ထိုင်းမှာ ကျောင်းသားတွေရဲ့နေ့လည်စာရန်ပုံငွေကို ခိုးယူမှုနဲ့ ကျောင်းအုပ်ဆရာ ထောင်ဒဏ် နှစ် ၅ဝ ချမှတ်ခံရ
991
ရောင်နီ (NP News) - သြဂုတ် ၁၅
ထိုင်းနိုင်ငံ၊ နန့်ခွန်းဆာဝမ်ရှိ ကျောင်းအုပ်ဆရာဟောင်းတစ်ဦးဖြစ်သူ ဆူသက်ဆက်ခိသုန်ဟာ ကျောင်းသားတွေရဲ့ နေ့လည်စာအတွက် ရရှိထားတဲ့ ရန်ပုံအသုံးစရိတ်ထဲက ဘတ်ငွေ ၅၉၆,၀၀၀ ကို ခိုးယူထားမှုနဲ့ ထောင်ဒဏ် နှစ် ၅၀ ချမှတ်ခံခဲ့ရပါတယ်။
ကျောင်းသားတွေကို နေ့လယ်စာ ကျွေးမွေးဖို့ ရရှိထားတဲ့ ရန်ပုံငွေကို ခိုးယူမှုအတွက် အဂတိလိုက်စားမှု ပပျောက်ရေး NACC က ဩဂုတ်လ ၁၃ ရက်မှာ အပြစ်ရှိကြောင်း စီရင်ချက်ချခဲ့တာဖြစ်ပါတယ်။ ဆူသက်ဟာ ကျောင်းသားတွေကို နေ့လယ်စာကျွေးဖို့ ကျောင်းသားတစ်ဦးကို ဘတ် ၂ဝ နှုန်းနဲ့ ရန်ပုံငွေ ရခဲ့ပေမယ့် နေ့လည်စာ အတွက် တစ်ယောက်ကို ၁၄ ဘတ်စီသာ သုံးပြီး ကျန်ငွေကို သူက ခိုးယူခဲ့ပါတယ်။ ဒါကြောင့် ကျောင်းသားတွေဟာ နေ့လယ်စာအတွက် ငါးခေါင်းကြော် (သို့မဟုတ်) အသားလုံးကြော်တွေ၊ ဈေးထဲက ချက်ပြီးသား အစားအစာ တွေကိုသာ အများစု စားရလေ့ရှိတယ်လို့ သိရပါတယ်။
NACC ရဲ့အဆိုအရ တရားရုံးဟာ ဆူသက်ကို ဥပဒေချိုးဖောက်မှုပုဒ်မ ၅၀ နဲ့ အပြစ်ရှိကြောင်း တွေ့ရှိခဲ့ပြီး အမြင့်ဆုံးထောင်ဒဏ်ဖြစ်တဲ့ ထောင်ဒဏ် အနှစ် ၅၀ ချမှတ်ခဲ့ကာ ခိုးယူထားတဲ့ ဘတ်ငွေ ၅၉၆,၂၀၈ ကို ခရိုင်စည်ပင်သာယာရေးအဖွဲ့က သိမ်းဆည်းခဲ့တယ်လို့ သိရပါတယ်။
Zawgyi Version;
ထိုင္းမွာ ေက်ာင္းသားေတြရဲ႕ေန႔လည္စာရန္ပုံေငြကို ခိုးယူမႈနဲ႔ ေက်ာင္းအုပ္ဆရာ ေထာင္ဒဏ္ ႏွစ္ ၅ဝ ခ်မွတ္ခံရ
ေရာင္နီ (NP News) - ၾသဂုတ္ ၁၅
ထိုင္းႏိုင္ငံ၊ နန႔္ခြန္းဆာဝမ္ရွိ ေက်ာင္းအုပ္ဆရာေဟာင္းတစ္ဦးျဖစ္သူ ဆူသက္ဆက္ခိသုန္ဟာ ေက်ာင္းသားေတြရဲ႕ ေန႔လည္စာအတြက္ ရရွိထားတဲ့ ရန္ပုံအသုံးစရိတ္ထဲက ဘတ္ေငြ ၅၉၆,၀၀၀ ကို ခိုးယူထားမႈနဲ႔ ေထာင္ဒဏ္ ႏွစ္ ၅၀ ခ်မွတ္ခံခဲ့ရပါတယ္။
ေက်ာင္းသားေတြကို ေန႔လယ္စာ ေကြၽးေမြးဖို႔ ရရွိထားတဲ့ ရန္ပုံေငြကို ခိုးယူမႈအတြက္ အဂတိလိုက္စားမႈ ပေပ်ာက္ေရး NACC က ဩဂုတ္လ ၁၃ ရက္မွာ အျပစ္ရွိေၾကာင္း စီရင္ခ်က္ခ်ခဲ့တာျဖစ္ပါတယ္။ ဆူသက္ဟာ ေက်ာင္းသားေတြကို ေန႔လယ္စာေကြၽးဖို႔ ေက်ာင္းသားတစ္ဦးကို ဘတ္ ၂ဝ ႏႈန္းနဲ႔ ရန္ပုံေငြ ရခဲ့ေပမယ့္ ေန႔လည္စာ အတြက္ တစ္ေယာက္ကို ၁၄ ဘတ္စီသာ သုံးၿပီး က်န္ေငြကို သူက ခိုးယူခဲ့ပါတယ္။ ဒါေၾကာင့္ ေက်ာင္းသားေတြဟာ ေန႔လယ္စာအတြက္ ငါးေခါင္းေၾကာ္ (သို႔မဟုတ္) အသားလုံးေၾကာ္ေတြ၊ ေဈးထဲက ခ်က္ၿပီးသား အစားအစာ ေတြကိုသာ အမ်ားစု စားရေလ့ရွိတယ္လို႔ သိရပါတယ္။
NACC ရဲ႕အဆိုအရ တရား႐ုံးဟာ ဆူသက္ကို ဥပေဒခ်ိဳးေဖာက္မႈပုဒ္မ ၅၀ နဲ႔ အျပစ္ရွိေၾကာင္း ေတြ႕ရွိခဲ့ၿပီး အျမင့္ဆုံးေထာင္ဒဏ္ျဖစ္တဲ့ ေထာင္ဒဏ္ အႏွစ္ ၅၀ ခ်မွတ္ခဲ့ကာ ခိုးယူထားတဲ့ ဘတ္ေငြ ၅၉၆,၂၀၈ ကို ခ႐ိုင္စည္ပင္သာယာေရးအဖြဲ႕က သိမ္းဆည္းခဲ့တယ္လို႔ သိရပါတယ္။