K-pop အဖွဲ့ (G)I-dle ရဲ့ စတိတ်စင်ဝတ်စုံတွေမှာ ကြက်ခြေနီသင်္ကေတကို အသုံးပြုခဲ့တဲ့အတွက် အေဂျင်စီမှ ပြန်တောင်းပန်ရ

 134

ရောင်နီ (NP News) - ဇူလိုင် ၂၄

တောင်ကိုရီးယားအမျိုးသမီးတေးဂီတK-pop အဖွဲ့ (G)I-dle ရဲ့ သောကြာနေ့ (ဇူလိုင် ၁၉ ရက် ) က အဖွဲ့ရဲ့ နောက်ဆုံးထွက်သီချင်း Klaxon ကို promote လုပ်ဖို့အတွက် တောင်ကိုရီးယားတေးဂီတရှိုး Music Bank စင်မြင့်မှာ ဖျော်ဖြေခဲ့ပါတယ်။ ဒါပေမယ့် အဲဒီဖျော်ဖြေပွဲမှာ ဝတ်ဆင်ခဲ့တဲ့ဝတ်စုံတွေနဲ့ပတ်သက်ပြီး အငြင်းပွားမှုတွေ ဖြစ်ပွား လာခြင်းကြောင့် အဖွဲ့ရဲ့အေဂျင်စီ Cube Entertainment က ပြန်လည်တောင်းပန်ခဲ့ရပါတယ်။

ဖျော်ဖြေပွဲမှာ (G)I-dle အဖွဲ့ဝင်တွေ ဝတ်ဆင်တဲ့ဝတ်စုံတွေဟာ ကြက်ခြေနီ တံဆိပ်တွေ ပါနေတာကြောင့် အပျက် သဘောဆောင်တဲ့မှတ်ချက်တွေ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်ပါတယ်။ တောင်ကိုရီးယားနိုင်ငံရဲ့ အမျိုးသားကြက်ခြေနီ အက်ဥပဒေ ပုဒ်မ ၂၅ အရ “ကြက်ခြေနီမဟုတ်သူ (သို့မဟုတ်) စစ်ဘက်ဆေးဘက်ဆိုင်ရာအဖွဲ့အစည်း (သို့မဟုတ်) ကြက်ခြေနီအသင်းထံမှ ခွင့်ပြုချက်မရရှိသူ မည်သူမဆို ကြက်ခြေနီတံဆိပ် (သို့မဟုတ်) ယင်းနှင့် အလားတူတဲ့ အမှတ်တံဆိပ်တွေကို အသုံးမပြုရ၊ စီးပွားရေး သို့မဟုတ် ကြော်ငြာရည်ရွယ်ချက်အတွက် မသုံးရ" ဆိုတဲ့ အချက် ပါဝင်နေပြီး ပုဒ်မကို ဖောက်ဖျက်ရင် ဝမ် ၁၀ သန်းထက်မပိုတဲ့ ငွေဒဏ် ချမှတ်နိုင်ပါတယ်။ ဒါပေမယ့် Cube အေဂျင်စီက ဒီလုပ်ရပ်ကို မရည်ရွယ်ဘဲပြုလုပ်ခဲ့တယ်လို့ ဆိုထားတာကြောင့် ဒဏ်ငွေ ချမှတ်ခံရမှာတော့ မဟုတ် ဘူးလို့ သိရပါတယ်။
ဒါပေမယ့် Cube Entertainment ကလည်း ဒီဖြစ်ရပ်အတွက် ဇူလိုင်လ ၂၂ ရက်မှာ ဆိုရှယ်မီဒီယာပလပ်ဖောင်း X မှာ တောင်းပန်ခဲ့ပါတယ်။

Zawgyi Version;
K-pop အဖြဲ႕ (G)I-dle ရဲ႕ စတိတ္စင္ဝတ္စုံေတြမွာ ၾကက္ေျခနီသေကၤတကို အသုံးျပဳခဲ့တဲ့အတြက္ ေအဂ်င္စီမွ ျပန္ေတာင္းပန္ရ
ေရာင္နီ (NP News) - ဇူလိုင္ ၂၄

ေတာင္ကိုရီးယားအမ်ိဳးသမီးေတးဂီတK-pop အဖြဲ႕ (G)I-dle ရဲ႕ ေသာၾကာေန႔ (ဇူလိုင္ ၁၉ ရက္ ) က အဖြဲ႕ရဲ႕ ေနာက္ဆုံးထြက္သီခ်င္း Klaxon ကို promote လုပ္ဖို႔အတြက္ ေတာင္ကိုရီးယားေတးဂီတရႈိး Music Bank စင္ျမင့္မွာ ေဖ်ာ္ေျဖခဲ့ပါတယ္။ ဒါေပမယ့္ အဲဒီေဖ်ာ္ေျဖပြဲမွာ ဝတ္ဆင္ခဲ့တဲ့ဝတ္စုံေတြနဲ႔ပတ္သက္ၿပီး အျငင္းပြားမႈေတြ ျဖစ္ပြား လာျခင္းေၾကာင့္ အဖြဲ႕ရဲ႕ေအဂ်င္စီ Cube Entertainment က ျပန္လည္ေတာင္းပန္ခဲ့ရပါတယ္။

ေဖ်ာ္ေျဖပြဲမွာ (G)I-dle အဖြဲ႕ဝင္ေတြ ဝတ္ဆင္တဲ့ဝတ္စုံေတြဟာ ၾကက္ေျခနီ တံဆိပ္ေတြ ပါေနတာေၾကာင့္ အပ်က္ သေဘာေဆာင္တဲ့မွတ္ခ်က္ေတြ ထြက္ေပၚလာခဲ့ျခင္း ျဖစ္ပါတယ္။ ေတာင္ကိုရီးယားႏိုင္ငံရဲ႕ အမ်ိဳးသားၾကက္ေျခနီ အက္ဥပေဒ ပုဒ္မ ၂၅ အရ “ၾကက္ေျခနီမဟုတ္သူ (သို႔မဟုတ္) စစ္ဘက္ေဆးဘက္ဆိုင္ရာအဖြဲ႕အစည္း (သို႔မဟုတ္) ၾကက္ေျခနီအသင္းထံမွ ခြင့္ျပဳခ်က္မရရွိသူ မည္သူမဆို ၾကက္ေျခနီတံဆိပ္ (သို႔မဟုတ္) ယင္းႏွင့္ အလားတူတဲ့ အမွတ္တံဆိပ္ေတြကို အသုံးမျပဳရ၊ စီးပြားေရး သို႔မဟုတ္ ေၾကာ္ျငာရည္႐ြယ္ခ်က္အတြက္ မသုံးရ" ဆိုတဲ့ အခ်က္ ပါဝင္ေနၿပီး ပုဒ္မကို ေဖာက္ဖ်က္ရင္ ဝမ္ ၁၀ သန္းထက္မပိုတဲ့ ေငြဒဏ္ ခ်မွတ္ႏိုင္ပါတယ္။ ဒါေပမယ့္ Cube ေအဂ်င္စီက ဒီလုပ္ရပ္ကို မရည္႐ြယ္ဘဲျပဳလုပ္ခဲ့တယ္လို႔ ဆိုထားတာေၾကာင့္ ဒဏ္ေငြ ခ်မွတ္ခံရမွာေတာ့ မဟုတ္ ဘူးလို႔ သိရပါတယ္။
ဒါေပမယ့္ Cube Entertainment ကလည္း ဒီျဖစ္ရပ္အတြက္ ဇူလိုင္လ ၂၂ ရက္မွာ ဆိုရွယ္မီဒီယာပလပ္ေဖာင္း X မွာ ေတာင္းပန္ခဲ့ပါတယ္။

Related news

© 2021. All rights reserved.