လိုအပ်နေခြင်းလည်း ဖြစ်သည်။

အနီးစပ်ဆုံးဖြစ်စဉ်များအနေဖြင့် ပြီးခဲ့သည့် ဇွန်လ ၂၇ ရက်တွင် ရန်ကုန် တိုင်း၊ သာကေတမြိုနယ်၊ ကမာကြည်တံတား အမှတ်(၁)ပေါ်တွင် အမျိုး သားတစ်ဦးသည် ၎င်းမောင်းလာသည့်ကားကို ရပ်ထား၍ မိသားစုအား မိမိကိုယ်ကိုအဆုံးစီရင်သွားမည့်အကြောင်း Message ပို့ကာ ခုန်ချသွားသည့် ဖြစ်စဥ် ရှိခဲ့ဖူးသည်။

အလားတူ ဇွန်လ ၂၆ ရက် ညနေပိုင်းကလည်း ပဲခူးတိုင်း၊ တောင်ငူမြို့ရှိ စစ်တောင်းတံတားပေါ်မှ ကွန်ပျူတာတက္ကသိုလ်ကျောင်းသား တစ်ဦးသည် ၎င်း၏လူမှုကွန်ရက် Facebook စာမျက်နှာတွင် နောက်ဆုံးနှုတ်ဆက်စာတင်ကာ ခုန်ချအဆုံးစီရင်သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့သကဲ့သို့ ဇွန်လ နှောင်းပိုင်းကလည်း ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် စစ်ဘေးရှောင် ဇနီး မောင်နှံ (၂)ဦး အဆုံးစီရင်မှု ဖြစ်ပွားခဲ့သည်။

“စိတ်ကျဝေဒနာခံစားနေရသလား။ ဒါမှမဟုတ်ရင် စိတ်ရောဂါအပြင်းစားတွေခံစားနေရသလား။ နောက်ပြီးတော့ အရက်နဲ့မူးယစ်ဆေး သုံးစွဲမှုရဲ့ အန္တရာယ်တွေကို ခံစားနေရသလား။ စိတ်ဖိစီးမှုတွေအရမ်းကိုများနေလား။ ဒါတွေအပေါ်မှာမူတည်ပြီးတော့ သူငယ်ချင်းအပေါင်းအသင်းတွေ၊ မိတ်ဆွေတွေမိသားစုတွေနဲ့ ရပ်ကွက်မှာရှိတဲ့ လူကြီးတွေ။ ဆရာတော်တွေနဲ့ ဘာသာရေးခေါင်းဆောင်တွေပေါ့၊ သူတို့တွေက သိပြီးတော့ ဝိုင်းဝန်းကူညီကြမယ်၊ Psychological support စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးကူညီမှုပေးကြမယ်။ နိုင်ငံတကာမှာဆိုရှိတဲ့ ရဲဌာနတွေ၊ မီးသတ်တွေ၊ လူမှုဝန်ထမ်းဌာနတွေမှာ Hotline တွေရှိတယ်၊ နောက်ပြီး FM တွေ ၊ ရုပ်သံဌာနတွေတို့လို နေရာတွေကနေကူညီကြမယ် ရင်ဖွင့်ခွင့်ပေးကြမယ်ဆိုရင် အများကြီးသက်သာနိုင်တာပေါ့”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် ကိုဗစ်ကပ်ရောဂါကာလအတွင်းကလည်း အလားတူ စိတ်ဓာတ်ကျမှုကြောင့် သတ်သေသည့် ဖြစ်စဉ်များ ရှိခဲ့ဖူးကြောင်း သိရသည်။ “ဒီလိုဟာမျိုးတွေက ဆရာတို့အားလုံး ကိုဗစ်ကာလမှာတည်းကကြုံခဲ့ကြပြီးပြီ။ ကပ်တွေကျရောက်တဲ့အခါမှာ ကိုယ်ကိုးကွယ်ရာဘာသာအလိုက် ဘာသာရေးကို ပိုမိုအလေးထားပြီးလုပ်ဆောင်သင့်ကြတာပေါ့။ ဘာသာရေးအဆုံး အမနဲ့ပဲ ညီအောင်နေရမှာပေါ့။ ကိုးကွယ်ရာ ဘာသာအလိုက် ဘာသာရေး အဆုံးအမနဲ့ စနစ်တကျ ကျင့်ကြံနေထိုင်ကြမယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ်သတ်သေတဲ့နှုန်းက အများကြီးလျော့ကျသွားမှာသေချာပါတယ်” ဟု ဒေါက်တာ ဉာဏ်ဝင်းကျော်က ဆိုသည်။

အရက်နှင့် တားမြစ်ဆေးဝါးများကြောင့် သတ်သေမှုဖြစ်ရသည်ဆိုပါကလည်း လုပ်ဆောင်သင့်သော အချက်များကို ၎င်းက ထည့်သွင်းပြောကြားသည်။ “သက်သေတဲ့ကိစ္စက အရက် နဲ့ မူးယစ်ဆေးဝါးတွေရဲ့ နောက် ဆက်တွဲ ပြဿနာကြောင့်ဖြစ်တယ်ဆိုရင် အရက် နဲ့ မူးယစ်ဆေးဝါးတွေကို ထိမ်းချုပ်ဖို့လိုမယ်။ အရက်ရောင်းဝယ်မှုကိုစနစ်တကျနဲ့ သူ့အသက်အရွယ်အလိုက်၊ အချိန်ကာလအလိုက်ရောင်းရမယ်။ နိုင်ငံတချို့မှာ မနက်ခင်းနဲ့ ည သိပ်မိုးချုပ်သွားရင် အရက်မရောင်းရဘူး။ ရောင်းချချိန်ရော ရောင်းချတဲ့ နေရာရော ကန့်သတ်ထားတယ်။ အများပြည်သူမြင်ကွင်းမှား သောက်ခွင့်မူးခွင့်မရှိဘူး။ ပိုးသတ်ဆေးတွေ သုံးဖြစ်တာမျိုးမဖြစ်အောင် ပိုးသတ်ဆေး ရောင်းဝယ်မှုတွေကိုလည်း ကန့်သတ်ထားတယ်။ ရောင်းဝယ်တဲ့ဆိုင်တွေကိုလည်း မှတ်ပုံသေချာတင်ထားပြီးတော့ လူတွေကို လိုအပ်သလောက်ပဲရောင်းပေးဖို့နဲ့ ဘယ်လိုသုံးရမလဲ ဆိုတာ စနစ်တကျနဲ့ ညွှန်ကြားပေးရမှာပေါ့။ အမြင်က ခုန်ချတာတွေ၊ တံတားက ခုန်ချတာတွေ မဖြစ်အောင်က တော့ အစောင့်အရှောက်တွေထားတာအပြင်၊ အကာအကွယ်အရံအတားတွေ စနစ်တကျ ထားပေးဖို့လိုပါတယ်။ နောက်ပြီးတော့ လူမှုရေးကိစ္စကြောင့် သတ်သေတာ တွေရှိတယ်။ အဲဒါတွေကတော့ ဘေးပတ်ဝန်းကျင်ကပါ ဝိုင်းဝန်းကူညီဖြေရှင်းပေးကြမှရမှာ။ အရက်တို့၊ မူးယစ်ဆေးတွေရဲ့နောက်ဆက်တွဲကြောင့် တကယ်သတ်သေတာရှိသလို နောက်တစ်ခုကတော့ အဲဒါကြောင့်ဖြစ်တဲ့ လှုံ့ဆော်မှုအာရုံအမှားတွေနဲ့ ယုံမှားလွန်းတာတွေကြောင့် ဖြစ်သွားတာတွေလည်းရှိတယ်။ အဲဒါမျိုးတွေလျော့ပါသွားအောင်တော့ အရက်နဲ့မူးယစ်ဆေးကို ရှောင်ဖို့၊ မရှောင်နိုင်ရင်လည်းအသင့်အတင့်ပဲသုံးစွဲတာမျိုးလုပ်ပြီးတော့ လိုအပ်လို့ရှိရင် ကုသမှုတွေကို အမြန်ဆုံးခံယူဖို့နဲ့ ကျန်းမာရေးဝန်ထမ်းတွေရဲ့အကူအညီကိုအမြန်ဆုံးယူဖို့အတွက်ပဲတိုက်တွန်းချင်ပါတယ်”ဟု ဒေါက်တာဉာဏ်ဝင်းကျော်က ဆိုသည်။

စိတ်ကျဝေဒနာအပါအဝင် စိတ်ဝေဒနာခံစားနေရခြင်းကို မိသားစုဝင်များ မိတ်ဆွေများကသိရှိပါကလည်း အမြန်ဆုံးကုသမှုခံယူနိုင်ရန် ကူညီပေးသင့်ကြောင်း ၎င်းကအကြံပြုသည်။ “စိတ်ကျဝေဒနာ အပါအဝင် စိတ်ဝေဒနာတွေ ခံစားနေကြရတာကို မိသားစု မိတ်ဆွေတွေက သိရင်အမြန်ဆုံးကုသမှု ခံယူနိုင်အောင် ကူညီကြရမယ်။ အားကစားလေ့ကျင့်ခန်းတွေ နေ့စဉ် ပုံမှန် လုပ်မယ်၊ အဟာရပြည့်ဝမျှတအောင် စားကြမယ်၊ အရက်နဲ့ မူးယစ်ဆေးတွေ ရှောင်ကြမယ်၊ ဘာသာရေး အဆုံးအမတွေနဲ့ အညီနေထိုင်ကြမယ်၊ တစ်ဦး နဲ့ တစ်ဦးကူညီကြပြီး မိသားစုရပ်ကွက် မြို့ဒေသနဲ့နိုင်ငံတိုးတက်ဖွံ့ဖြိုးအောင် ကြိုးစားနေကြမယ်ဆိုရင် စိတ်ရော ကိုယ်ပါကျန်းမာကြံ့ခိုင်ကြပြီး အဆုံးစီရင်မှုတွေကင်းစင် သွားမှာပါ” ဟု ၎င်းက ဆိုသည်။

zawgyi version
ဘဝကို အရႈံးေပးအဆုံးစီရင္မႈမ်ားေလ်ာ့ပါးေစရန္အတြက္ လုပ္ေဆာင္သင့္ေသာ အခ်က္မ်ားကို စိတ္က်န္းမာေရး ဆရာဝန္ႀကီးတစ္ဦး အႀကံျပဳ
သန႔္ဇင္ (NP News) - ဇူလိုင္ ၁၈

ခက္ခဲေနေသာကာလတြင္ ဘဝကိုအရႈံးေပး အဆုံးစီရင္မႈမ်ား ေလ်ာ့ပါးေစရန္အတြက္ လုပ္ေဆာင္သင့္ေသာ အခ်က္မ်ားကို စိတ္က်န္းမာေရး ဆရာဝန္ႀကီးတစ္ဦးျဖစ္ေသာ ပါေမာကၡ ေဒါက္တာ ဉာဏ္ဝင္းေက်ာ္က NP News က တဆင့္ အႀကံျပဳေျပာၾကားသည္။

စီးပြားေရး၊ လူမႈေရး အက်ပ္အတည္မ်ားေၾကာင့္ တခ်ိဳ႕က ထြက္ေပါက္ရွာသည့္အေနျဖင့္ အဆုံးစီရင္ျခင္းမ်ားရွိသကဲ့သို႔ တခ်ိဳ႕က အရက္ႏွင့္မူးယစ္ေဆးတို႔ေၾကာင့္လည္းေကာင္း၊ စိတ္က်န္းမာေရး ျပႆနာတစ္ခုခုေၾကာင့္ လည္းေကာင္း အဆုံးစီရင္ျခင္းမ်ားရွိေနရာ အဆိုပါျဖစ္စဥ္မ်ား ေလ်ာ့နည္း ပေပ်ာက္သြားေစရန္ လိုအပ္ေနျခင္းလည္း ျဖစ္သည္။

အနီးစပ္ဆုံးျဖစ္စဥ္မ်ားအေနျဖင့္ ၿပီးခဲ့သည့္ ဇြန္လ ၂၇ ရက္တြင္ ရန္ကုန္ တိုင္း၊ သာေကတၿမိဳနယ္၊ ကမာၾကည္တံတား အမွတ္(၁)ေပၚတြင္ အမ်ိဳး သားတစ္ဦးသည္ ၎ေမာင္းလာသည့္ကားကို ရပ္ထား၍ မိသားစုအား မိမိကိုယ္ကိုအဆုံးစီရင္သြားမည့္အေၾကာင္း Message ပို႔ကာ ခုန္ခ်သြားသည့္ ျဖစ္စဥ္ ရွိခဲ့ဖူးသည္။

အလားတူ ဇြန္လ ၂၆ ရက္ ညေနပိုင္းကလည္း ပဲခူးတိုင္း၊ ေတာင္ငူၿမိဳ႕ရွိ စစ္ေတာင္းတံတားေပၚမွ ကြန္ပ်ဴတာတကၠသိုလ္ေက်ာင္းသား တစ္ဦးသည္ ၎၏လူမႈကြန္ရက္ Facebook စာမ်က္ႏွာတြင္ ေနာက္ဆုံးႏႈတ္ဆက္စာတင္ကာ ခုန္ခ်အဆုံးစီရင္သည့္ျဖစ္စဥ္ ျဖစ္ပြားခဲ့သကဲ့သို႔ ဇြန္လ ေႏွာင္းပိုင္းကလည္း ရခိုင္ျပည္နယ္၊ ပုဏၰားကြၽန္းၿမိဳ႕နယ္တြင္ စစ္ေဘးေရွာင္ ဇနီး ေမာင္ႏွံ (၂)ဦး အဆုံးစီရင္မႈ ျဖစ္ပြားခဲ့သည္။

“စိတ္က်ေဝဒနာခံစားေနရသလား။ ဒါမွမဟုတ္ရင္ စိတ္ေရာဂါအျပင္းစားေတြခံစားေနရသလား။ ေနာက္ၿပီးေတာ့ အရက္နဲ႔မူးယစ္ေဆး သုံးစြဲမႈရဲ႕ အႏၲရာယ္ေတြကို ခံစားေနရသလား။ စိတ္ဖိစီးမႈေတြအရမ္းကိုမ်ားေနလား။ ဒါေတြအေပၚမွာမူတည္ၿပီးေတာ့ သူငယ္ခ်င္းအေပါင္းအသင္းေတြ၊ မိတ္ေဆြေတြမိသားစုေတြနဲ႔ ရပ္ကြက္မွာရွိတဲ့ လူႀကီးေတြ။ ဆရာေတာ္ေတြနဲ႔ ဘာသာေရးေခါင္းေဆာင္ေတြေပါ့၊ သူတို႔ေတြက သိၿပီးေတာ့ ဝိုင္းဝန္းကူညီၾကမယ္၊ Psychological support စိတ္ပိုင္းဆိုင္ရာ ပံ့ပိုးကူညီမႈေပးၾကမယ္။ ႏိုင္ငံတကာမွာဆိုရွိတဲ့ ရဲဌာနေတြ၊ မီးသတ္ေတြ၊ လူမႈဝန္ထမ္းဌာနေတြမွာ Hotline ေတြရွိတယ္၊ ေနာက္ၿပီး FM ေတြ ၊ ႐ုပ္သံဌာနေတြတို႔လို ေနရာေတြကေနကူညီၾကမယ္ ရင္ဖြင့္ခြင့္ေပးၾကမယ္ဆိုရင္ အမ်ားႀကီးသက္သာႏိုင္တာေပါ့”ဟု ၎က ေျပာသည္။

ၿပီးခဲ့သည့္ ကိုဗစ္ကပ္ေရာဂါကာလအတြင္းကလည္း အလားတူ စိတ္ဓာတ္က်မႈေၾကာင့္ သတ္ေသသည့္ ျဖစ္စဥ္မ်ား ရွိခဲ့ဖူးေၾကာင္း သိရသည္။ “ဒီလိုဟာမ်ိဳးေတြက ဆရာတို႔အားလုံး ကိုဗစ္ကာလမွာတည္းကႀကဳံခဲ့ၾကၿပီးၿပီ။ ကပ္ေတြက်ေရာက္တဲ့အခါမွာ ကိုယ္ကိုးကြယ္ရာဘာသာအလိုက္ ဘာသာေရးကို ပိုမိုအေလးထားၿပီးလုပ္ေဆာင္သင့္ၾကတာေပါ့။ ဘာသာေရးအဆုံး အမနဲ႔ပဲ ညီေအာင္ေနရမွာေပါ့။ ကိုးကြယ္ရာ ဘာသာအလိုက္ ဘာသာေရး အဆုံးအမနဲ႔ စနစ္တက် က်င့္ႀကံေနထိုင္ၾကမယ္ဆိုရင္ ကိုယ့္ကိုယ္ကိုယ္သတ္ေသတဲ့ႏႈန္းက အမ်ားႀကီးေလ်ာ့က်သြားမွာေသခ်ာပါတယ္” ဟု ေဒါက္တာ ဉာဏ္ဝင္းေက်ာ္က ဆိုသည္။

အရက္ႏွင့္ တားျမစ္ေဆးဝါးမ်ားေၾကာင့္ သတ္ေသမႈျဖစ္ရသည္ဆိုပါကလည္း လုပ္ေဆာင္သင့္ေသာ အခ်က္မ်ားကို ၎က ထည့္သြင္းေျပာၾကားသည္။ “သက္ေသတဲ့ကိစၥက အရက္ နဲ႔ မူးယစ္ေဆးဝါးေတြရဲ႕ ေနာက္ ဆက္တြဲ ျပႆနာေၾကာင့္ျဖစ္တယ္ဆိုရင္ အရက္ နဲ႔ မူးယစ္ေဆးဝါးေတြကို ထိမ္းခ်ဳပ္ဖို႔လိုမယ္။ အရက္ေရာင္းဝယ္မႈကိုစနစ္တက်နဲ႔ သူ႔အသက္အ႐ြယ္အလိုက္၊ အခ်ိန္ကာလအလိုက္ေရာင္းရမယ္။ ႏိုင္ငံတခ်ိဳ႕မွာ မနက္ခင္းနဲ႔ ည သိပ္မိုးခ်ဳပ္သြားရင္ အရက္မေရာင္းရဘူး။ ေရာင္းခ်ခ်ိန္ေရာ ေရာင္းခ်တဲ့ ေနရာေရာ ကန္႔သတ္ထားတယ္။ အမ်ားျပည္သူျမင္ကြင္းမွား ေသာက္ခြင့္မူးခြင့္မရွိဘူး။ ပိုးသတ္ေဆးေတြ သုံးျဖစ္တာမ်ိဳးမျဖစ္ေအာင္ ပိုးသတ္ေဆး ေရာင္းဝယ္မႈေတြကိုလည္း ကန္႔သတ္ထားတယ္။ ေရာင္းဝယ္တဲ့ဆိုင္ေတြကိုလည္း မွတ္ပုံေသခ်ာတင္ထားၿပီးေတာ့ လူေတြကို လိုအပ္သေလာက္ပဲေရာင္းေပးဖို႔နဲ႔ ဘယ္လိုသုံးရမလဲ ဆိုတာ စနစ္တက်နဲ႔ ၫႊန္ၾကားေပးရမွာေပါ့။ အျမင္က ခုန္ခ်တာေတြ၊ တံတားက ခုန္ခ်တာေတြ မျဖစ္ေအာင္က ေတာ့ အေစာင့္အေရွာက္ေတြထားတာအျပင္၊ အကာအကြယ္အရံအတားေတြ စနစ္တက် ထားေပးဖို႔လိုပါတယ္။ ေနာက္ၿပီးေတာ့ လူမႈေရးကိစၥေၾကာင့္ သတ္ေသတာ ေတြရွိတယ္။ အဲဒါေတြကေတာ့ ေဘးပတ္ဝန္းက်င္ကပါ ဝိုင္းဝန္းကူညီေျဖရွင္းေပးၾကမွရမွာ။ အရက္တို႔၊ မူးယစ္ေဆးေတြရဲ႕ေနာက္ဆက္တြဲေၾကာင့္ တကယ္သတ္ေသတာရွိသလို ေနာက္တစ္ခုကေတာ့ အဲဒါေၾကာင့္ျဖစ္တဲ့ လႈံ႕ေဆာ္မႈအာ႐ုံအမွားေတြနဲ႔ ယုံမွားလြန္းတာေတြေၾကာင့္ ျဖစ္သြားတာေတြလည္းရွိတယ္။ အဲဒါမ်ိဳးေတြေလ်ာ့ပါသြားေအာင္ေတာ့ အရက္နဲ႔မူးယစ္ေဆးကို ေရွာင္ဖို႔၊ မေရွာင္ႏိုင္ရင္လည္းအသင့္အတင့္ပဲသုံးစြဲတာမ်ိဳးလုပ္ၿပီးေတာ့ လိုအပ္လို႔ရွိရင္ ကုသမႈေတြကို အျမန္ဆုံးခံယူဖို႔နဲ႔ က်န္းမာေရးဝန္ထမ္းေတြရဲ႕အကူအညီကိုအျမန္ဆုံးယူဖို႔အတြက္ပဲတိုက္တြန္းခ်င္ပါတယ္”ဟု ေဒါက္တာဉာဏ္ဝင္းေက်ာ္က ဆိုသည္။

စိတ္က်ေဝဒနာအပါအဝင္ စိတ္ေဝဒနာခံစားေနရျခင္းကို မိသားစုဝင္မ်ား မိတ္ေဆြမ်ားကသိရွိပါကလည္း အျမန္ဆုံးကုသမႈခံယူႏိုင္ရန္ ကူညီေပးသင့္ေၾကာင္း ၎ကအႀကံျပဳသည္။ “စိတ္က်ေဝဒနာ အပါအဝင္ စိတ္ေဝဒနာေတြ ခံစားေနၾကရတာကို မိသားစု မိတ္ေဆြေတြက သိရင္အျမန္ဆုံးကုသမႈ ခံယူႏိုင္ေအာင္ ကူညီၾကရမယ္။ အားကစားေလ့က်င့္ခန္းေတြ ေန႔စဥ္ ပုံမွန္ လုပ္မယ္၊ အဟာရျပည့္ဝမွ်တေအာင္ စားၾကမယ္၊ အရက္နဲ႔ မူးယစ္ေဆးေတြ ေရွာင္ၾကမယ္၊ ဘာသာေရး အဆုံးအမေတြနဲ႔ အညီေနထိုင္ၾကမယ္၊ တစ္ဦး နဲ႔ တစ္ဦးကူညီၾကၿပီး မိသားစုရပ္ကြက္ ၿမိဳ႕ေဒသနဲ႔ႏိုင္ငံတိုးတက္ဖြံ႕ၿဖိဳးေအာင္ ႀကိဳးစားေနၾကမယ္ဆိုရင္ စိတ္ေရာ ကိုယ္ပါက်န္းမာႀကံ့ခိုင္ၾကၿပီး အဆုံးစီရင္မႈေတြကင္းစင္ သြားမွာပါ” ဟု ၎က ဆိုသည္။

Related news

© 2021. All rights reserved.