မြောက်ကိုရီးယားက အမှိုက်တွေနဲ့ဖြည့်ထားတဲ့မိုးပျံပူဖောင်းတွေကို တောင်ကိုရီးယားသို့ ထပ်မံပေးပို့

 2074

Pika (NP News) - စက်တင်ဘာ ၈

မြောက်ကိုရီးယားဟာ အမှိုက်တွေနဲ့ဖြည့်ထားတဲ့ နောက်ထပ်ရာနဲ့ချီတဲ့မိုးပျံပူဖောင်းတွေကို တောင်ကိုရီးယား ဘက်သို့ စေလွှတ်ပေးပို့ခဲ့တယ်လို့ တောင်ကိုရီးယားစစ်တပ်က စက်တင်ဘာလ(၇)ရက်မှာ ထုတ်ဖော်ပြောခဲ့ပါ တယ်။ စက်တင်ဘာလ(၆)ရက် နှောင်းပိုင်းမှာ တောင်ကိုရီးယားဘက်သို့ ပေးပို့ခဲ့တဲ့ အမှိုက်တွေနဲ့ဖြည့်ထားတဲ့ မိုးပျံ ပူဖောင်းအလုံးရေ(၁၉၀)ကျော် အပါအဝင် မြောက်ကိုရီးယားဟာ ပြီးခဲ့တဲ့သုံးရက်အတွင်း မိုးပျံပူဖောင်း အလုံးရေ(၉၀၀)ကျော် ပေးပို့ခဲ့တယ်လို့ သိရပါတယ်။

မြောက်ကိုရီးယားဘက်က ပေးပို့ခဲ့တဲ့ မိုးပျံပူဖောင်းအလုံးရေအများစုဟာ ဆိုးလ်မြို့နဲ့ Gyeonggi ပြည်နယ်တို့ကို အများဆုံးကျရောက်ခဲ့တယ်လို့ တောင်ကိုရီးယားစစ်ဦးစီးချုပ်များရုံး (JCS)က ပြောကြားခဲ့ပါတယ်။ အဲဒီ မိုးပျံပူဖောင်းတွေကို သုံးပြီးသားစက္ကူတွေ၊ ပလတ်စတစ်အမှိုက်တွေနဲ့ဖြည့်ထားတာဖြစ်တယ်လို့လည်း JCS က ပြောကြားခဲ့ပါတယ်။ မြောက်ကိုရီးယားဟာ ပြီးခဲ့တဲ့ မေလကနေစတင်ပြီး အမှိုက်တွေနဲ့ဖြည့်ထားတဲ့ မိုးပျံပူဖောင်း အလုံးရေ(၅၀၀၀)နီးပါးကို တောင်ကိုရီးယားဘက်သို့ ပေးပို့ခဲ့တယ်လို့လည်း သိရပါတယ်။
မြောက်ကိုရီးယားရဲ့လုပ်ရပ်တွေကို တုံ့ပြန်တဲ့အနေနဲ့ တောင်ကိုရီးယားစစ်တပ်ဟာ နှစ်နိုင်ငံနယ်စပ်အနီးမှာ အသံချဲ့စက်တွေကို အသုံးပြုပြီးဝါဒဖြန့်ထုတ်လွှင့်မှုတွေကို ပြန်လည်လုပ်ဆောင်ခဲ့တယ်လို့လည်း သိရပါတယ်။ ဒါ့ပြင် မြောက်ကိုရီးယားနိုင်ငံက ပေးပို့ခဲ့တဲ့ မိုးပျံပူဖောင်းတွေမှာ လူ့အညစ်အကြေးကနေ စတင်တယ်လို့ ယူဆရတဲ့ ကပ်ပါးကောင်တွေကိုလည်း တွေ့ရှိခဲ့တယ်လို့ တောင်ကိုရီးယားအစိုးရတာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။

JCS က “မြောက်ကိုရီးယားက မိုးပျံပူဖောင်းတွေ ပေးပို့မှုနဲ့ပတ်သက်ပြီး ကျွန်တော်တို့ အကြိမ်ကြိမ် သတိပေးခဲ့ပြီး ပါပြီ။ တုံ့ပြန်တဲ့အနေနဲ့ မြောက်ကိုရီးယားဘက်က မိုးပျံပူဖောင်းတွေစေလွှတ်ခဲ့တဲ့နေရာတွေမှာ အသံချဲ့စက်နဲ့ မြောက်ကိုရီးယားဆန့်ကျင်ရေးထုတ်လွှင့်မှုတွေကို ပြန်လည်လုပ်ဆောင်ခဲ့ပါတယ်” လို့ ပြောခဲ့ပါတယ်။

Zawgyi Version;
ေျမာက္ကိုရီးယားက အမႈိက္ေတြနဲ႔ျဖည့္ထားတဲ့မိုးပ်ံပူေဖာင္းေတြကို ေတာင္ကိုရီးယားသို႔ ထပ္မံေပးပို႔
Pika (NP News) - စက္တင္ဘာ ၈

ေျမာက္ကိုရီးယားဟာ အမႈိက္ေတြနဲ႔ျဖည့္ထားတဲ့ ေနာက္ထပ္ရာနဲ႔ခ်ီတဲ့မိုးပ်ံပူေဖာင္းေတြကို ေတာင္ကိုရီးယား ဘက္သို႔ ေစလႊတ္ေပးပို႔ခဲ့တယ္လို႔ ေတာင္ကိုရီးယားစစ္တပ္က စက္တင္ဘာလ(၇)ရက္မွာ ထုတ္ေဖာ္ေျပာခဲ့ပါ တယ္။ စက္တင္ဘာလ(၆)ရက္ ေႏွာင္းပိုင္းမွာ ေတာင္ကိုရီးယားဘက္သို႔ ေပးပို႔ခဲ့တဲ့ အမႈိက္ေတြနဲ႔ျဖည့္ထားတဲ့ မိုးပ်ံ ပူေဖာင္းအလုံးေရ(၁၉၀)ေက်ာ္ အပါအဝင္ ေျမာက္ကိုရီးယားဟာ ၿပီးခဲ့တဲ့သုံးရက္အတြင္း မိုးပ်ံပူေဖာင္း အလုံးေရ(၉၀၀)ေက်ာ္ ေပးပို႔ခဲ့တယ္လို႔ သိရပါတယ္။

ေျမာက္ကိုရီးယားဘက္က ေပးပို႔ခဲ့တဲ့ မိုးပ်ံပူေဖာင္းအလုံးေရအမ်ားစုဟာ ဆိုးလ္ၿမိဳ႕နဲ႔ Gyeonggi ျပည္နယ္တို႔ကို အမ်ားဆုံးက်ေရာက္ခဲ့တယ္လို႔ ေတာင္ကိုရီးယားစစ္ဦးစီးခ်ဳပ္မ်ား႐ုံး (JCS)က ေျပာၾကားခဲ့ပါတယ္။ အဲဒီ မိုးပ်ံပူေဖာင္းေတြကို သုံးၿပီးသားစကၠဴေတြ၊ ပလတ္စတစ္အမႈိက္ေတြနဲ႔ျဖည့္ထားတာျဖစ္တယ္လို႔လည္း JCS က ေျပာၾကားခဲ့ပါတယ္။ ေျမာက္ကိုရီးယားဟာ ၿပီးခဲ့တဲ့ ေမလကေနစတင္ၿပီး အမႈိက္ေတြနဲ႔ျဖည့္ထားတဲ့ မိုးပ်ံပူေဖာင္း အလုံးေရ(၅၀၀၀)နီးပါးကို ေတာင္ကိုရီးယားဘက္သို႔ ေပးပို႔ခဲ့တယ္လို႔လည္း သိရပါတယ္။
ေျမာက္ကိုရီးယားရဲ႕လုပ္ရပ္ေတြကို တုံ႔ျပန္တဲ့အေနနဲ႔ ေတာင္ကိုရီးယားစစ္တပ္ဟာ ႏွစ္ႏိုင္ငံနယ္စပ္အနီးမွာ အသံခ်ဲ႕စက္ေတြကို အသုံးျပဳၿပီးဝါဒျဖန႔္ထုတ္လႊင့္မႈေတြကို ျပန္လည္လုပ္ေဆာင္ခဲ့တယ္လို႔လည္း သိရပါတယ္။ ဒါ့ျပင္ ေျမာက္ကိုရီးယားႏိုင္ငံက ေပးပို႔ခဲ့တဲ့ မိုးပ်ံပူေဖာင္းေတြမွာ လူ႔အညစ္အေၾကးကေန စတင္တယ္လို႔ ယူဆရတဲ့ ကပ္ပါးေကာင္ေတြကိုလည္း ေတြ႕ရွိခဲ့တယ္လို႔ ေတာင္ကိုရီးယားအစိုးရတာဝန္ရွိသူေတြက ေျပာၾကားခဲ့ပါတယ္။

JCS က “ေျမာက္ကိုရီးယားက မိုးပ်ံပူေဖာင္းေတြ ေပးပို႔မႈနဲ႔ပတ္သက္ၿပီး ကြၽန္ေတာ္တို႔ အႀကိမ္ႀကိမ္ သတိေပးခဲ့ၿပီး ပါၿပီ။ တုံ႔ျပန္တဲ့အေနနဲ႔ ေျမာက္ကိုရီးယားဘက္က မိုးပ်ံပူေဖာင္းေတြေစလႊတ္ခဲ့တဲ့ေနရာေတြမွာ အသံခ်ဲ႕စက္နဲ႔ ေျမာက္ကိုရီးယားဆန႔္က်င္ေရးထုတ္လႊင့္မႈေတြကို ျပန္လည္လုပ္ေဆာင္ခဲ့ပါတယ္” လို႔ ေျပာခဲ့ပါတယ္။

Related news

© 2021. All rights reserved.