Kursk ဒေသထိုးစစ်တွင် ယူကရိန်းတပ်ဖွဲ့များအရေးသာနေကြောင်း ရုရှားစစ်တပ် ဝန်ခံ
1685
ALynn (NP News) - ဩဂုတ် ၁၂
ယူကရိန်းတပ်ဖွဲ့ဝင်များသည် Kursk နယ်ခြားဒေသအတွင်းသို့ နက်ရှိုင်းစွာ ထိုးဖောက်ဝင်ရောက်ခဲ့ကြောင်း မော်စကိုက တနင်္ဂနွေနေ့ (သြဂုတ် ၁၁ ရက်)တွင် ဖော်ပြခဲ့ပြီး ရုရှားနိုင်ငံအား မတည်မငြိမ်ဖြစ်စေရန်နှင့် ၎င်း၏ တပ်ဖွဲ့များကို ဖြန့်ကျက်ရန်ရည်ရွယ်၍ ထိုးဖောက်ဝင်ရောက်လာခြင်းဖြစ်သည်ဟု ယူကရိန်းထိပ်တန်းအရာရှိတစ်ဦးက ပြောကြားခဲ့သည်။
တနင်္ဂနွေနေ့နှောင်းပိုင်းတွင် ရုရှားတပ်ဖွဲ့များသိမ်းပိုက်ထားသော ယူကရိန်းတောင်ပိုင်းရှိ Zaporizhzhia နျူကလီးယားစက်ရုံမီးလောင်မှုအတွက် တစ်ဖက်နှင့် တစ်ဖက် အပြစ်တင်နေကြသော်လည်း ကုလသမဂ္ဂနျူကလီး ယားစောင့်ကြည့်ရေးအဖွဲ့က နျူကလီးယားယိုစိမ့်မှု လက္ခဏာမရှိကြောင်း ပြောကြားခဲ့သည်။
မော်စကိုစစ်တပ်သည် အရန်တပ်များ၊ တင့်ကားများ၊ လေကြောင်း၊ အမြောက်များနှင့် ဒရုန်းများဖြင့် အလျင်စလို ပြန်လည်တိုက်ခိုက်ခဲ့သည်။ သို့သော် ယူကရိန်းစစ်တပ်သည် ၎င်း၏ပိုင်နက်နယ်မြေ၏ ကီလိုမီတာ ၃၀ အကွာအဝေးအထိ ထိုးဖောက်ဝင်ရောက်နိုင်ခဲ့ကြောင်း တနင်္ဂနွေနေ့တွင် ဖော်ပြခဲ့သည်။ အနောက် Kursk ဒေသရှိ အခြေအနေများနှင့် ပတ်သက်၍ နေ့စဉ် အစီရင်ခံချက်တွင် ယူကရိန်းတပ်ဖွဲ့များက ကျည်ကာယာဉ်များ အသုံးပြု၍ ရုရှားပိုင်နက်အတွင်းသို့ နက်နက်နဲနဲ ဖြတ်ကျော်ဝင်ရောက်ရန် ကြိုးပမ်းခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ အဆိုပါတပ်ဖွဲ့ဝင်အချို့သည် ရုရှား-ယူကရိန်းနယ်စပ်မှ ၂၅ ကီလိုမီတာနှင့် ၃၀ ကီလိုမီတာ အကွာရှိ Tolpino နှင့် Obshchy Kolodez ကျေးရွာများအနီးတွင် ရှိနေသည်ဟု ဆိုသည်။ “ရုရှားက နယ်စပ်မှာ ကိယက်ဗ်တပ်ဖွဲ့ဝင် ၁,၀၀၀ တပ်ဖြန့်ထားတယ်ဟု လျှော့ပြောနေပေမယ့် အမှန်တကယ်က ထောင်ပေါင်းများစွာဖြစ်တယ်”လို့ ယူကရိန်းအရာရှိတစ်ဦးက ဆိုသည်။
ယူကရိန်းသမ္မတ ဇီလန်စကီးသည် Zaporizhzhia နျူကလီးယားစက်ရုံရှိ အအေးခံမျှော်စင် မီးလောင်မှုအတွက် ရုရှားကို အပြစ်တင်ခဲ့သလို ရုရှားကလည်း ယင်းမှာ ယူကရိန်း၏ ပစ်ခတ်မှုကြောင့် ဖြစ်သည်ဟု စွပ်စွဲခဲ့သည်။“နျူကလီးယား အန္တရာယ်တော့ မတွေ့ရဘူး”ဟု အဆိုပါ နေရာ၌ ကျွမ်းကျင်သူများက စစ်ဆေးပြီးနောက် နိုင်ငံတကာ အနုမြူစွမ်းအင် အေဂျင်စီမှ ကြေညာချက် ထုတ်ပြန်ခဲ့သည်။ ကီယက်ဗ်နှင့် မော်စကို နှစ်ဖက်စလုံးက ဓာတ်ရောင်ခြည် သင့်မှုအဆင့် မြင့်တက်လာခြင်းမရှိကြောင်း ဖော်ပြခဲ့သည်။
ရုရှားသည် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် ယူကရိန်းအား အထူးစစ်ဆင်ရေး ဆင်နွှဲပြီးနောက် အရှေ့ဘက်နှင့် တောင်ဘက်ပိုင်းဒေသများကို သိမ်းပိုက်ကာ ယူကရိန်းမြို့များကို နေ့စဉ် ဒုံးကျည်များ၊ ဒရုန်းများဖြင့် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။ ထို့နောက် ကိယက်ဗ်သည် လူအင်အားနှင့် လက်နက်ထောက်ပံ့မှုများအတွက် ရုန်းကန်နေရပြီး တပ်အချို့ပြန်ဆုတ်သွား ခဲ့ရသည်။
Kursk ဒေသအား ထိုးစစ်ဆင်မှုသည် ယခုအချိန်အထိ ကိယက်ဗ်၏ အကြီးဆုံးနှင့် အအောင်မြင်ဆုံး နယ်စပ်ဖြတ်ကျော် ထိုးစစ်ဖြစ်ပြီး ဒုတိယကမ္ဘာစစ်နောက်ပိုင်း ရုရှား ပိုင်နက်အတွင်း ပြည်ပစစ်တပ်များ၏ အထူးခြားဆုံး တိုက်ခိုက်မှုလည်း ဖြစ်သည်။ စနေနေ့က အရပ်သား ၇၆,၀၀၀ ကျော်ကို နယ်စပ်ဒေသများမှ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရပြီး တနင်္ဂနွေနေ့တွင် နောက်ထပ် ရွှေ့ပြောင်းဖို့ရှိကြောင်း ရုရှားနိုင်ငံက ပြောကြားခဲ့သည်။
zawgyi version
Kursk ေဒသထိုးစစ္တြင္ ယူကရိန္းတပ္ဖြဲ႕မ်ားအေရးသာေနေၾကာင္း ႐ုရွားစစ္တပ္ ဝန္ခံ
ALynn (NP News) - ဩဂုတ္ ၁၂
ယူကရိန္းတပ္ဖြဲ႕ဝင္မ်ားသည္ Kursk နယ္ျခားေဒသအတြင္းသို႔ နက္ရႈိင္းစြာ ထိုးေဖာက္ဝင္ေရာက္ခဲ့ေၾကာင္း ေမာ္စကိုက တနဂၤေႏြေန႔ (ၾသဂုတ္ ၁၁ ရက္)တြင္ ေဖာ္ျပခဲ့ၿပီး ႐ုရွားႏိုင္ငံအား မတည္မၿငိမ္ျဖစ္ေစရန္ႏွင့္ ၎၏ တပ္ဖြဲ႕မ်ားကို ျဖန႔္က်က္ရန္ရည္႐ြယ္၍ ထိုးေဖာက္ဝင္ေရာက္လာျခင္းျဖစ္သည္ဟု ယူကရိန္းထိပ္တန္းအရာရွိတစ္ဦးက ေျပာၾကားခဲ့သည္။
တနဂၤေႏြေန႔ေႏွာင္းပိုင္းတြင္ ႐ုရွားတပ္ဖြဲ႕မ်ားသိမ္းပိုက္ထားေသာ ယူကရိန္းေတာင္ပိုင္းရွိ Zaporizhzhia န်ဴကလီးယားစက္႐ုံမီးေလာင္မႈအတြက္ တစ္ဖက္ႏွင့္ တစ္ဖက္ အျပစ္တင္ေနၾကေသာ္လည္း ကုလသမဂၢန်ဴကလီး ယားေစာင့္ၾကည့္ေရးအဖြဲ႕က န်ဴကလီးယားယိုစိမ့္မႈ လကၡဏာမရွိေၾကာင္း ေျပာၾကားခဲ့သည္။
ေမာ္စကိုစစ္တပ္သည္ အရန္တပ္မ်ား၊ တင့္ကားမ်ား၊ ေလေၾကာင္း၊ အေျမာက္မ်ားႏွင့္ ဒ႐ုန္းမ်ားျဖင့္ အလ်င္စလို ျပန္လည္တိုက္ခိုက္ခဲ့သည္။ သို႔ေသာ္ ယူကရိန္းစစ္တပ္သည္ ၎၏ပိုင္နက္နယ္ေျမ၏ ကီလိုမီတာ ၃၀ အကြာအေဝးအထိ ထိုးေဖာက္ဝင္ေရာက္ႏိုင္ခဲ့ေၾကာင္း တနဂၤေႏြေန႔တြင္ ေဖာ္ျပခဲ့သည္။ အေနာက္ Kursk ေဒသရွိ အေျခအေနမ်ားႏွင့္ ပတ္သက္၍ ေန႔စဥ္ အစီရင္ခံခ်က္တြင္ ယူကရိန္းတပ္ဖြဲ႕မ်ားက က်ည္ကာယာဥ္မ်ား အသုံးျပဳ၍ ႐ုရွားပိုင္နက္အတြင္းသို႔ နက္နက္နဲနဲ ျဖတ္ေက်ာ္ဝင္ေရာက္ရန္ ႀကိဳးပမ္းခဲ့ေၾကာင္း ကာကြယ္ေရးဝန္ႀကီးဌာနက ေျပာၾကားခဲ့သည္။ အဆိုပါတပ္ဖြဲ႕ဝင္အခ်ိဳ႕သည္ ႐ုရွား-ယူကရိန္းနယ္စပ္မွ ၂၅ ကီလိုမီတာႏွင့္ ၃၀ ကီလိုမီတာ အကြာရွိ Tolpino ႏွင့္ Obshchy Kolodez ေက်း႐ြာမ်ားအနီးတြင္ ရွိေနသည္ဟု ဆိုသည္။ “႐ုရွားက နယ္စပ္မွာ ကိယက္ဗ္တပ္ဖြဲ႕ဝင္ ၁,၀၀၀ တပ္ျဖန႔္ထားတယ္ဟု ေလွ်ာ့ေျပာေနေပမယ့္ အမွန္တကယ္က ေထာင္ေပါင္းမ်ားစြာျဖစ္တယ္”လို႔ ယူကရိန္းအရာရွိတစ္ဦးက ဆိုသည္။
ယူကရိန္းသမၼတ ဇီလန္စကီးသည္ Zaporizhzhia န်ဴကလီးယားစက္႐ုံရွိ အေအးခံေမွ်ာ္စင္ မီးေလာင္မႈအတြက္ ႐ုရွားကို အျပစ္တင္ခဲ့သလို ႐ုရွားကလည္း ယင္းမွာ ယူကရိန္း၏ ပစ္ခတ္မႈေၾကာင့္ ျဖစ္သည္ဟု စြပ္စြဲခဲ့သည္။“န်ဴကလီးယား အႏၲရာယ္ေတာ့ မေတြ႕ရဘူး”ဟု အဆိုပါ ေနရာ၌ ကြၽမ္းက်င္သူမ်ားက စစ္ေဆးၿပီးေနာက္ ႏိုင္ငံတကာ အႏုျမဴစြမ္းအင္ ေအဂ်င္စီမွ ေၾကညာခ်က္ ထုတ္ျပန္ခဲ့သည္။ ကီယက္ဗ္ႏွင့္ ေမာ္စကို ႏွစ္ဖက္စလုံးက ဓာတ္ေရာင္ျခည္ သင့္မႈအဆင့္ ျမင့္တက္လာျခင္းမရွိေၾကာင္း ေဖာ္ျပခဲ့သည္။
႐ုရွားသည္ ၂၀၂၂ ခုႏွစ္ ေဖေဖာ္ဝါရီလတြင္ ယူကရိန္းအား အထူးစစ္ဆင္ေရး ဆင္ႏႊဲၿပီးေနာက္ အေရွ႕ဘက္ႏွင့္ ေတာင္ဘက္ပိုင္းေဒသမ်ားကို သိမ္းပိုက္ကာ ယူကရိန္းၿမိဳ႕မ်ားကို ေန႔စဥ္ ဒုံးက်ည္မ်ား၊ ဒ႐ုန္းမ်ားျဖင့္ တိုက္ခိုက္မႈမ်ား ျပဳလုပ္ခဲ့သည္။ ထို႔ေနာက္ ကိယက္ဗ္သည္ လူအင္အားႏွင့္ လက္နက္ေထာက္ပံ့မႈမ်ားအတြက္ ႐ုန္းကန္ေနရၿပီး တပ္အခ်ိဳ႕ျပန္ဆုတ္သြား ခဲ့ရသည္။
Kursk ေဒသအား ထိုးစစ္ဆင္မႈသည္ ယခုအခ်ိန္အထိ ကိယက္ဗ္၏ အႀကီးဆုံးႏွင့္ အေအာင္ျမင္ဆုံး နယ္စပ္ျဖတ္ေက်ာ္ ထိုးစစ္ျဖစ္ၿပီး ဒုတိယကမာၻစစ္ေနာက္ပိုင္း ႐ုရွား ပိုင္နက္အတြင္း ျပည္ပစစ္တပ္မ်ား၏ အထူးျခားဆုံး တိုက္ခိုက္မႈလည္း ျဖစ္သည္။ စေနေန႔က အရပ္သား ၇၆,၀၀၀ ေက်ာ္ကို နယ္စပ္ေဒသမ်ားမွ ေဘးလြတ္ရာသို႔ ေ႐ႊ႕ေျပာင္းခဲ့ရၿပီး တနဂၤေႏြေန႔တြင္ ေနာက္ထပ္ ေ႐ႊ႕ေျပာင္းဖို႔ရွိေၾကာင္း ႐ုရွားႏိုင္ငံက ေျပာၾကားခဲ့သည္။