“သွေးလွန်တုပ်ကွေးအန္တရာယ်ကနေ ကလေးငယ်တွေကို ကာကွယ်ပါ ’’ (အင်တာဗျူး)

 434

သန့်ဇင် (NP News) - ဇူလိုင် ၂ဝ

လက်ရှိတွင် မိုးတွင်းကာလသို့ရောက်ရှိလာပြီဖြစ်ရာ ကလေးငယ်များအတွက် သွေးလွန်တုပ်ကွေးရောဂါသည် လည်း အဓိကထား ဂရုစိုက်ရမည့် ရောဂါတစ်မျိုးဖြစ်သည်။ မြန်မာနိုင်ငံတွင် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်အတွင်း သွေးလွန် တုပ်ကွေးဖြစ်ပွားသူ(၁၆၀ဝဝ)ကျော်ရှိခဲ့ပြီး ရန်ကုန်အပါအဝင် တိုင်းနှင့်ပြည်နယ်(၅)ခု၌ အများဆုံးဖြစ် ပွားခဲ့ကြောင်းသိရ သည်။ အဆိုပါအခြေအနေများနှင့်ပတ်သက်၍ ကာကွယ်ရေးနှင့်အပူပိုင်းဆေးပညာ (Master of Preventive and Tropical Medicine) အထူးကုသမားတော် ဒေါက်တာ ပြည့်ထူးအား The Statesman ဂျာနယ်က မေးမြန်းထားသည်ကို NP News က ထပ်ဆင့် ကောက်နုတ်ဖော်ပြအပ်ပါသည်။

မေး-သွေးလွန်တုပ်ကွေးက ဘယ်လိုရာသီမျိုးတွေမှာ အဖြစ်များလဲဆရာ။
ဖြေ-သွေးလွန်တုပ်ကွေးက စိုထိုင်းဆများတဲ့ရာသီပေါ့။ အလွယ်ပြောရရင် မိုးရာသီပေါ့။ အဲဒီလိုရာသီမှာအဖြစ်များတယ်။ အဓိကက ခြင်ပေါက်ဖွားမှုများတဲ့ ရာသီတွေမှာအဖြစ်များပါတယ်။ မိုးရာသီဖြစ်ဖြစ် နွေရာသီဖြစ်ဖြစ် သွေးလွန်တုပ် ကွေးက ဖြစ်နိုင်ပေမယ့် ခြင်ပေါက်ဖွားနိုင်တဲ့ ချုံတွေ၊ ကန်တွေ၊ ရေသိုလှောင်နိုင်တဲ့နေရာတွေမှာ လူတွေနေတယ်ဆိုရင် တော့ (၁၂)ရာသီဖြစ်နိုင်ပါတယ်။

မေး-သွေးလွန်တုပ်ကွေးရောဂါက ကလေးတွေမှာ အဖြစ်များတယ်ဆိုပေမယ့် လူကြီးတွေဆိုရင်ကော ဖြစ်နိုင်လား ဆရာ။
ဖြေ-သွေးလွန်တုပ်ကွေးက အဖြစ်များတာတော့က လေးတွေပေါ့နော်။ ဒါပေမဲ့ လူကြီးတွေမှာလည်း ဖြစ်နိုင်တာပေါ့နော်။ အဲဒီရောဂါက အသက်(၁၈)နှစ်အထိတော့တွေ့ရတယ်။ (၁၈)နှစ်အထက်မှာတော့ တွေ့ရတာသိပ်မရှိဘူးပေါ့။ မရှိဘူးလို့ တော့ မဟုတ်ဘူးပေါ့နော်။ (၁၈)နှစ်အထိတော့အဖြစ်များတယ်။ ကလေးတွေမှာ ပိုပြီးအဖြစ်များတာပေါ့။ ဆိုးဆိုးရွားရွား အဖြစ်များတာကတော့ အသက်(၁၀)နှစ်အောက်ကလေးတွေလို့ပြောလို့ရပါတယ်။

မေး-သွေးလွန်တုပ်ကွေးဖြစ်ရင် ဘယ်လိုအခြေအနေတွေမှာ သေဆုံးနိုင်ခြေရှိပါသလဲ။
ဖြေ- သွေးလွန်တုပ်ကွေးက အဓိကကတော့ virus တစ်မျိုးကြောင့်ဖြစ်တာပေါ့နော်။ သူရဲ့ဖြစ်ပွားပုံက ဘာလဲဆိုတော့ သွေးလွန်တုပ်ကွေး Virus ကို သယ်ဆောင်လာတဲ့ Aedes လို့ခေါ်တဲ့ ခြင်ကျားကနေ လူကိုကိုက်ပြီးတော့ကူးတယ်ပေါ့။ သို့ပေမယ့် ဒီပိုးက ဒုက္ခပေးတာမဟုတ်ဘူး။ ဒီပိုးက ခန္ဓာကိုယ်ထဲကိုဝင်သွားပြီး Immune system လို့ခေါ်တဲ့ ခန္ဓာကိုယ်က တိုက်ထုတ်တဲ့စနစ်က အဲဒီပိုးကိုတိုက်တယ်။ အဲဒီလို တိုက်တဲ့အချိန်မှာ နားလည်အောင်ပြောရရင် စစ်တလင်းဖြစ်သွား တယ်ပေါ့။ အဲဒီလိုနောက်ဆက်တွဲတွေဖြစ်တာ။ သွေးပေါင်တွေကျလာတယ်၊ ခန္ဓာကိုယ်တစ် လျှောက်လုံးမှာ သွေးယို စိမ့်မှုတွေဖြစ်တယ်ပေါ့နော်။ အဲဒီလိုတွေကနေဖြစ်တာဆိုတော့ ခုနပြောတဲ့ တိုက်ခိုက်မှုပြင်းထန်ရင်ပြင်းထန်သလောက် သေဆုံးနိုင်ခြေပိုများတယ်။ ဥပမာဒီနှစ်မှာ သွေးလွန်တုပ်ကွေး ပိုးကူးထားတဲ့လူတစ်ယောက်က နောက်နှစ်တစ်ခါ ထပ် ဖြစ်ရင် ဒီပိုးကိုတိုက်တာက ပိုပြီးတော့ပြင်းထန်သွားတယ်။ အဲဒီတော့ သွေးလွန်တုပ်ကွေးကို နားလည်အောင်ပြောရ မယ်ဆိုရင် ပထမတစ်ကြိမ်ဖြစ်ဖူး တဲ့လူတွေမှာထပ်ဖြစ်ရင် ပိုပြီးတော့ပြင်းထန်တယ်။ သေတဲ့အထိဖြစ်နိုင်တယ်။ နောက် တစ်ခုကတော့ သေဆုံးနိုင်ခြေက သွေးလွန်တုပ်ကွေးကို သတိမထားမိဘဲနဲ့ ဆေးကုသမှုကိုမခံယူတဲ့လူတွေမှာ သေဆုံး နိုင်ခြေရှိတယ်။ အဲဒီနှစ်ခုမှာတော့ အဖြစ်များတာ ကတော့ ဒုတိယတစ်ခုပေါ့။ ဘာဖြစ်လို့ဖြစ်မှန်းမသိဘူး ရမ်းကုနေတယ်၊ အဲဒီကနေမှ နောက်ကျတယ်ပေါ့နော်။ ဆေးရုံအရောက်နောက်ကျတယ်၊ ဆေးခန်းအရောက်နောက်ကျပေါ့နော်။ အဲဒီလို ကနေ သေဆုံးနိုင်တာပိုများတယ်။

မေး-သွေးလွန်တုပ်ကွေးရောဂါ စဖြစ်တဲ့လက္ခဏာ မျိုးတွေက ဘယ်လိုမျိုးတွေလဲဆရာ။
ဖြေ-သွေးလွန်တုပ်ကွေးက Virus ပဲ။ အဲဒီလိုဆိုတော့ ဖျားတာနဲ့စတာပေါ့။ သွေးလွန်တုပ်ကွေးပိုးသယ် ဆောင်လာတဲ့ ခြင်ကိုက်မယ်၊ အဲဒီလိုကိုက်ပြီးလို့(၂)ရက် (၃)ရက်လောက်အကြာမှာ ဖျားလာမယ်။ ဖျားလာတဲ့အချိန်မှာ သူများအဖျားနဲ့ မတူတာက ဖျားရင် နည်းနည်းမှိန်းချင်တယ်ပေါ့နော်။ ဒီလိုမျိုးတွေစဖြစ်မယ်။ ဒါကတော့ သွေးသွန်တုပ်ကွေးအဆင့် (၁)ပေါ့ နော်။ အဲဒီအချိန်မှာ Hess test လို့ခေါ်တယ်။ လက်မောင်းကိုသွေးပေါင်ချိန်နဲ့ပတ်ပြီး သွေးပေါင်ချိန် တိုင်းသလို ညှစ်ထားလိုက်ရင်ပေါ့။ အဲဒီလိုညှစ်ထားပြီး တော့ Pressure တစ်ခုမှာ ငါးမိနစ်လောက်ပတ်ထား လိုက်မယ်ဆိုရင် ခုနသွေးပေါင်ချိန်တဲ့ကိရိယာပတ်ထား တဲ့လက်ရဲ့အောက်ပေါ့နော်။ အဖျားဘက်မှာ အကွက်တွေအကွက်တွေ အစက် အပြောက်တွေပေါ်လာနိုင်တယ်။ ဒါဆိုရင်တော့ Hess test (+)ive လို့ခေါ်တာပေါ့။ အစက်လေးတွေ (၂၀)ကျော်ထက် ပိုပေါ်လာရင် ဒါသွေးလွန်တုပ်ကွေးရှိပြီလို့ပြောလို့ရတယ်။ ဒါအဆင့်(၁)ပေါ့။ သွေးလွန်တုပ်ကွေးက အဖျားနဲ့ပဲစမှာ။ ဒါပေမဲ့ သူ့မှာ ဘာအဆင့်တွေရှိလဲဆိုတာကို တစ်ခါတည်းဖြေပေးပါမယ်။
သူ့မှာ အဆင့်(၁)(၂)(၃)ဆိုပြီးရှိတယ်။ (၁)က သူ့မှာ အဖျားရှိမယ်။ Hess test (+)ive ဖြစ်မယ်။ အဲဒီနှစ်ခု ပေါင်းရင် အဲဒါအဆင့်(၁)ပေါ့။ အဆင့်(၂)ကကျတော့ ခန္ဓာကိုယ်ရဲ့အရေပြားနဲ့ Mucosa ရှိတဲ့နေရာမျိုးတွေ။ ဥပမာ ပါး စောင်လို၊ ခံတွင်းလို၊ သွားဖုံးလိုနေရာမျိုးတွေ နှာခေါင်းလိုဟာမျိုးတွေ အဲဒီလိုနေရာမျိုးတွေမှာပေါ့နော်။ အဲဒီနှစ်ခု အပေါ်မှာ သွေးထွက်တဲ့အဆင့်တွေဖြစ်လာတယ်။ အရေပြား ပေါ်မှာအစက်အပြောက်တွေပေါ်လာမယ်၊ နှာခေါင်းသွေး လျှံမယ်၊ သွားဖုံးသွေးယိုမယ်။ အဲဒီနောက် ကော်ဖီရောင်တွေအန်မယ်။ ဝမ်းအမည်းတွေသွားမယ်ပေါ့။ ဒီအဆင့်တွေ ဆိုရင်တော့သွေးလွန်တုပ်ကွေး အဆင့် (၂)လို့ပြောလို့ရမယ်။ ဒီအခြေအနေမှာဆို အန္တရာယ်ရှိသွားပြီ။ အဲဒီအချိန်မှာ ဆေးရုံ မြန်မြန်ရောက် အောင်သွားဖို့လိုတယ်။
အဲဒီလိုမှမဟုတ်ဆိုရင်တော့ အဆင့်(၃)ကိုပြောင်းသွားတယ်။ အဆင့်(၃)ကဘာလဲဆိုတော့ သွေးပေါင်ကျလာ မယ်။ ခြေဖျားလက်ဖျားတွေအေး လာမယ်။ နောက်ဆုံးအဆင့်(၄)ကတော့ Dengue Shock syndrome လို့ခေါ်တဲ့ ရှော့ရတဲ့အဆင့်ပေါ့။ သွေးပေါင်တောင်တိုင်းမရတော့တဲ့အခြေအနေ ဖြစ်သွားတယ်။ ဆီးလုံးဝမထွက်တော့ဘူး။ အဲဒီလို အဆင့်(၄)ရောက်ပြီးရင် သေဆုံးနိုင်တဲ့အဆင့်အထိဖြစ် သွားနိုင်ပါတယ်။

မေး-ဒီလိုမျိုး သွေးလွန်တုပ်ကွေးဖြစ်လာရင် ဘယ် လိုကုသမှုတွေလုပ်ဆောင်သင့်လဲဆရာ
ဖြေ-အဓိကကတော့ သွေးလွန်တုပ်ကွေးရောဂါကို ချက်ချင်းသိဖို့လိုတယ်။ ရာသီမရွေးဖြစ်နိုင်တယ်ဆိုပေမယ့် စောစော ကပြောသလို ခြင်ပေါက်ဖွားနှုန်း မြင့်မားတဲ့ မိုးတွင်းမှာအဖြစ်များနိုင်တယ်။ နွေရာသီမှာမဖြစ်နိုင်ဘူးလားဆိုတော့ မဟုတ် ဘူး၊ ဖြစ်နိုင်ပါတယ်။ အချိန်မရွေးဖြစ်နိုင်တယ်ဆိုပေမယ့်လို့ပေါ့နော်။ ခြင်ပေါက်ဖွားနှုန်းများတာက မိုးရာသီမှာများ တော့ အဖြစ်များနိုင်တာပေါ့။ ခြင်ပေါက်ဖွားမှုရှိတဲ့ ရေကန်၊ ရေတွင်းတွေနဲ့နီးတဲ့လူတွေမှာ ဖြစ်နိုင်တယ်ပေါ့နော်။ ခြောက်သွေ့ တဲ့ ဟင်းလင်းပြင် နွေရာသီလိုဟာ မျိုးမှာတော့ အဖြစ်နည်းတယ်ပေါ့။ စိုထိုင်းဆနဲ့ခြင် ပေါက်ဖွားမှုများတဲ့ မိုးဦးကာလ ပေါ့။
အခုလိုကာလတွေရောက်ပြီဆိုရင်တော့ သတိထားသင့်တယ်။ ကိုယ့်အိမ်မှာ ကလေးရှိတယ်ဆိုရင် မိုးဦးကာလ ဖျားနာတဲ့ ဒီသွေးလွန်တုပ်ကွေး ရောဂါကို ခေါင်းထဲမှာထည့်ထားသင့်တယ်။ ဒါက နံပါတ်(၁)ပေါ့နော်။ အဲဒါသိမှ ကျွန်တော်တို့က ရှေ့ဆက်လုပ်လို့ရမယ်။ သွေးလွန်တုပ်ကွေးဖြစ်နေမလား ဆိုတဲ့စိတ်ရှိနေရင် ကလေးကိုဆေးခန်းပြ ဖြစ်မယ်။ ဒါဆိုရင် စောစောစီးစီး သွေးလွန်တုပ်ကွေးကို သိမယ်ပေါ့။ ဒါကတစ်ပိုင်းပေါ့နော်။ နောက်တစ်ခုက ဖျားလာ တာအပြင် ကလေးကမှိန်းလာမယ်။ အစားသိပ်မဝင်ဘူး သွေးလွန်တုပ်ကွေးရဲ့လက္ခဏာတွေ အစက်အပြောက် တွေထွက်မယ်။ ရှေ့မှာပြောခဲ့သလို ကော်ဖီရောင်တွေအန်မယ်၊ နှာခေါင်းသွေးလျှံမယ်၊ သွားဖုံးကသွေးယိုတယ်။ ဒါဆိုရင်တော့ ဟုတ်သော်ရှိ မဟုတ်သော်ရှိ ဒါတွေအကုန်လုံးကို သွေးလွန်တုပ် ကွေးလို့ယူဆပြီး နီးစပ်ရာ ဆေးရုံ ဆေးခန်းကို သွားပြီးပြသင့်တယ်။ အဲဒီအဆင့်မှမသွားဖြစ်ဘူးဆိုရင် နောက်က ရှော့ဖြစ်တဲ့အဆင့်အထိရောက်နိုင်တယ် ပေါ့နော်။ အဲဒီတော့ ဘယ်လိုစပြီးသတိထားရမလဲ ဆိုရင်တော့ မိုးရာသီမှာဖျားရင် သွေးလွန်တုပ်ကွေး လို့ပဲသဘော ထားပြီး ဆေးရုံဆေးခန်းသွားလိုက်တာ အန္တရာယ်ကင်းမယ်လို့ ကျွန်တော်ကတော့မြင်ပါတယ်။

မေး-သွေးလွန်တုပ်ကွေးရောဂါဖြစ်ပြီးရင် နောက်ဆက်တွဲရောဂါတွေဖြစ်လာနိုင်ပါသလားဆရာ။
ဖြေ-အဓိကသွေးလွန်တုပ်ကွေးက လတ်တလော သေတဲ့ရောဂါပေါ့နော်။ အပူချိန်မှာတုန်းကပြောတဲ့ Heat Stroke လိုမျိုးပေါ့နော်။ အဲဒီတော့ သူရဲ့နောက် ဆက်တွဲကိစ္စဖြစ်တာထက်စာရင် သွေးလွန်တုပ်ကွေး ပိုးကို ခန္ဓာကိုယ်ကတိုက် မယ်။ တိုက်ပြီးတော့ ခန္ဓာကိုယ်ကြီးက ပြောင်းလဲမှုတွေအများကြီးဖြစ်ပြီးတော့ လတ်တလော သေတတ်တဲ့ရောဂါပဲ ဖြစ်တယ်ပေါ့နော်။ ဘာကြောင့်သေရလဲဆိုရင် ရှေ့ကပြောခဲ့သလို သွေးတွေထွက်မယ်။ ထွက်တဲ့အခါမှာ ခန္ဓာကိုယ်က ရှော့ရမယ်ပေါ့။ ရှော့မှာ ခန္ဓာကိုယ်ရဲ့အရည်ဓာတ် တွေဆုံးရှုံးသွားလို့ဖြစ်တဲ့ Hypovolaemic Shock လို့ခေါ်တာ ပေါ့နော်။ ခန္ဓာကိုယ်မှာလိုအပ်တဲ့ သွေးပ မာဏရဲ့ အရည်ပမာဏမရှိတော့တဲ့အချိန်မှာဖြစ်တဲ့ ရှော့ရမှုတွေဖြစ်မယ်။
အဲဒါပြီးတော့ ကျောက်ကပ်ကိုသွားတဲ့သွေး လည်ပတ်မှုစနစ်က ကျောက်ကပ်ကို သွေးကောင်း ကောင်းမလည် နိုင်တော့ဘူး။ ကျွန်တော်တို့ရှေ့က ဆရာတွေပြောခဲ့သလိုပဲပေါ့နော်။ ယူရင်း (Urine) လို့ ခေါ်တဲ့ ဆီးဆိုတာ သွေးကနေ တစ်ဆင့်ဖြစ်တာပေါ့။ ပြောချင်တာကတော့ လူကဘာစားစားလိုအပ်တာ တွေစုပ်ထားတယ်။ အဲဒီက ယူရင်း (Urine) လို့ခေါ် တဲ့ ဆီး(သေး)အဖြစ် ခန္ဓာကိုယ်ကစွန့်ထုတ်တယ်။
အဲဒီတော့ ကျောက်ကပ်ကိုသွားပြီး လည်ပတ်တဲ့ သွေးပမာဏမပို့နိုင်တော့တဲ့အချိန်မှာ ဆီးလုံးဝမသွားနိုင်တဲ့ အဆင့်ဖြစ်သွားနိုင်တယ်။ နောက်ပြီး ကျောက်ကပ်ပျက်စီးသွားနိုင်ပြီး လူကဖောလာတာတို့ အသက်ရှူရင်မော လာတာ တို့ ဒါတွေဖြစ်လာနိုင်ပြီး နောက်ဆုံးအဆင့်ကတော့ သေဆုံးသွားနိုင်တယ်ပေါ့။ အဲဒီတော့ သူ့မှာ အဓိကထိတာကတော့ သွေးလည် ပတ်မှု System ကို အဓိကထိတယ်ပေါ့နော်။ အဲဒီတော့ သွေးလည်ပတ်မှု System ပျက်စီးသွားပြီးတော့ ရှော့ရတာတို့၊ ကျောက်ကပ်ပျက်စီးတာတို့ အဲ ဒါတွေဖြစ်တတ်ပါတယ်။

မေး-မြန်မာနိုင်ငံမှာ သွေးလွန်တုပ်ကွေးက ဘယ်လို နှစ်တွေမှာ အဖြစ်များလေ့ရှိလဲဆရာ။
ဖြေ-သွေးလွန်တုပ်ကွေးက ရှေ့ကပြောခဲ့သလိုပေါ့နော်။ မိုးဘယ်လောက်များလဲပေါ်မှာ ပိုပြီးမူတည်ပြီး အများကြီး သက်ဆိုင်တယ်။ နောက်တစ်ခုကခြင် ပေါက်ဖွားနှုန်းပေါ့နော်။ တစ်နှစ်နဲ့တစ်နှစ်က ခန့်မှန်းရတော့ခက်တယ်။ တချို့နှစ် တွေမှာ မိုးအရမ်းကြီးတယ်။ ပြီးတော့ ခြင်ကိုနှိမ်နင်းတဲ့လုပ်ငန်းတွေမလုပ် နိုင်ခဲ့တဲ့ကာလတွေရှိခဲ့ဖူးတယ်။ ဝန်ထမ်း အင်အား ကြောင့်သော်လည်းကောင်း တခြားကိစ္စတွေကြောင့် ပေါ့နော်။ အဲဒါကြောင့် ကာကွယ်ရေးနဲ့ ထိန်းချုပ်ရေး ပိုင်းသိပ်မလုပ်နိုင်တဲ့နှစ်တွေမှာဆိုရင် သွေးလွန်တုပ် ကွေးက ပိုထောင်တက်တတ်တယ်ပေါ့နော်။ နာဂစ်ဖြစ် ပြီးနောက်ပိုင်းနှစ်တွေပေါ့။ ၂၀၁၀ လောက်မှာ သွေးလွန်တုပ်ကွေးအဖြစ်များခဲ့တာတွေရှိခဲ့တယ်။ အဲဒါကြောင့် မိုးများပြီး စိုထိုင်းဆများရင် ခြင်ပေါက်ဖွားမှု များနိုင်တဲ့နှစ်တွေ နောက်ပြီး ကာကွယ်ရေးနဲ့ ထိန်းချုပ် ရေးလုပ်ငန်းတွေကို သိပ်မလုပ်နိုင်တဲ့နှစ်တွေမှာ သွေး လွန်တုပ်ကွေးက အဖြစ်များလေ့ရှိတယ်ပေါ့နော်။

မေး-သွေးလွန်တုပ်ကွေးနဲ့ပတ်သက်ပြီး ဆောင်ရန် ရှောင်ရန်လေးတွေလည်းပြောပေးပါဦးဆရာ။
ဖြေ-အဓိကတော့ သွေးလွန်တုပ်ကွေးက ခြင်ကဖြစ်တာ။ အဲဒါကြောင့် ခြင်ကိုက်မခံရအောင်နေရမယ်။ ဒါကတော့ ကာကွယ်ရေးပေါ့။ နောက်တစ်ခုကတော့ ဖြစ်ရင်ဘာလုပ်မလဲဆိုတာကို နှစ်ပိုင်းခွဲပြီး ပြောပြ သွားပါမယ်။ အဲဒီတော့ သွေးလွန်တုပ်ကွေးကခြင် ကြောင့်ဖြစ်တဲ့အတွက် ခြင်ပေါက်ဖွားနိုင်တဲ့နေရာတွေကို ရှင်းလင်းဖို့လိုတယ်။ ဥပမာ ကိုယ့် အိမ်ထဲမှာ တာယာစုတ်တွေရှိမယ်၊ အဲဒီမှာရေတွေအောင်းနေမယ်ဆိုရင် ဒီတာယာစုတ်တွေကိုမှောက်ပစ်တာတို့ ပိုး လောက်လမ်းတွေမရှိအောင်လုပ်တာတို့ ဒါမျိုးတွေ လုပ်ရမယ်ပေါ့။ နောက်တစ်ခု လူတွေသတိမထားမိ လိုက်တာက ဘုရားပန်းအိုးပေါ့။ ဘုရားပန်းအိုးကလည်း နေ့စဉ်ရေလဲမနေဘူးဆိုရင် အဲဒီထဲမှာခြင် ပေါက်မယ်။ အဲဒီဘုရားပန်းအိုး တွေနဲ့ နောက်ပြီး ကြောင်အိမ်တွေအောက်မှာထားတဲ့ အင်တုံတွေ၊ ရေထည့်ထားတဲ့ဟာတွေပေါ့။ နောက်တစ်ခုက ရေငြိမ်တွေပေါ့။ စီးဆင်းနေတဲ့ရေမှာ Aedes ခြင်က မပေါက်နိုင်ဘူး။ သူကငြိမ်နေတဲ့ရေမှာပေါက်တဲ့အတွက် ရေငြိမ် တွေကို သတိထားပြီး ဖုံးသင့်တာဖုံးရမယ် သွန်သင့်တာသွန်ရမယ်။ ပိုးလောက်လမ်းတွေရှိရင်လည်း ခပ်ထုတ်ပစ်ရမယ်။ နောက်တစ်ခုကတော့ ရေစစ်ထားတာပေါ့။ ပိုးလောက်လမ်းတွေမဖြစ်အောင် ဒါမျိုးတွေလုပ်သင့်ပါတယ်။ နောက်တစ်ခု က အိုးခြမ်းပဲ့လိုမျိုး ရေတင်ကျန်နိုင်တဲ့နေရာတွေရှိရင်လည်း ဒါတွေကိုစွန့်ပစ်တာတို့ ဒါမျိုးတွေလုပ်သင့်တယ်။ ဒါက တော့ ခြင်ဖြစ်စေတဲ့ပိုးလောက်လမ်းကို မဖြစ်အောင် လုပ်တာပေါ့နော်။
နောက်တစ်ခုက ခြင်အဆင့်ရောက်လာပြီဆိုရင် ခြင်ကိုက်မခံရအောင်နေရမယ်။ ခြင်ကိုက်မ ခံရအောင်နေဆိုတဲ့ နေရာမှာ မြန်မာတွေယူဆထား ကြတဲ့တစ်ခုက နည်းနည်းလွဲနေတာရှိတယ်။ ညမှ ခြင်ထောင်ထောင်ပြီးတော့ အိပ်ကြ တာ။ ဒါပေမဲ့ Aedes ခြင်က ထူးဆန်းတယ်။ အလင်းရောင်ရှိတဲ့ အချိန်မှာထွက်တယ်။ အဲဒါကြောင့် နေခင်းဘက် အိပ်ရင်လည်း ခြင်ထောင်ထောင်ပြီးတော့ အိပ်ကြဖို့လိုတယ်။ ခြင်နဲ့ထိတွေ့မှုကို လျှော့ချဖို့လိုတယ်။
ကလေးကို ကျောင်းကိုလွှတ်ပြီဆိုရင်လည်း လက်ရှည်လေးဝတ်ပေးတာတို့ ခြင်ဖျန်းဆေးရည်ပေါ့နော် Repellent လိုဟာမျိုးတွေလိမ်းပေးတာတို့ ဒါမျိုးတွေလုပ်သင့်ပါတယ်။ နောက်တစ်ခုက ရောဂါဖြစ်လာရင် ဘာလုပ်ရ မလဲဆိုတော့။ မိုးရာသီမှာဖျား ရင်သွေးလွန်တုပ်ကွေးလို့မှတ်ပြီးသတိထားဖို့လိုတယ်။ သွေးလွန်တုပ်ကွေးက ခန္ဓာ ကိုယ်မှာလိုအပ်တဲ့ အရည်ဓာတ်တွေဆုံးရှုံးလို့ သေတာဖြစ်တဲ့အတွက် ဓာတ်ဆားရည်တိုက်ဖို့လိုတယ်။ ကလေးတွေကို ဓာတ်ဆားမဝင် ဝင်အောင်တိုက်ရမယ်။ အဲဒါက အသက်ပဲပေါ့နော်။ အဲဒီလိုလုပ်နေတဲ့ကြားထဲကမှ အစက်အပြောက်တွေပေါ်လာတယ်၊ ကော်ဖီရောင် တွေအန်လာမယ်၊ ဝမ်းမည်းတွေသွားတယ်၊ သွားဖုံး သွေးယိုတယ်၊ နှာခေါင်းသွေးလျှံတယ်ဆိုရင်တော့ နီးစပ်ရာ ဆေးရုံဆေးခန်းကိုသွားသင့်ပါတယ်။ ဆေးမြီး တိုတွေနဲ့မကုသင့်ဘူးလို့တော့ ကျွန်တော်အကြံပေးချင် ပါတယ်။

မေး-သွေးလွန်တုပ်ကွေးရောဂါက ကိုယ်ခံအားနည်း တာနဲ့ဆိုင်လားဆရာ။
ဖြေ-သွေးလွန်တုပ်ကွေးက ကိုယ်ခံအားနည်းတာ၊ များတာနဲ့တော့မဆိုင်ဘူး။ သူကတော့ ခန္ဓာကိုယ်ရဲ့ immune system လို့ခေါ်တဲ့ ကိုယ်ခံအားက ဒီပိုးကို စစ်တလင်းလိုမျိုးတိုက်တဲ့အတွက်ကြောင့်ဖြစ်တဲ့ နောက်ဆက်တွဲပြဿနာတွေ ဆိုတော့ ကိုယ်ခံအား နည်းတဲ့လူတွေမှာဖြစ်ရင်တောင်မှ ကိုယ်ခံအားနည်းတဲ့ အောက်ခံရောဂါကြောင့်သာ အန္တရာယ် တစ်ခုခု ဖြစ်ရင်ဖြစ်သွားမယ်။ သွေးလွန်တုပ်ကွေးက ထူးဆန်းတယ်။ ကိုယ်ခံအားနည်းတဲ့လူတွေမှာ သိပ်ပြီးမပြင်း ထန်ဘူး။ တချို့ဆို အိမ်မှာစားသောက်နေတဲ့ကလေးတွေ၊ နောက်ပြီး လန်းလန်းဆန်းဆန်းကလေးတွေ အဲဒီလို ကလေးတွေမှာ ပိုပြီးဖြစ်တယ်။ ကိုယ်ခံအား ကောင်းရင်ကောင်းသလို ခန္ဓာကိုယ်ရဲ့ immune က ပြန်တိုက်တာဖြစ်တဲ့ အတွက် ကိုယ်ခံအားနည်းရင် ရောဂါပိုဆိုးတယ်ဆိုတာမဟုတ်ပါဘူး။ ကိုယ်ခံအားကောင်းနေရင် ရောဂါကိုပိုပြီး ပြင်းပြင်း ထန်ထန်ခံစားရနိုင်တယ်။

မေး-ဟုတ်ကဲ့ဆရာ သွေးလွန်တုပ်ကွေးနဲ့ပတ်သက် ပြီး ဘာများထပ်ပြီး အကြံပြုပြောချင်ပါသေးလဲဆရာ။
ဖြေ-မိုးဦးကာလရောက်လာပြီတဲ့အတွက် သွေးလွန်တုပ်ကွေးက အဖြစ်များတယ်။ အကြံပြုချင်တာကတော့ နံပါတ်(၁)က သွေးလွန်တုပ်ကွေးကခြင်က ဖြစ်တဲ့ရောဂါဖြစ်တဲ့အတွက်ကြောင့် ခြင်ကိုနှိမ်နင်း ဖို့လိုတယ်။ ပိုးလောက်လမ်း အဆင့်မှာတင် ‘ဖုံး၊ သွန်၊ ခတ်၊ စစ်၊ လောင်း၊ ထောင်၊ လဲ၊ ဖွင့်၊ မြှုပ်၊ ရှင်း၊ မှုတ်’ ဒါမျိုးတွေအကုန်လုံးကို လုပ်သင့်တယ်။ ဖုံးသင့်တာ ဖုံး၊ သွန်သင့်တာသွန် ဒါမျိုးတွေပေါ့။ နောက်ပြီးတော့ ဆေးခတ်တာတွေရှိတယ်ပေါ့။ အဲဒါတွေကို ကျန်းမာ ရေးဌာနက လိုက်လုပ်ပေးနေတာရှိတယ်။ အဲဒါကြောင့် ပြည်သူတွေအနေနဲ့ ဒါကို ပူးပေါင်းဆောင် ရွက်သင့်တယ်။ နောက်တစ်ခုက ရောဂါဖြစ်ပြီဆိုရင်တော့ ဟုတ်ဟုတ်-မဟုတ်ဟုတ် သွေးလွန်တုပ်ကွေး လို့ယူဆပြီးတော့ သေချာဂရုစိုက် သင့်တယ်။ ကလေးကို ဓာတ်ဆားရည် ဝင်အောင်တိုက်သင့်တယ်။ ဓာတ်ဆားရည်သောက်နေတဲ့ကြား ကမှ သွေးသွန်တဲ့လက္ခ ဏာတစ်ခုခုဖြစ်တဲ့ နှာခေါင်းသွေးလျှံတယ်။ သွားဖုံး သွေးယိုတယ်။ အစက်အပြောက်တွေ အများကြီး ပေါ်လာရင်တော့ နီးစပ်ရာဆေးရုံ ဆေးခန်းပြသင့်တယ်။ မပေါ့သင့်တဲ့ရောဂါတစ်ခုလို့ပဲ ကျွန်တော် ပြောချင်ပါတယ်။ နောက်တစ်ခုက ခြင်ဆေးဖျန်းနေ တဲ့ကိစ္စတွေပေါ့။ အခုနောက်ပိုင်းတော့ သိပ်မလုပ် တော့ပါဘူး။ အဲဒါတွေကလည်း နောက်ပိုင်း ခြင်တွေက ဒီပိုးသတ်ဆေးကို ခံနိုင်ရည်ရှိသွားပြီပေါ့။ အဲဒီအတွက် ခြင်ဆေးဖျန်း ထားပြီဆိုပြီး ခြင်ထောင်မထောင် ဘဲနဲ့အိပ်တာတို့ မလုပ်သင့်ပါဘူး။ အဓိကကတော့ခြင် ကိုက်မခံရအောင်နေတာ အကောင်းဆုံးလို့ပဲ ပြောချင်ပါတယ်။

အခုလို ပြည့်ပြည့်စုံစုံဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ဆရာ။

zawgyi version
“ေသြးလြန္တုပ္ေကြးအႏၲရာယ္ကေန ကေလးငယ္ေတြကို ကာကြယ္ပါ ’’ (အင္တာဗ်ဴး)

သန႔္ဇင္ (NP News) - ဇူလိုင္ ၂ဝ

လက္ရွိတြင္ မိုးတြင္းကာလသို႔ေရာက္ရွိလာၿပီျဖစ္ရာ ကေလးငယ္မ်ားအတြက္ ေသြးလြန္တုပ္ေကြးေရာဂါသည္ လည္း အဓိကထား ဂ႐ုစိုက္ရမည့္ ေရာဂါတစ္မ်ိဳးျဖစ္သည္။ ျမန္မာႏိုင္ငံတြင္ ၿပီးခဲ့သည့္ ၂၀၂၃ ခုႏွစ္အတြင္း ေသြးလြန္ တုပ္ေကြးျဖစ္ပြားသူ(၁၆၀ဝဝ)ေက်ာ္ရွိခဲ့ၿပီး ရန္ကုန္အပါအဝင္ တိုင္းႏွင့္ျပည္နယ္(၅)ခု၌ အမ်ားဆုံးျဖစ္ ပြားခဲ့ေၾကာင္းသိရ သည္။ အဆိုပါအေျခအေနမ်ားႏွင့္ပတ္သက္၍ ကာကြယ္ေရးႏွင့္အပူပိုင္းေဆးပညာ (Master of Preventive and Tropical Medicine) အထူးကုသမားေတာ္ ေဒါက္တာ ျပည့္ထူးအား The Statesman ဂ်ာနယ္က ေမးျမန္းထားသည္ကို NP News က ထပ္ဆင့္ ေကာက္ႏုတ္ေဖာ္ျပအပ္ပါသည္။

ေမး-ေသြးလြန္တုပ္ေကြးက ဘယ္လိုရာသီမ်ိဳးေတြမွာ အျဖစ္မ်ားလဲဆရာ။
ေျဖ-ေသြးလြန္တုပ္ေကြးက စိုထိုင္းဆမ်ားတဲ့ရာသီေပါ့။ အလြယ္ေျပာရရင္ မိုးရာသီေပါ့။ အဲဒီလိုရာသီမွာအျဖစ္မ်ားတယ္။ အဓိကက ျခင္ေပါက္ဖြားမႈမ်ားတဲ့ ရာသီေတြမွာအျဖစ္မ်ားပါတယ္။ မိုးရာသီျဖစ္ျဖစ္ ေႏြရာသီျဖစ္ျဖစ္ ေသြးလြန္တုပ္ ေကြးက ျဖစ္ႏိုင္ေပမယ့္ ျခင္ေပါက္ဖြားႏိုင္တဲ့ ခ်ဳံေတြ၊ ကန္ေတြ၊ ေရသိုေလွာင္ႏိုင္တဲ့ေနရာေတြမွာ လူေတြေနတယ္ဆိုရင္ ေတာ့ (၁၂)ရာသီျဖစ္ႏိုင္ပါတယ္။

ေမး-ေသြးလြန္တုပ္ေကြးေရာဂါက ကေလးေတြမွာ အျဖစ္မ်ားတယ္ဆိုေပမယ့္ လူႀကီးေတြဆိုရင္ေကာ ျဖစ္ႏိုင္လား ဆရာ။
ေျဖ-ေသြးလြန္တုပ္ေကြးက အျဖစ္မ်ားတာေတာ့က ေလးေတြေပါ့ေနာ္။ ဒါေပမဲ့ လူႀကီးေတြမွာလည္း ျဖစ္ႏိုင္တာေပါ့ေနာ္။ အဲဒီေရာဂါက အသက္(၁၈)ႏွစ္အထိေတာ့ေတြ႕ရတယ္။ (၁၈)ႏွစ္အထက္မွာေတာ့ ေတြ႕ရတာသိပ္မရွိဘူးေပါ့။ မရွိဘူးလို႔ ေတာ့ မဟုတ္ဘူးေပါ့ေနာ္။ (၁၈)ႏွစ္အထိေတာ့အျဖစ္မ်ားတယ္။ ကေလးေတြမွာ ပိုၿပီးအျဖစ္မ်ားတာေပါ့။ ဆိုးဆိုး႐ြား႐ြား အျဖစ္မ်ားတာကေတာ့ အသက္(၁၀)ႏွစ္ေအာက္ကေလးေတြလို႔ေျပာလို႔ရပါတယ္။

ေမး-ေသြးလြန္တုပ္ေကြးျဖစ္ရင္ ဘယ္လိုအေျခအေနေတြမွာ ေသဆုံးႏိုင္ေျခရွိပါသလဲ။
ေျဖ- ေသြးလြန္တုပ္ေကြးက အဓိကကေတာ့ virus တစ္မ်ိဳးေၾကာင့္ျဖစ္တာေပါ့ေနာ္။ သူရဲ႕ျဖစ္ပြားပုံက ဘာလဲဆိုေတာ့ ေသြးလြန္တုပ္ေကြး Virus ကို သယ္ေဆာင္လာတဲ့ Aedes လို႔ေခၚတဲ့ ျခင္က်ားကေန လူကိုကိုက္ၿပီးေတာ့ကူးတယ္ေပါ့။ သို႔ေပမယ့္ ဒီပိုးက ဒုကၡေပးတာမဟုတ္ဘူး။ ဒီပိုးက ခႏၶာကိုယ္ထဲကိုဝင္သြားၿပီး Immune system လို႔ေခၚတဲ့ ခႏၶာကိုယ္က တိုက္ထုတ္တဲ့စနစ္က အဲဒီပိုးကိုတိုက္တယ္။ အဲဒီလို တိုက္တဲ့အခ်ိန္မွာ နားလည္ေအာင္ေျပာရရင္ စစ္တလင္းျဖစ္သြား တယ္ေပါ့။ အဲဒီလိုေနာက္ဆက္တြဲေတြျဖစ္တာ။ ေသြးေပါင္ေတြက်လာတယ္၊ ခႏၶာကိုယ္တစ္ ေလွ်ာက္လုံးမွာ ေသြးယို စိမ့္မႈေတြျဖစ္တယ္ေပါ့ေနာ္။ အဲဒီလိုေတြကေနျဖစ္တာဆိုေတာ့ ခုနေျပာတဲ့ တိုက္ခိုက္မႈျပင္းထန္ရင္ျပင္းထန္သေလာက္ ေသဆုံးႏိုင္ေျခပိုမ်ားတယ္။ ဥပမာဒီႏွစ္မွာ ေသြးလြန္တုပ္ေကြး ပိုးကူးထားတဲ့လူတစ္ေယာက္က ေနာက္ႏွစ္တစ္ခါ ထပ္ ျဖစ္ရင္ ဒီပိုးကိုတိုက္တာက ပိုၿပီးေတာ့ျပင္းထန္သြားတယ္။ အဲဒီေတာ့ ေသြးလြန္တုပ္ေကြးကို နားလည္ေအာင္ေျပာရ မယ္ဆိုရင္ ပထမတစ္ႀကိမ္ျဖစ္ဖူး တဲ့လူေတြမွာထပ္ျဖစ္ရင္ ပိုၿပီးေတာ့ျပင္းထန္တယ္။ ေသတဲ့အထိျဖစ္ႏိုင္တယ္။ ေနာက္ တစ္ခုကေတာ့ ေသဆုံးႏိုင္ေျခက ေသြးလြန္တုပ္ေကြးကို သတိမထားမိဘဲနဲ႔ ေဆးကုသမႈကိုမခံယူတဲ့လူေတြမွာ ေသဆုံး ႏိုင္ေျခရွိတယ္။ အဲဒီႏွစ္ခုမွာေတာ့ အျဖစ္မ်ားတာ ကေတာ့ ဒုတိယတစ္ခုေပါ့။ ဘာျဖစ္လို႔ျဖစ္မွန္းမသိဘူး ရမ္းကုေနတယ္၊ အဲဒီကေနမွ ေနာက္က်တယ္ေပါ့ေနာ္။ ေဆး႐ုံအေရာက္ေနာက္က်တယ္၊ ေဆးခန္းအေရာက္ေနာက္က်ေပါ့ေနာ္။ အဲဒီလို ကေန ေသဆုံးႏိုင္တာပိုမ်ားတယ္။

ေမး-ေသြးလြန္တုပ္ေကြးေရာဂါ စျဖစ္တဲ့လကၡဏာ မ်ိဳးေတြက ဘယ္လိုမ်ိဳးေတြလဲဆရာ။
ေျဖ-ေသြးလြန္တုပ္ေကြးက Virus ပဲ။ အဲဒီလိုဆိုေတာ့ ဖ်ားတာနဲ႔စတာေပါ့။ ေသြးလြန္တုပ္ေကြးပိုးသယ္ ေဆာင္လာတဲ့ ျခင္ကိုက္မယ္၊ အဲဒီလိုကိုက္ၿပီးလို႔(၂)ရက္ (၃)ရက္ေလာက္အၾကာမွာ ဖ်ားလာမယ္။ ဖ်ားလာတဲ့အခ်ိန္မွာ သူမ်ားအဖ်ားနဲ႔ မတူတာက ဖ်ားရင္ နည္းနည္းမွိန္းခ်င္တယ္ေပါ့ေနာ္။ ဒီလိုမ်ိဳးေတြစျဖစ္မယ္။ ဒါကေတာ့ ေသြးသြန္တုပ္ေကြးအဆင့္ (၁)ေပါ့ ေနာ္။ အဲဒီအခ်ိန္မွာ Hess test လို႔ေခၚတယ္။ လက္ေမာင္းကိုေသြးေပါင္ခ်ိန္နဲ႔ပတ္ၿပီး ေသြးေပါင္ခ်ိန္ တိုင္းသလို ညႇစ္ထားလိုက္ရင္ေပါ့။ အဲဒီလိုညႇစ္ထားၿပီး ေတာ့ Pressure တစ္ခုမွာ ငါးမိနစ္ေလာက္ပတ္ထား လိုက္မယ္ဆိုရင္ ခုနေသြးေပါင္ခ်ိန္တဲ့ကိရိယာပတ္ထား တဲ့လက္ရဲ႕ေအာက္ေပါ့ေနာ္။ အဖ်ားဘက္မွာ အကြက္ေတြအကြက္ေတြ အစက္ အေျပာက္ေတြေပၚလာႏိုင္တယ္။ ဒါဆိုရင္ေတာ့ Hess test (+)ive လို႔ေခၚတာေပါ့။ အစက္ေလးေတြ (၂၀)ေက်ာ္ထက္ ပိုေပၚလာရင္ ဒါေသြးလြန္တုပ္ေကြးရွိၿပီလို႔ေျပာလို႔ရတယ္။ ဒါအဆင့္(၁)ေပါ့။ ေသြးလြန္တုပ္ေကြးက အဖ်ားနဲ႔ပဲစမွာ။ ဒါေပမဲ့ သူ႔မွာ ဘာအဆင့္ေတြရွိလဲဆိုတာကို တစ္ခါတည္းေျဖေပးပါမယ္။
သူ႔မွာ အဆင့္(၁)(၂)(၃)ဆိုၿပီးရွိတယ္။ (၁)က သူ႔မွာ အဖ်ားရွိမယ္။ Hess test (+)ive ျဖစ္မယ္။ အဲဒီႏွစ္ခု ေပါင္းရင္ အဲဒါအဆင့္(၁)ေပါ့။ အဆင့္(၂)ကက်ေတာ့ ခႏၶာကိုယ္ရဲ႕အေရျပားနဲ႔ Mucosa ရွိတဲ့ေနရာမ်ိဳးေတြ။ ဥပမာ ပါး ေစာင္လို၊ ခံတြင္းလို၊ သြားဖုံးလိုေနရာမ်ိဳးေတြ ႏွာေခါင္းလိုဟာမ်ိဳးေတြ အဲဒီလိုေနရာမ်ိဳးေတြမွာေပါ့ေနာ္။ အဲဒီႏွစ္ခု အေပၚမွာ ေသြးထြက္တဲ့အဆင့္ေတြျဖစ္လာတယ္။ အေရျပား ေပၚမွာအစက္အေျပာက္ေတြေပၚလာမယ္၊ ႏွာေခါင္းေသြး လွ်ံမယ္၊ သြားဖုံးေသြးယိုမယ္။ အဲဒီေနာက္ ေကာ္ဖီေရာင္ေတြအန္မယ္။ ဝမ္းအမည္းေတြသြားမယ္ေပါ့။ ဒီအဆင့္ေတြ ဆိုရင္ေတာ့ေသြးလြန္တုပ္ေကြး အဆင့္ (၂)လို႔ေျပာလို႔ရမယ္။ ဒီအေျခအေနမွာဆို အႏၲရာယ္ရွိသြားၿပီ။ အဲဒီအခ်ိန္မွာ ေဆး႐ုံ ျမန္ျမန္ေရာက္ ေအာင္သြားဖို႔လိုတယ္။
အဲဒီလိုမွမဟုတ္ဆိုရင္ေတာ့ အဆင့္(၃)ကိုေျပာင္းသြားတယ္။ အဆင့္(၃)ကဘာလဲဆိုေတာ့ ေသြးေပါင္က်လာ မယ္။ ေျခဖ်ားလက္ဖ်ားေတြေအး လာမယ္။ ေနာက္ဆုံးအဆင့္(၄)ကေတာ့ Dengue Shock syndrome လို႔ေခၚတဲ့ ေရွာ့ရတဲ့အဆင့္ေပါ့။ ေသြးေပါင္ေတာင္တိုင္းမရေတာ့တဲ့အေျခအေန ျဖစ္သြားတယ္။ ဆီးလုံးဝမထြက္ေတာ့ဘူး။ အဲဒီလို အဆင့္(၄)ေရာက္ၿပီးရင္ ေသဆုံးႏိုင္တဲ့အဆင့္အထိျဖစ္ သြားႏိုင္ပါတယ္။

ေမး-ဒီလိုမ်ိဳး ေသြးလြန္တုပ္ေကြးျဖစ္လာရင္ ဘယ္ လိုကုသမႈေတြလုပ္ေဆာင္သင့္လဲဆရာ
ေျဖ-အဓိကကေတာ့ ေသြးလြန္တုပ္ေကြးေရာဂါကို ခ်က္ခ်င္းသိဖို႔လိုတယ္။ ရာသီမေ႐ြးျဖစ္ႏိုင္တယ္ဆိုေပမယ့္ ေစာေစာ ကေျပာသလို ျခင္ေပါက္ဖြားႏႈန္း ျမင့္မားတဲ့ မိုးတြင္းမွာအျဖစ္မ်ားႏိုင္တယ္။ ေႏြရာသီမွာမျဖစ္ႏိုင္ဘူးလားဆိုေတာ့ မဟုတ္ ဘူး၊ ျဖစ္ႏိုင္ပါတယ္။ အခ်ိန္မေ႐ြးျဖစ္ႏိုင္တယ္ဆိုေပမယ့္လို႔ေပါ့ေနာ္။ ျခင္ေပါက္ဖြားႏႈန္းမ်ားတာက မိုးရာသီမွာမ်ား ေတာ့ အျဖစ္မ်ားႏိုင္တာေပါ့။ ျခင္ေပါက္ဖြားမႈရွိတဲ့ ေရကန္၊ ေရတြင္းေတြနဲ႔နီးတဲ့လူေတြမွာ ျဖစ္ႏိုင္တယ္ေပါ့ေနာ္။ ေျခာက္ေသြ႕ တဲ့ ဟင္းလင္းျပင္ ေႏြရာသီလိုဟာ မ်ိဳးမွာေတာ့ အျဖစ္နည္းတယ္ေပါ့။ စိုထိုင္းဆနဲ႔ျခင္ ေပါက္ဖြားမႈမ်ားတဲ့ မိုးဦးကာလ ေပါ့။
အခုလိုကာလေတြေရာက္ၿပီဆိုရင္ေတာ့ သတိထားသင့္တယ္။ ကိုယ့္အိမ္မွာ ကေလးရွိတယ္ဆိုရင္ မိုးဦးကာလ ဖ်ားနာတဲ့ ဒီေသြးလြန္တုပ္ေကြး ေရာဂါကို ေခါင္းထဲမွာထည့္ထားသင့္တယ္။ ဒါက နံပါတ္(၁)ေပါ့ေနာ္။ အဲဒါသိမွ ကြၽန္ေတာ္တို႔က ေရွ႕ဆက္လုပ္လို႔ရမယ္။ ေသြးလြန္တုပ္ေကြးျဖစ္ေနမလား ဆိုတဲ့စိတ္ရွိေနရင္ ကေလးကိုေဆးခန္းျပ ျဖစ္မယ္။ ဒါဆိုရင္ ေစာေစာစီးစီး ေသြးလြန္တုပ္ေကြးကို သိမယ္ေပါ့။ ဒါကတစ္ပိုင္းေပါ့ေနာ္။ ေနာက္တစ္ခုက ဖ်ားလာ တာအျပင္ ကေလးကမွိန္းလာမယ္။ အစားသိပ္မဝင္ဘူး ေသြးလြန္တုပ္ေကြးရဲ႕လကၡဏာေတြ အစက္အေျပာက္ ေတြထြက္မယ္။ ေရွ႕မွာေျပာခဲ့သလို ေကာ္ဖီေရာင္ေတြအန္မယ္၊ ႏွာေခါင္းေသြးလွ်ံမယ္၊ သြားဖုံးကေသြးယိုတယ္။ ဒါဆိုရင္ေတာ့ ဟုတ္ေသာ္ရွိ မဟုတ္ေသာ္ရွိ ဒါေတြအကုန္လုံးကို ေသြးလြန္တုပ္ ေကြးလို႔ယူဆၿပီး နီးစပ္ရာ ေဆး႐ုံ ေဆးခန္းကို သြားၿပီးျပသင့္တယ္။ အဲဒီအဆင့္မွမသြားျဖစ္ဘူးဆိုရင္ ေနာက္က ေရွာ့ျဖစ္တဲ့အဆင့္အထိေရာက္ႏိုင္တယ္ ေပါ့ေနာ္။ အဲဒီေတာ့ ဘယ္လိုစၿပီးသတိထားရမလဲ ဆိုရင္ေတာ့ မိုးရာသီမွာဖ်ားရင္ ေသြးလြန္တုပ္ေကြး လို႔ပဲသေဘာ ထားၿပီး ေဆး႐ုံေဆးခန္းသြားလိုက္တာ အႏၲရာယ္ကင္းမယ္လို႔ ကြၽန္ေတာ္ကေတာ့ျမင္ပါတယ္။

ေမး-ေသြးလြန္တုပ္ေကြးေရာဂါျဖစ္ၿပီးရင္ ေနာက္ဆက္တြဲေရာဂါေတြျဖစ္လာႏိုင္ပါသလားဆရာ။
ေျဖ-အဓိကေသြးလြန္တုပ္ေကြးက လတ္တေလာ ေသတဲ့ေရာဂါေပါ့ေနာ္။ အပူခ်ိန္မွာတုန္းကေျပာတဲ့ Heat Stroke လိုမ်ိဳးေပါ့ေနာ္။ အဲဒီေတာ့ သူရဲ႕ေနာက္ ဆက္တြဲကိစၥျဖစ္တာထက္စာရင္ ေသြးလြန္တုပ္ေကြး ပိုးကို ခႏၶာကိုယ္ကတိုက္ မယ္။ တိုက္ၿပီးေတာ့ ခႏၶာကိုယ္ႀကီးက ေျပာင္းလဲမႈေတြအမ်ားႀကီးျဖစ္ၿပီးေတာ့ လတ္တေလာ ေသတတ္တဲ့ေရာဂါပဲ ျဖစ္တယ္ေပါ့ေနာ္။ ဘာေၾကာင့္ေသရလဲဆိုရင္ ေရွ႕ကေျပာခဲ့သလို ေသြးေတြထြက္မယ္။ ထြက္တဲ့အခါမွာ ခႏၶာကိုယ္က ေရွာ့ရမယ္ေပါ့။ ေရွာ့မွာ ခႏၶာကိုယ္ရဲ႕အရည္ဓာတ္ ေတြဆုံးရႈံးသြားလို႔ျဖစ္တဲ့ Hypovolaemic Shock လို႔ေခၚတာ ေပါ့ေနာ္။ ခႏၶာကိုယ္မွာလိုအပ္တဲ့ ေသြးပ မာဏရဲ႕ အရည္ပမာဏမရွိေတာ့တဲ့အခ်ိန္မွာျဖစ္တဲ့ ေရွာ့ရမႈေတြျဖစ္မယ္။
အဲဒါၿပီးေတာ့ ေက်ာက္ကပ္ကိုသြားတဲ့ေသြး လည္ပတ္မႈစနစ္က ေက်ာက္ကပ္ကို ေသြးေကာင္း ေကာင္းမလည္ ႏိုင္ေတာ့ဘူး။ ကြၽန္ေတာ္တို႔ေရွ႕က ဆရာေတြေျပာခဲ့သလိုပဲေပါ့ေနာ္။ ယူရင္း (Urine) လို႔ ေခၚတဲ့ ဆီးဆိုတာ ေသြးကေန တစ္ဆင့္ျဖစ္တာေပါ့။ ေျပာခ်င္တာကေတာ့ လူကဘာစားစားလိုအပ္တာ ေတြစုပ္ထားတယ္။ အဲဒီက ယူရင္း (Urine) လို႔ေခၚ တဲ့ ဆီး(ေသး)အျဖစ္ ခႏၶာကိုယ္ကစြန႔္ထုတ္တယ္။
အဲဒီေတာ့ ေက်ာက္ကပ္ကိုသြားၿပီး လည္ပတ္တဲ့ ေသြးပမာဏမပို႔ႏိုင္ေတာ့တဲ့အခ်ိန္မွာ ဆီးလုံးဝမသြားႏိုင္တဲ့ အဆင့္ျဖစ္သြားႏိုင္တယ္။ ေနာက္ၿပီး ေက်ာက္ကပ္ပ်က္စီးသြားႏိုင္ၿပီး လူကေဖာလာတာတို႔ အသက္ရႉရင္ေမာ လာတာ တို႔ ဒါေတြျဖစ္လာႏိုင္ၿပီး ေနာက္ဆုံးအဆင့္ကေတာ့ ေသဆုံးသြားႏိုင္တယ္ေပါ့။ အဲဒီေတာ့ သူ႔မွာ အဓိကထိတာကေတာ့ ေသြးလည္ ပတ္မႈ System ကို အဓိကထိတယ္ေပါ့ေနာ္။ အဲဒီေတာ့ ေသြးလည္ပတ္မႈ System ပ်က္စီးသြားၿပီးေတာ့ ေရွာ့ရတာတို႔၊ ေက်ာက္ကပ္ပ်က္စီးတာတို႔ အဲ ဒါေတြျဖစ္တတ္ပါတယ္။

ေမး-ျမန္မာႏိုင္ငံမွာ ေသြးလြန္တုပ္ေကြးက ဘယ္လို ႏွစ္ေတြမွာ အျဖစ္မ်ားေလ့ရွိလဲဆရာ။
ေျဖ-ေသြးလြန္တုပ္ေကြးက ေရွ႕ကေျပာခဲ့သလိုေပါ့ေနာ္။ မိုးဘယ္ေလာက္မ်ားလဲေပၚမွာ ပိုၿပီးမူတည္ၿပီး အမ်ားႀကီး သက္ဆိုင္တယ္။ ေနာက္တစ္ခုကျခင္ ေပါက္ဖြားႏႈန္းေပါ့ေနာ္။ တစ္ႏွစ္နဲ႔တစ္ႏွစ္က ခန႔္မွန္းရေတာ့ခက္တယ္။ တခ်ိဳ႕ႏွစ္ ေတြမွာ မိုးအရမ္းႀကီးတယ္။ ၿပီးေတာ့ ျခင္ကိုႏွိမ္နင္းတဲ့လုပ္ငန္းေတြမလုပ္ ႏိုင္ခဲ့တဲ့ကာလေတြရွိခဲ့ဖူးတယ္။ ဝန္ထမ္း အင္အား ေၾကာင့္ေသာ္လည္းေကာင္း တျခားကိစၥေတြေၾကာင့္ ေပါ့ေနာ္။ အဲဒါေၾကာင့္ ကာကြယ္ေရးနဲ႔ ထိန္းခ်ဳပ္ေရး ပိုင္းသိပ္မလုပ္ႏိုင္တဲ့ႏွစ္ေတြမွာဆိုရင္ ေသြးလြန္တုပ္ ေကြးက ပိုေထာင္တက္တတ္တယ္ေပါ့ေနာ္။ နာဂစ္ျဖစ္ ၿပီးေနာက္ပိုင္းႏွစ္ေတြေပါ့။ ၂၀၁၀ ေလာက္မွာ ေသြးလြန္တုပ္ေကြးအျဖစ္မ်ားခဲ့တာေတြရွိခဲ့တယ္။ အဲဒါေၾကာင့္ မိုးမ်ားၿပီး စိုထိုင္းဆမ်ားရင္ ျခင္ေပါက္ဖြားမႈ မ်ားႏိုင္တဲ့ႏွစ္ေတြ ေနာက္ၿပီး ကာကြယ္ေရးနဲ႔ ထိန္းခ်ဳပ္ ေရးလုပ္ငန္းေတြကို သိပ္မလုပ္ႏိုင္တဲ့ႏွစ္ေတြမွာ ေသြး လြန္တုပ္ေကြးက အျဖစ္မ်ားေလ့ရွိတယ္ေပါ့ေနာ္။

ေမး-ေသြးလြန္တုပ္ေကြးနဲ႔ပတ္သက္ၿပီး ေဆာင္ရန္ ေရွာင္ရန္ေလးေတြလည္းေျပာေပးပါဦးဆရာ။
ေျဖ-အဓိကေတာ့ ေသြးလြန္တုပ္ေကြးက ျခင္ကျဖစ္တာ။ အဲဒါေၾကာင့္ ျခင္ကိုက္မခံရေအာင္ေနရမယ္။ ဒါကေတာ့ ကာကြယ္ေရးေပါ့။ ေနာက္တစ္ခုကေတာ့ ျဖစ္ရင္ဘာလုပ္မလဲဆိုတာကို ႏွစ္ပိုင္းခြဲၿပီး ေျပာျပ သြားပါမယ္။ အဲဒီေတာ့ ေသြးလြန္တုပ္ေကြးကျခင္ ေၾကာင့္ျဖစ္တဲ့အတြက္ ျခင္ေပါက္ဖြားႏိုင္တဲ့ေနရာေတြကို ရွင္းလင္းဖို႔လိုတယ္။ ဥပမာ ကိုယ့္ အိမ္ထဲမွာ တာယာစုတ္ေတြရွိမယ္၊ အဲဒီမွာေရေတြေအာင္းေနမယ္ဆိုရင္ ဒီတာယာစုတ္ေတြကိုေမွာက္ပစ္တာတို႔ ပိုး ေလာက္လမ္းေတြမရွိေအာင္လုပ္တာတို႔ ဒါမ်ိဳးေတြ လုပ္ရမယ္ေပါ့။ ေနာက္တစ္ခု လူေတြသတိမထားမိ လိုက္တာက ဘုရားပန္းအိုးေပါ့။ ဘုရားပန္းအိုးကလည္း ေန႔စဥ္ေရလဲမေနဘူးဆိုရင္ အဲဒီထဲမွာျခင္ ေပါက္မယ္။ အဲဒီဘုရားပန္းအိုး ေတြနဲ႔ ေနာက္ၿပီး ေၾကာင္အိမ္ေတြေအာက္မွာထားတဲ့ အင္တုံေတြ၊ ေရထည့္ထားတဲ့ဟာေတြေပါ့။ ေနာက္တစ္ခုက ေရၿငိမ္ေတြေပါ့။ စီးဆင္းေနတဲ့ေရမွာ Aedes ျခင္က မေပါက္ႏိုင္ဘူး။ သူကၿငိမ္ေနတဲ့ေရမွာေပါက္တဲ့အတြက္ ေရၿငိမ္ ေတြကို သတိထားၿပီး ဖုံးသင့္တာဖုံးရမယ္ သြန္သင့္တာသြန္ရမယ္။ ပိုးေလာက္လမ္းေတြရွိရင္လည္း ခပ္ထုတ္ပစ္ရမယ္။ ေနာက္တစ္ခုကေတာ့ ေရစစ္ထားတာေပါ့။ ပိုးေလာက္လမ္းေတြမျဖစ္ေအာင္ ဒါမ်ိဳးေတြလုပ္သင့္ပါတယ္။ ေနာက္တစ္ခု က အိုးျခမ္းပဲ့လိုမ်ိဳး ေရတင္က်န္ႏိုင္တဲ့ေနရာေတြရွိရင္လည္း ဒါေတြကိုစြန႔္ပစ္တာတို႔ ဒါမ်ိဳးေတြလုပ္သင့္တယ္။ ဒါက ေတာ့ ျခင္ျဖစ္ေစတဲ့ပိုးေလာက္လမ္းကို မျဖစ္ေအာင္ လုပ္တာေပါ့ေနာ္။
ေနာက္တစ္ခုက ျခင္အဆင့္ေရာက္လာၿပီဆိုရင္ ျခင္ကိုက္မခံရေအာင္ေနရမယ္။ ျခင္ကိုက္မ ခံရေအာင္ေနဆိုတဲ့ ေနရာမွာ ျမန္မာေတြယူဆထား ၾကတဲ့တစ္ခုက နည္းနည္းလြဲေနတာရွိတယ္။ ညမွ ျခင္ေထာင္ေထာင္ၿပီးေတာ့ အိပ္ၾက တာ။ ဒါေပမဲ့ Aedes ျခင္က ထူးဆန္းတယ္။ အလင္းေရာင္ရွိတဲ့ အခ်ိန္မွာထြက္တယ္။ အဲဒါေၾကာင့္ ေနခင္းဘက္ အိပ္ရင္လည္း ျခင္ေထာင္ေထာင္ၿပီးေတာ့ အိပ္ၾကဖို႔လိုတယ္။ ျခင္နဲ႔ထိေတြ႕မႈကို ေလွ်ာ့ခ်ဖို႔လိုတယ္။
ကေလးကို ေက်ာင္းကိုလႊတ္ၿပီဆိုရင္လည္း လက္ရွည္ေလးဝတ္ေပးတာတို႔ ျခင္ဖ်န္းေဆးရည္ေပါ့ေနာ္ Repellent လိုဟာမ်ိဳးေတြလိမ္းေပးတာတို႔ ဒါမ်ိဳးေတြလုပ္သင့္ပါတယ္။ ေနာက္တစ္ခုက ေရာဂါျဖစ္လာရင္ ဘာလုပ္ရ မလဲဆိုေတာ့။ မိုးရာသီမွာဖ်ား ရင္ေသြးလြန္တုပ္ေကြးလို႔မွတ္ၿပီးသတိထားဖို႔လိုတယ္။ ေသြးလြန္တုပ္ေကြးက ခႏၶာ ကိုယ္မွာလိုအပ္တဲ့ အရည္ဓာတ္ေတြဆုံးရႈံးလို႔ ေသတာျဖစ္တဲ့အတြက္ ဓာတ္ဆားရည္တိုက္ဖို႔လိုတယ္။ ကေလးေတြကို ဓာတ္ဆားမဝင္ ဝင္ေအာင္တိုက္ရမယ္။ အဲဒါက အသက္ပဲေပါ့ေနာ္။ အဲဒီလိုလုပ္ေနတဲ့ၾကားထဲကမွ အစက္အေျပာက္ေတြေပၚလာတယ္၊ ေကာ္ဖီေရာင္ ေတြအန္လာမယ္၊ ဝမ္းမည္းေတြသြားတယ္၊ သြားဖုံး ေသြးယိုတယ္၊ ႏွာေခါင္းေသြးလွ်ံတယ္ဆိုရင္ေတာ့ နီးစပ္ရာ ေဆး႐ုံေဆးခန္းကိုသြားသင့္ပါတယ္။ ေဆးၿမီး တိုေတြနဲ႔မကုသင့္ဘူးလို႔ေတာ့ ကြၽန္ေတာ္အႀကံေပးခ်င္ ပါတယ္။

ေမး-ေသြးလြန္တုပ္ေကြးေရာဂါက ကိုယ္ခံအားနည္း တာနဲ႔ဆိုင္လားဆရာ။
ေျဖ-ေသြးလြန္တုပ္ေကြးက ကိုယ္ခံအားနည္းတာ၊ မ်ားတာနဲ႔ေတာ့မဆိုင္ဘူး။ သူကေတာ့ ခႏၶာကိုယ္ရဲ႕ immune system လို႔ေခၚတဲ့ ကိုယ္ခံအားက ဒီပိုးကို စစ္တလင္းလိုမ်ိဳးတိုက္တဲ့အတြက္ေၾကာင့္ျဖစ္တဲ့ ေနာက္ဆက္တြဲျပႆနာေတြ ဆိုေတာ့ ကိုယ္ခံအား နည္းတဲ့လူေတြမွာျဖစ္ရင္ေတာင္မွ ကိုယ္ခံအားနည္းတဲ့ ေအာက္ခံေရာဂါေၾကာင့္သာ အႏၲရာယ္ တစ္ခုခု ျဖစ္ရင္ျဖစ္သြားမယ္။ ေသြးလြန္တုပ္ေကြးက ထူးဆန္းတယ္။ ကိုယ္ခံအားနည္းတဲ့လူေတြမွာ သိပ္ၿပီးမျပင္း ထန္ဘူး။ တခ်ိဳ႕ဆို အိမ္မွာစားေသာက္ေနတဲ့ကေလးေတြ၊ ေနာက္ၿပီး လန္းလန္းဆန္းဆန္းကေလးေတြ အဲဒီလို ကေလးေတြမွာ ပိုၿပီးျဖစ္တယ္။ ကိုယ္ခံအား ေကာင္းရင္ေကာင္းသလို ခႏၶာကိုယ္ရဲ႕ immune က ျပန္တိုက္တာျဖစ္တဲ့ အတြက္ ကိုယ္ခံအားနည္းရင္ ေရာဂါပိုဆိုးတယ္ဆိုတာမဟုတ္ပါဘူး။ ကိုယ္ခံအားေကာင္းေနရင္ ေရာဂါကိုပိုၿပီး ျပင္းျပင္း ထန္ထန္ခံစားရႏိုင္တယ္။

ေမး-ဟုတ္ကဲ့ဆရာ ေသြးလြန္တုပ္ေကြးနဲ႔ပတ္သက္ ၿပီး ဘာမ်ားထပ္ၿပီး အႀကံျပဳေျပာခ်င္ပါေသးလဲဆရာ။
ေျဖ-မိုးဦးကာလေရာက္လာၿပီတဲ့အတြက္ ေသြးလြန္တုပ္ေကြးက အျဖစ္မ်ားတယ္။ အႀကံျပဳခ်င္တာကေတာ့ နံပါတ္(၁)က ေသြးလြန္တုပ္ေကြးကျခင္က ျဖစ္တဲ့ေရာဂါျဖစ္တဲ့အတြက္ေၾကာင့္ ျခင္ကိုႏွိမ္နင္း ဖို႔လိုတယ္။ ပိုးေလာက္လမ္း အဆင့္မွာတင္ ‘ဖုံး၊ သြန္၊ ခတ္၊ စစ္၊ ေလာင္း၊ ေထာင္၊ လဲ၊ ဖြင့္၊ ျမႇဳပ္၊ ရွင္း၊ မႈတ္’ ဒါမ်ိဳးေတြအကုန္လုံးကို လုပ္သင့္တယ္။ ဖုံးသင့္တာ ဖုံး၊ သြန္သင့္တာသြန္ ဒါမ်ိဳးေတြေပါ့။ ေနာက္ၿပီးေတာ့ ေဆးခတ္တာေတြရွိတယ္ေပါ့။ အဲဒါေတြကို က်န္းမာ ေရးဌာနက လိုက္လုပ္ေပးေနတာရွိတယ္။ အဲဒါေၾကာင့္ ျပည္သူေတြအေနနဲ႔ ဒါကို ပူးေပါင္းေဆာင္ ႐ြက္သင့္တယ္။ ေနာက္တစ္ခုက ေရာဂါျဖစ္ၿပီဆိုရင္ေတာ့ ဟုတ္ဟုတ္-မဟုတ္ဟုတ္ ေသြးလြန္တုပ္ေကြး လို႔ယူဆၿပီးေတာ့ ေသခ်ာဂ႐ုစိုက္ သင့္တယ္။ ကေလးကို ဓာတ္ဆားရည္ ဝင္ေအာင္တိုက္သင့္တယ္။ ဓာတ္ဆားရည္ေသာက္ေနတဲ့ၾကား ကမွ ေသြးသြန္တဲ့လကၡ ဏာတစ္ခုခုျဖစ္တဲ့ ႏွာေခါင္းေသြးလွ်ံတယ္။ သြားဖုံး ေသြးယိုတယ္။ အစက္အေျပာက္ေတြ အမ်ားႀကီး ေပၚလာရင္ေတာ့ နီးစပ္ရာေဆး႐ုံ ေဆးခန္းျပသင့္တယ္။ မေပါ့သင့္တဲ့ေရာဂါတစ္ခုလို႔ပဲ ကြၽန္ေတာ္ ေျပာခ်င္ပါတယ္။ ေနာက္တစ္ခုက ျခင္ေဆးဖ်န္းေန တဲ့ကိစၥေတြေပါ့။ အခုေနာက္ပိုင္းေတာ့ သိပ္မလုပ္ ေတာ့ပါဘူး။ အဲဒါေတြကလည္း ေနာက္ပိုင္း ျခင္ေတြက ဒီပိုးသတ္ေဆးကို ခံႏိုင္ရည္ရွိသြားၿပီေပါ့။ အဲဒီအတြက္ ျခင္ေဆးဖ်န္း ထားၿပီဆိုၿပီး ျခင္ေထာင္မေထာင္ ဘဲနဲ႔အိပ္တာတို႔ မလုပ္သင့္ပါဘူး။ အဓိကကေတာ့ျခင္ ကိုက္မခံရေအာင္ေနတာ အေကာင္းဆုံးလို႔ပဲ ေျပာခ်င္ပါတယ္။

အခုလို ျပည့္ျပည့္စုံစုံေျဖၾကားေပးတဲ့အတြက္ ေက်းဇူးတင္ပါတယ္ဆရာ။

Related news

© 2021. All rights reserved.