(၄) ပါတီခေါင်းဆောင်များ၏ တရုတ်ခရီးမသွားခင်ပြောစကားများ (စုစည်းမေးမြန်းချက်)

 2908

သုတကျော်(NP News) - ဇူလိုင် ၂၁

တရုတ်ကွန်မြူနစ်ပါတီ၏ဖိတ်ကြားချက်အရ မြန်မာနိုင်ငံမှ နိုင်ငံရေးပါတီ (၄)ပါတီသည် တရုတ်နိုင်ငံသို့ ဇူလိုင်လ ၂၀ ရက်တွင် ထွက်ခွာသွားခဲ့ပြီ ဖြစ်သည်။ မြန်မာနိုင်ငံမှ နိုင်ငံရေးပါတီများကို တရုတ်နိုင်ငံမှ ၂၀၂၁ နောက် ပိုင်း ဖိတ်ခေါ်ခဲ့ဖူးခြင်းများရှိသော်လည်း ယခုတစ်ကြိမ်တွင်မူ မြန်မာနိုင်ငံ၏ စစ်ရေး၊ နိုင်ငံရေးအခြေအနေ များကလည်း ယခင်ထက် ပိုမိုတိုးပွားနေသည့်ကာလ ဖြစ်နေရာ တရုတ်နိုင်ငံသို့သွားရောက်သည့် နိုင်ငံရေးပါတီ (၄) ပါတီမှ တာဝန်ရှိသူများနှင့် ကိုယ်တိုင်သွားရောက်သူများထံ မသွားခင်ပြောစကားအဖြစ် The Statesman ဂျာနယ်မှ ဆက်သွယ်မေးမြန်းထားသည်များကို NP News ကထပ်ဆင့် ကောက်နုတ်ဖော်ပြအပ်ပါသည်။

ဦးကိုကိုကြီး - ဥက္ကဋ္ဌ - ပြည်သူ့ပါတီ
အဓိကတော့ ကျွန်တော်တို့က နိုင်ငံရေးထဲမှာ ဘဝတစ်ခုလုံး မြှုပ်ထားတာ ဖြစ်တဲ့အတွက် ကြောင့် ဒီတရုတ်နိုင်ငံနဲ့တွေ့တဲ့အခါမှာ ဘာတွေ ဆွေးနွေးရမယ်၊ ဘာတွေပြောရမယ်ဆိုတာက အဆင် သင့် ဖြစ်ထားပြီးသားပါ။ အစိုးရနဲ့မှမဟုတ်ပါဘူး မီဒီယာနဲ့ တွေ့ဆုံတာရော တခြားအဖွဲ့အစည်းတွေနဲ့ တွေ့တဲ့ အခါမှာ ပုံမှန်ပြောဆိုဆွေးနွေးနေရတဲ့ ကိစ္စတွေ ဖြစ်ပါတယ်။ တစ်ခုကတော့ ခရီးစဉ်ပြီးမှ ပဲ (ဘာတွေပြောခဲ့တယ် ဆိုတာ) အသေးစိတ်တွေကို ပြောတာကောင်း ပါတယ်။ ခရီးစဉ် မစတင်ခင်မှာ ဟိုဘက်က စီစဉ်တဲ့ အခြေအနေ၊ ကျွန်တော်တို့ တွေ့ဆုံရမယ့်၊ ဆွေးနွေး ရမယ့်ကိစ္စတွေကို မသိသေး ဘဲနဲ့ကြိုပြီးတော့ မပြောတာ ကောင်းပါတယ်ဗျ။ ပြည်သူ့ပါတီအနေနဲ့ ၂၀၂၁ နိုင်ငံရေး အပြောင်းအလဲ ဖြစ်ပြီးတဲ့ နောက်ပိုင်းမှာ ပထမဆုံးသွားတဲ့ခရီးစဉ်လည်း ဖြစ်တယ်။ ဒီကြားထဲမှာပဲ သံရုံးနဲ့ ဆက်ဆံရေး ကိစ္စတွေလည်း ရှိတာပေါ့။ ဘာပဲပြောပြော အိမ်နီးချင်းနိုင်ငံဆိုတာက ကျွန်တော်တို့ နိုင်ငံနဲ့အနီးစပ်ဆုံး ဆိုးတူကောင်းဖက် ဝေမျှပြီးတော့ ခံစားကြတာလည်း ဖြစ်တဲ့အတွက် အိမ်နီးချင်းနိုင်ငံတွေ နဲ့ ဆက်ဆံ ရေးကို အလေးအနက်ထားပါတယ်။ ဒါကြောင့် ရင်းနှီးချစ်ကြည်မှုအပေါ်မှာ မူတည်ပြီးတော့ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရမယ့် ကိစ္စတွေ၊ ဖြေရှင်းရမယ့်ကိစ္စတွေကိုတော့ ကျွန်တော်တို့ ရင်းရင်းနှီးနှီးနဲ့ ပြောဆိုဆွေးနွေးသွားဖို့ မျှော်လင့်ထားပါတယ်။ ကျွန်တော်တို့က တစ်ပါတီချင်း သွားတာ မဟုတ်ဘူး (၄)ပါတီ ဖိတ်ကြားခံရတာဆိုတော့ ပါတီတွေကလည်း သူတို့ရဲ့ သီးခြားအမြင်အယူအဆ တွေ လည်း ရှိကောင်းရှိနိုင်တာပေါ့။ ခရီးစဉ်ပြီးသွားမှပဲ အသေးစိတ်ကို ပြောတာကောင်းပါတယ်။ နောက်တစ် ခုကတော့ ဘယ်ကိစ္စဖြစ်ဖြစ် တစ်ခေါက်တည်း သွားရုံနဲ့ အလွန်အကျွံ မျှော်လင့်တာမျိုးကတော့ မဖြစ်နိုင် ဘူးပေါ့။ အထူးသဖြင့်တော့ တရုတ်ကွန်မြူနစ်ပါတီက ဖိတ်တာပေါ့။ ဆိုတော့ ပါတီချင်း ဆက်ဆံရေး၊ ချစ်ကြည် ရင်းနှီးမှုကိုတည်ဆောက်ပြီး ဖိတ်တာဖြစ်တဲ့အတွက်ကြောင့် အသေးစိတ် ဆွေးနွေးတယ် ဆိုတာကတော့ ဒီခရီးစဉ်တစ်ခုတည်းနဲ့ သိပ်အများကြီး မျှော်လင့်လို့ မရပါဘူး။ အမြင်ချင်း ဖလှယ်တဲ့ သဘောမျိုးတော့ ဖြစ်နိုင်တာပေါ့။

ဦးစိုင်းအိုက်ပေါင်း - ဥက္ကဋ္ဌ
ရှမ်းနှင့် တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ
ကျွန်တော့် အတွင်းရေးမှူးအဖွဲ့ပဲ သွားမှာပါ။ သူတို့က ကူမင်းမှာ လေ့လာဖို့ရယ် နောက်ပြီးတော့ ပီကင်း (ဘေဂျင်း) သွားဖို့ရယ်နှစ်ခုပဲလေ။ တွေ့ဆုံ ဆွေးနွေးတာတော့ ဒုတိယဝန်ကြီးအဆင့်လား မသိ ဘူး ပီကင်းကျရင်လေ အဲဒါဆွေးနွေးမှာပေါ့။ ဘာတွေ ဆွေးနွေးမလဲဆိုတာ ကျွန်တော်တို့လည်း မသိဘူး လေ။ ကျွန်တော်တို့ကတော့ ရှမ်းမြောက်ကို အေးအေးချမ်းချမ်း ဖြစ်စေချင်တယ်။ လမ်းလည်း ပွင့်စေ ချင်တယ်။ နယ်စပ်ကုန်သွယ်ရေးပုံမှန်အတိုင်း ပြန်ဖြစ်စေချင်တယ် အဲဒါပါ။ ဒီနေရာက ပြောလို့ လည်း ရတယ်။ သူတို့ အကျိုးလည်းရှိတယ်လေ။ လားရှိုး-မူဆယ်- မန္တလေးလမ်း ပိတ်ထားတဲ့အတွက် ယူနန် ကလည်း ကျွန်တော်တို့ မြန်မာနိုင်ငံနဲ့ စီးပွားကူးသန်းဖို့ အခက်အခဲရှိသွားတာပေါ့။ သူတို့အတွက်လည်း နယ်စပ်ကုန်သွယ်ရေးကလည်း မရှိတော့ဘူးလေ။ အောက်တိုဘာလတည်းက စလာတာဆိုရင် ရှစ်လ၊ ကိုးလလောက် ရှိပြီလေ။ တစ်နှစ်နီးပါးလောက်ရှိလာတော့ သူတို့လည်း နစ်နာသလို ကိုယ်လည်း နစ်နာ တယ်လေ။ ဒါသူတို့က ဖွင့်နိုင်အောင် ကူညီပေးတယ် ဆိုရင် Win – Win ပဲလေ။ သူတို့အတွက်လည်း ကောင်းတယ်။ ကိုယ့်အတွက်လည်း ကောင်းတယ်လေ။ ကျွန်တော်တို့ကတော့ အတတ်နိုင်ဆုံး ပြောမှာပဲ လေဗျာ။ ဝေဖန်မှာလေ။ ကျွန်တော်တို့ အကောင်းဆုံး မျှော်လင့်တာလေ။ ကျွန်တော်တို့က အိမ်နီးချင်း ကောင်းပီသစွာနဲ့ တရုတ်ကို ဆက်ဆံနေတာပဲလေဗျာ။ ကျွန်တော်တို့က (တရုတ်ကို) ပြောမှာပါ။ တရုတ် အတွက်ရော ပြည်ထောင်စု မြန်မာနိုင်ငံအတွက်ရော စီးပွားရေး လမ်းပွင့်သွားအောင် ကျွန်တော်တို့ ပြောမှာ။ ကျွန်တော့်လူတွေကို ကျွန်တော်မှာပြီး ပြောခိုင်းမှာ။ ဒေတာက စုစရာမလိုဘူး။ အဓိက ရှမ်းမြောက်က စစ်ပွဲတွေ ဖြစ်နေတာက ငြိမ်းချမ်းအောင် ကူညီပေးဖို့ ကျွန်တော်တို့က မေတ္တာရပ်ခံ ရမှာလေ။ ဒီနယ်စပ် ကုန်သွယ်ရေးပွင့်သွားဖို့ အရေးကြီးတယ်လေ။

ဒေါက်တာအေးမောင်
ဥက္ကဋ္ဌ
ရခိုင့်ဦးဆောင် ပါတီ
ကျွန်တော်တို့လည်း အားထည့်ကြတာပေါ့။ အမှန်ကတော့ ပုံမှန်ခရီးစဉ်ပါပဲ။ ပြီးခဲ့တဲ့နှစ်က ဒီရာသီမှာ ပါတီ ငါးခု ဖိတ်ခဲ့တာပဲလေ။ ဒီနှစ်ကတော့ (၄) ပါတီပေါ့။ ဒီနှစ်မြန်မာနိုင်ငံ စစ်ရေး၊ နိုင်ငံရေး အနေအထားက ပြီးခဲ့တဲ့နှစ်နဲ့ မတူဘူး ဖြစ်တာပေါ့။ ဆိုတော့ ဒီအခြေအနေအရ ကျွန်တော်တို့ ခရီးစဉ်နဲ့ ပတ်သက်တဲ့ ပါတီ လေးပါတီမှာ ပြည်ခိုင်ဖြိုး ပါတီကတော့ Institution ကြီးတယ်ဆိုတော့ ကျန်တဲ့ သုံးပါတီ ကျွန်တော်တို့ ညှိကြတာပေါ့။ ပါတီ ဥက္ကဋ္ဌတွေ ကိုယ်တိုင်ပါဖို့ သင့်တဲ့အနေအထား ဖြစ်တယ်ဆို တာ ညှိတော့ အဲဒါသဘောပေါက်ကြပါတယ်။ အဲဒါကြောင့် ပါတီဥက္ကဋ္ဌတွေ ကိုယ်တိုင်သွားဖို့ စဉ်းစား ကြတာပေါ့။ တစ်ဖက်က ပုံမှန်ခရီးစဉ်ပါပဲ။ ပထမ ကျွန်တော်တို့ ကူမင်းသွားမယ်။ ပြီးရင် ဘေကျင်းဆို တာ ရှမ်ဂရီလာဘက်ကိုသွားမယ်။ ပါတီရဲ့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးပေါ့။ ဆင်းရဲမှု ပပျောက် ရေး၊ တခြားအောက်ခြေသိမ်း ဆောင်ရွက်နေတဲ့ လုပ်ငန်းတွေကို လေ့လာရတာ ဘာညာရှိမှာပေါ့။ အဲဒီက ပြန်တော့ China expo ပြပွဲ တက်မယ်လေ။ အဲဒါ ပြီးရင်တော့ ယူနန်ခရီးစဉ် ပြီးပြီပေါ့။ ဘေဂျင်း ဆက် မှာပေါ့။ ဘေဂျင်းဆက်ရင်တော့ ဆွေးနွေးပွဲက အဲဒီမှာပဲ ရှိတာကိုး။ အမှန်ကတော့ ITCPC ဆိုတာ နိုင်ငံ တကာ ဆက်ဆံရေးဌာနပေါ့။ တရုတ်ကွန်မြူနစ် ပါတီ ဗဟိုကော်မတီရဲ့ အောက်မှာရှိတာပေါ့။ အဲဒီက ဒုတိယ နိုင်ငံခြားရေးဝန်ကြီးနဲ့ ဆွေးနွေးကြမှာပေါ့။ ပါတီချင်း ဆက်ဆံရေးတွေ နောက်တခြား မြန်မာ့ နိုင်ငံရေး အကျပ်အတည်းတွေလည်း ပါလာနိုင်တာပေါ့။ နောက် တရုတ်ပြည်ဘက်က မြန်မာနိုင်ငံအပေါ် မှာ မေးခွန်းလေးတွေ ဘာမေးမှာလဲဆိုတာ ပြင်ဆင်ထားရမှာပေါ့။ ကိုယ်က ဘာသတင်းစကား ပါးချင်လဲ ဆိုတာလည်း ပြင်ဆင်ထားကြမှာပေါ့။ ဒီကာလမှာ အဲဒါလေးပါပဲ။ ကိုယ်ဘက်က ဘာပြင်ဆင်ထားလဲ ဆိုတော့ စစ်ရေး၊ နိုင်ငံရေး အကျပ်အတည်း။ ဒီကာလကို ဘယ်လို ကျော်လွှားရင် ကောင်းမှာလဲ။ တရုတ် - မြန်မာ ချစ်ကြည်ရေးကလည်း လိုအပ်တယ်လေ။ နောက် နှစ်နိုင်ငံချစ်ကြည်ရေး ဘန်ဒေါင်း မူကြီး ငါးချက်ကလည်း ရှိကြတာကိုး။ အဲဒီတော့ အခု မြန်မာ့ငြိမ်းချမ်းရေးမှာ တရုတ်က Facilitator အနေနဲ့ပဲ ပါခဲ့တာပေါ့။ အခုကတော့ Mediator အနေနဲ့ ပါလာ ပြီလေ။ လက်ရှိ အခင်းအကျင်းမှာ ထဲထဲဝင်ဝင် ပါဝင် သင့်တဲ့ အကြောင်းအရာလေးတွေကို ပါတီ သုံးခုက တော့ သူ့အမြင် ကိုယ့်အမြင်လေးတွေနဲ့ ဆွေးနွေးနိုင်ခြေ ရှိပါတယ်။ နောက် ဒီအကျပ်အတည်းကနေ ဘယ်လိုကျော်လွှားရင် ကောင်းမှာလဲဆိုတာ ကျွန် တော်တို့အမြင်လည်း ပါနိုင်တာပေါ့။ သူတို့ဘက်ကလည်း မြန်မာနိုင်ငံနဲ့ ရွှေလမ်း၊ ငွေလမ်း ဖောက် ထားတာကိုး။ BRI တို့ပေါ့ဗျာ။ ဒီလမ်းကြောင်း တည်ငြိမ်အေးချမ်းမှုနဲ့ မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းမှု က ထပ်တူကျတယ်လေ။ ကျွန်တော်တို့ တိုင်းရင်းသား ဒေသတွေ ပြည်ပအပါအဝင် မငြိမ်မသက် ဖြစ်နေ တာကို တည်ငြိမ်အေးချမ်းအောင် အမြန်ဆုံး ဆောင်ရွက်နိုင်မှပဲ BRI လည်းအဆင်ပြေမယ်။ အဲဒါဆိုရင် ကျောက်ဖြူရေနက်ဆိပ်ကမ်းလည်း မြန်မြန်အကောင်အထည် ပေါ်တာပေါ့ဗျာ။ ရထားလမ်း တို့ ဘာတို့ လေ။ အဲဒီအခါကျတော့ ပွင့်ပွင့်လင်းလင်းပြောရရင် လက်ရှိအကျပ်အတည်းကနေ ဘယ်လိုထွက်မှာလဲ ဆိုတာ သူတို့လည်းမေးမှာပဲဗျ။ ကျွန်တော်တို့လည်း သုံးသပ်ပြီးတော့မှ ဆွေးနွေးကြမှာပေါ့။ နောက် ၂၀၂၅ ရွေးကောက်ပွဲကိုလည်း SAC ဥက္ကဋ္ဌ ကလည်း ပြောထားပြီးပြီလေ။ ဒီအကျပ်အတည်းကို ဘယ်လို ကျော်လွှားကြမှာလဲ၊ ရွေးကောက်ပွဲ အခြေအနေ၊ နိုင်ငံရေးပါတီတွေရဲ့ အခန်းကဏ္ဍကိုလည်း သူတို့ဘက်က မေးနိုင်၊ မြန်းနိုင်ပါတယ်။ သူတို့လည်းပဲ တည်ငြိမ်အေးချမ်းပြီးမှ မြန်မာနိုင်ငံ အကျပ် အတည်းကို တည်တည်ငြိမ်ငြိမ် ကျော်လွှားချင်တဲ့ ဆန္ဒတရုတ်ဘက်မှာလည်း ရှိပါတယ်။ နှစ်နိုင်ငံ ပါတီချင်း ဆွေးနွေးတာက အဖြေတစ်ခုတော့ တရုတ်ဘက်ကို ပေးနိုင်မယ်ထင်ပါတယ်။ ရလဒ် တစ်ခု တော့ ထွက်နိုင်ပါတယ်။ ကျွန်တော်တို့နဲ့ဆွေးနွေးမယ့် နိုင်ငံခြားရေးဝန်ကြီးကလည်း သူ့အထက်က နိုင်ငံခြားရေး ဝန်ကြီး၊ တရုတ်ပြည် ကွန်မြူနစ်ပါတီ၊ အဲဒီကတစ်ဆင့် တရုတ် အစိုးရ စသည်ဖြင့်ပေါ့။ ကျွန်တော်တို့ ပါးလိုက်နိုင်တဲ့ နှစ်ဖက်ဆွေးနွေးမှုက မြန်မာ့ငြိမ်းချမ်းရေးအတွက်လည်း တစ်စုံတစ်ခု အတိုင်းအတာအထိတော့ ထိထိ ရောက်ရောက် အကြံပြုချက်ဖြစ်သွားနိုင်ပါတယ်။ ဘာရယ်လို့တော့ ပြောလို့ မရသေးဘူးပေါ့ဗျာ။ ခုနက မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့အစည်းတွေ၊ မြောက်ပိုင်းမှာစခဲ့တဲ့ ၁၀၂၇ ၊ အဲဒီရဲ့ လှိုင်းအဆက်တွေပေါ့ဗျာ။ နောက် ရခိုင်အထိ လက်ရှိ တိုက်ကြ၊ ခိုက်ကြ စစ်ဘေး ဒုက္ခ သည် ဖြစ်ကြဆိုတဲ့ နိစ္စဓူဝကြုံနေ၊ ကြားနေကြတာကိုးဗျ။ ကျဉ်းထဲ ကြပ်ထဲမှာပါပဲ။ မြန်မြန်ရုန်းထွက် ချင်တဲ့ ဆန္ဒတော့ လူထုကြားထဲမှာ ရှိမှာပါပဲ။ နိုင်ငံရေးအားဖြင့်လည်း ရလဒ်အမြန်ရကြပါစေလို့ ဆု တောင်း မေတ္တာပို့ကြမှာပေါ့။ တကယ်ဖြေရှင်းပေး ရမှာက အစိုးရရယ် ပါဝင်ပတ်သက်တဲ့ Stateholder တွေမှာ ရှိတာပေါ့။ ဆိုတော့ သူတို့ ပါဝင်ပတ်သက်တဲ့ လူတွေက ဖြေရှင်းပြီးမှ၊ အဖြေရပြီးမှ လူထုက အဖြေ ရဲ့ အကျိုးကျေးဇူးကို ခံစားရတာပေါ့။

ဦးမောင်မြင့်
ဗဟိုအလုပ်မှုဆောင်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ
ကျွန်တော်က လောလောဆယ် (ဇူလိုင်လ ၁၇ ရက်) နေပြည်တော်မှာပဲ ရှိသေးတယ်။ မန္တလေးကနေ ညကမှ ပြန်ရောက်တာပါ။ ပြဿနာတော့ မရှိပါဘူး ကျွန်တော်တို့က နိုင်ငံခြားရေးမှာနေခဲ့တာဆိုတော့ ဒါတွေက ပြဿနာမရှိပါဘူး။ (ပါတယ်ဆိုတာ) ကျွန်တော် ကောင်းကောင်းမသိဘူး။ ပါတယ်ဆိုတာ တောင် ခင်ဗျားက ဒုတိယမြောက်ပြောတဲ့သူပဲ။ ဒီဟာက ဘာမှ ထူးခြားတဲ့ ကိစ္စမဟုတ်ဘူး။ Bilateral visit ပဲလေ။ Party to Party relation လုပ်မှာပေါ့။ ကြည့်ရတာတော့ ဒါပဲ ရှိမှာပေါ့။ ကျွန်တော်က Program ကို မသိသေးဘူး။ သိပ်သတိမထားမိလို့ပါ။ ကျွန်တော်တို့ ပြည်ခိုင်ဖြိုးပါတီနဲ့ တရုတ်ကွန်မြူနစ် ပါတီနဲ့ကတော့ Exchange of visit အပြန်အလှန် အများကြီး ရှိတယ်။ ကျွန်တော်တို့ပါတီအတွက်တော့ မထူးဆန်းဘူး။ ပါသွားတဲ့အဖွဲ့တွေ ပြန်ရောက်တဲ့အချိန် မေးရင်တော့ ပိုစုံမှာပေါ့။ မသွားခင် မေးတာကတော့ လေထဲ အရုပ်ရေးသလို ဖြစ်မှာပေါ့။

zawgyi version
(၄) ပါတီေခါင္းေဆာင္မ်ား၏ တ႐ုတ္ခရီးမသြားခင္ေျပာစကားမ်ား (စုစည္းေမးျမန္းခ်က္)
သုတေက်ာ္(NP News) - ဇူလိုင္ ၂၁

တ႐ုတ္ကြန္ျမဴနစ္ပါတီ၏ဖိတ္ၾကားခ်က္အရ ျမန္မာႏိုင္ငံမွ ႏိုင္ငံေရးပါတီ (၄)ပါတီသည္ တ႐ုတ္ႏိုင္ငံသို႔ ဇူလိုင္လ ၂၀ ရက္တြင္ ထြက္ခြာသြားခဲ့ၿပီ ျဖစ္သည္။ ျမန္မာႏိုင္ငံမွ ႏိုင္ငံေရးပါတီမ်ားကို တ႐ုတ္ႏိုင္ငံမွ ၂၀၂၁ ေနာက္ ပိုင္း ဖိတ္ေခၚခဲ့ဖူးျခင္းမ်ားရွိေသာ္လည္း ယခုတစ္ႀကိမ္တြင္မူ ျမန္မာႏိုင္ငံ၏ စစ္ေရး၊ ႏိုင္ငံေရးအေျခအေန မ်ားကလည္း ယခင္ထက္ ပိုမိုတိုးပြားေနသည့္ကာလ ျဖစ္ေနရာ တ႐ုတ္ႏိုင္ငံသို႔သြားေရာက္သည့္ ႏိုင္ငံေရးပါတီ (၄) ပါတီမွ တာဝန္ရွိသူမ်ားႏွင့္ ကိုယ္တိုင္သြားေရာက္သူမ်ားထံ မသြားခင္ေျပာစကားအျဖစ္ The Statesman ဂ်ာနယ္မွ ဆက္သြယ္ေမးျမန္းထားသည္မ်ားကို NP News ကထပ္ဆင့္ ေကာက္ႏုတ္ေဖာ္ျပအပ္ပါသည္။

ဦးကိုကိုႀကီး - ဥကၠ႒ - ျပည္သူ႔ပါတီ
အဓိကေတာ့ ကြၽန္ေတာ္တို႔က ႏိုင္ငံေရးထဲမွာ ဘဝတစ္ခုလုံး ျမႇဳပ္ထားတာ ျဖစ္တဲ့အတြက္ ေၾကာင့္ ဒီတ႐ုတ္ႏိုင္ငံနဲ႔ေတြ႕တဲ့အခါမွာ ဘာေတြ ေဆြးေႏြးရမယ္၊ ဘာေတြေျပာရမယ္ဆိုတာက အဆင္ သင့္ ျဖစ္ထားၿပီးသားပါ။ အစိုးရနဲ႔မွမဟုတ္ပါဘူး မီဒီယာနဲ႔ ေတြ႕ဆုံတာေရာ တျခားအဖြဲ႕အစည္းေတြနဲ႔ ေတြ႕တဲ့ အခါမွာ ပုံမွန္ေျပာဆိုေဆြးေႏြးေနရတဲ့ ကိစၥေတြ ျဖစ္ပါတယ္။ တစ္ခုကေတာ့ ခရီးစဥ္ၿပီးမွ ပဲ (ဘာေတြေျပာခဲ့တယ္ ဆိုတာ) အေသးစိတ္ေတြကို ေျပာတာေကာင္း ပါတယ္။ ခရီးစဥ္ မစတင္ခင္မွာ ဟိုဘက္က စီစဥ္တဲ့ အေျခအေန၊ ကြၽန္ေတာ္တို႔ ေတြ႕ဆုံရမယ့္၊ ေဆြးေႏြး ရမယ့္ကိစၥေတြကို မသိေသး ဘဲနဲ႔ႀကိဳၿပီးေတာ့ မေျပာတာ ေကာင္းပါတယ္ဗ်။ ျပည္သူ႔ပါတီအေနနဲ႔ ၂၀၂၁ ႏိုင္ငံေရး အေျပာင္းအလဲ ျဖစ္ၿပီးတဲ့ ေနာက္ပိုင္းမွာ ပထမဆုံးသြားတဲ့ခရီးစဥ္လည္း ျဖစ္တယ္။ ဒီၾကားထဲမွာပဲ သံ႐ုံးနဲ႔ ဆက္ဆံေရး ကိစၥေတြလည္း ရွိတာေပါ့။ ဘာပဲေျပာေျပာ အိမ္နီးခ်င္းႏိုင္ငံဆိုတာက ကြၽန္ေတာ္တို႔ ႏိုင္ငံနဲ႔အနီးစပ္ဆုံး ဆိုးတူေကာင္းဖက္ ေဝမွ်ၿပီးေတာ့ ခံစားၾကတာလည္း ျဖစ္တဲ့အတြက္ အိမ္နီးခ်င္းႏိုင္ငံေတြ နဲ႔ ဆက္ဆံ ေရးကို အေလးအနက္ထားပါတယ္။ ဒါေၾကာင့္ ရင္းႏွီးခ်စ္ၾကည္မႈအေပၚမွာ မူတည္ၿပီးေတာ့ ႏွစ္ႏိုင္ငံ ပူးေပါင္းေဆာင္႐ြက္ရမယ့္ ကိစၥေတြ၊ ေျဖရွင္းရမယ့္ကိစၥေတြကိုေတာ့ ကြၽန္ေတာ္တို႔ ရင္းရင္းႏွီးႏွီးနဲ႔ ေျပာဆိုေဆြးေႏြးသြားဖို႔ ေမွ်ာ္လင့္ထားပါတယ္။ ကြၽန္ေတာ္တို႔က တစ္ပါတီခ်င္း သြားတာ မဟုတ္ဘူး (၄)ပါတီ ဖိတ္ၾကားခံရတာဆိုေတာ့ ပါတီေတြကလည္း သူတို႔ရဲ႕ သီးျခားအျမင္အယူအဆ ေတြ လည္း ရွိေကာင္းရွိႏိုင္တာေပါ့။ ခရီးစဥ္ၿပီးသြားမွပဲ အေသးစိတ္ကို ေျပာတာေကာင္းပါတယ္။ ေနာက္တစ္ ခုကေတာ့ ဘယ္ကိစၥျဖစ္ျဖစ္ တစ္ေခါက္တည္း သြား႐ုံနဲ႔ အလြန္အကြၽံ ေမွ်ာ္လင့္တာမ်ိဳးကေတာ့ မျဖစ္ႏိုင္ ဘူးေပါ့။ အထူးသျဖင့္ေတာ့ တ႐ုတ္ကြန္ျမဴနစ္ပါတီက ဖိတ္တာေပါ့။ ဆိုေတာ့ ပါတီခ်င္း ဆက္ဆံေရး၊ ခ်စ္ၾကည္ ရင္းႏွီးမႈကိုတည္ေဆာက္ၿပီး ဖိတ္တာျဖစ္တဲ့အတြက္ေၾကာင့္ အေသးစိတ္ ေဆြးေႏြးတယ္ ဆိုတာကေတာ့ ဒီခရီးစဥ္တစ္ခုတည္းနဲ႔ သိပ္အမ်ားႀကီး ေမွ်ာ္လင့္လို႔ မရပါဘူး။ အျမင္ခ်င္း ဖလွယ္တဲ့ သေဘာမ်ိဳးေတာ့ ျဖစ္ႏိုင္တာေပါ့။

ဦးစိုင္းအိုက္ေပါင္း - ဥကၠ႒
ရွမ္းႏွင့္ တိုင္းရင္းသားမ်ားဒီမိုကရက္တစ္ပါတီ
ကြၽန္ေတာ့္ အတြင္းေရးမႉးအဖြဲ႕ပဲ သြားမွာပါ။ သူတို႔က ကူမင္းမွာ ေလ့လာဖို႔ရယ္ ေနာက္ၿပီးေတာ့ ပီကင္း (ေဘဂ်င္း) သြားဖို႔ရယ္ႏွစ္ခုပဲေလ။ ေတြ႕ဆုံ ေဆြးေႏြးတာေတာ့ ဒုတိယဝန္ႀကီးအဆင့္လား မသိ ဘူး ပီကင္းက်ရင္ေလ အဲဒါေဆြးေႏြးမွာေပါ့။ ဘာေတြ ေဆြးေႏြးမလဲဆိုတာ ကြၽန္ေတာ္တို႔လည္း မသိဘူး ေလ။ ကြၽန္ေတာ္တို႔ကေတာ့ ရွမ္းေျမာက္ကို ေအးေအးခ်မ္းခ်မ္း ျဖစ္ေစခ်င္တယ္။ လမ္းလည္း ပြင့္ေစ ခ်င္တယ္။ နယ္စပ္ကုန္သြယ္ေရးပုံမွန္အတိုင္း ျပန္ျဖစ္ေစခ်င္တယ္ အဲဒါပါ။ ဒီေနရာက ေျပာလို႔ လည္း ရတယ္။ သူတို႔ အက်ိဳးလည္းရွိတယ္ေလ။ လားရႈိး-မူဆယ္- မႏၲေလးလမ္း ပိတ္ထားတဲ့အတြက္ ယူနန္ ကလည္း ကြၽန္ေတာ္တို႔ ျမန္မာႏိုင္ငံနဲ႔ စီးပြားကူးသန္းဖို႔ အခက္အခဲရွိသြားတာေပါ့။ သူတို႔အတြက္လည္း နယ္စပ္ကုန္သြယ္ေရးကလည္း မရွိေတာ့ဘူးေလ။ ေအာက္တိုဘာလတည္းက စလာတာဆိုရင္ ရွစ္လ၊ ကိုးလေလာက္ ရွိၿပီေလ။ တစ္ႏွစ္နီးပါးေလာက္ရွိလာေတာ့ သူတို႔လည္း နစ္နာသလို ကိုယ္လည္း နစ္နာ တယ္ေလ။ ဒါသူတို႔က ဖြင့္ႏိုင္ေအာင္ ကူညီေပးတယ္ ဆိုရင္ Win – Win ပဲေလ။ သူတို႔အတြက္လည္း ေကာင္းတယ္။ ကိုယ့္အတြက္လည္း ေကာင္းတယ္ေလ။ ကြၽန္ေတာ္တို႔ကေတာ့ အတတ္ႏိုင္ဆုံး ေျပာမွာပဲ ေလဗ်ာ။ ေဝဖန္မွာေလ။ ကြၽန္ေတာ္တို႔ အေကာင္းဆုံး ေမွ်ာ္လင့္တာေလ။ ကြၽန္ေတာ္တို႔က အိမ္နီးခ်င္း ေကာင္းပီသစြာနဲ႔ တ႐ုတ္ကို ဆက္ဆံေနတာပဲေလဗ်ာ။ ကြၽန္ေတာ္တို႔က (တ႐ုတ္ကို) ေျပာမွာပါ။ တ႐ုတ္ အတြက္ေရာ ျပည္ေထာင္စု ျမန္မာႏိုင္ငံအတြက္ေရာ စီးပြားေရး လမ္းပြင့္သြားေအာင္ ကြၽန္ေတာ္တို႔ ေျပာမွာ။ ကြၽန္ေတာ့္လူေတြကို ကြၽန္ေတာ္မွာၿပီး ေျပာခိုင္းမွာ။ ေဒတာက စုစရာမလိုဘူး။ အဓိက ရွမ္းေျမာက္က စစ္ပြဲေတြ ျဖစ္ေနတာက ၿငိမ္းခ်မ္းေအာင္ ကူညီေပးဖို႔ ကြၽန္ေတာ္တို႔က ေမတၱာရပ္ခံ ရမွာေလ။ ဒီနယ္စပ္ ကုန္သြယ္ေရးပြင့္သြားဖို႔ အေရးႀကီးတယ္ေလ။

ေဒါက္တာေအးေမာင္
ဥကၠ႒
ရခိုင့္ဦးေဆာင္ ပါတီ
ကြၽန္ေတာ္တို႔လည္း အားထည့္ၾကတာေပါ့။ အမွန္ကေတာ့ ပုံမွန္ခရီးစဥ္ပါပဲ။ ၿပီးခဲ့တဲ့ႏွစ္က ဒီရာသီမွာ ပါတီ ငါးခု ဖိတ္ခဲ့တာပဲေလ။ ဒီႏွစ္ကေတာ့ (၄) ပါတီေပါ့။ ဒီႏွစ္ျမန္မာႏိုင္ငံ စစ္ေရး၊ ႏိုင္ငံေရး အေနအထားက ၿပီးခဲ့တဲ့ႏွစ္နဲ႔ မတူဘူး ျဖစ္တာေပါ့။ ဆိုေတာ့ ဒီအေျခအေနအရ ကြၽန္ေတာ္တို႔ ခရီးစဥ္နဲ႔ ပတ္သက္တဲ့ ပါတီ ေလးပါတီမွာ ျပည္ခိုင္ၿဖိဳး ပါတီကေတာ့ Institution ႀကီးတယ္ဆိုေတာ့ က်န္တဲ့ သုံးပါတီ ကြၽန္ေတာ္တို႔ ညႇိၾကတာေပါ့။ ပါတီ ဥကၠ႒ေတြ ကိုယ္တိုင္ပါဖို႔ သင့္တဲ့အေနအထား ျဖစ္တယ္ဆို တာ ညႇိေတာ့ အဲဒါသေဘာေပါက္ၾကပါတယ္။ အဲဒါေၾကာင့္ ပါတီဥကၠ႒ေတြ ကိုယ္တိုင္သြားဖို႔ စဥ္းစား ၾကတာေပါ့။ တစ္ဖက္က ပုံမွန္ခရီးစဥ္ပါပဲ။ ပထမ ကြၽန္ေတာ္တို႔ ကူမင္းသြားမယ္။ ၿပီးရင္ ေဘက်င္းဆို တာ ရွမ္ဂရီလာဘက္ကိုသြားမယ္။ ပါတီရဲ႕ ေက်းလက္ေဒသဖြံ႕ၿဖိဳးတိုးတက္ေရးေပါ့။ ဆင္းရဲမႈ ပေပ်ာက္ ေရး၊ တျခားေအာက္ေျခသိမ္း ေဆာင္႐ြက္ေနတဲ့ လုပ္ငန္းေတြကို ေလ့လာရတာ ဘာညာရွိမွာေပါ့။ အဲဒီက ျပန္ေတာ့ China expo ျပပြဲ တက္မယ္ေလ။ အဲဒါ ၿပီးရင္ေတာ့ ယူနန္ခရီးစဥ္ ၿပီးၿပီေပါ့။ ေဘဂ်င္း ဆက္ မွာေပါ့။ ေဘဂ်င္းဆက္ရင္ေတာ့ ေဆြးေႏြးပြဲက အဲဒီမွာပဲ ရွိတာကိုး။ အမွန္ကေတာ့ ITCPC ဆိုတာ ႏိုင္ငံ တကာ ဆက္ဆံေရးဌာနေပါ့။ တ႐ုတ္ကြန္ျမဴနစ္ ပါတီ ဗဟိုေကာ္မတီရဲ႕ ေအာက္မွာရွိတာေပါ့။ အဲဒီက ဒုတိယ ႏိုင္ငံျခားေရးဝန္ႀကီးနဲ႔ ေဆြးေႏြးၾကမွာေပါ့။ ပါတီခ်င္း ဆက္ဆံေရးေတြ ေနာက္တျခား ျမန္မာ့ ႏိုင္ငံေရး အက်ပ္အတည္းေတြလည္း ပါလာႏိုင္တာေပါ့။ ေနာက္ တ႐ုတ္ျပည္ဘက္က ျမန္မာႏိုင္ငံအေပၚ မွာ ေမးခြန္းေလးေတြ ဘာေမးမွာလဲဆိုတာ ျပင္ဆင္ထားရမွာေပါ့။ ကိုယ္က ဘာသတင္းစကား ပါးခ်င္လဲ ဆိုတာလည္း ျပင္ဆင္ထားၾကမွာေပါ့။ ဒီကာလမွာ အဲဒါေလးပါပဲ။ ကိုယ္ဘက္က ဘာျပင္ဆင္ထားလဲ ဆိုေတာ့ စစ္ေရး၊ ႏိုင္ငံေရး အက်ပ္အတည္း။ ဒီကာလကို ဘယ္လို ေက်ာ္လႊားရင္ ေကာင္းမွာလဲ။ တ႐ုတ္ - ျမန္မာ ခ်စ္ၾကည္ေရးကလည္း လိုအပ္တယ္ေလ။ ေနာက္ ႏွစ္ႏိုင္ငံခ်စ္ၾကည္ေရး ဘန္ေဒါင္း မူႀကီး ငါးခ်က္ကလည္း ရွိၾကတာကိုး။ အဲဒီေတာ့ အခု ျမန္မာ့ၿငိမ္းခ်မ္းေရးမွာ တ႐ုတ္က Facilitator အေနနဲ႔ပဲ ပါခဲ့တာေပါ့။ အခုကေတာ့ Mediator အေနနဲ႔ ပါလာ ၿပီေလ။ လက္ရွိ အခင္းအက်င္းမွာ ထဲထဲဝင္ဝင္ ပါဝင္ သင့္တဲ့ အေၾကာင္းအရာေလးေတြကို ပါတီ သုံးခုက ေတာ့ သူ႔အျမင္ ကိုယ့္အျမင္ေလးေတြနဲ႔ ေဆြးေႏြးႏိုင္ေျခ ရွိပါတယ္။ ေနာက္ ဒီအက်ပ္အတည္းကေန ဘယ္လိုေက်ာ္လႊားရင္ ေကာင္းမွာလဲဆိုတာ ကြၽန္ ေတာ္တို႔အျမင္လည္း ပါႏိုင္တာေပါ့။ သူတို႔ဘက္ကလည္း ျမန္မာႏိုင္ငံနဲ႔ ေ႐ႊလမ္း၊ ေငြလမ္း ေဖာက္ ထားတာကိုး။ BRI တို႔ေပါ့ဗ်ာ။ ဒီလမ္းေၾကာင္း တည္ၿငိမ္ေအးခ်မ္းမႈနဲ႔ ျမန္မာႏိုင္ငံ တည္ၿငိမ္ေအးခ်မ္းမႈ က ထပ္တူက်တယ္ေလ။ ကြၽန္ေတာ္တို႔ တိုင္းရင္းသား ေဒသေတြ ျပည္ပအပါအဝင္ မၿငိမ္မသက္ ျဖစ္ေန တာကို တည္ၿငိမ္ေအးခ်မ္းေအာင္ အျမန္ဆုံး ေဆာင္႐ြက္ႏိုင္မွပဲ BRI လည္းအဆင္ေျပမယ္။ အဲဒါဆိုရင္ ေက်ာက္ျဖဴေရနက္ဆိပ္ကမ္းလည္း ျမန္ျမန္အေကာင္အထည္ ေပၚတာေပါ့ဗ်ာ။ ရထားလမ္း တို႔ ဘာတို႔ ေလ။ အဲဒီအခါက်ေတာ့ ပြင့္ပြင့္လင္းလင္းေျပာရရင္ လက္ရွိအက်ပ္အတည္းကေန ဘယ္လိုထြက္မွာလဲ ဆိုတာ သူတို႔လည္းေမးမွာပဲဗ်။ ကြၽန္ေတာ္တို႔လည္း သုံးသပ္ၿပီးေတာ့မွ ေဆြးေႏြးၾကမွာေပါ့။ ေနာက္ ၂၀၂၅ ေ႐ြးေကာက္ပြဲကိုလည္း SAC ဥကၠ႒ ကလည္း ေျပာထားၿပီးၿပီေလ။ ဒီအက်ပ္အတည္းကို ဘယ္လို ေက်ာ္လႊားၾကမွာလဲ၊ ေ႐ြးေကာက္ပြဲ အေျခအေန၊ ႏိုင္ငံေရးပါတီေတြရဲ႕ အခန္းက႑ကိုလည္း သူတို႔ဘက္က ေမးႏိုင္၊ ျမန္းႏိုင္ပါတယ္။ သူတို႔လည္းပဲ တည္ၿငိမ္ေအးခ်မ္းၿပီးမွ ျမန္မာႏိုင္ငံ အက်ပ္ အတည္းကို တည္တည္ၿငိမ္ၿငိမ္ ေက်ာ္လႊားခ်င္တဲ့ ဆႏၵတ႐ုတ္ဘက္မွာလည္း ရွိပါတယ္။ ႏွစ္ႏိုင္ငံ ပါတီခ်င္း ေဆြးေႏြးတာက အေျဖတစ္ခုေတာ့ တ႐ုတ္ဘက္ကို ေပးႏိုင္မယ္ထင္ပါတယ္။ ရလဒ္ တစ္ခု ေတာ့ ထြက္ႏိုင္ပါတယ္။ ကြၽန္ေတာ္တို႔နဲ႔ေဆြးေႏြးမယ့္ ႏိုင္ငံျခားေရးဝန္ႀကီးကလည္း သူ႔အထက္က ႏိုင္ငံျခားေရး ဝန္ႀကီး၊ တ႐ုတ္ျပည္ ကြန္ျမဴနစ္ပါတီ၊ အဲဒီကတစ္ဆင့္ တ႐ုတ္ အစိုးရ စသည္ျဖင့္ေပါ့။ ကြၽန္ေတာ္တို႔ ပါးလိုက္ႏိုင္တဲ့ ႏွစ္ဖက္ေဆြးေႏြးမႈက ျမန္မာ့ၿငိမ္းခ်မ္းေရးအတြက္လည္း တစ္စုံတစ္ခု အတိုင္းအတာအထိေတာ့ ထိထိ ေရာက္ေရာက္ အႀကံျပဳခ်က္ျဖစ္သြားႏိုင္ပါတယ္။ ဘာရယ္လို႔ေတာ့ ေျပာလို႔ မရေသးဘူးေပါ့ဗ်ာ။ ခုနက ေျမာက္ပိုင္းလက္နက္ကိုင္အဖြဲ႕အစည္းေတြ၊ ေျမာက္ပိုင္းမွာစခဲ့တဲ့ ၁၀၂၇ ၊ အဲဒီရဲ႕ လႈိင္းအဆက္ေတြေပါ့ဗ်ာ။ ေနာက္ ရခိုင္အထိ လက္ရွိ တိုက္ၾက၊ ခိုက္ၾက စစ္ေဘး ဒုကၡ သည္ ျဖစ္ၾကဆိုတဲ့ နိစၥဓူဝႀကဳံေန၊ ၾကားေနၾကတာကိုးဗ်။ က်ဥ္းထဲ ၾကပ္ထဲမွာပါပဲ။ ျမန္ျမန္႐ုန္းထြက္ ခ်င္တဲ့ ဆႏၵေတာ့ လူထုၾကားထဲမွာ ရွိမွာပါပဲ။ ႏိုင္ငံေရးအားျဖင့္လည္း ရလဒ္အျမန္ရၾကပါေစလို႔ ဆု ေတာင္း ေမတၱာပို႔ၾကမွာေပါ့။ တကယ္ေျဖရွင္းေပး ရမွာက အစိုးရရယ္ ပါဝင္ပတ္သက္တဲ့ Stateholder
ေတြမွာ ရွိတာေပါ့။ ဆိုေတာ့ သူတို႔ ပါဝင္ပတ္သက္တဲ့ လူေတြက ေျဖရွင္းၿပီးမွ၊ အေျဖရၿပီးမွ လူထုက အေျဖ ရဲ႕ အက်ိဳးေက်းဇူးကို ခံစားရတာေပါ့။

ဦးေမာင္ျမင့္
ဗဟိုအလုပ္မႈေဆာင္
ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ
ကြၽန္ေတာ္က ေလာေလာဆယ္ (ဇူလိုင္လ ၁၇ ရက္) ေနျပည္ေတာ္မွာပဲ ရွိေသးတယ္။ မႏၲေလးကေန ညကမွ ျပန္ေရာက္တာပါ။ ျပႆနာေတာ့ မရွိပါဘူး ကြၽန္ေတာ္တို႔က ႏိုင္ငံျခားေရးမွာေနခဲ့တာဆိုေတာ့ ဒါေတြက ျပႆနာမရွိပါဘူး။ (ပါတယ္ဆိုတာ) ကြၽန္ေတာ္ ေကာင္းေကာင္းမသိဘူး။ ပါတယ္ဆိုတာ ေတာင္ ခင္ဗ်ားက ဒုတိယေျမာက္ေျပာတဲ့သူပဲ။ ဒီဟာက ဘာမွ ထူးျခားတဲ့ ကိစၥမဟုတ္ဘူး။ Bilateral visit ပဲေလ။ Party to Party relation လုပ္မွာေပါ့။ ၾကည့္ရတာေတာ့ ဒါပဲ ရွိမွာေပါ့။ ကြၽန္ေတာ္က Program ကို မသိေသးဘူး။ သိပ္သတိမထားမိလို႔ပါ။ ကြၽန္ေတာ္တို႔ ျပည္ခိုင္ၿဖိဳးပါတီနဲ႔ တ႐ုတ္ကြန္ျမဴနစ္ ပါတီနဲ႔ကေတာ့ Exchange of visit အျပန္အလွန္ အမ်ားႀကီး ရွိတယ္။ ကြၽန္ေတာ္တို႔ပါတီအတြက္ေတာ့ မထူးဆန္းဘူး။ ပါသြားတဲ့အဖြဲ႕ေတြ ျပန္ေရာက္တဲ့အခ်ိန္ ေမးရင္ေတာ့ ပိုစုံမွာေပါ့။ မသြားခင္ ေမးတာကေတာ့ ေလထဲ အ႐ုပ္ေရးသလို ျဖစ္မွာေပါ့။

Related news

© 2021. All rights reserved.