ထိုင်းနိုင်ငံမှာ သံသယဖြစ်ဖွယ် ပထမဆုံးမျောက်ကျောက်ရောဂါလူနာကို စတင်တွေ့ရှိ

 10234

Pika (NP News) - ဩဂုတ် ၂၁

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ကမ္ဘာလုံးဆိုင်ရာအရေးပေါ်အခြေအနေအဖြစ် ထုတ်ပြန်ကြေညာထားတဲ့ မျောက်ကျောက်ရောဂါကူးစက်ခံထားရတယ်လို့ ယူဆရတဲ့ သံသယဖြစ်ဖွယ် ပထမဆုံးလူနာကို နိုင်ငံတွင်းမှာ တွေ့ရှိခဲ့တယ်လို့ ထိုင်းအာဏာပိုင်တွေက ဩဂုတ်လ(၂၁)ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

အဲဒီလူနာဟာ အာဖရိကနိုင်ငံတစ်ခုကနေ ထိုင်းနိုင်ငံကို လာရောက်လည် ပတ်တဲ့ ဥရောပနိုင်ငံသားတစ်ဦးဖြစ်တယ်လို့ ထိုင်းနိုင်ငံရောဂါထိန်းချုပ်ရေးဌာနအကြီးအကဲ Thongchai Keeratihattayakorn က ပြောကြားခဲ့ပါတယ်။ အဲဒီအမျိုးသားဟာ မျောက်ကျောက်ရောဂါကူးစက်ခံထားရခြင်း ရှိ/မရှိကို အတည်ပြုဖို့အတွက် ဓါတ်ခွဲစမ်းသပ်စစ်ဆေးမှုတွေကို ဆက်လက်လုပ်ဆောင်နေတယ်လို့လည်းသိရပါတယ်။ ဒါပေမဲ့လည်း အဲဒီအမျိုးသားဟာ မျောက်ကျောက်ရောဂါကူးစက်ခံထားရတယ်လို့ အာဏာပိုင်တွေက ယုံကြည်နေကြပြီး ၎င်းကို ဆေးရုံမှာ သီးသန့်အခန်းတစ်ခုမှာခွဲထားတယ်လို့လည်း သိရပါတယ်။

Thongchai Keeratihattayakorn က 'ကျွန်တော်တို့ စမ်းသပ်စစ်ဆေးမှုတစ်ခုကို လုပ်ဆောင်ပြီးပါပြီ။ သေချာတာကတော့ သူ့မှာမျောက်ကျောက် ရောဂါကူးစက်ခံထားရပုံပေါ်ပါတယ်။ ဒါပေမဲ့ ဟုတ်/မဟုတ်သေချာသိရဖို့အတွက် ဓါတ်ခွဲခန်းနောက်ဆုံးရလဒ်ကို နောက်ထပ်(၂)ရက်လောက်တော့ ထပ်စောင့်ရပါဦးမယ်'လို့ ပြောဆိုခဲ့ပါတယ်။

ကွန်ဂိုနိုင်ငံမှာ မျောက်ကျောက်ရောဂါကူးစက်ပျံ့နှံ့ခဲ့ပြီး လူ(၅၄၈)ဦး သေဆုံးခဲ့ပြီးနောက် အဲဒီရောဂါဟာ အာဖရိကတိုက်အလယ်ပိုင်းနဲ့ အရှေ့ပိုင်းတို့ကို စတင်ပျံ့နှံ့သွားခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ WHO က ကမ္ဘာလုံးဆိုင်ရာအရေးပေါ်အခြေအနေအဖြစ် ထုတ်ပြန်ကြေညာပြီးနောက် ဆွီဒင်နိုင်ငံနဲ့ ပါကစ္စတန်နိုင်ငံတို့မှာ မျောက်ကျောက်ရောဂါကူးစက်ခံထားရသူတွေကို တွေ့ရှိခဲ့ရတယ်လို့လည်း သိရပါတယ်။ ဒါ့ပြင် မျောက်ကျောက်ရောဂါကူးစက်ခံထားရတဲ့ ပထမဆုံးလူနာကို နိုင်ငံတွင်းမှာတွေ့ရှိခဲ့တယ်လို့ ဖိလစ်ပိုင်အာဏာပိုင်တွေက ပြီးခဲ့တဲ့ဩဂုတ်လ(၁၉)ရက်နေ့မှာ ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ မျောက်ကျောက်ရောဂါဟာ တိရစ္ဆာန်တွေကနေတစ်ဆင့် လူတွေကို ကူးစက်တဲ့ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားတာဖြစ်ပေမယ့်လည်း လူအချင်း ချင်း နီးကပ်တဲ့ရုပ်ပိုင်းဆိုင်ရာထိတွေ့မှုတွေကနေတဆင့် ကူးစက်နိုင်တယ်လို့လည်း သိရပါတယ်။ မျောက်ကျောက်ရောဂါဟာ ဖျားနားတာမျိုး၊ ကြွက်သားတွေ နာကျင်ကိုက်ခဲတာမျိုးနဲ့ အရေပြားပေါ်မှာ အနာတွေကို ဖြစ်စေတယ်လို့လည်း သိရပါတယ်။

zawgyi version
ထိုင္းႏိုင္ငံမွာ သံသယျဖစ္ဖြယ္ ပထမဆုံးေမ်ာက္ေက်ာက္ေရာဂါလူနာကို စတင္ေတြ႕ရွိ
Pika (NP News) - ဩဂုတ္ ၂၁

ကမာၻ႔က်န္းမာေရးအဖြဲ႕ WHO က ကမာၻလုံးဆိုင္ရာအေရးေပၚအေျခအေနအျဖစ္ ထုတ္ျပန္ေၾကညာထားတဲ့ ေမ်ာက္ေက်ာက္ေရာဂါကူးစက္ခံထားရတယ္လို႔ ယူဆရတဲ့ သံသယျဖစ္ဖြယ္ ပထမဆုံးလူနာကို ႏိုင္ငံတြင္းမွာ ေတြ႕ရွိခဲ့တယ္လို႔ ထိုင္းအာဏာပိုင္ေတြက ဩဂုတ္လ(၂၁)ရက္ေန႔မွာ သတင္းထုတ္ျပန္ခဲ့ပါတယ္။

အဲဒီလူနာဟာ အာဖရိကႏိုင္ငံတစ္ခုကေန ထိုင္းႏိုင္ငံကို လာေရာက္လည္ ပတ္တဲ့ ဥေရာပႏိုင္ငံသားတစ္ဦးျဖစ္တယ္လို႔ ထိုင္းႏိုင္ငံေရာဂါထိန္းခ်ဳပ္ေရးဌာနအႀကီးအကဲ Thongchai Keeratihattayakorn က ေျပာၾကားခဲ့ပါတယ္။ အဲဒီအမ်ိဳးသားဟာ ေမ်ာက္ေက်ာက္ေရာဂါကူးစက္ခံထားရျခင္း ရွိ/မရွိကို အတည္ျပဳဖို႔အတြက္ ဓါတ္ခြဲစမ္းသပ္စစ္ေဆးမႈေတြကို ဆက္လက္လုပ္ေဆာင္ေနတယ္လို႔လည္းသိရပါတယ္။ ဒါေပမဲ့လည္း အဲဒီအမ်ိဳးသားဟာ ေမ်ာက္ေက်ာက္ေရာဂါကူးစက္ခံထားရတယ္လို႔ အာဏာပိုင္ေတြက ယုံၾကည္ေနၾကၿပီး ၎ကို ေဆး႐ုံမွာ သီးသန႔္အခန္းတစ္ခုမွာခြဲထားတယ္လို႔လည္း သိရပါတယ္။

Thongchai Keeratihattayakorn က 'ကြၽန္ေတာ္တို႔ စမ္းသပ္စစ္ေဆးမႈတစ္ခုကို လုပ္ေဆာင္ၿပီးပါၿပီ။ ေသခ်ာတာကေတာ့ သူ႔မွာေမ်ာက္ေက်ာက္ ေရာဂါကူးစက္ခံထားရပုံေပၚပါတယ္။ ဒါေပမဲ့ ဟုတ္/မဟုတ္ေသခ်ာသိရဖို႔အတြက္ ဓါတ္ခြဲခန္းေနာက္ဆုံးရလဒ္ကို ေနာက္ထပ္(၂)ရက္ေလာက္ေတာ့ ထပ္ေစာင့္ရပါဦးမယ္'လို႔ ေျပာဆိုခဲ့ပါတယ္။

ကြန္ဂိုႏိုင္ငံမွာ ေမ်ာက္ေက်ာက္ေရာဂါကူးစက္ပ်ံ႕ႏွံ႔ခဲ့ၿပီး လူ(၅၄၈)ဦး ေသဆုံးခဲ့ၿပီးေနာက္ အဲဒီေရာဂါဟာ အာဖရိကတိုက္အလယ္ပိုင္းနဲ႔ အေရွ႕ပိုင္းတို႔ကို စတင္ပ်ံ႕ႏွံ႔သြားခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။ WHO က ကမာၻလုံးဆိုင္ရာအေရးေပၚအေျခအေနအျဖစ္ ထုတ္ျပန္ေၾကညာၿပီးေနာက္ ဆြီဒင္ႏိုင္ငံနဲ႔ ပါကစၥတန္ႏိုင္ငံတို႔မွာ ေမ်ာက္ေက်ာက္ေရာဂါကူးစက္ခံထားရသူေတြကို ေတြ႕ရွိခဲ့ရတယ္လို႔လည္း သိရပါတယ္။ ဒါ့ျပင္ ေမ်ာက္ေက်ာက္ေရာဂါကူးစက္ခံထားရတဲ့ ပထမဆုံးလူနာကို ႏိုင္ငံတြင္းမွာေတြ႕ရွိခဲ့တယ္လို႔ ဖိလစ္ပိုင္အာဏာပိုင္ေတြက ၿပီးခဲ့တဲ့ဩဂုတ္လ(၁၉)ရက္ေန႔မွာ ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ ေမ်ာက္ေက်ာက္ေရာဂါဟာ တိရစာၦန္ေတြကေနတစ္ဆင့္ လူေတြကို ကူးစက္တဲ့ဗိုင္းရပ္စ္ပိုးေၾကာင့္ ျဖစ္ပြားတာျဖစ္ေပမယ့္လည္း လူအခ်င္း ခ်င္း နီးကပ္တဲ့႐ုပ္ပိုင္းဆိုင္ရာထိေတြ႕မႈေတြကေနတဆင့္ ကူးစက္ႏိုင္တယ္လို႔လည္း သိရပါတယ္။ ေမ်ာက္ေက်ာက္ေရာဂါဟာ ဖ်ားနားတာမ်ိဳး၊ ႂကြက္သားေတြ နာက်င္ကိုက္ခဲတာမ်ိဳးနဲ႔ အေရျပားေပၚမွာ အနာေတြကို ျဖစ္ေစတယ္လို႔လည္း သိရပါတယ္။

Picture

su yin

22/08/2024 03:12

Related news

© 2021. All rights reserved.