အမေရိကန်က ဂျာမနီတွင် တာဝေးပစ်ဒုံးများထားလာပါက ရုရှားနိုင်ငံကလည်း နျူကလီးယားလက်နက်များ ဖြန့်ကြက်ချထားမည်

 2806

ဂျန်ဇက် (NP News) - ဇူလိုင် ၂၁

အမေရိကန်နိုင်ငံသည် ဂျာမနီနိုင်ငံတွင် စီစဉ်ထားသည့်အတိုင်း တာဝေးပစ်ဒုံးကျည်များ ဖြန့်ကြက်ချထားမည်ဆိုလျှင် ရုရှားနိုင်ငံကလည်း နျူကလီးယားတပ်ဒုံးကျည်များ ဖြန့်ကြက်ချထားမည် ဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဆာဂေးရက်ကောဗ့်က ထုတ်ဖော်ပြောဆို လိုက်သည်။

ဂျာမနီနှင့် အမေရိကန်အစိုးရတာဝန်ရှိသူများက တာဝေးပစ်ဒုံးကျည်များကို ဂျာမနီနိုင်ငံတွင် ၂၀၂၆ ခုနှစ် ထက် စောစီးစွာဖြန့်ကြက်ချထားမည်ဖြစ်ကြောင်း မကြာသေးမီက ပြောဆိုခဲ့သည်။

ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက နျူကလီးယားလက်နက်များအပါအဝင် အခြားရွေးချယ်စရာ များကို ငြင်းဆန် ပယ်ချထား၍ မရသောအခြေအနေမျိုးဖြစ်လာကြောင်း ပြောသည်။ ဒုတိယဝန်ကြီး ဆာဂေးရက်ကောဗ့်က “ ရုရှားရဲ့လုပ်ရပ်တွေဟာ တစ်စုံတစ်ဦးကို ခြိမ်းခြောက်တာမျိုးမရှိဘူး၊ ဒါပေမဲ့ ခြိမ်းခြောက်မှုတွေရှိလာမယ်ဆိုရင်လည်း ထိရောက်စွာတုံ့ပြန်မယ်။ ဂျာမနီဟာ တင်းမာမှုအရှိန်မြင့်တက်အောင် လုပ်ဆောင်မယ်ဆိုရင် ရုရှားကလည်း သင့်တော်တဲ့ပုံစံမျိုးနဲ့လွတ်လပ်စွာတုံ့ပြန်မှာဖြစ်တယ်” ဟု ပြောသည်။

ဂျာမနီနှင့် အမေရိကန်အစိုးရသည် ဇူလိုင်လ ၁၀ ရက်နေ့က ပူးတွဲသတင်းထုတ်ပြန်ခဲ့ပြီး ထုတ်ပြန်ချက်အတွင်း၌ အနာဂတ်တွင် တာဝေးပစ်ဒုံးကျည်များ ဖြန့်ကြက်ချထားရေး အပါအဝင် မဟာဗျူဟာမြောက် လုပ်ငန်းအစိတ်အပိုင်းအဖြစ် ဂျာမနီနိုင်ငံတွင် တာဝေးပစ်ဒုံးကျည်များ ဖြန့်ကြက် ချထားခြင်းကို စောစီးစွာလုပ်ဆောင်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။ အမေရိကန်အစိုးရက ဂျာမနီ နိုင်ငံတွင် SM-6s အမျိုးအစားဒုံးကျည်၊ Tomahawk အမျိုးအစားဒုံး ကျည်အပြင် ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်နေသည့် အသံထက်မြန်သော ဒုံးကျည်များကို ဖြန့်ကြက်ချထားမည်ဟု သတင်းထုတ်ပြန် ထားသည်။ ရုရှားနှင့် ယူကရိန်းနိုင်ငံကြား စစ်ပွဲဖြစ်လာခဲ့ပြီးနောက်ပိုင်း ရုရှားနှင့် အမေရိကန်ဦးဆောင် သော အနောက်အုပ်စုနိုင်ငံများကြား တင်းမာမှုအရှိန်မြင့်တက်နေချိန်တွင် အမေရိကန်နိုင်ငံက ဂျာမနီ နိုင်ငံတွင် ၂၀၂၆ ခုနှစ်ထက် စောစွာတာဝေးပစ်ဒုံးကျည်များ ဖြန့်ကြက်ချထားရန် စီစဉ်လာခြင်းဖြစ်သည်။

zawgyi version
အေမရိကန္က ဂ်ာမနီတြင္ တာေဝးပစ္ဒုံးမ်ားထားလာပါက ႐ုရွားႏိုင္ငံကလည္း န်ဴကလီးယားလက္နက္မ်ား ျဖန႔္ၾကက္ခ်ထားမည္
ဂ်န္ဇက္ (NP News) - ဇူလိုင် ၂၁

အေမရိကန္ႏိုင္ငံသည္ ဂ်ာမနီႏိုင္ငံတြင္ စီစဥ္ထားသည့္အတိုင္း တာေဝးပစ္ဒုံးက်ည္မ်ား ျဖန႔္ၾကက္ခ်ထားမည္ဆိုလွ်င္ ႐ုရွားႏိုင္ငံကလည္း န်ဴကလီးယားတပ္ဒုံးက်ည္မ်ား ျဖန႔္ၾကက္ခ်ထားမည္ ျဖစ္ေၾကာင္း ႐ုရွားႏိုင္ငံျခားေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ဆာေဂးရက္ေကာဗ့္က ထုတ္ေဖာ္ေျပာဆို လိုက္သည္။

ဂ်ာမနီႏွင့္ အေမရိကန္အစိုးရတာဝန္ရွိသူမ်ားက တာေဝးပစ္ဒုံးက်ည္မ်ားကို ဂ်ာမနီႏိုင္ငံတြင္ ၂၀၂၆ ခုႏွစ္ ထက္ ေစာစီးစြာျဖန႔္ၾကက္ခ်ထားမည္ျဖစ္ေၾကာင္း မၾကာေသးမီက ေျပာဆိုခဲ့သည္။

႐ုရွားႏိုင္ငံျခားေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီးက န်ဴကလီးယားလက္နက္မ်ားအပါအဝင္ အျခားေ႐ြးခ်ယ္စရာ မ်ားကို ျငင္းဆန္ ပယ္ခ်ထား၍ မရေသာအေျခအေနမ်ိဳးျဖစ္လာေၾကာင္း ေျပာသည္။ ဒုတိယဝန္ႀကီး ဆာေဂးရက္ေကာဗ့္က “ ႐ုရွားရဲ႕လုပ္ရပ္ေတြဟာ တစ္စုံတစ္ဦးကို ၿခိမ္းေျခာက္တာမ်ိဳးမရွိဘူး၊ ဒါေပမဲ့ ၿခိမ္းေျခာက္မႈေတြရွိလာမယ္ဆိုရင္လည္း ထိေရာက္စြာတုံ႔ျပန္မယ္။ ဂ်ာမနီဟာ တင္းမာမႈအရွိန္ျမင့္တက္ေအာင္ လုပ္ေဆာင္မယ္ဆိုရင္ ႐ုရွားကလည္း သင့္ေတာ္တဲ့ပုံစံမ်ိဳးနဲ႔လြတ္လပ္စြာတုံ႔ျပန္မွာျဖစ္တယ္” ဟု ေျပာသည္။

ဂ်ာမနီႏွင့္ အေမရိကန္အစိုးရသည္ ဇူလိုင္လ ၁၀ ရက္ေန႔က ပူးတြဲသတင္းထုတ္ျပန္ခဲ့ၿပီး ထုတ္ျပန္ခ်က္အတြင္း၌ အနာဂတ္တြင္ တာေဝးပစ္ဒုံးက်ည္မ်ား ျဖန႔္ၾကက္ခ်ထားေရး အပါအဝင္ မဟာဗ်ဴဟာေျမာက္ လုပ္ငန္းအစိတ္အပိုင္းအျဖစ္ ဂ်ာမနီႏိုင္ငံတြင္ တာေဝးပစ္ဒုံးက်ည္မ်ား ျဖန႔္ၾကက္ ခ်ထားျခင္းကို ေစာစီးစြာလုပ္ေဆာင္မည္ျဖစ္ေၾကာင္း ေဖာ္ျပထားသည္။ အေမရိကန္အစိုးရက ဂ်ာမနီ ႏိုင္ငံတြင္ SM-6s အမ်ိဳးအစားဒုံးက်ည္၊ Tomahawk အမ်ိဳးအစားဒုံး က်ည္အျပင္ ဖြံ႕ၿဖိဳးတိုးတက္ေအာင္ လုပ္ေဆာင္ေနသည့္ အသံထက္ျမန္ေသာ ဒုံးက်ည္မ်ားကို ျဖန႔္ၾကက္ခ်ထားမည္ဟု သတင္းထုတ္ျပန္ ထားသည္။ ႐ုရွားႏွင့္ ယူကရိန္းႏိုင္ငံၾကား စစ္ပြဲျဖစ္လာခဲ့ၿပီးေနာက္ပိုင္း ႐ုရွားႏွင့္ အေမရိကန္ဦးေဆာင္ ေသာ အေနာက္အုပ္စုႏိုင္ငံမ်ားၾကား တင္းမာမႈအရွိန္ျမင့္တက္ေနခ်ိန္တြင္ အေမရိကန္ႏိုင္ငံက ဂ်ာမနီ ႏိုင္ငံတြင္ ၂၀၂၆ ခုႏွစ္ထက္ ေစာစြာတာေဝးပစ္ဒုံးက်ည္မ်ား ျဖန႔္ၾကက္ခ်ထားရန္ စီစဥ္လာျခင္းျဖစ္သည္။

Related news

© 2021. All rights reserved.