BTS အဖွဲ့ဝင် RM ၊ Spotify Global Top 10 ကို solo artist အနေနဲ့ ပထမဆုံးအကြိမ် ဝင်ရောက်လာ
246
ရောင်နီ (NP News) - စက်တင်ဘာ ၉
တောင်ကိုရီးယား နာမည်ကြီး အမျိုးသား တေးဂီတအဖွဲ့ BTS ရဲ့အဖွဲ့ဝင် RM ဟာ အမေရိကန်ရပ်စ်ပါအဆိုတော် မီဂန်သီစတေးရှင်းနဲ့ collaborate လုပ်ထားတဲ့ သီချင်းအသစ်နဲ့ Sportify မှာ Top 10 ဝင်တဲ့ solo artist ဖြစ်လာခဲ့ ပါတယ်။
စက်တင်ဘာလ ၆ ရက် နေ့လည် ၁ နာရီက အမေရိကန်ရပ်စ်ပါအဆိုတော် မီဂန်သီစတေးရှင်က RM ပါဝင်တဲ့ "Neva Play” သီချင်းအသစ်ကို စတင်ထုတ်ဝေခဲ့တာဖြစ်ပါတယ်။ သီချင်းစထွက်ရှိပြီးပြီးချင်းမှာပဲ ဒီသီချင်းဟာ ကမ္ဘာတစ်ဝှမ်း နိုင်ငံတော်တော်များများက iTunes ဇယားရဲ့ထိပ်ဆုံးနေရာမှာ နေရာယူခဲ့ပါတယ်။ စက်တင်ဘာ ၇ မှာတော့ "Neva Play” ဟာ အမေရိကန်၊ ဂျာမနီ၊ ကနေဒါနဲ့ ဂရိ အပါအဝင် ကမ္ဘာတစ်ဝှမ်းရှိ ဒေသပေါင်း ၈၇ ခုထက်မနည်းရဲ့ iTunes ထိပ်တန်းသီချင်းများစာရင်းမှာ နံပါတ် ၁ နေရာကို ရောက်ရှိခဲ့ပါတယ်။ ဂျပန်နိုင်ငံ Oricon ရဲ့နေ့စဉ်ဒစ်ဂျစ်တယ်တစ်ကိုယ်တော်ဇယားမှာလည်း စက်တင်ဘာ ၆ ရက်က နံပါတ် ၂ နေရာကို ရောက်ရှိခဲ့ပါ တယ်။
ဒါ့အပြင်၊ "Neva Play" ဟာ Spotify ရဲ့ နေ့စဉ်ကမ္ဘာ့ထိပ်တန်းသီချင်းများဇယားမှာ ၎င်းရဲ့စတင်ထုတ်ဝေပြီး ပထမဆုံးနေ့မှာပဲ stream ပေါင်း ၄.၅ သန်းကျော်ရရှိခဲ့ပြီး RM အတွက် solo artist အနေနဲ့ Top 10 ပထမဆုံး အကြိမ် ဝင်ရောက်ခဲ့တဲ့ မှတ်တိုင်သစ်ကို ဖြစ်စေခဲ့ပါတယ်။
Zawgyi Version;
BTS အဖြဲ႕ဝင္ RM ၊ Spotify Global Top 10 ကို solo artist အေနနဲ႔ ပထမဆုံးအႀကိမ္ ဝင္ေရာက္လာ
ေရာင္နီ (NP News) - စက္တင္ဘာ ၉
ေတာင္ကိုရီးယား နာမည္ႀကီး အမ်ိဳးသား ေတးဂီတအဖြဲ႕ BTS ရဲ႕အဖြဲ႕ဝင္ RM ဟာ အေမရိကန္ရပ္စ္ပါအဆိုေတာ္ မီဂန္သီစေတးရွင္းနဲ႔ collaborate လုပ္ထားတဲ့ သီခ်င္းအသစ္နဲ႔ Sportify မွာ Top 10 ဝင္တဲ့ solo artist ျဖစ္လာခဲ့ ပါတယ္။
စက္တင္ဘာလ ၆ ရက္ ေန႔လည္ ၁ နာရီက အေမရိကန္ရပ္စ္ပါအဆိုေတာ္ မီဂန္သီစေတးရွင္က RM ပါဝင္တဲ့ "Neva Play” သီခ်င္းအသစ္ကို စတင္ထုတ္ေဝခဲ့တာျဖစ္ပါတယ္။ သီခ်င္းစထြက္ရွိၿပီးၿပီးခ်င္းမွာပဲ ဒီသီခ်င္းဟာ ကမာၻတစ္ဝွမ္း ႏိုင္ငံေတာ္ေတာ္မ်ားမ်ားက iTunes ဇယားရဲ႕ထိပ္ဆုံးေနရာမွာ ေနရာယူခဲ့ပါတယ္။ စက္တင္ဘာ ၇ မွာေတာ့ "Neva Play” ဟာ အေမရိကန္၊ ဂ်ာမနီ၊ ကေနဒါနဲ႔ ဂရိ အပါအဝင္ ကမာၻတစ္ဝွမ္းရွိ ေဒသေပါင္း ၈၇ ခုထက္မနည္းရဲ႕ iTunes ထိပ္တန္းသီခ်င္းမ်ားစာရင္းမွာ နံပါတ္ ၁ ေနရာကို ေရာက္ရွိခဲ့ပါတယ္။ ဂ်ပန္ႏိုင္ငံ Oricon ရဲ႕ေန႔စဥ္ဒစ္ဂ်စ္တယ္တစ္ကိုယ္ေတာ္ဇယားမွာလည္း စက္တင္ဘာ ၆ ရက္က နံပါတ္ ၂ ေနရာကို ေရာက္ရွိခဲ့ပါ တယ္။
ဒါ့အျပင္၊ "Neva Play" ဟာ Spotify ရဲ႕ ေန႔စဥ္ကမာၻ႔ထိပ္တန္းသီခ်င္းမ်ားဇယားမွာ ၎ရဲ႕စတင္ထုတ္ေဝၿပီး ပထမဆုံးေန႔မွာပဲ stream ေပါင္း ၄.၅ သန္းေက်ာ္ရရွိခဲ့ၿပီး RM အတြက္ solo artist အေနနဲ႔ Top 10 ပထမဆုံး အႀကိမ္ ဝင္ေရာက္ခဲ့တဲ့ မွတ္တိုင္သစ္ကို ျဖစ္ေစခဲ့ပါတယ္။