"လွတ်တဲ့ငါး မကြီးရအောင်" (ဆောင်းပါး) (အပိုင်း -၁)
918
ဖြိုးဝေလင်း (ပုသိမ်) (NP News) - ဩဂုတ် ၃၁
(၂၀၁၄) ခုနှစ် ဖေဖဝါရီလ (၂၅) ရက်နေ့တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော် သမ္မတရုံး၏ အမိန့်အမှတ် (၆/၂၀၁၄)ဖြင့်ဖွဲ့စည်းခဲ့သော အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် (ယခင် လာဘ်ပေးလာဘ်ယူမှုပပျောက်ရေးကော်မရှင်) သည် ယခုဆိုလျှင် (၁၀) နှစ်သက်တမ်းကျော် ရှိနေပြီဖြစ်သည်။ (၁၀) နှစ်တာကာလအတွင်း (၂၀၁၄ ခုနှစ်မှ (၂၀၂၃) ခုနှစ်အထိ) အဂတိလိုက်စားမှုတိုက် ဖျက်ရေးကော်မရှင်သို့ တိုင်ကြားစာပေါင်း (၃၄၅၅၂) စောင်တိုင်ကြားခဲ့ပြီး တိုင်ကြားစာ(၂၀၄၆၃) စောင်အ ပေါ် စုံစမ်းစစ်ဆေးဖော်ထုတ်အရေးယူနိုင်ခဲ့ပြီး အဂ တိလိုက်စားမှုကျူးလွန်သူ (၃၀၂) ဦး၊ နိုင်ငံ့ဝန်ထမ်း (၂၆၈၄)ဦးတို့ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေအရ တရားစွဲဆိုအရေးယူဆောင်ရွက်နိုင်ခဲ့သည် ဟုသိရသည်။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေအရ တရားစွဲဆိုအရေးယူဆောင်ရွက်ခဲ့သည့် (၃၀၂) ဦးတွင် နိုင်ငံရေးရာထူး လက်ရှိဖြစ်သူ (၆၅) ဦး၊ အဆင့်မြင့်အရာရှိ (၂၁) ဦး၊ အရာထမ်း (၈၀)ဦး၊ အမှုထမ်း (၈၄) ဦး၊ ပြည်သူ့ဝန်ထမ်း (၁၈) ဦးနှင့် အခြားပုဂ္ဂိုလ် (၃၄) ဦးတို့ပါဝင်ကြောင်း သိရပါသည်။
ထိုအမှုများမှ ပြည်သူ့ဘဏ္ဍာ ပြန်လည်သိမ်းဆည်း နိုင်မှုနှင့် နိုင်ငံ့ဘဏ္ဍာသို့ ပြန်လည်ပေးသွင်းနိုင်မှုမှာ မြန်မာကျပ်ငွေ (၂၃)ဘီလျံကျော်၊ အမေရိကန်ဒေါ်လာ (၄)သန်းကျော်တို့ဖြစ်သည်။ ထို့ကြောင့် အဂတိလိုက် စားမှုတိုက်ဖျက်ရေးကော်မရှင်သည် တစ်နှစ်လျှင် တိုင်ကြားစာ ပျှမ်းမျှ (၂၀ဝဝ) ကျော်ကို ဖြေရှင်းပေးနိုင်ခဲ့ပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေအရ အရေးယူခံရသူပေါင်း တစ်နှစ်လျှင် ပျှမ်းမျှ (၃၀ဝ) ဦးခန့်ရှိသည်ဟုဆိုနိုင်သည်။ အရေးယူဆောင်ရွက် နိုင်မှုပမာဏသည် ကိန်းဂဏန်းအရ မြင့်မားသော် လည်း ကမ္ဘာ့နိုင်ငံများ၏ အဂတိလိုက်စားမှုများကို စောင့်ကြည့် အကဲဖြတ်လျက်ရှိသည့် NGO အဖွဲ့ ဖြစ်သော နိုင်ငံတကာ ပွင့်လင်းမြင်သာမှုရှိရေးအဖွဲ့(Transparency International) မှ ထုတ်ပြန်ခဲ့သည့် (၂၀၂၃)ခုနှစ်အတွက် အဂတိလိုက်စားမှုနှင့်ပတ်သက်သည့်အညွှန်းကိန်း (Corruption Perception Index-CPI)များအရ ကမ္ဘာ့နိုင်ငံပေါင်း (၁၈၀)တွင် မြန်မာနိုင်ငံသည် အဆင့်(၁၆၂)သို့ရောက်ရှိလာကြောင်း တွေ့ရှိရသည်။
မြန်မာနိုင်ငံ၏အဆင့်သည် အမြင့်ဆုံးအနေဖြင့် (၂၀၁၇)ခုနှစ်တွင် အဆင့်(၁၃၀) အထိ တက်လှမ်းနိုင်ခဲ့ကြောင်းတွေ့ရသည်။Transparency International ၏ အဆင့်သတ်မှတ်ချက်နည်းတူ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ဆောင်ရွက်ချက်များအပေါ် ပြည်သူများ၏ ကျေနပ်နှစ်သိမ့်မှုသည် ရသင့်သလောက်မရနိုင်သေး သည်ကိုတွေ့ရသည်။
အမေရိကန်ပြည်ထောင်စုတွင် အိမ်ရှင်းခြင်း (Cleaning house)၊ ဘရာဇီးနိုင်ငံတွင် ကားဆေး ခြင်း(car wash)၊ အီတလီတွင်လက်ဆေးခြင်း(hand wash)၊ မက္ကဆီကိုတွင် တံမြက်စည်းလှဲခြင်း၊ တရုတ်နိုင်ငံတွင် ကျားဖမ်းခြင်း(အဂတိလိုက်စား သည့်အဆင့်မြင့်ပုဂ္ဂိုလ်ကိုဖမ်းဆီးအရေးယူခြင်း)၊ ဝက်ပေါ်ခြင်း(အဂတိလိုက်စားသည့်လူချမ်းသာကို ဖမ်းဆီအရေးယူခြင်း)၊ ယင်ကောင်ရိုက်ခြင်း(အဂတိ လိုက်စားသည့် အဆင့်နိမ့်ပုဂ္ဂိုလ်ကို ဖမ်းဆီအရေးယူ ခြင်း)စသဖြင့် ဗန်းစကားအသုံးပြုခေါ်ဝေါ်သကဲ့သို့ မြန်မာနိုင်ငံတွင်လည်း "ငါးကြီးကြီးတွေမမိသေးဘူး၊ ငါးသေးသေးတွေပဲမိသေးတယ်" စသဖြင့် ငါးမိသည်၊ ငါးဖမ်းသည်၊ ငါးကြော်သည်ဟု မီဒီယာများတွင်ဖော် ပြကြသည်ကိုတွေ့ရပါသည်။ မှန်ပေသည်။ ငါးသား ပေါက်(ငါးမှုန်)လေးများ၊ ငါးငယ်၊ ဖားငယ်ကိုစားသုံး၍ ဂေဟစနစ်ကိုပျက်စီးစေသော အသားစားငါးရိုင်း (စုပ် ခွက်ငါး)များကဲ့သို့ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝန်းကျင်ကောင်းများကိုဖျက်ဆီးနေသော အဂတိငါးများကို ရှင်သန်မှုမရှိစေရေးနှင့် လွတ်ထွက်မသွားစေရေးအတွက် အဂတိလိုက်စားမှုတိုက်ဖျက် ရေးကော်မရှင်အနေဖြင့် ထိရောက်စွာဆောင်ရွက်သင့် သည်။ အဂတိကျူးလွန်ကြသူများသည်လည်း နည်း နာအသစ်များကိုအသုံးပြုကာ ကျူးလွန်လျက်ရှိကြသလို ကမ္ဘာ့နိုင်ငံအသီးသီးရှိ အဂတိလိုက်စားမှုတိုက်ဖျက် ရေးဆိုင်ရာအဖွဲ့အစည်းအသီးသီးတို့လည်း ပို၍ထိ ရောက်သည့် ဥပဒေများ၊ နည်းလမ်းများအသုံးပြုကာ နှိမ်နင်းကြလျက်ရှိသည်။
ဆရာဝန်သည် လူနာ၏ရောဂါကိုမကုသမီ ရော ဂါလက္ခဏာနှင့် ဖြစ်ပွားရခြင်းအကြောင်းရင်းကို အရင်ဆုံးရှာဖွေရသကဲ့သို့ မိမိတို့နိုင်ငံတွင်လည်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးအတွက် အဂတိလိုက် စားမှုဖြစ်ပေါ်စေသောအကြောင်းခြင်းရာများကို အရင် ဆုံးသုံးသပ်ရမည်။ မိမိတို့နိုင်ငံတွင် အဂတိလိုက်စား မှုသည် အောက်ပါအခြေအနေ(၆)မျိုးကြောင့် ဖြစ် ပေါ်နေသည်ဟု အခြေခံအားဖြင့်မှတ်ယူနိုင်ပါသည်။
(၁) အစိုးရဌာနများ၏လုပ်ငန်းစဉ်များ ရှုပ်ထွေးပွေလီခြင်း။ လက်ရှိအခြေအနေတွင် အစိုးရဌာန များ၏လုပ်ငန်းစဉ်များသည် လိုသည်ထက်ပိုမိုများ ပြားရှုပ်ထွေးနေပြီး သာမန်ပြည်သူတစ်ဦးအနေဖြင့် လုပ်ငန်းစဉ်ကို နားလည်ရန်အလွန်ခက်ခဲသည်။ ထို့ပြင် ပွင့်လင်းမြင်သာမှုအားနည်းသည့်အခြေအနေမျိုးတွင် ပိုဆိုးသည်။ ထို့ကြောင့် ပြည်သူများအနေဖြင့် မည်သို့လုပ်ရမှန်းမသိ ခေါင်းရှုပ်ရသည့်အတွက် လွယ်ကူသော အဂတိပေး အမြန်ရနည်းကိုသာ ရွေးလိုက်ရသည်။
(၂) အစိုးရဝန်ထမ်းများ၏လစာနည်းပါးခြင်း။ အစိုးရဝန်ထမ်းများ၏ လစာနည်းပါးခြင်းကလည်း အဂတိလိုက်စားရန် ကြီးမားသည့်တွန်းအားဖြစ်သည်။ လူပျိုလူလွတ်ဖြစ်သော ဝန်ထမ်းတစ်ဦးသည် စားဝတ် နေရေးဆိုင်ရာတွင် ခြိုးခြံချွေတာနိုင်သော်လည်း မိသားစုရှိသည့်ဝန်ထမ်းများတွင် ကလေးကျောင်းစရိတ်၊ မိသားစုကျန်းမာရေးစရိတ်၊ အခြားသော အထွေ ထွေကုန်ကျစရိတ်များက အဂတိလိုက်စားချင်လာအောင် လှုံ့ဆော်ပေးနေသော အကြောင်းရင်းတစ်ရပ် ဖြစ်နေသည်။
(၃) ဥပဒေနှင့် ယန္တရားအားနည်းခြင်း။ အဂတိလိုက်စားမှုကို ထိရောက်စွာဟန့်တားရန်၊ ရှာဖွေဖော် ထုတ်ရန်နှင့် အရေးယူဆောင်ရွက်ရန်အတွက် လိုအပ်သည့် ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း၊ လုပ် ထုံးလုပ်နည်းများနှင့် အကောင်အထည်ဖော်မည့် ယန္တရားများ အားနည်းခြင်းတို့ကြောင့်လည်း အဂတိလိုက်စားမှုကို မြင့်တက်လာစေသည်။
(၄) အခွင့်အာဏာကို လက်ဝါးကြီးအုပ်ထား ခြင်း။ လူတစ်ဦး သို့မဟုတ် အဖွဲ့အစည်းတစ်ခုခုသည် လုပ်ငန်းစဉ်များပေါ်တွင် လက်ဝါးကြီးအုပ် ခြယ်လှယ်ထားပြီး အခြားသူများထက် အခွင့်အာဏာပိုမိုရရှိ သည့်အချိန်တွင် အကျင့်ပျက်ခြစားရန် အခွင့်အလမ်း တိုးလာသည်။
(၅) ယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်း။ ဂါရဝပြုခြင်းကဲ့သို့သော ဓလေ့ထုံးတမ်းနှင့် အချို့သော လူမှုရေးစံနှုန်းများ၊ ယဉ်ကျေးမှုသဘောထားများသည် အကျင့်ပျက်ခြစားသောအပြုအမူများကို တိတ်တဆိတ် အားပေးအားမြှောက်ပြုနိုင်သည်။
(၆) ပြည်သူလူထု၏အသိအမြင်နှင့် ပူးပေါင်း ဆောင်ရွက်ခြင်း။ အဂတိလိုက်စားမှုတိုက်ဖျက်ရာ တွင် ပြည်သူများ၏ပါဝင်မှုမှာ အရေးကြီးသည်။ အဂတိလိုက်စားမှုဆိုသည် ထိုင်ကြည့်နေရုံဖြင့် ပပျောက် သွားမည်မဟုတ်။ အတတ်နိုင်ဆုံး လျော့နည်းအောင် ကြိုးစားဖြေရှင်းနေမှသာ ထိန်းသိမ်းနိုင်မည်ဖြစ်သည်။ မိမိနှင့်မဆိုင်ဟုဆိုကာ မသိကျိုးကျွံပြုနေခြင်း၊ အားနာ၍၊ ဒုက္ခပေးမည်ကြောက်၍ဆိုကာ နှုတ်ပိတ်နေခြင်း၊ ဝေစား မျှစား ဆိုသည့် အတွေးအခေါ်များနှင့်ဆိုလျှင် အဂတိလိုက်စားမှုလျော့ကျရန် မဖြစ်နိုင်။ မြန်မာ့လူမှု အသိုင်းအဝိုင်းတွင် "အဂတိလိုက်စားမှုကို လုံးဝလက် မခံနိုင်ပါ(zero tolerance for corruption)"ဆို သည့်အခြေအနေရောက်စေရန် အမြဲဦးတည် တည် ဆောက်နေသင့်သည်။
အထက်ဖော်ပြပါ (၆) ချက်သည် မြန်မာနိုင်ငံ၌ အဂတိကို ဖြစ်ပေါ်စေ၊ သက်ဆိုးရှည်စေသောအ ချက်များဖြစ်သည်။ အဂတိဖြစ်ပေါ်စေရသည့်အကြောင်း ရင်းများသိပြီဆိုပါက အဂတိမဖြစ်အောင် မည်သို့ တားဆီးဖြေရှင်းကြမည်နည်း ဆိုသောအပိုင်းကို ဆက်လက်ဆွေးနွေးပါမည်။
၁။ အစိုးရ၏လုပ်ထုံးလုပ်နည်းများကိုရိုးရှင်း အောင်ပြုလုပ်ခြင်း။ အစိုးရဝန်ဆောင်မှုများအတွက် လုပ်ဆောင်ရမည့်လုပ်ငန်းအလိုက် ရှင်းလင်းသော အဆင့်ဆင့်လမ်းညွှန်ချက်များ၊ လမ်းညွှန်စာရွက်စာ တမ်းများ၊ လမ်းညွှန်ရုပ်သံဖိုင်များနှင့် FAQs (ပြည် သူက ထပ်တလဲလဲမေးနိုင်သည့်မေးခွန်းများ၏အဖြေ များ)ကို လွယ်ကူစွာရယူနိုင်ရန် ဆောင်ရွက်ထားပါ။ (ဥပမာ-အစိုးရဌာနများတွင် Digital directory stand များထားရှိ၍ လုပ်ငန်းစဉ်အဆင့်ဆင့်ကို ဖတ် ရှုနိုင်ရန်နှင့် ပုံနှိပ်(print)ထုတ်၍ ဖတ်ရှုနိုင်ရန် စီစဉ် ပေးထားခြင်း၊ မိမိ၏လုပ်ဆောင်မှုမည်သည့်အဆင့် သို့ရောက်ရှိနေသည်ကိုသိရှိနိုင်သော tracking စနစ်ပါဝင်သည့် အွန်လိုင်းပလက်ဖောင်းများဖြင့် ဝန်ဆောင်မှုပေးခြင်း၊ ပြည်သူတွေအကြား အစိုးရ ဝန်ဆောင်မှု နှင့်ပတ်သက်သည့် ဖိုရမ်များ၊ ဆွေးနွေးပွဲများ၊ ကွင်းဆင်းဆောင်ရွက်မှုများ ဆောင်ရွက်ခြင်း)
၂။ ဝန်ထမ်းများ၏ဖူလုံမှုကို မြှင့်တင်ပေးခြင်း။ အကျင့်ပျက်ခြစားသောဝန်ထမ်းများတွင် ဖူလုံမှုမရှိ၍ အဂတိလိုက်စားရသောဝန်ထမ်းနှင့် လောဘကြောင့် အဂတိလိုက်စားသောဝန်ထမ်းဟူ၍ နှစ်မျိုးရှိသည်။ လောဘကြောင့် အဂတိလိုက်စားသောဝန်ထမ်းမျိုး သည် မည်မျှပင်ဖူလုံမှုရှိစေကာမူ ဆက်လက်အဂတိ လိုက်စားနေမည်ဖြစ်ရာ ၎င်းတို့အတွက် ထိရောက်သည့်ဥပဒေမှလွဲ၍ မည်သည့်သက်သာချောင်ချိမှု မျိုးကမှ မတားဆီးနိုင်ပါ။ ဖူလုံမှုမရှိ၍ အဂတိလိုက် စားရသောဝန်ထမ်းများအတွက် ၎င်းတို့၏ဖူလုံမှုကို မြှင့်တင်ပေးရပါမည်။ ဆင်းရဲသောနိုင်ငံများအနေဖြင့် လစာတိုးပေးနိုင်ခြင်းမရှိသည့်တိုင်အောင် အခြားသောအခွင့်အလမ်းများပေးအပ်နိုင်သည်။ (ဥပမာ- သက်ပြည့်ပင်စင်အတွက် ကြိုတင်စုဆောင်းငွေ ပိုမို ဖြည့်တင်းပေးခြင်း၊ မြေရာ၊ အိမ်ရာ၊ ယာဉ် စသည့် နှစ်ရှည်အရစ်ကျဝယ်ယူမှုများ၌ အစိုးရမှဖြည့်တင်း ပေးခြင်း၊ ကျန်းမာရေးအာမခံနစ်ထားရှိပေးခြင်း၊ အစိုးရအပန်းဖြေစခန်းနှင့် ခရီးစဉ်များထားရှိခြင်း၊ အချို့သောကိစ္စများအတွက် အခွန်သက်သာမှုနှင့် အခွန်ကင်းလွတ်ခွင့်၊ အငြိမ်းစားယူပြီးချိန်တွင် ပုံမှန်ဝင်ငွေရနိုင်မည့် ကြိုတင်ရင်းနှီးမြှုပ်နှံမှုများ၊ အဂတိမဟုတ်သော အခြားသောပြစ်မှုများတွင် ဥပဒေကြောင်း အရ အကာအကွယ်ပေးခြင်း၊) ထို့ပြင် လူမှုဘဝ၏ အခြေခံလိုအပ်ချက်ဖြစ်သော စားသောက်ရေးအ တွက် အစိုးရနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များညှိနှိုင်းကာ သတ်မှတ်ထားသည့်ကုန်တိုက်များတွင် သောကြာနေ့ ကဲ့သို့သောနေ့မျိုးတွင် မည်သည့် အချိန်အတောအတွင်း ဝန်ထမ်းဖြစ်ကြောင်းအထောက်အထားပြသ၍ အခြေခံစားသောက်ကုန်ဝယ်ယူပါက ဈေးနှုန်းသက်သာမည့်အခြေအနေမျိုးဖန်တီးပေးခြင်း။ အစိုးရက စိုက်ထုတ်ပေးနိုင်မည့် ငွေပမာဏအပေါ်မူတည်၍ ကုန်ပစ္စည်းအမျိုးအစားနှင့် ပမာဏသတ်မှတ်ပေးနိုင် သည်။ လစဉ်သုံးစွဲရန်ခက်ခဲသည့် မြို့ပြမဟုတ်သော ဒေသများရှိ ဝန်ထမ်းများအတွက်မှာမူ မဝယ်ယူဖြစ် သော credit များကို စုဆောင်းပေးကာ ပြန်လည်ဝယ် ယူနိုင်သည့်အခြေအနေတွင် စုပေါင်းဝယ်ယူနိုင်မည့် အခြေအနေ ဖန်တီးပေးရမည်။
၃။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးစနစ်နှင့်ယန္တရားကိုမြှင့်တင်ခြင်း။ အဂတိလိုက်စားမှုကို ထိရောက် စွာတိုက်ဖျက်ရာတွင် ကျောရိုးဖြစ်သော ဥပဒေပိုင်းဆိုင်ရာအခန်းကဏ္ဍနှင့် ယင်းဥပဒေများကို အကောင်အထည်ဖော်မည့် ယန္တရားအစိတ်အပိုင်းများအား ကောင်းရန်လိုအပ်ပါသည်။ အဂတိလိုက်စားမှုတိုက် ဖျက်ရေးဥပဒေ၏ ပုဒ်မ ၃၊ ပုဒ်မခွဲ(ခ)တွင် တံစိုးလက် ဆောင်ကို အဓိပ္ပာယ်ဖွင့်ဆိုရာတွင် ငွေကြေး၊ ပစ္စည်း၊ လက်ဆောင်သာမက ဧည့်ခံပြုစုခြင်းနှင့် တရားမဝင် သော အခြားသော အကျိုးခံစားခွင့်များလည်းပါဝင်သည်ဆိုသည့်အချက်ကို ဝန်ထမ်းအားလုံးသိရှိစေရန် ဆောင်ရွက်ရမည်။ ဝန်ထမ်းအချို့သည် ငွေကြေး လက်ဆောင်ယူခြင်းမျိုးမဟုတ်ဘဲ မိသားစုကို နိုင်ငံ ရပ်ခြားသို့အလည်အပတ်ခရီးပေးပို့ပေးခြင်း၊ စင်တင် နှင့် အခြားသောဖျော်ဖြေမှုများဖြင့် ဧည့်ခံပြုစုခြင်းကို တံစိုးလက်ဆောင်ဟုမယူဆဘဲ လက်ခံလျက်ရှိ သည်ကိုတွေ့ရသည်။ အဂတိလိုက် စားမှုတိုက်ဖျက် ရေးဥပဒေ၏ ကော်မရှင်ဖွဲ့စည်းခြင်းအခန်း ပုဒ်မ (၅) တွင် နိုင်ငံတော်သမ္မတ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌတို့သည် သတ်မှတ်ထားသောအရည်အချင်းများနှင့်ပြည့်စုံသည့် ငါးဦးစီထက် မပိုသောအရေအတွက် တူညီသည့်အဖွဲ့ဝင်များကို ရွေးချယ်(Seleted)ရမည်ဟု ဖော်ပြထားသည်။ သမ္မတရွေးကောက်ပွဲနှင့် လွှတ်တော်ရွေးကောက်ပွဲကို သီးခြားခွဲကျင်းပခြင်းမရှိသော မြန်မာနိုင်ငံတွင် သမ္မတနှင့်လွှတ်တော်ဥက္ကဋ္ဌများက ရွေးချယ်ခြင်း သည် ထိုကော်မရှင်၏ လုပ်ဆောင်နိုင်မှုအပေါ် အကန့်အသတ်ဖြစ်စေသည်။ လာမည့် ရွေးကောက်ပွဲ တွင် လွှတ်တော်ကိုယ်စားလှယ်များကို အချိုးကျ ကိုယ်စားပြုစနစ်(PR)ကိုအသုံးပြု၍ ရွေးချယ်မည်ဆိုသဖြင့် ကော်မရှင်ဖွဲ့စည်းမှုတွင်check and balance အနည်းငယ်ဖြစ်လာနိုင်မည်ဟု ယူဆရ သည်။ ထို့ပြင် ကော်မရှင်ကိုဖွဲ့စည်းရာတွင် ရွေးချယ် ခန့်အပ်ခြင်းစနစ်(seleted)အပြင် ရွေးကောက်ခြင်း စနစ်(elected)၊ ကိုယ်စားပြုစနစ် (represented) များကိုလည်း ထည့်သွင်းသင့်ပြီး ကော်မရှင်အဖွဲ့ဝင် ထက်ဝက် သို့မဟုတ် သုံးပုံတစ်ပုံကို အစိုးရသက်တမ်း (၅)နှစ်၏ ထက်ဝက်အချိန်တွင် လဲလှယ်ခြင်းစနစ် ကျင့်သုံးသင့်သည်။ အဂတိလိုက်စားမှုတိုက်ဖျက် ရေးဥပဒေ၏ ပုဒ်မ ၁၈၊ တရားစွဲဆိုခြင်းအခန်းတွင် လုပ်ပိုင်ခွင့်အာဏာရှိသူကိုတရားစွဲဆိုရာတွင် တိုင်း/ ပြည်နယ် တရားလွှတ်တော်များမှ တရားစီရင်ပြီး လုပ်ပိုင်ခွင့်အာဏာရှိသူမဟုတ်သော အခြားသူကို တရားစွဲဆိုရာတွင် သက်ဆိုင်ရာစီရင်ပိုင်ခွင့်ရှိသောတရားရုံးများမှ တရားစီရင်ရမည်ဟုဖော်ပြထားသည်။ သို့သော် တိုင်း/ပြည်နယ် တရားလွှတ်တော်များနှင့် တရားရုံးများသည် အမှုများစွာကို စီရင်ဆုံးဖြတ်နေရသ ဖြင့် မည်သည့်အမှုမဆို ကြန့်ကြာမှုများစွာရှိပါသည်။ ထို့ကြောင့် အဂတိလိုက်စားမှုကျူးလွန်သူများကို တရားစွဲဆိုရာတွင် မြန်ဆန်ထိရောက်စေရန် အဂတိ လိုက်စားမှုဖြေရှင်းခြင်းဆိုင်ရာ သီးခြားတရားလွှတ် တော်ဖြစ်စေ၊ သီးခြားတရားရုံးများ(နေပြည်တော်၊ ရန်ကုန်၊ မန္တလေး)ဖြစ်စေ ဖွင့်လှစ်သင့်သည်။ အဂတိလိုက်စားမှုကျူးလွန်သူ လွယ်ကူစွာ သွားလာနိုင် လောက်အောင် သီးခြားတရားရုံးများကိုလည်း တိုင်း/ပြည်နယ်အလိုက် ဖွင့်လှစ်ရန်မလိုပါ။ အဂတိ လိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ (၂၆) တွင် စုံ စမ်းစစ်ဆေးရေးအဖွဲ့ကပြုလုပ်သည့် စုံစမ်းစစ်ဆေးမှု တွင် စွပ်စွဲခံရသူသည် စွပ်စွဲချက်နှင့်စပ်လျဉ်း၍ ကိုယ်တိုင်ဖြစ်စေ၊ ကိုယ်စားလှယ်ဖြင့်ဖြစ်စေ ထုချေရှင်းလင်းနိုင်သည်ဟုဖော်ပြထားသည်။ ဤနေရာတွင် စွပ်စွဲခံရသူသည် အမှန်တကယ်ပြစ်မှုကျူးလွန်သူဖြစ် ပါက မိမိအဂတိလိုက်စားမှုပေါ်ပေါက်လာမည်ကို သိရှိပါက ကိုယ်စားလှယ်လွှတ်၍ဖြေရှင်းစေပြီး ထွက် ပြေးသွားနိုင်ကြောင်းသတိပြုသင့်ပါသည်။ ထိုအခါ အဂတိမှုများသည် တရားခံပြေး အများဆုံးအမှုများဖြစ် လာနိုင်သည်။ ထို့ကြောင့် မည်သည့်အခြေအနေတွင် ကိုယ်စားလှယ်ဖြင့် ထုချေရှင်းလင်းနိုင်သည်ကို ရှင်းလင်းစွာဖော်ပြထားသင့်သည်။ အဂတိတိုက်ဖျက်ရေး ကော်မရှင်အဖွဲ့တွင်ဖြစ်စေ၊ ကော်မရှင်မှဖွဲ့စည်းထား သောအဖွဲ့များ(စုံစမ်းစစ်ဆေးရေးအဖွဲ့၊ ပဏာမ စိစစ် ရေးအဖွဲ့၊ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့(Corruption Prevention Unit –CPU)တွင် ပါဝင်သည်ဖြစ်စေ၊ အဂတိတိုက်ဖျက်ရေးလုပ်ငန်းစဉ် တွင်ပါဝင်သည့် တာဝန်ရှိသူများ အဂတိလိုက်စားမှု ကျူးလွန်ပါက သာမန်ထက် ပြစ်ဒဏ် (၃) ဆ ပိုမိုကျ ခံရမည်ဟု ဥပဒေတွင် ထည့်သွင်းရေးဆွဲသင့်သည်။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ (၆၅) ပုဒ်မခွဲ (က) တွင် နိုင်ငံရေး ရာထူးလက်ရှိဖြစ်သူကို တရားစွဲဆိုရန်ဖြစ်ပါက ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ကော်မရှင်ကထုတ်ပေးသော ကြိုတင်ခွင့်ပြုချက်ရယူရမည်ဟူသောအချက်တွင် ပြည်ထောင်စုအစိုးရအဖွဲ့ဆိုသည်မှာ သမ္မတ၊ ဒုသမ္မ တများ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ပြည်ထောင်စုရှေ့ နေချုပ်ဟု (၂၀ဝ၈) ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၂၀ဝ) တွင်ဖော်ပြထားသဖြင့် ပြည်ထောင်စုအစိုးရအဖွဲ့ဝင်အားလုံး၏ သဘောတူညီချက်ရရှိရန်ခဲယဉ်းသောအခြေအနေတွင် မည်သူတို့၏အဆုံးအဖြတ်ဖြင့် ခွင့်ပြုပေးနိုင်သည်ဟူသောအချက်ကို အဂတိလိုက် စားမှုတိုက်ဖျက်ရေးဥပဒေတွင် ဖြည့်သွင်းသင့်သည်။ ထို့ပြင် ပြည်ထောင်စုအစိုးရအဖွဲ့တစ်ခုလုံးသဘော တူညီမှုဆိုသဖြင့် သတင်းများပေါက်ကြားနိုင်ပြီး သံသ ယရှိသူတရားခံမှာ ထွက်ပြေးလွတ်မြောက်သွားနိုင် သည်။ နိုင်ငံရေးရာထူးလက်ရှိဖြစ်သူ၊ အဆင့်မြင့်အရာ ရှိနှင့် လုပ်ပိုင်ခွင့်အာဏာရှိသူများ၏ ပိုင်ဆိုင်မှု ကြေညာလွှာများကို မှတ်ပုံတင်စနစ်ဖြင့် ပြည်သူများ ဝင်ရောက်ကြည့်ရှုနိုင်ရန် ဆောင်ရွက်ပေး သင့်သည်။ မသမာသူများထံအချက်အလက်ပေါက်ကြားမှု မရှိစေရန် ထိန်းသိမ်းကာကွယ်သည့်စနစ်များ (ဥပမာ-ကော်မရှင်ရုံးနှင့် ရုံးခွဲရှိ သတ်မှတ်ထားသည့် ကွန်ပျူတာမှသာကြည့်ရှုနိုင်သည့်စနစ်၊ website များတွင် ဝင်ရောက်ကြည့်သည့်အခါ ကြည့်ရှုလိုသူမှ ဓာတ်ပုံ၊ လက်မှတ်နှင့် မသမာမှုဖြင့်ပြုလုပ်မည်မဟုတ် ကြောင်း ကတိကဝတ် ဖြည့်သွင်းရသည့် စနစ်၊ code generator အသုံးပြု၍ အချိန်သတ်မှတ်ထားသော two-factor authenti cation စနစ်၊) အသုံးပြုသင့်သည်။ ကြေညာလွှာများကို မသမာသောနည်းဖြင့်အ သုံးချသူများကို ထိရောက်စွာအရေးယူရမည်။ ထို့ပြင် သာမန်ဝင်ရောက်ကြည့်ရှုနိုင်သော ကြေညာလွှာ နှင့် သတင်းမီဒီယာများ၊ အထူးကိစ္စရပ်များအတွက် ဝင်ရောက်ကြည့်ရှုနိုင်သော ကြေညာလွှာဟူ၍ ပုဂ္ဂိုလ် တစ်ဦးလျှင် ကြေညာလွှာပုံစံနှစ်ခု ပြုလုပ်ထားခြင်း ဖြင့် ထိုပုဂ္ဂိုလ်များ၏ အချက်အလက် လုံခြုံရေးကို ထိန်းသိမ်းနိုင်သည်။
အပိုင်း (၂) ကို ဆက်လက်ဖော်ပြပါမည်။
zawgyi version
"လြတ္တဲ့ငါး မႀကီးရေအာင္" (ေဆာင္းပါး)
ၿဖိဳးေဝလင္း (ပုသိမ္) (NP News) - ဩဂုတ္ ၃၁
(၂၀၁၄) ခုႏွစ္ ေဖဖဝါရီလ (၂၅) ရက္ေန႔တြင္ ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံေတာ္၊ ႏိုင္ငံေတာ္ သမၼတ႐ုံး၏ အမိန႔္အမွတ္ (၆/၂၀၁၄)ျဖင့္ဖြဲ႕စည္းခဲ့ေသာ အဂတိလိုက္စားမႈတိုက္ဖ်က္ေရးေကာ္မရွင္ (ယခင္ လာဘ္ေပးလာဘ္ယူမႈပေပ်ာက္ေရးေကာ္မရွင္) သည္ ယခုဆိုလွ်င္ (၁၀) ႏွစ္သက္တမ္းေက်ာ္ ရွိေနၿပီျဖစ္သည္။ (၁၀) ႏွစ္တာကာလအတြင္း (၂၀၁၄ ခုႏွစ္မွ (၂၀၂၃) ခုႏွစ္အထိ) အဂတိလိုက္စားမႈတိုက္ ဖ်က္ေရးေကာ္မရွင္သို႔ တိုင္ၾကားစာေပါင္း (၃၄၅၅၂) ေစာင္တိုင္ၾကားခဲ့ၿပီး တိုင္ၾကားစာ(၂၀၄၆၃) ေစာင္အ ေပၚ စုံစမ္းစစ္ေဆးေဖာ္ထုတ္အေရးယူႏိုင္ခဲ့ၿပီး အဂ တိလိုက္စားမႈက်ဴးလြန္သူ (၃၀၂) ဦး၊ ႏိုင္ငံ့ဝန္ထမ္း (၂၆၈၄)ဦးတို႔ကို အဂတိလိုက္စားမႈတိုက္ဖ်က္ေရးဥပေဒအရ တရားစြဲဆိုအေရးယူေဆာင္႐ြက္ႏိုင္ခဲ့သည္ ဟုသိရသည္။ အဂတိလိုက္စားမႈတိုက္ဖ်က္ေရးဥပေဒအရ တရားစြဲဆိုအေရးယူေဆာင္႐ြက္ခဲ့သည့္ (၃၀၂) ဦးတြင္ ႏိုင္ငံေရးရာထူး လက္ရွိျဖစ္သူ (၆၅) ဦး၊ အဆင့္ျမင့္အရာရွိ (၂၁) ဦး၊ အရာထမ္း (၈၀)ဦး၊ အမႈထမ္း (၈၄) ဦး၊ ျပည္သူ႔ဝန္ထမ္း (၁၈) ဦးႏွင့္ အျခားပုဂၢိဳလ္ (၃၄) ဦးတို႔ပါဝင္ေၾကာင္း သိရပါသည္။
ထိုအမႈမ်ားမွ ျပည္သူ႔ဘ႑ာ ျပန္လည္သိမ္းဆည္း ႏိုင္မႈႏွင့္ ႏိုင္ငံ့ဘ႑ာသို႔ ျပန္လည္ေပးသြင္းႏိုင္မႈမွာ ျမန္မာက်ပ္ေငြ (၂၃)ဘီလ်ံေက်ာ္၊ အေမရိကန္ေဒၚလာ (၄)သန္းေက်ာ္တို႔ျဖစ္သည္။ ထို႔ေၾကာင့္ အဂတိလိုက္ စားမႈတိုက္ဖ်က္ေရးေကာ္မရွင္သည္ တစ္ႏွစ္လွ်င္ တိုင္ၾကားစာ ပွ်မ္းမွ် (၂၀ဝဝ) ေက်ာ္ကို ေျဖရွင္းေပးႏိုင္ခဲ့ၿပီး အဂတိလိုက္စားမႈတိုက္ဖ်က္ေရးဥပေဒအရ အေရးယူခံရသူေပါင္း တစ္ႏွစ္လွ်င္ ပွ်မ္းမွ် (၃၀ဝ) ဦးခန႔္ရွိသည္ဟုဆိုႏိုင္သည္။ အေရးယူေဆာင္႐ြက္ ႏိုင္မႈပမာဏသည္ ကိန္းဂဏန္းအရ ျမင့္မားေသာ္ လည္း ကမာၻ႔ႏိုင္ငံမ်ား၏ အဂတိလိုက္စားမႈမ်ားကို ေစာင့္ၾကည့္ အကဲျဖတ္လ်က္ရွိသည့္ NGO အဖြဲ႕ ျဖစ္ေသာ ႏိုင္ငံတကာ ပြင့္လင္းျမင္သာမႈရွိေရးအဖြဲ႕(Transparency International) မွ ထုတ္ျပန္ခဲ့သည့္ (၂၀၂၃)ခုႏွစ္အတြက္ အဂတိလိုက္စားမႈႏွင့္ပတ္သက္သည့္အၫႊန္းကိန္း (Corruption Perception Index-CPI)မ်ားအရ ကမာၻ႔ႏိုင္ငံေပါင္း (၁၈၀)တြင္ ျမန္မာႏိုင္ငံသည္ အဆင့္(၁၆၂)သို႔ေရာက္ရွိလာေၾကာင္း ေတြ႕ရွိရသည္။
ျမန္မာႏိုင္ငံ၏အဆင့္သည္ အျမင့္ဆုံးအေနျဖင့္ (၂၀၁၇)ခုႏွစ္တြင္ အဆင့္(၁၃၀) အထိ တက္လွမ္းႏိုင္ခဲ့ေၾကာင္းေတြ႕ရသည္။Transparency International ၏ အဆင့္သတ္မွတ္ခ်က္နည္းတူ အဂတိလိုက္စားမႈတိုက္ဖ်က္ေရးေကာ္မရွင္၏ေဆာင္႐ြက္ခ်က္မ်ားအေပၚ ျပည္သူမ်ား၏ ေက်နပ္ႏွစ္သိမ့္မႈသည္ ရသင့္သေလာက္မရႏိုင္ေသး သည္ကိုေတြ႕ရသည္။
အေမရိကန္ျပည္ေထာင္စုတြင္ အိမ္ရွင္းျခင္း (Cleaning house)၊ ဘရာဇီးႏိုင္ငံတြင္ ကားေဆး ျခင္း(car wash)၊ အီတလီတြင္လက္ေဆးျခင္း(hand wash)၊ မကၠဆီကိုတြင္ တံျမက္စည္းလွဲျခင္း၊ တ႐ုတ္ႏိုင္ငံတြင္ က်ားဖမ္းျခင္း(အဂတိလိုက္စား သည့္အဆင့္ျမင့္ပုဂၢိဳလ္ကိုဖမ္းဆီးအေရးယူျခင္း)၊ ဝက္ေပၚျခင္း(အဂတိလိုက္စားသည့္လူခ်မ္းသာကို ဖမ္းဆီအေရးယူျခင္း)၊ ယင္ေကာင္႐ိုက္ျခင္း(အဂတိ လိုက္စားသည့္ အဆင့္နိမ့္ပုဂၢိဳလ္ကို ဖမ္းဆီအေရးယူ ျခင္း)စသျဖင့္ ဗန္းစကားအသုံးျပဳေခၚေဝၚသကဲ့သို႔ ျမန္မာႏိုင္ငံတြင္လည္း "ငါးႀကီးႀကီးေတြမမိေသးဘူး၊ ငါးေသးေသးေတြပဲမိေသးတယ္" စသျဖင့္ ငါးမိသည္၊ ငါးဖမ္းသည္၊ ငါးေၾကာ္သည္ဟု မီဒီယာမ်ားတြင္ေဖာ္ ျပၾကသည္ကိုေတြ႕ရပါသည္။ မွန္ေပသည္။ ငါးသား ေပါက္(ငါးမႈန္)ေလးမ်ား၊ ငါးငယ္၊ ဖားငယ္ကိုစားသုံး၍ ေဂဟစနစ္ကိုပ်က္စီးေစေသာ အသားစားငါး႐ိုင္း (စုပ္ ခြက္ငါး)မ်ားကဲ့သို႔ ႏိုင္ငံေတာ္ ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ ဝန္းက်င္ေကာင္းမ်ားကိုဖ်က္ဆီးေနေသာ အဂတိငါးမ်ားကို ရွင္သန္မႈမရွိေစေရးႏွင့္ လြတ္ထြက္မသြားေစေရးအတြက္ အဂတိလိုက္စားမႈတိုက္ဖ်က္ ေရးေကာ္မရွင္အေနျဖင့္ ထိေရာက္စြာေဆာင္႐ြက္သင့္ သည္။ အဂတိက်ဴးလြန္ၾကသူမ်ားသည္လည္း နည္း နာအသစ္မ်ားကိုအသုံးျပဳကာ က်ဴးလြန္လ်က္ရွိၾကသလို ကမာၻ႔ႏိုင္ငံအသီးသီးရွိ အဂတိလိုက္စားမႈတိုက္ဖ်က္ ေရးဆိုင္ရာအဖြဲ႕အစည္းအသီးသီးတို႔လည္း ပို၍ထိ ေရာက္သည့္ ဥပေဒမ်ား၊ နည္းလမ္းမ်ားအသုံးျပဳကာ ႏွိမ္နင္းၾကလ်က္ရွိသည္။
ဆရာဝန္သည္ လူနာ၏ေရာဂါကိုမကုသမီ ေရာ ဂါလကၡဏာႏွင့္ ျဖစ္ပြားရျခင္းအေၾကာင္းရင္းကို အရင္ဆုံးရွာေဖြရသကဲ့သို႔ မိမိတို႔ႏိုင္ငံတြင္လည္း အဂတိလိုက္စားမႈတိုက္ဖ်က္ေရးအတြက္ အဂတိလိုက္ စားမႈျဖစ္ေပၚေစေသာအေၾကာင္းျခင္းရာမ်ားကို အရင္ ဆုံးသုံးသပ္ရမည္။ မိမိတို႔ႏိုင္ငံတြင္ အဂတိလိုက္စား မႈသည္ ေအာက္ပါအေျခအေန(၆)မ်ိဳးေၾကာင့္ ျဖစ္ ေပၚေနသည္ဟု အေျခခံအားျဖင့္မွတ္ယူႏိုင္ပါသည္။
(၁) အစိုးရဌာနမ်ား၏လုပ္ငန္းစဥ္မ်ား ရႈပ္ေထြးေပြလီျခင္း။ လက္ရွိအေျခအေနတြင္ အစိုးရဌာန မ်ား၏လုပ္ငန္းစဥ္မ်ားသည္ လိုသည္ထက္ပိုမိုမ်ား ျပားရႈပ္ေထြးေနၿပီး သာမန္ျပည္သူတစ္ဦးအေနျဖင့္ လုပ္ငန္းစဥ္ကို နားလည္ရန္အလြန္ခက္ခဲသည္။ ထို႔ျပင္ ပြင့္လင္းျမင္သာမႈအားနည္းသည့္အေျခအေနမ်ိဳးတြင္ ပိုဆိုးသည္။ ထို႔ေၾကာင့္ ျပည္သူမ်ားအေနျဖင့္ မည္သို႔လုပ္ရမွန္းမသိ ေခါင္းရႈပ္ရသည့္အတြက္ လြယ္ကူေသာ အဂတိေပး အျမန္ရနည္းကိုသာ ေ႐ြးလိုက္ရသည္။
(၂) အစိုးရဝန္ထမ္းမ်ား၏လစာနည္းပါးျခင္း။ အစိုးရဝန္ထမ္းမ်ား၏ လစာနည္းပါးျခင္းကလည္း အဂတိလိုက္စားရန္ ႀကီးမားသည့္တြန္းအားျဖစ္သည္။ လူပ်ိဳလူလြတ္ျဖစ္ေသာ ဝန္ထမ္းတစ္ဦးသည္ စားဝတ္ ေနေရးဆိုင္ရာတြင္ ၿခိဳးၿခံေခြၽတာႏိုင္ေသာ္လည္း မိသားစုရွိသည့္ဝန္ထမ္းမ်ားတြင္ ကေလးေက်ာင္းစရိတ္၊ မိသားစုက်န္းမာေရးစရိတ္၊ အျခားေသာ အေထြ ေထြကုန္က်စရိတ္မ်ားက အဂတိလိုက္စားခ်င္လာေအာင္ လႈံ႕ေဆာ္ေပးေနေသာ အေၾကာင္းရင္းတစ္ရပ္ ျဖစ္ေနသည္။
(၃) ဥပေဒႏွင့္ ယႏၲရားအားနည္းျခင္း။ အဂတိလိုက္စားမႈကို ထိေရာက္စြာဟန႔္တားရန္၊ ရွာေဖြေဖာ္ ထုတ္ရန္ႏွင့္ အေရးယူေဆာင္႐ြက္ရန္အတြက္ လိုအပ္သည့္ ဥပေဒ၊ နည္းဥပေဒ၊ စည္းမ်ဥ္း၊ လုပ္ ထုံးလုပ္နည္းမ်ားႏွင့္ အေကာင္အထည္ေဖာ္မည့္ ယႏၲရားမ်ား အားနည္းျခင္းတို႔ေၾကာင့္လည္း အဂတိလိုက္စားမႈကို ျမင့္တက္လာေစသည္။
(၄) အခြင့္အာဏာကို လက္ဝါးႀကီးအုပ္ထား ျခင္း။ လူတစ္ဦး သို႔မဟုတ္ အဖြဲ႕အစည္းတစ္ခုခုသည္ လုပ္ငန္းစဥ္မ်ားေပၚတြင္ လက္ဝါးႀကီးအုပ္ ျခယ္လွယ္ထားၿပီး အျခားသူမ်ားထက္ အခြင့္အာဏာပိုမိုရရွိ သည့္အခ်ိန္တြင္ အက်င့္ပ်က္ျခစားရန္ အခြင့္အလမ္း တိုးလာသည္။
(၅) ယဥ္ေက်းမႈႏွင့္ ဓေလ့ထုံးတမ္း။ ဂါရဝျပဳျခင္းကဲ့သို႔ေသာ ဓေလ့ထုံးတမ္းႏွင့္ အခ်ိဳ႕ေသာ လူမႈေရးစံႏႈန္းမ်ား၊ ယဥ္ေက်းမႈသေဘာထားမ်ားသည္ အက်င့္ပ်က္ျခစားေသာအျပဳအမူမ်ားကို တိတ္တဆိတ္ အားေပးအားေျမႇာက္ျပဳႏိုင္သည္။
(၆) ျပည္သူလူထု၏အသိအျမင္ႏွင့္ ပူးေပါင္း ေဆာင္႐ြက္ျခင္း။ အဂတိလိုက္စားမႈတိုက္ဖ်က္ရာ တြင္ ျပည္သူမ်ား၏ပါဝင္မႈမွာ အေရးႀကီးသည္။ အဂတိလိုက္စားမႈဆိုသည္ ထိုင္ၾကည့္ေန႐ုံျဖင့္ ပေပ်ာက္ သြားမည္မဟုတ္။ အတတ္ႏိုင္ဆုံး ေလ်ာ့နည္းေအာင္ ႀကိဳးစားေျဖရွင္းေနမွသာ ထိန္းသိမ္းႏိုင္မည္ျဖစ္သည္။ မိမိႏွင့္မဆိုင္ဟုဆိုကာ မသိက်ိဳးကြၽံျပဳေနျခင္း၊ အားနာ၍၊ ဒုကၡေပးမည္ေၾကာက္၍ဆိုကာ ႏႈတ္ပိတ္ေနျခင္း၊ ေဝစား မွ်စား ဆိုသည့္ အေတြးအေခၚမ်ားႏွင့္ဆိုလွ်င္ အဂတိလိုက္စားမႈေလ်ာ့က်ရန္ မျဖစ္ႏိုင္။ ျမန္မာ့လူမႈ အသိုင္းအဝိုင္းတြင္ "အဂတိလိုက္စားမႈကို လုံးဝလက္ မခံႏိုင္ပါ(zero tolerance for corruption)"ဆို သည့္အေျခအေနေရာက္ေစရန္ အၿမဲဦးတည္ တည္ ေဆာက္ေနသင့္သည္။
အထက္ေဖာ္ျပပါ (၆) ခ်က္သည္ ျမန္မာႏိုင္ငံ၌ အဂတိကို ျဖစ္ေပၚေစ၊ သက္ဆိုးရွည္ေစေသာအ ခ်က္မ်ားျဖစ္သည္။ အဂတိျဖစ္ေပၚေစရသည့္အေၾကာင္း ရင္းမ်ားသိၿပီဆိုပါက အဂတိမျဖစ္ေအာင္ မည္သို႔ တားဆီးေျဖရွင္းၾကမည္နည္း ဆိုေသာအပိုင္းကို ဆက္လက္ေဆြးေႏြးပါမည္။
၁။ အစိုးရ၏လုပ္ထုံးလုပ္နည္းမ်ားကို႐ိုးရွင္း ေအာင္ျပဳလုပ္ျခင္း။ အစိုးရဝန္ေဆာင္မႈမ်ားအတြက္ လုပ္ေဆာင္ရမည့္လုပ္ငန္းအလိုက္ ရွင္းလင္းေသာ အဆင့္ဆင့္လမ္းၫႊန္ခ်က္မ်ား၊ လမ္းၫႊန္စာ႐ြက္စာ တမ္းမ်ား၊ လမ္းၫႊန္႐ုပ္သံဖိုင္မ်ားႏွင့္ FAQs (ျပည္ သူက ထပ္တလဲလဲေမးႏိုင္သည့္ေမးခြန္းမ်ား၏အေျဖ မ်ား)ကို လြယ္ကူစြာရယူႏိုင္ရန္ ေဆာင္႐ြက္ထားပါ။ (ဥပမာ-အစိုးရဌာနမ်ားတြင္ Digital directory stand မ်ားထားရွိ၍ လုပ္ငန္းစဥ္အဆင့္ဆင့္ကို ဖတ္ ရႈႏိုင္ရန္ႏွင့္ ပုံႏွိပ္(print)ထုတ္၍ ဖတ္ရႈႏိုင္ရန္ စီစဥ္ ေပးထားျခင္း၊ မိမိ၏လုပ္ေဆာင္မႈမည္သည့္အဆင့္ သို႔ေရာက္ရွိေနသည္ကိုသိရွိႏိုင္ေသာ tracking စနစ္ပါဝင္သည့္ အြန္လိုင္းပလက္ေဖာင္းမ်ားျဖင့္ ဝန္ေဆာင္မႈေပးျခင္း၊ ျပည္သူေတြအၾကား အစိုးရ ဝန္ေဆာင္မႈ ႏွင့္ပတ္သက္သည့္ ဖိုရမ္မ်ား၊ ေဆြးေႏြးပြဲမ်ား၊ ကြင္းဆင္းေဆာင္႐ြက္မႈမ်ား ေဆာင္႐ြက္ျခင္း)
၂။ ဝန္ထမ္းမ်ား၏ဖူလုံမႈကို ျမႇင့္တင္ေပးျခင္း။ အက်င့္ပ်က္ျခစားေသာဝန္ထမ္းမ်ားတြင္ ဖူလုံမႈမရွိ၍ အဂတိလိုက္စားရေသာဝန္ထမ္းႏွင့္ ေလာဘေၾကာင့္ အဂတိလိုက္စားေသာဝန္ထမ္းဟူ၍ ႏွစ္မ်ိဳးရွိသည္။ ေလာဘေၾကာင့္ အဂတိလိုက္စားေသာဝန္ထမ္းမ်ိဳး သည္ မည္မွ်ပင္ဖူလုံမႈရွိေစကာမူ ဆက္လက္အဂတိ လိုက္စားေနမည္ျဖစ္ရာ ၎တို႔အတြက္ ထိေရာက္သည့္ဥပေဒမွလြဲ၍ မည္သည့္သက္သာေခ်ာင္ခ်ိမႈ မ်ိဳးကမွ မတားဆီးႏိုင္ပါ။ ဖူလုံမႈမရွိ၍ အဂတိလိုက္ စားရေသာဝန္ထမ္းမ်ားအတြက္ ၎တို႔၏ဖူလုံမႈကို ျမႇင့္တင္ေပးရပါမည္။ ဆင္းရဲေသာႏိုင္ငံမ်ားအေနျဖင့္ လစာတိုးေပးႏိုင္ျခင္းမရွိသည့္တိုင္ေအာင္ အျခားေသာအခြင့္အလမ္းမ်ားေပးအပ္ႏိုင္သည္။ (ဥပမာ- သက္ျပည့္ပင္စင္အတြက္ ႀကိဳတင္စုေဆာင္းေငြ ပိုမို ျဖည့္တင္းေပးျခင္း၊ ေျမရာ၊ အိမ္ရာ၊ ယာဥ္ စသည့္ ႏွစ္ရွည္အရစ္က်ဝယ္ယူမႈမ်ား၌ အစိုးရမွျဖည့္တင္း ေပးျခင္း၊ က်န္းမာေရးအာမခံနစ္ထားရွိေပးျခင္း၊ အစိုးရအပန္းေျဖစခန္းႏွင့္ ခရီးစဥ္မ်ားထားရွိျခင္း၊ အခ်ိဳ႕ေသာကိစၥမ်ားအတြက္ အခြန္သက္သာမႈႏွင့္ အခြန္ကင္းလြတ္ခြင့္၊ အၿငိမ္းစားယူၿပီးခ်ိန္တြင္ ပုံမွန္ဝင္ေငြရႏိုင္မည့္ ႀကိဳတင္ရင္းႏွီးျမႇဳပ္ႏွံမႈမ်ား၊ အဂတိမဟုတ္ေသာ အျခားေသာျပစ္မႈမ်ားတြင္ ဥပေဒေၾကာင္း အရ အကာအကြယ္ေပးျခင္း၊) ထို႔ျပင္ လူမႈဘဝ၏ အေျခခံလိုအပ္ခ်က္ျဖစ္ေသာ စားေသာက္ေရးအ တြက္ အစိုးရႏွင့္ ပုဂၢလိကလုပ္ငန္းရွင္မ်ားညႇိႏႈိင္းကာ သတ္မွတ္ထားသည့္ကုန္တိုက္မ်ားတြင္ ေသာၾကာေန႔ ကဲ့သို႔ေသာေန႔မ်ိဳးတြင္ မည္သည့္ အခ်ိန္အေတာအတြင္း ဝန္ထမ္းျဖစ္ေၾကာင္းအေထာက္အထားျပသ၍ အေျခခံစားေသာက္ကုန္ဝယ္ယူပါက ေဈးႏႈန္းသက္သာမည့္အေျခအေနမ်ိဳးဖန္တီးေပးျခင္း။ အစိုးရက စိုက္ထုတ္ေပးႏိုင္မည့္ ေငြပမာဏအေပၚမူတည္၍ ကုန္ပစၥည္းအမ်ိဳးအစားႏွင့္ ပမာဏသတ္မွတ္ေပးႏိုင္ သည္။ လစဥ္သုံးစြဲရန္ခက္ခဲသည့္ ၿမိဳ႕ျပမဟုတ္ေသာ ေဒသမ်ားရွိ ဝန္ထမ္းမ်ားအတြက္မွာမူ မဝယ္ယူျဖစ္ ေသာ credit မ်ားကို စုေဆာင္းေပးကာ ျပန္လည္ဝယ္ ယူႏိုင္သည့္အေျခအေနတြင္ စုေပါင္းဝယ္ယူႏိုင္မည့္ အေျခအေန ဖန္တီးေပးရမည္။
၃။ အဂတိလိုက္စားမႈတိုက္ဖ်က္ေရးစနစ္ႏွင့္ယႏၲရားကိုျမႇင့္တင္ျခင္း။ အဂတိလိုက္စားမႈကို ထိေရာက္ စြာတိုက္ဖ်က္ရာတြင္ ေက်ာ႐ိုးျဖစ္ေသာ ဥပေဒပိုင္းဆိုင္ရာအခန္းက႑ႏွင့္ ယင္းဥပေဒမ်ားကို အေကာင္အထည္ေဖာ္မည့္ ယႏၲရားအစိတ္အပိုင္းမ်ားအား ေကာင္းရန္လိုအပ္ပါသည္။ အဂတိလိုက္စားမႈတိုက္ ဖ်က္ေရးဥပေဒ၏ ပုဒ္မ ၃၊ ပုဒ္မခြဲ(ခ)တြင္ တံစိုးလက္ ေဆာင္ကို အဓိပၸာယ္ဖြင့္ဆိုရာတြင္ ေငြေၾကး၊ ပစၥည္း၊ လက္ေဆာင္သာမက ဧည့္ခံျပဳစုျခင္းႏွင့္ တရားမဝင္ ေသာ အျခားေသာ အက်ိဳးခံစားခြင့္မ်ားလည္းပါဝင္သည္ဆိုသည့္အခ်က္ကို ဝန္ထမ္းအားလုံးသိရွိေစရန္ ေဆာင္႐ြက္ရမည္။ ဝန္ထမ္းအခ်ိဳ႕သည္ ေငြေၾကး လက္ေဆာင္ယူျခင္းမ်ိဳးမဟုတ္ဘဲ မိသားစုကို ႏိုင္ငံ ရပ္ျခားသို႔အလည္အပတ္ခရီးေပးပို႔ေပးျခင္း၊ စင္တင္ ႏွင့္ အျခားေသာေဖ်ာ္ေျဖမႈမ်ားျဖင့္ ဧည့္ခံျပဳစုျခင္းကို တံစိုးလက္ေဆာင္ဟုမယူဆဘဲ လက္ခံလ်က္ရွိ သည္ကိုေတြ႕ရသည္။ အဂတိလိုက္ စားမႈတိုက္ဖ်က္ ေရးဥပေဒ၏ ေကာ္မရွင္ဖြဲ႕စည္းျခင္းအခန္း ပုဒ္မ (၅) တြင္ ႏိုင္ငံေတာ္သမၼတ၊ ျပည္သူ႔လႊတ္ေတာ္ဥကၠ႒ႏွင့္ အမ်ိဳးသားလႊတ္ေတာ္ဥကၠ႒တို႔သည္ သတ္မွတ္ထားေသာအရည္အခ်င္းမ်ားႏွင့္ျပည့္စုံသည့္ ငါးဦးစီထက္ မပိုေသာအေရအတြက္ တူညီသည့္အဖြဲ႕ဝင္မ်ားကို ေ႐ြးခ်ယ္(Seleted)ရမည္ဟု ေဖာ္ျပထားသည္။ သမၼတေ႐ြးေကာက္ပြဲႏွင့္ လႊတ္ေတာ္ေ႐ြးေကာက္ပြဲကို သီးျခားခြဲက်င္းပျခင္းမရွိေသာ ျမန္မာႏိုင္ငံတြင္ သမၼတႏွင့္လႊတ္ေတာ္ဥကၠ႒မ်ားက ေ႐ြးခ်ယ္ျခင္း သည္ ထိုေကာ္မရွင္၏ လုပ္ေဆာင္ႏိုင္မႈအေပၚ အကန႔္အသတ္ျဖစ္ေစသည္။ လာမည့္ ေ႐ြးေကာက္ပြဲ တြင္ လႊတ္ေတာ္ကိုယ္စားလွယ္မ်ားကို အခ်ိဳးက် ကိုယ္စားျပဳစနစ္(PR)ကိုအသုံးျပဳ၍ ေ႐ြးခ်ယ္မည္ဆိုသျဖင့္ ေကာ္မရွင္ဖြဲ႕စည္းမႈတြင္check and balance အနည္းငယ္ျဖစ္လာႏိုင္မည္ဟု ယူဆရ သည္။ ထို႔ျပင္ ေကာ္မရွင္ကိုဖြဲ႕စည္းရာတြင္ ေ႐ြးခ်ယ္ ခန႔္အပ္ျခင္းစနစ္(seleted)အျပင္ ေ႐ြးေကာက္ျခင္း စနစ္(elected)၊ ကိုယ္စားျပဳစနစ္ (represented) မ်ားကိုလည္း ထည့္သြင္းသင့္ၿပီး ေကာ္မရွင္အဖြဲ႕ဝင္ ထက္ဝက္ သို႔မဟုတ္ သုံးပုံတစ္ပုံကို အစိုးရသက္တမ္း (၅)ႏွစ္၏ ထက္ဝက္အခ်ိန္တြင္ လဲလွယ္ျခင္းစနစ္ က်င့္သုံးသင့္သည္။ အဂတိလိုက္စားမႈတိုက္ဖ်က္ ေရးဥပေဒ၏ ပုဒ္မ ၁၈၊ တရားစြဲဆိုျခင္းအခန္းတြင္ လုပ္ပိုင္ခြင့္အာဏာရွိသူကိုတရားစြဲဆိုရာတြင္ တိုင္း/ ျပည္နယ္ တရားလႊတ္ေတာ္မ်ားမွ တရားစီရင္ၿပီး လုပ္ပိုင္ခြင့္အာဏာရွိသူမဟုတ္ေသာ အျခားသူကို တရားစြဲဆိုရာတြင္ သက္ဆိုင္ရာစီရင္ပိုင္ခြင့္ရွိေသာတရား႐ုံးမ်ားမွ တရားစီရင္ရမည္ဟုေဖာ္ျပထားသည္။ သို႔ေသာ္ တိုင္း/ျပည္နယ္ တရားလႊတ္ေတာ္မ်ားႏွင့္ တရား႐ုံးမ်ားသည္ အမႈမ်ားစြာကို စီရင္ဆုံးျဖတ္ေနရသ ျဖင့္ မည္သည့္အမႈမဆို ၾကန႔္ၾကာမႈမ်ားစြာရွိပါသည္။ ထို႔ေၾကာင့္ အဂတိလိုက္စားမႈက်ဴးလြန္သူမ်ားကို တရားစြဲဆိုရာတြင္ ျမန္ဆန္ထိေရာက္ေစရန္ အဂတိ လိုက္စားမႈေျဖရွင္းျခင္းဆိုင္ရာ သီးျခားတရားလႊတ္ ေတာ္ျဖစ္ေစ၊ သီးျခားတရား႐ုံးမ်ား(ေနျပည္ေတာ္၊ ရန္ကုန္၊ မႏၲေလး)ျဖစ္ေစ ဖြင့္လွစ္သင့္သည္။ အဂတိလိုက္စားမႈက်ဴးလြန္သူ လြယ္ကူစြာ သြားလာႏိုင္ ေလာက္ေအာင္ သီးျခားတရား႐ုံးမ်ားကိုလည္း တိုင္း/ျပည္နယ္အလိုက္ ဖြင့္လွစ္ရန္မလိုပါ။ အဂတိ လိုက္စားမႈတိုက္ဖ်က္ေရးဥပေဒ ပုဒ္မ (၂၆) တြင္ စုံ စမ္းစစ္ေဆးေရးအဖြဲ႕ကျပဳလုပ္သည့္ စုံစမ္းစစ္ေဆးမႈ တြင္ စြပ္စြဲခံရသူသည္ စြပ္စြဲခ်က္ႏွင့္စပ္လ်ဥ္း၍ ကိုယ္တိုင္ျဖစ္ေစ၊ ကိုယ္စားလွယ္ျဖင့္ျဖစ္ေစ ထုေခ်ရွင္းလင္းႏိုင္သည္ဟုေဖာ္ျပထားသည္။ ဤေနရာတြင္ စြပ္စြဲခံရသူသည္ အမွန္တကယ္ျပစ္မႈက်ဴးလြန္သူျဖစ္ ပါက မိမိအဂတိလိုက္စားမႈေပၚေပါက္လာမည္ကို သိရွိပါက ကိုယ္စားလွယ္လႊတ္၍ေျဖရွင္းေစၿပီး ထြက္ ေျပးသြားႏိုင္ေၾကာင္းသတိျပဳသင့္ပါသည္။ ထိုအခါ အဂတိမႈမ်ားသည္ တရားခံေျပး အမ်ားဆုံးအမႈမ်ားျဖစ္ လာႏိုင္သည္။ ထို႔ေၾကာင့္ မည္သည့္အေျခအေနတြင္ ကိုယ္စားလွယ္ျဖင့္ ထုေခ်ရွင္းလင္းႏိုင္သည္ကို ရွင္းလင္းစြာေဖာ္ျပထားသင့္သည္။ အဂတိတိုက္ဖ်က္ေရး ေကာ္မရွင္အဖြဲ႕တြင္ျဖစ္ေစ၊ ေကာ္မရွင္မွဖြဲ႕စည္းထား ေသာအဖြဲ႕မ်ား(စုံစမ္းစစ္ေဆးေရးအဖြဲ႕၊ ပဏာမ စိစစ္ ေရးအဖြဲ႕၊ အဂတိလိုက္စားမႈတားဆီးကာကြယ္ေရးအဖြဲ႕(Corruption Prevention Unit –CPU)တြင္ ပါဝင္သည္ျဖစ္ေစ၊ အဂတိတိုက္ဖ်က္ေရးလုပ္ငန္းစဥ္ တြင္ပါဝင္သည့္ တာဝန္ရွိသူမ်ား အဂတိလိုက္စားမႈ က်ဴးလြန္ပါက သာမန္ထက္ ျပစ္ဒဏ္ (၃) ဆ ပိုမိုက် ခံရမည္ဟု ဥပေဒတြင္ ထည့္သြင္းေရးဆြဲသင့္သည္။ အဂတိလိုက္စားမႈတိုက္ဖ်က္ေရးဥပေဒ ပုဒ္မ (၆၅) ပုဒ္မခြဲ (က) တြင္ ႏိုင္ငံေရး ရာထူးလက္ရွိျဖစ္သူကို တရားစြဲဆိုရန္ျဖစ္ပါက ျပည္ေထာင္စုအစိုးရအဖြဲ႕၏ သေဘာတူညီခ်က္ျဖင့္ ေကာ္မရွင္ကထုတ္ေပးေသာ ႀကိဳတင္ခြင့္ျပဳခ်က္ရယူရမည္ဟူေသာအခ်က္တြင္ ျပည္ေထာင္စုအစိုးရအဖြဲ႕ဆိုသည္မွာ သမၼတ၊ ဒုသမၼ တမ်ား၊ ျပည္ေထာင္စုဝန္ႀကီးမ်ားႏွင့္ ျပည္ေထာင္စုေရွ႕ ေနခ်ဳပ္ဟု (၂၀ဝ၈) ဖြဲ႕စည္းပုံအေျခခံဥပေဒ ပုဒ္မ (၂၀ဝ) တြင္ေဖာ္ျပထားသျဖင့္ ျပည္ေထာင္စုအစိုးရအဖြဲ႕ဝင္အားလုံး၏ သေဘာတူညီခ်က္ရရွိရန္ခဲယဥ္းေသာအေျခအေနတြင္ မည္သူတို႔၏အဆုံးအျဖတ္ျဖင့္ ခြင့္ျပဳေပးႏိုင္သည္ဟူေသာအခ်က္ကို အဂတိလိုက္ စားမႈတိုက္ဖ်က္ေရးဥပေဒတြင္ ျဖည့္သြင္းသင့္သည္။ ထို႔ျပင္ ျပည္ေထာင္စုအစိုးရအဖြဲ႕တစ္ခုလုံးသေဘာ တူညီမႈဆိုသျဖင့္ သတင္းမ်ားေပါက္ၾကားႏိုင္ၿပီး သံသ ယရွိသူတရားခံမွာ ထြက္ေျပးလြတ္ေျမာက္သြားႏိုင္ သည္။ ႏိုင္ငံေရးရာထူးလက္ရွိျဖစ္သူ၊ အဆင့္ျမင့္အရာ ရွိႏွင့္ လုပ္ပိုင္ခြင့္အာဏာရွိသူမ်ား၏ ပိုင္ဆိုင္မႈ ေၾကညာလႊာမ်ားကို မွတ္ပုံတင္စနစ္ျဖင့္ ျပည္သူမ်ား ဝင္ေရာက္ၾကည့္ရႈႏိုင္ရန္ ေဆာင္႐ြက္ေပး သင့္သည္။ မသမာသူမ်ားထံအခ်က္အလက္ေပါက္ၾကားမႈ မရွိေစရန္ ထိန္းသိမ္းကာကြယ္သည့္စနစ္မ်ား (ဥပမာ-ေကာ္မရွင္႐ုံးႏွင့္ ႐ုံးခြဲရွိ သတ္မွတ္ထားသည့္ ကြန္ပ်ဴတာမွသာၾကည့္ရႈႏိုင္သည့္စနစ္၊ website မ်ားတြင္ ဝင္ေရာက္ၾကည့္သည့္အခါ ၾကည့္ရႈလိုသူမွ ဓာတ္ပုံ၊ လက္မွတ္ႏွင့္ မသမာမႈျဖင့္ျပဳလုပ္မည္မဟုတ္ ေၾကာင္း ကတိကဝတ္ ျဖည့္သြင္းရသည့္ စနစ္၊ code generator အသုံးျပဳ၍ အခ်ိန္သတ္မွတ္ထားေသာ two-factor authenti cation စနစ္၊) အသုံးျပဳသင့္သည္။ ေၾကညာလႊာမ်ားကို မသမာေသာနည္းျဖင့္အ သုံးခ်သူမ်ားကို ထိေရာက္စြာအေရးယူရမည္။ ထို႔ျပင္ သာမန္ဝင္ေရာက္ၾကည့္ရႈႏိုင္ေသာ ေၾကညာလႊာ ႏွင့္ သတင္းမီဒီယာမ်ား၊ အထူးကိစၥရပ္မ်ားအတြက္ ဝင္ေရာက္ၾကည့္ရႈႏိုင္ေသာ ေၾကညာလႊာဟူ၍ ပုဂၢိဳလ္ တစ္ဦးလွ်င္ ေၾကညာလႊာပုံစံႏွစ္ခု ျပဳလုပ္ထားျခင္း ျဖင့္ ထိုပုဂၢိဳလ္မ်ား၏ အခ်က္အလက္ လုံၿခဳံေရးကို ထိန္းသိမ္းႏိုင္သည္။
အပိုင္း (၂) ကို ဆက္လက္ေဖာ္ျပပါမည္။