အွန်လိုင်းတွင် ပျံနှံ့နေသော မယ်နုအုတ်ကျောင်း ဓာတ်ပုံနှင့်ပတ်သက်၍ ရှေးမူမပျက်ထိန်းသိမ်းခြင်းဖြစ်ကြောင်း တာဝန်ရှိသူပြော

 3157

ပုံစာ- အွန်လိုင်းတွင် ပျံနှံနေသော ဓာတ်ပုံကို တွေ့မြင်ရစဉ်

စော (NP News) - ဩဂုတ် ၁

မယ်နုအုတ်ကျောင်း ဆေးသုတ်ထားသည့် ဓာတ်ပုံနှင့်ပတ်သက်၍ လူမှုကွန်ယက်ဖေ့စ်ဘွတ်ခ်စာမျက်နှာထက်တွင် ဝေဖန်မှုများရှိသည့်အပေါ် အဆိုပါအုတ်ကျောင်းနှင့်ပတ်သက်၍ ရှေးမူမပျက် ထိန်းသိမ်းခြင်းဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန(မန္တလေးဌာနခွဲ) က ညွှန်ကြားရေးမှူး ‌ဒေါက်တာသန်းထိုက်က NP News သတင်းဌာနမှ တဆင့်ရှင်းလင်းပြောကြားသည်။

ထိုသို့ဆေးသုတ်ခဲ့ခြင်းနှင့်ပတ်သက်၍ ရှေးမူလက်ရာပျက်ယွင်းသည်ဟုဆိုကာ လူမှုကွန်ယက်ဖေ့စ်ဘွတ်ခ်စာမျက်နှာများထက်တွင် ဝေဖန်မှုများရှိနေသည့်အပေါ် NP News က မေးမြန်းရာတွင် အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“အဲဒါက ပြည်ထောင်စု ဘတ်ဂျက်နဲ့ပေ့ါ။ ဒီနှစ် ထိန်းသိမ်းရေးလုပ်ငန်းလုပ်နေတာပါ။ ဌာနက လုပ်တဲ့လုပ်ငန်းပါ။ အပြင်က သုတ်တာမဟုတ်ပါဘူး။ ဌာနကနေပြီးတော့ ပြည်ထောင်စု ဘက်ဂျက်ကနေ တင်ဒါခေါ်ပြီးတော့ တင်ဒါအောင်တဲ့ကုမ္ပဏီ နဲ့ ကျွန်တော်တို့ ထိန်းသိမ်းရေးလုပ်နေတဲ့လုပ်ငန်းပါပဲ။ အရင်အနေအထားက တော်တော်လေးကို ပျက်စီးယိုယွင်းနေလို့လေ။ အဓိကက ဆေးသုတ်တာတင်ပဲမဟုတ်ဘူး။ အုတ်အနားသတ် ၊ ကြားသိပ်လေးတွေ၊ အုတ်ဆားပေါက်တာလေးတွေ၊ ပြင်တာလေးတွေ အကုန်လုံးထိန်းသိမ်းရေးလုပ်ငန်းတွေ လုပ်တာပါ”ဟု ဒေါက်တာသန်းထိုက်က ပြော သည်။

အဆိုပါမယ်နုအုတ်ကျောင်းကို ဇူလိုင်လမှစတင်၍ ထိန်းသိမ်းရေးလုပ်ငန်းဆောင်ရွက်နေခြင်းဖြစ်ပြီး လာမည့် စက်တင်ဘာလတွင် လုပ်ငန်းပြီးဆုံးဖွယ်ရှိကြောင်း ၎င်းကဆိုသည်။ “ဌာနကတော့ ရှေးဟောင်းအဆောက်အအုံတွေ ဒီထက်ပိုပြီး‌တော့ ပျက်စီးဆုံးရှုံးမှုတွေမဖြစ်အောင် ပြုပြင်ထိန်းသိမ်းတဲ့လုပ်ငန်းကို ဆောင်ရွက်နေတာပါ။ အွန်လိုင်းပျံတဲ့သတင်းတွေက တစ်ချို့ဟာတွေက အပျက်သဘောပြောတာပေ့ါ။ တကယ်တမ်းကျတော့ ‌ရှေး ဟောင်းအဆောက်အအုံကို‌ ရှေးမူမပြတ်ထိန်းသိမ်းတဲ့လုပ်ငန်းလုပ်တာပါ”ဟု ၎င်းက ဆက်လက်ပြောသည်။

အဆိုပါမယ်နုအုတ်ကျောင်းသည် မန္တလေးတိုင်းဒေသကြီး၊ အင်းဝမြို့တွင် တည်ရှိပြီး မြန်မာသက္ကရာဇ် ၁၁၈၉ခုနှစ်တွင် ဘကြီးတော်မင်းတရားနှင့် နန်းမတော်မယ်နုတို့ကဆောက်လုပ်၍ ညောင်ကန်ဆရာတော် ဦးပိုအား လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

zawgyi version
အြန္လိုင္းတြင္ ပ်ံႏွံ႔ေနေသာ မယ္ႏုအုတ္ေက်ာင္း ဓာတ္ပုံႏွင့္ပတ္သက္၍ ေရွးမူမပ်က္ထိန္းသိမ္းျခင္းျဖစ္ေၾကာင္း တာဝန္ရွိသူေျပာ

ေစာ (NP News) - ဩဂုတ္ ၁

မယ္ႏုအုတ္ေက်ာင္း ေဆးသုတ္ထားသည့္ ဓာတ္ပုံႏွင့္ပတ္သက္၍ လူမႈကြန္ယက္ေဖ့စ္ဘြတ္ခ္စာမ်က္ႏွာထက္တြင္ ေဝဖန္မႈမ်ားရွိသည့္အေပၚ အဆိုပါအုတ္ေက်ာင္းႏွင့္ပတ္သက္၍ ေရွးမူမပ်က္ ထိန္းသိမ္းျခင္းျဖစ္ေၾကာင္း ေရွးေဟာင္းသုေတသနႏွင့္အမ်ိဳးသားျပတိုက္ဦးစီးဌာန(မႏၲေလးဌာနခြဲ) က ၫႊန္ၾကားေရးမႉး ‌ေဒါက္တာသန္းထိုက္က NP News သတင္းဌာနမွ တဆင့္ရွင္းလင္းေျပာၾကားသည္။

ထိုသို႔ေဆးသုတ္ခဲ့ျခင္းႏွင့္ပတ္သက္၍ ေရွးမူလက္ရာပ်က္ယြင္းသည္ဟုဆိုကာ လူမႈကြန္ယက္ေဖ့စ္ဘြတ္ခ္စာမ်က္ႏွာမ်ားထက္တြင္ ေဝဖန္မႈမ်ားရွိေနသည့္အေပၚ NP News က ေမးျမန္းရာတြင္ အထက္ပါအတိုင္း ထည့္သြင္းေျပာၾကားခဲ့ျခင္းျဖစ္သည္။

“အဲဒါက ျပည္ေထာင္စု ဘတ္ဂ်က္နဲ႔ေပ့ါ။ ဒီႏွစ္ ထိန္းသိမ္းေရးလုပ္ငန္းလုပ္ေနတာပါ။ ဌာနက လုပ္တဲ့လုပ္ငန္းပါ။ အျပင္က သုတ္တာမဟုတ္ပါဘူး။ ဌာနကေနၿပီးေတာ့ ျပည္ေထာင္စု ဘက္ဂ်က္ကေန တင္ဒါေခၚၿပီးေတာ့ တင္ဒါေအာင္တဲ့ကုမၸဏီ နဲ႔ ကြၽန္ေတာ္တို႔ ထိန္းသိမ္းေရးလုပ္ေနတဲ့လုပ္ငန္းပါပဲ။ အရင္အေနအထားက ေတာ္ေတာ္ေလးကို ပ်က္စီးယိုယြင္းေနလို႔ေလ။ အဓိကက ေဆးသုတ္တာတင္ပဲမဟုတ္ဘူး။ အုတ္အနားသတ္ ၊ ၾကားသိပ္ေလးေတြ၊ အုတ္ဆားေပါက္တာေလးေတြ၊ ျပင္တာေလးေတြ အကုန္လုံးထိန္းသိမ္းေရးလုပ္ငန္းေတြ လုပ္တာပါ”ဟု ေဒါက္တာသန္းထိုက္က ေျပာ သည္။

အဆိုပါမယ္ႏုအုတ္ေက်ာင္းကို ဇူလိုင္လမွစတင္၍ ထိန္းသိမ္းေရးလုပ္ငန္းေဆာင္႐ြက္ေနျခင္းျဖစ္ၿပီး လာမည့္ စက္တင္ဘာလတြင္ လုပ္ငန္းၿပီးဆုံးဖြယ္ရွိေၾကာင္း ၎ကဆိုသည္။ “ဌာနကေတာ့ ေရွးေဟာင္းအေဆာက္အအုံေတြ ဒီထက္ပိုၿပီး‌ေတာ့ ပ်က္စီးဆုံးရႈံးမႈေတြမျဖစ္ေအာင္ ျပဳျပင္ထိန္းသိမ္းတဲ့လုပ္ငန္းကို ေဆာင္႐ြက္ေနတာပါ။ အြန္လိုင္းပ်ံတဲ့သတင္းေတြက တစ္ခ်ိဳ႕ဟာေတြက အပ်က္သေဘာေျပာတာေပ့ါ။ တကယ္တမ္းက်ေတာ့ ‌ေရွး ေဟာင္းအေဆာက္အအုံကို‌ ေရွးမူမျပတ္ထိန္းသိမ္းတဲ့လုပ္ငန္းလုပ္တာပါ”ဟု ၎က ဆက္လက္ေျပာသည္။

အဆိုပါမယ္ႏုအုတ္ေက်ာင္းသည္ မႏၲေလးတိုင္းေဒသႀကီး၊ အင္းဝၿမိဳ႕တြင္ တည္ရွိၿပီး ျမန္မာသကၠရာဇ္ ၁၁၈၉ခုႏွစ္တြင္ ဘႀကီးေတာ္မင္းတရားႏွင့္ နန္းမေတာ္မယ္ႏုတို႔ကေဆာက္လုပ္၍ ေညာင္ကန္ဆရာေတာ္ ဦးပိုအား လႉဒါန္းခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.