ယာဂီမုန်တိုင်းကြောင့် ဗီယက်နမ်နိုင်ငံတွင် သေဆုံးသူ ၂၂၆ ဦးအထိ မြင့်တက်လာ

 632

ဂျန်ဇက် (NP News) - စက်တင်ဘာ ၁၃

အင်အားပြင်း စူပါမုန်တိုင်း ယာဂီတိုက်ခတ်မှုများကြောင့် ဗီယက်နမ်နိုင်ငံတွင် သေဆုံးသူအရေအတွက်က မြင့်သထက်မြင့်တက်လာနေပြီး စက်တင်ဘာ ၁၂ ရက်အထိ အနည်းဆုံးလူပေါင်း ၂၂၆ ဦး သေဆုံးခဲ့ကြောင်း၊ သိရသည်။

ယာဂီမုန်တိုင်းသည် ယခုနှစ်အတွင်း အာရှတိုက်အတွင်း တိုက်ခတ်ခဲ့သော မုန်တိုင်းများထဲတွင် အားအပြင်းဆုံး ဖြစ်ပြီး ဗီယက်နမ်နိုင်ငံ၏ အနောက်မြောက်ကမ်းရိုးတန်း၏ ကုန်တွင်းပိုင်းကို ဝင်ရောက်တိုက်ခတ်ခဲ့ကြောင်း သိရသည်။ မုန်တိုင်းကြောင့် ဗီယက်နမ်နိုင်ငံတွင် လူပေါင်း ၁၀၀ ပျောက်ဆုံးနေပြီး ဒဏ်ရာရရှိခဲ့သူ အနည်းဆုံး ၈၀၀ ရှိနေကြောင်း ဗီယက်နမ်သဘာဝဘေးဆိုင်ရာအေဂျင်စီကပြောသည်။

မုန်တိုင်း နှင့် အတူရေကြီးမှုများဖြစ်လာခဲ့သည့်အတွက် မြို့တော် ဟနွိုင်းမြို့တွင် ပြီးခဲ့သောရက်ပိုင်းက ရေကြီးမှု များဖြစ်ပွားခဲ့သော်လည်း လက်ရှိအချိန်တွင် ရေကျသွားခဲ့ပြီဖြစ်ကြောင်း၊ ရေကြီးမှုများဖြစ်လာခြင်းကြောင့် ဗီယက်နမ်နိုင်ငံမြောက်ပိုင်းတွင် မြေပြိုမှုများလည်းဖြစ်ပွားခဲ့ကြောင်း ဗီယက်နမ်သဘာဝဘေးဆိုင်ရာ အေဂျင်စီက ပြောသည်။
မြစ်ရေတက်မှုများသည် နှစ်ပေါင်း ၂ဝ အတွင်း အမြင့်ဆုံးဖြစ်ခဲ့ပြီး မြစ်အနီးတွင်နေထိုင်သော လူထောင်ချီကို ဘေးလွတ်ရာကိုရွှေ့ပြောင်းပေးခဲ့ရကြောင်း သိရသည်။ ဗီယက်နမ် အပြာရောင်နဂါးအမည်ရှိ ကလေးငယ်များ ဖောင်ဒေးရှင်းအဖွဲ့မှတာဝန်ရှိသူတစ်ဦးက "ဟနွိုင်းမြို့မှာ ရေကြီးမှုဖြစ်ပွားခဲ့ပြီး လူတွေ သေဆုံးခဲ့တာတွေက စိတ်မကောင်းဖြစ်ရတယ်။ ဘာမှမတတ်နိုင်ဘဲ တော်တော်များများက အရာအားလုံးကို ဆုံးရှုံးသွားကြတယ်" ဟု ပြောသည်။

ဟနွိုင်းမြောက်ပိုင်းတွင် ရေကြီးမှုများ နှင့် မြေပြိုမှုများဖြစ်ပွားခဲ့ခြင်းသည် နေရာတော်တော်များတွင် သက်ရောက် မှုများဖြစ်ပွားခဲ့ကြောင်း သိရသည်။ ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသူတစ်ဦးက "ကျွန်တော်ရဲ့အိမ်ဟာ ရေအောက် ရောက်ရှိသွားမယ်လို့ ဘယ်တော့မှ မထင်ထားဘူး" ဟု ပြောသည်။
အဆိုပါ ယာဂီမုန်တိုင်းသည်စက်တင်ဘာလအစောပိုင်းတွင် အာရှတိုက်အတွင်းရှိ အနည်းဆုံး နိုင်ငံပေါင်း ၃ နိုင်ငံကို စတင်တိုက်ခတ်ခဲ့ပြီး ဖိလစ်ပိုင်၊ တရုတ်နိုင်ငံတို့ကို ဆက်တိုက်တိုက်ခတ်ခဲ့ပြီးနောက် ဖိလစ်ပိုင်နိုင်ငံအတွင်း ထပ်မံ တိုက်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Zawgyi Version;
ယာဂီမုန္တိုင္းေၾကာင့္ ဗီယက္နမ္ႏိုင္ငံတြင္ ေသဆုံးသူ ၂၂၆ ဦးအထိ ျမင့္တက္လာ
ဂ်န္ဇက္ (NP News) - စက္တင္ဘာ ၁၃

အင္အားျပင္း စူပါမုန္တိုင္း ယာဂီတိုက္ခတ္မႈမ်ားေၾကာင့္ ဗီယက္နမ္ႏိုင္ငံတြင္ ေသဆုံးသူအေရအတြက္က ျမင့္သထက္ျမင့္တက္လာေနၿပီး စက္တင္ဘာ ၁၂ ရက္အထိ အနည္းဆုံးလူေပါင္း ၂၂၆ ဦး ေသဆုံးခဲ့ေၾကာင္း၊ သိရသည္။

ယာဂီမုန္တိုင္းသည္ ယခုႏွစ္အတြင္း အာရွတိုက္အတြင္း တိုက္ခတ္ခဲ့ေသာ မုန္တိုင္းမ်ားထဲတြင္ အားအျပင္းဆုံး ျဖစ္ၿပီး ဗီယက္နမ္ႏိုင္ငံ၏ အေနာက္ေျမာက္ကမ္း႐ိုးတန္း၏ ကုန္တြင္းပိုင္းကို ဝင္ေရာက္တိုက္ခတ္ခဲ့ေၾကာင္း သိရသည္။ မုန္တိုင္းေၾကာင့္ ဗီယက္နမ္ႏိုင္ငံတြင္ လူေပါင္း ၁၀၀ ေပ်ာက္ဆုံးေနၿပီး ဒဏ္ရာရရွိခဲ့သူ အနည္းဆုံး ၈၀၀ ရွိေနေၾကာင္း ဗီယက္နမ္သဘာဝေဘးဆိုင္ရာေအဂ်င္စီကေျပာသည္။

မုန္တိုင္း ႏွင့္ အတူေရႀကီးမႈမ်ားျဖစ္လာခဲ့သည့္အတြက္ ၿမိဳ႕ေတာ္ ဟႏြိဳင္းၿမိဳ႕တြင္ ၿပီးခဲ့ေသာရက္ပိုင္းက ေရႀကီးမႈ မ်ားျဖစ္ပြားခဲ့ေသာ္လည္း လက္ရွိအခ်ိန္တြင္ ေရက်သြားခဲ့ၿပီျဖစ္ေၾကာင္း၊ ေရႀကီးမႈမ်ားျဖစ္လာျခင္းေၾကာင့္ ဗီယက္နမ္ႏိုင္ငံေျမာက္ပိုင္းတြင္ ေျမၿပိဳမႈမ်ားလည္းျဖစ္ပြားခဲ့ေၾကာင္း ဗီယက္နမ္သဘာဝေဘးဆိုင္ရာ ေအဂ်င္စီက ေျပာသည္။
ျမစ္ေရတက္မႈမ်ားသည္ ႏွစ္ေပါင္း ၂ဝ အတြင္း အျမင့္ဆုံးျဖစ္ခဲ့ၿပီး ျမစ္အနီးတြင္ေနထိုင္ေသာ လူေထာင္ခ်ီကို ေဘးလြတ္ရာကိုေ႐ႊ႕ေျပာင္းေပးခဲ့ရေၾကာင္း သိရသည္။ ဗီယက္နမ္ အျပာေရာင္နဂါးအမည္ရွိ ကေလးငယ္မ်ား ေဖာင္ေဒးရွင္းအဖြဲ႕မွတာဝန္ရွိသူတစ္ဦးက "ဟႏြိဳင္းၿမိဳ႕မွာ ေရႀကီးမႈျဖစ္ပြားခဲ့ၿပီး လူေတြ ေသဆုံးခဲ့တာေတြက စိတ္မေကာင္းျဖစ္ရတယ္။ ဘာမွမတတ္ႏိုင္ဘဲ ေတာ္ေတာ္မ်ားမ်ားက အရာအားလုံးကို ဆုံးရႈံးသြားၾကတယ္" ဟု ေျပာသည္။

ဟႏြိဳင္းေျမာက္ပိုင္းတြင္ ေရႀကီးမႈမ်ား ႏွင့္ ေျမၿပိဳမႈမ်ားျဖစ္ပြားခဲ့ျခင္းသည္ ေနရာေတာ္ေတာ္မ်ားတြင္ သက္ေရာက္ မႈမ်ားျဖစ္ပြားခဲ့ေၾကာင္း သိရသည္။ ေရႀကီးမႈဒဏ္ရင္ဆိုင္ခဲ့ရသူတစ္ဦးက "ကြၽန္ေတာ္ရဲ႕အိမ္ဟာ ေရေအာက္ ေရာက္ရွိသြားမယ္လို႔ ဘယ္ေတာ့မွ မထင္ထားဘူး" ဟု ေျပာသည္။
အဆိုပါ ယာဂီမုန္တိုင္းသည္စက္တင္ဘာလအေစာပိုင္းတြင္ အာရွတိုက္အတြင္းရွိ အနည္းဆုံး ႏိုင္ငံေပါင္း ၃ ႏိုင္ငံကို စတင္တိုက္ခတ္ခဲ့ၿပီး ဖိလစ္ပိုင္၊ တ႐ုတ္ႏိုင္ငံတို႔ကို ဆက္တိုက္တိုက္ခတ္ခဲ့ၿပီးေနာက္ ဖိလစ္ပိုင္ႏိုင္ငံအတြင္း ထပ္မံ တိုက္ခတ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.