TNLA လက်အောက်မှ မိုးကုတ်မြို့တွင် “ငါနှင့်မတူ ငါ့ရန်သူ” မူဝါဒ၊ ဒလန်ရှင်းလင်းရေးလုပ်လာသဖြင့် ပြည်သူများအကြား ကျီးလန့်စာစားအခြေအနေ ဖြစ်နေဟုဆို

 7486

သန့်ဇင် (NP News) - ဩဂုတ် ၁၄

TNLA ပူးပေါင်းအဖွဲ့က ထိန်းချုပ်ထားသည့် မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့တွင် “ငါနှင့် မတူ ငါ့ရန်သူ” မူဝါဒများကိုဖော်ဆောင်လာသည့် အတွက် ပြည်သူများအကြား ကျီးလန့်စာစား အခြေအနေ ဖြစ်နေကြောင်း မိုးကုတ်မြို့မှစစ်ဘေးရှောင်လာသူ မိုးကုတ်မြို့ခံတစ်ဦးက NP News သို့ ထုတ်ဖော်ပြောကြားသည်။

TNLA နှင့်ပူးပေါင်းအဖွဲ့က ဇွန်လ (၂၅) ရက်ကစတင်ကာ မန္တလေးတိုင်းဒေသကြီး မိုးကုတ် မြို့ကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဇူလိုင်လ (၂၄)ရက်တွင် အလုံးစုံထိန်းချုပ်နိုင်ကြောင်း ကြေညာခဲ့သည်။

ထို့နောက် TNLA က ၎င်းတို့ကိုပြည်သူများက ကြိုဆိုသည်ဟုဆိုကာ ဝါဒဖြန့်ဓာတ်ပုံများကို ထုတ်ပြန်ခဲ့ပြီး အဆိုပါဓာတ်ပုံများမှာ လုပ်ကြံရိုက်ကူးထားသည့် ဓာတ်ပုံများဖြစ် ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ရှင်းလင်းပြောကြားထားသည်။

NP News က လတ်တလောသိရှိရသည့်အချက်အလက်များအရ မိုးကုတ်မြို့တွင် ‘ဒလန်’ ရှင်းလင်းရေးအဖွဲ့ဟုဆိုသော အစုအဖွဲ့တစ်ခုကို ဖွဲ့စည်းထားသောကြောင့် မြို့ခံများ အကြား စိုးရိမ်မှုမြင့်တက်နေခြင်းဖြစ်သည်။

“ ဗျူဟာကျပြီး (၃)ရက်လောက်နေတော့ ထင်တယ်။ (ဒလန်ရှင်းမယ်ဆိုတော့) ကြောက်လန့်ပြီးတော့ မထွက်လို့မရဘူးဆိုပြီး ထွက်ခဲ့ရတာ။ သူတို့ကတော့ ဒလန်ရှင်းလင်းရေးအဖွဲ့ဆိုပြီး သတ်သတ်ကို ထားတယ်။ ရပ်ကွက်တိုင်းမှာ ဒီရပ်ကွက်မှာ ဒလန်ရှိလား။ ရှိရင် ဒလန်တွေကိုစာရင်းပေးထားတယ်။ အဲဒီလိုတွေ ခြိမ်းခြောက်တယ်လို့ပြောရမှာပေါ့” ဟု အမြင်မတူသည့်အတွက် “ဒလန်”ဟု နာမည်အတပ်ခံရသူ အထက်ပါဒေသခံက ရှင်းပြသည်။

ထို့ပြင် ငါနဲ့မတူငါ့ရန်သူဆိုသောစိတ်ဓာတ်ဖြင့် TNLA ပူးပေါင်းအဖွဲ့နှင့် ပူးပေါင်းနေသည့် မြို့ခံ အချို့က ၎င်းတို့နေထိုင်ရာရပ်ကွက် အတွင်း၌ “ ဒလန် ”များရှိကြောင်းနှင့် အဆိုပါ “ဒလန်”များကို သတ်ဖြတ်ပေးရန်တောင်းဆိုမှုများရှိနေကြောင်းလည်း သတင်းအတိအကျ ရထားသည်ဟု ၎င်းကဆိုသည်။

“ကျီးလန့်စာစားဖြစ်နေတာ။ အစ်ကို ကိုယ်တိုင်လည်း ကျီးလန့်စာစားနေရတယ်။ ရပ်ကွက်ထဲမှာ ဒလန်တွေရှိတယ်။ တစ်ခါတည်းသတ်ပေးပါလို့ တောင်းဆိုတဲ့သတင်းကို ကြားနေရတာပါ။ ကျွန်တော့်ကို စစ်တပ်ကို သတင်းပေးတာလို့ ပြောကြတာ။ သတင်းလည်း မပေးရပါဘူး။ ဘယ်တပ်သားတစ်ယောက်နဲ့မှလည်းမသိဘူး။ အဲဒါနဲ့စိတ်တွေညစ်ပြီးနေရတာ။ သူတို့ကတော့ ဟုတ်ဟုတ်မဟုတ်ဟုတ် ဒလန်လို့ သတ်မှတ်ပြီး သတ်ကြတော့မှာလေ။ လာဖမ်းရင်တော့ “ဒလန်” မဟုတ်ဘူးလို့ ရှင်းပြလိုက်မယ်ဆိုပြီး စဉ်းစားထားတယ်။ ဒါပေမဲ့ အသိတစ်ယောက်က ပြောတယ်။ မရှင်းပြနဲ့တဲ့။ သူတို့တွေက ဒလန်လို့ သတ်မှတ်ပြီးပြီဆိုရင် ရှင်းပြခွင့်ဆိုတာမရှိဘူးလို့ ပြောပြတယ်ပေါ့”ဟု ၎င်းကဆက်လက်ပြောသည်။

လက်ရှိ NP News က စုံစမ်းသိရှိရသောအချက်အလက်များအရ မိုးကုတ် မြို့ကို TNLA လက်အတွင်း “ ဒလန်” စာရင်းဟုခေါ် သောအချက်အလက်များရှိနေကာ အဆိုပါစာရင်း ပေါ်မူတည်၍ ဖမ်းဆီးမှုများပြုလုပ်မည်ဟု သတင်းထွက်ပေါ်နေကြောင်းသိရသည်။ “ဒလန်တွေဖမ်းမယ်ဆိုတော့ တစ်ခုစိုးရိမ်တာ ရှိပါတယ်။ ကိုယ်မဟုတ်ဘဲ မကျေနပ်တဲ့သူက သွားတိုင်ရင်လည်း အဖမ်းခံရနိုင်တယ်။ ကိုယ့်ကို မကျေနပ်တဲ့သူက အလကားနေရင်းသွားတိုင် လိုက် ရင်ကိုယ်က “ဒလန်” ဖြစ်မှာလေ”ဟု ၎င်းကဆိုသည်။

လက်ရှိတွင် TNLA ပူးပေါင်းအဖွဲ့က မြို့ မှ တိမ်းရှောင်သူများ၏ လက်ကိုင်ဖုန်းများကိုလည်း တင်းတင်းကြပ်ကြပ် စစ်ဆေးမှုများပြုလုပ်နေပြီး ဖုန်းအတွင်း ၎င်းတို့ကို ဆန့်ကျင် သည်ဟုယူဆရသော (သို့မဟုတ်) တပ်မတော်ကိုထောက်ခံသည့်အသွင်ရှိသော ဓာတ်ပုံ၊ ဖုန်းအဆက်အသွယ်များကိုတွေ့ပါက ဖမ်းဆီးခြင်းများရှိနေကြောင်း သိရသည်။

“ကျွန်တော့် အသိတစ်ယောက်ဆိုလို့ရှိရင် ဖုန်းထဲက ဓာတ်ပုံဖျက်ထားတာတောင်မှ ဖုန်း Gallery ထဲက Recycle အထိဝင်ကြည့်ပြီး ဖျက်ထားတဲ့ ပုံတွေက ဘာပုံတွေလဲဆိုတာကို စစ်တာ။ အဲဒီမှာ USDP ပါတီကို ထောက်ခံတဲ့ ဓာတ်ပုံတွေ့တော့ အတင်းရစ်တော့တာပဲ။ ရှိခိုး ဦးတင်တောင်းပန်ပြီးတော့မှ လွတ်လာခဲ့တာ” ဟု မိုးကုတ်မြို့မှ စစ်ဘေးရှောင် ပြည်သူတစ်ဦးက ဆိုသည်။ TNLA ထိန်းချုပ်ထားသည့် မိုးကုတ်မြို့သည် ပြီးခဲ့သည့်ရက်ပိုင်းမှစတင်ကာ ဆက်သွယ်ရေး နှင့် ကုန်စည်စီးဆင်းမှုများပိတ်ထားသည့်အတွက် စားနပ်ရိက္ခာရှားပါးမှုများ ဖြစ်ပွားခဲ့သောကြောင့် မြို့ခံများအခက်အခဲများဖြစ်ပေါ်နေကြောင်းသိရသည်။

“မိုးကုတ်က ဘာမှမထွက်ဘူးလေ။ ကျောက်ပဲထွက်တာ။ အခုက ပို့ဆောင်ရေး လမ်းကြောင်းတွေက ပိတ်နေတဲ့အခါကျတော့ စားနပ်ရိက္ခာ သယ်ယူပို့ဆောင်ရေးမှာ အခက်အခဲတွေဖြစ်နေတယ်”ဟု ၎င်းကဆိုသည်။

zawgyi version
TNLA လက္ေအာက္မွ မိုးကုတ္ၿမိဳ႕တြင္ “ငါႏွင့္မတူ ငါ့ရန္သူ” မူဝါဒ၊ ဒလန္ရွင္းလင္းေရး လုပ္လာသျဖင့္ ျပည္သူမ်ားအၾကား က်ီးလန႔္စာစားအေျခအေန ျဖစ္ေနဟုဆို
သန႔္ဇင္ (NP News) - ဩဂုတ္ ၁၄

TNLA ပူးေပါင္းအဖြဲ႕က ထိန္းခ်ဳပ္ထားသည့္ မႏၲေလးတိုင္းေဒသႀကီး မိုးကုတ္ၿမိဳ႕တြင္ “ငါႏွင့္ မတူ ငါ့ရန္သူ” မူဝါဒမ်ားကိုေဖာ္ေဆာင္လာသည့္ အတြက္ ျပည္သူမ်ားအၾကား က်ီးလန႔္စာစား အေျခအေန ျဖစ္ေနေၾကာင္း မိုးကုတ္ၿမိဳ႕မွစစ္ေဘးေရွာင္လာသူ မိုးကုတ္ၿမိဳ႕ခံတစ္ဦးက NP News သို႔ ထုတ္ေဖာ္ေျပာၾကားသည္။

TNLA ႏွင့္ပူးေပါင္းအဖြဲ႕က ဇြန္လ (၂၅) ရက္ကစတင္ကာ မႏၲေလးတိုင္းေဒသႀကီး မိုးကုတ္ ၿမိဳ႕ကို တိုက္ခိုက္ခဲ့ျခင္းျဖစ္ၿပီး ဇူလိုင္လ (၂၄)ရက္တြင္ အလုံးစုံထိန္းခ်ဳပ္ႏိုင္ေၾကာင္း ေၾကညာခဲ့သည္။

ထို႔ေနာက္ TNLA က ၎တို႔ကိုျပည္သူမ်ားက ႀကိဳဆိုသည္ဟုဆိုကာ ဝါဒျဖန႔္ဓာတ္ပုံမ်ားကို ထုတ္ျပန္ခဲ့ၿပီး အဆိုပါဓာတ္ပုံမ်ားမွာ လုပ္ႀကံ႐ိုက္ကူးထားသည့္ ဓာတ္ပုံမ်ားျဖစ္ ေၾကာင္း တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕က ရွင္းလင္းေျပာၾကားထားသည္။

NP News က လတ္တေလာသိရွိရသည့္အခ်က္အလက္မ်ားအရ မိုးကုတ္ၿမိဳ႕တြင္ ‘ဒလန္’ ရွင္းလင္းေရးအဖြဲ႕ဟုဆိုေသာ အစုအဖြဲ႕တစ္ခုကို ဖြဲ႕စည္းထားေသာေၾကာင့္ ၿမိဳ႕ခံမ်ား အၾကား စိုးရိမ္မႈျမင့္တက္ေနျခင္းျဖစ္သည္။

“ ဗ်ဴဟာက်ၿပီး (၃)ရက္ေလာက္ေနေတာ့ ထင္တယ္။ (ဒလန္ရွင္းမယ္ဆိုေတာ့) ေၾကာက္လန႔္ၿပီးေတာ့ မထြက္လို႔မရဘူးဆိုၿပီး ထြက္ခဲ့ရတာ။ သူတို႔ကေတာ့ ဒလန္ရွင္းလင္းေရးအဖြဲ႕ဆိုၿပီး သတ္သတ္ကို ထားတယ္။ ရပ္ကြက္တိုင္းမွာ ဒီရပ္ကြက္မွာ ဒလန္ရွိလား။ ရွိရင္ ဒလန္ေတြကိုစာရင္းေပးထားတယ္။ အဲဒီလိုေတြ ၿခိမ္းေျခာက္တယ္လို႔ေျပာရမွာေပါ့” ဟု အျမင္မတူသည့္အတြက္ “ဒလန္”ဟု နာမည္အတပ္ခံရသူ အထက္ပါေဒသခံက ရွင္းျပသည္။

ထို႔ျပင္ ငါနဲ႔မတူငါ့ရန္သူဆိုေသာစိတ္ဓာတ္ျဖင့္ TNLA ပူးေပါင္းအဖြဲ႕ႏွင့္ ပူးေပါင္းေနသည့္ ၿမိဳ႕ခံ အခ်ိဳ႕က ၎တို႔ေနထိုင္ရာရပ္ကြက္ အတြင္း၌ “ ဒလန္ ”မ်ားရွိေၾကာင္းႏွင့္ အဆိုပါ “ဒလန္”မ်ားကို သတ္ျဖတ္ေပးရန္ေတာင္းဆိုမႈမ်ားရွိေနေၾကာင္းလည္း သတင္းအတိအက် ရထားသည္ဟု ၎ကဆိုသည္။

“က်ီးလန႔္စာစားျဖစ္ေနတာ။ အစ္ကို ကိုယ္တိုင္လည္း က်ီးလန႔္စာစားေနရတယ္။ ရပ္ကြက္ထဲမွာ ဒလန္ေတြရွိတယ္။ တစ္ခါတည္းသတ္ေပးပါလို႔ ေတာင္းဆိုတဲ့သတင္းကို ၾကားေနရတာပါ။ ကြၽန္ေတာ့္ကို စစ္တပ္ကို သတင္းေပးတာလို႔ ေျပာၾကတာ။ သတင္းလည္း မေပးရပါဘူး။ ဘယ္တပ္သားတစ္ေယာက္နဲ႔မွလည္းမသိဘူး။ အဲဒါနဲ႔စိတ္ေတြညစ္ၿပီးေနရတာ။ သူတို႔ကေတာ့ ဟုတ္ဟုတ္မဟုတ္ဟုတ္ ဒလန္လို႔ သတ္မွတ္ၿပီး သတ္ၾကေတာ့မွာေလ။ လာဖမ္းရင္ေတာ့ “ဒလန္” မဟုတ္ဘူးလို႔ ရွင္းျပလိုက္မယ္ဆိုၿပီး စဥ္းစားထားတယ္။ ဒါေပမဲ့ အသိတစ္ေယာက္က ေျပာတယ္။ မရွင္းျပနဲ႔တဲ့။ သူတို႔ေတြက ဒလန္လို႔ သတ္မွတ္ၿပီးၿပီဆိုရင္ ရွင္းျပခြင့္ဆိုတာမရွိဘူးလို႔ ေျပာျပတယ္ေပါ့”ဟု ၎ကဆက္လက္ေျပာသည္။

လက္ရွိ NP News က စုံစမ္းသိရွိရေသာအခ်က္အလက္မ်ားအရ မိုးကုတ္ ၿမိဳ႕ကို TNLA လက္အတြင္း “ ဒလန္” စာရင္းဟုေခၚ ေသာအခ်က္အလက္မ်ားရွိေနကာ အဆိုပါစာရင္း ေပၚမူတည္၍ ဖမ္းဆီးမႈမ်ားျပဳလုပ္မည္ဟု သတင္းထြက္ေပၚေနေၾကာင္းသိရသည္။ “ဒလန္ေတြဖမ္းမယ္ဆိုေတာ့ တစ္ခုစိုးရိမ္တာ ရွိပါတယ္။ ကိုယ္မဟုတ္ဘဲ မေက်နပ္တဲ့သူက သြားတိုင္ရင္လည္း အဖမ္းခံရႏိုင္တယ္။ ကိုယ့္ကို မေက်နပ္တဲ့သူက အလကားေနရင္းသြားတိုင္ လိုက္ ရင္ကိုယ္က “ဒလန္” ျဖစ္မွာေလ”ဟု ၎ကဆိုသည္။

လက္ရွိတြင္ TNLA ပူးေပါင္းအဖြဲ႕က ၿမိဳ႕ မွ တိမ္းေရွာင္သူမ်ား၏ လက္ကိုင္ဖုန္းမ်ားကိုလည္း တင္းတင္းၾကပ္ၾကပ္ စစ္ေဆးမႈမ်ားျပဳလုပ္ေနၿပီး ဖုန္းအတြင္း ၎တို႔ကို ဆန႔္က်င္ သည္ဟုယူဆရေသာ (သို႔မဟုတ္) တပ္မေတာ္ကိုေထာက္ခံသည့္အသြင္ရွိေသာ ဓာတ္ပုံ၊ ဖုန္းအဆက္အသြယ္မ်ားကိုေတြ႕ပါက ဖမ္းဆီးျခင္းမ်ားရွိေနေၾကာင္း သိရသည္။

“ကြၽန္ေတာ့္ အသိတစ္ေယာက္ဆိုလို႔ရွိရင္ ဖုန္းထဲက ဓာတ္ပုံဖ်က္ထားတာေတာင္မွ ဖုန္း Gallery ထဲက Recycle အထိဝင္ၾကည့္ၿပီး ဖ်က္ထားတဲ့ ပုံေတြက ဘာပုံေတြလဲဆိုတာကို စစ္တာ။ အဲဒီမွာ USDP ပါတီကို ေထာက္ခံတဲ့ ဓာတ္ပုံေတြ႕ေတာ့ အတင္းရစ္ေတာ့တာပဲ။ ရွိခိုး ဦးတင္ေတာင္းပန္ၿပီးေတာ့မွ လြတ္လာခဲ့တာ” ဟု မိုးကုတ္ၿမိဳ႕မွ စစ္ေဘးေရွာင္ ျပည္သူတစ္ဦးက ဆိုသည္။ TNLA ထိန္းခ်ဳပ္ထားသည့္ မိုးကုတ္ၿမိဳ႕သည္ ၿပီးခဲ့သည့္ရက္ပိုင္းမွစတင္ကာ ဆက္သြယ္ေရး ႏွင့္ ကုန္စည္စီးဆင္းမႈမ်ားပိတ္ထားသည့္အတြက္ စားနပ္ရိကၡာရွားပါးမႈမ်ား ျဖစ္ပြားခဲ့ေသာေၾကာင့္ ၿမိဳ႕ခံမ်ားအခက္အခဲမ်ားျဖစ္ေပၚေနေၾကာင္းသိရသည္။

“မိုးကုတ္က ဘာမွမထြက္ဘူးေလ။ ေက်ာက္ပဲထြက္တာ။ အခုက ပို႔ေဆာင္ေရး လမ္းေၾကာင္းေတြက ပိတ္ေနတဲ့အခါက်ေတာ့ စားနပ္ရိကၡာ သယ္ယူပို႔ေဆာင္ေရးမွာ အခက္အခဲေတြျဖစ္ေနတယ္”ဟု ၎ကဆိုသည္။

Related news

© 2021. All rights reserved.