လွတ်တဲ့ငါး မကြီးရအောင် (အပိုင်း - ၂) (ဆောင်းပါး)
1243
ဖြိုးဝေလင်း(ပုသိမ်)(NP News) - စက်တင်ဘာ ၁၃
မြန်မာနိုင်ငံ၏ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေအရ ပြစ်ဒဏ်များသတ်မှတ်ရာတွင် တာဝန် ထမ်းဆောင်မှုအပေါ်အခြေခံ၍ သတ်မှတ်ထားသည် ကိုတွေ့ရပါသည်။ ပုဒ်မ (၅၅)တွင် နိုင်ငံရေး ရာထူး လက်ရှိဖြစ်သူ (သို့) ဖြစ်ခဲ့သူ အဂတိမှုကျူးလွန်ပါက (၁၅)နှစ်ထက်မပိုသောထောင်ဒဏ်နှင့် ငွေဒဏ်၊ ပုဒ်မ (၅၆) တွင် လုပ်ပိုင်ခွင့်အာဏာရှိသူ (သို့) ရှိခဲ့သူ (၁၀)နှစ်ထက်မပိုသောထောင်ဒဏ်နှင့် ငွေဒဏ်၊ ပုဒ်မ(၅၇)တွင် နိုင်ငံရေးရာထူးလက်ရှိဖြစ်သူနှင့် လုပ်ပိုင်ခွင့် အာဏာရှိသူမဟုတ်သော အခြား ပုဂ္ဂိုလ်များ အဂတိမှုကျူးလွန်ပါက (၇)နှစ်ထက်မပိုသော ထောင်ဒဏ်နှင့် ငွေဒဏ်၊ ပုဒ်မ (၅၈)တွင် အဂတိ လိုက်စားမှုနှင့်သက်ဆိုင်သည့် ငွေကြေး၊ ပစ္စည်းများကို ဖုံးကွယ်၊ ဖျောက်ဖျက်၊ လွှဲပြောင်း၊ ပြောင်းလဲခြင်းပြုပါက (၅)နှစ်ထက်မပိုသောထောင်ဒဏ်နှင့် ငွေဒဏ် ချမှတ်မည်ဟုဖော်ပြထားသည်။ အထက်ပါ ပြစ်ဒဏ်များကို လေ့လာခြင်းဖြင့် ဥပဒေသည် ထာဝန်ထမ်းဆောင်သည့်ရာထူး/ အဆင့်ပေါ် မူတည်၍ ခွဲခြားထားသည် ကိုတွေ့နိုင်သည်။ ထိုအခါ ဝန်ကြီးတစ်ဦးသည် သိန်းတစ်ထောင် လာဘ်စား သဖြင့် ထောင် (၁၅) နှစ် ကျသော်လည်း ညွှန်မှူးတစ်ဦးမှာ သိန်းသောင်းချီ လာဘ်စားသော်လည်း အများဆုံး (၁၀) နှစ်ခန့်သာ ကျနိုင်သည်။ ထို့ကြောင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး နည်းဥပဒေတွင် အဂတိလိုက်စားသည့် ငွေပမာဏ၊ အကြိမ်အရေအတွက်၊ ထိခိုက်နစ်နာသူ စသကဲ့သို့သော အခြားသော စံနှုန်းများထည့်သွင်းရန် လိုအပ်ပါသည်။ ထိုအချက်များကိုအခြေခံ၍ အဂတိ အမှုအရွယ်အစားကိုလည်း သတ်မှတ်ရမည်။
ထို့ကြောင့် ဖော်ပြပါစံနှုန်းများတွင် (၁) မှတ်မှ (၄) မှတ်အထိ သတ်မှတ်ထားသော အမှတ်ပေး စနစ်ဖြင့် အမှတ်များကိုစုပေါင်းကာ ထိုက်သင့်သောပြစ်ဒဏ်ကို ချမှတ်ရမည်ဖြစ်သည်။ ဥပမာ အဂတိ လိုက် စားသည့် ငွေကြေးပမာဏတွင် ဇယားကွက်ပါ ငွေကြေးပမာဏအတိုင်း ခွဲခြားပြီး သိန်း (၁၀ဝဝ)နှင့် အထက် အဂတိလိုက်စားသူကို (၄) မှတ်ပေး၍ တစ်သိန်းခွဲ အဂတိလိုက်စားသူကို တစ်မှတ်ပေးရမည်။ အဂတိလိုက်စားသည့်ကာလ တွက်ချက်ရာတွင်လည်း စတင်လိုက်စားခဲ့သည့်အချိန်မှဖမ်းမိခဲ့သည့် အချိန် ကြာမြင့်ပါက (၄)မှတ်ပေးပြီး (၆) လအောက်ဆိုပါက တစ်မှတ်သာပေးရမည်။ ထိုအခါ အချိန်ကြာမြင့် ပါက ပိုမိုပြစ်ဒဏ်ကျမည်ကိုသိရှိပြီး ကြာရှည်စွာ လာဘ်စားခြင်းကို ထိန်းသိမ်းနိုင်မည်ဖြစ်သည်။ ထိခိုက် နစ်နာသူစံနှုန်းတွက်ချက်ရာတွင် နိုင်ငံတော်၊ ပြည်သူ၊ အဖွဲ့အစည်း၊ ပုဂ္ဂလိကတို့ကို ထည့်သွင်းတွက်ချက် ရ မည်။ ထို့သို့တွက်ချက်ရာတွင် အဂတိလိုက်စားမှု ကြောင့် နစ်နာသူမိသားစု စီးပွားပျက်ယွင်းခြင်း၊ အသက်သေဆုံးခြင်း၊ ကိုယ်လက်အင်္ဂါဆုံးရှုံးခြင်း၊ စိတ် ပိုင်းဆိုင်ရာရောဂါခံစားရခြင်းတို့ကို ထည့်သွင်း စဉ်းစားရန် လိုသည်။ နစ်နာသူမိသားစု၏ဆုံးရှုံးမှုကို အဂတိ လိုက်စားသူထံမှ သိမ်းဆည်းရမိသည့် ငွေကြေးများထဲ မှ ရာခိုင်နှုန်းတစ်ခုသတ်မှတ်၍ ပြန်လည်ပေးအပ်ရမည်။
ပြစ်ဒဏ်စီရင်ခြင်းအပိုင်းတွင် တရုတ်၊ ဗီယက် နမ်၊ ထိုင်း၊ အင်ဒိုနီးရှား၊ မော်ရိုကိုနိုင်ငံများတွင် အဂတိလိုက်စားမှုအတွက် သေဒဏ်များပင်ပေးအပ် လျက်ရှိရာ မြန်မာနိုင်ငံ၏ပြစ်ဒဏ် (၁၅)နှစ် ထောင် ဒဏ်ဆိုသည်မှာ အဂတိလိုက်စားသူများအတွက် ကြောက်ရွံ့ဖွယ်မဟုတ်သော ပမာဏပင်ဖြစ်သည်။ လာဘ်ယူသူကိုသာမဟုတ် လာဘ်ပေးသူကိုလည်း အရေးယူနိုင်မည့်အချက်ကို ထည့်သွင်းရေးဆွဲရ မည်။ ထပ်တူနီးပါးကျသောပြစ်ဒဏ်ပေးမည်။ ခြွင်းချက်အနေဖြင့် ခြိမ်းခြောက်မှုကြောင့်ဖြစ်လျှင်လည်း ကောင်း၊ လာဘ်ပေးသူသည် အစိုးရသက်သေအဖြစ် ဆောင်ရွက်လျှင်လည်းကောင်း လျှော့ပေါ့သည့်ပြစ် ဒဏ်ခံစားရမည်ဖြစ်သည်။
အဂတိလိုက်စားမှုကို စုံစမ်းဖော်ထုတ်ရန်အတွက် အသွင်ယူဖမ်းဆီးရန် ဥပဒေတွင် ဖော်ပြမထား သည်ကိုတွေ့ရသည်။ အသွင်ယူဖမ်းဆီးရန်လိုအပ်ပါက မည်ကဲ့သို့ဆောင်ရွက်သင့်ကြောင်း ဖော်ပြထား သင့်သည်။ အဂတိလိုက်စားမှု ကျော်ဇောသတင်းနှင့် ပတ်သက်၍ ကော်မရှင်အဖွဲ့ဝင်ဦးရေ၏ (၃) ပုံ (၂) ပုံမှ လက်ခံဆုံးဖြတ်မှသာလျှင် တိုင်တန်းချက်အဖြစ် ပြောင်းလဲဆောင်ရွက်နိုင်ကြောင်းသိရသည်။ လက်ရှိတွင် ကော်မရှင်ဥက္ကဋ္ဌအပါအဝင် (၁၅) ဦးရှိသည့်အတွက် (၃) ပုံ (၂) ပုံအစား ထက်ဝက်ကျော်ဟု ပြောင်းလဲလိုက်လျှင် ပျံ့နှံ့၍ သံသယမကင်းသော ကျော်ဇော သတင်းများကို လျင်မြန်စွာကိုင်တွယ်နိုင် မည်ဖြစ်သည်။
တရားစီရင်ရေးစနစ်၏ အရေးကြီးဆုံးသော လုပ်ငန်းဆောင်တာတစ်ခုမှာ ၎င်းတည်ရှိနေသော လူ့အဖွဲ့အစည်းကို တရားမျှတစွာ လည်ပတ်လုပ်ဆောင်နိုင်ရန် ဥပဒေများကို ပြဋ္ဌာန်းခြင်းဖြစ်သည်။ လူ့အဖွဲ့အစည်းသည် အစဉ်တိုးတက်ပြောင်းလဲနေ သောကြောင့် ထိုလူ့အဖွဲ့အစည်းအပေါ်မှီတည်ပြဋ္ဌာန်း ထားသော တရားရေးစနစ်နှင့်ဥပဒေများသည် ခေတ် ကာလနှင့် လျော်ညီမှုရှိနေရန်လိုအပ်သည်။ ထို့ ကြောင့် နိုင်ငံတကာ၊ ဒေသတွင်း၊ ပြည်တွင်း အခြေ အနေများအပေါ် အမြဲမပြတ်သုံးသပ်တိုက်ဆိုင်စစ် ဆေးပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေအကို အမြဲအဆင့်မြှင့်တင်နေရမည်ဖြစ်သည်။
သွင်ပြင်လက္ခဏာသည် စိတ်ခွန်အားကိုဖော် ဆောင်သည်ဟူသည့်စကားအတိုင်း အဂတိ လိုက် စားမှု တိုက်ဖျက်ရေးကော်မရှင် လက်အောက်ရှိ ဝန်ထမ်းများအနေဖြင့် ရဲဝံ့တတ်ကြွသောပုံသဏ္ဌာန် ရှိမည့်ဝတ် စားဆင်ယင်မှုပြောင်းလဲရမည်။ အမျိုးသားဝတ်စုံ တိုက်ပုံချည်းပဲမဟုတ် သွက်လပ်ပေါ့ပါး သော နက်ကတိုင်၊ အင်္ကျီလက်ရှည်၊ waistcoat ၊ စပို့ရှပ်နှင့် ဘောင်းဘီရှည် စသည်တို့ကိုလည်း ဝတ်ဆင်သင့်သည်။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဝန်ထမ်း များ၏သွင်ပြင်ကို အဂတိကျူးလွန် သူများက ကြောက်ရွံ့နေရမည်ဖြစ်သည်။ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်၏ မူလအစဖြစ် သော (၂၃-၁၂-၁၉၄၇)ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သည့် ပြည်သူ့ ထောက်ပံ့ရေးပစ္စည်းများ ခိုးယူခြင်း မှကာကွယ်သည့် ကော်မတီ (Civil Supplies Thefts Preventive Committee)ကိုဖွဲ့စည်းပြီးနောက် ဆက်လက်၍ ပြည်သူပိုင်ပစ္စည်း ကာကွယ်ရေးကော်မတီ (Public Property Protection Committee) နှင့် ပြည်သူ ပိုင်ပစ္စည်း ကာကွယ်ရေးရဲအဖွဲ့ (Public Property Protection Police-P4) တို့ကိုဖွဲ့စည်း ခဲ့ပြီး စုံစမ်း စစ်ဆေးရေးများကို ဆောင်ရွက်ခဲ့ကြောင်းသိရသည်။ ထိုအချိန်က ကော်မတီသည် ကိုယ်ပိုင် ရဲတပ်ဖွဲ့ဖြင့် ဆောင်ရွက်နိုင်ခဲ့သလို ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်တွင် အဂတိလိုက်စားမှု တိုက် ဖျက်ရေးတပ်ဖွဲ့ ထပ်မံဖွဲ့စည်း၍လည်းကောင်း အခြားတပ်ဖွဲ့၏ တပ်ဖွဲ့ခွဲဖြစ်လည်းကောင်း ဖွဲ့စည်း၍ အဂတိ မှုများအတွက် သီးခြား ပိုမိုထိရောက်စွာဆောင်ရွက်နိုင်ပါ သည်။ လက်ရှိအချိန်တွင် ငွေကြေး ဆိုင်ရာ မှုခင်းတား ဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့နှင့် အဂတိလိုက်စားမှုတိုက် ဖျက်ရေးကော်မရှင်တို့ပူးပေါင်း ဆောင်ရွက်နေမည်ဟု ယူဆရသည်။
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး ခွဲများအနေဖြင့် နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ မော်လမြိုင် စသည့်နေရာ (၅)ခုတွင် ဖွင့်လှစ်ထားပြီး အရာထမ်း (၂၂၆) ဦး၊ အမှုထမ်း (၆၁၃) ဦး စုစုပေါင်း(၈၃၉)ဦးဖြင့် လည်ပတ်နေ ကြောင်းသိရသည်။ မြန်မာနိုင်ငံအောက်ပိုင်းအတွက် တနင်္သာ ရီ(မြိတ်)နှင့် မြန်မာနိုင်ငံအထက်ပိုင်းအတွက် (ဗန်းမော်) ထပ်မံတိုးချဲ့ဖွင့်လှစ်ပါက ပိုမိုကောင်းမွန် သည့် အခြေအနေရှိသည်။ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သည် အဂတိလိုက်စားမှု တိုက်ဖျက်ရေး နည်းဥပဒေ ပုဒ်မ (၃၃)နှင့် (၃၅)အရ လုပ်ငန်းကော်မတီနှင့် လုပ်ငန်းအဖွဲ့များဖွဲ့စည်းထားရာ လက်ရှိတွင် မူဝါဒရေးရာလုပ်ငန်းကော်မတီ၊ နိုင်ငံတကာရေးရာနှင့်လူ့စွမ်းအားအရင်းအမြစ် စီမံခန့်ခွဲမှုလုပ်ငန်း ကော်မတီ၊ ဥပဒေရေးရာလုပ်ငန်း ကော်မ တီ၊ တိုင်ကြားစာစိစစ်သုံးသပ်ရေးလုပ်ငန်း ကော်မတီ၊ ဝန်ထမ်းရေးရာ၊ စည်းကမ်းထိန်းသိမ်းရေးနှင့်လုံခြုံ ရေးလုပ်ငန်းကော်မတီ၊ ပညာပေးရေးနှင့် ပြည်သူ့ ဆက်ဆံရေးလုပ်ငန်းကော်မတီဟူ၍ လုပ်ငန်း ကော်မတီ(၆)ခုရှိကြောင်းဖော်ပြထားသည်။ ထို့ပြင် နိုင်ငံ တကာရေးရာဌာနခွဲ၊ တားဆီကာကွယ်ရေးဌာနခွဲ၊ ကော်မရှင်ရုံးဟူ၍ ဦးစီးဌာန(၃)ခုရှိကြောင်းတွေ့ရ သည်။ ပြည်ထောင်စုအစိုးရဝန်ကြီးဌာနများ၊ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့များတွင် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့(Corruption Prevention Unit-CPU) (၅၁) ဖွဲ့ ဖွဲ့စည်းထားပြီး ဌာနများအတွင်း အဂတိလိုက်စားမှုပြဿနာများကို စိစစ်ဖော်ထုတ် ရန်၊ လာဘ်ပေးလာဘ်ယူပြဿနာများကို CPU များက ဌာနဆိုင်ရာဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများ နှင့် အညီ ဖြေရှင်းရန်နှင့် ကြီးမားသောပြဿနာများကို ကော်မရှင်သို့ လွှဲပြောင်းပေးပို့ရန်နှင့် အဂတိလိုက်စား မှုဘေးအန္တရာယ်ဖြစ်နိုင်ခြေရှိသော ဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်း၊ အမိန့်နှင့်ညွှန်ကြား ချက်များကို အကဲဖြတ်သုံးသပ်ပြီး ပြုပြင်ပြောင်းလဲ ရေးဆွဲပေးရန်အတွက် ရည်ရွယ်ဖွဲ့စည်းထားကြောင်း သိရသည်။
လုပ်ငန်းကော်မတီများနှင့် ဦးစီးဌာနများကို လေ့လာရာတွင် အချို့ကော်မတီများသည် လုပ်ငန်း တာဝန် သဘောတရားများတူညီမှုရှိခြင်း၊ ကော်မရှင်၏မူလတာဝန်များကို ဖော်ဆောင်ရန်လိုအပ်သည့် လုပ်ငန်းကော်မတီအချို့လစ်လပ်နေလျက်ရှိကြောင်း သတိပြုမိသည်။ ထို့ကြောင့် ကော်မတီများကို ကျစ် ကျစ်လျစ်လျစ်ဖွဲ့စည်းကာ စွမ်းဆောင်ရည် ပိုမိုကောင်းမွန်လာစေရန် ပြောင်းလဲလုပ်ဆောင်လျှင် ပိုမိုသင့် တော်နိုင်မည်ဖြစ်ကြောင်းသုံးသပ်ရသည်။ အဂတိ လိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့(CPU)၏ ဥက္ကဋ္ဌ သည် ညွန်ကြားရေးမှူးချုပ်ဖြစ်ပြီး ညွှန်ကြားရေးမှူးနှင့် ရုံးအဖွဲ့မှူးသည် အဖွဲ့ဝင်ဖြစ်သည်။ အဂတိ လိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့(CPU)၏ ဆောင်ရွက်မှုများကိုလည်း ပြည်သူလူထုသိရှိနိုင်ရန် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှဖြစ်စေ၊ သက်ဆိုင်ရာဝန်ကြီးဌာနမှဖြစ်စေ နှစ်စဉ်အစီရင်ခံ စာ ထုတ်ပြန်သင့်သည်။ ထို့ပြင် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့(CPU)၏ ဆုံးဖြတ်ချက်များ နှင့် လုပ်ဆောင်ချက်များတွင် အဂတိကင်းရှင်းမှု ရှိ/မရှိ စောင့်ကြည့်ထိန်းသိမ်းရန်လိုအပ်သည်။
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် အနေဖြင့် ပြည်သူ၏ယုံကြည်ကိုးစားမှုရရှိရန်နှင့် ပိုမို ပွင့်လင်းမြင်သာမှုရှိစေရန် ဖမ်းဆီးအရေးယူနေသော၊ အရေးယူခဲ့သောအမှုများ၏အချက်အလက်များကို ကော်မရှင်၏ အင်တာနက်စာမျက်နှာများပေါ်တွင် ကျူးလွန်သည့်တရားခံ၊ ရုံးထုတ်စစ်ဆေးမည့်နေရာ၊ ကာလ၊ သိမ်းဆည်းရရှိမှု၊ ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်း ဆည်းထားသည့် ငွေကြေး၊ ပစ္စည်းများကို အစိုးရ အဖွဲ့ မည်သည့်ဌာနသို့လွှဲပြောင်းပြီးကြောင်း စသည့် ပြည် သူလူထုသိရှိနိုင်သည့်အချက်အလက်များကို ဖော်ပြပေးရမည်။ အချို့သောကော်မရှင်ရုံးခွဲများ၏ ထုတ်ပြန်ချက်များတွင် တိုင်းရင်းသားလူမျိုးများ နားလည်စေရန် တိုင်းရင်းသားဘာသာစကားနှင့် ဖော်ပြခြင်းမျိုး ဆောင်ရွက်ရမည်။
၄။ ဓလေ့ထုံးတမ်းများကို လိုက်လျောညီထွေဖြစ် စေခြင်း။ (၂၀၁၄)ခုနှစ် မတ်လ (၁၂) ရက်နေ့တွင် ထုတ်ပြန်သည့် အစိုးရအဆင့်မြင့်အရာရှိကြီးများ လက်ဆောင်အဖြစ် လက်ခံနိုင်တဲ့အများဆုံး တန်ဖိုး ပမာဏကိုကန့်သတ်တဲ့အမိန့်ကြေညာချက်တွင် တန်ဖိုးငွေ (၃) သိန်းထက်မပိုသောပစ္စည်းများကိုသာ လက်ဆောင်အဖြစ် လက်ခံနိုင်သည်ဟုဖော်ပြထားသည်။ ထို့ပြင် (၂၀၁၆) ခုနှစ် ဧပြီလ (၁) ရက်နေ့တွင် နိုင်ငံတော်သမ္မတရုံးမှထုတ်ပြန်သည့် “ လက်ဆောင်ပစ္စည်းလက်ခံခြင်းနှင့်ပတ်သက်သည့် လမ်းညွှန် ချက်” တွင် အစိုးရအဖွဲ့ဝင်များအနေဖြင့် မိမိရာထူးကြောင့် ပေးအပ်တယ်လို့ယူဆရသော အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များထံကနေပေးအပ်သည့် လက်ဆောင်ပစ္စည်းများကို လက်ခံခြင်းမပြုရဟု သတ်မှတ်ပြီး ကျန် ပုဂ္ဂိုလ် အဖွဲ့အစည်းများပေးပါက တစ်ကြိမ်ကို ကျပ်နှစ်သောင်းခွဲထက်မပိုဘဲ တစ်နှစ်အတွင်း ကျပ် တစ်သိန်းထက် မပိုသည့်လက်ဆောင်ပစ္စည်းများနှင့် အခါကြီးရက်ကြီးများတွင် ဂါရဝပြုပေးအပ်ပါက ကျပ် တစ်သိန်းထက်မပိုသော လက်ဆောင်ပစ္စည်းများကိုသာ ခြွင်းချက်အဖြစ် လက်ခံခွင့်ပြုကြောင်းပါရှိ သည်။ အမေရိကန်နိုင်ငံတွင် နိုင်ငံတော်အဆင့်ခရီးစဉ်များသွားရောက်ရသည့် ခေါင်းဆောင်များအား အ ခြားနိုင်ငံများမှပေးသည့်လက်ဆောင်ပစ္စည်းများကို U.S. Department of State's Office of Protocol တွင် မှတ်ပုံတင်ထားရှိပြီး လက်ဆောင်များကို National Archives and Records Administration (NARA) လက်အောက်ရှိ Presidential Libraries များတွင် ထိန်းသိမ်းထားရှိသည်။ ထို Libraries များကို ပြည်သူများဝင်ရောက်လည် ပတ်နိုင်သည့်အပြင် digital Libraries အဖြစ်ပါ ဆောင်ရွက်ထားခြင်း ကြောင့် အင်တာနက်မှ အလွယ်တကူလေ့လာနိုင်သည်။ NARA အနေဖြင့်လည်း နှစ်အလိုက် သမ္မတများ၊ ဝန်ကြီးများ၊ အခြားခေါင်းဆောင်များရရှိသည့် နှစ်စဉ်လက်ဆောင်ရရှိမှုအစီ ရင်ခံစာများကိုထုတ်ပြန် ရသည်။ ပြည်ထောင်စု ဥပဒေအရ လက်ဆောင်ရရှိသူသည် အမှတ်တရအဖြစ် ပြန်လည်သိမ်းဆည်း လိုပါက အဖိုးဖြတ်ငွေပြန်အမ်းပြီး ကိုယ်ပိုင်ပစ္စည်းအဖြစ်ယူနိုင်သည်။ မြန်မာ့ဓလေ့ အစဉ်လာဖြစ်သော အထက်အကြီးအကဲများအား ဂါရဝပြုခြင်းတွင် ရုံးဌာနများအနေဖြင့် တစ်ဦးချင်းဂါရဝပြုမှုကို ကန့်သတ် ရမည်။ ထိုမှသာ ရုံးဌာနအတွင်း ရာထူး/ အဆင့်တိုး၊ နေရာပြောင်းရွှေ့ခြင်းများအတွက် အဂတိလိုက်စားမှု များ လျှော့ချနိုင်မည်ဖြစ်သည်။
၅။ ပြည်သူလူထုအားပညာပေးခြင်းနှင့် ပိုမို ပါဝင်စေခြင်း။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော် မရှင်အနေဖြင့် ပြည်ထောင်စုဝန်ကြီးဌာနများ၊ နိုင်ငံ့ ဝန်ထမ်းတက္ကသိုလ်များ၊ တက္ကသိုလ်များ၊ အခြေခံ ပညာကျောင်းများအပြင် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်UMFCCI နှင့် အခြားအသင်းအဖွဲ့များတို့နှင့်လည်း တွေ့ဆုံပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် တားဆီးကာ ကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲများ ကျင်းပပေးလျက်ရှိနေသည်မှာ အားရကျေနပ်ဖွယ်ဖြစ် သည်။ ထိုသို့ဆောင်ရွက်မှုများအပြင် ISO 37001 on anti-bribery management systems ကဲ့သို့ ပြည်တွင်းတွင် လာဘ်ပေးလာဘ်ယူမှု တိုက်ဖျက်ရေးစီမံခန့်ခွဲမှုစနစ် တီထွင်ဖော်ဆောင်ကာ ကုမ္ပဏီ များကို အသိအမှတ်ပြုလက်မှတ်ထုတ်ပေးခြင်း၊ စနစ်ကို အသုံးပြုစေခြင်းများ ဆောင်ရွက်သင့်သည်။ ထို့ပြင် ထိုစနစ်အရဖြစ်စေ၊ အခြားသောစံနှုန်းသတ်မှတ်ချက်များအရဖြစ်စေ ဝန်ကြီးဌာနများနှင့်ကုမ္ပဏီ များ၏ နှစ်စဉ် အဂတိလိုက်စားမှုလျော့ပါးခြင်း အဆင့် သတ်မှတ်ချက်များထုတ်ပြန်၍ အသိအမှတ်ပြုပေး ရမည်ဖြစ်သည်။ အများပြည်သူထံမှ တုံ့ပြန်မှုရယူခြင်း အစီအစဉ်(Public Feedback Programme-PFP)အရ ‘1111’ သို့ SMS ပေးပို့၍မေးမြန်းခြင်း၊ တိုင်ကြားခြင်း၊ အကြံပြုချက်ပေးပို့ခြင်း ဆောင်ရွက် သည့် SMS ပေါင်း (၁၉၈၁၉)ရှိပြီး ပြည်သူမှ အများဆုံးပေးပို့ခဲ့သည့် ဝန်ကြီးဌာနမှာ ပြည်ထဲရေးဝန်ကြီး ဌာန ဖြစ်သကဲ့သို့ SMS ပေါင်း (၅၃၃၄၆) ပေးပို့ခဲ့ကြောင်း ကော်မရှင်၏ အင်တာနက်စာမျက်နှာတွင်ဖော် ပြထားသည်။ ယခုအချိန်တွင် “၁၁၁၁” သို့ SMS ပေးပို့မေးမြန်းမှုသည် ကော်မရှင်ရုံးခွဲနှင့် CPU အဖွဲ့ များရှိ Data Entry Office(DEO) နှင့်ချိတ်ဆက်၍ ဝန်ဆောင်မှုများရယူလိုသောပြည်သူများ၏ ဖုန်းနံ ပါတ်များကို System အတွင်းသို့ ထည့်သွင်းမှသာ ပေးပို့နိုင်ခြင်းဖြစ်သေးသော်လည်း မကြာမီအတောအ တွင်း ပြည်သူအားလုံး ထိုဝန်ဆောင် မှုကိုရရှိလာမည်ဟု သုံးသပ်ရပါသည်။ ထို့ပြင် အဂတိလိုက်စားမှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုတို့တွင် သတင်းမီဒီယာများကိုခွင့်ပြုနိုင်သည့် လုပ်ငန်းစဉ်အချို့တို့တွင် ပါဝင် ခွင့် ပြုခြင်းဖြင့် ပြည်သူတစ်ရပ်လုံးပိုမို ပူးပေါင်းပါဝင်လာနိုင်သည်။ ယူကရိန်းနိုင်ငံတွင် လာဘ်စားမှု ကြောင့် နာမည်ကျော်သည့် သမ္မတဟောင်း ဗစ်တာရာနုကို ဗစ်(၂၀၁၀-၂၀၁၄)သည် (၂၀၁၄)ခုနှစ်တွင် ယူကရိန်းနိုင်ငံမှထွက်ပြေးရပြီးနောက် ၎င်း၏ အိမ်နှင့်ခြံ ဝန်းကျယ်ကြီးကို ယူကရိန်းအစိုးရက အကျင့် ပျက်ခြစားမှုပြတိုက်အဖြစ်ပြောင်းလဲကာ ပြည်သူများကိုပြသ ထားသည်။ ထိုကဲ့သို့ ဆောင်ရွက်ခြင်းမျိုး သည်လည်း အဂတိလိုက်စားမှုကို ဟန့်တားနိုင်သည်။
လူသည် လောဘနှင့်အတ္တသားကောင်ဖြစ်သောကြောင့် ဤကမ္ဘာမြေပေါ်မှ အဂတိလိုက်စားမှု သည် ပပျောက်သွားမည်မဟုတ်ပါ။ လောဘကြောင့်ပြု လုပ်သည့် အဂတိတရားများ ဆိတ်သုဉ်းသွားလျှင် ပင် ဆန္ဒာဂတိ၊ ဒေါသာဂတိ၊ မောဟဂတိ၊ ဘယာဂတိ စ သည့် အဂတိတရား (၄) ပါး ကျန်ရှိနေဦးမည်ဖြစ် သည်။ သို့သော်လည်း မိမိတို့နိုင်ငံကဲ့သို့ တိုးတက်မှုနောက် ကျနေသောနိုင်ငံအနေဖြင့် ဆူးညှောင့်ခလုတ်သဖွယ်ဖြစ်သော အဂတိ လိုက်စားမှုကို နည်းနိုင်သမျှနည်း သည့်အနေအထားမှ လုံးဝလက်မခံသည့် အနေအထားသို့ အမြန်ဆုံးရောက်ရှိလာရန်လိုအပ်သည်။ ထို့ကြောင့် ပြည်သူများတောင်းဆိုနေကြသော လွတ်သည့်ငါးများမကြီးရအောင် အကြံပြုဖော်ပြလိုက်ရ သည်။ (စကားချပ်- အချက်အလက်များ၊ ကိန်းဂဏန်း များသည် အင်တာနက်စာမျက်နှာပေါ်များမှ ရှာဖွေစု ဆောင်းထားရသဖြင့် ကွဲလွဲမှုအချို့ ရှိနိုင်ပါသည်။)
zawgyi version
လြတ္တဲ့ငါး မႀကီးရေအာင္ (အပိုင္း - ၂)
ၿဖိဳးေဝလင္း(ပုသိမ္)(NP News) - စက္တင္ဘာ ၁၃
ျမန္မာႏိုင္ငံ၏ အဂတိလိုက္စားမႈတိုက္ဖ်က္ေရး ဥပေဒအရ ျပစ္ဒဏ္မ်ားသတ္မွတ္ရာတြင္ တာဝန္ ထမ္းေဆာင္မႈအေပၚအေျခခံ၍ သတ္မွတ္ထားသည္ ကိုေတြ႕ရပါသည္။ ပုဒ္မ (၅၅)တြင္ ႏိုင္ငံေရး ရာထူး လက္ရွိျဖစ္သူ (သို႔) ျဖစ္ခဲ့သူ အဂတိမႈက်ဴးလြန္ပါက (၁၅)ႏွစ္ထက္မပိုေသာေထာင္ဒဏ္ႏွင့္ ေငြဒဏ္၊ ပုဒ္မ (၅၆) တြင္ လုပ္ပိုင္ခြင့္အာဏာရွိသူ (သို႔) ရွိခဲ့သူ (၁၀)ႏွစ္ထက္မပိုေသာေထာင္ဒဏ္ႏွင့္ ေငြဒဏ္၊ ပုဒ္မ(၅၇)တြင္ ႏိုင္ငံေရးရာထူးလက္ရွိျဖစ္သူႏွင့္ လုပ္ပိုင္ခြင့္ အာဏာရွိသူမဟုတ္ေသာ အျခား ပုဂၢိဳလ္မ်ား အဂတိမႈက်ဴးလြန္ပါက (၇)ႏွစ္ထက္မပိုေသာ ေထာင္ဒဏ္ႏွင့္ ေငြဒဏ္၊ ပုဒ္မ (၅၈)တြင္ အဂတိ လိုက္စားမႈႏွင့္သက္ဆိုင္သည့္ ေငြေၾကး၊ ပစၥည္းမ်ားကို ဖုံးကြယ္၊ ေဖ်ာက္ဖ်က္၊ လႊဲေျပာင္း၊ ေျပာင္းလဲျခင္းျပဳပါက (၅)ႏွစ္ထက္မပိုေသာေထာင္ဒဏ္ႏွင့္ ေငြဒဏ္ ခ်မွတ္မည္ဟုေဖာ္ျပထားသည္။ အထက္ပါ ျပစ္ဒဏ္မ်ားကို ေလ့လာျခင္းျဖင့္ ဥပေဒသည္ ထာဝန္ထမ္းေဆာင္သည့္ရာထူး/ အဆင့္ေပၚ မူတည္၍ ခြဲျခားထားသည္ ကိုေတြ႕ႏိုင္သည္။ ထိုအခါ ဝန္ႀကီးတစ္ဦးသည္ သိန္းတစ္ေထာင္ လာဘ္စား သျဖင့္ ေထာင္ (၁၅) ႏွစ္ က်ေသာ္လည္း ၫႊန္မႉးတစ္ဦးမွာ သိန္းေသာင္းခ်ီ လာဘ္စားေသာ္လည္း အမ်ားဆုံး (၁၀) ႏွစ္ခန႔္သာ က်ႏိုင္သည္။ ထို႔ေၾကာင့္ အဂတိလိုက္စားမႈတိုက္ဖ်က္ေရး နည္းဥပေဒတြင္ အဂတိလိုက္စားသည့္ ေငြပမာဏ၊ အႀကိမ္အေရအတြက္၊ ထိခိုက္နစ္နာသူ စသကဲ့သို႔ေသာ အျခားေသာ စံႏႈန္းမ်ားထည့္သြင္းရန္ လိုအပ္ပါသည္။ ထိုအခ်က္မ်ားကိုအေျခခံ၍ အဂတိ အမႈအ႐ြယ္အစားကိုလည္း သတ္မွတ္ရမည္။
ထို႔ေၾကာင့္ ေဖာ္ျပပါစံႏႈန္းမ်ားတြင္ (၁) မွတ္မွ (၄) မွတ္အထိ သတ္မွတ္ထားေသာ အမွတ္ေပး စနစ္ျဖင့္ အမွတ္မ်ားကိုစုေပါင္းကာ ထိုက္သင့္ေသာျပစ္ဒဏ္ကို ခ်မွတ္ရမည္ျဖစ္သည္။ ဥပမာ အဂတိ လိုက္ စားသည့္ ေငြေၾကးပမာဏတြင္ ဇယားကြက္ပါ ေငြေၾကးပမာဏအတိုင္း ခြဲျခားၿပီး သိန္း (၁၀ဝဝ)ႏွင့္ အထက္ အဂတိလိုက္စားသူကို (၄) မွတ္ေပး၍ တစ္သိန္းခြဲ အဂတိလိုက္စားသူကို တစ္မွတ္ေပးရမည္။ အဂတိလိုက္စားသည့္ကာလ တြက္ခ်က္ရာတြင္လည္း စတင္လိုက္စားခဲ့သည့္အခ်ိန္မွဖမ္းမိခဲ့သည့္ အခ်ိန္ ၾကာျမင့္ပါက (၄)မွတ္ေပးၿပီး (၆) လေအာက္ဆိုပါက တစ္မွတ္သာေပးရမည္။ ထိုအခါ အခ်ိန္ၾကာျမင့္ ပါက ပိုမိုျပစ္ဒဏ္က်မည္ကိုသိရွိၿပီး ၾကာရွည္စြာ လာဘ္စားျခင္းကို ထိန္းသိမ္းႏိုင္မည္ျဖစ္သည္။ ထိခိုက္ နစ္နာသူစံႏႈန္းတြက္ခ်က္ရာတြင္ ႏိုင္ငံေတာ္၊ ျပည္သူ၊ အဖြဲ႕အစည္း၊ ပုဂၢလိကတို႔ကို ထည့္သြင္းတြက္ခ်က္ ရ မည္။ ထို႔သို႔တြက္ခ်က္ရာတြင္ အဂတိလိုက္စားမႈ ေၾကာင့္ နစ္နာသူမိသားစု စီးပြားပ်က္ယြင္းျခင္း၊ အသက္ေသဆုံးျခင္း၊ ကိုယ္လက္အဂၤါဆုံးရႈံးျခင္း၊ စိတ္ ပိုင္းဆိုင္ရာေရာဂါခံစားရျခင္းတို႔ကို ထည့္သြင္း စဥ္းစားရန္ လိုသည္။ နစ္နာသူမိသားစု၏ဆုံးရႈံးမႈကို အဂတိ လိုက္စားသူထံမွ သိမ္းဆည္းရမိသည့္ ေငြေၾကးမ်ားထဲ မွ ရာခိုင္ႏႈန္းတစ္ခုသတ္မွတ္၍ ျပန္လည္ေပးအပ္ရမည္။
ျပစ္ဒဏ္စီရင္ျခင္းအပိုင္းတြင္ တ႐ုတ္၊ ဗီယက္ နမ္၊ ထိုင္း၊ အင္ဒိုနီးရွား၊ ေမာ္႐ိုကိုႏိုင္ငံမ်ားတြင္ အဂတိလိုက္စားမႈအတြက္ ေသဒဏ္မ်ားပင္ေပးအပ္ လ်က္ရွိရာ ျမန္မာႏိုင္ငံ၏ျပစ္ဒဏ္ (၁၅)ႏွစ္ ေထာင္ ဒဏ္ဆိုသည္မွာ အဂတိလိုက္စားသူမ်ားအတြက္ ေၾကာက္႐ြံ႕ဖြယ္မဟုတ္ေသာ ပမာဏပင္ျဖစ္သည္။ လာဘ္ယူသူကိုသာမဟုတ္ လာဘ္ေပးသူကိုလည္း အေရးယူႏိုင္မည့္အခ်က္ကို ထည့္သြင္းေရးဆြဲရ မည္။ ထပ္တူနီးပါးက်ေသာျပစ္ဒဏ္ေပးမည္။ ႁခြင္းခ်က္အေနျဖင့္ ၿခိမ္းေျခာက္မႈေၾကာင့္ျဖစ္လွ်င္လည္း ေကာင္း၊ လာဘ္ေပးသူသည္ အစိုးရသက္ေသအျဖစ္ ေဆာင္႐ြက္လွ်င္လည္းေကာင္း ေလွ်ာ့ေပါ့သည့္ျပစ္ ဒဏ္ခံစားရမည္ျဖစ္သည္။
အဂတိလိုက္စားမႈကို စုံစမ္းေဖာ္ထုတ္ရန္အတြက္ အသြင္ယူဖမ္းဆီးရန္ ဥပေဒတြင္ ေဖာ္ျပမထား သည္ကိုေတြ႕ရသည္။ အသြင္ယူဖမ္းဆီးရန္လိုအပ္ပါက မည္ကဲ့သို႔ေဆာင္႐ြက္သင့္ေၾကာင္း ေဖာ္ျပထား သင့္သည္။ အဂတိလိုက္စားမႈ ေက်ာ္ေဇာသတင္းႏွင့္ ပတ္သက္၍ ေကာ္မရွင္အဖြဲ႕ဝင္ဦးေရ၏ (၃) ပုံ (၂) ပုံမွ လက္ခံဆုံးျဖတ္မွသာလွ်င္ တိုင္တန္းခ်က္အျဖစ္ ေျပာင္းလဲေဆာင္႐ြက္ႏိုင္ေၾကာင္းသိရသည္။ လက္ရွိတြင္ ေကာ္မရွင္ဥကၠ႒အပါအဝင္ (၁၅) ဦးရွိသည့္အတြက္ (၃) ပုံ (၂) ပုံအစား ထက္ဝက္ေက်ာ္ဟု ေျပာင္းလဲလိုက္လွ်င္ ပ်ံ႕ႏွံ႔၍ သံသယမကင္းေသာ ေက်ာ္ေဇာ သတင္းမ်ားကို လ်င္ျမန္စြာကိုင္တြယ္ႏိုင္ မည္ျဖစ္သည္။
တရားစီရင္ေရးစနစ္၏ အေရးႀကီးဆုံးေသာ လုပ္ငန္းေဆာင္တာတစ္ခုမွာ ၎တည္ရွိေနေသာ လူ႔အဖြဲ႕အစည္းကို တရားမွ်တစြာ လည္ပတ္လုပ္ေဆာင္ႏိုင္ရန္ ဥပေဒမ်ားကို ျပ႒ာန္းျခင္းျဖစ္သည္။ လူ႔အဖြဲ႕အစည္းသည္ အစဥ္တိုးတက္ေျပာင္းလဲေန ေသာေၾကာင့္ ထိုလူ႔အဖြဲ႕အစည္းအေပၚမွီတည္ျပ႒ာန္း ထားေသာ တရားေရးစနစ္ႏွင့္ဥပေဒမ်ားသည္ ေခတ္ ကာလႏွင့္ ေလ်ာ္ညီမႈရွိေနရန္လိုအပ္သည္။ ထို႔ ေၾကာင့္ ႏိုင္ငံတကာ၊ ေဒသတြင္း၊ ျပည္တြင္း အေျခ အေနမ်ားအေပၚ အၿမဲမျပတ္သုံးသပ္တိုက္ဆိုင္စစ္ ေဆးၿပီး အဂတိလိုက္စားမႈတိုက္ဖ်က္ေရး ဥပေဒအကို အၿမဲအဆင့္ျမႇင့္တင္ေနရမည္ျဖစ္သည္။
သြင္ျပင္လကၡဏာသည္ စိတ္ခြန္အားကိုေဖာ္ ေဆာင္သည္ဟူသည့္စကားအတိုင္း အဂတိ လိုက္ စားမႈ တိုက္ဖ်က္ေရးေကာ္မရွင္ လက္ေအာက္ရွိ ဝန္ထမ္းမ်ားအေနျဖင့္ ရဲဝံ့တတ္ႂကြေသာပုံသဏၭာန္ ရွိမည့္ဝတ္ စားဆင္ယင္မႈေျပာင္းလဲရမည္။ အမ်ိဳးသားဝတ္စုံ တိုက္ပုံခ်ည္းပဲမဟုတ္ သြက္လပ္ေပါ့ပါး ေသာ နက္ကတိုင္၊ အက်ႌလက္ရွည္၊ waistcoat ၊ စပို႔ရွပ္ႏွင့္ ေဘာင္းဘီရွည္ စသည္တို႔ကိုလည္း ဝတ္ဆင္သင့္သည္။ အဂတိလိုက္စားမႈတိုက္ဖ်က္ေရးဝန္ထမ္း မ်ား၏သြင္ျပင္ကို အဂတိက်ဴးလြန္ သူမ်ားက ေၾကာက္႐ြံ႕ေနရမည္ျဖစ္သည္။ အဂတိလိုက္စားမႈတိုက္ဖ်က္ေရး ေကာ္မရွင္၏ မူလအစျဖစ္ ေသာ (၂၃-၁၂-၁၉၄၇)ခုႏွစ္တြင္ စတင္ဖြဲ႕စည္းခဲ့သည့္ ျပည္သူ႔ ေထာက္ပံ့ေရးပစၥည္းမ်ား ခိုးယူျခင္း မွကာကြယ္သည့္ ေကာ္မတီ (Civil Supplies Thefts Preventive Committee)ကိုဖြဲ႕စည္းၿပီးေနာက္ ဆက္လက္၍ ျပည္သူပိုင္ပစၥည္း ကာကြယ္ေရးေကာ္မတီ (Public Property Protection Committee) ႏွင့္ ျပည္သူ ပိုင္ပစၥည္း ကာကြယ္ေရးရဲအဖြဲ႕ (Public Property Protection Police-P4) တို႔ကိုဖြဲ႕စည္း ခဲ့ၿပီး စုံစမ္း စစ္ေဆးေရးမ်ားကို ေဆာင္႐ြက္ခဲ့ေၾကာင္းသိရသည္။ ထိုအခ်ိန္က ေကာ္မတီသည္ ကိုယ္ပိုင္ ရဲတပ္ဖြဲ႕ျဖင့္ ေဆာင္႐ြက္ႏိုင္ခဲ့သလို ျပည္ထဲေရးဝန္ႀကီးဌာန လက္ေအာက္တြင္ အဂတိလိုက္စားမႈ တိုက္ ဖ်က္ေရးတပ္ဖြဲ႕ ထပ္မံဖြဲ႕စည္း၍လည္းေကာင္း အျခားတပ္ဖြဲ႕၏ တပ္ဖြဲ႕ခြဲျဖစ္လည္းေကာင္း ဖြဲ႕စည္း၍ အဂတိ မႈမ်ားအတြက္ သီးျခား ပိုမိုထိေရာက္စြာေဆာင္႐ြက္ႏိုင္ပါ သည္။ လက္ရွိအခ်ိန္တြင္ ေငြေၾကး ဆိုင္ရာ မႈခင္းတား ဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕ႏွင့္ အဂတိလိုက္စားမႈတိုက္ ဖ်က္ေရးေကာ္မရွင္တို႔ပူးေပါင္း ေဆာင္႐ြက္ေနမည္ဟု ယူဆရသည္။
အဂတိလိုက္စားမႈတိုက္ဖ်က္ေရးေကာ္မရွင္႐ုံး ခြဲမ်ားအေနျဖင့္ ေနျပည္ေတာ္၊ ရန္ကုန္၊ မႏၲေလး၊ ေတာင္ႀကီး၊ ေမာ္လၿမိဳင္ စသည့္ေနရာ (၅)ခုတြင္ ဖြင့္လွစ္ထားၿပီး အရာထမ္း (၂၂၆) ဦး၊ အမႈထမ္း (၆၁၃) ဦး စုစုေပါင္း(၈၃၉)ဦးျဖင့္ လည္ပတ္ေန ေၾကာင္းသိရသည္။ ျမန္မာႏိုင္ငံေအာက္ပိုင္းအတြက္ တနသၤာ ရီ(ၿမိတ္)ႏွင့္ ျမန္မာႏိုင္ငံအထက္ပိုင္းအတြက္ (ဗန္းေမာ္) ထပ္မံတိုးခ်ဲ႕ဖြင့္လွစ္ပါက ပိုမိုေကာင္းမြန္ သည့္ အေျခအေနရွိသည္။ အဂတိလိုက္စားမႈ တိုက္ဖ်က္ေရးေကာ္မရွင္သည္ အဂတိလိုက္စားမႈ တိုက္ဖ်က္ေရး နည္းဥပေဒ ပုဒ္မ (၃၃)ႏွင့္ (၃၅)အရ လုပ္ငန္းေကာ္မတီႏွင့္ လုပ္ငန္းအဖြဲ႕မ်ားဖြဲ႕စည္းထားရာ လက္ရွိတြင္ မူဝါဒေရးရာလုပ္ငန္းေကာ္မတီ၊ ႏိုင္ငံတကာေရးရာႏွင့္လူ႔စြမ္းအားအရင္းအျမစ္ စီမံခန႔္ခြဲမႈလုပ္ငန္း ေကာ္မတီ၊ ဥပေဒေရးရာလုပ္ငန္း ေကာ္မ တီ၊ တိုင္ၾကားစာစိစစ္သုံးသပ္ေရးလုပ္ငန္း ေကာ္မတီ၊ ဝန္ထမ္းေရးရာ၊ စည္းကမ္းထိန္းသိမ္းေရးႏွင့္လုံၿခဳံ ေရးလုပ္ငန္းေကာ္မတီ၊ ပညာေပးေရးႏွင့္ ျပည္သူ႔ ဆက္ဆံေရးလုပ္ငန္းေကာ္မတီဟူ၍ လုပ္ငန္း ေကာ္မတီ(၆)ခုရွိေၾကာင္းေဖာ္ျပထားသည္။ ထို႔ျပင္ ႏိုင္ငံ တကာေရးရာဌာနခြဲ၊ တားဆီကာကြယ္ေရးဌာနခြဲ၊ ေကာ္မရွင္႐ုံးဟူ၍ ဦးစီးဌာန(၃)ခုရွိေၾကာင္းေတြ႕ရ သည္။ ျပည္ေထာင္စုအစိုးရဝန္ႀကီးဌာနမ်ား၊ ျပည္ေထာင္စုအဆင့္အဖြဲ႕အစည္းမ်ား၊ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္ အစိုးရအဖြဲ႕မ်ားတြင္ အဂတိလိုက္စားမႈ တားဆီးကာကြယ္ေရးအဖြဲ႕(Corruption Prevention Unit-CPU) (၅၁) ဖြဲ႕ ဖြဲ႕စည္းထားၿပီး ဌာနမ်ားအတြင္း အဂတိလိုက္စားမႈျပႆနာမ်ားကို စိစစ္ေဖာ္ထုတ္ ရန္၊ လာဘ္ေပးလာဘ္ယူျပႆနာမ်ားကို CPU မ်ားက ဌာနဆိုင္ရာဥပေဒ၊ စည္းမ်ဥ္း၊ စည္းကမ္းမ်ား ႏွင့္ အညီ ေျဖရွင္းရန္ႏွင့္ ႀကီးမားေသာျပႆနာမ်ားကို ေကာ္မရွင္သို႔ လႊဲေျပာင္းေပးပို႔ရန္ႏွင့္ အဂတိလိုက္စား မႈေဘးအႏၲရာယ္ျဖစ္ႏိုင္ေျခရွိေသာ ဥပေဒ၊ စည္းမ်ဥ္းစည္းကမ္း၊ လုပ္ထုံးလုပ္နည္း၊ အမိန႔္ႏွင့္ၫႊန္ၾကား ခ်က္မ်ားကို အကဲျဖတ္သုံးသပ္ၿပီး ျပဳျပင္ေျပာင္းလဲ ေရးဆြဲေပးရန္အတြက္ ရည္႐ြယ္ဖြဲ႕စည္းထားေၾကာင္း သိရသည္။
လုပ္ငန္းေကာ္မတီမ်ားႏွင့္ ဦးစီးဌာနမ်ားကို ေလ့လာရာတြင္ အခ်ိဳ႕ေကာ္မတီမ်ားသည္ လုပ္ငန္း တာဝန္ သေဘာတရားမ်ားတူညီမႈရွိျခင္း၊ ေကာ္မရွင္၏မူလတာဝန္မ်ားကို ေဖာ္ေဆာင္ရန္လိုအပ္သည့္ လုပ္ငန္းေကာ္မတီအခ်ိဳ႕လစ္လပ္ေနလ်က္ရွိေၾကာင္း သတိျပဳမိသည္။ ထို႔ေၾကာင့္ ေကာ္မတီမ်ားကို က်စ္ က်စ္လ်စ္လ်စ္ဖြဲ႕စည္းကာ စြမ္းေဆာင္ရည္ ပိုမိုေကာင္းမြန္လာေစရန္ ေျပာင္းလဲလုပ္ေဆာင္လွ်င္ ပိုမိုသင့္ ေတာ္ႏိုင္မည္ျဖစ္ေၾကာင္းသုံးသပ္ရသည္။ အဂတိ လိုက္စားမႈတားဆီးကာကြယ္ေရးအဖြဲ႕(CPU)၏ ဥကၠ႒ သည္ ၫြန္ၾကားေရးမႉးခ်ဳပ္ျဖစ္ၿပီး ၫႊန္ၾကားေရးမႉးႏွင့္ ႐ုံးအဖြဲ႕မႉးသည္ အဖြဲ႕ဝင္ျဖစ္သည္။ အဂတိ လိုက္စားမႈတားဆီးကာကြယ္ေရးအဖြဲ႕(CPU)၏ ေဆာင္႐ြက္မႈမ်ားကိုလည္း ျပည္သူလူထုသိရွိႏိုင္ရန္ အဂတိလိုက္စားမႈတိုက္ဖ်က္ေရးေကာ္မရွင္မွျဖစ္ေစ၊ သက္ဆိုင္ရာဝန္ႀကီးဌာနမွျဖစ္ေစ ႏွစ္စဥ္အစီရင္ခံ စာ ထုတ္ျပန္သင့္သည္။ ထို႔ျပင္ အဂတိလိုက္စားမႈတားဆီးကာကြယ္ေရးအဖြဲ႕(CPU)၏ ဆုံးျဖတ္ခ်က္မ်ား ႏွင့္ လုပ္ေဆာင္ခ်က္မ်ားတြင္ အဂတိကင္းရွင္းမႈ ရွိ/မရွိ ေစာင့္ၾကည့္ထိန္းသိမ္းရန္လိုအပ္သည္။
အဂတိလိုက္စားမႈတိုက္ဖ်က္ေရးေကာ္မရွင္ အေနျဖင့္ ျပည္သူ၏ယုံၾကည္ကိုးစားမႈရရွိရန္ႏွင့္ ပိုမို ပြင့္လင္းျမင္သာမႈရွိေစရန္ ဖမ္းဆီးအေရးယူေနေသာ၊ အေရးယူခဲ့ေသာအမႈမ်ား၏အခ်က္အလက္မ်ားကို ေကာ္မရွင္၏ အင္တာနက္စာမ်က္ႏွာမ်ားေပၚတြင္ က်ဴးလြန္သည့္တရားခံ၊ ႐ုံးထုတ္စစ္ေဆးမည့္ေနရာ၊ ကာလ၊ သိမ္းဆည္းရရွိမႈ၊ ျပည္သူ႔ဘ႑ာအျဖစ္ သိမ္း ဆည္းထားသည့္ ေငြေၾကး၊ ပစၥည္းမ်ားကို အစိုးရ အဖြဲ႕ မည္သည့္ဌာနသို႔လႊဲေျပာင္းၿပီးေၾကာင္း စသည့္ ျပည္ သူလူထုသိရွိႏိုင္သည့္အခ်က္အလက္မ်ားကို ေဖာ္ျပေပးရမည္။ အခ်ိဳ႕ေသာေကာ္မရွင္႐ုံးခြဲမ်ား၏ ထုတ္ျပန္ခ်က္မ်ားတြင္ တိုင္းရင္းသားလူမ်ိဳးမ်ား နားလည္ေစရန္ တိုင္းရင္းသားဘာသာစကားႏွင့္ ေဖာ္ျပျခင္းမ်ိဳး ေဆာင္႐ြက္ရမည္။
၄။ ဓေလ့ထုံးတမ္းမ်ားကို လိုက္ေလ်ာညီေထြျဖစ္ ေစျခင္း။ (၂၀၁၄)ခုႏွစ္ မတ္လ (၁၂) ရက္ေန႔တြင္ ထုတ္ျပန္သည့္ အစိုးရအဆင့္ျမင့္အရာရွိႀကီးမ်ား လက္ေဆာင္အျဖစ္ လက္ခံႏိုင္တဲ့အမ်ားဆုံး တန္ဖိုး ပမာဏကိုကန႔္သတ္တဲ့အမိန႔္ေၾကညာခ်က္တြင္ တန္ဖိုးေငြ (၃) သိန္းထက္မပိုေသာပစၥည္းမ်ားကိုသာ လက္ေဆာင္အျဖစ္ လက္ခံႏိုင္သည္ဟုေဖာ္ျပထားသည္။ ထို႔ျပင္ (၂၀၁၆) ခုႏွစ္ ဧၿပီလ (၁) ရက္ေန႔တြင္ ႏိုင္ငံေတာ္သမၼတ႐ုံးမွထုတ္ျပန္သည့္ “ လက္ေဆာင္ပစၥည္းလက္ခံျခင္းႏွင့္ပတ္သက္သည့္ လမ္းၫႊန္ ခ်က္” တြင္ အစိုးရအဖြဲ႕ဝင္မ်ားအေနျဖင့္ မိမိရာထူးေၾကာင့္ ေပးအပ္တယ္လို႔ယူဆရေသာ အဖြဲ႕အစည္း၊ လူပုဂၢိဳလ္မ်ားထံကေနေပးအပ္သည့္ လက္ေဆာင္ပစၥည္းမ်ားကို လက္ခံျခင္းမျပဳရဟု သတ္မွတ္ၿပီး က်န္ ပုဂၢိဳလ္ အဖြဲ႕အစည္းမ်ားေပးပါက တစ္ႀကိမ္ကို က်ပ္ႏွစ္ေသာင္းခြဲထက္မပိုဘဲ တစ္ႏွစ္အတြင္း က်ပ္ တစ္သိန္းထက္ မပိုသည့္လက္ေဆာင္ပစၥည္းမ်ားႏွင့္ အခါႀကီးရက္ႀကီးမ်ားတြင္ ဂါရဝျပဳေပးအပ္ပါက က်ပ္ တစ္သိန္းထက္မပိုေသာ လက္ေဆာင္ပစၥည္းမ်ားကိုသာ ႁခြင္းခ်က္အျဖစ္ လက္ခံခြင့္ျပဳေၾကာင္းပါရွိ သည္။ အေမရိကန္ႏိုင္ငံတြင္ ႏိုင္ငံေတာ္အဆင့္ခရီးစဥ္မ်ားသြားေရာက္ရသည့္ ေခါင္းေဆာင္မ်ားအား အ ျခားႏိုင္ငံမ်ားမွေပးသည့္လက္ေဆာင္ပစၥည္းမ်ားကို U.S. Department of State's Office of Protocol တြင္ မွတ္ပုံတင္ထားရွိၿပီး လက္ေဆာင္မ်ားကို National Archives and Records Administration (NARA) လက္ေအာက္ရွိ Presidential Libraries မ်ားတြင္ ထိန္းသိမ္းထားရွိသည္။ ထို Libraries မ်ားကို ျပည္သူမ်ားဝင္ေရာက္လည္ ပတ္ႏိုင္သည့္အျပင္ digital Libraries အျဖစ္ပါ ေဆာင္႐ြက္ထားျခင္း ေၾကာင့္ အင္တာနက္မွ အလြယ္တကူေလ့လာႏိုင္သည္။ NARA အေနျဖင့္လည္း ႏွစ္အလိုက္ သမၼတမ်ား၊ ဝန္ႀကီးမ်ား၊ အျခားေခါင္းေဆာင္မ်ားရရွိသည့္ ႏွစ္စဥ္လက္ေဆာင္ရရွိမႈအစီ ရင္ခံစာမ်ားကိုထုတ္ျပန္ ရသည္။ ျပည္ေထာင္စု ဥပေဒအရ လက္ေဆာင္ရရွိသူသည္ အမွတ္တရအျဖစ္ ျပန္လည္သိမ္းဆည္း လိုပါက အဖိုးျဖတ္ေငြျပန္အမ္းၿပီး ကိုယ္ပိုင္ပစၥည္းအျဖစ္ယူႏိုင္သည္။ ျမန္မာ့ဓေလ့ အစဥ္လာျဖစ္ေသာ အထက္အႀကီးအကဲမ်ားအား ဂါရဝျပဳျခင္းတြင္ ႐ုံးဌာနမ်ားအေနျဖင့္ တစ္ဦးခ်င္းဂါရဝျပဳမႈကို ကန႔္သတ္ ရမည္။ ထိုမွသာ ႐ုံးဌာနအတြင္း ရာထူး/ အဆင့္တိုး၊ ေနရာေျပာင္းေ႐ႊ႕ျခင္းမ်ားအတြက္ အဂတိလိုက္စားမႈ မ်ား ေလွ်ာ့ခ်ႏိုင္မည္ျဖစ္သည္။
၅။ ျပည္သူလူထုအားပညာေပးျခင္းႏွင့္ ပိုမို ပါဝင္ေစျခင္း။ အဂတိလိုက္စားမႈတိုက္ဖ်က္ေရးေကာ္ မရွင္အေနျဖင့္ ျပည္ေထာင္စုဝန္ႀကီးဌာနမ်ား၊ ႏိုင္ငံ့ ဝန္ထမ္းတကၠသိုလ္မ်ား၊ တကၠသိုလ္မ်ား၊ အေျခခံ ပညာေက်ာင္းမ်ားအျပင္ ျမန္မာႏိုင္ငံကုန္သည္မ်ားႏွင့္ စက္မႈလက္မႈလုပ္ငန္းရွင္မ်ားအသင္းခ်ဳပ္UMFCCI ႏွင့္ အျခားအသင္းအဖြဲ႕မ်ားတို႔ႏွင့္လည္း ေတြ႕ဆုံၿပီး အဂတိလိုက္စားမႈတိုက္ဖ်က္ေရးႏွင့္ တားဆီးကာ ကြယ္ေရးဆိုင္ရာ အသိပညာေပးေဆြးေႏြးပြဲမ်ား က်င္းပေပးလ်က္ရွိေနသည္မွာ အားရေက်နပ္ဖြယ္ျဖစ္ သည္။ ထိုသို႔ေဆာင္႐ြက္မႈမ်ားအျပင္ ISO 37001 on anti-bribery management systems ကဲ့သို႔ ျပည္တြင္းတြင္ လာဘ္ေပးလာဘ္ယူမႈ တိုက္ဖ်က္ေရးစီမံခန႔္ခြဲမႈစနစ္ တီထြင္ေဖာ္ေဆာင္ကာ ကုမၸဏီ မ်ားကို အသိအမွတ္ျပဳလက္မွတ္ထုတ္ေပးျခင္း၊ စနစ္ကို အသုံးျပဳေစျခင္းမ်ား ေဆာင္႐ြက္သင့္သည္။ ထို႔ျပင္ ထိုစနစ္အရျဖစ္ေစ၊ အျခားေသာစံႏႈန္းသတ္မွတ္ခ်က္မ်ားအရျဖစ္ေစ ဝန္ႀကီးဌာနမ်ားႏွင့္ကုမၸဏီ မ်ား၏ ႏွစ္စဥ္ အဂတိလိုက္စားမႈေလ်ာ့ပါးျခင္း အဆင့္ သတ္မွတ္ခ်က္မ်ားထုတ္ျပန္၍ အသိအမွတ္ျပဳေပး ရမည္ျဖစ္သည္။ အမ်ားျပည္သူထံမွ တုံ႔ျပန္မႈရယူျခင္း အစီအစဥ္(Public Feedback Programme-PFP)အရ ‘1111’ သို႔ SMS ေပးပို႔၍ေမးျမန္းျခင္း၊ တိုင္ၾကားျခင္း၊ အႀကံျပဳခ်က္ေပးပို႔ျခင္း ေဆာင္႐ြက္ သည့္ SMS ေပါင္း (၁၉၈၁၉)ရွိၿပီး ျပည္သူမွ အမ်ားဆုံးေပးပို႔ခဲ့သည့္ ဝန္ႀကီးဌာနမွာ ျပည္ထဲေရးဝန္ႀကီး ဌာန ျဖစ္သကဲ့သို႔ SMS ေပါင္း (၅၃၃၄၆) ေပးပို႔ခဲ့ေၾကာင္း ေကာ္မရွင္၏ အင္တာနက္စာမ်က္ႏွာတြင္ေဖာ္ ျပထားသည္။ ယခုအခ်ိန္တြင္ “၁၁၁၁” သို႔ SMS ေပးပို႔ေမးျမန္းမႈသည္ ေကာ္မရွင္႐ုံးခြဲႏွင့္ CPU အဖြဲ႕ မ်ားရွိ Data Entry Office(DEO) ႏွင့္ခ်ိတ္ဆက္၍ ဝန္ေဆာင္မႈမ်ားရယူလိုေသာျပည္သူမ်ား၏ ဖုန္းနံ ပါတ္မ်ားကို System အတြင္းသို႔ ထည့္သြင္းမွသာ ေပးပို႔ႏိုင္ျခင္းျဖစ္ေသးေသာ္လည္း မၾကာမီအေတာအ တြင္း ျပည္သူအားလုံး ထိုဝန္ေဆာင္ မႈကိုရရွိလာမည္ဟု သုံးသပ္ရပါသည္။ ထို႔ျပင္ အဂတိလိုက္စားမႈႏွင့္ ပတ္သက္၍ စုံစမ္းစစ္ေဆးမႈတို႔တြင္ သတင္းမီဒီယာမ်ားကိုခြင့္ျပဳႏိုင္သည့္ လုပ္ငန္းစဥ္အခ်ိဳ႕တို႔တြင္ ပါဝင္ ခြင့္ ျပဳျခင္းျဖင့္ ျပည္သူတစ္ရပ္လုံးပိုမို ပူးေပါင္းပါဝင္လာႏိုင္သည္။ ယူကရိန္းႏိုင္ငံတြင္ လာဘ္စားမႈ ေၾကာင့္ နာမည္ေက်ာ္သည့္ သမၼတေဟာင္း ဗစ္တာရာႏုကို ဗစ္(၂၀၁၀-၂၀၁၄)သည္ (၂၀၁၄)ခုႏွစ္တြင္ ယူကရိန္းႏိုင္ငံမွထြက္ေျပးရၿပီးေနာက္ ၎၏ အိမ္ႏွင့္ၿခံ ဝန္းက်ယ္ႀကီးကို ယူကရိန္းအစိုးရက အက်င့္ ပ်က္ျခစားမႈျပတိုက္အျဖစ္ေျပာင္းလဲကာ ျပည္သူမ်ားကိုျပသ ထားသည္။ ထိုကဲ့သို႔ ေဆာင္႐ြက္ျခင္းမ်ိဳး သည္လည္း အဂတိလိုက္စားမႈကို ဟန႔္တားႏိုင္သည္။
လူသည္ ေလာဘႏွင့္အတၱသားေကာင္ျဖစ္ေသာေၾကာင့္ ဤကမာၻေျမေပၚမွ အဂတိလိုက္စားမႈ သည္ ပေပ်ာက္သြားမည္မဟုတ္ပါ။ ေလာဘေၾကာင့္ျပဳ လုပ္သည့္ အဂတိတရားမ်ား ဆိတ္သုဥ္းသြားလွ်င္ ပင္ ဆႏၵာဂတိ၊ ေဒါသာဂတိ၊ ေမာဟဂတိ၊ ဘယာဂတိ စ သည့္ အဂတိတရား (၄) ပါး က်န္ရွိေနဦးမည္ျဖစ္ သည္။ သို႔ေသာ္လည္း မိမိတို႔ႏိုင္ငံကဲ့သို႔ တိုးတက္မႈေနာက္ က်ေနေသာႏိုင္ငံအေနျဖင့္ ဆူးေညႇာင့္ခလုတ္သဖြယ္ျဖစ္ေသာ အဂတိ လိုက္စားမႈကို နည္းႏိုင္သမွ်နည္း သည့္အေနအထားမွ လုံးဝလက္မခံသည့္ အေနအထားသို႔ အျမန္ဆုံးေရာက္ရွိလာရန္လိုအပ္သည္။ ထို႔ေၾကာင့္ ျပည္သူမ်ားေတာင္းဆိုေနၾကေသာ လြတ္သည့္ငါးမ်ားမႀကီးရေအာင္ အႀကံျပဳေဖာ္ျပလိုက္ရ သည္။ (စကားခ်ပ္- အခ်က္အလက္မ်ား၊ ကိန္းဂဏန္း မ်ားသည္ အင္တာနက္စာမ်က္ႏွာေပၚမ်ားမွ ရွာေဖြစု ေဆာင္းထားရသျဖင့္ ကြဲလြဲမႈအခ်ိဳ႕ ရွိႏိုင္ပါသည္။)