အင်ဒိုပစိတ်ဖိတ်ဒေသ ကြီးစိုးလွှမ်းမိုးရေး အိမ်နီးချင်း အင်အားကြီး နှစ်နိုင်ငံမဟာဗျူဟာမြောက် အားပြိုင်နေ

 1987

Htay Oung (NP News) - ဇူလိုင် ၂၉

တရုတ်နိုင်ငံရဲ့ သမုဒ္ဒရာဆိုင်ရာ သုတေသန သင်္ဘော “ကျန်းယန်ဟောင် -၀၃” ဟာ ဘင်္ဂလားပင်လယ်အော်အတွင်း ပုံမှန်လိုလို လှည့်လည်ရောက်ရှိနေတဲ့အတွက် ပင်လယ်ရေကြောင်းဆိုင်ရာ အငြင်းအခုံဖြစ်ဖွယ် အလား အလာများ ပေါ်ပေါက်လျက်ရှိပါတယ်။ တပြိုင်နက်တည်းမှာပဲ အိန္ဒိယနိုင်ငံက အဲ့ဒီ ဧရိယာရဲ့ဝေဟင်ရေပြင်မှာ ကျည်အစစ်နဲ့ ပစ်ခတ်စစ်ရေးလေ့ကျင့်မှာ ဖြစ်တဲ့အတွက် "လေယာဉ် မပျံသန်းရဇုန်"အဖြစ် သတ်မှတ်ကြောင်း လေကြောင်းပျံသန်းသူများအတွက် သတိပေးချက်(NOTAM)ကို ထုတ်ပြန် လိုက်တယ်လို့ “အိန္ဒိယကာကွယ်ရေးသုတေသနဌာနခွဲ”က ဇူလိုင်လ ၂၈ ရက်တွင် ရေးပါတယ်။

အိန္ဒိယ ကာကွယ်ရေးသုတေသနဌာန IDRW ဆိုတာ RAW လို့ ခေါ်တဲ့ အိန္ဒိယပြည်ပထောက်လှမ်းရေး အေဂျင်စီရဲ့ ဌာနခွဲတစ်ခုဖြစ်ပြီး ၂၀၁၆-ခုနှစ်မှာ ဖွဲ့စည်းခဲ့ပါတယ်။ သတင်းမီဒီယာတိုံ ရေးသားဖော်ပြ ချက်များအနက် အမျိုးသားကာကွယ်ရေးဆိုင်ရာ သတင်းအချက်အလက်များအပေါ် တုန့်ပြန်ဖို့ ရည်ရွယ် ပြီး အွန်လိုင်း သတင်းပြန်ကြားမှုများလည်း ဆောင်ရွက်ပါတယ်။တရုတ်သုတေသနသင်္ဘော သွားလာနေတဲ့ ရေပြင်နဲ့ အိန္ဒိယရေတပ်က ပစ်ခတ်မှု လေ့ကျင့်မယ်ဆိုတဲ့နေရာဟာ ရေမိုင် ၁၂၀ မျှသာကွာဝေးပါတယ်။ စစ်ရေး သတင်းများ ထောက်လှမ်းစုဆောင်းနေဖွယ်ရှိတဲ့ တ ရုတ်သင်္ဘောရဲ့ အနီးအနားမှာကပ်ပြီး အိန္ဒိယက စစ်ရေးပစ်ခတ်လေ့ကျင့်မယ့် အစီအစဉ်ဟာ နျူကလီယာ လက်နက်ပိုင် အိမ်နီးချင်း စစ်အင်အားကြီး နှစ်နိုင်ငံအကြား အံ့သြ ရင်ထိတ်စရာ အခြေအနေပဲဖြစ်ပါတယ်။ ပေကျင်းကတော့ သူတို့ ရေယာဉ်တွေဟာ အရပ်ဘက်သုတေသနလုပ်ငန်းများမှာ ပါဝင်လုပ်ဆောင်နေခြင်းဖြစ်ကြောင်း အစဉ်တစ်စိုက် ပြောဆိုနေပါတယ်။ နယူးဒေလီကတော့ အဲ့ဒီ တရုတ်သင်္ဘောတွေဟာ အိန္ဒိယသမုဒ္ဒရာအတွင်း စစ်ရေးလှုပ်ရှားမှုများနဲ့ ပတ်သက်ပြီး ထောက်လှမ်းနေခြင်းဖြစ်ကြောင်း၊ အရပ် ဘက် အယောင်ဆောင် စစ်ထောက်လှမ်းရေး သင်္ဘောများအဖြစ် ယုံကြည်ထားဆဲဖြစ်ပြီး တရုတ်ရဲ့လှုပ်ရှားမှုများကို မျက်ခြည်မပြတ် စောင့်ကြည့်နေပါတယ်။

ယခုဖြစ်ရပ်ဟာ အင်ဒို-ပစိဖိတ်ဒေသအတွင်း ကြီးစိုးလွှမ်းမိုးရေး နိုင်ငံစလုံးက အစွမ်းကုန် ပြိုင်ဆိုင်ရာမှ အာ ရှ စစ်အင်အားကြီး နှစ်နိုင်ငံအကြား တင်းမာမှုများ မြင့်တက်နေချိန်မှာ ပေါ်ပေါက်လာခြင်း ဖြစ်ပါတယ်။ အိန္ဒိယရေတပ်ဟာ တရုတ်သင်္ဘောများရဲ့ လှုပ်ရှားမှုများကို အနီးကပ် စောင့်ကြည့်နေပြီး လုံခြုံရေးခြိမ်းခြောက်မှုများအတွက် အခြေအနေအရပ်ရပ်ကို အကဲ ဖြတ်လျက်ရှိပါတယ်။ တရုတ်သုတေသန သင်္ဘော (၈)စင်းက တစ်ပြိုင်နက်တည်း ရောက်ရှိနေပြီး အဲဒီအနီးမှာ အိန္ဒိယက ရေတပ်ပစ်ခတ်စစ်ရေးလေ့ကျင့်မယ်ဆိုခြင်းဟာ ဒေသတွင်းဗျူဟာမြောက် ပြိုင်ဆိုင်မှုပြင်းထန်လာခြင်းရဲ့ ထင်ရှားတဲ့ အရိပ်အယောင်ဖြစ်ကြောင်း ကျွမ်းကျင်သူများက ယုံကြည်ကြပါတယ်။ အဲဒီ အခြေအနေအပေါ် အိန္ဒိယရေတပ်ရဲ့ ယခုလို တုံ့ပြန်မှုဟာ နှစ်နိုင်ငံအကြား ရေကြောင်းဆက်ဆံရေးရဲ့ အနာဂတ် လမ်း ကြောင်းကို ဆုံးဖြတ်ရာမှာ အရေးပါလိမ့်မယ်လို့ ခန့်မှန်းကြပါတယ်။

(တရုတ်နဲ့ အိန္ဒိယနှစ်နိုင်ငံတို့ဟာ နှစ်ပေါင်းထောင်ချီကြာအောင် ငြိမ်းချမ်းတဲ့ ဆက်ဆံရေးမျိုး တည်ရှိခဲ့ပါ တယ်။ အရှေ့အနောက် ပိုးလမ်းမကြီးဟာ နှစ်နိုင်ငံအကြား အဓိက ကုန်သွယ်ရေးလမ်းကြောင်းဖြစ်ခဲ့ပြီး အိန္ဒိယမှ အာရှအရှေ့ပိုင်းတစ်ခွင် ဗုဒ္ဓဘာသာ ပြန့်ပွားရေးမှာ သမိုင်းမှတ်တိုင် ဖြစ်ခဲ့ပါတယ်။

ဒုတိယကမ္ဘာစစ်အပြီး ၁၉၄၇-ခုနှစ် ဗြိတိသျှကိုလိုနီလက်အောက်မှ လွတ်မြောက်လာတဲ့ အိန္ဒိယနဲ့ ၁၉၄၉-ခု နှစ် တရုတ်နိုင်ငံမှာ ကွန်မြူနစ်ပါတီ အာဏာရရှိလာပြီးနောက်ပိုင်း နှစ်နိုင်ငံ ဆက်ဆံရေးဟာ မတည်မငြိမ် ဖြစ်လာခဲ့ပါတယ်။ ၁၉-ရာစု ဗြိတိသျှအရှေ့အိန္ဒိယကုမ္ပဏီဟာ အိန္ဒိယကို ခြေကုပ်ယူပြီး တရုတ်ပြည်တွင်း ဘိန်းကုန်ကူးခဲ့ခြင်း၊ ဂျပန်ကျူးကျော်မှုကို တွန်းလှန်ဖို့ မြန်မာနိုင်ငံကို ဖြတ်သန်းပြီး ချန်ကေရှိတ်အစိုးရကို လက်နက်ခဲယမ်းထောက်ပံ့ပေးခဲ့ခြင်းဟာ မျက်မှောက်ခေတ် တရုတ်တို့အတွက် မေ့မရနိုင်ပဲ ရှိခဲ့ပါတယ်။

၁၉၅၀-ခုနှစ် နှစ်နိုင်ငံ သံတမန်ဆက်ဆံရာမှာ နယူးဒေလီက ပေကျင်းကိုရော ထိုင်ဝမ်ကိုပါ အသိအမှတ်ပြု ခဲ့ပါတယ်။ ကမ္ဘ့ာ့လူဦးရေအများဆုံး နိုင်ငံကြီး နှစ်နိုင်ငံဟာ လျင်မြန်စွာ ကြီးထွားလာနေတဲ့ စစ်ရေး-စီးပွား ရေးမှာ ပြိုင်ဘက်များ ဖြစ်လာကြပါတယ်။ ခေတ်သစ်တရုတ်နဲ့ အိန္ဒိယတို့အကြား ဆက်ဆံရေးတင်းမာ ရခြင်းရဲ့ အဓိက အချက်ဟာ နှစ်နိုင်ငံ နယ်နိမိတ်အငြင်းပွားမှုများပဲ ဖြစ်ပါတယ်။ နှစ်နိုင်ငံအကြား တည်ရှိ နေတဲ့ တိဗက်ကို ၁၉၅၁-ခုနှစ် တရုတ်က တိုက်ခိုက်သိမ်းပိုက်လိုက်တဲ့အခါ နယူးဒေလီရဲ့ စိုးရိမ်မှုဟာ အထွဋ်အထိပ်ကို ရောက်ရှိသွားပါတယ်။

ပေကျင်းဘက်က ကြည့်လျှင်လည်း တိဗက်အုပ်ချုပ်သူဟောင်း ဒလိုင်းလားမားကို နယူးဒေလီက လက်ခံ ထားခြင်း၊ အိန္ဒိယကို ခြေကုပ်ယူထားတဲ့ တိဗက်ပြည်ပြေးများက အနောက်နိုင်ငံများနဲ့ ဆက်သွယ်ပြီး တရုတ်ဆန့်ကျင်ရေးများ လုပ်ဆောင်လာခြင်းဟာ မကျေနပ်နိုင်စရာ ဖြစ်နေပါတယ်။အထူးသဖြင့် ဗြိတိသျှအိန္ဒိယအစိုးရလက်ထက် အင်္ဂလိပ်တို့ ရေးဆွဲခဲ့တဲ့ မက်မဟွန်နယ်ခြားမျဉ်းကို ပေကျင်း က လက်မခံနိုင်ပဲ ရှိနေခဲ့ပြီး နှစ်နိုင်ငံနယ်ခြား အငြင်းပွားမှုများဟာ ပိုမိုပြင်းထန်လာပါတယ်။ ဒီအတွက် ၁၉၆၂-ခုနှစ်မှာ အိမ်နီးချင်းနှစ်နိုင်ငံအကြား အတိအလင်း စစ်ခင်းခဲ့ကြပါတယ်။ တစ်လကျော်အကြာမှာ အပစ်အခတ် တရားဝင်ရပ်စဲခဲ့တယ်ဆိုပေမယ့် နှစ်နိုင်ငံနယ်ခြားတစ်လျောက် အပြန်အလှန် ပစ်ခတ်မှုများ နှစ်အတော်ကြာအောင် ဖြစ်ပွားခဲ့ပါတယ်။

တရုတ်က အုပ်ချုပ်နေတဲ့ ဟိမဝန္တာတောင်တန်းဒေသ အတ်ဆိုင်ချင်းနယ်မြေကို သူတို့ပိုင်အဖြစ် အိန္ဒိယက တောင်းဆိုနေပြီး မြန်မာနိုင်ငံ ကချင်ပြည်နယ် အနောက်ပိုင်းနဲ့ ထိစပ်နေတဲ့ အိန္ဒိယ အာရူနာချယ် ပရာ ဒက်ရှ် ပြည်နယ် အစိတ်အပိုင်း အချို့ဟာ သူတို့ပိုင် တောင်တိဗက်ဒေသဖြစ်ကြောင်း တရုတ်က ကြေညာထားပါတယ်။

၄၅ နှစ်ခန့်ကြာ သေနတ်သံ တိတ်ဆိတ်နေခဲ့တဲ့ နယ်ခြားဒေသ “ အမှန်တကယ်ထိန်းချုပ်မျဉ်း” LAC နဲ့ ကပ်ပြီး နယူးဒေလီက ကားလမ်းများ ဖောက်လုပ်ခြင်းကို ပေကျင်းက ကန့်ကွက်နေပြီး နယ်စပ်တစ် လျောက် တရုတ်ဘက်မှာ လူနေကျေးရွာများ ထူးထောင်လာခြင်းကိုလည်း အိန္ဒိယက စိုးရိမ်နေပါတယ်။

၂၀၂၀- ၂၀၂၁ ခုနှစ်များမှာ နှစ်ဘက်ရန်စောင်နေတဲ့ နယ်ခြားစောင့် စစ်တပ်အချင်းချင်း ကျောက်ခဲ သစ် သားတုတ်များကို အသုံးပြုပြီး လုံးထွေး သတ်ပုတ်ခဲ့ကြပါတယ်။ ဟိမဝန္တာတောင်ပေါ်ဒေသ ဂယ်လွမ်ချိုင့် ဝှမ်းဒေသ ခိုက်ရန်ဖြစ်ပွားမှုများမှာ အိန္ဒိယဘက်က စစ်သား ၂၀ ကျော်နဲ့ တရုတ်စစ်သား ၄၀ ကျော်သေ ဆုံးတယ်လို့ နိုင်ငံတကာ မီဒီယာများက ဖော်ပြခဲ့ကြပေမယ့် ပေကျင်းက တရားဝင် သတင်း ထုတ်ပြန်ခြင်း မရှိခဲ့ပါဘူး။ ဒီအဖြစ်အပျက်ဟာ နှစ်စလုံးကို ယနေ့တိုင် ခြောက်လှန့်နေပါတယ်။

ဘူတန်နိုင်ငံ အရှေ့ဘက် အာရူနာချယ်ပရာဒက်ရှ်ပြည်နယ် တာဝမ်းမြို့အနီးမှာ ရေခဲဖုံး တောင်တန်းများ အောက် ကမ္ဘာ့အရှည်ဆုံး နှစ်လမ်းသွားဥမင်ကို အိန္ဒိယက ဖောက်လုပ်ခဲ့ပါတယ်။ အာသံပြည်နယ်နဲ့ ချိတ်ဆက်နိုင်ပြီး နှစ်ဖက်တပ်များ ရန်စောင်နေတဲ့ LAC အရောက် ရာသီမရွေး ရိက္ခာခဲယမ်းများ ထောက်ပံ့နိုင်တဲ့ အဲ့ဒီဥမင်ဟာ ပေကျင်းအတွက် ရတတ်မအေးစရာပဲ ဖြစ်ပါတယ်။ နယူးဒေလီအတွက်ကလည်း အဲဒီမြို့ကလေးဟာ မြန်မာနိုင်ငံ ပူတာအိုမြို့မှ မိုင် ၃၀၀ ကျော်မျှသာဝေးကွာပြီး တရုတ်သြဇာလွှမ်းမိုးတဲ့ ကချင်လက်နက်ကိုင်များ ကြီးစိုးရာနယ်မြေရှိ တောင်ကြားလမ်း ၅-ခုနဲ့ ဆက်သွယ်နေခြင်းဟာ စိုးရိမ်စရာပဲ ဖြစ်ပါလိမ့်မယ်။ ။သတင်းဘာသာပြန်သူ၏ သုံးသပ်ချက်ဖြစ်ပါသည်။)

(IDRW., 28 July 2024,” Chinese research vessel and Indian Naval Exercise, A tense standoff in Bay of Bengal” ကို ဆီလျော်အောင် ဖြည့်စွက်ဘာသာပြန်ဆိုသည်။)

zawgyi version
အင္ဒိုပစိတ္ဖိတ္ေဒသ ႀကီးစိုးလႊမ္းမိုးေရး အိမ္နီးခ်င္း အင္အားႀကီး ႏွစ္ႏိုင္ငံ မဟာဗ်ဴဟာေျမာက္ အားၿပိဳင္ေန
Htay Oung (NP News) - ဇူလိုင္ ၂၉

တ႐ုတ္ႏိုင္ငံရဲ႕ သမုဒၵရာဆိုင္ရာ သုေတသန သေဘၤာ “က်န္းယန္ေဟာင္ -၀၃” ဟာ ဘဂၤလားပင္လယ္ေအာ္အတြင္း ပုံမွန္လိုလို လွည့္လည္ေရာက္ရွိေနတဲ့အတြက္ ပင္လယ္ေရေၾကာင္းဆိုင္ရာ အျငင္းအခုံျဖစ္ဖြယ္ အလား အလာမ်ား ေပၚေပါက္လ်က္ရွိပါတယ္။ တၿပိဳင္နက္တည္းမွာပဲ အိႏၵိယႏိုင္ငံက အဲ့ဒီ ဧရိယာရဲ႕ေဝဟင္ေရျပင္မွာ က်ည္အစစ္နဲ႔ ပစ္ခတ္စစ္ေရးေလ့က်င့္မွာ ျဖစ္တဲ့အတြက္ "ေလယာဥ္ မပ်ံသန္းရဇုန္"အျဖစ္ သတ္မွတ္ေၾကာင္း ေလေၾကာင္းပ်ံသန္းသူမ်ားအတြက္ သတိေပးခ်က္(NOTAM)ကို ထုတ္ျပန္ လိုက္တယ္လို႔ “အိႏၵိယကာကြယ္ေရးသုေတသနဌာနခြဲ”က ဇူလိုင္လ ၂၈ ရက္တြင္ ေရးပါတယ္။

အိႏၵိယ ကာကြယ္ေရးသုေတသနဌာန IDRW ဆိုတာ RAW လို႔ ေခၚတဲ့ အိႏၵိယျပည္ပေထာက္လွမ္းေရး ေအဂ်င္စီရဲ႕ ဌာနခြဲတစ္ခုျဖစ္ၿပီး ၂၀၁၆-ခုႏွစ္မွာ ဖြဲ႕စည္းခဲ့ပါတယ္။ သတင္းမီဒီယာတိုံ ေရးသားေဖာ္ျပ ခ်က္မ်ားအနက္ အမ်ိဳးသားကာကြယ္ေရးဆိုင္ရာ သတင္းအခ်က္အလက္မ်ားအေပၚ တုန႔္ျပန္ဖို႔ ရည္႐ြယ္ ၿပီး အြန္လိုင္း သတင္းျပန္ၾကားမႈမ်ားလည္း ေဆာင္႐ြက္ပါတယ္။တ႐ုတ္သုေတသနသေဘၤာ သြားလာေနတဲ့ ေရျပင္နဲ႔ အိႏၵိယေရတပ္က ပစ္ခတ္မႈ ေလ့က်င့္မယ္ဆိုတဲ့ေနရာဟာ ေရမိုင္ ၁၂၀ မွ်သာကြာေဝးပါတယ္။ စစ္ေရး သတင္းမ်ား ေထာက္လွမ္းစုေဆာင္းေနဖြယ္ရွိတဲ့ တ ႐ုတ္သေဘၤာရဲ႕ အနီးအနားမွာကပ္ၿပီး အိႏၵိယက စစ္ေရးပစ္ခတ္ေလ့က်င့္မယ့္ အစီအစဥ္ဟာ န်ဴကလီယာ လက္နက္ပိုင္ အိမ္နီးခ်င္း စစ္အင္အားႀကီး ႏွစ္ႏိုင္ငံအၾကား အံ့ၾသ ရင္ထိတ္စရာ အေျခအေနပဲျဖစ္ပါတယ္။ ေပက်င္းကေတာ့ သူတို႔ ေရယာဥ္ေတြဟာ အရပ္ဘက္သုေတသနလုပ္ငန္းမ်ားမွာ ပါဝင္လုပ္ေဆာင္ေနျခင္းျဖစ္ေၾကာင္း အစဥ္တစ္စိုက္ ေျပာဆိုေနပါတယ္။ နယူးေဒလီကေတာ့ အဲ့ဒီ တ႐ုတ္သေဘၤာေတြဟာ အိႏၵိယသမုဒၵရာအတြင္း စစ္ေရးလႈပ္ရွားမႈမ်ားနဲ႔ ပတ္သက္ၿပီး ေထာက္လွမ္းေနျခင္းျဖစ္ေၾကာင္း၊ အရပ္ ဘက္ အေယာင္ေဆာင္ စစ္ေထာက္လွမ္းေရး သေဘၤာမ်ားအျဖစ္ ယုံၾကည္ထားဆဲျဖစ္ၿပီး တ႐ုတ္ရဲ႕လႈပ္ရွားမႈမ်ားကို မ်က္ျခည္မျပတ္ ေစာင့္ၾကည့္ေနပါတယ္။

ယခုျဖစ္ရပ္ဟာ အင္ဒို-ပစိဖိတ္ေဒသအတြင္း ႀကီးစိုးလႊမ္းမိုးေရး ႏိုင္ငံစလုံးက အစြမ္းကုန္ ၿပိဳင္ဆိုင္ရာမွ အာ ရွ စစ္အင္အားႀကီး ႏွစ္ႏိုင္ငံအၾကား တင္းမာမႈမ်ား ျမင့္တက္ေနခ်ိန္မွာ ေပၚေပါက္လာျခင္း ျဖစ္ပါတယ္။ အိႏၵိယေရတပ္ဟာ တ႐ုတ္သေဘၤာမ်ားရဲ႕ လႈပ္ရွားမႈမ်ားကို အနီးကပ္ ေစာင့္ၾကည့္ေနၿပီး လုံၿခဳံေရးၿခိမ္းေျခာက္မႈမ်ားအတြက္ အေျခအေနအရပ္ရပ္ကို အကဲ ျဖတ္လ်က္ရွိပါတယ္။ တ႐ုတ္သုေတသန သေဘၤာ (၈)စင္းက တစ္ၿပိဳင္နက္တည္း ေရာက္ရွိေနၿပီး အဲဒီအနီးမွာ အိႏၵိယက ေရတပ္ပစ္ခတ္စစ္ေရးေလ့က်င့္မယ္ဆိုျခင္းဟာ ေဒသတြင္းဗ်ဴဟာေျမာက္ ၿပိဳင္ဆိုင္မႈျပင္းထန္လာျခင္းရဲ႕ ထင္ရွားတဲ့ အရိပ္အေယာင္ျဖစ္ေၾကာင္း ကြၽမ္းက်င္သူမ်ားက ယုံၾကည္ၾကပါတယ္။ အဲဒီ အေျခအေနအေပၚ အိႏၵိယေရတပ္ရဲ႕ ယခုလို တုံ႔ျပန္မႈဟာ ႏွစ္ႏိုင္ငံအၾကား ေရေၾကာင္းဆက္ဆံေရးရဲ႕ အနာဂတ္ လမ္း ေၾကာင္းကို ဆုံးျဖတ္ရာမွာ အေရးပါလိမ့္မယ္လို႔ ခန႔္မွန္းၾကပါတယ္။

(တ႐ုတ္နဲ႔ အိႏၵိယႏွစ္ႏိုင္ငံတို႔ဟာ ႏွစ္ေပါင္းေထာင္ခ်ီၾကာေအာင္ ၿငိမ္းခ်မ္းတဲ့ ဆက္ဆံေရးမ်ိဳး တည္ရွိခဲ့ပါ တယ္။ အေရွ႕အေနာက္ ပိုးလမ္းမႀကီးဟာ ႏွစ္ႏိုင္ငံအၾကား အဓိက ကုန္သြယ္ေရးလမ္းေၾကာင္းျဖစ္ခဲ့ၿပီး အိႏၵိယမွ အာရွအေရွ႕ပိုင္းတစ္ခြင္ ဗုဒၶဘာသာ ျပန႔္ပြားေရးမွာ သမိုင္းမွတ္တိုင္ ျဖစ္ခဲ့ပါတယ္။

ဒုတိယကမာၻစစ္အၿပီး ၁၉၄၇-ခုႏွစ္ ၿဗိတိသွ်ကိုလိုနီလက္ေအာက္မွ လြတ္ေျမာက္လာတဲ့ အိႏၵိယနဲ႔ ၁၉၄၉-ခု ႏွစ္ တ႐ုတ္ႏိုင္ငံမွာ ကြန္ျမဴနစ္ပါတီ အာဏာရရွိလာၿပီးေနာက္ပိုင္း ႏွစ္ႏိုင္ငံ ဆက္ဆံေရးဟာ မတည္မၿငိမ္ ျဖစ္လာခဲ့ပါတယ္။ ၁၉-ရာစု ၿဗိတိသွ်အေရွ႕အိႏၵိယကုမၸဏီဟာ အိႏၵိယကို ေျခကုပ္ယူၿပီး တ႐ုတ္ျပည္တြင္း ဘိန္းကုန္ကူးခဲ့ျခင္း၊ ဂ်ပန္က်ဴးေက်ာ္မႈကို တြန္းလွန္ဖို႔ ျမန္မာႏိုင္ငံကို ျဖတ္သန္းၿပီး ခ်န္ေကရွိတ္အစိုးရကို လက္နက္ခဲယမ္းေထာက္ပံ့ေပးခဲ့ျခင္းဟာ မ်က္ေမွာက္ေခတ္ တ႐ုတ္တို႔အတြက္ ေမ့မရႏိုင္ပဲ ရွိခဲ့ပါတယ္။

၁၉၅၀-ခုႏွစ္ ႏွစ္ႏိုင္ငံ သံတမန္ဆက္ဆံရာမွာ နယူးေဒလီက ေပက်င္းကိုေရာ ထိုင္ဝမ္ကိုပါ အသိအမွတ္ျပဳ ခဲ့ပါတယ္။ ကမၻ့ာ့လူဦးေရအမ်ားဆုံး ႏိုင္ငံႀကီး ႏွစ္ႏိုင္ငံဟာ လ်င္ျမန္စြာ ႀကီးထြားလာေနတဲ့ စစ္ေရး-စီးပြား ေရးမွာ ၿပိဳင္ဘက္မ်ား ျဖစ္လာၾကပါတယ္။ ေခတ္သစ္တ႐ုတ္နဲ႔ အိႏၵိယတို႔အၾကား ဆက္ဆံေရးတင္းမာ ရျခင္းရဲ႕ အဓိက အခ်က္ဟာ ႏွစ္ႏိုင္ငံ နယ္နိမိတ္အျငင္းပြားမႈမ်ားပဲ ျဖစ္ပါတယ္။ ႏွစ္ႏိုင္ငံအၾကား တည္ရွိ ေနတဲ့ တိဗက္ကို ၁၉၅၁-ခုႏွစ္ တ႐ုတ္က တိုက္ခိုက္သိမ္းပိုက္လိုက္တဲ့အခါ နယူးေဒလီရဲ႕ စိုးရိမ္မႈဟာ အထြဋ္အထိပ္ကို ေရာက္ရွိသြားပါတယ္။

ေပက်င္းဘက္က ၾကည့္လွ်င္လည္း တိဗက္အုပ္ခ်ဳပ္သူေဟာင္း ဒလိုင္းလားမားကို နယူးေဒလီက လက္ခံ ထားျခင္း၊ အိႏၵိယကို ေျခကုပ္ယူထားတဲ့ တိဗက္ျပည္ေျပးမ်ားက အေနာက္ႏိုင္ငံမ်ားနဲ႔ ဆက္သြယ္ၿပီး တ႐ုတ္ဆန႔္က်င္ေရးမ်ား လုပ္ေဆာင္လာျခင္းဟာ မေက်နပ္ႏိုင္စရာ ျဖစ္ေနပါတယ္။အထူးသျဖင့္ ၿဗိတိသွ်အိႏၵိယအစိုးရလက္ထက္ အဂၤလိပ္တို႔ ေရးဆြဲခဲ့တဲ့ မက္မဟြန္နယ္ျခားမ်ဥ္းကို ေပက်င္း က လက္မခံႏိုင္ပဲ ရွိေနခဲ့ၿပီး ႏွစ္ႏိုင္ငံနယ္ျခား အျငင္းပြားမႈမ်ားဟာ ပိုမိုျပင္းထန္လာပါတယ္။ ဒီအတြက္ ၁၉၆၂-ခုႏွစ္မွာ အိမ္နီးခ်င္းႏွစ္ႏိုင္ငံအၾကား အတိအလင္း စစ္ခင္းခဲ့ၾကပါတယ္။ တစ္လေက်ာ္အၾကာမွာ အပစ္အခတ္ တရားဝင္ရပ္စဲခဲ့တယ္ဆိုေပမယ့္ ႏွစ္ႏိုင္ငံနယ္ျခားတစ္ေလ်ာက္ အျပန္အလွန္ ပစ္ခတ္မႈမ်ား ႏွစ္အေတာ္ၾကာေအာင္ ျဖစ္ပြားခဲ့ပါတယ္။

တ႐ုတ္က အုပ္ခ်ဳပ္ေနတဲ့ ဟိမဝႏၲာေတာင္တန္းေဒသ အတ္ဆိုင္ခ်င္းနယ္ေျမကို သူတို႔ပိုင္အျဖစ္ အိႏၵိယက ေတာင္းဆိုေနၿပီး ျမန္မာႏိုင္ငံ ကခ်င္ျပည္နယ္ အေနာက္ပိုင္းနဲ႔ ထိစပ္ေနတဲ့ အိႏၵိယ အာ႐ူနာခ်ယ္ ပရာ ဒက္ရွ္ ျပည္နယ္ အစိတ္အပိုင္း အခ်ိဳ႕ဟာ သူတို႔ပိုင္ ေတာင္တိဗက္ေဒသျဖစ္ေၾကာင္း တ႐ုတ္က ေၾကညာထားပါတယ္။

၄၅ ႏွစ္ခန႔္ၾကာ ေသနတ္သံ တိတ္ဆိတ္ေနခဲ့တဲ့ နယ္ျခားေဒသ “ အမွန္တကယ္ထိန္းခ်ဳပ္မ်ဥ္း” LAC နဲ႔ ကပ္ၿပီး နယူးေဒလီက ကားလမ္းမ်ား ေဖာက္လုပ္ျခင္းကို ေပက်င္းက ကန႔္ကြက္ေနၿပီး နယ္စပ္တစ္ ေလ်ာက္ တ႐ုတ္ဘက္မွာ လူေနေက်း႐ြာမ်ား ထူးေထာင္လာျခင္းကိုလည္း အိႏၵိယက စိုးရိမ္ေနပါတယ္။

၂၀၂၀- ၂၀၂၁ ခုႏွစ္မ်ားမွာ ႏွစ္ဘက္ရန္ေစာင္ေနတဲ့ နယ္ျခားေစာင့္ စစ္တပ္အခ်င္းခ်င္း ေက်ာက္ခဲ သစ္ သားတုတ္မ်ားကို အသုံးျပဳၿပီး လုံးေထြး သတ္ပုတ္ခဲ့ၾကပါတယ္။ ဟိမဝႏၲာေတာင္ေပၚေဒသ ဂယ္လြမ္ခ်ိဳင့္ ဝွမ္းေဒသ ခိုက္ရန္ျဖစ္ပြားမႈမ်ားမွာ အိႏၵိယဘက္က စစ္သား ၂၀ ေက်ာ္နဲ႔ တ႐ုတ္စစ္သား ၄၀ ေက်ာ္ေသ ဆုံးတယ္လို႔ ႏိုင္ငံတကာ မီဒီယာမ်ားက ေဖာ္ျပခဲ့ၾကေပမယ့္ ေပက်င္းက တရားဝင္ သတင္း ထုတ္ျပန္ျခင္း မရွိခဲ့ပါဘူး။ ဒီအျဖစ္အပ်က္ဟာ ႏွစ္စလုံးကို ယေန႔တိုင္ ေျခာက္လွန႔္ေနပါတယ္။

ဘူတန္ႏိုင္ငံ အေရွ႕ဘက္ အာ႐ူနာခ်ယ္ပရာဒက္ရွ္ျပည္နယ္ တာဝမ္းၿမိဳ႕အနီးမွာ ေရခဲဖုံး ေတာင္တန္းမ်ား ေအာက္ ကမာၻ႔အရွည္ဆုံး ႏွစ္လမ္းသြားဥမင္ကို အိႏၵိယက ေဖာက္လုပ္ခဲ့ပါတယ္။ အာသံျပည္နယ္နဲ႔ ခ်ိတ္ဆက္ႏိုင္ၿပီး ႏွစ္ဖက္တပ္မ်ား ရန္ေစာင္ေနတဲ့ LAC အေရာက္ ရာသီမေ႐ြး ရိကၡာခဲယမ္းမ်ား ေထာက္ပံ့ႏိုင္တဲ့ အဲ့ဒီဥမင္ဟာ ေပက်င္းအတြက္ ရတတ္မေအးစရာပဲ ျဖစ္ပါတယ္။ နယူးေဒလီအတြက္ကလည္း အဲဒီၿမိဳ႕ကေလးဟာ ျမန္မာႏိုင္ငံ ပူတာအိုၿမိဳ႕မွ မိုင္ ၃၀၀ ေက်ာ္မွ်သာေဝးကြာၿပီး တ႐ုတ္ၾသဇာလႊမ္းမိုးတဲ့ ကခ်င္လက္နက္ကိုင္မ်ား ႀကီးစိုးရာနယ္ေျမရွိ ေတာင္ၾကားလမ္း ၅-ခုနဲ႔ ဆက္သြယ္ေနျခင္းဟာ စိုးရိမ္စရာပဲ ျဖစ္ပါလိမ့္မယ္။ ။သတင္းဘာသာျပန္သူ၏ သုံးသပ္ခ်က္ျဖစ္ပါသည္။)

(IDRW., 28 July 2024,” Chinese research vessel and Indian Naval Exercise, A tense standoff in Bay of Bengal” ကို ဆီေလ်ာ္ေအာင္ ျဖည့္စြက္ဘာသာျပန္ဆိုသည္။)

Related news

© 2021. All rights reserved.