တရုတ်က အင်ဒိုနီးရှားကို ရေငုပ်သင်္ဘောတွေ လျှော့ဈေးနဲ့ ကမ်းလှမ်းနိုင်ဖွယ်ရှိနေ

 794

Pika (NP News) - သြဂုတ် ၁ဝ

တရုတ်အစိုးရသည် ရေငုပ်သင်္ဘောကမ်းလှမ်းမှုမှတစ်ဆင့် အင်ဒိုနီးရှားနိုင်ငံနှင့် မဖွံ့ဖြိုးသေးသော ကာကွယ်ရေး ဆိုင်ရာဆက်ဆံရေးကို မြှင့်တင်ရန်ကြိုးပမ်းနေကြောင်း လေ့လာသုံးသပ်သူများက ပြောကြားခဲ့သည်။ ထို့ပြင် အင်ဒိုနီးရှားနိုင်ငံသည် ဒေသအတွင်းတွင် ပထဝီဝင်နိုင်ငံရေးတင်းမာမှုများ နှင့် မဟာဗျူဟာမြောက် စိန်ခေါ်မှုများ ရှိနေသည့်ကြားက တရုတ်နိုင်ငံနှင့်ဆက်ဆံရေးများကို နွေးထွေးစွာချဲ့ထွင်နိုင်ရန် မျှော်လင့်ထားကြောင်းလည်း သိရသည်။

အင်ဒိုနီးရှားကာကွယ်ရေးဝန်ကြီးဌာနကို S26T ဒီဇယ်-လျှပ်စစ်ရေငုပ်သင်္ဘော(SSK) နှင့် ပဲ့ထိန်းဒုံးကျည်ဖျက် သင်္ဘောများကို လျှော့ဈေးဖြင့် ကမ်းလှမ်းရန်အတွက် တရုတ်နိုင်ငံ သင်္ဘောတည်ဆောက်ရေးကော်ပိုရေးရှင်း (CSSC) မှ ကိုယ်စားလှယ်များသည် ပြီးခဲ့သည့်ဇူလိုင်လ(၄)ရက်တွင် အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့သို့ သွားရောက်လည်ပတ်ခဲ့ကြောင်း သိရသည်။

အဆိုပါကမ်းလှမ်းမှုကို အင်ဒိုနီးရှားကာကွယ်ရေးဝန်ကြီးဌာနက အတည်ပြုခဲ့သော်လည်း ရေငုပ်သင်္ဘောကမ်းလှမ်း မှုလုပ်ငန်းစဉ်မှာ အဆိုပြုသည့်အဆင့်တွင်သာရှိနေသေးကြောင်း ပြောကြားခဲ့သည်။ အင်ဒိုနီးရှားရေတပ်သည် တရုတ်ထုတ် YJ-12E ကမ်းရိုးတန်းဒုံးကျည်စနစ်ကို ဝယ်ယူရန်အတွက် စိတ်ဝင်စားမှုများကို ပြီးခဲ့သည့် ဇန်နဝါရီလ တွင် ပြသခဲ့ကြောင်း အာရှ-ပစိဖိတ်ကာကွယ်ရေးဂျာနယ်က ဖော်ပြခဲ့ပြီးနောက် CSSC ကိုယ်စားလှယ်များ၏ အင်ဒိုနီးရှားနိုင်ငံသို့ လာရောက်လည်ပတ်မှု ထွက်ပေါ်လာခြင်းဖြစ်သည်။

အဆိုပါ ဝယ်ယူမှုသည် နိုင်ငံ၏ခေတ်လွန်နေသော စစ်ဘက်ဆိုင်ရာဟာ့ဒ်ဝဲများကို ခေတ်မှီစေရန်အတွက် ၂ဝဝ၉ ခုနှစ်တွင် ဖော်ပြခဲ့သော အင်ဒိုနီးရှား၏ Minimum Essential Force plan (MEF) ၏ တတိယအဆင့်နှင့် ကိုက်ညီ မည်ဖြစ်ကြောင်းလည်း သိရသည်။ အထူးသဖြင့် အင်ဒိုနီးရှားနိုင်ငံသည် တရုတ်နိုင်ငံထံမှ အသေးစားပစ္စည်း ကိရိယာများကိုသာ ဝယ်ယူထားသောကြောင့် ရေငုပ်သင်္ဘောဝယ်ယူမှုဖြစ်မြောက်ခဲ့မည်ဆိုပါက အင်ဒိုနီးရှား နှင့် တရုတ်တို့၏ ကာကွယ်ရေးဆက်ဆံရေးတွင် အပြောင်းအလဲတစ်ခုကိုဖြစ်စေနိုင်ကြောင်း Semar Sentinel Indonesia အတိုင်ပင်ခံကုမ္ပဏီ၏ မန်နေဂျာနှင့် သုတေသနညှိနှိုင်းရေးမှူး အန်နာစတေးရှားဖီဘီအိုလာ က ပြောကြားခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံသည် တရုတ်နိုင်ငံထံမှ C-705 နှင့် C-802 သင်္ဘောဖျက်ဒုံးကျည်များ၊ ဒရုန်းများ နှင့် ရွှေ့ပြောင်းတပ်ဆင်ရလွယ်ကူသည့်လေကြောင်းရန်ကာကွယ်ရေးစနစ်များကို ဝယ်ယူခဲ့ဖူးကြောင်းလည်း သိရသည်။ အန်နာစတေးရှားဖီဘီအိုလာက “ဒီတစ်ခါမှာတော့ တရုတ်ရဲ့ကမ်းလှမ်းမှုက အဓိကလက်နက်စနစ်ဖြစ်တဲ့ ရေငုပ်သင်္ဘောတွေပဲဖြစ်ပါတယ်" ဟု ပြောခဲ့သည်။

Zawgyi Version;
တ႐ုတ္က အင္ဒိုနီးရွားကို ေရငုပ္သေဘၤာေတြ ေလွ်ာ့ေဈးနဲ႔ ကမ္းလွမ္းႏိုင္ဖြယ္ရွိေန
Pika (NP News) - ၾသဂုတ္ ၁ဝ

တ႐ုတ္အစိုးရသည္ ေရငုပ္သေဘၤာကမ္းလွမ္းမႈမွတစ္ဆင့္ အင္ဒိုနီးရွားႏိုင္ငံႏွင့္ မဖြံ႕ၿဖိဳးေသးေသာ ကာကြယ္ေရး ဆိုင္ရာဆက္ဆံေရးကို ျမႇင့္တင္ရန္ႀကိဳးပမ္းေနေၾကာင္း ေလ့လာသုံးသပ္သူမ်ားက ေျပာၾကားခဲ့သည္။ ထို႔ျပင္ အင္ဒိုနီးရွားႏိုင္ငံသည္ ေဒသအတြင္းတြင္ ပထဝီဝင္ႏိုင္ငံေရးတင္းမာမႈမ်ား ႏွင့္ မဟာဗ်ဴဟာေျမာက္ စိန္ေခၚမႈမ်ား ရွိေနသည့္ၾကားက တ႐ုတ္ႏိုင္ငံႏွင့္ဆက္ဆံေရးမ်ားကို ေႏြးေထြးစြာခ်ဲ႕ထြင္ႏိုင္ရန္ ေမွ်ာ္လင့္ထားေၾကာင္းလည္း သိရသည္။

အင္ဒိုနီးရွားကာကြယ္ေရးဝန္ႀကီးဌာနကို S26T ဒီဇယ္-လွ်ပ္စစ္ေရငုပ္သေဘၤာ(SSK) ႏွင့္ ပဲ့ထိန္းဒုံးက်ည္ဖ်က္ သေဘၤာမ်ားကို ေလွ်ာ့ေဈးျဖင့္ ကမ္းလွမ္းရန္အတြက္ တ႐ုတ္ႏိုင္ငံ သေဘၤာတည္ေဆာက္ေရးေကာ္ပိုေရးရွင္း (CSSC) မွ ကိုယ္စားလွယ္မ်ားသည္ ၿပီးခဲ့သည့္ဇူလိုင္လ(၄)ရက္တြင္ အင္ဒိုနီးရွားႏိုင္ငံ ဂ်ာကာတာၿမိဳ႕သို႔ သြားေရာက္လည္ပတ္ခဲ့ေၾကာင္း သိရသည္။

အဆိုပါကမ္းလွမ္းမႈကို အင္ဒိုနီးရွားကာကြယ္ေရးဝန္ႀကီးဌာနက အတည္ျပဳခဲ့ေသာ္လည္း ေရငုပ္သေဘၤာကမ္းလွမ္း မႈလုပ္ငန္းစဥ္မွာ အဆိုျပဳသည့္အဆင့္တြင္သာရွိေနေသးေၾကာင္း ေျပာၾကားခဲ့သည္။ အင္ဒိုနီးရွားေရတပ္သည္ တ႐ုတ္ထုတ္ YJ-12E ကမ္း႐ိုးတန္းဒုံးက်ည္စနစ္ကို ဝယ္ယူရန္အတြက္ စိတ္ဝင္စားမႈမ်ားကို ၿပီးခဲ့သည့္ ဇန္နဝါရီလ တြင္ ျပသခဲ့ေၾကာင္း အာရွ-ပစိဖိတ္ကာကြယ္ေရးဂ်ာနယ္က ေဖာ္ျပခဲ့ၿပီးေနာက္ CSSC ကိုယ္စားလွယ္မ်ား၏ အင္ဒိုနီးရွားႏိုင္ငံသို႔ လာေရာက္လည္ပတ္မႈ ထြက္ေပၚလာျခင္းျဖစ္သည္။

အဆိုပါ ဝယ္ယူမႈသည္ ႏိုင္ငံ၏ေခတ္လြန္ေနေသာ စစ္ဘက္ဆိုင္ရာဟာ့ဒ္ဝဲမ်ားကို ေခတ္မွီေစရန္အတြက္ ၂ဝဝ၉ ခုႏွစ္တြင္ ေဖာ္ျပခဲ့ေသာ အင္ဒိုနီးရွား၏ Minimum Essential Force plan (MEF) ၏ တတိယအဆင့္ႏွင့္ ကိုက္ညီ မည္ျဖစ္ေၾကာင္းလည္း သိရသည္။ အထူးသျဖင့္ အင္ဒိုနီးရွားႏိုင္ငံသည္ တ႐ုတ္ႏိုင္ငံထံမွ အေသးစားပစၥည္း ကိရိယာမ်ားကိုသာ ဝယ္ယူထားေသာေၾကာင့္ ေရငုပ္သေဘၤာဝယ္ယူမႈျဖစ္ေျမာက္ခဲ့မည္ဆိုပါက အင္ဒိုနီးရွား ႏွင့္ တ႐ုတ္တို႔၏ ကာကြယ္ေရးဆက္ဆံေရးတြင္ အေျပာင္းအလဲတစ္ခုကိုျဖစ္ေစႏိုင္ေၾကာင္း Semar Sentinel Indonesia အတိုင္ပင္ခံကုမၸဏီ၏ မန္ေနဂ်ာႏွင့္ သုေတသနညႇိႏႈိင္းေရးမႉး အန္နာစေတးရွားဖီဘီအိုလာ က ေျပာၾကားခဲ့သည္။

အင္ဒိုနီးရွားႏိုင္ငံသည္ တ႐ုတ္ႏိုင္ငံထံမွ C-705 ႏွင့္ C-802 သေဘၤာဖ်က္ဒုံးက်ည္မ်ား၊ ဒ႐ုန္းမ်ား ႏွင့္ ေ႐ႊ႕ေျပာင္းတပ္ဆင္ရလြယ္ကူသည့္ေလေၾကာင္းရန္ကာကြယ္ေရးစနစ္မ်ားကို ဝယ္ယူခဲ့ဖူးေၾကာင္းလည္း သိရသည္။ အန္နာစေတးရွားဖီဘီအိုလာက “ဒီတစ္ခါမွာေတာ့ တ႐ုတ္ရဲ႕ကမ္းလွမ္းမႈက အဓိကလက္နက္စနစ္ျဖစ္တဲ့ ေရငုပ္သေဘၤာေတြပဲျဖစ္ပါတယ္" ဟု ေျပာခဲ့သည္။

Related news

© 2021. All rights reserved.