တရုတ်မှာ Temu app တည်ထောင်သူက အချမ်းသာဆုံး ဘီလျံနာ ဖြစ်လာ
4021
ရောင်နီ (NP News) - သြဂုတ် ၁ဝ
Google အင်ဂျင်နီယာဟောင်း တစ်ယောက်ဖြစ်တဲ့ မစ္စတာ ကိုလင်ဟောင် ဟာ ၂၀၁၅ ခုနှစ်က ဂိမ်းနဲ့ E commence ပစ္စည်းတွေ ပရိုမိုးရှင်းများစွာနဲ့ ရောင်းချတဲ့ လူသိများတဲ့ e-commerce ပလပ်ဖောင်း Pinduoduo (PDD) ကို စတင် တည်ထောင်ခဲ့သူ ဖြစ်ပါတယ်။
အဲဒီနောက် လူသိများတဲ့ Temu shopping app ကို တီထောင်လာခဲ့တဲ့ သူဟာ ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်များ စာရင်းမှာ အလျင်အမြန်ပဲ ပါဝင်လာပြီး သူ့ရဲ့အသားတင် ပိုင်ဆိုင်မှုတန်ဖိုးဟာ ၂၀၂၁ ခုနှစ် အစောပိုင်းမှာ အမေရိကန်ဒေါ်လာ ၇၁.၅ ဘီလျံအထိ မြင့်တက်လာခဲ့ပါတယ်။ အခြား ဘီလျံနာတွေလိုပဲ Covid-19 ကြောင့် တစ်နှစ်လောက် သူ့ရဲ့ချမ်းသာကြွယ်ဝမှုရဲ့ ၈၇ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ပေမယ့် အလျှင်အမြန်ပဲ ပြန်တိုးတက်လာ နိုင်စွမ်းကြောင့် အခြားလုပ်ငန်းရှင်တွေ အံ့အားသင့်ခဲ့ရပါတယ်။ တရုတ်နိုင်ငံ ပြင်ပမှာလည်း သူ့ရဲ့စီးပွားရေး တိုးချဲ့မှု ကလည်း ဆက်လက်တည်ငြိမ်အောင် ထိန်းထားနိုင်ခဲ့ပါတယ်။
ဒါကြောင့် ချမ်းသာကြွယ်ဝမှု အမေရိကန်ဒေါ်လာ ၄၈.၆ ဘီလျံနဲ့ အသက် ၄၄ နှစ်ရှိပြီဖြစ်တဲ့ မစ္စတာဟောင်ဟာ တရုတ်နိုင်ငံရဲ့အချမ်းသာဆုံးပုဂ္ဂိုလ်အနေနဲ့ Bloomberg Billionaires Index ရဲ့စာရင်းဇယားမှာ ပါဝင်လာခဲ့ပါတယ်။ မစ္စတာဟောင်ရဲ့အောင်မြင်မှုဟာ အစိုးရရဲ့ဖိအားပေးမှုကြောင့် မစ္စတာဂျက်မားတို့လို ဒိတ်ဒိတ်ကျဲဘီလျံနာတွေ အကြပ်ရိုက်နေချိန်မှာ ထိုးထွက်လာခဲ့ခြင်းပဲဖြစ်ပါတယ်။
Zawgyi Version;
တ႐ုတ္မွာ Temu app တည္ေထာင္သူက အခ်မ္းသာဆုံး ဘီလ်ံနာ ျဖစ္လာ
ေရာင္နီ (NP News) - ၾသဂုတ္ ၁ဝ
Google အင္ဂ်င္နီယာေဟာင္း တစ္ေယာက္ျဖစ္တဲ့ မစၥတာ ကိုလင္ေဟာင္ ဟာ ၂၀၁၅ ခုႏွစ္က ဂိမ္းနဲ႔ E commence ပစၥည္းေတြ ပ႐ိုမိုးရွင္းမ်ားစြာနဲ႔ ေရာင္းခ်တဲ့ လူသိမ်ားတဲ့ e-commerce ပလပ္ေဖာင္း Pinduoduo (PDD) ကို စတင္ တည္ေထာင္ခဲ့သူ ျဖစ္ပါတယ္။
အဲဒီေနာက္ လူသိမ်ားတဲ့ Temu shopping app ကို တီေထာင္လာခဲ့တဲ့ သူဟာ ကမာၻ႔အခ်မ္းသာဆုံး ပုဂၢိဳလ္မ်ား စာရင္းမွာ အလ်င္အျမန္ပဲ ပါဝင္လာၿပီး သူ႔ရဲ႕အသားတင္ ပိုင္ဆိုင္မႈတန္ဖိုးဟာ ၂၀၂၁ ခုႏွစ္ အေစာပိုင္းမွာ အေမရိကန္ေဒၚလာ ၇၁.၅ ဘီလ်ံအထိ ျမင့္တက္လာခဲ့ပါတယ္။ အျခား ဘီလ်ံနာေတြလိုပဲ Covid-19 ေၾကာင့္ တစ္ႏွစ္ေလာက္ သူ႔ရဲ႕ခ်မ္းသာႂကြယ္ဝမႈရဲ႕ ၈၇ ရာခိုင္ႏႈန္း က်ဆင္းသြားခဲ့ေပမယ့္ အလွ်င္အျမန္ပဲ ျပန္တိုးတက္လာ ႏိုင္စြမ္းေၾကာင့္ အျခားလုပ္ငန္းရွင္ေတြ အံ့အားသင့္ခဲ့ရပါတယ္။ တ႐ုတ္ႏိုင္ငံ ျပင္ပမွာလည္း သူ႔ရဲ႕စီးပြားေရး တိုးခ်ဲ႕မႈ ကလည္း ဆက္လက္တည္ၿငိမ္ေအာင္ ထိန္းထားႏိုင္ခဲ့ပါတယ္။
ဒါေၾကာင့္ ခ်မ္းသာႂကြယ္ဝမႈ အေမရိကန္ေဒၚလာ ၄၈.၆ ဘီလ်ံနဲ႔ အသက္ ၄၄ ႏွစ္ရွိၿပီျဖစ္တဲ့ မစၥတာေဟာင္ဟာ တ႐ုတ္ႏိုင္ငံရဲ႕အခ်မ္းသာဆုံးပုဂၢိဳလ္အေနနဲ႔ Bloomberg Billionaires Index ရဲ႕စာရင္းဇယားမွာ ပါဝင္လာခဲ့ပါတယ္။ မစၥတာေဟာင္ရဲ႕ေအာင္ျမင္မႈဟာ အစိုးရရဲ႕ဖိအားေပးမႈေၾကာင့္ မစၥတာဂ်က္မားတို႔လို ဒိတ္ဒိတ္က်ဲဘီလ်ံနာေတြ အၾကပ္႐ိုက္ေနခ်ိန္မွာ ထိုးထြက္လာခဲ့ျခင္းပဲျဖစ္ပါတယ္။