မြန်မာနှင့် အဏုမြူစွမ်းအင် အိပ်မက်

 2920

စော (NP News) - ဩဂုတ် ၂၉

ကမ္ဘာပေါ်တွင် နိုင်ငံအများဆုံးကပိုင်ဆိုင် လိုသောစွမ်းအင်မှာ အဏုမြူစွမ်းအင်ဖြစ်ပြီး ယင်းစွမ်းအင်၏ သာလွန် သောလုပ်ဆောင်ချက်များကို လူသားမျိုးနွယ်စုအားလုံးအပေါ် ဩဇာလွှမ်းမိုး ထိန်းချုပ်လေသည်။ (၁၉၄၅) ခုနှစ် ဩဂုတ်လတွင် ဂျပန်နိုင်ငံ နာဂါဆာကီနှင့်ဟီရိုရှီးမားမြို့ပေါ်သို့ အဏုမြူဗုံးကြဲချတိုက်ခိုက်ပြီး ဒုတိယကမ္ဘာစစ် ပြီးဆုံးစေခဲ့ကာ အဏုမြူစွမ်းအင် ခေတ်သစ်စတင်ခဲ့သည်။

နှစ်ပေါင်း (၇၀)ကျော်ကြာချိန်တွင် မြန်မာနိုင်ငံ၌ နျူကလီးယား နည်းပညာဆိုင်ရာသတင်းအချက်အလက် စင်တာကို (၂၀၂၃)ခုနှစ်အတွင်း သက်ဆိုင်ရာကထူထောင်ကာ ဗဟုသုတဖြန့်ဝေနေသည်။ မြန်မာနိုင်ငံတွင် နျူကလီ ယားစွမ်းအင်သုံး ဓာတ်အား‌ပေးစက်ရုံ တည်ဆောက်နိုင်ခြင်း ရှိ မရှိ၊ မည်သည့် အချိန်၊ မည်သည့်နေရာတွင် တည် ဆောက်မည်နည်း စသည်တို့မှာ လူထုအကြား စိတ်ဝင်စားသောမေးခွန်း များဖြစ်သည်။ ယင်းမေးခွန်းများကိုဖြေရှင်းရန် သိပ္ပံ နှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျက ‘နျူကလီးယားနည်းပညာနဲ့ပတ် သက်ပြီး တော့ မြန်မာနိုင်ငံမှာ တိုးတက်ဖွံ့ဖြိုးလာဖို့အတွက်က ဒီနျူကလီးယားနည်းပညာကို အသုံးချဖို့က မဖြစ်မနေလိုအပ်နေ ပါတယ်။ ဒါကို အသုံးချမယ်ဆိုရင် မြန်မာနိုင်ငံမှာရှိတဲ့ နိုင်ငံ့လူငယ်တွေရဲ့ အင်အားပေါ့။ ကလေးတွေရဲ့ လူ့စွမ်းအင် အရင်းအမြစ်ပျိုးထောင်မှုကလည်း အရေးပါပါတယ်။ ဒါကြောင့်မိုလို့ လူငယ်တွေကို နျူကလီးယားနည်း ပညာပေါ်မှာ လူငယ်တွေရဲ့ ပူးပေါင်းဆောင်ရွက်မှု၊ လူငယ်တွေရဲ့ ပါဝင်ဆောင်ရွက်မှုလိုပါတယ်’ဟု ပြောသည်။
လတ်တလော မြန်မာနိုင်ငံ၏ အဏုမြူ စွမ်းအင်ဆိုင်ရာ သတင်းအချက်အလက်စင်တာတွင် ကျောင်းသူကျောင်း သားနှင့် လူငယ်ပေါင်း ရှစ်ထောင်နီးပါးကို အဏုမြူဆိုင်ရာဗဟုသုတများ ဖြန့်ဝေထား နိုင်ကြောင်းသိရသည်။ သို့သော် လည်း မြန်မာနိုင်ငံတွင် နျူကလီးယားစွမ်းအင် စတင်သုံးစွဲရန်အတွက် ကိုမူ မည်သူမျှ တိကျစွာမပြောနိုင်ချေ။ အဘယ် ကြောင့်ဆိုသော် နျူကလီးယားစွမ်းအင်သည် ငွေကြေးချမ်းသာကြွယ်ဝရုံဖြင့် အလွယ်တကူဝယ်ယူ သုံးစွဲနိုင်မည် မဟုတ်ဘဲ နိုင်ငံကိုယ်တိုင်က နည်းပညာကျွမ်းကျင်ရမည်ဖြစ်သည်။

‘နျူကလီးယားဓာတ်အားပေးစက်ရုံတစ်ခု တည်ဆောက်ဖို့ကျတော့ အချိန်အများကြီးယူရတယ်။ မတည် ဆောက်ခင်ကတည်းကိုက ဒီဓာတ်အားပေး စက်ရုံတည်ဆောက်ဖို့လိုအပ်တဲ့အခြေခံအဆောက် အအုံတွေပေါ့၊ အဲဒါတွေ ပြီးပြည့်စုံမှ ဒီနျူကလီးယား ဓာတ်အားပေးစက်ရုံက တည်ဆောက်လို့ရတာ။ ကုန် ကျစရိတ်ပိုင်းမှာဆိုရင် နျူကလီးယား ဓာတ်အားပေး စက်ရုံက အစပိုင်းမှာတော့ ရင်းနှီးမြှုပ်နှံမှုအရမ်း များတယ်။ ကျောက်မီးသွေးကတော့ သူ့ထက်စာရင် နည်းတယ်။ ဒါပေမဲ့ ရေရှည်မှာကျတော့ နျူကလီး ယားစက်ရုံက နှစ် (၁၀ဝ)လောက်ရတယ်။ တစ်နည်းအားဖြင့် လောင်စာကိုမရှိတော့ဘူး။ ကျောက်မီးသွေး စက်ရုံမှာ စက်ရုံလည်ပတ်နေသရွေ့ ကျောက်မီးသွေးဖိုး အများကြီးကို ကုန်ကျနေမယ်။ ရေရှည်မှာ စီးပွားရေး ဘက်ကကြည့်မယ်ဆိုရင် နျူကလီးယားဓာတ်အားပေးနဲ့ ကျောက်မီး သွေးနဲ့ယှဉ် ရင် အများကြီးသာတယ်။ အများကြီးကောင်းကွက်တွေရှိတယ်’ဟု လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ဒေါက်တာ အောင်မျိုးဝင်းက ပြောသည်။

နိုင်ငံတကာရှိ နျူကလီယားစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံများမှာ ဓာတ်ပေါင်းဖို ဒီဇိုင်းကို နိုင်ငံပိုင် ကိုယ်ပိုင်ဖန်တီးထုတ်လုပ်ခြင်းဖြစ်ပြီး အခြားနည်းပညာကျွမ်းကျင်သည့် နိုင်ငံခြား ကုမ္ပဏီများမှ အကြံပေးလေ့လာ စောင့်ကြည့်ခြင်းဖြင့် တည်ဆောက်ထားခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် လတ်တလော ရုရှားနိုင်ငံအခြေစိုက် အဏုမြူ နည်းပညာကုမ္ပဏီက အကူအညီပေးနေသော်လည်း မြန်မာနိုင်ငံကိုယ်တိုင် စွမ်းအင်ထုတ်လုပ်ရန်မှာ အလှမ်းဝေးနေဆဲ ဖြစ်သည်။

‘နျူကလီးယားဓာတ်အားပေးစက်ရုံနဲ့ ‌ကျောက်မီးသွေးဓာတ်အားပေးစက်ရုံ ဒီစက်ရုံနှစ်ခုရဲ့ ဓာတ်အား ထုတ်လုပ် မှုကတော့ သိပ်ကွာခြားမှုတော့ မရှိဘူး။ ဆိုလိုတာကတော့ ရေနွေးငွေ့နဲ့တာဘိုင်ကို လည်ပြီးတော့ ထုတ်ကြတာပဲ။ ဘာကွာလဲဆိုတော့ လောင်စာအဓိကကွာတာပေါ့။ ကျောက်မီးသွေးသုံးကတော့ ကျောက်မီးသွေးနဲ့မီးရှို့ပြီးတော့ ရေကနေ ‌ပြီးတော့ ရေနွေးငွေ့ပြောင်းတာပေါ့။ နျူကလီးယား ဓာတ်အားပေးစက်ရုံကတော့ ဓာတ်ပေါင်းဖိုကနေပြီး တော့ အပူထုတ်ပြီးတော့ ရေနွေးငွေ့ ပြောင်းပြီးသုံး တယ်ပေါ့။ နှစ်ခုကတော့ ဒီဟာပဲ အဓိကကွာတာ’ ဟု လျှပ်စစ် စွမ်းအားဝန်ကြီးဌာနမှ ဒေါက်တာ အောင်မျိုးဝင်းက ဆိုသည်။

နျူကလီယားနည်းပညာဖြင့် လျှပ်စစ်ဓာတ် အားထုတ်လုပ်ခြင်းသည် နျူကလီယားနည်းပညာ၏ အဆင့်အမြင့် ဆုံး နည်းပညာဖြစ်ရာ နျူကလီးယားဗုံး ထုတ်လုပ်ခြင်းထက်အဆများစွာခက်ခဲသည်။ ထို့ပြင် ဘေးအန္တရာယ်ကင်းရှင်း ရေးအတွက် ကျွမ်းကျင်လုပ် သားများစွာလိုအပ်သည်။ နျူကလီးယား ဓာတ်အား ပေးစက်ရုံကို ပိုက်ဆံပေးပြီး အလွယ် တကူ နိုင်ငံခြားမှ ဝယ်ယူအသုံးပြုနိုင်ခြင်းမရှိသည်ကို ပြည်သူလူထုအနေဖြင့် သဘောပေါက်နားလည်သင့်ကြောင်း ကျွမ်းကျင်ပညာရှင်များက ပြောသည်။

‘ဓာတ်ပေါင်းဖို စက်ကိုင်လိုင်စင်ဆိုတာ ကမ္ဘာပေါ်မှာ ပေးနေတဲ့နိုင်ငံတွေအများကြီးရှိပါတယ်။ ကိုရီးယား၊ အမေရိကား၊ ရရှားဖက်ဒရေးရှင်းက Rosatom က ပေးပါတယ်။ အဲဒီ စက်ကိုင်စက်မောင်း နှင်သူ‌တွေကို ကျွန်တော်တို့က ပြုစုပျိုးထောင်ရမယ်။ သူတို့ကို ဒီအခြေခံပညာရပ်တွေသင်ရမယ်။ ပြီးရင် အဲဒီလူတွေကို သင်ကြားပြီးတော့မှ သူတို့နဲ့ မောင်းနှင်ရမယ်။ ဘယ်နေရာမှာဆောက်မှာလဲ။ ကျွန်တော်တို့ ဒါကိုတည်ဆောက်မယ်ဆိုရင် ရေမြေ၊ သဘာဝပတ် ဝန်းကျင်၊ ရာသီဥတုကရွေးရတယ်။ ကွင်းဆင်း လေ့လာရတယ်။ သဘာဝပတ်ဝန်းကျင် လေ့လာမှု၊ ပထဝီဝင် အနေ အထားနဲ့ မိုးလေဝသနှင့်ဇလဗေဒအကြောင်း အရာတွေယူရတယ်။ မြေနေရာရွေးချယ်တာ၊ မြေတိုင်းတာတွေ မလုပ်သေးဘူး။ ဘယ်လောက်ထိ တောင်ယူရလဲဆိုရင် နှစ်ပေါင်း (၆၀)အတွင်းမှာ အဲဒီဆောက်မယ့်နေရာသည် ရေဘယ်လောက်ထိ အမြင့် ဆုံးတက်နိုင်မလဲ။ ရေဘယ်လောက်ထိ အများဆုံးကြီးနိုင်လဲ။ ရာသီဥတုဘယ်လောက်ထိ အဆိုးရွားဆုံး ဖြစ်နိုင်မလဲ။ ငလျင်အပါအဝင် ငလျင်ဘယ်လောက်ထိ အပြင်းထန်ဆုံးလှုပ်နိုင်မလဲ၊ လှုပ်ခဲ့သလဲ။ နှစ်ပေါင်း (၆၀)အတွင်းက ဒေတာအချက်အလက်တွေ အကုန်ကောက်ရတာ။ ကောက်ပြီးတော့မှ ကျွန်တော်တို့က အတည်ပြုလို့ရ တာ’ဟု မြန်မာနိုင်ငံ၏ နျူကလီးယား စွမ်းအင်ဆိုင်ရာသတင်းအချက်အလက်စင်တာမှ တာဝန်ခံ ဒေါက်တာဇော်လင်းဦးက ပြောသည်။

မြန်မာနိုင်ငံအနေဖြင့် နျူကလီးယားလက် နက်ပင်ထုတ်လုပ်နိုင်ရန် ယူရေနီယံသန့်စင်ခြင်း လုပ်ငန်းအဆင့် ဆင့်ကို အကောင်ထည်မဖော်နိုင်သောကြောင့် ဓာတ်ပေါင်းဖိုနှင့် စွမ်းအင်စက်ရုံမှာ အိပ်မက်အဆင့်သာရှိသည်။ အဘယ့်ကြောင့်ဆိုသော် နျူကလီးယားစွမ်းအင်ရရှိရန် ယူရေနီယံသန့်စင် ထုတ်လုပ်ခြင်းကုန်ကျစရိတ်သည် သန့်စင် သော ယူရေနီယံ အလေးချိန်တစ်ပေါင်အတွက် အမေရိကန်ဒေါ်လာ သန်း (၁၅၀) အထက် ကုန်ကျစရိတ်ရှိသည်။ သို့သော်လည်း နျူကလီးယားနည်းပညာနှင့်ပတ်သက်သော အတွေ့အကြုံဗဟုသုတများကို စတင်ရရှိနေကြောင်း သိရ သည်။

‘အဓိကကရည်ရွယ်ချက်ကတော့ ပြည်သူလူထုကို nuclear technology ဆိုင်ရာ အသိပညာတွေ ဖြန့်ဖြူးပေးဖို့ nuclear technology နဲ့ပတ် သက်တဲ့ မှန်ကန်တဲ့သတင်းအချက်အလက်တွေကို ဖြန့်ဖြူးပေးဖို့ ဒီစင်တာကြီးကို ဖွင့်လှစ်ခြင်းဖြစ်ပါတယ်။ ဒီစင်တာမှာ မနါကူမေ ခေအငလငအပ နလနညအ တွေ၊ ကျောင်း တွေ၊ တက္ကသိုလ်တွေ၊ ကျောင်းသား၊ ကျောင်းသူတွေ၊ တစ်ပတ်ကိုနှစ်ရက်၊ သုံးရက် အနည်းဆုံး လာ ရောက်လည်ပတ်ပါတယ်။ ဒီနေ့ဒီချိန်ထိကို (၇၈၀ဝ)ခန့်ရှိပါတယ်။ လာရောက်တဲ့ ကျောင်းသား၊ ကျောင်းသူ တစ်ဦးချင်းစီကိုလည်း ကျန်းမာရေးကဏ္ဍမှာ နျူကလီး ယားနည်းပညာကို ဘယ်လိုအသုံးပြုလဲ။ အကျယ်တဝင့်ရှင်းလင်းတင်ပြပါတယ်’ဟု ဒေါက်တာ ဇော်လင်းဦးက ဆိုသည်။

နိုင်ငံတကာတွင် နျူကလီယားနည်းပညာ ကိုအဆင့်မြှင့်တင်လာနိုင်ပြီဖြစ်ရာ အများပြည်သူ သုံးစွဲရန်နှင့် လုံခြုံရေးအရ ဘေးအန္တရာယ်ကင်းရှင်းမှုများလည်း မြင့်တက်လာပြီဖြစ်သည်။ သို့သော်လည်း လျှပ်စစ်ဓာတ် အားပေး စက်ရုံတစ်ခု တည်ဆောက်ရန် လိုအပ်သော ဆောက်လုပ်ရေးအင်ဂျင်နီယာများနှင့် စက်ရုံတည်ဆောက်ရေးလည် ပတ်နိုင်ရေး ကျွမ်းကျင်ပညာရှင်အမြောက်အမြား လိုအပ်ကြောင်းသိရသည်။ အိမ်နီးချင်း အိန္ဒိယနှင့်တရုတ်နိုင်ငံ တို့ သည်ပင်လျှင် ဆယ်စုနှစ်တစ်ခုနီးပါးအချိန်ပေးကာ နျူကလီးယား ဓာတ်ပေါင်းဖိုများ တည်ဆောက်‌နေရကြောင်း သိရသည်။

‘စွမ်းအင်ကဏ္ဍမှာဆိုရင် ဒီစွမ်းအင်ထုတ် လုပ်မှု၊ လျှပ်စစ်ဓာတ်အားဖူလုံမှုအတွက်ဆိုရင် နျူကလီးယားက တကယ်အရေးပါတဲ့အခန်းကဏ္ဍတစ်ခုကနေပြီးတော့ပါဝင်တယ်။ ဒီနျူကလီးယား တွေကိုသုံးပြီးတော့ ဓာတ်အားထုတ်မှု ပေါ့။ ဒီနျူက လီးယားဓာတ်အားပေးစက်တွေက တကယ်တမ်းကျတော့ အပူစွမ်းအင်သုံးဓာတ်အား ပေးစက်ရုံတစ်ခု ပါဘဲ။ ဒီနျူကလီးယားဓာတ်အားပေးစက်ရုံသည် လျှပ်စစ်ဓာတ်အားပေးမယ်ဆိုရင် ကျွန်တော်တို့ နျူကလီးယား စက်ရုံဟာ အသုံးပြုတာ ရေနွေးငွေ့၊ ဒီရေနွေးငွေ့ ရအောင်သုံးပြီးတော့ တာဘိုင်တွေ၊ ွနညနမအေသမ တွေ၊ လည်တာ၊ ရေနွေးငွေ့အတွက် အပူလိုတယ်။ အဲဒီ အပူကို ဘယ်ကနေရလဲဆိုတော့ မနခေအသမ(ဓာတ်ပေါင်းဖို)ပေါ့။ ဒီဓာတ်ပေါင်းဖိုမှာ နျူကလီးယား လောင်စာထည့်ထားတာ’ ဟု လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ဒေါက်တာအောင် မျိုးဝင်းက ဆိုသည်။

မြန်မာနိုင်ငံသည် နျူကလီယားနည်းပညာ သုံးစွဲခြင်းအတွက် ဆေးဘက်ဆိုင်ရာနှင့်စိုက်ပျိုးရေး ကဏ္ဍများ အတွက် မူဝါဒများချမှတ်အကောင်အထည် ဖော်နေသော်လည်း စွမ်းအင်ဆိုင်ရာ လိုအပ်ချက်အ တွက်ကိုမူ စတင်နိုင်ခြင်း မရှိသေးပေ။ နျူကလီးယား ဓာတ်အားပေးစက်ရုံတစ်ခုသည် သာမန်ကျောက်မီး သွေးသုံး လျှပ်စစ်ဓာတ်အား ပေးစက်ရုံနှင့် အလုပ်လုပ် ပုံတူညီသော်လည်း အမှန်တကယ် တည်ဆောက်ထုတ် လုပ်မှုကုန်ကျစရိတ်မှာ အနည်းဆုံး အမေရိကန်ဒေါ်လာ သန်းငါးထောင်မှ သန်းပေါင်းသုံးသောင်းခွဲအထိ ကုန်ကျနိုင်သည်။ ယင်းငွေကြေးပမာဏမှာ မြန်မာနိုင်ငံအတွက် လတ်တလော မည်သို့မျှ ဖြစ်နိုင်ခြေမရှိကြောင်းသိရသည်။

မြန်မာပြည်သူများအနေဖြင့် နျူကလီးယား နှင့်ပတ်သက်ပြီးပိုမိုသိရှိရန် အသိပညာပေးအစီအ စဉ်များစတင်နေ ပြီး ရုရှားဖက်ဒရေးရှင်းက Rosatom အဖွဲ့၏ အကြံပြုချက်များဖြင့် နျူကလီးယားနည်းပညာပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုး တက်လာရန်မျှော်လင့်ထားကြောင်း သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျက နျူကလီး ယားနည်း ပညာဆိုင်ရာ သတင်းအချက်အလက်စင်တာတွင် ပြောကြားခဲ့သည်။

နိုင်ငံတကာတွင် နျူကလီးယားလက်နက် ပိုင်ဆိုင်သောနိုင်ငံ ဆယ်ခုမျှသာရှိပြီး နျူကလီးယား စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံပိုင်ဆိုင်သောနိုင်ငံခြောက်ခုမျှသာရှိသည်။ ထို့ကြောင့် မြန်မာနိုင်ငံအနေဖြင့် နျူကလီးယားစွမ်း အင်ပိုင်ဆိုင်နိုင်ရန် လျှောက်လှမ်းရမည့်ခရီလမ်းမှာ အတော်ပင်ဝေးကွာနေသည်။ အဓိကလိုအပ်သောလူ့စွမ်းအား အရင်းအမြစ်များကို လက်ရှိအချိန်တွင် စတင်သင်ကြားပေးနေပြီဖြစ်ရာ အချိန်ကာလတစ်ခုတွင်မူ နျူကလီးယား လက်နက် နှင့်စွမ်းအင်အိပ်မက်ကို အကောင်အထည်ဖော်နိုင် မည်ဖြစ်သည်။

zawgyi version
ျမန္မာႏွင့္ အဏုျမဴစြမ္းအင္ အိပ္မက္
ေစာ (NP News) - ဩဂုတ္ ၂၉

ကမာၻေပၚတြင္ ႏိုင္ငံအမ်ားဆုံးကပိုင္ဆိုင္ လိုေသာစြမ္းအင္မွာ အဏုျမဴစြမ္းအင္ျဖစ္ၿပီး ယင္းစြမ္းအင္၏ သာလြန္ ေသာလုပ္ေဆာင္ခ်က္မ်ားကို လူသားမ်ိဳးႏြယ္စုအားလုံးအေပၚ ဩဇာလႊမ္းမိုး ထိန္းခ်ဳပ္ေလသည္။ (၁၉၄၅) ခုႏွစ္ ဩဂုတ္လတြင္ ဂ်ပန္ႏိုင္ငံ နာဂါဆာကီႏွင့္ဟီ႐ိုရွီးမားၿမိဳ႕ေပၚသို႔ အဏုျမဴဗုံးႀကဲခ်တိုက္ခိုက္ၿပီး ဒုတိယကမာၻစစ္ ၿပီးဆုံးေစခဲ့ကာ အဏုျမဴစြမ္းအင္ ေခတ္သစ္စတင္ခဲ့သည္။

ႏွစ္ေပါင္း (၇၀)ေက်ာ္ၾကာခ်ိန္တြင္ ျမန္မာႏိုင္ငံ၌ န်ဴကလီးယား နည္းပညာဆိုင္ရာသတင္းအခ်က္အလက္ စင္တာကို (၂၀၂၃)ခုႏွစ္အတြင္း သက္ဆိုင္ရာကထူေထာင္ကာ ဗဟုသုတျဖန႔္ေဝေနသည္။ ျမန္မာႏိုင္ငံတြင္ န်ဴကလီ ယားစြမ္းအင္သုံး ဓာတ္အား‌ေပးစက္႐ုံ တည္ေဆာက္ႏိုင္ျခင္း ရွိ မရွိ၊ မည္သည့္ အခ်ိန္၊ မည္သည့္ေနရာတြင္ တည္ ေဆာက္မည္နည္း စသည္တို႔မွာ လူထုအၾကား စိတ္ဝင္စားေသာေမးခြန္း မ်ားျဖစ္သည္။ ယင္းေမးခြန္းမ်ားကိုေျဖရွင္းရန္ သိပၸံ ႏွင့္နည္းပညာဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ေဒါက္တာ ေအာင္ေဇယ်က ‘န်ဴကလီးယားနည္းပညာနဲ႔ပတ္ သက္ၿပီး ေတာ့ ျမန္မာႏိုင္ငံမွာ တိုးတက္ဖြံ႕ၿဖိဳးလာဖို႔အတြက္က ဒီန်ဴကလီးယားနည္းပညာကို အသုံးခ်ဖို႔က မျဖစ္မေနလိုအပ္ေန ပါတယ္။ ဒါကို အသုံးခ်မယ္ဆိုရင္ ျမန္မာႏိုင္ငံမွာရွိတဲ့ ႏိုင္ငံ့လူငယ္ေတြရဲ႕ အင္အားေပါ့။ ကေလးေတြရဲ႕ လူ႔စြမ္းအင္ အရင္းအျမစ္ပ်ိဳးေထာင္မႈကလည္း အေရးပါပါတယ္။ ဒါေၾကာင့္မိုလို႔ လူငယ္ေတြကို န်ဴကလီးယားနည္း ပညာေပၚမွာ လူငယ္ေတြရဲ႕ ပူးေပါင္းေဆာင္႐ြက္မႈ၊ လူငယ္ေတြရဲ႕ ပါဝင္ေဆာင္႐ြက္မႈလိုပါတယ္’ဟု ေျပာသည္။
လတ္တေလာ ျမန္မာႏိုင္ငံ၏ အဏုျမဴ စြမ္းအင္ဆိုင္ရာ သတင္းအခ်က္အလက္စင္တာတြင္ ေက်ာင္းသူေက်ာင္း သားႏွင့္ လူငယ္ေပါင္း ရွစ္ေထာင္နီးပါးကို အဏုျမဴဆိုင္ရာဗဟုသုတမ်ား ျဖန႔္ေဝထား ႏိုင္ေၾကာင္းသိရသည္။ သို႔ေသာ္ လည္း ျမန္မာႏိုင္ငံတြင္ န်ဴကလီးယားစြမ္းအင္ စတင္သုံးစြဲရန္အတြက္ ကိုမူ မည္သူမွ် တိက်စြာမေျပာႏိုင္ေခ်။ အဘယ္ ေၾကာင့္ဆိုေသာ္ န်ဴကလီးယားစြမ္းအင္သည္ ေငြေၾကးခ်မ္းသာႂကြယ္ဝ႐ုံျဖင့္ အလြယ္တကူဝယ္ယူ သုံးစြဲႏိုင္မည္ မဟုတ္ဘဲ ႏိုင္ငံကိုယ္တိုင္က နည္းပညာကြၽမ္းက်င္ရမည္ျဖစ္သည္။

‘န်ဴကလီးယားဓာတ္အားေပးစက္႐ုံတစ္ခု တည္ေဆာက္ဖို႔က်ေတာ့ အခ်ိန္အမ်ားႀကီးယူရတယ္။ မတည္ ေဆာက္ခင္ကတည္းကိုက ဒီဓာတ္အားေပး စက္႐ုံတည္ေဆာက္ဖို႔လိုအပ္တဲ့အေျခခံအေဆာက္ အအုံေတြေပါ့၊ အဲဒါေတြ ၿပီးျပည့္စုံမွ ဒီန်ဴကလီးယား ဓာတ္အားေပးစက္႐ုံက တည္ေဆာက္လို႔ရတာ။ ကုန္ က်စရိတ္ပိုင္းမွာဆိုရင္ န်ဴကလီးယား ဓာတ္အားေပး စက္႐ုံက အစပိုင္းမွာေတာ့ ရင္းႏွီးျမႇဳပ္ႏွံမႈအရမ္း မ်ားတယ္။ ေက်ာက္မီးေသြးကေတာ့ သူ႔ထက္စာရင္ နည္းတယ္။ ဒါေပမဲ့ ေရရွည္မွာက်ေတာ့ န်ဴကလီး ယားစက္႐ုံက ႏွစ္ (၁၀ဝ)ေလာက္ရတယ္။ တစ္နည္းအားျဖင့္ ေလာင္စာကိုမရွိေတာ့ဘူး။ ေက်ာက္မီးေသြး စက္႐ုံမွာ စက္႐ုံလည္ပတ္ေနသေ႐ြ႕ ေက်ာက္မီးေသြးဖိုး အမ်ားႀကီးကို ကုန္က်ေနမယ္။ ေရရွည္မွာ စီးပြားေရး ဘက္ကၾကည့္မယ္ဆိုရင္ န်ဴကလီးယားဓာတ္အားေပးနဲ႔ ေက်ာက္မီး ေသြးနဲ႔ယွဥ္ ရင္ အမ်ားႀကီးသာတယ္။ အမ်ားႀကီးေကာင္းကြက္ေတြရွိတယ္’ဟု လွ်ပ္စစ္စြမ္းအားဝန္ႀကီးဌာနမွ ေဒါက္တာ ေအာင္မ်ိဳးဝင္းက ေျပာသည္။

ႏိုင္ငံတကာရွိ န်ဴကလီယားစြမ္းအင္သုံး လွ်ပ္စစ္ဓာတ္အားေပးစက္႐ုံမ်ားမွာ ဓာတ္ေပါင္းဖို ဒီဇိုင္းကို ႏိုင္ငံပိုင္ ကိုယ္ပိုင္ဖန္တီးထုတ္လုပ္ျခင္းျဖစ္ၿပီး အျခားနည္းပညာကြၽမ္းက်င္သည့္ ႏိုင္ငံျခား ကုမၸဏီမ်ားမွ အႀကံေပးေလ့လာ ေစာင့္ၾကည့္ျခင္းျဖင့္ တည္ေဆာက္ထားျခင္းျဖစ္သည္။ ျမန္မာႏိုင္ငံတြင္ လတ္တေလာ ႐ုရွားႏိုင္ငံအေျခစိုက္ အဏုျမဴ နည္းပညာကုမၸဏီက အကူအညီေပးေနေသာ္လည္း ျမန္မာႏိုင္ငံကိုယ္တိုင္ စြမ္းအင္ထုတ္လုပ္ရန္မွာ အလွမ္းေဝးေနဆဲ ျဖစ္သည္။

‘န်ဴကလီးယားဓာတ္အားေပးစက္႐ုံနဲ႔ ‌ေက်ာက္မီးေသြးဓာတ္အားေပးစက္႐ုံ ဒီစက္႐ုံႏွစ္ခုရဲ႕ ဓာတ္အား ထုတ္လုပ္ မႈကေတာ့ သိပ္ကြာျခားမႈေတာ့ မရွိဘူး။ ဆိုလိုတာကေတာ့ ေရေႏြးေငြ႕နဲ႔တာဘိုင္ကို လည္ၿပီးေတာ့ ထုတ္ၾကတာပဲ။ ဘာကြာလဲဆိုေတာ့ ေလာင္စာအဓိကကြာတာေပါ့။ ေက်ာက္မီးေသြးသုံးကေတာ့ ေက်ာက္မီးေသြးနဲ႔မီးရႈိ႕ၿပီးေတာ့ ေရကေန ‌ၿပီးေတာ့ ေရေႏြးေငြ႕ေျပာင္းတာေပါ့။ န်ဴကလီးယား ဓာတ္အားေပးစက္႐ုံကေတာ့ ဓာတ္ေပါင္းဖိုကေနၿပီး ေတာ့ အပူထုတ္ၿပီးေတာ့ ေရေႏြးေငြ႕ ေျပာင္းၿပီးသုံး တယ္ေပါ့။ ႏွစ္ခုကေတာ့ ဒီဟာပဲ အဓိကကြာတာ’ ဟု လွ်ပ္စစ္ စြမ္းအားဝန္ႀကီးဌာနမွ ေဒါက္တာ ေအာင္မ်ိဳးဝင္းက ဆိုသည္။

န်ဴကလီယားနည္းပညာျဖင့္ လွ်ပ္စစ္ဓာတ္ အားထုတ္လုပ္ျခင္းသည္ န်ဴကလီယားနည္းပညာ၏ အဆင့္အျမင့္ ဆုံး နည္းပညာျဖစ္ရာ န်ဴကလီးယားဗုံး ထုတ္လုပ္ျခင္းထက္အဆမ်ားစြာခက္ခဲသည္။ ထို႔ျပင္ ေဘးအႏၲရာယ္ကင္းရွင္း ေရးအတြက္ ကြၽမ္းက်င္လုပ္ သားမ်ားစြာလိုအပ္သည္။ န်ဴကလီးယား ဓာတ္အား ေပးစက္႐ုံကို ပိုက္ဆံေပးၿပီး အလြယ္ တကူ ႏိုင္ငံျခားမွ ဝယ္ယူအသုံးျပဳႏိုင္ျခင္းမရွိသည္ကို ျပည္သူလူထုအေနျဖင့္ သေဘာေပါက္နားလည္သင့္ေၾကာင္း ကြၽမ္းက်င္ပညာရွင္မ်ားက ေျပာသည္။

‘ဓာတ္ေပါင္းဖို စက္ကိုင္လိုင္စင္ဆိုတာ ကမာၻေပၚမွာ ေပးေနတဲ့ႏိုင္ငံေတြအမ်ားႀကီးရွိပါတယ္။ ကိုရီးယား၊ အေမရိကား၊ ရရွားဖက္ဒေရးရွင္းက Rosatom က ေပးပါတယ္။ အဲဒီ စက္ကိုင္စက္ေမာင္း ႏွင္သူ‌ေတြကို ကြၽန္ေတာ္တို႔က ျပဳစုပ်ိဳးေထာင္ရမယ္။ သူတို႔ကို ဒီအေျခခံပညာရပ္ေတြသင္ရမယ္။ ၿပီးရင္ အဲဒီလူေတြကို သင္ၾကားၿပီးေတာ့မွ သူတို႔နဲ႔ ေမာင္းႏွင္ရမယ္။ ဘယ္ေနရာမွာေဆာက္မွာလဲ။ ကြၽန္ေတာ္တို႔ ဒါကိုတည္ေဆာက္မယ္ဆိုရင္ ေရေျမ၊ သဘာဝပတ္ ဝန္းက်င္၊ ရာသီဥတုကေ႐ြးရတယ္။ ကြင္းဆင္း ေလ့လာရတယ္။ သဘာဝပတ္ဝန္းက်င္ ေလ့လာမႈ၊ ပထဝီဝင္ အေန အထားနဲ႔ မိုးေလဝသႏွင့္ဇလေဗဒအေၾကာင္း အရာေတြယူရတယ္။ ေျမေနရာေ႐ြးခ်ယ္တာ၊ ေျမတိုင္းတာေတြ မလုပ္ေသးဘူး။ ဘယ္ေလာက္ထိ ေတာင္ယူရလဲဆိုရင္ ႏွစ္ေပါင္း (၆၀)အတြင္းမွာ အဲဒီေဆာက္မယ့္ေနရာသည္ ေရဘယ္ေလာက္ထိ အျမင့္ ဆုံးတက္ႏိုင္မလဲ။ ေရဘယ္ေလာက္ထိ အမ်ားဆုံးႀကီးႏိုင္လဲ။ ရာသီဥတုဘယ္ေလာက္ထိ အဆိုး႐ြားဆုံး ျဖစ္ႏိုင္မလဲ။ ငလ်င္အပါအဝင္ ငလ်င္ဘယ္ေလာက္ထိ အျပင္းထန္ဆုံးလႈပ္ႏိုင္မလဲ၊ လႈပ္ခဲ့သလဲ။ ႏွစ္ေပါင္း (၆၀)အတြင္းက ေဒတာအခ်က္အလက္ေတြ အကုန္ေကာက္ရတာ။ ေကာက္ၿပီးေတာ့မွ ကြၽန္ေတာ္တို႔က အတည္ျပဳလို႔ရ တာ’ဟု ျမန္မာႏိုင္ငံ၏ န်ဴကလီးယား စြမ္းအင္ဆိုင္ရာသတင္းအခ်က္အလက္စင္တာမွ တာဝန္ခံ ေဒါက္တာေဇာ္လင္းဦးက ေျပာသည္။

ျမန္မာႏိုင္ငံအေနျဖင့္ န်ဴကလီးယားလက္ နက္ပင္ထုတ္လုပ္ႏိုင္ရန္ ယူေရနီယံသန႔္စင္ျခင္း လုပ္ငန္းအဆင့္ ဆင့္ကို အေကာင္ထည္မေဖာ္ႏိုင္ေသာေၾကာင့္ ဓာတ္ေပါင္းဖိုႏွင့္ စြမ္းအင္စက္႐ုံမွာ အိပ္မက္အဆင့္သာရွိသည္။ အဘယ့္ေၾကာင့္ဆိုေသာ္ န်ဴကလီးယားစြမ္းအင္ရရွိရန္ ယူေရနီယံသန႔္စင္ ထုတ္လုပ္ျခင္းကုန္က်စရိတ္သည္ သန႔္စင္ ေသာ ယူေရနီယံ အေလးခ်ိန္တစ္ေပါင္အတြက္ အေမရိကန္ေဒၚလာ သန္း (၁၅၀) အထက္ ကုန္က်စရိတ္ရွိသည္။ သို႔ေသာ္လည္း န်ဴကလီးယားနည္းပညာႏွင့္ပတ္သက္ေသာ အေတြ႕အႀကဳံဗဟုသုတမ်ားကို စတင္ရရွိေနေၾကာင္း သိရ သည္။

‘အဓိကကရည္႐ြယ္ခ်က္ကေတာ့ ျပည္သူလူထုကို nuclear technology ဆိုင္ရာ အသိပညာေတြ ျဖန႔္ျဖဴးေပးဖို႔ nuclear technology နဲ႔ပတ္ သက္တဲ့ မွန္ကန္တဲ့သတင္းအခ်က္အလက္ေတြကို ျဖန႔္ျဖဴးေပးဖို႔ ဒီစင္တာႀကီးကို ဖြင့္လွစ္ျခင္းျဖစ္ပါတယ္။ ဒီစင္တာမွာ မနါကူေမ ေခအငလငအပ နလနညအ ေတြ၊ ေက်ာင္း ေတြ၊ တကၠသိုလ္ေတြ၊ ေက်ာင္းသား၊ ေက်ာင္းသူေတြ၊ တစ္ပတ္ကိုႏွစ္ရက္၊ သုံးရက္ အနည္းဆုံး လာ ေရာက္လည္ပတ္ပါတယ္။ ဒီေန႔ဒီခ်ိန္ထိကို (၇၈၀ဝ)ခန႔္ရွိပါတယ္။ လာေရာက္တဲ့ ေက်ာင္းသား၊ ေက်ာင္းသူ တစ္ဦးခ်င္းစီကိုလည္း က်န္းမာေရးက႑မွာ န်ဴကလီး ယားနည္းပညာကို ဘယ္လိုအသုံးျပဳလဲ။ အက်ယ္တဝင့္ရွင္းလင္းတင္ျပပါတယ္’ဟု ေဒါက္တာ ေဇာ္လင္းဦးက ဆိုသည္။

ႏိုင္ငံတကာတြင္ န်ဴကလီယားနည္းပညာ ကိုအဆင့္ျမႇင့္တင္လာႏိုင္ၿပီျဖစ္ရာ အမ်ားျပည္သူ သုံးစြဲရန္ႏွင့္ လုံၿခဳံေရးအရ ေဘးအႏၲရာယ္ကင္းရွင္းမႈမ်ားလည္း ျမင့္တက္လာၿပီျဖစ္သည္။ သို႔ေသာ္လည္း လွ်ပ္စစ္ဓာတ္ အားေပး စက္႐ုံတစ္ခု တည္ေဆာက္ရန္ လိုအပ္ေသာ ေဆာက္လုပ္ေရးအင္ဂ်င္နီယာမ်ားႏွင့္ စက္႐ုံတည္ေဆာက္ေရးလည္ ပတ္ႏိုင္ေရး ကြၽမ္းက်င္ပညာရွင္အေျမာက္အျမား လိုအပ္ေၾကာင္းသိရသည္။ အိမ္နီးခ်င္း အိႏၵိယႏွင့္တ႐ုတ္ႏိုင္ငံ တို႔ သည္ပင္လွ်င္ ဆယ္စုႏွစ္တစ္ခုနီးပါးအခ်ိန္ေပးကာ န်ဴကလီးယား ဓာတ္ေပါင္းဖိုမ်ား တည္ေဆာက္‌ေနရေၾကာင္း သိရသည္။

‘စြမ္းအင္က႑မွာဆိုရင္ ဒီစြမ္းအင္ထုတ္ လုပ္မႈ၊ လွ်ပ္စစ္ဓာတ္အားဖူလုံမႈအတြက္ဆိုရင္ န်ဴကလီးယားက တကယ္အေရးပါတဲ့အခန္းက႑တစ္ခုကေနၿပီးေတာ့ပါဝင္တယ္။ ဒီန်ဴကလီးယား ေတြကိုသုံးၿပီးေတာ့ ဓာတ္အားထုတ္မႈ ေပါ့။ ဒီန်ဴက လီးယားဓာတ္အားေပးစက္ေတြက တကယ္တမ္းက်ေတာ့ အပူစြမ္းအင္သုံးဓာတ္အား ေပးစက္႐ုံတစ္ခု ပါဘဲ။ ဒီန်ဴကလီးယားဓာတ္အားေပးစက္႐ုံသည္ လွ်ပ္စစ္ဓာတ္အားေပးမယ္ဆိုရင္ ကြၽန္ေတာ္တို႔ န်ဴကလီးယား စက္႐ုံဟာ အသုံးျပဳတာ ေရေႏြးေငြ႕၊ ဒီေရေႏြးေငြ႕ ရေအာင္သုံးၿပီးေတာ့ တာဘိုင္ေတြ၊ ြနညနမေအသမ ေတြ၊ လည္တာ၊ ေရေႏြးေငြ႕အတြက္ အပူလိုတယ္။ အဲဒီ အပူကို ဘယ္ကေနရလဲဆိုေတာ့ မနေခအသမ(ဓာတ္ေပါင္းဖို)ေပါ့။ ဒီဓာတ္ေပါင္းဖိုမွာ န်ဴကလီးယား ေလာင္စာထည့္ထားတာ’ ဟု လွ်ပ္စစ္စြမ္းအားဝန္ႀကီးဌာနမွ ေဒါက္တာေအာင္ မ်ိဳးဝင္းက ဆိုသည္။

ျမန္မာႏိုင္ငံသည္ န်ဴကလီယားနည္းပညာ သုံးစြဲျခင္းအတြက္ ေဆးဘက္ဆိုင္ရာႏွင့္စိုက္ပ်ိဳးေရး က႑မ်ား အတြက္ မူဝါဒမ်ားခ်မွတ္အေကာင္အထည္ ေဖာ္ေနေသာ္လည္း စြမ္းအင္ဆိုင္ရာ လိုအပ္ခ်က္အ တြက္ကိုမူ စတင္ႏိုင္ျခင္း မရွိေသးေပ။ န်ဴကလီးယား ဓာတ္အားေပးစက္႐ုံတစ္ခုသည္ သာမန္ေက်ာက္မီး ေသြးသုံး လွ်ပ္စစ္ဓာတ္အား ေပးစက္႐ုံႏွင့္ အလုပ္လုပ္ ပုံတူညီေသာ္လည္း အမွန္တကယ္ တည္ေဆာက္ထုတ္ လုပ္မႈကုန္က်စရိတ္မွာ အနည္းဆုံး အေမရိကန္ေဒၚလာ သန္းငါးေထာင္မွ သန္းေပါင္းသုံးေသာင္းခြဲအထိ ကုန္က်ႏိုင္သည္။ ယင္းေငြေၾကးပမာဏမွာ ျမန္မာႏိုင္ငံအတြက္ လတ္တေလာ မည္သို႔မွ် ျဖစ္ႏိုင္ေျခမရွိေၾကာင္းသိရသည္။

ျမန္မာျပည္သူမ်ားအေနျဖင့္ န်ဴကလီးယား ႏွင့္ပတ္သက္ၿပီးပိုမိုသိရွိရန္ အသိပညာေပးအစီအ စဥ္မ်ားစတင္ေန ၿပီး ႐ုရွားဖက္ဒေရးရွင္းက Rosatom အဖြဲ႕၏ အႀကံျပဳခ်က္မ်ားျဖင့္ န်ဴကလီးယားနည္းပညာပိုင္းဆိုင္ရာ ဖြံ႕ၿဖိဳးတိုး တက္လာရန္ေမွ်ာ္လင့္ထားေၾကာင္း သိပၸံႏွင့္နည္းပညာဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ေဒါက္တာေအာင္ေဇယ်က န်ဴကလီး ယားနည္း ပညာဆိုင္ရာ သတင္းအခ်က္အလက္စင္တာတြင္ ေျပာၾကားခဲ့သည္။

ႏိုင္ငံတကာတြင္ န်ဴကလီးယားလက္နက္ ပိုင္ဆိုင္ေသာႏိုင္ငံ ဆယ္ခုမွ်သာရွိၿပီး န်ဴကလီးယား စြမ္းအင္သုံး ဓာတ္အားေပးစက္႐ုံပိုင္ဆိုင္ေသာႏိုင္ငံေျခာက္ခုမွ်သာရွိသည္။ ထို႔ေၾကာင့္ ျမန္မာႏိုင္ငံအေနျဖင့္ န်ဴကလီးယားစြမ္း အင္ပိုင္ဆိုင္ႏိုင္ရန္ ေလွ်ာက္လွမ္းရမည့္ခရီလမ္းမွာ အေတာ္ပင္ေဝးကြာေနသည္။ အဓိကလိုအပ္ေသာလူ႔စြမ္းအား အရင္းအျမစ္မ်ားကို လက္ရွိအခ်ိန္တြင္ စတင္သင္ၾကားေပးေနၿပီျဖစ္ရာ အခ်ိန္ကာလတစ္ခုတြင္မူ န်ဴကလီးယား လက္နက္ ႏွင့္စြမ္းအင္အိပ္မက္ကို အေကာင္အထည္ေဖာ္ႏိုင္ မည္ျဖစ္သည္။

Picture

Myu hnin Wai

29/08/2024 12:58

မြန်မာနိုင်ငံ နူစွမ်းအင်နဲ့ လျှပ်စစ်အမြန်ဆုံး ရရှိနိုင်ပါစေ

Related news

© 2021. All rights reserved.