ကျစ်ဆံမြီး ဧရာဝတီ( AYARWADDY The BRAIDED HAIR River) (အခန်းဆက်ဆောင်းပါးရှည်) (အပိုင်း-၆)

 533

ဇာမဏီစံမောင် (NP News) - ဇူလိုင် ၂၂

ဧရာဝတီသည် တရုတ်ပြည်ထဲရှိ မီတာ ၅၀ဝဝ(ပေ ၁၅၀ဝ၀ ကျော်)အမြင့်ရှိ တောင်ပေါ်ဒေ သတွင်မြစ်ဖျားခံသည်။ ထို့မှ မတ်စောက်သောမြစ် လက်တက်များဖြင့် အရှိန်ပြင်းပြင်းစီးဆင်းလာသော ကြောင့် အနည်အနှစ်များစွာ သယ်ဆောင်လာခဲ့သည်။ သစ်တောပြုန်းတီးလာမှု၊ သတ္တုတူးဖော်မှုများကြောင့် လည်း အနည်အနှစ်တို့ တိုးပွားလာပြန်သည်။ ထို အနယ်များမှာ ကချင်ပြည်နယ်တောင်ပိုင်း မြေပြန့် တွင်ပို့ချလိုက်သောအခါ မြစ်ရေစူးအနက်လျော့သွား ပြီး ဘေးကို ပြန့်ကားကျယ်ဝန်းသွားသည်။ ထို့ကြောင့် ကမ်းဘေးတိုက်စားမှု၊ ရေလွှမ်းမိုးမှုနှင့် ရေကြောင်း သွားလာမှု၌ အခက်အခဲများဖြစ်ပေါ်လာသည်။

မြစ်ကြီးနားမှ အောက်ဘက်စီးဆင်းသွားရာ အထူးသဖြင့် မန္တလေးမြို့နှင့် ရန်ကုန်မြို့အကြားတွင် အလျင်အမြန် ဖွံ့ဖြိုးမှုတည်ဆောက်ရေးလုပ်ငန်းများ နှင့်အတူ ကွန်ကရစ်နှင့် ကတ္တရာတို့တွင် အသုံးပြုရန် သဲဝယ်လိုအား တိုးတက်များပြားလာသည်။ အနည် အနှစ်ဟုဆိုရာတွင် အရွယ်အစား အမျိုးမျိုးရှိသည်။ အလွန်သေးငယ်သောအနည်များကို ရွှံ့စေးအဖြစ် ပို့ချသည်။ ထို့နောက် နုံး(silt)၊ သဲ(sand)၊ ကျောက်စရစ်(gravels)နှင့် ယင်းထက်အရွယ်အစားပိုကြီး သော ကျောက်စရစ်ခဲ (pebbles)နှင့် ထို့ထက်ပိုကြီး သော ကျောက်လုံးလေးများ(Stone)ဟူ၍ အမျိုးမျိုး ရှိသည်။ ထုံးစံအားဖြင့် အရွယ်ပိုကြီးသောအနည်များ မှာ ပိုမိုရှားပါးပြီး မြစ်ကြောင်းတည်ငြိမ်ရေးအတွက် အထူးအရေးပါသောကျောက်စရစ်တုံးအခဲများဖြစ် သည်။ ထိုကျောက်စရစ်များသည်ပင် ဆောက်လုပ်ရေး ၌ အလိုချင်ဆုံးအရာများဖြစ်သည်။ ကွန်ကရစ်နှင့် ကတ္တရာတို့တွင် သဲက ၈၀ ရာခိုင်နှုန်းခန့်ပါရှိသည်။ သဲက အလွန်လေးလံပြီး သယ်ယူဖို့ခက်ခဲသဖြင့် အနီး ဆုံးရနိုင်သောနေရာကပင် ထုတ်ယူကြရသည်။ မြန် မာနိုင်ငံ၌ ဧရာဝတီမြစ်ကြီး ကမ်းဘေးတစ်လျှောက် တွင် အလျင်အမြန်ဖွံ့ဖြိုးနေသောမြို့ကြီးများ တန်းစီ ရှိနေသည်။ ထိုအထဲတွင် ပြည်နယ်နှင့်တိုင်းဒေသကြီး များ၏ မြို့တော်များလည်းပါဝင်သည်။ ရန်ကုန်မြို့ကြီး ၏ဆောက်လုပ်ရေးကဏ္ဍတွင်အသုံးပြုနေသော ကျောက်စရစ်နဲ့ မြစ်သဲကိုလည်း ဧရာဝတီမြစ်ကြီးထဲ ကပင် ထုတ်ယူသုံးနေရသည်။ သဲများစုပ်ထုတ်နေမှု ကြောင့် ငါးဖမ်းရခက်လာသည်ဟုပြောပြသည်။ သောင်တူးစက်ဖြင့်ပါလာသော သဲကျောက်စရစ်များ က သောင်ခုံများကိုဖြစ်စေကြောင်း၊ ထိုသောင်ခုံများ တွင် ငါးဖမ်းပိုက်များငြိနေရာ ရေများ နောက်ကျိသွား ကြောင်း၊ ယခုအချိန်တွင် လွန်ခဲ့တဲ့ငါးနှစ်ခန့်ကကဲ့သို့ ငါးမရတော့ကြောင်း၊ ရသည့်ငါးများမှာလည်း အရွယ် အစားသေးငယ်သောငါးများသာဖြစ်ကြောင်း ကိုလှ ဝင်းကပြောပြသည်။ စည်သာရွာတွင် ယခင်က ရေလုပ်သားဦးရေ ၈၆ ယောက်ရှိခဲ့ရာ ယခုအခါ ငါးဖမ်းသူ ၂၆ ဦးသာရှိတော့သည်ဟုသိရသည်။

ယင်းနှင့်တစ်ဆက်တစ်စပ်တည်း ပြောရ လျှင်တော့ ၂၀၁၅ ခုနှစ်တွင် ပဲခူးတိုင်းဒေသကြီး အစိုးရသည် ဒေါ်လာ (၆) သိန်း (ယခုငွေလဲနှုန်းအရ ကျပ်သန်း ၉၁၀ ခန့်) အကုန်အကျခံကာ ဧရာဝတီမြစ် လယ်၌ သဲသောင်ကျွန်းဖန်တီးကာ ယခင်ရေလုပ်သား များကို ဖရဲ၊ ခရမ်းချဉ်နှင့် ပဲများ စိုက်ပျိုးစေသည်။ ယင်းတို့တွင် သီးနှံအထွက်တိုးစေရန်မြေဩဇာနှင့်ပိုး သတ်ဆေးများ အသုံးများလွန်းခဲ့ပါသည်။ တကယ့်အ ဖြစ်အပျက်တစ်ခု ရှိခဲ့ပါသည်။ ယင်းမြေနုကျွန်းအတု များလုပ်ပြီး မြေအကြောင်းမသိဘဲ လုပ်ပိုင်ခွင့်ပေးရာမှ ထွက်လာသည့် အဆိပ်သင့်သီးနှံများကို မစားသုံးသင့် သည့်ပြဿနာတည်း။

ဧရာဝတီမြစ်ဝကျွန်းပေါ်ဟင်္သာတမြို့ ဆွမ်း လောင်းအသင်းတွင် ဝါတွင်းဝါပ ဆွမ်းဟင်းချက်ရာ တွင် မြို့မိမြို့ဖများက သီးစုံပဲကုလားဟင်းချက်လှူရန် ပြောကြရာ လူငယ်ကာလသား(မြေနုကျွန်းစိုက်ပျိုး ရေးလုပ်သားများ)က မချက်မလှူနိုင်ကြောင်း ပြန် ပြောပါသည်။ လူကြီးများက တအံ့တဩ ဖြစ်ကြသည်။ ယင်းအချက်မှာ သူတို့သိထားသောအဆိပ်သင့်သီးနှံ များကို သံဃာတော်များကို မဆက်ကပ်ချင်သည်ကို စာရှုသူတို့ရိပ်စားမိမည်ဟုထင်ပါသည်။

ပထမပိုင်းပါ ဧရာဝတီဖလော်တီလာကို ယနေ့ မြစ် ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အမွေ ဆက်ခံပြီး မြစ်ကြောင်းထိန်း၊ ထွေအုပ်နှင့် ရဲတပ်ဖွဲ့ ဌာနအသီးသီးမှ အရာရှိများပါသောအဖွဲ့သည် ပွင့် လင်းရာသီအတွင်း မြစ်ကြောင်းတစ်လျှောက် စောင့် ကြပ်ကြည့်ရှုစစ်ဆေးမှုကို တစ်လလျှင် သုံးလေးကြိမ် ပြုလုပ်သည်။ မုတ်သုံရာသီ မိုးတွင်းမှာတော့ ရပ်နား သည်ဟု မန္တလေးတိုင်းဒေသကြီး DWIR ညွှန်ကြား ရေးမှူးကပြောသည်။

တရားဝင်လိုင်စင်မရှိဘဲ မြစ်၊ သဲကျောက် ထုတ်လုပ်သူများကို ၂၀ဝ၆ မြစ်များနှင့် ရေအရင်း အမြစ် ထိန်းသိမ်းရေးဥပဒေအရ တရားစွဲဆိုကြောင်း၊ ၂၀၁၇ အတွင်း မန္တလေးတိုင်းဒေသကြီးတွင် တရား မဝင် ထုတ်ယူမှု ခြောက်ခု၊ ခုနစ်ခု တွေ့ရှိခဲ့ရကြောင်း၊ အများစုမှာ မန္တလေးအထက်၊ ဧရာဝတီမြစ်လက် တက်များရှိ မတ္တရာနှင့် စဉ့်ကူအနီးတစ်ဝိုက်တွင်ဖြစ် ကြောင်း ၎င်းကပြောသည်။ သက်ဆိုင်ရာအာဏာပိုင် ထွေအုပ်မြို့နယ်အုပ်ချုပ်ရေးမှူးက “တရားမဝင် သောင်တူးမှုတွေက မြစ်လက်တက်တွေမှာဖြစ်တာ များပါတယ်။ မြစ်ကြောင်းထဲမှာ ဘယ်သူမဆို လွယ် လွယ်ကူကူ မြင်တွေ့နိုင်တာကိုး။ ဒါပေမဲ့ ကျွန်တော်တို့ အုပ်ချုပ်ရေးနယ်မြေမှာ မိုင် ၃၄၀ (၅၄၇ ကီလိုမီတာ) လောက်ရှိနေတော့ တရားမဝင် တူးဖော်နေမှုတွေ ဘယ်လောက်အထိရှိနေမယ်ဆိုတာ အတိအကျ မသိနိုင်ပါ။ ဤလုပ်ငန်းသည် အလွန်စီးပွားဖြစ်သော လုပ်ငန်းဖြစ်သည်။ ကမ္ဘာ့ဘဏ်၏အစီရင်ခံစာအရ ၂၀၁၇ ခုနှစ်တွင် ဆောက်လုပ်ရေးကဏ္ဍအတွက် ကုန်ကြမ်းရှာဖွေရောင်းချမှုသည် အမေရိကန်ဒေါ်လာ (၄)ဘီလျံခန့်ရှိရာ မြန်မာနိုင်ငံ ဂျီဒီပီ၏ (၅ ဒသမ ၇) ရာခိုင်နှုန်းရှိသည်"ဟုဆိုပါသည်။

ယနေ့ထိ ဧရာဝတီမြစ်ထဲက သယံဇာတ တို့ကို မည့်သည့်နှုန်းဖြင့် ထုတ်ယူနေသည်ဆိုသည့် အချက်အလက်များ အစိုးရအဆက်ဆက်က ကောက် ယူခြင်း၊ တွက်ချက်ထားခြင်း မရှိချေ။ သို့သော် ကမ္ဘာ့ တောရိုင်းတိရစ္ဆာန်ရန်ပုံငွေအဖွဲ့ (World Wildlife Fund) အဖွဲ့၏ ခန့်မှန်းတွက်ချက်မှုအရ တစ်နှစ်လျှင် တန် သန်းပေါင်း ၂၀ ခန့်အနည်းဆုံးရှိမည်ဟုဆိုသည်။ ထိုပမာဏမှာ ဧရာဝတီက နှစ်စဉ်ပို့ချနေသော အနည် အနှစ်အားလုံး၏ ၁၀ ရာခိုင်နှုန်းရှိသည်။ ယင်းသည် မြစ်အလယ်ပိုင်းတွင် အနည်အနှစ်အလွန်များသော ထူးခြားအခြေအနေတစ်ရပ်ကို ဖန်တီးပေးသည်။ သို့ ဖြင့် ရေလွှမ်းမိုးမှုကို ပိုမိုဆိုးရွားစေပြီး ရေကြောင်းသွား လာမှုကို ခက်ခဲစေသည်။ သို့သော် မြစ်အောက်ပိုင်း၌ အနည်အလုံအလောက်မရတော့ခြင်းကြောင့် မြစ် ကမ်းပြိုခြင်းကိုဖြစ်ပေါ်စေသည်။ အထူးသဖြင့် မ ကွေး၊ ပဲခူးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် ဖြစ် ပေါ်နေသည်။

မြစ်ရေတိုက်စားမှုအချို့သည် သူ့သဘာဝ အလျောက်ဖြစ်နေကြသည်မှန်သော်လည်း မြစ် အောက်အကြေအရပ်တွင် မြစ်ကမ်းပါးတိုက်စားမှု အများအပြားမှာ မြစ်ထဲမှသဲနှင့်ကျောက်စရစ် အများအပြားထုတ်ယူနေမှုနှင့် ဆက်စပ်နေသည်ဟု ဆိုလျှင်လည်း ဆိုနိုင်ပေသည်ဟု ကမ္ဘာ့တောရိုင်း တိရစ္ဆာန် ရန်ပုံငွေအဖွဲ့၊ မဟာမဲခေါင်အစီအစဉ် (WWF Greater Mekong Programme)မှ မစ္စတာ မာ့ခ်ဂိုးချတ် (Mr. Muc Goichot) ကပြော သည်။ နုန်း အနည်အနှစ်ပို့ချမှုလျော့သွားသဖြင့် မြစ်ဝကျွန်းပေါ်ဒေသတွင် နိုင်ငံ၏အစားအစာလိုအပ် ချက်ကို ဖြည့်ဆည်းပေးနိုင်မည့် အာဟာရ ရရှိမှုလည်း လျော့ကျသွားသည်။ အနည်အနှစ်သည် အစားအစာ ကွင်းဆက်တွင် အလွန်အရေးပါသော အစိတ်အပိုင်း တစ်ခုဖြစ်သည်။ ငါးများအတွက် အစာအာဟာရပေးပြီး သီးနှံများအတွက် မြေဩဇာပေးသည်ဟုဆိုပါသည်။

ပြည်သူ့မျက်ရည်မလဲနိုင်သည့် ပြည်သူ့အစိုးရလက်ထက် မြန်မာ့အကြီးဆုံးသဖန်းဆိပ်ဆည်နားက ရွှေမိုင်းကြီးများ
ပြည်သူ့အစိုးရ (NLD) လက်ထက်တွင် စစ်ကိုင်းတိုင်းဒေသကြီး မူးမြစ်ပေါ်မှ မြန်မာ့အကြီးဆုံး သဖန်းဆိပ်ရေလှောင်တမံကြီးအနီးက တစ်ရက်ရွှေ (၇)ပိဿာ ထွက်သည့် အကြီးဆုံးဟင်းလင်းဖွင့်ရွှေမိုင်း ကြီးများOpen Pit Mine (အသံစုံမီဒီယာပေါ်မပါ။ သတင်း စာထဲမထည့်။ လွှတ်တော်ထဲက အမတ်မင်း တို့ကို အာစေးထည့်ထားသည့် Open Pit အကြီးများ သတင်းကို သက်ဆိုင်ရာအကြီးကဲများထံသို့ နိုင်ငံ တော်နှင့်နိုင်ငံသားတို့မျက်နှာအပေါ်သာကြည့်ပြီး နေပြည်တော်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရသိစေရန် အသက်ရန်ရှာမှုအမျိုးမျိုး ခြိမ်းခြောက်မှုပေါင်းစုံ ကြားက အစီရင်ခံခဲ့သည်။

"မည်သည့်အစိုးရတက်တက် ေ-ာက်ဂရု စိုက်စရာမလိုဘူးဆိုသည့် အမျိုးသားသစ္စာဖောက်ခ ရိုနီများ"ရဲ့လုပ်ရပ်ကို ဖော်ထုတ်တင်ပြခဲ့ဖူးသည်။ ပုံပါ အတိုင်း သဖန်းဆိပ်ဆည်ထဲ ရေဝင်နည်းလို့ပါဆိုပြီး သတင်းတွေဖော်ပြထားသည့် ဓာတ်ပုံအပေါင်းသည်Google Image တွင် ထင်ရှားစွာရှာဖွေတွေ့နိုင်သော် လည်း အောက်ဖော်ပြပါဓာတ်ပုံကတော့ အခုမှသာတင်ပေးလိုက်ရပါကြောင်းနှင့် ဧရာဝတီသတို့သမီးကြီး ၏ကျစ်ဆံမြီးကုန်ကြမ်းများ ရွှေရှာဓာတုအဆိပ်အာ ဆင်းနစ်သင့် သဲသောင်များတွင် အဆိပ်သင့်နေသည် မှာ ကြာလှပြီဖြစ်ပါကြောင်း ထပ်လောင်းသိစေအပ်ပါ သည်။

ယင်းအချက်ကို အိန္ဒိယနိုင်ငံ ပဲကုန်သည် ကြီးအသင်းက မြန်မာ့ပဲမျိုးစုံတွင် အာဆင်းနစ်ပါဝင်နှုန်းကိုပြောလာပါသည်။ ရွှေမိုင်းများအဆိပ်သင့်နေ မှုမှ ချင်းတွင်းမြစ်ကြီးအဆိပ်သင့်လာသည့် ဆိုရှယ် မီဒီယာပေါ်တွင် မြင်လိုက်ဖူးပါသော "ဥရုချောင်း အရေးတော်ပုံ"ဆိုသည့် ပို့စ်တစ်ခုပါဖူးပါသည်။နောက်တစ်ခုမှာ ဧရာဝတီမြစ်ဝှမ်းစပါးစိုက်ရာတွင် သုံးနေသည့် နိုက်ထရိတ်ဓာတ်မြေဩဇာစုစုပေါင်း၏ တစ်ဝက်သည် အပူပိုင်းဒေသ မိုးခေါင်ရေရှားရပ်တွင် သုံးနေပြီး ဧရာဝတီမြစ်ရေထဲသို့ မိုးတွင်းတွင် စီးဝင် နေရာ လူတို့သောက်သုံးရေတွင်နိုက်ထရိတ်ဓာတ် များစွာပါဝင်နေပါသည်။

ယင်းလိုရေမျိုးကိုသောက်မိသည့် မိခင် သည် မိမိကလေးကို အသက်ခြောက်လမပြည့်မီ အသက်ဆုံးစေသည့်ရောဂါဆိုးကို အမွေပေးမိပါတော့ သည်။ ယင်းရောဂါမှာ ကလေးပြာ(Blue Baby Syndrome Disease) ဖြစ်ပါတော့သည်။ ယင်း ရောဂါဖြစ်စေသည်ကို မိခင်နို့တိုက်ရာမှဖြစ်သည့်အ တွက် မိခင်က နို့ဘီလူးရှိသည်ဟု အထင်မှားစကား ရှိသည်။ မည်သို့ပင်ဆိုစေကာမူ မြန်မာနိုင်ငံ၏ ရာဇ ဝင်ထဲကသတို့သမီးကြီး၏ မဟာမေတ္တာ မဟာကရုဏာ သည် ဤနေရာတွင်မတော့ စည်းမရှိကမ်းမရှိ ဖြစ်ချင် တိုင်း သုံးချင်တိုင်း သုံးခဲ့ကြ သုံးနေကြသည့် နိုက်ထ ရိတ်ဓာတ်ကြွင်းများ၏ နို့ဘီလူး (Milk Monster) ဘဝသို့ရောက်ရနေသည်ကို စာရှုသူတို့ ဆက်စပ်တွေး နိုင်ကြပါပေသည်။

အထက်ပါအကြောင်းအရာအားလုံးသည် မြောက်မြားလှစွာသော စာရေးသူတို့၏ စားရမှာလည်း သဲတရှပ်ရှပ် လွှတ်ပစ်လျှင်လည်း အဆီနှင့်ဝင်းဝင်း ဘဝသို့ရောက်နေသည့် ဆုပ်စူးစားရူး၊ သဘာဝ ပတ် ဝန်းကျင်အပေါ်သစ္စာမဲ့ခဲ့သူ အကျိုးတူလုပ်ငန်းရှင် များ တစ်ကိုယ်ကောင်းသမား ပွဲစားကုမ္ပဏီများနှင့်အာ ဏာရတုန်း အမြန်ကျုံးခဲ့ကြပါသော နိုင်ငံရေးသမား အချို့၏ မျက်စိတစ်ဆုံးမကြည့် ဧရာဝတီမြစ်ကြီးကိုအဆိပ်သင့်စေခဲ့ပါသော တရားမဝင်လုပ်ရပ်အချို့သာ ဖြစ်ပါသည်။ နိုင်ငံတော်နှင့်နိုင်ငံသားများအကျိုးအတွက် မည်သည့်ပြစ်မှုမှ မဆွေးပါချေ၊ အချိန်တန်ပါပြီ။

အပိုင်း(၇) ဇာတ်သိမ်းကို ဆက်လက်ဖတ်ရှုပါရန်

zawgyi version
က်စ္ဆံၿမီး ဧရာဝတီ( AYARWADDY The BRAIDED HAIR River ) (အခန္းဆက္ေဆာင္းပါးရွည္) (အပိုင္း-၆)
ဇာမဏီစံေမာင္ (NP News) - ဇူလိုင္ ၂၂

ဧရာဝတီသည္ တ႐ုတ္ျပည္ထဲရွိ မီတာ ၅၀ဝဝ(ေပ ၁၅၀ဝ၀ ေက်ာ္)အျမင့္ရွိ ေတာင္ေပၚေဒ သတြင္ျမစ္ဖ်ားခံသည္။ ထို႔မွ မတ္ေစာက္ေသာျမစ္ လက္တက္မ်ားျဖင့္ အရွိန္ျပင္းျပင္းစီးဆင္းလာေသာ ေၾကာင့္ အနည္အႏွစ္မ်ားစြာ သယ္ေဆာင္လာခဲ့သည္။ သစ္ေတာျပဳန္းတီးလာမႈ၊ သတၱဳတူးေဖာ္မႈမ်ားေၾကာင့္ လည္း အနည္အႏွစ္တို႔ တိုးပြားလာျပန္သည္။ ထို အနယ္မ်ားမွာ ကခ်င္ျပည္နယ္ေတာင္ပိုင္း ေျမျပန႔္ တြင္ပို႔ခ်လိုက္ေသာအခါ ျမစ္ေရစူးအနက္ေလ်ာ့သြား ၿပီး ေဘးကို ျပန႔္ကားက်ယ္ဝန္းသြားသည္။ ထို႔ေၾကာင့္ ကမ္းေဘးတိုက္စားမႈ၊ ေရလႊမ္းမိုးမႈႏွင့္ ေရေၾကာင္း သြားလာမႈ၌ အခက္အခဲမ်ားျဖစ္ေပၚလာသည္။

ျမစ္ႀကီးနားမွ ေအာက္ဘက္စီးဆင္းသြားရာ အထူးသျဖင့္ မႏၲေလးၿမိဳ႕ႏွင့္ ရန္ကုန္ၿမိဳ႕အၾကားတြင္ အလ်င္အျမန္ ဖြံ႕ၿဖိဳးမႈတည္ေဆာက္ေရးလုပ္ငန္းမ်ား ႏွင့္အတူ ကြန္ကရစ္ႏွင့္ ကတၱရာတို႔တြင္ အသုံးျပဳရန္ သဲဝယ္လိုအား တိုးတက္မ်ားျပားလာသည္။ အနည္ အႏွစ္ဟုဆိုရာတြင္ အ႐ြယ္အစား အမ်ိဳးမ်ိဳးရွိသည္။ အလြန္ေသးငယ္ေသာအနည္မ်ားကို ႐ႊံ႕ေစးအျဖစ္ ပို႔ခ်သည္။ ထို႔ေနာက္ ႏုံး(silt)၊ သဲ(sand)၊ ေက်ာက္စရစ္(gravels)ႏွင့္ ယင္းထက္အ႐ြယ္အစားပိုႀကီး ေသာ ေက်ာက္စရစ္ခဲ (pebbles)ႏွင့္ ထို႔ထက္ပိုႀကီး ေသာ ေက်ာက္လုံးေလးမ်ား(Stone)ဟူ၍ အမ်ိဳးမ်ိဳး ရွိသည္။ ထုံးစံအားျဖင့္ အ႐ြယ္ပိုႀကီးေသာအနည္မ်ား မွာ ပိုမိုရွားပါးၿပီး ျမစ္ေၾကာင္းတည္ၿငိမ္ေရးအတြက္ အထူးအေရးပါေသာေက်ာက္စရစ္တုံးအခဲမ်ားျဖစ္ သည္။ ထိုေက်ာက္စရစ္မ်ားသည္ပင္ ေဆာက္လုပ္ေရး ၌ အလိုခ်င္ဆုံးအရာမ်ားျဖစ္သည္။ ကြန္ကရစ္ႏွင့္ ကတၱရာတို႔တြင္ သဲက ၈၀ ရာခိုင္ႏႈန္းခန႔္ပါရွိသည္။ သဲက အလြန္ေလးလံၿပီး သယ္ယူဖို႔ခက္ခဲသျဖင့္ အနီး ဆုံးရႏိုင္ေသာေနရာကပင္ ထုတ္ယူၾကရသည္။ ျမန္ မာႏိုင္ငံ၌ ဧရာဝတီျမစ္ႀကီး ကမ္းေဘးတစ္ေလွ်ာက္ တြင္ အလ်င္အျမန္ဖြံ႕ၿဖိဳးေနေသာၿမိဳ႕ႀကီးမ်ား တန္းစီ ရွိေနသည္။ ထိုအထဲတြင္ ျပည္နယ္ႏွင့္တိုင္းေဒသႀကီး မ်ား၏ ၿမိဳ႕ေတာ္မ်ားလည္းပါဝင္သည္။ ရန္ကုန္ၿမိဳ႕ႀကီး ၏ေဆာက္လုပ္ေရးက႑တြင္အသုံးျပဳေနေသာ ေက်ာက္စရစ္နဲ႔ ျမစ္သဲကိုလည္း ဧရာဝတီျမစ္ႀကီးထဲ ကပင္ ထုတ္ယူသုံးေနရသည္။ သဲမ်ားစုပ္ထုတ္ေနမႈ ေၾကာင့္ ငါးဖမ္းရခက္လာသည္ဟုေျပာျပသည္။ ေသာင္တူးစက္ျဖင့္ပါလာေသာ သဲေက်ာက္စရစ္မ်ား က ေသာင္ခုံမ်ားကိုျဖစ္ေစေၾကာင္း၊ ထိုေသာင္ခုံမ်ား တြင္ ငါးဖမ္းပိုက္မ်ားၿငိေနရာ ေရမ်ား ေနာက္က်ိသြား ေၾကာင္း၊ ယခုအခ်ိန္တြင္ လြန္ခဲ့တဲ့ငါးႏွစ္ခန႔္ကကဲ့သို႔ ငါးမရေတာ့ေၾကာင္း၊ ရသည့္ငါးမ်ားမွာလည္း အ႐ြယ္ အစားေသးငယ္ေသာငါးမ်ားသာျဖစ္ေၾကာင္း ကိုလွ ဝင္းကေျပာျပသည္။ စည္သာ႐ြာတြင္ ယခင္က ေရလုပ္သားဦးေရ ၈၆ ေယာက္ရွိခဲ့ရာ ယခုအခါ ငါးဖမ္းသူ ၂၆ ဦးသာရွိေတာ့သည္ဟုသိရသည္။

ယင္းႏွင့္တစ္ဆက္တစ္စပ္တည္း ေျပာရ လွ်င္ေတာ့ ၂၀၁၅ ခုႏွစ္တြင္ ပဲခူးတိုင္းေဒသႀကီး အစိုးရသည္ ေဒၚလာ (၆) သိန္း (ယခုေငြလဲႏႈန္းအရ က်ပ္သန္း ၉၁၀ ခန႔္) အကုန္အက်ခံကာ ဧရာဝတီျမစ္ လယ္၌ သဲေသာင္ကြၽန္းဖန္တီးကာ ယခင္ေရလုပ္သား မ်ားကို ဖရဲ၊ ခရမ္းခ်ဥ္ႏွင့္ ပဲမ်ား စိုက္ပ်ိဳးေစသည္။ ယင္းတို႔တြင္ သီးႏွံအထြက္တိုးေစရန္ေျမဩဇာႏွင့္ပိုး သတ္ေဆးမ်ား အသုံးမ်ားလြန္းခဲ့ပါသည္။ တကယ့္အ ျဖစ္အပ်က္တစ္ခု ရွိခဲ့ပါသည္။ ယင္းေျမႏုကြၽန္းအတု မ်ားလုပ္ၿပီး ေျမအေၾကာင္းမသိဘဲ လုပ္ပိုင္ခြင့္ေပးရာမွ ထြက္လာသည့္ အဆိပ္သင့္သီးႏွံမ်ားကို မစားသုံးသင့္ သည့္ျပႆနာတည္း။

ဧရာဝတီျမစ္ဝကြၽန္းေပၚဟသၤာတၿမိဳ႕ ဆြမ္း ေလာင္းအသင္းတြင္ ဝါတြင္းဝါပ ဆြမ္းဟင္းခ်က္ရာ တြင္ ၿမိဳ႕မိၿမိဳ႕ဖမ်ားက သီးစုံပဲကုလားဟင္းခ်က္လႉရန္ ေျပာၾကရာ လူငယ္ကာလသား(ေျမႏုကြၽန္းစိုက္ပ်ိဳး ေရးလုပ္သားမ်ား)က မခ်က္မလႉႏိုင္ေၾကာင္း ျပန္ ေျပာပါသည္။ လူႀကီးမ်ားက တအံ့တဩ ျဖစ္ၾကသည္။ ယင္းအခ်က္မွာ သူတို႔သိထားေသာအဆိပ္သင့္သီးႏွံ မ်ားကို သံဃာေတာ္မ်ားကို မဆက္ကပ္ခ်င္သည္ကို စာရႈသူတို႔ရိပ္စားမိမည္ဟုထင္ပါသည္။

ပထမပိုင္းပါ ဧရာဝတီဖေလာ္တီလာကို ယေန႔ ျမစ္ ေခ်ာင္းမ်ားဖြံ႕ၿဖိဳးတိုးတက္ေရးဦးစီးဌာနက အေမြ ဆက္ခံၿပီး ျမစ္ေၾကာင္းထိန္း၊ ေထြအုပ္ႏွင့္ ရဲတပ္ဖြဲ႕ ဌာနအသီးသီးမွ အရာရွိမ်ားပါေသာအဖြဲ႕သည္ ပြင့္ လင္းရာသီအတြင္း ျမစ္ေၾကာင္းတစ္ေလွ်ာက္ ေစာင့္ ၾကပ္ၾကည့္ရႈစစ္ေဆးမႈကို တစ္လလွ်င္ သုံးေလးႀကိမ္ ျပဳလုပ္သည္။ မုတ္သုံရာသီ မိုးတြင္းမွာေတာ့ ရပ္နား သည္ဟု မႏၲေလးတိုင္းေဒသႀကီး DWIR ၫႊန္ၾကား ေရးမႉးကေျပာသည္။

တရားဝင္လိုင္စင္မရွိဘဲ ျမစ္၊ သဲေက်ာက္ ထုတ္လုပ္သူမ်ားကို ၂၀ဝ၆ ျမစ္မ်ားႏွင့္ ေရအရင္း အျမစ္ ထိန္းသိမ္းေရးဥပေဒအရ တရားစြဲဆိုေၾကာင္း၊ ၂၀၁၇ အတြင္း မႏၲေလးတိုင္းေဒသႀကီးတြင္ တရား မဝင္ ထုတ္ယူမႈ ေျခာက္ခု၊ ခုနစ္ခု ေတြ႕ရွိခဲ့ရေၾကာင္း၊ အမ်ားစုမွာ မႏၲေလးအထက္၊ ဧရာဝတီျမစ္လက္ တက္မ်ားရွိ မတၱရာႏွင့္ စဥ့္ကူအနီးတစ္ဝိုက္တြင္ျဖစ္ ေၾကာင္း ၎ကေျပာသည္။ သက္ဆိုင္ရာအာဏာပိုင္ ေထြအုပ္ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉးက “တရားမဝင္ ေသာင္တူးမႈေတြက ျမစ္လက္တက္ေတြမွာျဖစ္တာ မ်ားပါတယ္။ ျမစ္ေၾကာင္းထဲမွာ ဘယ္သူမဆို လြယ္ လြယ္ကူကူ ျမင္ေတြ႕ႏိုင္တာကိုး။ ဒါေပမဲ့ ကြၽန္ေတာ္တို႔ အုပ္ခ်ဳပ္ေရးနယ္ေျမမွာ မိုင္ ၃၄၀ (၅၄၇ ကီလိုမီတာ) ေလာက္ရွိေနေတာ့ တရားမဝင္ တူးေဖာ္ေနမႈေတြ ဘယ္ေလာက္အထိရွိေနမယ္ဆိုတာ အတိအက် မသိႏိုင္ပါ။ ဤလုပ္ငန္းသည္ အလြန္စီးပြားျဖစ္ေသာ လုပ္ငန္းျဖစ္သည္။ ကမာၻ႔ဘဏ္၏အစီရင္ခံစာအရ ၂၀၁၇ ခုႏွစ္တြင္ ေဆာက္လုပ္ေရးက႑အတြက္ ကုန္ၾကမ္းရွာေဖြေရာင္းခ်မႈသည္ အေမရိကန္ေဒၚလာ (၄)ဘီလ်ံခန႔္ရွိရာ ျမန္မာႏိုင္ငံ ဂ်ီဒီပီ၏ (၅ ဒသမ ၇) ရာခိုင္ႏႈန္းရွိသည္"ဟုဆိုပါသည္။

ယေန႔ထိ ဧရာဝတီျမစ္ထဲက သယံဇာတ တို႔ကို မည့္သည့္ႏႈန္းျဖင့္ ထုတ္ယူေနသည္ဆိုသည့္ အခ်က္အလက္မ်ား အစိုးရအဆက္ဆက္က ေကာက္ ယူျခင္း၊ တြက္ခ်က္ထားျခင္း မရွိေခ်။ သို႔ေသာ္ ကမာၻ႔ ေတာ႐ိုင္းတိရစာၦန္ရန္ပုံေငြအဖြဲ႕ (World Wildlife Fund) အဖြဲ႕၏ ခန႔္မွန္းတြက္ခ်က္မႈအရ တစ္ႏွစ္လွ်င္ တန္ သန္းေပါင္း ၂၀ ခန႔္အနည္းဆုံးရွိမည္ဟုဆိုသည္။ ထိုပမာဏမွာ ဧရာဝတီက ႏွစ္စဥ္ပို႔ခ်ေနေသာ အနည္ အႏွစ္အားလုံး၏ ၁၀ ရာခိုင္ႏႈန္းရွိသည္။ ယင္းသည္ ျမစ္အလယ္ပိုင္းတြင္ အနည္အႏွစ္အလြန္မ်ားေသာ ထူးျခားအေျခအေနတစ္ရပ္ကို ဖန္တီးေပးသည္။ သို႔ ျဖင့္ ေရလႊမ္းမိုးမႈကို ပိုမိုဆိုး႐ြားေစၿပီး ေရေၾကာင္းသြား လာမႈကို ခက္ခဲေစသည္။ သို႔ေသာ္ ျမစ္ေအာက္ပိုင္း၌ အနည္အလုံအေလာက္မရေတာ့ျခင္းေၾကာင့္ ျမစ္ ကမ္းၿပိဳျခင္းကိုျဖစ္ေပၚေစသည္။ အထူးသျဖင့္ မ ေကြး၊ ပဲခူးႏွင့္ ဧရာဝတီတိုင္းေဒသႀကီးတို႔တြင္ ျဖစ္ ေပၚေနသည္။

ျမစ္ေရတိုက္စားမႈအခ်ိဳ႕သည္ သူ႔သဘာဝ အေလ်ာက္ျဖစ္ေနၾကသည္မွန္ေသာ္လည္း ျမစ္ ေအာက္အေၾကအရပ္တြင္ ျမစ္ကမ္းပါးတိုက္စားမႈ အမ်ားအျပားမွာ ျမစ္ထဲမွသဲႏွင့္ေက်ာက္စရစ္ အမ်ားအျပားထုတ္ယူေနမႈႏွင့္ ဆက္စပ္ေနသည္ဟု ဆိုလွ်င္လည္း ဆိုႏိုင္ေပသည္ဟု ကမာၻ႔ေတာ႐ိုင္း တိရစာၦန္ ရန္ပုံေငြအဖြဲ႕၊ မဟာမဲေခါင္အစီအစဥ္ (WWF Greater Mekong Programme)မွ မစၥတာ မာ့ခ္ဂိုးခ်တ္ (Mr. Muc Goichot) ကေျပာ သည္။ ႏုန္း အနည္အႏွစ္ပို႔ခ်မႈေလ်ာ့သြားသျဖင့္ ျမစ္ဝကြၽန္းေပၚေဒသတြင္ ႏိုင္ငံ၏အစားအစာလိုအပ္ ခ်က္ကို ျဖည့္ဆည္းေပးႏိုင္မည့္ အာဟာရ ရရွိမႈလည္း ေလ်ာ့က်သြားသည္။ အနည္အႏွစ္သည္ အစားအစာ ကြင္းဆက္တြင္ အလြန္အေရးပါေသာ အစိတ္အပိုင္း တစ္ခုျဖစ္သည္။ ငါးမ်ားအတြက္ အစာအာဟာရေပးၿပီး သီးႏွံမ်ားအတြက္ ေျမဩဇာေပးသည္ဟုဆိုပါသည္။

ျပည္သူ႔မ်က္ရည္မလဲႏိုင္သည့္ ျပည္သူ႔အစိုးရလက္ထက္ ျမန္မာ့အႀကီးဆုံးသဖန္းဆိပ္ဆည္နားက ေ႐ႊမိုင္းႀကီးမ်ား
ျပည္သူ႔အစိုးရ (NLD) လက္ထက္တြင္ စစ္ကိုင္းတိုင္းေဒသႀကီး မူးျမစ္ေပၚမွ ျမန္မာ့အႀကီးဆုံး သဖန္းဆိပ္ေရေလွာင္တမံႀကီးအနီးက တစ္ရက္ေ႐ႊ (၇)ပိႆာ ထြက္သည့္ အႀကီးဆုံးဟင္းလင္းဖြင့္ေ႐ႊမိုင္း ႀကီးမ်ားOpen Pit Mine (အသံစုံမီဒီယာေပၚမပါ။ သတင္း စာထဲမထည့္။ လႊတ္ေတာ္ထဲက အမတ္မင္း တို႔ကို အာေစးထည့္ထားသည့္ Open Pit အႀကီးမ်ား သတင္းကို သက္ဆိုင္ရာအႀကီးကဲမ်ားထံသို႔ ႏိုင္ငံ ေတာ္ႏွင့္ႏိုင္ငံသားတို႔မ်က္ႏွာအေပၚသာၾကည့္ၿပီး ေနျပည္ေတာ္ႏွင့္ စစ္ကိုင္းတိုင္းေဒသႀကီးအစိုးရသိေစရန္ အသက္ရန္ရွာမႈအမ်ိဳးမ်ိဳး ၿခိမ္းေျခာက္မႈေပါင္းစုံ ၾကားက အစီရင္ခံခဲ့သည္။

"မည္သည့္အစိုးရတက္တက္ ေ-ာက္ဂ႐ု စိုက္စရာမလိုဘူးဆိုသည့္ အမ်ိဳးသားသစၥာေဖာက္ခ ႐ိုနီမ်ား"ရဲ႕လုပ္ရပ္ကို ေဖာ္ထုတ္တင္ျပခဲ့ဖူးသည္။ ပုံပါ အတိုင္း သဖန္းဆိပ္ဆည္ထဲ ေရဝင္နည္းလို႔ပါဆိုၿပီး သတင္းေတြေဖာ္ျပထားသည့္ ဓာတ္ပုံအေပါင္းသည္Google Image တြင္ ထင္ရွားစြာရွာေဖြေတြ႕ႏိုင္ေသာ္ လည္း ေအာက္ေဖာ္ျပပါဓာတ္ပုံကေတာ့ အခုမွသာတင္ေပးလိုက္ရပါေၾကာင္းႏွင့္ ဧရာဝတီသတို႔သမီးႀကီး ၏က်စ္ဆံၿမီးကုန္ၾကမ္းမ်ား ေ႐ႊရွာဓာတုအဆိပ္အာ ဆင္းနစ္သင့္ သဲေသာင္မ်ားတြင္ အဆိပ္သင့္ေနသည္ မွာ ၾကာလွၿပီျဖစ္ပါေၾကာင္း ထပ္ေလာင္းသိေစအပ္ပါ သည္။

ယင္းအခ်က္ကို အိႏၵိယႏိုင္ငံ ပဲကုန္သည္ ႀကီးအသင္းက ျမန္မာ့ပဲမ်ိဳးစုံတြင္ အာဆင္းနစ္ပါဝင္ႏႈန္းကိုေျပာလာပါသည္။ ေ႐ႊမိုင္းမ်ားအဆိပ္သင့္ေန မႈမွ ခ်င္းတြင္းျမစ္ႀကီးအဆိပ္သင့္လာသည့္ ဆိုရွယ္ မီဒီယာေပၚတြင္ ျမင္လိုက္ဖူးပါေသာ "ဥ႐ုေခ်ာင္း အေရးေတာ္ပုံ"ဆိုသည့္ ပို႔စ္တစ္ခုပါဖူးပါသည္။ေနာက္တစ္ခုမွာ ဧရာဝတီျမစ္ဝွမ္းစပါးစိုက္ရာတြင္ သုံးေနသည့္ ႏိုက္ထရိတ္ဓာတ္ေျမဩဇာစုစုေပါင္း၏ တစ္ဝက္သည္ အပူပိုင္းေဒသ မိုးေခါင္ေရရွားရပ္တြင္ သုံးေနၿပီး ဧရာဝတီျမစ္ေရထဲသို႔ မိုးတြင္းတြင္ စီးဝင္ ေနရာ လူတို႔ေသာက္သုံးေရတြင္ႏိုက္ထရိတ္ဓာတ္ မ်ားစြာပါဝင္ေနပါသည္။

ယင္းလိုေရမ်ိဳးကိုေသာက္မိသည့္ မိခင္ သည္ မိမိကေလးကို အသက္ေျခာက္လမျပည့္မီ အသက္ဆုံးေစသည့္ေရာဂါဆိုးကို အေမြေပးမိပါေတာ့ သည္။ ယင္းေရာဂါမွာ ကေလးျပာ(Blue Baby Syndrome Disease) ျဖစ္ပါေတာ့သည္။ ယင္း ေရာဂါျဖစ္ေစသည္ကို မိခင္ႏို႔တိုက္ရာမွျဖစ္သည့္အ တြက္ မိခင္က ႏို႔ဘီလူးရွိသည္ဟု အထင္မွားစကား ရွိသည္။ မည္သို႔ပင္ဆိုေစကာမူ ျမန္မာႏိုင္ငံ၏ ရာဇ ဝင္ထဲကသတို႔သမီးႀကီး၏ မဟာေမတၱာ မဟာက႐ုဏာ သည္ ဤေနရာတြင္မေတာ့ စည္းမရွိကမ္းမရွိ ျဖစ္ခ်င္ တိုင္း သုံးခ်င္တိုင္း သုံးခဲ့ၾက သုံးေနၾကသည့္ ႏိုက္ထ ရိတ္ဓာတ္ႂကြင္းမ်ား၏ ႏို႔ဘီလူး (Milk Monster) ဘဝသို႔ေရာက္ရေနသည္ကို စာရႈသူတို႔ ဆက္စပ္ေတြး ႏိုင္ၾကပါေပသည္။

အထက္ပါအေၾကာင္းအရာအားလုံးသည္ ေျမာက္ျမားလွစြာေသာ စာေရးသူတို႔၏ စားရမွာလည္း သဲတရွပ္ရွပ္ လႊတ္ပစ္လွ်င္လည္း အဆီႏွင့္ဝင္းဝင္း ဘဝသို႔ေရာက္ေနသည့္ ဆုပ္စူးစား႐ူး၊ သဘာဝ ပတ္ ဝန္းက်င္အေပၚသစၥာမဲ့ခဲ့သူ အက်ိဳးတူလုပ္ငန္းရွင္ မ်ား တစ္ကိုယ္ေကာင္းသမား ပြဲစားကုမၸဏီမ်ားႏွင့္အာ ဏာရတုန္း အျမန္က်ဳံးခဲ့ၾကပါေသာ ႏိုင္ငံေရးသမား အခ်ိဳ႕၏ မ်က္စိတစ္ဆုံးမၾကည့္ ဧရာဝတီျမစ္ႀကီးကိုအဆိပ္သင့္ေစခဲ့ပါေသာ တရားမဝင္လုပ္ရပ္အခ်ိဳ႕သာ ျဖစ္ပါသည္။ ႏိုင္ငံေတာ္ႏွင့္ႏိုင္ငံသားမ်ားအက်ိဳးအတြက္ မည္သည့္ျပစ္မႈမွ မေဆြးပါေခ်၊ အခ်ိန္တန္ပါၿပီ။

အပိုင္း(၇) ဇာတ္သိမ္းကို ဆက္လက္ဖတ္ရႈပါရန္

Related news

© 2021. All rights reserved.