ဖျက်သိမ်းခံရသော ထိုင်း Move Forward ပါတီကို အမည်ပြောင်းလဲကာ ပါတီအသစ်ဖွဲ့စည်းပြီး ခေါင်းဆောင်အသစ်ကို ရွေးချယ်

 542

ဂျန်ဇက် (NP News) - သြဂုတ် ၁ဝ

ထိုင်းနိုင်ငံရေးပါတီအဖြစ် ဖျက်သိမ်းခံရသော Move Forward ပါတီကို နာမည်ပြောင်းလဲအသစ်ဖွဲ့စည်းလိုက်သော People’s party ပါတီခေါင်းဆောင်အသစ်က ၂၀၂၇ ခုနှစ်တွင် အစိုးရအဖွဲ့ကို အပြောင်းအလဲများ လုပ်ဆောင်ရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။
ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးသည် ပြီးခဲ့သောရက်ပိုင်းတွင် ရွေးကောက်ပွဲတွင်မဲအများဆုံးရရှိခဲ့သော Move Forward ပါတီကို ထိုင်းဘုရင်စနစ်ကိုဝေဖန်တိုက်ခိုက်မှုများအတွက် ပါတီဖျက်သိမ်းရန်အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။ Move Forward ပါတီခေါင်းဆောင်များသည် ပါတီဖျက်သိမ်းခံရပြီးနောက် လွှတ်တော်ကိုယ်စားလှယ် ၁၄၃ ဦး ပါဝင်မည့် ထိုင်းပြည်သူပါတီအသစ်ကို ထပ်မံဖွဲ့စည်းတည်ထောင်လိုက်ကြောင်း သိရသည်။

Move Forward ပါတီ၏ လွှတ်တော်ကိုယ်စားလှယ်ဟောင်းများ အစည်းအဝေးတွင် အသစ်ဖွဲ့စည်းလိုက်သော People’s party ပါတီခေါင်းဆောင်အသစ်အဖြစ် နက်တာဖုန်ကို ရွေးချယ်လိုက်ကြောင်း သိရသည်။ အသစ်ဖွဲ့စည်း လိုက်သော ပြည်သူပါတီ၏ အုပ်ချုပ်ရေးကော်မတီခေါင်းဆောင် ငါးဦးကို ရွေးချယ်လိုက်ပြီဖြစ်ကြောင်း၊ ယခင် Move Forward ပါတီတွင် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ပါဝင်ခဲ့သော လွှတ်တော်ကိုယ်စားလှယ် ၁၄၃ ဦး စလုံးပါတီအသစ်ကို ကူးပြောင်းမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

ပြည်သူပါတီခေါင်းဆောင်အသစ်ဖြစ်သူ နက်တာဖုန်က ၎င်းတို့အနေဖြင့် ထိုင်းဘုရင်စနစ်နှင့်ပတ်သက်သောဥပဒေ များကို ပြင်ဆင်ပြောင်းလဲရန်ကြိုးပမ်းမည်ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးသည် ပါတီအသစ် ထပ်မံ ဖွဲ့စည်းခြင်းကို တားမြစ်ရန်မဖြစ်နိုင်ကြောင်း ပြောသည်။ သို့သော်လည်း ၎င်းတို့ပါတီအသစ်အနေဖြင့် ချဉ်းကပ်မှု များကို ဂရုစိုက်လုပ်ဆောင်သွားရမည်ဖြစ်ကြောင်း နက်တာဖုန်က ထပ်မံပြောခဲ့သည်။

နိုင်ငံရေးပါတီအဖြစ် ဖျက်သိမ်းခံလိုက်ရသော Move Forward သည် မူဝါဒပေါင်း ၃၀၀ ကြေညာထားရာ ယင်းမူဝါဒ များထဲတွင်ထိုင်းဘုရင်စနစ်ကို ပြင်ဆင်ပြောင်းလဲမည့်အချက် ပါဝင်နေကြောင်း သိရသည်။ Move Forward ပါတီကို အသစ်ပြောင်းလဲဖွဲ့စည်းလိုက်သော ပြည်သူပါတီက ၎င်းတို့သည် ဖျက်သိမ်းခံလိုက်ရသော Move Forward ပါတီ၏ မူဝါဒများ အတိုင်းဆက်လက်လုပ်ဆောင်မည်ဖြစ်ကြောင်း ပါတီခေါင်းဆောင်အသစ်က ပြောသည်။

ထိုင်းဘုရင်စနစ်ကိုဝေဖန်ပြစ်တင်မှုများကြောင့် Move Forward ပါတီခေါင်းဆောင်ဖြစ်သူ ပီတလင်ဂျာရိုအမ်ရက် သည် နိုင်ငံရေးလုပ်ခွင့် ၁ဝ နှစ်ပိတ်ပင်ခံထားရသည့်အတွက် ပါတီအသစ်ဖြစ်သော ပြည်သူပါတီတွင် ပါဝင်လာ နိုင်ဖွယ်မရှိကြောင်း သိရသည်။ ထိုင်းနိုင်ငံရေးလောကတွင် ထိုင်းအစိုးရနှင့်ဘုရင်စနစ်ကို ဝေဖန်ပြစ်တင်မှုများ ကြောင့် ဖျက်သိမ်းခံရဖူးသည် Future Forward ပါတီ ဖျက်သိမ်းခံရပြီးနောက် အဆိုပါ Future Forward ပါတီကို Move Forward ပါတီအဖြစ် အမည်ပြောင်းလဲဖွဲ့စည်းခဲ့ပြီး Move Forward ပါတီဖျက်သိမ်းခံရချိန်တွင် ပြည်သူ့ပါတီအဖြစ် အမည်ပြောင်းလဲထပ်မံဖွဲ့စည်းလိုက်ခြင်းဖြစ်ပြီး ပါတီဝင်များနှင့် လွှတ်တော်ကိုယ်စား လှယ်အများစုက ယခင် Move Forward ပါတီဝင်အများစုဖြစ်ကြောင်း သိရသည်။

Zawgyi Version;
ဖ်က္သိမ္းခံရေသာ ထိုင္း Move Forward ပါတီကို အမည္ေျပာင္းလဲကာ ပါတီအသစ္ဖြဲ႕စည္းၿပီး ေခါင္းေဆာင္အသစ္ကို ေ႐ြးခ်ယ္
ဂ်န္ဇက္ (NP News) - ၾသဂုတ္ ၁ဝ

ထိုင္းႏိုင္ငံေရးပါတီအျဖစ္ ဖ်က္သိမ္းခံရေသာ Move Forward ပါတီကို နာမည္ေျပာင္းလဲအသစ္ဖြဲ႕စည္းလိုက္ေသာ People’s party ပါတီေခါင္းေဆာင္အသစ္က ၂၀၂၇ ခုႏွစ္တြင္ အစိုးရအဖြဲ႕ကို အေျပာင္းအလဲမ်ား လုပ္ေဆာင္ရန္ ႀကိဳးပမ္းသြားမည္ျဖစ္ေၾကာင္း ထုတ္ေဖာ္ေျပာဆိုလိုက္သည္။
ထိုင္းဖြဲ႕စည္းပုံအေျခခံဥပေဒခုံ႐ုံးသည္ ၿပီးခဲ့ေသာရက္ပိုင္းတြင္ ေ႐ြးေကာက္ပြဲတြင္မဲအမ်ားဆုံးရရွိခဲ့ေသာ Move Forward ပါတီကို ထိုင္းဘုရင္စနစ္ကိုေဝဖန္တိုက္ခိုက္မႈမ်ားအတြက္ ပါတီဖ်က္သိမ္းရန္အမိန႔္ခ်မွတ္ခဲ့ေၾကာင္း သိရသည္။ Move Forward ပါတီေခါင္းေဆာင္မ်ားသည္ ပါတီဖ်က္သိမ္းခံရၿပီးေနာက္ လႊတ္ေတာ္ကိုယ္စားလွယ္ ၁၄၃ ဦး ပါဝင္မည့္ ထိုင္းျပည္သူပါတီအသစ္ကို ထပ္မံဖြဲ႕စည္းတည္ေထာင္လိုက္ေၾကာင္း သိရသည္။

Move Forward ပါတီ၏ လႊတ္ေတာ္ကိုယ္စားလွယ္ေဟာင္းမ်ား အစည္းအေဝးတြင္ အသစ္ဖြဲ႕စည္းလိုက္ေသာ People’s party ပါတီေခါင္းေဆာင္အသစ္အျဖစ္ နက္တာဖုန္ကို ေ႐ြးခ်ယ္လိုက္ေၾကာင္း သိရသည္။ အသစ္ဖြဲ႕စည္း လိုက္ေသာ ျပည္သူပါတီ၏ အုပ္ခ်ဳပ္ေရးေကာ္မတီေခါင္းေဆာင္ ငါးဦးကို ေ႐ြးခ်ယ္လိုက္ၿပီျဖစ္ေၾကာင္း၊ ယခင္ Move Forward ပါတီတြင္ လႊတ္ေတာ္ကိုယ္စားလွယ္အျဖစ္ ပါဝင္ခဲ့ေသာ လႊတ္ေတာ္ကိုယ္စားလွယ္ ၁၄၃ ဦး စလုံးပါတီအသစ္ကို ကူးေျပာင္းမည္ျဖစ္ေၾကာင္း သတင္းထုတ္ျပန္ထားသည္။

ျပည္သူပါတီေခါင္းေဆာင္အသစ္ျဖစ္သူ နက္တာဖုန္က ၎တို႔အေနျဖင့္ ထိုင္းဘုရင္စနစ္ႏွင့္ပတ္သက္ေသာဥပေဒ မ်ားကို ျပင္ဆင္ေျပာင္းလဲရန္ႀကိဳးပမ္းမည္ျဖစ္ေၾကာင္း၊ ဖြဲ႕စည္းပုံအေျခခံဥပေဒခုံ႐ုံးသည္ ပါတီအသစ္ ထပ္မံ ဖြဲ႕စည္းျခင္းကို တားျမစ္ရန္မျဖစ္ႏိုင္ေၾကာင္း ေျပာသည္။ သို႔ေသာ္လည္း ၎တို႔ပါတီအသစ္အေနျဖင့္ ခ်ဥ္းကပ္မႈ မ်ားကို ဂ႐ုစိုက္လုပ္ေဆာင္သြားရမည္ျဖစ္ေၾကာင္း နက္တာဖုန္က ထပ္မံေျပာခဲ့သည္။

ႏိုင္ငံေရးပါတီအျဖစ္ ဖ်က္သိမ္းခံလိုက္ရေသာ Move Forward သည္ မူဝါဒေပါင္း ၃၀၀ ေၾကညာထားရာ ယင္းမူဝါဒ မ်ားထဲတြင္ထိုင္းဘုရင္စနစ္ကို ျပင္ဆင္ေျပာင္းလဲမည့္အခ်က္ ပါဝင္ေနေၾကာင္း သိရသည္။ Move Forward ပါတီကို အသစ္ေျပာင္းလဲဖြဲ႕စည္းလိုက္ေသာ ျပည္သူပါတီက ၎တို႔သည္ ဖ်က္သိမ္းခံလိုက္ရေသာ Move Forward ပါတီ၏ မူဝါဒမ်ား အတိုင္းဆက္လက္လုပ္ေဆာင္မည္ျဖစ္ေၾကာင္း ပါတီေခါင္းေဆာင္အသစ္က ေျပာသည္။

ထိုင္းဘုရင္စနစ္ကိုေဝဖန္ျပစ္တင္မႈမ်ားေၾကာင့္ Move Forward ပါတီေခါင္းေဆာင္ျဖစ္သူ ပီတလင္ဂ်ာ႐ိုအမ္ရက္ သည္ ႏိုင္ငံေရးလုပ္ခြင့္ ၁ဝ ႏွစ္ပိတ္ပင္ခံထားရသည့္အတြက္ ပါတီအသစ္ျဖစ္ေသာ ျပည္သူပါတီတြင္ ပါဝင္လာ ႏိုင္ဖြယ္မရွိေၾကာင္း သိရသည္။ ထိုင္းႏိုင္ငံေရးေလာကတြင္ ထိုင္းအစိုးရႏွင့္ဘုရင္စနစ္ကို ေဝဖန္ျပစ္တင္မႈမ်ား ေၾကာင့္ ဖ်က္သိမ္းခံရဖူးသည္ Future Forward ပါတီ ဖ်က္သိမ္းခံရၿပီးေနာက္ အဆိုပါ Future Forward ပါတီကို Move Forward ပါတီအျဖစ္ အမည္ေျပာင္းလဲဖြဲ႕စည္းခဲ့ၿပီး Move Forward ပါတီဖ်က္သိမ္းခံရခ်ိန္တြင္ ျပည္သူ႔ပါတီအျဖစ္ အမည္ေျပာင္းလဲထပ္မံဖြဲ႕စည္းလိုက္ျခင္းျဖစ္ၿပီး ပါတီဝင္မ်ားႏွင့္ လႊတ္ေတာ္ကိုယ္စား လွယ္အမ်ားစုက ယခင္ Move Forward ပါတီဝင္အမ်ားစုျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.