ပြည်တွင်း၊ ပြည်ပ အလုပ်သမားရေးရာအတွက် ဝန်ကြီးဌာန ဘာလုပ်ပေးနေသလဲ (အပိုင်း-၂) (အင်တာ‌ဗျူး)

 826

ယွန်း(NP News) - ဩဂုတ် ၁

မေး ။ ။ အလုပ်လုပ်နေတဲ့လုပ်သားတွေထဲမှာ လယ်ယာစိုက်ပျိုးရေးမှာလုပ်တဲ့ လုပ်သားရာခိုင်နှုန်း၊ စက်ရုံလုပ်သား ရာခိုင်နှုန်း၊ ကုမ္ပဏီတွေမှာလုပ်နေတဲ့ လုပ်သား၊ သာမန် အခြေခံလုပ်သားတွေကို ကဏ္ဍအလိုက်ခွဲပြီးတော့ လေ့လာထားတာရှိလား။ ဘယ်လောက်ရှိလဲ။
ဖြေ ။ ။ ၂၀၂၀-၂၀၂၃ လုပ်သားအင်အားခန့်မှန်းစာရင်းအင်းများအရ ၂၀၂၃ ခုနှစ်တွင် လယ်ယာကဏ္ဍ ၌အလုပ်လုပ်ကိုင်သူ ၄၆.၅၈ ရာခိုင်နှုန်း၊ ဝန်ဆောင်မှု ကဏ္ဍတွင် ၃၅.၁၂ ရာခိုင်နှုန်း၊ စက်မှုကဏ္ဍတွင် ၁၈.၃ ရာခိုင်နှုန်းရှိပါသည်။ အပြည်ပြည်ဆိုင်ရာအလုပ် အကိုင်အမျိုးအစား (International Standard Classifications of Occupations, ISCO-2008) အရ ခွဲခြားလေ့လာထားသည့် အလုပ်အကိုင်များအနက် အခြေခံအလုပ်အကိုင်လုပ်ကိုင်သူ ၂၀.၉၉ ရာ ခိုင်နှုန်းရှိပါသည်။

မေး ။ ။ ဝန်ကြီးဌာနဘက်က အထက်ပါခေါင်းစဉ် များအလိုက် လုပ်ငန်းခွင်မှာ အလုပ်လုပ်နိုင်တဲ့ အလုပ်သမားမွေးထုတ်ပေးနိုင်မှုအချိုးအစား ဘယ်လောက်ရှိလဲ။
ဖြေ ။ ။ (က) ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် အလုပ်သမားညွှန်ကြားရေးဦးစီးဌာနအောက်ရှိ ကျွမ်း ကျင်မှု လေ့ကျင့်ရေးသင်တန်းကျောင်း(ရန်ကင်း၊ မြောက်ဒဂုံ၊ မန္တလေး၊ ပုသိမ်၊ စက်စဲ၊ ဘားအံနှင့် ပဲခူး) တို့တွင် လျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်း သင်တန်း၊ ဂဟေက်(မွမ်းမံ)သင်တန်း၊ မော်တော်ယာဉ် စက် ပြင်သင်တန်း၊ လေအေးပေးစက် တပ်ဆင်ပြုပြင်ခြင်း သင်တန်း၊ ဂဟေဆက်သင်တန်း၊ ကြွေပြားကပ်သင် တန်း၊ လျှပ်စစ်ပစ္စည်းပြုပြင်ထိန်းသိမ်းနည်းသင် တန်း၊ အခြေခံဆိုလာနည်းပညာနှင့် တပ်ဆင်ခြင်းသင် တန်း၊ မော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းနည်း သင်တန်း၊ Air Compressor ပြုပြင်ထိန်းသိမ်းနည်း သင်တန်း၊ အဆင့်မြင့် လျှပ်စစ်သွယ်တန်းတပ်ဆင် ခြင်းသင်တန်းနှင့် လူသုံးကုန်ပစ္စည်းထုတ်လုပ်သည့် နည်းပညာသင်တန်း၊ စုစုပေါင်း သင်တန်း (၁၂)မျိုးအ တွက် သင်တန်းသား (၁၃၁၇) ဦး ဖွင့်လှစ်ပို့ချပေးနိုင် ခဲ့ပါသည်။
(ခ) မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှုစံ သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့(NSSA) အနေဖြင့် အလုပ်အကိုင်အလိုက် ကျွမ်းကျင်မှုစစ်ဆေးအကဲ ဖြတ်လျက်ရှိရာ (၂၀၁၄) ခုနှစ်မှ ၁၉-၆-၂၀၂၄ ရက် နေ့အထိ အလုပ်အကိုင် (၅၂) မျိုးအတွက် ဖြေဆိုသူ (၂၈၉၂၃)ဦးတွင် ကျွမ်းကျင်လုပ်သား (၂၆၅၅၅) ဦး ကို မွေးထုတ်ပေးနိုင်ခဲ့သလို ၂၀၂၄-၂၀၂၅ ဘဏ္ဍာ ရေးနှစ်တွင် အလုပ်အကိုင် (၄၈) မျိုး၊ လုပ်သား (၅၀ဝဝ) ဦးကို စစ်ဆေးအကဲဖြတ်နိုင်ရေးလျာထား ခဲ့ပြီး ၁၉-၆-၂၀၂၄ ရက်နေ့အထိ ဖြေဆိုသူ (၄၀၉) ဦးတွင် ကျွမ်းကျင်လုပ်သား (၂၉၅) ဦးကို မွေးထုတ် နိုင်ခဲ့ပါသည်။

မေး ။ ။ စက်ရုံလုပ်သားအများဆုံးက ရန်ကုန်မှာ ဖြစ်တယ်လို့သိရတယ်။ ရန်ကုန်မှာ စက်ရုံလုပ်သား ဘယ်လောက်ရှိလဲ။ တခြားတိုင်းဒေသကြီးနဲ့ ပြည်နယ် တွေမှာ ဘယ်လောက်ရှိလဲ။ အခြေခံလုပ်အားခနှုန်း ထားကိုကော ဘယ်လောက်သတ်မှတ်ထားလဲ။
ဖြေ ။ ။ (က) အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနက နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး၊ မြေပြင် ကွင်းဆင်းခြင်းအစား ပြည်နယ်များတွင် နယ်မြေအ ခြေအနေအရ သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများဖြစ် သည့် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ စက်မှုဇုန်စီမံခန့်ခွဲရေး ကော်မတီ၊ အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနနှင့် စည်ပင်သာယာရေးကော်မတီထံမှ ညှိနှိုင်းစာရင်းကောက်ယူခဲ့ပြီး ရရှိလာသည့်အချက် အလက်များကို ရေးသားပြုစုထားသည့် ၂၀၂၃ ခုနှစ် ပိုင်ဆိုင်မှုကဏ္ဍအလိုက် အလုပ်သမား (၁) ဦးနှင့်အထက်ရှိသော ဆိုင်၊ အလုပ်ရုံ၊ အလုပ်ဌာနနှင့် အလုပ် သမားဦးရေစာရင်း အစီရင်ခံစာအရ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် အလုပ်သမားဦးရေစာရင်းများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

မှတ်ချက်။ ကယားပြည်နယ်သည် နယ်မြေအခြေအနေအရ အလုပ်သမားဦးရေစာရင်း ဖော်ပြပေးနိုင်ခြင်း မရှိပါ။
(ခ) ရန်ကုန်တိုင်းဒေသကြီးနှင့် အခြားပြည်နယ်/ တိုင်းဒေသကြီးနယ်မြေအတွင်းရှိ စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနပေါင်းမှာ (၁၄၈၆၃၅) ရုံနှင့် လုပ်သားဦးရေ ကျား (၇၀ဝ,၃၁၂) ဦး၊ မ (၉၀ဝ,၄၉၆) ဦး၊ ပေါင်း (၁,၆၀ဝ,၈၀၈) ဦးရှိရာ အခြေခံလုပ်အားခနှုန်းထား အနေဖြင့် ၁၄-၅-၂၀၁၈ ရက်နေ့တွင် အနည်းဆုံး အခကြေးငွေသတ်မှတ်ရေးဆိုင်ရာအမျိုးသားကော်မတီမှ အမိန့်ကြေညာစာအမှတ်(၂/၂၀၁၈)ဖြင့် အလုပ်ချိန် (၈) နာရီ (၁) ရက်အတွက် (၄,၈၀ဝ)/ ကျပ်ကို နေရာဒေသနှင့် လုပ်ငန်းအမျိုးအစားမခွဲခြား ဘဲ တစ်နိုင်ငံလုံး တစ်ပြေးညီသတ်မှတ်ခဲ့မှုအပေါ် ၉-၁၀-၂၀၂၃ ရက်နေ့တွင် အပို ထောက်ပံ့ကြေး ၁,ဝဝဝ/ကျပ်ကို အလုပ်လုပ်သောရက်များနှင့် (၁၉၅၁) ခုနှစ် ခွင့်ရက်နှင့် အလုပ်ပိတ်ရက်အက်ဥပဒေ နှင့်အညီ ၁-၁၀-၂၀၂၃ ရက်နေ့မှစ၍ ခံစားခွင့်ပြုရန် အမိန့်ကြေညာစာအမှတ် (၂/၂၀၂၃) ဖြင့် ထုတ်ပြန် ခဲ့ပါသည်။

မေး ။ ။ မြန်မာနိုင်ငံရဲ့အခြေခံလုပ်အားခက နေ့စဉ် စားသုံးမှုအတွက် ဖူလုံမှုမရှိပါဘူး။ ဒါကို ဘယ်လို ဖြေရှင်းပေးမလဲ။ ဝန်ကြီးဌာနဘက်က ဖြေရှင်းနိုင်မယ့် နည်းလမ်းရှာထားပြီးပြီလား။
ဖြေ။ ။ စက်မှုဇုန်ဥက္ကဋ္ဌ အတွင်းရေးမှူး၊ လုပ်ငန်း ရှင်များအား ခေါ်ယူတွေ့ဆုံ၍ လုပ်ခလစာ၊ ထောက်ပံ့ ကြေးများအပြင် ဝန်ထမ်းများစားဝတ်နေရေး သက်သာချောင်ချိစေရေးအတွက် အခြားထောက်ပံ့မှု (incentive) များဖြစ်သော ရက်မှန်ကြေး၊ လုပ်သက်အလိုက်နှစ်ကြေး၊ ကျွမ်းကျင်ကြေး၊ ထုတ်လုပ်မှု စံချိန် ကြေးများနှင့် လစဉ် ဆန်၊ ဆီ၊ ကြက်ဥ အစရှိသည်များ အထောက်အပံ့ရရှိအောင် စက်ရုံ၊ အလုပ်ရုံများဘက် က ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိပါသည်။

မေး ။ ။ ပြည်တွင်းစက်ရုံတွေ၊ ကုမ္ပဏီတွေအနေနဲ့ လုပ်သားစွမ်းအားအရင်းအမြစ်ခေါ်ယူရတာ အခက် အခဲတွေနဲ့ရင်ဆိုင်နေရတယ်။ ဒီပြဿနာတွေအတွက် ဘယ်လို ပြန်လည်တည်ဆောက်ယူနေလဲ။
ဖြေ ။ ။ (က) ပြည်တွင်းစက်ရုံ၊ အလုပ်ရုံ၊ အလုပ် ဌာနများမှ အလုပ်ရှင်များအနေဖြင့် အလုပ်သမား ခေါ်ယူလိုပါက နိုင်ငံတစ်ဝန်းရှိ အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံးများသို့ အလုပ်ကမ်းလှမ်း လွှာများပေးပို့၍လည်းကောင်း၊ ဝန်ကြီးဌာနမှတည် ထောင်ထားရှိသည့် ပြည်တွင်းအလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေခန့်ထားရေး Website www.myanmar job.gov.mm သို့လည်းကောင်း၊ အလုပ် သမားဝန်ကြီးဌာနမှ အကျိုးဆောင်လိုင်စင်ထုတ်ပေး ထားသည့် ပြည်တွင်းအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီများမှလည်းကောင်း လိုအပ်သည့် အလုပ်သမား များကို ရှာဖွေခန့်ထားနိုင်ပါတယ်။
(ခ) အလုပ်သမားညွှန်ကြားရေးဦးစီးဌာနအောက်ရှိ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်းများတွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း နိုင်ငံတော် ဘဏ္ဍာခွင့်ပြုငွေဖြင့် သင်တန်း(၄)မျိုးအတွက် သင်တန်းသား(၄၀၈)ဦးကို ဖွင့်လှစ်ပို့ချနိုင်ခဲ့ပြီး ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း နိုင်ငံတော်ဘဏ္ဍာခွင့် ပြုငွေဖြင့် သင်တန်း (၄)မျိုးအတွက် သင်တန်းသား (၂၆၁) ဦးကို ဖွင့်လှစ်ပို့ချနိုင်ရေး လျာထားဆောင် ရွက်လျက်ရှိပါသည်။
(ဂ) ထို့ပြင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပြည် ထောင်စုနယ်မြေအပါအဝင် တိုင်းဒေသကြီး/ ပြည် နယ်များတွင် ကျွမ်းကျင်လုပ်သားများ မွေးထုတ်နိုင်ရေး သင်တန်း (၁၇) မျိုးအတွက် သင်တန်းသား(၅၂၀) ဦးကို ဖွင့်လှစ်ပို့ချနိုင်ရေး လျာထားဆောင်ရွက်လျက် ရှိပါသည်။

မေး ။ ။ စစ်မှုမထမ်းမနေရဥပဒေ ကောလာဟလ ကြောင့် ပြည်တွင်းအလုပ်သမားတွေ ပြည်ပထွက်ခွာ တာများနေတယ်လို့ သိရပါတယ်။ ဝန်ကြီးဌာနအနေနဲ့ အလုပ်ဌာနတွေအထိဆင်းပြီးတော့ ကောလာဟလ တွေကို မဟုတ်မှန်ကြောင်း ဖြေရှင်းပေးဖို့ရှိနေလား။
ဖြေ ။ ။ အလုပ်သမားဝန်ကြီးဌာနအနေဖြင့် သက် ဆိုင်ရာနိုင်ငံများ၏ လုပ်သားလိုအပ်ချက် အလုပ်ခေါ် စာပေါ်မူတည်၍ စိစစ်ခွင့်ပြုပေးခြင်းဖြစ်ပါသည်။ စက် ရုံ၊ အလုပ်ရုံများကို အသိပညာပေးဆွေးနွေးမှုများ ပြု လုပ်သည့်အချိန်တွင် အလျဉ်းသင့်သလို ရှင်းလင်းပြော ကြားဆွေးနွေးပေးလျက်ရှိပါသည်။

မေး ။ ။ အလုပ်အကိုင်အခွင့်အလမ်းသစ်တွေ ဖော် ဆောင်မှုအပိုင်းမှာ အလုပ်သမားဝန်ကြီးဌာနက ဘယ် အခန်းကဏ္ဍကပါဝင်နေလဲ။ အလုပ်အကိုင်အခွင့်အ လမ်းပေါ်လာရေးမှာလည်း စနစ်အမှားတွေရှိတယ်လို့ မြင်မိပါတယ်။ ဘယ်လိုဖြေရှင်းနေပါသလဲ။
ဖြေ ။ ။ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်သည့် အလုပ်အကိုင်အခွင့် အလမ်းများဖန်တီးပေးရေးလုပ်ငန်းကော်မတီ အောက်ရှိ နေပြည်တော် တိုင်းဒေသကြီး၊ ပြည်နယ်အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေး လုပ် ငန်းကော်မတီများတွင် သက်မွေးနှင့် ကျွမ်းကျင်မှုသင် တန်းများ လစဉ်ဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါသည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၄ ခုနှစ် မေလအထိ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ် ငန်းကော်မတီ၏ သက်မွေးနှင့် ကျွမ်းကျင်မှုသင်တန်း များ ဖွင့်လှစ်မှုနှင့် အလုပ်ရရှိမှုမှာ သင်တန်းဖွင့်လှစ် မှုအကြိမ်ရေ (၁,၆၂၄)ကြိမ်၊ သင်တန်းသားဦးရေ (၃၆,ဝ၈၈) ဦး၊ အလုပ်ရဦးရေ (၁၀,၈၆၄)ဦးဖြစ်ပါသည်။

မေး ။ ။ ပြည်ပကို သွားရောက်အလုပ်လုပ်ကိုင်သူ တွေများပြားနေတဲ့အတွက် ပြည်တွင်းမှာ အလုပ်အ ကိုင်ရှားပါးမှုတွေနဲ့ရင်ဆိုင်နေရပြီး ထိန်းကျောင်းမှု တွေဆောင်ရွက်သင့်တယ်လို့မြင်မိပါတယ်။ ဝန်ကြီး ဌာနအနေနဲ့ ဘယ်လိုစီစဉ်ဆောင်ရွက်နေပါသလဲ။
ဖြေ ။ ။ ပြည်တွင်း၌ အလုပ်သမားရှားပါးမှုပြဿနာ များမဖြစ်ပေါ်စေရေး ဝန်ကြီးဌာနအနေဖြင့် ပြည်ပသို့ အလုပ်သမားစေလွှတ်မှုများကို ထိန်းသိမ်းကြပ်မတ် ဆောင်ရွက်လျက်ရှိပါသည်။

မေး ။ ။ ဘယ်လိုအချက်တွေကြောင့် ပြည်တွင်းမှာ လုပ်သားရှားပါးလာရတာလဲ။ အလုပ်လက်မဲ့နေတဲ့သူ တွေကို လုပ်ငန်းခွင်ထဲရောက်လာအောင် ဘာတွေ လုပ်သွားမလဲ။
ဖြေ ။ ။ အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမား ညွှန်ကြားရေးဦးစီးဌာနအနေဖြင့် ပြည်ထောင်စု နယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် (၁၅)ခုတွင် ခရိုင်နှင့်မြို့နယ် အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံး (၈၉)ရုံး၊ အထူးစီးပွားရေး ဇုန်ရုံး (၃) ရုံး ဖွင့်လှစ်၍ ၁၉၅၉ ခုနှစ် အလုပ်ခန့်ထား မှုကန့်သတ်ရေးအက်ဥပဒေနှင့် အလုပ်အကိုင်နှင့် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေး ဥပဒေတို့နှင့်အညီ အ လုပ်သမားရှာဖွေသူများကို အလုပ်သမားမှတ်ပုံတင် ပေးခြင်း၊ အစိုးရဌာန၊ အလုပ်သမား ၅ ဦးနှင့်အထက် ရှိသော သမဝါယမ၊ ဖက်စပ်နှင့် ပုဂ္ဂလိကလုပ်ငန်း များထံမှ အလုပ်သမားလိုအပ်ကြောင်း အကြောင်း ကြားစာ(အမှာစာများလက်ခံဆောင်ရွက်ခြင်း၊ အမှာ စာအရ သင့်တော်သည့် မှတ်ပုံတင်အလုပ်သမားများ ကို အလုပ်ရှင်ထံ စုဆောင်းပေးပို့ခြင်း၊ အလုပ်ရှင်က ခန့်ထားရန်ရွေးချယ်သူများကို အလုပ်ခန့်အပ်နိုင်ရန် အလုပ်ခန့်ထားရေးကတ်ပြား(အလလခ ပုံစံ-၇) ထုတ်ပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိပါသည်။ အလုပ်သမားဝန်ကြီးဌာနအနေဖြင့် အလုပ်သမားရေး ရာ ဥပဒေများနှင့်အညီ အလုပ်ရှင်၊ အလုပ်သမားများ လုပ်ငန်းခွင် အေးချမ်းသာယာပြီး ကုန်ထုတ်လုပ်မှု တိုးတက်ရေး၊ အလုပ်သမားရပိုင်ခွင့်များ ဥပဒေ နှင့်အညီ ရရှိခံစားနိုင်ရေးတို့အတွက် စက်ရုံ၊ အ လုပ်ရုံများမှအလုပ်ရှင်များ၊ မန်နေဂျာများ၊HR များ နှင့် ပြည်တွင်းအလုပ်ကိုင်ရှာဖွေရေး အကျိုးဆောင် လိုင်စင်ရအေဂျင်စီများကို အလုပ်သမားရေးရာ အသိ ပညာပေးဆွေးနွေးပွဲများပြုလုပ်၍ ရှင်းလင်းဆွေးနွေး ခြင်းနှင့် အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်ရရှိ ရေးအတွက် ပြည်ထောင်စုနယ်မြေ အပါအဝင် တိုင်း ဒေသကြီးနှင့်ပြည်နယ်များတွင် အလုပ်သမားဝန်ကြီး ဌာနနှင့်ကုမ္ပဏီများ၊ အသင်းအဖွဲ့များ၊ ပြည်တွင်းအ လုပ်အကိုင်ရှာဖွေရေး အကျိုးဆောင်အေဂျင်စီများ ပူးပေါင်း၍ အလုပ်အကိုင်အခွင့်ပြပွဲ (Job Fair) များ ကျင်းပပြုလုပ်ပေးလျက်ရှိပါသည်။ ၂၀၂၁ ခုနှစ် ဖေ ဖော်ဝါရီလမှ ၂၀၂၄ ခုနှစ်မေလအထိ အစိုးရ (၄၇၁၄၆) ဦး၊ ပုဂ္ဂလိက (၅၄၄၅၉၉) ဦး၊ စုစုပေါင်း (၅၉၁၇၄၅) ဦးကို အလုပ်ရရှိအောင် ဆောင်ရွက်ပေး နိုင်ခဲ့ပါသည်။

မေး ။ ။ အလုပ်အကိုင်နဲ့ ပညာရေးနဲ့ အတွဲအစပ်မိ အောင် စနစ်တစ်ခုဖော်ဆောင်ဖို့လိုအပ်နေတယ်လို့ ယူဆမိပါတယ်။ အလုပ်အကိုင်အခွင့်အလမ်းတွေရ နိုင်တဲ့ လက်မှုလုပ်ငန်းသင်ပေးနေတဲ့ ကျောင်းတွေမှာ အလုပ်လက်မဲ့နေတဲ့သူတွေကို ဝင်ခွင့်ပေးပြီး လုပ်ငန်းခွင်ကို ပြန်ဝင်ရောက်အောင်လုပ်ပေးမယ့်စနစ် ဖော်ဆောင်ဖို့လုပ်နေလား။
ဖြေ ။ ။ အလုပ်သမားဝန်ကြီးဌာနက ဦးဆောင်ဝန် ကြီးဌာနအဖြစ် ဆောင်ရွက်ပေးလျက်ရှိသည့် မြန်မာ နိုင်ငံလုပ်သားများ ကျွမ်းကျင်မှုစံသတ်မှတ်ပြဋ္ဌာန်း ရေးအဖွဲ့(NSSA)သည် မြန်မာ့လုပ်သားဈေးကွက် တွင် ပညာရေးတစ်ပိုင်းတစ်စဖြင့် ဝင်ရောက်လုပ်ကိုင် နေသောလုပ်သားများနှင့် သတ်မှတ်သင်တန်းချိန် ပြည့် တက်ရောက်အောင်မြင်သူ သင်တန်းဆင်းများ၎င်းတို့၏ ကျွမ်း ကျင်မှုအဆင့်နှင့်ကိုက်ညီသည့် ကျွမ်း ကျင်မှုအသိအမှတ်ပြုလက်မှတ်များ ရရှိစေရေးအ တွက် အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှု အသိအမှတ်ပြုလက်မှတ်များ ပေးအပ်သည့်စနစ် တည်ထောင်ထားရှိရာ ကျွမ်းကျင်မှု အဆင့်(၁) တစ်စိတ်တစ် ဒေသကျွမ်းကျင်လုပ်သား၊ ကျွမ်းကျင်မှု အဆင့် (၂) ကျွမ်းကျင်လုပ်သား၊ ကျွမ်းကျင်မှုအ ဆင့်(၃) အဆင့်မြင့်ကျွမ်းကျင်လုပ်သားနှင့် ကျွမ်း ကျင်မှုအဆင့် (၄) ကြီးကြပ်ရေးမှူးဖြင့် အဆင့် (၄)ဆင့်သတ်မှတ်၍ NSSA ၏ ကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်ရေးလုပ်ငန်းစဉ်တွင် ဝင်ရောက် ဖြေဆိုစေ ပြီး သတ်မှတ်အရည်အသွေးပြည့်မီသူများကို အမျိုး သားအဆင့် အလုပ်အ ကိုင်ဆိုင်ရာကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ်များ ထုတ်ပေးလျက်ရှိပြီး NSSA အသိအမှတ်ပြု ကျွမ်းကျင်မှု အဆင့်(၄) ကြီး ကြပ်ရေးမှူးအဆင့်အောင်မြင်ပြီးသူများကို ပညာရေး ဝန်ကြီးဌာနမှဆောင်ရွက်နေသည့် ပညာရေးမူဘောင် နှင့် ချိတ်ဆက်နိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

မေး ။ ။ နိုင်ငံတော်ရဲ့အလုပ်အကိုင်ရရှိရေး အခွင့် အလမ်းမူဝါဒကဘာလဲ။
ဖြေ ။ ။ အလုပ်သမားဝန်ကြီးဌာနအနေဖြင့် အောက်ပါအလုပ်အကိုင်ဆိုင်ရာမူဝါဒ (၇)ရပ်ကိုချ မှတ်၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်-
(က) သင့်တော်ကောင်းမွန်သော အလုပ်အကိုင် အခြေအနေဖြင့် ကုန်ထုတ်လုပ်မှု တိုးတက်စေခြင်း၊
(ခ) အလုပ်အကိုင်တိုးပွားရေးကို အားပေးသော မက်ခရိုစီးပွားရေးမူဘောင် ချမှတ်ခြင်း၊
(ဂ) စွန့်စားတီထွင်သော စီးပွားရေးစွမ်းဆောင်မှု နှင့် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုကို အားပေးခြင်း၊
(ဃ) ထုတ်လုပ်နိုင်စွမ်းတိုးတက်ရေးနှင့် လုပ် သားများအတွက် အခွင့်အလမ်း မြှင့်တင်ခြင်း၊
(င) အလုပ်အကိုင်ဈေးကွက်အတွင်း ခွဲခြား ဆက်ဆံမှုမရှိခြင်း၊
(စ) ပတ်ဝန်းကျင်ရေးရာနှင့် လူမှုရေးရာ ရေ ရှည်တည်တံ့ဖွံ့ဖြိုးတိုးတက်စေခြင်း၊
(ဆ) ကောင်းစွာအလုပ်လုပ်ကိုင်နိုင်ခြင်းနှင့် အလုပ်အမျိုးအစားပြောင်းလဲလုပ်ကိုင်နိုင်ခြင်း၊

မေး ။ ။ အလုပ်သမားဆိုတာကို ဝန်ကြီးဌာနက ဘယ်လိုအဓိပ္ပာယ်ဖွဲ့ထားလဲ။
ဖြေ ။ ။ (က) ပြည်တွင်းအလုပ်သမားများအတွက် အလုပ်ခန့်ထားမှုကန့်သတ်ရေးဥပဒေမှာကတော့ “အလုပ်သမား” ဆိုသည်မှာ၊ ကျွမ်းကျင်မှုလိုသော အလုပ်ကိုသော်လည်းကောင်း၊ အသင့်အတင့် ကျွမ်း ကျင်မှုလိုသောအလုပ်ကိုသော်လည်းကောင်း၊ ကျွမ်း ကျင်မှုမလိုသောအလုပ်ကိုသော်လည်းကောင်း၊ စာ ရေးစာချီအလုပ်ကိုသော်လည်းကောင်း၊ အလုပ်သင် အလုပ်ကိုသော်လည်းကောင်း၊ လုပ်ကိုင်သူ တစ်ဦးဦး ကိုဆိုလိုသည် "ဟု အဓိပ္ပာယ်ဖွင့်ဆိုထားပြီး ပြည်ပအ လုပ်အကိုင်ဆိုင်ရာ ဥပဒေမှာတော့ အလုပ်သမား ဆိုသည်မှာ ပြည်ပအလုပ်အကိုင်တစ်ခုခုကို လုပ်ခ ဖြင့်လုပ်ကိုင်လျက်ရှိသည့် အလုပ်သမား၊ လုပ်ကိုင်ရန် ခန့်ထားခြင်းခံရသည့်အလုပ်သမားနှင့် အလုပ်သင် အဖြစ်ခန့်ထားခြင်းခံရသောသူတို့ကိုဆိုသည်"ဟု အဓိပ္ပာယ်ဖွင့်ဆိုထားပါသည်။

မေး ။ ။ လုပ်ငန်းခွင်အတွင်း အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရမှု၊ ခေါင်းပုံဖြတ်မှုတွေလည်းရှိနေ တဲ့အပေါ် ဘယ်လိုတာဝန်ယူဖြေရှင်းပေးနေပါသလဲ။
ဖြေ ။ ။ လုပ်ငန်းခွင်အတွင်း အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရမှု၊ ခေါင်းပုံဖြတ်ခံရမှုနှင့်ပတ် သက်၍ တိုင်းဒေသကြီး/ပြည်နယ်/ခရိုင်/မြို့နယ်ပေါင်းစပ်အဖွဲ့များမှ အလုပ်သမားရေးရာကိစ္စများ ပေါ်ပေါက်ပါက ညှိနှိုင်းဖျန်ဖြေဆောင်ရွက်ပေးခြင်း၊ ဝန်ကြီးဌာနမှ စည်းကြပ်လျက်ရှိသော ဥပဒေများကို ချိုးဖောက်မှုရှိပါက ဥပဒေနှင့်အညီ အရေးယူဆောင် ရွက်ခြင်း၊ လစဉ်ငွေကြေး အကျိုးခံစားခွင့် ရ/မရ ကွင်းဆင်းစိစစ်ခြင်း၊ အလုပ်ရှင်၊ အလုပ်သမား အငြင်းပွားမှု လျော့နည်းစေရေး၊ အလုပ်ရှင်နှင့် အလုပ်သမားတို့၏ တာဝန်ဝတ္တရားများကို သိရှိစေ ရေး၊ ကုန်ထုတ်စွမ်းအားတိုးတက်စေရေး၊ လုပ်ငန်း ခွင်အေးချမ်းသာယာရေးတို့အတွက် နဃ စာချုပ် ချုပ်ဆိုပေးခြင်း၊ အလုပ်သမားရေးရာ ဥပဒေများ အသိပညာပေးဆွေးနွေးပွဲများကို မြို့နယ်အဆင့် တစ်လလျှင်နှစ်ကြိမ်နှင့် တိုင်းဒေသကြီး/ ပြည်နယ် အဆင့် တစ်လလျှင်တစ်ကြိမ် ကျင်းပပြုလုပ်ပေးလျက် ရှိပါသည်။

မေး ။ ။ လက်ရှိမှာ လာအိုဘက်ကိုလည်း အလုပ် သမားတွေသွားဖို့ စိတ်ဝင်စားနေတာရှိတယ်။ အဲဒီအ တွက် MOUထိုးပြီးတော့ အလုပ်သမား စေလွှတ်သွား ဖို့ရှိလား။
ဖြေ ။ ။ လာအိုနိုင်ငံရှိ စက်ရုံ၊ အလုပ်ရုံများမှ အေ ဂျင်စီနှင့်ချိတ်ဆက်၍ အလုပ်ခေါ်စာဖြင့် မြန်မာအလုပ် သမားများ သွားရောက်လုပ်ကိုင်လျက်ရှိပါသည်။ MOUရေးထိုးနိုင်ရေး ညှိနှိုင်းဆောင်ရွက်လျက်ရှိပါသည်။

မေး ။ ။ တရုတ်အထည်ချုပ်တွေဆီကို Pilot Project နဲ့ အလုပ်သမားလွှတ်တာရှိတယ်လို့ သိရ ပါတယ်။ အဲဒီအခြေအနေလေးလည်း သိပါရစေရှင်။
ဖြေ ။ ။ လက်ရှိတွင် တရုတ်နိုင်ငံ တက်ဟုန်းပြည်နယ်ခွဲ အစိုးရနှင့် ရှမ်းပြည်နယ်အစိုးရတို့မှ MOU လက်မှတ်ရေးထိုးပြီး အေဂျင်စီများမှ တရားဝင် စေလွှတ်မှုများ စတင်ဆောင်ရွက်နေပြီဖြစ်ပါတယ်။

ဖြေကြားပေးမှုအတွက်ကျေးဇူးတင်ပါတယ်။

zawgyi version
ျပည္တြင္း၊ ျပည္ပ အလုပ္သမားေရးရာအတြက္ ဝန္ႀကီးဌာန ဘာလုပ္ေပးေနသလဲ (အပိုင္း-၂)
ယြန္း(NP News) - ဩဂုတ္ ၁

ေမး ။ ။ အလုပ္လုပ္ေနတဲ့လုပ္သားေတြထဲမွာ လယ္ယာစိုက္ပ်ိဳးေရးမွာလုပ္တဲ့ လုပ္သားရာခိုင္ႏႈန္း၊ စက္႐ုံလုပ္သား ရာခိုင္ႏႈန္း၊ ကုမၸဏီေတြမွာလုပ္ေနတဲ့ လုပ္သား၊ သာမန္ အေျခခံလုပ္သားေတြကို က႑အလိုက္ခြဲၿပီးေတာ့ ေလ့လာထားတာရွိလား။ ဘယ္ေလာက္ရွိလဲ။
ေျဖ ။ ။ ၂၀၂၀-၂၀၂၃ လုပ္သားအင္အားခန႔္မွန္းစာရင္းအင္းမ်ားအရ ၂၀၂၃ ခုႏွစ္တြင္ လယ္ယာက႑ ၌အလုပ္လုပ္ကိုင္သူ ၄၆.၅၈ ရာခိုင္ႏႈန္း၊ ဝန္ေဆာင္မႈ က႑တြင္ ၃၅.၁၂ ရာခိုင္ႏႈန္း၊ စက္မႈက႑တြင္ ၁၈.၃ ရာခိုင္ႏႈန္းရွိပါသည္။ အျပည္ျပည္ဆိုင္ရာအလုပ္ အကိုင္အမ်ိဳးအစား (International Standard Classifications of Occupations, ISCO-2008) အရ ခြဲျခားေလ့လာထားသည့္ အလုပ္အကိုင္မ်ားအနက္ အေျခခံအလုပ္အကိုင္လုပ္ကိုင္သူ ၂၀.၉၉ ရာ ခိုင္ႏႈန္းရွိပါသည္။

ေမး ။ ။ ဝန္ႀကီးဌာနဘက္က အထက္ပါေခါင္းစဥ္ မ်ားအလိုက္ လုပ္ငန္းခြင္မွာ အလုပ္လုပ္ႏိုင္တဲ့ အလုပ္သမားေမြးထုတ္ေပးႏိုင္မႈအခ်ိဳးအစား ဘယ္ေလာက္ရွိလဲ။
ေျဖ ။ ။ (က) ၂၀၂၃-၂၀၂၄ ဘ႑ာေရးႏွစ္တြင္ အလုပ္သမားၫႊန္ၾကားေရးဦးစီးဌာနေအာက္ရွိ ကြၽမ္း က်င္မႈ ေလ့က်င့္ေရးသင္တန္းေက်ာင္း(ရန္ကင္း၊ ေျမာက္ဒဂုံ၊ မႏၲေလး၊ ပုသိမ္၊ စက္စဲ၊ ဘားအံႏွင့္ ပဲခူး) တို႔တြင္ လွ်ပ္စစ္သြယ္တန္းတပ္ဆင္ျခင္း သင္တန္း၊ ဂေဟက္(မြမ္းမံ)သင္တန္း၊ ေမာ္ေတာ္ယာဥ္ စက္ ျပင္သင္တန္း၊ ေလေအးေပးစက္ တပ္ဆင္ျပဳျပင္ျခင္း သင္တန္း၊ ဂေဟဆက္သင္တန္း၊ ေႂကြျပားကပ္သင္ တန္း၊ လွ်ပ္စစ္ပစၥည္းျပဳျပင္ထိန္းသိမ္းနည္းသင္ တန္း၊ အေျခခံဆိုလာနည္းပညာႏွင့္ တပ္ဆင္ျခင္းသင္ တန္း၊ ေမာ္ေတာ္ဆိုင္ကယ္ ျပဳျပင္ထိန္းသိမ္းနည္း သင္တန္း၊ Air Compressor ျပဳျပင္ထိန္းသိမ္းနည္း သင္တန္း၊ အဆင့္ျမင့္ လွ်ပ္စစ္သြယ္တန္းတပ္ဆင္ ျခင္းသင္တန္းႏွင့္ လူသုံးကုန္ပစၥည္းထုတ္လုပ္သည့္ နည္းပညာသင္တန္း၊ စုစုေပါင္း သင္တန္း (၁၂)မ်ိဳးအ တြက္ သင္တန္းသား (၁၃၁၇) ဦး ဖြင့္လွစ္ပို႔ခ်ေပးႏိုင္ ခဲ့ပါသည္။
(ခ) ျမန္မာႏိုင္ငံလုပ္သားမ်ား ကြၽမ္းက်င္မႈစံ သတ္မွတ္ျပ႒ာန္းေရးအဖြဲ႕(NSSA) အေနျဖင့္ အလုပ္အကိုင္အလိုက္ ကြၽမ္းက်င္မႈစစ္ေဆးအကဲ ျဖတ္လ်က္ရွိရာ (၂၀၁၄) ခုႏွစ္မွ ၁၉-၆-၂၀၂၄ ရက္ ေန႔အထိ အလုပ္အကိုင္ (၅၂) မ်ိဳးအတြက္ ေျဖဆိုသူ (၂၈၉၂၃)ဦးတြင္ ကြၽမ္းက်င္လုပ္သား (၂၆၅၅၅) ဦး ကို ေမြးထုတ္ေပးႏိုင္ခဲ့သလို ၂၀၂၄-၂၀၂၅ ဘ႑ာ ေရးႏွစ္တြင္ အလုပ္အကိုင္ (၄၈) မ်ိဳး၊ လုပ္သား (၅၀ဝဝ) ဦးကို စစ္ေဆးအကဲျဖတ္ႏိုင္ေရးလ်ာထား ခဲ့ၿပီး ၁၉-၆-၂၀၂၄ ရက္ေန႔အထိ ေျဖဆိုသူ (၄၀၉) ဦးတြင္ ကြၽမ္းက်င္လုပ္သား (၂၉၅) ဦးကို ေမြးထုတ္ ႏိုင္ခဲ့ပါသည္။

ေမး ။ ။ စက္႐ုံလုပ္သားအမ်ားဆုံးက ရန္ကုန္မွာ ျဖစ္တယ္လို႔သိရတယ္။ ရန္ကုန္မွာ စက္႐ုံလုပ္သား ဘယ္ေလာက္ရွိလဲ။ တျခားတိုင္းေဒသႀကီးနဲ႔ ျပည္နယ္ ေတြမွာ ဘယ္ေလာက္ရွိလဲ။ အေျခခံလုပ္အားခႏႈန္း ထားကိုေကာ ဘယ္ေလာက္သတ္မွတ္ထားလဲ။
ေျဖ ။ ။ (က) အလုပ္သမားၫႊန္ၾကားေရး ဦးစီးဌာနက ေနျပည္ေတာ္ေကာင္စီ၊ တိုင္းေဒသႀကီး၊ ေျမျပင္ ကြင္းဆင္းျခင္းအစား ျပည္နယ္မ်ားတြင္ နယ္ေျမအ ေျခအေနအရ သက္ဆိုင္ရာဌာန၊ အဖြဲ႕အစည္းမ်ားျဖစ္ သည့္ စက္မႈႀကီးၾကပ္ေရးႏွင့္ စစ္ေဆးေရးဦးစီးဌာန၊ စက္မႈဇုန္စီမံခန႔္ခြဲေရး ေကာ္မတီ၊ အေထြေထြအုပ္ခ်ဳပ္ ေရးဦးစီးဌာနႏွင့္ စည္ပင္သာယာေရးေကာ္မတီထံမွ ညႇိႏႈိင္းစာရင္းေကာက္ယူခဲ့ၿပီး ရရွိလာသည့္အခ်က္ အလက္မ်ားကို ေရးသားျပဳစုထားသည့္ ၂၀၂၃ ခုႏွစ္ ပိုင္ဆိုင္မႈက႑အလိုက္ အလုပ္သမား (၁) ဦးႏွင့္အထက္ရွိေသာ ဆိုင္၊ အလုပ္႐ုံ၊ အလုပ္ဌာနႏွင့္ အလုပ္ သမားဦးေရစာရင္း အစီရင္ခံစာအရ တိုင္းေဒသႀကီး၊ ျပည္နယ္အလိုက္ အလုပ္သမားဦးေရစာရင္းမ်ားမွာ ေအာက္ပါအတိုင္းျဖစ္ပါသည္။

မွတ္ခ်က္။ ကယားျပည္နယ္သည္ နယ္ေျမအေျခအေနအရ အလုပ္သမားဦးေရစာရင္း ေဖာ္ျပေပးႏိုင္ျခင္း မရွိပါ။
(ခ) ရန္ကုန္တိုင္းေဒသႀကီးႏွင့္ အျခားျပည္နယ္/ တိုင္းေဒသႀကီးနယ္ေျမအတြင္းရွိ စက္႐ုံ၊ အလုပ္႐ုံ၊ အလုပ္ဌာနေပါင္းမွာ (၁၄၈၆၃၅) ႐ုံႏွင့္ လုပ္သားဦးေရ က်ား (၇၀ဝ,၃၁၂) ဦး၊ မ (၉၀ဝ,၄၉၆) ဦး၊ ေပါင္း (၁,၆၀ဝ,၈၀၈) ဦးရွိရာ အေျခခံလုပ္အားခႏႈန္းထား အေနျဖင့္ ၁၄-၅-၂၀၁၈ ရက္ေန႔တြင္ အနည္းဆုံး အခေၾကးေငြသတ္မွတ္ေရးဆိုင္ရာအမ်ိဳးသားေကာ္မတီမွ အမိန႔္ေၾကညာစာအမွတ္(၂/၂၀၁၈)ျဖင့္ အလုပ္ခ်ိန္ (၈) နာရီ (၁) ရက္အတြက္ (၄,၈၀ဝ)/ က်ပ္ကို ေနရာေဒသႏွင့္ လုပ္ငန္းအမ်ိဳးအစားမခြဲျခား ဘဲ တစ္ႏိုင္ငံလုံး တစ္ေျပးညီသတ္မွတ္ခဲ့မႈအေပၚ ၉-၁၀-၂၀၂၃ ရက္ေန႔တြင္ အပို ေထာက္ပံ့ေၾကး ၁,ဝဝဝ/က်ပ္ကို အလုပ္လုပ္ေသာရက္မ်ားႏွင့္ (၁၉၅၁) ခုႏွစ္ ခြင့္ရက္ႏွင့္ အလုပ္ပိတ္ရက္အက္ဥပေဒ ႏွင့္အညီ ၁-၁၀-၂၀၂၃ ရက္ေန႔မွစ၍ ခံစားခြင့္ျပဳရန္ အမိန႔္ေၾကညာစာအမွတ္ (၂/၂၀၂၃) ျဖင့္ ထုတ္ျပန္ ခဲ့ပါသည္။

ေမး ။ ။ ျမန္မာႏိုင္ငံရဲ႕အေျခခံလုပ္အားခက ေန႔စဥ္ စားသုံးမႈအတြက္ ဖူလုံမႈမရွိပါဘူး။ ဒါကို ဘယ္လို ေျဖရွင္းေပးမလဲ။ ဝန္ႀကီးဌာနဘက္က ေျဖရွင္းႏိုင္မယ့္ နည္းလမ္းရွာထားၿပီးၿပီလား။
ေျဖ။ ။ စက္မႈဇုန္ဥကၠ႒ အတြင္းေရးမႉး၊ လုပ္ငန္း ရွင္မ်ားအား ေခၚယူေတြ႕ဆုံ၍ လုပ္ခလစာ၊ ေထာက္ပံ့ ေၾကးမ်ားအျပင္ ဝန္ထမ္းမ်ားစားဝတ္ေနေရး သက္သာေခ်ာင္ခ်ိေစေရးအတြက္ အျခားေထာက္ပံ့မႈ (incentive) မ်ားျဖစ္ေသာ ရက္မွန္ေၾကး၊ လုပ္သက္အလိုက္ႏွစ္ေၾကး၊ ကြၽမ္းက်င္ေၾကး၊ ထုတ္လုပ္မႈ စံခ်ိန္ ေၾကးမ်ားႏွင့္ လစဥ္ ဆန္၊ ဆီ၊ ၾကက္ဥ အစရွိသည္မ်ား အေထာက္အပံ့ရရွိေအာင္ စက္႐ုံ၊ အလုပ္႐ုံမ်ားဘက္ က ညႇိႏႈိင္းေဆာင္႐ြက္ေပးလ်က္ရွိပါသည္။

ေမး ။ ။ ျပည္တြင္းစက္႐ုံေတြ၊ ကုမၸဏီေတြအေနနဲ႔ လုပ္သားစြမ္းအားအရင္းအျမစ္ေခၚယူရတာ အခက္ အခဲေတြနဲ႔ရင္ဆိုင္ေနရတယ္။ ဒီျပႆနာေတြအတြက္ ဘယ္လို ျပန္လည္တည္ေဆာက္ယူေနလဲ။
ေျဖ ။ ။ (က) ျပည္တြင္းစက္႐ုံ၊ အလုပ္႐ုံ၊ အလုပ္ ဌာနမ်ားမွ အလုပ္ရွင္မ်ားအေနျဖင့္ အလုပ္သမား ေခၚယူလိုပါက ႏိုင္ငံတစ္ဝန္းရွိ အလုပ္အကိုင္ႏွင့္ အလုပ္သမားရွာေဖြေရး႐ုံးမ်ားသို႔ အလုပ္ကမ္းလွမ္း လႊာမ်ားေပးပို႔၍လည္းေကာင္း၊ ဝန္ႀကီးဌာနမွတည္ ေထာင္ထားရွိသည့္ ျပည္တြင္းအလုပ္အကိုင္ႏွင့္ အလုပ္သမားရွာေဖြခန႔္ထားေရး Website www.myanmar job.gov.mm သို႔လည္းေကာင္း၊ အလုပ္ သမားဝန္ႀကီးဌာနမွ အက်ိဳးေဆာင္လိုင္စင္ထုတ္ေပး ထားသည့္ ျပည္တြင္းအလုပ္အကိုင္ရွာေဖြေရးေအဂ်င္စီမ်ားမွလည္းေကာင္း လိုအပ္သည့္ အလုပ္သမား မ်ားကို ရွာေဖြခန႔္ထားႏိုင္ပါတယ္။
(ခ) အလုပ္သမားၫႊန္ၾကားေရးဦးစီးဌာနေအာက္ရွိ ကြၽမ္းက်င္မႈေလ့က်င့္ေရးသင္တန္းေက်ာင္းမ်ားတြင္ ၂၀၂၃-၂၀၂၄ ဘ႑ာေရးႏွစ္အတြင္း ႏိုင္ငံေတာ္ ဘ႑ာခြင့္ျပဳေငြျဖင့္ သင္တန္း(၄)မ်ိဳးအတြက္ သင္တန္းသား(၄၀၈)ဦးကို ဖြင့္လွစ္ပို႔ခ်ႏိုင္ခဲ့ၿပီး ၂၀၂၄-၂၀၂၅ ဘ႑ာေရးႏွစ္အတြင္း ႏိုင္ငံေတာ္ဘ႑ာခြင့္ ျပဳေငြျဖင့္ သင္တန္း (၄)မ်ိဳးအတြက္ သင္တန္းသား (၂၆၁) ဦးကို ဖြင့္လွစ္ပို႔ခ်ႏိုင္ေရး လ်ာထားေဆာင္ ႐ြက္လ်က္ရွိပါသည္။
(ဂ) ထို႔ျပင္ ၂၀၂၄-၂၀၂၅ ဘ႑ာေရးႏွစ္အတြင္း အေသးစား၊ အငယ္စားႏွင့္ အလတ္စားစီးပြားေရး လုပ္ငန္းမ်ား ဖြံ႕ၿဖိဳးတိုးတက္ေစေရးအတြက္ ျပည္ ေထာင္စုနယ္ေျမအပါအဝင္ တိုင္းေဒသႀကီး/ ျပည္ နယ္မ်ားတြင္ ကြၽမ္းက်င္လုပ္သားမ်ား ေမြးထုတ္ႏိုင္ေရး သင္တန္း (၁၇) မ်ိဳးအတြက္ သင္တန္းသား(၅၂၀) ဦးကို ဖြင့္လွစ္ပို႔ခ်ႏိုင္ေရး လ်ာထားေဆာင္႐ြက္လ်က္ ရွိပါသည္။

ေမး ။ ။ စစ္မႈမထမ္းမေနရဥပေဒ ေကာလာဟလ ေၾကာင့္ ျပည္တြင္းအလုပ္သမားေတြ ျပည္ပထြက္ခြာ တာမ်ားေနတယ္လို႔ သိရပါတယ္။ ဝန္ႀကီးဌာနအေနနဲ႔ အလုပ္ဌာနေတြအထိဆင္းၿပီးေတာ့ ေကာလာဟလ ေတြကို မဟုတ္မွန္ေၾကာင္း ေျဖရွင္းေပးဖို႔ရွိေနလား။
ေျဖ ။ ။ အလုပ္သမားဝန္ႀကီးဌာနအေနျဖင့္ သက္ ဆိုင္ရာႏိုင္ငံမ်ား၏ လုပ္သားလိုအပ္ခ်က္ အလုပ္ေခၚ စာေပၚမူတည္၍ စိစစ္ခြင့္ျပဳေပးျခင္းျဖစ္ပါသည္။ စက္ ႐ုံ၊ အလုပ္႐ုံမ်ားကို အသိပညာေပးေဆြးေႏြးမႈမ်ား ျပဳ လုပ္သည့္အခ်ိန္တြင္ အလ်ဥ္းသင့္သလို ရွင္းလင္းေျပာ ၾကားေဆြးေႏြးေပးလ်က္ရွိပါသည္။

ေမး ။ ။ အလုပ္အကိုင္အခြင့္အလမ္းသစ္ေတြ ေဖာ္ ေဆာင္မႈအပိုင္းမွာ အလုပ္သမားဝန္ႀကီးဌာနက ဘယ္ အခန္းက႑ကပါဝင္ေနလဲ။ အလုပ္အကိုင္အခြင့္အ လမ္းေပၚလာေရးမွာလည္း စနစ္အမွားေတြရွိတယ္လို႔ ျမင္မိပါတယ္။ ဘယ္လိုေျဖရွင္းေနပါသလဲ။
ေျဖ ။ ။ အလုပ္သမားဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ဥကၠ႒အျဖစ္ေဆာင္႐ြက္သည့္ အလုပ္အကိုင္အခြင့္ အလမ္းမ်ားဖန္တီးေပးေရးလုပ္ငန္းေကာ္မတီ ေအာက္ရွိ ေနျပည္ေတာ္ တိုင္းေဒသႀကီး၊ ျပည္နယ္အလုပ္အကိုင္အခြင့္အလမ္းမ်ား ဖန္တီးေပးေရး လုပ္ ငန္းေကာ္မတီမ်ားတြင္ သက္ေမြးႏွင့္ ကြၽမ္းက်င္မႈသင္ တန္းမ်ား လစဥ္ဖြင့္လွစ္ေဆာင္႐ြက္လ်က္ရွိပါသည္။ ၂၀၂၁ ခုႏွစ္ ေဖေဖာ္ဝါရီလမွ ၂၀၂၄ ခုႏွစ္ ေမလအထိ အလုပ္အကိုင္အခြင့္အလမ္းမ်ား ဖန္တီးေပးေရးလုပ္ ငန္းေကာ္မတီ၏ သက္ေမြးႏွင့္ ကြၽမ္းက်င္မႈသင္တန္း မ်ား ဖြင့္လွစ္မႈႏွင့္ အလုပ္ရရွိမႈမွာ သင္တန္းဖြင့္လွစ္ မႈအႀကိမ္ေရ (၁,၆၂၄)ႀကိမ္၊ သင္တန္းသားဦးေရ (၃၆,ဝ၈၈) ဦး၊ အလုပ္ရဦးေရ (၁၀,၈၆၄)ဦးျဖစ္ပါသည္။

ေမး ။ ။ ျပည္ပကို သြားေရာက္အလုပ္လုပ္ကိုင္သူ ေတြမ်ားျပားေနတဲ့အတြက္ ျပည္တြင္းမွာ အလုပ္အ ကိုင္ရွားပါးမႈေတြနဲ႔ရင္ဆိုင္ေနရၿပီး ထိန္းေက်ာင္းမႈ ေတြေဆာင္႐ြက္သင့္တယ္လို႔ျမင္မိပါတယ္။ ဝန္ႀကီး ဌာနအေနနဲ႔ ဘယ္လိုစီစဥ္ေဆာင္႐ြက္ေနပါသလဲ။
ေျဖ ။ ။ ျပည္တြင္း၌ အလုပ္သမားရွားပါးမႈျပႆနာ မ်ားမျဖစ္ေပၚေစေရး ဝန္ႀကီးဌာနအေနျဖင့္ ျပည္ပသို႔ အလုပ္သမားေစလႊတ္မႈမ်ားကို ထိန္းသိမ္းၾကပ္မတ္ ေဆာင္႐ြက္လ်က္ရွိပါသည္။

ေမး ။ ။ ဘယ္လိုအခ်က္ေတြေၾကာင့္ ျပည္တြင္းမွာ လုပ္သားရွားပါးလာရတာလဲ။ အလုပ္လက္မဲ့ေနတဲ့သူ ေတြကို လုပ္ငန္းခြင္ထဲေရာက္လာေအာင္ ဘာေတြ လုပ္သြားမလဲ။
ေျဖ ။ ။ အလုပ္သမားဝန္ႀကီးဌာန၊ အလုပ္သမား ၫႊန္ၾကားေရးဦးစီးဌာနအေနျဖင့္ ျပည္ေထာင္စု နယ္ေျမအပါအဝင္ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္ (၁၅)ခုတြင္ ခ႐ိုင္ႏွင့္ၿမိဳ႕နယ္ အလုပ္အကိုင္ႏွင့္ အလုပ္သမားရွာေဖြေရး႐ုံး (၈၉)႐ုံး၊ အထူးစီးပြားေရး ဇုန္႐ုံး (၃) ႐ုံး ဖြင့္လွစ္၍ ၁၉၅၉ ခုႏွစ္ အလုပ္ခန႔္ထား မႈကန႔္သတ္ေရးအက္ဥပေဒႏွင့္ အလုပ္အကိုင္ႏွင့္ ကြၽမ္းက်င္မႈဖြံ႕ၿဖိဳးတိုးတက္ေရး ဥပေဒတို႔ႏွင့္အညီ အ လုပ္သမားရွာေဖြသူမ်ားကို အလုပ္သမားမွတ္ပုံတင္ ေပးျခင္း၊ အစိုးရဌာန၊ အလုပ္သမား ၅ ဦးႏွင့္အထက္ ရွိေသာ သမဝါယမ၊ ဖက္စပ္ႏွင့္ ပုဂၢလိကလုပ္ငန္း မ်ားထံမွ အလုပ္သမားလိုအပ္ေၾကာင္း အေၾကာင္း ၾကားစာ(အမွာစာမ်ားလက္ခံေဆာင္႐ြက္ျခင္း၊ အမွာ စာအရ သင့္ေတာ္သည့္ မွတ္ပုံတင္အလုပ္သမားမ်ား ကို အလုပ္ရွင္ထံ စုေဆာင္းေပးပို႔ျခင္း၊ အလုပ္ရွင္က ခန႔္ထားရန္ေ႐ြးခ်ယ္သူမ်ားကို အလုပ္ခန႔္အပ္ႏိုင္ရန္ အလုပ္ခန႔္ထားေရးကတ္ျပား(အလလခ ပုံစံ-၇) ထုတ္ေပးျခင္းမ်ားကို ေဆာင္႐ြက္ေပးလ်က္ရွိပါသည္။ အလုပ္သမားဝန္ႀကီးဌာနအေနျဖင့္ အလုပ္သမားေရး ရာ ဥပေဒမ်ားႏွင့္အညီ အလုပ္ရွင္၊ အလုပ္သမားမ်ား လုပ္ငန္းခြင္ ေအးခ်မ္းသာယာၿပီး ကုန္ထုတ္လုပ္မႈ တိုးတက္ေရး၊ အလုပ္သမားရပိုင္ခြင့္မ်ား ဥပေဒ ႏွင့္အညီ ရရွိခံစားႏိုင္ေရးတို႔အတြက္ စက္႐ုံ၊ အ လုပ္႐ုံမ်ားမွအလုပ္ရွင္မ်ား၊ မန္ေနဂ်ာမ်ား၊HR မ်ား ႏွင့္ ျပည္တြင္းအလုပ္ကိုင္ရွာေဖြေရး အက်ိဳးေဆာင္ လိုင္စင္ရေအဂ်င္စီမ်ားကို အလုပ္သမားေရးရာ အသိ ပညာေပးေဆြးေႏြးပြဲမ်ားျပဳလုပ္၍ ရွင္းလင္းေဆြးေႏြး ျခင္းႏွင့္ အလုပ္အကိုင္အခြင့္အလမ္းမ်ား တိုးတက္ရရွိ ေရးအတြက္ ျပည္ေထာင္စုနယ္ေျမ အပါအဝင္ တိုင္း ေဒသႀကီးႏွင့္ျပည္နယ္မ်ားတြင္ အလုပ္သမားဝန္ႀကီး ဌာနႏွင့္ကုမၸဏီမ်ား၊ အသင္းအဖြဲ႕မ်ား၊ ျပည္တြင္းအ လုပ္အကိုင္ရွာေဖြေရး အက်ိဳးေဆာင္ေအဂ်င္စီမ်ား ပူးေပါင္း၍ အလုပ္အကိုင္အခြင့္ျပပြဲ (Job Fair) မ်ား က်င္းပျပဳလုပ္ေပးလ်က္ရွိပါသည္။ ၂၀၂၁ ခုႏွစ္ ေဖ ေဖာ္ဝါရီလမွ ၂၀၂၄ ခုႏွစ္ေမလအထိ အစိုးရ (၄၇၁၄၆) ဦး၊ ပုဂၢလိက (၅၄၄၅၉၉) ဦး၊ စုစုေပါင္း (၅၉၁၇၄၅) ဦးကို အလုပ္ရရွိေအာင္ ေဆာင္႐ြက္ေပး ႏိုင္ခဲ့ပါသည္။

ေမး ။ ။ အလုပ္အကိုင္နဲ႔ ပညာေရးနဲ႔ အတြဲအစပ္မိ ေအာင္ စနစ္တစ္ခုေဖာ္ေဆာင္ဖို႔လိုအပ္ေနတယ္လို႔ ယူဆမိပါတယ္။ အလုပ္အကိုင္အခြင့္အလမ္းေတြရ ႏိုင္တဲ့ လက္မႈလုပ္ငန္းသင္ေပးေနတဲ့ ေက်ာင္းေတြမွာ အလုပ္လက္မဲ့ေနတဲ့သူေတြကို ဝင္ခြင့္ေပးၿပီး လုပ္ငန္းခြင္ကို ျပန္ဝင္ေရာက္ေအာင္လုပ္ေပးမယ့္စနစ္ ေဖာ္ေဆာင္ဖို႔လုပ္ေနလား။
ေျဖ ။ ။ အလုပ္သမားဝန္ႀကီးဌာနက ဦးေဆာင္ဝန္ ႀကီးဌာနအျဖစ္ ေဆာင္႐ြက္ေပးလ်က္ရွိသည့္ ျမန္မာ ႏိုင္ငံလုပ္သားမ်ား ကြၽမ္းက်င္မႈစံသတ္မွတ္ျပ႒ာန္း ေရးအဖြဲ႕(NSSA)သည္ ျမန္မာ့လုပ္သားေဈးကြက္ တြင္ ပညာေရးတစ္ပိုင္းတစ္စျဖင့္ ဝင္ေရာက္လုပ္ကိုင္ ေနေသာလုပ္သားမ်ားႏွင့္ သတ္မွတ္သင္တန္းခ်ိန္ ျပည့္ တက္ေရာက္ေအာင္ျမင္သူ သင္တန္းဆင္းမ်ား၎တို႔၏ ကြၽမ္း က်င္မႈအဆင့္ႏွင့္ကိုက္ညီသည့္ ကြၽမ္း က်င္မႈအသိအမွတ္ျပဳလက္မွတ္မ်ား ရရွိေစေရးအ တြက္ အမ်ိဳးသားအဆင့္ အလုပ္အကိုင္ဆိုင္ရာ ကြၽမ္းက်င္မႈ အသိအမွတ္ျပဳလက္မွတ္မ်ား ေပးအပ္သည့္စနစ္ တည္ေထာင္ထားရွိရာ ကြၽမ္းက်င္မႈ အဆင့္(၁) တစ္စိတ္တစ္ ေဒသကြၽမ္းက်င္လုပ္သား၊ ကြၽမ္းက်င္မႈ အဆင့္ (၂) ကြၽမ္းက်င္လုပ္သား၊ ကြၽမ္းက်င္မႈအ ဆင့္(၃) အဆင့္ျမင့္ကြၽမ္းက်င္လုပ္သားႏွင့္ ကြၽမ္း က်င္မႈအဆင့္ (၄) ႀကီးၾကပ္ေရးမႉးျဖင့္ အဆင့္ (၄)ဆင့္သတ္မွတ္၍ NSSA ၏ ကြၽမ္းက်င္မႈ စစ္ေဆးအကဲျဖတ္ေရးလုပ္ငန္းစဥ္တြင္ ဝင္ေရာက္ ေျဖဆိုေစ ၿပီး သတ္မွတ္အရည္အေသြးျပည့္မီသူမ်ားကို အမ်ိဳး သားအဆင့္ အလုပ္အ ကိုင္ဆိုင္ရာကြၽမ္းက်င္မႈအသိအမွတ္ျပဳလက္မွတ္မ်ား ထုတ္ေပးလ်က္ရွိၿပီး NSSA အသိအမွတ္ျပဳ ကြၽမ္းက်င္မႈ အဆင့္(၄) ႀကီး ၾကပ္ေရးမႉးအဆင့္ေအာင္ျမင္ၿပီးသူမ်ားကို ပညာေရး ဝန္ႀကီးဌာနမွေဆာင္႐ြက္ေနသည့္ ပညာေရးမူေဘာင္ ႏွင့္ ခ်ိတ္ဆက္ႏိုင္ေရး ေဆာင္႐ြက္လ်က္ရွိပါသည္။

ေမး ။ ။ ႏိုင္ငံေတာ္ရဲ႕အလုပ္အကိုင္ရရွိေရး အခြင့္ အလမ္းမူဝါဒကဘာလဲ။
ေျဖ ။ ။ အလုပ္သမားဝန္ႀကီးဌာနအေနျဖင့္ ေအာက္ပါအလုပ္အကိုင္ဆိုင္ရာမူဝါဒ (၇)ရပ္ကိုခ် မွတ္၍ အေကာင္အထည္ေဖာ္ေဆာင္႐ြက္လ်က္ရွိပါသည္-
(က) သင့္ေတာ္ေကာင္းမြန္ေသာ အလုပ္အကိုင္ အေျခအေနျဖင့္ ကုန္ထုတ္လုပ္မႈ တိုးတက္ေစျခင္း၊
(ခ) အလုပ္အကိုင္တိုးပြားေရးကို အားေပးေသာ မက္ခ႐ိုစီးပြားေရးမူေဘာင္ ခ်မွတ္ျခင္း၊
(ဂ) စြန႔္စားတီထြင္ေသာ စီးပြားေရးစြမ္းေဆာင္မႈ ႏွင့္ ပုဂၢလိကရင္းႏွီးျမႇဳပ္ႏွံမႈကို အားေပးျခင္း၊
(ဃ) ထုတ္လုပ္ႏိုင္စြမ္းတိုးတက္ေရးႏွင့္ လုပ္ သားမ်ားအတြက္ အခြင့္အလမ္း ျမႇင့္တင္ျခင္း၊
(င) အလုပ္အကိုင္ေဈးကြက္အတြင္း ခြဲျခား ဆက္ဆံမႈမရွိျခင္း၊
(စ) ပတ္ဝန္းက်င္ေရးရာႏွင့္ လူမႈေရးရာ ေရ ရွည္တည္တံ့ဖြံ႕ၿဖိဳးတိုးတက္ေစျခင္း၊
(ဆ) ေကာင္းစြာအလုပ္လုပ္ကိုင္ႏိုင္ျခင္းႏွင့္ အလုပ္အမ်ိဳးအစားေျပာင္းလဲလုပ္ကိုင္ႏိုင္ျခင္း၊

ေမး ။ ။ အလုပ္သမားဆိုတာကို ဝန္ႀကီးဌာနက ဘယ္လိုအဓိပၸာယ္ဖြဲ႕ထားလဲ။
ေျဖ ။ ။ (က) ျပည္တြင္းအလုပ္သမားမ်ားအတြက္ အလုပ္ခန႔္ထားမႈကန႔္သတ္ေရးဥပေဒမွာကေတာ့ “အလုပ္သမား” ဆိုသည္မွာ၊ ကြၽမ္းက်င္မႈလိုေသာ အလုပ္ကိုေသာ္လည္းေကာင္း၊ အသင့္အတင့္ ကြၽမ္း က်င္မႈလိုေသာအလုပ္ကိုေသာ္လည္းေကာင္း၊ ကြၽမ္း က်င္မႈမလိုေသာအလုပ္ကိုေသာ္လည္းေကာင္း၊ စာ ေရးစာခ်ီအလုပ္ကိုေသာ္လည္းေကာင္း၊ အလုပ္သင္ အလုပ္ကိုေသာ္လည္းေကာင္း၊ လုပ္ကိုင္သူ တစ္ဦးဦး ကိုဆိုလိုသည္ "ဟု အဓိပၸာယ္ဖြင့္ဆိုထားၿပီး ျပည္ပအ လုပ္အကိုင္ဆိုင္ရာ ဥပေဒမွာေတာ့ အလုပ္သမား ဆိုသည္မွာ ျပည္ပအလုပ္အကိုင္တစ္ခုခုကို လုပ္ခ ျဖင့္လုပ္ကိုင္လ်က္ရွိသည့္ အလုပ္သမား၊ လုပ္ကိုင္ရန္ ခန႔္ထားျခင္းခံရသည့္အလုပ္သမားႏွင့္ အလုပ္သင္ အျဖစ္ခန႔္ထားျခင္းခံရေသာသူတို႔ကိုဆိုသည္"ဟု အဓိပၸာယ္ဖြင့္ဆိုထားပါသည္။

ေမး ။ ။ လုပ္ငန္းခြင္အတြင္း အလုပ္သမားအခြင့္အေရးခ်ိဳးေဖာက္ခံရမႈ၊ ေခါင္းပုံျဖတ္မႈေတြလည္းရွိေန တဲ့အေပၚ ဘယ္လိုတာဝန္ယူေျဖရွင္းေပးေနပါသလဲ။
ေျဖ ။ ။ လုပ္ငန္းခြင္အတြင္း အလုပ္သမားအခြင့္အေရးခ်ိဳးေဖာက္ခံရမႈ၊ ေခါင္းပုံျဖတ္ခံရမႈႏွင့္ပတ္ သက္၍ တိုင္းေဒသႀကီး/ျပည္နယ္/ခ႐ိုင္/ၿမိဳ႕နယ္ေပါင္းစပ္အဖြဲ႕မ်ားမွ အလုပ္သမားေရးရာကိစၥမ်ား ေပၚေပါက္ပါက ညႇိႏႈိင္းဖ်န္ေျဖေဆာင္႐ြက္ေပးျခင္း၊ ဝန္ႀကီးဌာနမွ စည္းၾကပ္လ်က္ရွိေသာ ဥပေဒမ်ားကို ခ်ိဳးေဖာက္မႈရွိပါက ဥပေဒႏွင့္အညီ အေရးယူေဆာင္ ႐ြက္ျခင္း၊ လစဥ္ေငြေၾကး အက်ိဳးခံစားခြင့္ ရ/မရ ကြင္းဆင္းစိစစ္ျခင္း၊ အလုပ္ရွင္၊ အလုပ္သမား အျငင္းပြားမႈ ေလ်ာ့နည္းေစေရး၊ အလုပ္ရွင္ႏွင့္ အလုပ္သမားတို႔၏ တာဝန္ဝတၱရားမ်ားကို သိရွိေစ ေရး၊ ကုန္ထုတ္စြမ္းအားတိုးတက္ေစေရး၊ လုပ္ငန္း ခြင္ေအးခ်မ္းသာယာေရးတို႔အတြက္ နဃ စာခ်ဳပ္ ခ်ဳပ္ဆိုေပးျခင္း၊ အလုပ္သမားေရးရာ ဥပေဒမ်ား အသိပညာေပးေဆြးေႏြးပြဲမ်ားကို ၿမိဳ႕နယ္အဆင့္ တစ္လလွ်င္ႏွစ္ႀကိမ္ႏွင့္ တိုင္းေဒသႀကီး/ ျပည္နယ္ အဆင့္ တစ္လလွ်င္တစ္ႀကိမ္ က်င္းပျပဳလုပ္ေပးလ်က္ ရွိပါသည္။

ေမး ။ ။ လက္ရွိမွာ လာအိုဘက္ကိုလည္း အလုပ္ သမားေတြသြားဖို႔ စိတ္ဝင္စားေနတာရွိတယ္။ အဲဒီအ တြက္ MOUထိုးၿပီးေတာ့ အလုပ္သမား ေစလႊတ္သြား ဖို႔ရွိလား။
ေျဖ ။ ။ လာအိုႏိုင္ငံရွိ စက္႐ုံ၊ အလုပ္႐ုံမ်ားမွ ေအ ဂ်င္စီႏွင့္ခ်ိတ္ဆက္၍ အလုပ္ေခၚစာျဖင့္ ျမန္မာအလုပ္ သမားမ်ား သြားေရာက္လုပ္ကိုင္လ်က္ရွိပါသည္။ MOUေရးထိုးႏိုင္ေရး ညႇိႏႈိင္းေဆာင္႐ြက္လ်က္ရွိပါသည္။

ေမး ။ ။ တ႐ုတ္အထည္ခ်ဳပ္ေတြဆီကို Pilot Project နဲ႔ အလုပ္သမားလႊတ္တာရွိတယ္လို႔ သိရ ပါတယ္။ အဲဒီအေျခအေနေလးလည္း သိပါရေစရွင္။
ေျဖ ။ ။ လက္ရွိတြင္ တ႐ုတ္ႏိုင္ငံ တက္ဟုန္းျပည္နယ္ခြဲ အစိုးရႏွင့္ ရွမ္းျပည္နယ္အစိုးရတို႔မွ MOU လက္မွတ္ေရးထိုးၿပီး ေအဂ်င္စီမ်ားမွ တရားဝင္ ေစလႊတ္မႈမ်ား စတင္ေဆာင္႐ြက္ေနၿပီျဖစ္ပါတယ္။

ေျဖၾကားေပးမႈအတြက္ေက်းဇူးတင္ပါတယ္။

Related news

© 2021. All rights reserved.