စင်ကာပူမှာ ၅ နှစ်အတွင်း အမျိုးသား မူကြိုဆရာဦးရေ နှစ်ဆတိုးလာ

 108

ရောင်နီ (NP News) - စက်တင်ဘာ ၂

စင်္ကာပူနိုင်ငံမှာရှိတဲ့မူကြိုကျောင်းတွေမှာ အမျိုးသားဆရာ ဦးရေဟာ ငါးနှစ်အတွင်း နှစ်ဆနီးပါး မြင့်တက်လာခဲ့ တယ်လို့ သိရပါတယ်။

၂၀၂၄ ခုနှစ် ဇန်နဝါရီလက အမျိုးသားမူကြိုဆရာ ၂၄၅ ဦးရှိခဲ့ပြီး ၂၀၁၉ ခုနှစ်က အမျိုးသားမူကြိုဆရာ အရေအတွက် ၁၃၀ ဦးထက် ၂ ဆ တိုးလာတယ်လို့ Early Childhood Development Agency (ECDA) က ဆိုပါတယ်။ မူကြိုအော်ပရေတာ My First Skool က အထွေထွေမန်နေဂျာ မစ္စသန်အိုင်လင် က အမျိုးသားဆရာတွေဟာ အစောပိုင်းကလေးပညာသင်ကြားရေးကဏ္ဍအတွက် အရေးကြီးတဲ့အရင်းအမြစ်တွေဖြစ်တယ်လို့ ဆိုပါတယ်။

"အစောပိုင်းကလေးဘဝ ပညာရေးမှာ အမျိုးသားတွေ အသက်မွေးဝမ်းကြောင်းပြုဖို့ တွန်းအားဖြစ်လာခြင်းဟာ ကျားမမခွဲခြားဘဲ ဘယ်သူမဆိုလုပ်ကိုင်နိုင်တဲ့အဖိုးတန်ပြီး အကျိုးရှိတဲ့အသက်မွေးဝမ်းကြောင်း တစ်ခုဖြစ်တယ်ဆို တဲ့အယူအဆကို မြှင့်တင်ပေးနိုင်တယ်" လို့ ၄င်းက ပြောကြားပါတယ်။
"ကလေးသူငယ်ပြုစုပျိုးထောင်ရေးနဲ့ ပညာရေးကဏ္ဍတွေမှာ အမျိုးသားတွေရဲ့ပြုစုပျိုးထောင်ပေးခြင်း၊ သင်ကြား ခြင်းတို့ဟာ ကျား-မ သီးခြားအရည်အသွေးတွေ မဟုတ်ဘူးလို့ ကလေးတွေလည်း သိလာစေတယ်" လို့ သူမက ဆိုပါတယ်။

အမျိုးသားဆရာတွေဟာ ဆရာမတွေနဲ့ ကွဲပြားခြားနားတဲ့အမြင်၊ အတွေ့အကြုံတွေနဲ့ သင်ကြားမှုပုံစံတွေ ပေးနိုင် တဲ့အပြင် အမျိုးသား ဆရာတွေဟာ ကလေးတွေအတွက် ကောင်းမွန်တဲ့စံနမူနာ၊ အထူးသဖြင့် ကလေးတွေရဲ့ ဘဝ တစ်လျှောက်မှာ ယောက်ျားလေးတွေနဲ့ပတ်သက်ပြီး ကောင်းတဲ့စံနမူနာတွေဖြစ်နိုင်တယ်လို့ မစ္စသန် မှ ပြောကြားခဲ့ပါတယ်။

Zawgyi Version;
စင္ကာပူမွာ ၅ ႏွစ္အတြင္း အမ်ိဳးသား မူႀကိဳဆရာဦးေရ ႏွစ္ဆတိုးလာ
ေရာင္နီ (NP News) - စက္တင္ဘာ ၂

စကၤာပူႏိုင္ငံမွာရွိတဲ့မူႀကိဳေက်ာင္းေတြမွာ အမ်ိဳးသားဆရာ ဦးေရဟာ ငါးႏွစ္အတြင္း ႏွစ္ဆနီးပါး ျမင့္တက္လာခဲ့ တယ္လို႔ သိရပါတယ္။

၂၀၂၄ ခုႏွစ္ ဇန္နဝါရီလက အမ်ိဳးသားမူႀကိဳဆရာ ၂၄၅ ဦးရွိခဲ့ၿပီး ၂၀၁၉ ခုႏွစ္က အမ်ိဳးသားမူႀကိဳဆရာ အေရအတြက္ ၁၃၀ ဦးထက္ ၂ ဆ တိုးလာတယ္လို႔ Early Childhood Development Agency (ECDA) က ဆိုပါတယ္။ မူႀကိဳေအာ္ပေရတာ My First Skool က အေထြေထြမန္ေနဂ်ာ မစၥသန္အိုင္လင္ က အမ်ိဳးသားဆရာေတြဟာ အေစာပိုင္းကေလးပညာသင္ၾကားေရးက႑အတြက္ အေရးႀကီးတဲ့အရင္းအျမစ္ေတြျဖစ္တယ္လို႔ ဆိုပါတယ္။

"အေစာပိုင္းကေလးဘဝ ပညာေရးမွာ အမ်ိဳးသားေတြ အသက္ေမြးဝမ္းေၾကာင္းျပဳဖို႔ တြန္းအားျဖစ္လာျခင္းဟာ က်ားမမခြဲျခားဘဲ ဘယ္သူမဆိုလုပ္ကိုင္ႏိုင္တဲ့အဖိုးတန္ၿပီး အက်ိဳးရွိတဲ့အသက္ေမြးဝမ္းေၾကာင္း တစ္ခုျဖစ္တယ္ဆို တဲ့အယူအဆကို ျမႇင့္တင္ေပးႏိုင္တယ္" လို႔ ၄င္းက ေျပာၾကားပါတယ္။
"ကေလးသူငယ္ျပဳစုပ်ိဳးေထာင္ေရးနဲ႔ ပညာေရးက႑ေတြမွာ အမ်ိဳးသားေတြရဲ႕ျပဳစုပ်ိဳးေထာင္ေပးျခင္း၊ သင္ၾကား ျခင္းတို႔ဟာ က်ား-မ သီးျခားအရည္အေသြးေတြ မဟုတ္ဘူးလို႔ ကေလးေတြလည္း သိလာေစတယ္" လို႔ သူမက ဆိုပါတယ္။

အမ်ိဳးသားဆရာေတြဟာ ဆရာမေတြနဲ႔ ကြဲျပားျခားနားတဲ့အျမင္၊ အေတြ႕အႀကဳံေတြနဲ႔ သင္ၾကားမႈပုံစံေတြ ေပးႏိုင္ တဲ့အျပင္ အမ်ိဳးသား ဆရာေတြဟာ ကေလးေတြအတြက္ ေကာင္းမြန္တဲ့စံနမူနာ၊ အထူးသျဖင့္ ကေလးေတြရဲ႕ ဘဝ တစ္ေလွ်ာက္မွာ ေယာက္်ားေလးေတြနဲ႔ပတ္သက္ၿပီး ေကာင္းတဲ့စံနမူနာေတြျဖစ္ႏိုင္တယ္လို႔ မစၥသန္ မွ ေျပာၾကားခဲ့ပါတယ္။

Related news

© 2021. All rights reserved.