မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်အဖြစ် တောင်ငူခေတ် မင်းသားတစ်ပါး၏ ဝတ်စုံ နှင့် အဆင်တန်ဆာ များကို မူလပုံစံနှင့် အနီးစပ်ဆုံးတူစေရန် ချုပ်လုပ်ဖန်တီး

 488

သုတကျော်၊ သန့်ဇင် (NP News) - စက်တင်ဘာ ၁၂

မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်အဖြစ် တောင်ငူခေတ် မင်းသားတစ်ပါး၏ဝတ်စုံ နှင့် အဆင်တန်ဆာ များကို မူလပုံစံနှင့် အနီးစပ်ဆုံးတူစေရန် ချုပ်လုပ်ဖန်တီးထားကြောင်း မြတ်တော်ဝင် ဗမာ့ဓလေ့ သိုရင်း၊ ထိုင်မသိမ်းဝတ်စုံဝန်ဆောင်မှုလုပ်ငန်းမှာ မြတ်သင်္ခငယ်က NP News သို့ ပြောသည်။

ကိုရီးယားနိုင်ငံ၌ကျင်းပမည့် အာရှမော်ဒယ်ပြိုင်ပွဲကြီးတွင် မြန်မာကိုယ်စားပြုယှဉ်ပြိုင်မည့် အမျိုးသား ပြိုင်ပွဲဝင်အတွက် အထက်ပါဝတ်စုံကို ဖန်တီးခဲ့ခြင်းဖြစ်ကာ အဆိုပါ ဝတ်စုံအတွက် တောင်ငူခေတ် ဝတ်စုံပုံစံများပါဝင်သော နံရံဆေးရေးပန်းချီများကို အသေးစိတ်လေ့လာကာ ချုပ်လုပ်ခဲ့ခြင်း ဖြစ် ကြောင်း ၎င်းက ဆိုသည်။

“တောင်ငူခေတ်ကိုကျတော့ မြတ်တို့က ပထမဆုံးဦးဆုံးဖန်တီးလိုက်တာပေါ့။ ဖန်တီးလိုက်တော့ ယောက်ျားလေးဝတ်စုံကို အဲဒီနံရံဆေးရေးပန်းချီထဲကအတိုင်း ရင်ခွဲသိုရင်းပေါ့။ သိုရင်းအင်္ကျီဆိုရင်လည်း ပိုးသားရင်ခွဲသိုရင်းကို ဝတ်ရတယ်။ နောက်ပြီးတော့ တောင်ရှည်ဆိုရင်လည်းပဲ ချိတ်လှိုင်းကြီးတောင်ရှည်ပေါ့။ အခုကတော့ မြတ်တို့ကတော့ အလွယ်ရတဲ့ပိုးတောင်ရှည်တွေဆင်ပေးတာပေါ့။ တကယ့်အစစ်ဆိုရင်တော ဆေးရေးကိုရေးရမှာပေါ့လေ။ တောင်ရှည်ပေါ်မှာ ဆေးရေးတောင်ရှည်ပေါ့လေ။ ဒါပေမဲ့ ဒီဇိုင်းကတော့ ထပ်တူပါပဲ။ တကယ့်အစစ်ဆိုရင်တော့ ဆေးရေးရမယ်။ အခုက ပိုးလှိုင်းကြီးတွေဝယ်ပြီးတော့ တောင်ငူခေတ်ဟန်အတိုင်းချုပ်ပေးလိုက်တာပေါ့။ အဲဒါပြီး ဆံပင်ထုံးဖွဲ့မှုကကျတော့ တောင်ငူခေတ်ရဲ့ ဦးထိတ်ပေါ်မှာ ရစ်ပြီးတော့ ရှိတဲ့ဆံထုံးကို ထုံးပေးတာပါ” ဟု ၎င်းက ရှင်းပြသည်။
ဝတ်စုံကို ဖန်တီးရာတွင် နန်းဝတ်နန်းစားဝတ်စုံ နှင့် ပေါ့ပါးသော ဝတ်စုံနှစ်မျိုးဖြစ်ပြီး သားမြီးယပ်ကိုလည်း ထည့်သွင်းခဲ့ရာ စာမရီဟုခေါ်သော ဟိမဝန္တာ နွားလား၏အမွေးအစစ်ကို အသုံးပြုထားကြောင်းလည်း ၎င်းကဆိုသည်။

“သားမြီးယက်ဆိုတာက အဓိကက ရှေးဘုရင်တွေလက်ထက်တုန်းက မင်းမြောက်တံဆာ(၅)ပါးမှာကျတော့ သားမီးယက်ဆိုတာ ပါတယ်ပေါ့နော်။ အဲဒါကျ ဟိမဝန္တာနွားလားလို့ခေါ်တယ်။ ဟိုးကတော့ ဟိမဝန္တာနွားလားပေါ့နော်။ ဘုရင်တွေခေတ်ကကြတော့ စာမရီကောင်လို့ခေါ်တယ်။ အဲဒီ စာမရီကောင်ရဲ့ အမွေးကိုလုပ်ထားတာပါ။ အခုကမြတ်သုံးတဲ့ သားမီးယက်ကလည်း အဲဒီဟိမဝန္တာနွားလားပေါ့နော် သာမဒီကောင်ရဲ့အမွေးအစစ်ကို တိဘက်ကမှာယူပြီးတော့ သားမီးယက်လုပ်ပေးထားတာပါ။ သန်လျက်ကလည်း ဆောင်ဓားအရှည်ပေါ့နော်။ အဲဒီဆောင်ဓားတော် စီစဉ်ပေးထားတယ်။ နောက်ပြီး သားမီးယက်ကိုလည်း ဟိမဝန္တာ နွားလားအမွေးနဲ့ စီစဉ်ပေးထားပါတယ်။ ခြေနင်းတော်ကလည်း ပုံမှန်တွေ့နေကျခြေနင်းနဲ့မတူပါဘူး။ သီးသန့်ချုပ်ပေးရတာပါ။ ရှေးနန်းတွင်းပုံစံနဲ့တူအောင်ပေါ့။ ဦးကော့်ခြေနင်းလို့ ခေါ်တာပေါ့။ သူက အဖျားကော့နေတာပေါ့နော်။ ဦးကော့်ခြေနင်းလို့ခေါ်တယ်။ အဖျားကော့နေအောင်တမင်ဖန်တီးပြီးချုပ်ပေးရတာ။ အဲဒါက တောင်ငူခေတ်က ခြေနင်းတော်တွေပေါ့” ဟု ၎င်းက ရှင်းပြသည်။

Zawgyi Version;
ျမန္မာႏိုင္ငံတြင္ ပထမဆုံးအႀကိမ္အျဖစ္ ေတာင္ငူေခတ္ မင္းသားတစ္ပါး၏ ဝတ္စုံ ႏွင့္ အဆင္တန္ဆာ မ်ားကို မူလပုံစံႏွင့္ အနီးစပ္ဆုံးတူေစရန္ ခ်ဳပ္လုပ္ဖန္တီး
သုတေက်ာ္၊ သန႔္ဇင္ (NP News) - စက္တင္ဘာ ၁၂

ျမန္မာႏိုင္ငံတြင္ ပထမဆုံးအႀကိမ္အျဖစ္ ေတာင္ငူေခတ္ မင္းသားတစ္ပါး၏ဝတ္စုံ ႏွင့္ အဆင္တန္ဆာ မ်ားကို မူလပုံစံႏွင့္ အနီးစပ္ဆုံးတူေစရန္ ခ်ဳပ္လုပ္ဖန္တီးထားေၾကာင္း ျမတ္ေတာ္ဝင္ ဗမာ့ဓေလ့ သိုရင္း၊ ထိုင္မသိမ္းဝတ္စုံဝန္ေဆာင္မႈလုပ္ငန္းမွာ ျမတ္သခၤငယ္က NP News သို႔ ေျပာသည္။

ကိုရီးယားႏိုင္ငံ၌က်င္းပမည့္ အာရွေမာ္ဒယ္ၿပိဳင္ပြဲႀကီးတြင္ ျမန္မာကိုယ္စားျပဳယွဥ္ၿပိဳင္မည့္ အမ်ိဳးသား ၿပိဳင္ပြဲဝင္အတြက္ အထက္ပါဝတ္စုံကို ဖန္တီးခဲ့ျခင္းျဖစ္ကာ အဆိုပါ ဝတ္စုံအတြက္ ေတာင္ငူေခတ္ ဝတ္စုံပုံစံမ်ားပါဝင္ေသာ နံရံေဆးေရးပန္းခ်ီမ်ားကို အေသးစိတ္ေလ့လာကာ ခ်ဳပ္လုပ္ခဲ့ျခင္း ျဖစ္ ေၾကာင္း ၎က ဆိုသည္။

“ေတာင္ငူေခတ္ကိုက်ေတာ့ ျမတ္တို႔က ပထမဆုံးဦးဆုံးဖန္တီးလိုက္တာေပါ့။ ဖန္တီးလိုက္ေတာ့ ေယာက္်ားေလးဝတ္စုံကို အဲဒီနံရံေဆးေရးပန္းခ်ီထဲကအတိုင္း ရင္ခြဲသိုရင္းေပါ့။ သိုရင္းအက်ႌဆိုရင္လည္း ပိုးသားရင္ခြဲသိုရင္းကို ဝတ္ရတယ္။ ေနာက္ၿပီးေတာ့ ေတာင္ရွည္ဆိုရင္လည္းပဲ ခ်ိတ္လႈိင္းႀကီးေတာင္ရွည္ေပါ့။ အခုကေတာ့ ျမတ္တို႔ကေတာ့ အလြယ္ရတဲ့ပိုးေတာင္ရွည္ေတြဆင္ေပးတာေပါ့။ တကယ့္အစစ္ဆိုရင္ေတာ ေဆးေရးကိုေရးရမွာေပါ့ေလ။ ေတာင္ရွည္ေပၚမွာ ေဆးေရးေတာင္ရွည္ေပါ့ေလ။ ဒါေပမဲ့ ဒီဇိုင္းကေတာ့ ထပ္တူပါပဲ။ တကယ့္အစစ္ဆိုရင္ေတာ့ ေဆးေရးရမယ္။ အခုက ပိုးလႈိင္းႀကီးေတြဝယ္ၿပီးေတာ့ ေတာင္ငူေခတ္ဟန္အတိုင္းခ်ဳပ္ေပးလိုက္တာေပါ့။ အဲဒါၿပီး ဆံပင္ထုံးဖြဲ႕မႈကက်ေတာ့ ေတာင္ငူေခတ္ရဲ႕ ဦးထိတ္ေပၚမွာ ရစ္ၿပီးေတာ့ ရွိတဲ့ဆံထုံးကို ထုံးေပးတာပါ” ဟု ၎က ရွင္းျပသည္။
ဝတ္စုံကို ဖန္တီးရာတြင္ နန္းဝတ္နန္းစားဝတ္စုံ ႏွင့္ ေပါ့ပါးေသာ ဝတ္စုံႏွစ္မ်ိဳးျဖစ္ၿပီး သားၿမီးယပ္ကိုလည္း ထည့္သြင္းခဲ့ရာ စာမရီဟုေခၚေသာ ဟိမဝႏၲာ ႏြားလား၏အေမြးအစစ္ကို အသုံးျပဳထားေၾကာင္းလည္း ၎ကဆိုသည္။

“သားၿမီးယက္ဆိုတာက အဓိကက ေရွးဘုရင္ေတြလက္ထက္တုန္းက မင္းေျမာက္တံဆာ(၅)ပါးမွာက်ေတာ့ သားမီးယက္ဆိုတာ ပါတယ္ေပါ့ေနာ္။ အဲဒါက် ဟိမဝႏၲာႏြားလားလို႔ေခၚတယ္။ ဟိုးကေတာ့ ဟိမဝႏၲာႏြားလားေပါ့ေနာ္။ ဘုရင္ေတြေခတ္ကၾကေတာ့ စာမရီေကာင္လို႔ေခၚတယ္။ အဲဒီ စာမရီေကာင္ရဲ႕ အေမြးကိုလုပ္ထားတာပါ။ အခုကျမတ္သုံးတဲ့ သားမီးယက္ကလည္း အဲဒီဟိမဝႏၲာႏြားလားေပါ့ေနာ္ သာမဒီေကာင္ရဲ႕အေမြးအစစ္ကို တိဘက္ကမွာယူၿပီးေတာ့ သားမီးယက္လုပ္ေပးထားတာပါ။ သန္လ်က္ကလည္း ေဆာင္ဓားအရွည္ေပါ့ေနာ္။ အဲဒီေဆာင္ဓားေတာ္ စီစဥ္ေပးထားတယ္။ ေနာက္ၿပီး သားမီးယက္ကိုလည္း ဟိမဝႏၲာ ႏြားလားအေမြးနဲ႔ စီစဥ္ေပးထားပါတယ္။ ေျခနင္းေတာ္ကလည္း ပုံမွန္ေတြ႕ေနက်ေျခနင္းနဲ႔မတူပါဘူး။ သီးသန႔္ခ်ဳပ္ေပးရတာပါ။ ေရွးနန္းတြင္းပုံစံနဲ႔တူေအာင္ေပါ့။ ဦးေကာ့္ေျခနင္းလို႔ ေခၚတာေပါ့။ သူက အဖ်ားေကာ့ေနတာေပါ့ေနာ္။ ဦးေကာ့္ေျခနင္းလို႔ေခၚတယ္။ အဖ်ားေကာ့ေနေအာင္တမင္ဖန္တီးၿပီးခ်ဳပ္ေပးရတာ။ အဲဒါက ေတာင္ငူေခတ္က ေျခနင္းေတာ္ေတြေပါ့” ဟု ၎က ရွင္းျပသည္။

Related news

© 2021. All rights reserved.