အိန္ဒိယနိုင်ငံတဝှမ်းရှိ ပရော်ဖက်ရှင်နယ် ဆရာဝန်များ ဆန္ဒပြပွဲများမှာ ပူးပေါင်းပါဝင်လာ

 376

ALynn (NP News) - သြဂုတ် ၁၇

အိန္ဒိယနိုင်ငံမှာ ပရော်ဖက်ရှင်နယ် ဆရာဝန်များက ဦးဆောင်ပြီး နိုင်ငံတဝှမ်း ဦးဆောင်ဆန္ဒပြပွဲများ စတင် လုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။ အနောက်ဘန်ဂေါမှာ အမျိုးသမီးအလုပ်သင်ဆရာဝန်တစ်ဦး အဓမ္မပြုကျင့်ခံရ ကာ အသတ်ခံရပြီးနောက် အိန္ဒိယနိုင်ငံမှာ ဆန္ဒပြပွဲများအရှိန်မြင့်တက်လာခဲ့တယ်လို့ ဆိုပါတယ်။

အိန္ဒိယဆရာဝန်များအဖွဲ့အစည်းက အရေးပေါ်ကုသခြင်းမျိုးမပါဝင်တဲ့ ဆေးရုံဝန်ဆောင်မှုအားလုံးကို သြဂုတ် ၁၇ ရက်ကစတင်ပြီး လုပ်ဆောင်မှာမဟုတ်ကြောင်း ပြောပါတယ်။ အဆိုပါဆရာဝန်များအဖွဲ့က အမျိုးသမီးများအတွက် ဘေးကင်းစိတ်ချရမှု၊ လုံခြုံမှုအားနည်းချက်များကြောင့် အခုလိုမျိုးရာဇဝတ်မှုများ ဖြစ်လာခြင်းမျိုးဖြစ်ကြောင်း၊ တရားမျှတမှုရဖို့ ရုန်းကန်နေရသူတွေကို ကူညီထောက်ပံ့ပေးစေလိုကြောင်း သတင်းထုတ်ပြန်ထားပါတယ်။ ဆန္ဒပြပွဲတွေမှာ ပုဂ္ဂလိဂ ဆေးရုံတွေမှာလုပ်ကိုင်နေတဲ့ဆရာဝန်တွေအပြင် အစိုးရဆေးရုံတွေမှာ လုပ်ကိုင်နေသူတွေ ကိုလည်း ပူးပေါင်းပါဝင်လာပြီး နိုင်ငံတဝှမ်းရှိ ဆရာဝန်တွေ အပါအဝင် ဆေးဘက်ဆိုင်ရာဝန်ထမ်း တစ်သန်းနီးပါး ပူးပေါင်း ပါဝင်လာဖွယ်ရှိတယ်လို့ ဆိုပါတယ်။

အစိုးရဆေးရုံတွေမှာ လုပ်ကိုင်နေတဲ့ဆရာဝန်တွေဟာ ဒီသီတင်းပတ်အစောပိုင်းတည်းက ဆန္ဒပြမှုအစိတ်အပိုင်း အဖြစ် ၎င်းတို့ရဲ့ပုံမှန်လုပ်ကိုင်နေတဲ့လုပ်ငန်းအချို့ကို ရပ်တန့်ခဲ့ကြောင်း သိရပါတယ်။ အိန္ဒိယနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ဆရာဝန်တွေ ဦးဆောင်တဲ့ဆန္ဒပြပွဲများကြောင့် ကျန်းမာရေးဆိုင်ရာလုပ်ငန်းများ၊ ကုသရေးလုပ်ငန်းများ အခက်အခဲ ဖြစ်စေခဲ့ကြောင်း သိရပါတယ်။

Zawgyi Version;
အိႏၵိယႏိုင္ငံတဝွမ္းရွိ ပေရာ္ဖက္ရွင္နယ္ ဆရာဝန္မ်ား ဆႏၵျပပြဲမ်ားမွာ ပူးေပါင္းပါဝင္လာ
ALynn (NP News) - ၾသဂုတ္ ၁၇

အိႏၵိယႏိုင္ငံမွာ ပေရာ္ဖက္ရွင္နယ္ ဆရာဝန္မ်ားက ဦးေဆာင္ၿပီး ႏိုင္ငံတဝွမ္း ဦးေဆာင္ဆႏၵျပပြဲမ်ား စတင္ လုပ္ေဆာင္ခဲ့ေၾကာင္း သိရပါတယ္။ အေနာက္ဘန္ေဂါမွာ အမ်ိဳးသမီးအလုပ္သင္ဆရာဝန္တစ္ဦး အဓမၼျပဳက်င့္ခံရ ကာ အသတ္ခံရၿပီးေနာက္ အိႏၵိယႏိုင္ငံမွာ ဆႏၵျပပြဲမ်ားအရွိန္ျမင့္တက္လာခဲ့တယ္လို႔ ဆိုပါတယ္။

အိႏၵိယဆရာဝန္မ်ားအဖြဲ႕အစည္းက အေရးေပၚကုသျခင္းမ်ိဳးမပါဝင္တဲ့ ေဆး႐ုံဝန္ေဆာင္မႈအားလုံးကို ၾသဂုတ္ ၁၇ ရက္ကစတင္ၿပီး လုပ္ေဆာင္မွာမဟုတ္ေၾကာင္း ေျပာပါတယ္။ အဆိုပါဆရာဝန္မ်ားအဖြဲ႕က အမ်ိဳးသမီးမ်ားအတြက္ ေဘးကင္းစိတ္ခ်ရမႈ၊ လုံၿခဳံမႈအားနည္းခ်က္မ်ားေၾကာင့္ အခုလိုမ်ိဳးရာဇဝတ္မႈမ်ား ျဖစ္လာျခင္းမ်ိဳးျဖစ္ေၾကာင္း၊ တရားမွ်တမႈရဖို႔ ႐ုန္းကန္ေနရသူေတြကို ကူညီေထာက္ပံ့ေပးေစလိုေၾကာင္း သတင္းထုတ္ျပန္ထားပါတယ္။ ဆႏၵျပပြဲေတြမွာ ပုဂၢလိဂ ေဆး႐ုံေတြမွာလုပ္ကိုင္ေနတဲ့ဆရာဝန္ေတြအျပင္ အစိုးရေဆး႐ုံေတြမွာ လုပ္ကိုင္ေနသူေတြ ကိုလည္း ပူးေပါင္းပါဝင္လာၿပီး ႏိုင္ငံတဝွမ္းရွိ ဆရာဝန္ေတြ အပါအဝင္ ေဆးဘက္ဆိုင္ရာဝန္ထမ္း တစ္သန္းနီးပါး ပူးေပါင္း ပါဝင္လာဖြယ္ရွိတယ္လို႔ ဆိုပါတယ္။

အစိုးရေဆး႐ုံေတြမွာ လုပ္ကိုင္ေနတဲ့ဆရာဝန္ေတြဟာ ဒီသီတင္းပတ္အေစာပိုင္းတည္းက ဆႏၵျပမႈအစိတ္အပိုင္း အျဖစ္ ၎တို႔ရဲ႕ပုံမွန္လုပ္ကိုင္ေနတဲ့လုပ္ငန္းအခ်ိဳ႕ကို ရပ္တန႔္ခဲ့ေၾကာင္း သိရပါတယ္။ အိႏၵိယႏိုင္ငံမွာ ျဖစ္ပြားေနတဲ့ ဆရာဝန္ေတြ ဦးေဆာင္တဲ့ဆႏၵျပပြဲမ်ားေၾကာင့္ က်န္းမာေရးဆိုင္ရာလုပ္ငန္းမ်ား၊ ကုသေရးလုပ္ငန္းမ်ား အခက္အခဲ ျဖစ္ေစခဲ့ေၾကာင္း သိရပါတယ္။

Related news

© 2021. All rights reserved.