လစ်လပ်သွားသည့် ကျန်းမာရေးဝန်ထမ်းနေရာများကို ပြည့်မီစွာပြန်လည်ခန့်အပ်နိုင်ရေး ဆောင်ရွက်နေဟုဆို

 700

ယွန်း(NP News) - သြဂုတ် ၁

လစ်လပ်သွားသည့် ကျန်းမာရေးဝန်ထမ်းနေရာများကို ပြည့်မီစွာပြန်လည်ခန့်အပ်နိုင်ရေး ဆောင်ရွက်နေကြောင်း နစကဥက္ကဋ္ဌက အသိပေးပြောကြားထားသည်။

ယာယီသမ္မတ(တာဝန်)၊ နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဇူလိုင်(၃၁)ရက်နေ့တွင် နေပြည်တော်ရှိ နစကဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေးတွင် အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ကျန်းမာရေးနှင့်ပတ်သက်ပြီး လစ်လပ်သွားခဲ့သည့် ကျန်းမာရေးဝန်ထမ်းနေရာများကို ပြည့်မီစွာပြန်လည်ခန့်အပ်နိုင်ရန်အတွက် “ဆေးရုံတိုင်း ဆရာဝန်ရှိရမည်”ဆိုသည့်မူကိုချမှတ်ပြီး အစိုးရအနေဖြင့် ကြိုးပမ်းဆောင် ရွက်လျက်ရှိကြောင်း နစကဥက္ကဋ္ဌက အသိပေးထားသည်။

နိုင်ငံရေးကြောင့် တာဝန်မှလုပ်ငန်းခွင်စွန့်ခွာသွားသည့် ကျန်းမာရေးဝန်ထမ်းများ၏နေရာများတွင် ပြန်လည်အစားထိုးခန့်အပ်ပေးနိုင်ရန် ဆောင်ရွက်ခဲ့ရာ ယနေ့အချိန်၌ နိုင်ငံတစ်ဝန်းဆေးပေးခန်း (၇၂၇၈)ခုနှင့် ဆေးရုံပေါင်း (၇၅၇) ရုံတွင် ကျန်းမာရေးဝန်ထမ်း (၆၈၂၅၈)ဦးသည် ပြည်သူလူထု၏ ကျန်းမာရေးကို စောင့်ရှောက်ပေးလျက်ရှိကြောင်း သိရသည်။

ထို့ပြင် နစကအနေဖြင့် ကျန်းမာရေးကဏ္ဍမြှင့်တင်မှုနှင့်ပတ်သက်၍ ကျန်းမာရေးစောင့်ရှောက်မှုများပိုမိုမြင့်မားလာစေရေးအတွက် ယခုဘဏ္ဍာနှစ်အတွင်း မြို့နယ်ဆေးရုံနှင့်အထက်ဆေးရုံများကို အဆင့်မြှင့်တင်သွားမည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌက ပြောသည်။

ထို့ပြင် ယခုနှစ်အတွင်း ဆေးရုံသုံးပစ္စည်းကိရိယာများ ဝယ်ယူဖြည့်တင်းရေးနှင့် ဆေးရုံများတိုးချဲ့ဆောက်လုပ်ရေးအတွက် သီးသန့်ရန်ပုံငွေမှ အမေရိကန် ဒေါ်လာ (၂၂)သန်းနှင့် ကျပ်ငွေ (၁၁၆ ဒသမ ၈)ဘီလျံကို အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။ ၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် တပ်မတော်က နိုင်ငံတော်အာဏာရယူခဲ့ပြီးနောက်ပိုင်းတွင် ပညာရေးဝန်ထမ်း၊ ကျန်းမာရေးဝန်ထမ်းများသည် ၎င်းတို့၏လုပ်ငန်းခွင်များကို စွန့်ခွာကာ CDM ပြုလုပ်မှုများ ရှိခဲ့သည်။

နိုင်ငံရေးဖြစ်စဉ်အတွင်း တစ်နိုင်ငံလုံး၌ ကျန်းမာရေးဝန်ကြီးဌာနတွင် အရာထမ်း၊ အမှုထမ်း ကျန်းမာရေးဝန်ထမ်း (၁ဝ၃၂၁၄)ဦးရှိသည့်အနက် CDM ပြုလုပ်ခဲ့သည့် ကျန်းမာရေးဝန်ထမ်းဦးရေသည် (၄၇၂၅၄)ဦးအထိရှိခဲ့ကြောင်း နစက၏ အချက်အလက်များတွင် ဖော်ပြထားသည်။

zawgyi version
လစ္လပ္သြားသည့္ က်န္းမာေရးဝန္ထမ္းေနရာမ်ားကို ျပည့္မီစြာျပန္လည္ခန႔္အပ္ႏိုင္ေရး ေဆာင္႐ြက္ေနဟုဆို
ယြန္း(NP News) - ၾသဂုတ္ ၁

လစ္လပ္သြားသည့္ က်န္းမာေရးဝန္ထမ္းေနရာမ်ားကို ျပည့္မီစြာျပန္လည္ခန႔္အပ္ႏိုင္ေရး ေဆာင္႐ြက္ေနေၾကာင္း နစကဥကၠ႒က အသိေပးေျပာၾကားထားသည္။

ယာယီသမၼတ(တာဝန္)၊ နစကဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ဇူလိုင္(၃၁)ရက္ေန႔တြင္ ေနျပည္ေတာ္ရွိ နစကဥကၠ႒႐ုံး အစည္းအေဝးခန္းမ၌ က်င္းပခဲ့သည့္ အမ်ိဳးသားကာကြယ္ေရးႏွင့္ လုံၿခဳံေရးေကာင္စီအစည္းအေဝးတြင္ အထက္ပါကဲ့သို႔ ေျပာၾကားခဲ့ျခင္းျဖစ္သည္။

က်န္းမာေရးႏွင့္ပတ္သက္ၿပီး လစ္လပ္သြားခဲ့သည့္ က်န္းမာေရးဝန္ထမ္းေနရာမ်ားကို ျပည့္မီစြာျပန္လည္ခန႔္အပ္ႏိုင္ရန္အတြက္ “ေဆး႐ုံတိုင္း ဆရာဝန္ရွိရမည္”ဆိုသည့္မူကိုခ်မွတ္ၿပီး အစိုးရအေနျဖင့္ ႀကိဳးပမ္းေဆာင္ ႐ြက္လ်က္ရွိေၾကာင္း နစကဥကၠ႒က အသိေပးထားသည္။

ႏိုင္ငံေရးေၾကာင့္ တာဝန္မွလုပ္ငန္းခြင္စြန႔္ခြာသြားသည့္ က်န္းမာေရးဝန္ထမ္းမ်ား၏ေနရာမ်ားတြင္ ျပန္လည္အစားထိုးခန႔္အပ္ေပးႏိုင္ရန္ ေဆာင္႐ြက္ခဲ့ရာ ယေန႔အခ်ိန္၌ ႏိုင္ငံတစ္ဝန္းေဆးေပးခန္း (၇၂၇၈)ခုႏွင့္ ေဆး႐ုံေပါင္း (၇၅၇) ႐ုံတြင္ က်န္းမာေရးဝန္ထမ္း (၆၈၂၅၈)ဦးသည္ ျပည္သူလူထု၏ က်န္းမာေရးကို ေစာင့္ေရွာက္ေပးလ်က္ရွိေၾကာင္း သိရသည္။

ထို႔ျပင္ နစကအေနျဖင့္ က်န္းမာေရးက႑ျမႇင့္တင္မႈႏွင့္ပတ္သက္၍ က်န္းမာေရးေစာင့္ေရွာက္မႈမ်ားပိုမိုျမင့္မားလာေစေရးအတြက္ ယခုဘ႑ာႏွစ္အတြင္း ၿမိဳ႕နယ္ေဆး႐ုံႏွင့္အထက္ေဆး႐ုံမ်ားကို အဆင့္ျမႇင့္တင္သြားမည္ျဖစ္ေၾကာင္း နစကဥကၠ႒က ေျပာသည္။

ထို႔ျပင္ ယခုႏွစ္အတြင္း ေဆး႐ုံသုံးပစၥည္းကိရိယာမ်ား ဝယ္ယူျဖည့္တင္းေရးႏွင့္ ေဆး႐ုံမ်ားတိုးခ်ဲ႕ေဆာက္လုပ္ေရးအတြက္ သီးသန႔္ရန္ပုံေငြမွ အေမရိကန္ ေဒၚလာ (၂၂)သန္းႏွင့္ က်ပ္ေငြ (၁၁၆ ဒသမ ၈)ဘီလ်ံကို အသုံးျပဳသြားမည္ျဖစ္ေၾကာင္း သိရသည္။ ၂ဝ၂၁ ခုႏွစ္ ေဖေဖာ္ဝါရီလတြင္ တပ္မေတာ္က ႏိုင္ငံေတာ္အာဏာရယူခဲ့ၿပီးေနာက္ပိုင္းတြင္ ပညာေရးဝန္ထမ္း၊ က်န္းမာေရးဝန္ထမ္းမ်ားသည္ ၎တို႔၏လုပ္ငန္းခြင္မ်ားကို စြန႔္ခြာကာ CDM ျပဳလုပ္မႈမ်ား ရွိခဲ့သည္။

ႏိုင္ငံေရးျဖစ္စဥ္အတြင္း တစ္ႏိုင္ငံလုံး၌ က်န္းမာေရးဝန္ႀကီးဌာနတြင္ အရာထမ္း၊ အမႈထမ္း က်န္းမာေရးဝန္ထမ္း (၁ဝ၃၂၁၄)ဦးရွိသည့္အနက္ CDM ျပဳလုပ္ခဲ့သည့္ က်န္းမာေရးဝန္ထမ္းဦးေရသည္ (၄၇၂၅၄)ဦးအထိရွိခဲ့ေၾကာင္း နစက၏ အခ်က္အလက္မ်ားတြင္ ေဖာ္ျပထားသည္။

Related news

© 2021. All rights reserved.