ပဲခူးရေကြီးမှု တစ်ပတ်ကျော်ကာလအတွင်း သေဆုံးသူ (၈)ဦးထိရှိလာ
1026
သန့်ဇင် (NP News) - ဩဂုတ် ၃
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့ရေကြီးမှုတွင် တစ်ပတ်ကျော်ကာလအတွင်း သေဆုံးသူ (၈)ဦးထိရှိလာကြောင်း ဒေသခံလူမှုကူညီရေးအသင်းများထံမှ သိရသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၂၆ ရက်မှစတင်ကာ ပဲခူးမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် ပဲခူးမြစ်ရေမြင့်တက်လာမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ကာ ရေနစ်သေဆုံးသူနှင့် ဓာတ်လိုက်သေဆုံးသူများရှိလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့အသင်းက သယ်တာကိုက ၃ ယောက်လောက်ရှိတယ်။ အခြားကသယ်တာတွေနဲ့ဆို အနည်းဆုံး(၈)ယောက်လောက်ရှိပါပြီ။ အဓိကတော့ အရက်မူးပြီးရေနစ် ဆုံးကြတာများတယ်။ ရေစီးကလည်းသန်တော့ ရှာဖို့မလွယ်ကူတာလည်းပါတာပေါ့”ဟု ညီညွတ်ခြင်း လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
ပဲခူးရေကြီးမှုဖြစ်စဉ်အတွင်းသေဆုံးသူအများစုမှာ အမျိုးသားများဖြစ်ပြီး ဒေသခံပရဟိတအသင်းများက ရှာဖွေကယ်ဆယ်ရေးများ လုပ်ဆောင်ပေးခဲ့ရကြောင်းသိရသည်။
“ဆုံးတဲ့လူတွေကတော့ရှိတယ်။ မနေ့ကလည်း အလောင်းတွေ့တယ်လို့ကြားမိတယ်။ ရေကလည်းအခုအချိန်ထိ စိုးရိမ်ရေအမှတ်ထက်မှာ ရှိနေပါသေးတယ်။ လမ်းတွေလည်းရေကျော်နေလို့ ကားလေးတွေဖြတ်လို့မရသေးပါဘူး”ဟု အခြားလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူ တစ်ဦးက ဆက်ပြောသည်။
ယနေ့ (ဩဂုတ်လ ၃ ရက်) မွန်းလွဲ ၁၂နာရီခွဲအချိန်တိုင်းထွာချက်အရ ပဲခူးမြစ်ရေသည် ပဲခူးမြို့၏ စိုးရိမ်ရေအမှတ်ထက်သို့ (၂)ပေခန့် ကျော်လွန်ရောက်ရှိနေပြီး နောက်တစ်ရက်အတွင်း ပေဝက်ခန့်ကျဆင်းလာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ အချက်အလက်များအရသိရသည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်းနိုင်ငံတစ်ဝန်း မြို့နယ်ပေါင်း(၂၀)ခုထက်မနည်းရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့ပြီး အိမ်ထောင်စုပေါင်းများစွာ ရေဘေးဒဏ်ခံစားခဲ့ရကာ အခြေခံပညာကျောင်းများလည်း ယာယီပိတ်ထားရမှုများလည်း ရှိနေသည်။
zawgyi version
ပဲခူးေရႀကီးမႈ တစ္ပတ္ေက်ာ္ကာလအတြင္း ေသဆုံးသူ (၈)ဦးထိရွိလာ
သန႔္ဇင္ (NP News) - ဩဂုတ္ ၃
ပဲခူးတိုင္းေဒသႀကီး၊ ပဲခူးၿမိဳ႕ေရႀကီးမႈတြင္ တစ္ပတ္ေက်ာ္ကာလအတြင္း ေသဆုံးသူ (၈)ဦးထိရွိလာေၾကာင္း ေဒသခံလူမႈကူညီေရးအသင္းမ်ားထံမွ သိရသည္။
ၿပီးခဲ့သည့္ ဇူလိုင္လ ၂၆ ရက္မွစတင္ကာ ပဲခူးၿမိဳ႕နယ္တြင္ မိုးသည္းထန္စြာ႐ြာသြန္းျခင္းႏွင့္ ပဲခူးျမစ္ေရျမင့္တက္လာမႈေၾကာင့္ ေရႀကီးေရလွ်ံမႈျဖစ္ကာ ေရနစ္ေသဆုံးသူႏွင့္ ဓာတ္လိုက္ေသဆုံးသူမ်ားရွိလာခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“ကြၽန္ေတာ္တို႔အသင္းက သယ္တာကိုက ၃ ေယာက္ေလာက္ရွိတယ္။ အျခားကသယ္တာေတြနဲ႔ဆို အနည္းဆုံး(၈)ေယာက္ေလာက္ရွိပါၿပီ။ အဓိကေတာ့ အရက္မူးၿပီးေရနစ္ ဆုံးၾကတာမ်ားတယ္။ ေရစီးကလည္းသန္ေတာ့ ရွာဖို႔မလြယ္ကူတာလည္းပါတာေပါ့”ဟု ညီၫြတ္ျခင္း လူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။
ပဲခူးေရႀကီးမႈျဖစ္စဥ္အတြင္းေသဆုံးသူအမ်ားစုမွာ အမ်ိဳးသားမ်ားျဖစ္ၿပီး ေဒသခံပရဟိတအသင္းမ်ားက ရွာေဖြကယ္ဆယ္ေရးမ်ား လုပ္ေဆာင္ေပးခဲ့ရေၾကာင္းသိရသည္။
“ဆုံးတဲ့လူေတြကေတာ့ရွိတယ္။ မေန႔ကလည္း အေလာင္းေတြ႕တယ္လို႔ၾကားမိတယ္။ ေရကလည္းအခုအခ်ိန္ထိ စိုးရိမ္ေရအမွတ္ထက္မွာ ရွိေနပါေသးတယ္။ လမ္းေတြလည္းေရေက်ာ္ေနလို႔ ကားေလးေတြျဖတ္လို႔မရေသးပါဘူး”ဟု အျခားလူမႈကူညီေရးအသင္းမွ တာဝန္ရွိသူ တစ္ဦးက ဆက္ေျပာသည္။
ယေန႔ (ဩဂုတ္လ ၃ ရက္) မြန္းလြဲ ၁၂နာရီခြဲအခ်ိန္တိုင္းထြာခ်က္အရ ပဲခူးျမစ္ေရသည္ ပဲခူးၿမိဳ႕၏ စိုးရိမ္ေရအမွတ္ထက္သို႔ (၂)ေပခန႔္ ေက်ာ္လြန္ေရာက္ရွိေနၿပီး ေနာက္တစ္ရက္အတြင္း ေပဝက္ခန႔္က်ဆင္းလာႏိုင္ေၾကာင္း မိုးေလဝသႏွင့္ ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာန၏ အခ်က္အလက္မ်ားအရသိရသည္။
ၿပီးခဲ့သည့္ ရက္ပိုင္းအတြင္းႏိုင္ငံတစ္ဝန္း ၿမိဳ႕နယ္ေပါင္း(၂၀)ခုထက္မနည္းေရႀကီးေရလွ်ံမႈျဖစ္ေပၚခဲ့ၿပီး အိမ္ေထာင္စုေပါင္းမ်ားစြာ ေရေဘးဒဏ္ခံစားခဲ့ရကာ အေျခခံပညာေက်ာင္းမ်ားလည္း ယာယီပိတ္ထားရမႈမ်ားလည္း ရွိေနသည္။