ယူကရိန်စစ်ပွဲ ကဲ့သို့သောပဋိပက္ခများကို စေ့စပ်ဆွေးနွေးမှုများမှတဆင့် အဖြေရှာရမည်ဖြစ်ကြောင်း တရုတ်ကာကွယ်ရေးဝန်ကြီးပြော

 362

ဂျန်ဇက် (NP News) - စက်တင်ဘာ ၁၄

တရုတ်ကာကွယ်ရေးဝန်ကြီး ဒေါင်ဂျွန်က ယူကရိန်းနှင့် ဂါဇာစစ်ပွဲကဲ့သို့သောပဋိပက္ခများကို စေ့စပ်ဆွေးနွေးမှုများမှတဆင့် အဖြေရှာရမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။
တရုတ်ကာကွယ်ရေးဝန်ကြီးက "ယူကရိန်း နဲ့ အစ္စရေး-ပါလက်စတိုင်းပဋိပက္ခတွေလိုမျိုး အခက်အခဲပြဿနာတွေကို ဖြေရှင်းဖို့ စေ့စပ်ဆွေးနွေးရေးလမ်းကြောင်းကနေ သွားရမှာဖြစ်တယ်။ နိုင်ငံအားလုံးဟာ ငြိမ်းချမ်းရေးဖွံ့ဖြိုးတိုးတက်မှုနဲ့ အားလုံးပါဝင်တဲ့ အုပ်ချုပ်ရေးစနစ်တွေကို တိုးမြှင့်လုပ်ဆောင်သွားမယ်" ဟု ပြောသည်။

တရုတ်ကာကွယ်ရေးဝန်ကြီးသည် ပြီးခဲ့သောရက်ပိုင်းက ဘေးဂျင်းမြို့တွင် ကျင်းပသော ကမ္ဘာတဝှမ်းမှ စစ်ဘက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်သောအစည်းအဝေးအတွင်း မိန့်ခွန်းပြောဆိုရာတွင် ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။ တရုတ်နိုင်ငံတွင် သုံးရက်ကြာကျင်းပခဲ့သော စစ်ဘက်ဆိုင်ရာအစည်းအဝေးကို ကမ္ဘာတဝှမ်းမှ နိုင်ငံပေါင်း ၉ဝ ကျော်၏ ကိုယ်စားလှယ်ပေါင်း အနည်းဆုံး ၅ဝဝ တက်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ထိပ်သီးအစည်းအဝေးအတွင်း တရုတ် နှင့် အမေရိကန်ဆက်ဆံရေး၊ အာရှတိုက် နှင့် ဥရောပတိုက်လုံခြုံရေး၊ ဝင်ရိုးစုံကမ္ဘာ၏ ကာကွယ်ရေးစိန်ခေါ်မှုများကို အဓိကထားဆွေးနွေးခဲ့ကြောင်း သိရသည်။ အမေရိကန်စစ်တပ်ထိပ်တန်းတာဝန်ရှိသူများ နှင့် တရုတ်စစ်တပ်ထိပ်တန်းတာဝန်ရှိသူများကြား တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ရက်ပိုင်းအကြာတွင် တရုတ်ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

တရုတ် နှင့် အမေရိကန်နိုင်ငံတို့သည် ဖိလစ်ပိုင်နိုင်ငံအရေး၊ ထိုင်ဝမ်အရေးကိစ္စများနှင့်ပတ်သက်ပြီး ပြီးခဲ့သောနှစ်ပိုင်းအတွင်း အငြင်းပွားမှုများ ပိုမိုဖြစ်ပွားလာခဲ့ပြီးနောက် အမေရိကန်အစိုးရတာဝန်ရှိသူများ နှင့် တရုတ်အစိုးရတာဝန်ရှိသူများ မကြာခဏတွေ့ဆုံဆွေးနွေးခဲ့ရကြောင်း သိရသည်။

Zawgyi Version;
ယူကရိန္စစ္ပြဲ ကဲ့သို႔ေသာပဋိပကၡမ်ားကို ေစ့စပ္ေဆြးေႏြးမႈမ်ားမွတဆင့္ အေျဖရွာရမည္ျဖစ္ေၾကာင္း တ႐ုတ္ကာကြယ္ေရးဝန္ႀကီးေျပာ
ဂ်န္ဇက္ (NP News) - စက္တင္ဘာ ၁၄

တ႐ုတ္ကာကြယ္ေရးဝန္ႀကီး ေဒါင္ဂြၽန္က ယူကရိန္းႏွင့္ ဂါဇာစစ္ပြဲကဲ့သို႔ေသာပဋိပကၡမ်ားကို ေစ့စပ္ေဆြးေႏြးမႈမ်ားမွတဆင့္ အေျဖရွာရမည္ျဖစ္ေၾကာင္း ထုတ္ေဖာ္ေျပာဆိုလိုက္သည္။
တ႐ုတ္ကာကြယ္ေရးဝန္ႀကီးက "ယူကရိန္း နဲ႔ အစၥေရး-ပါလက္စတိုင္းပဋိပကၡေတြလိုမ်ိဳး အခက္အခဲျပႆနာေတြကို ေျဖရွင္းဖို႔ ေစ့စပ္ေဆြးေႏြးေရးလမ္းေၾကာင္းကေန သြားရမွာျဖစ္တယ္။ ႏိုင္ငံအားလုံးဟာ ၿငိမ္းခ်မ္းေရးဖြံ႕ၿဖိဳးတိုးတက္မႈနဲ႔ အားလုံးပါဝင္တဲ့ အုပ္ခ်ဳပ္ေရးစနစ္ေတြကို တိုးျမႇင့္လုပ္ေဆာင္သြားမယ္" ဟု ေျပာသည္။

တ႐ုတ္ကာကြယ္ေရးဝန္ႀကီးသည္ ၿပီးခဲ့ေသာရက္ပိုင္းက ေဘးဂ်င္းၿမိဳ႕တြင္ က်င္းပေသာ ကမာၻတဝွမ္းမွ စစ္ဘက္ဆိုင္ရာတာဝန္ရွိသူမ်ား တက္ေရာက္ေသာအစည္းအေဝးအတြင္း မိန႔္ခြန္းေျပာဆိုရာတြင္ ထည့္သြင္းေျပာဆိုခဲ့ျခင္းျဖစ္သည္။ တ႐ုတ္ႏိုင္ငံတြင္ သုံးရက္ၾကာက်င္းပခဲ့ေသာ စစ္ဘက္ဆိုင္ရာအစည္းအေဝးကို ကမာၻတဝွမ္းမွ ႏိုင္ငံေပါင္း ၉ဝ ေက်ာ္၏ ကိုယ္စားလွယ္ေပါင္း အနည္းဆုံး ၅ဝဝ တက္ေရာက္ခဲ့ေၾကာင္း သိရသည္။

အဆိုပါ ထိပ္သီးအစည္းအေဝးအတြင္း တ႐ုတ္ ႏွင့္ အေမရိကန္ဆက္ဆံေရး၊ အာရွတိုက္ ႏွင့္ ဥေရာပတိုက္လုံၿခဳံေရး၊ ဝင္႐ိုးစုံကမာၻ၏ ကာကြယ္ေရးစိန္ေခၚမႈမ်ားကို အဓိကထားေဆြးေႏြးခဲ့ေၾကာင္း သိရသည္။ အေမရိကန္စစ္တပ္ထိပ္တန္းတာဝန္ရွိသူမ်ား ႏွင့္ တ႐ုတ္စစ္တပ္ထိပ္တန္းတာဝန္ရွိသူမ်ားၾကား ေတြ႕ဆုံေဆြးေႏြးခဲ့ၿပီးေနာက္ ရက္ပိုင္းအၾကာတြင္ တ႐ုတ္ကာကြယ္ေရးဝန္ႀကီးဌာနမွ ဒုတိယဝန္ႀကီး တက္ေရာက္ေဆြးေႏြးခဲ့ေၾကာင္း သိရသည္။

တ႐ုတ္ ႏွင့္ အေမရိကန္ႏိုင္ငံတို႔သည္ ဖိလစ္ပိုင္ႏိုင္ငံအေရး၊ ထိုင္ဝမ္အေရးကိစၥမ်ားႏွင့္ပတ္သက္ၿပီး ၿပီးခဲ့ေသာႏွစ္ပိုင္းအတြင္း အျငင္းပြားမႈမ်ား ပိုမိုျဖစ္ပြားလာခဲ့ၿပီးေနာက္ အေမရိကန္အစိုးရတာဝန္ရွိသူမ်ား ႏွင့္ တ႐ုတ္အစိုးရတာဝန္ရွိသူမ်ား မၾကာခဏေတြ႕ဆုံေဆြးေႏြးခဲ့ရေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.