မဲခေါင်မြစ်ရေစံချိန်တင်မြင့်တက်မှုကြောင့် ထိုင်းတွင် ရေကြီးမှုများဖြစ်ပွားနေပြီး လူပေါင်းထောင်ချီ အခက်ခဲများစွာကြုံတွေ့

 675

ဂျန်ဇက် (NP News) - စက်တင်ဘာ ၁၄

ထိုင်းနိုင်ငံချင်းရိုင်ပြည်နယ် မယ်ဆိုင်ဒေသအတွင်းရှိ ရေကြီးမှုဒဏ်တွေ့ကြုံခံစားခဲ့ရသူများကို ကူညီပေးမှုများအရှိန်မြင့်လုပ်ဆာင်ရန် ထိုင်းဝန်ကြီးချုပ် ပီတွန်ရှင်နာဝါထရာက အမိန်ပေးလိုက်ကြောင်း သိရသည်။

မယ်ဆိုင်ဒေသသို့ ရောက်ရှိလာခဲ့သော ပီတွန်တန်ရှင်နာဝါထရာက "ရေထဲ ပိတ်မိနေတဲ့ ပြည်သူတွေကို အစားအစာနဲ့ ရေတွေ လျင်မြန်စွာကူညီပေးရမယ်"ဟု ပြောသည်။ မဲခေါင်မြစ် ရေစံချိန်တင်မြင့်တက်လာခဲ့ပြီးနောက် ရေကြီးမှုများဖြစ်ပွားခဲ့ရာ ရေထဲတွင် ပိတ်မိနေသူများရှိနေပြီး ပိတ်မိနေသူများကို အစားအစာများပေးပို့နိုင်ခြင်းမရှိသေးကြောင်း သိရသည်။ အချို့အရပ်ဒေသများတွင် ရေထဲပိတ်မိနေသူများကို ရဟတ်ယာဉ်များဖြင့် ကယ် တင်ပေးခဲ့ကြောင်းသိရသည်။ ရေကြီးမှုဒဏ်ကို ထိုင်းနိုင်ငံမြောက်ပိုင်း အရပ်ဒေသများက အဆိုးရွားဆုံးခံစားနေရကြောင်း သိရသည်။ ရေကြီးမှုများနှင့်အတူ မြေပြိုမှုများလည်းဖြစ်ပွားခဲ့ရာ လူသေဆုံးမှုများဖြစ်ပွားခဲ့ပြီး အနည်းဆုံး (၄)ဦးသေဆုံးထားကာ အိမ်ထောင်စုပေါင်း ၄၅၃၀၀ ခန့် သက်ရောက်မှုများရှိနေကြောင်း သိရသည်။

မဲခေါင်မြစ်တစ်လျှောက်နေထိုင်နေသူများသည် ရေကြီးမှုဒဏ်ကို အဆိုးရွားဆုံးတွေ့ကြုံနေရကြောင်း သိရသည်။ ရေကြီးမှုများကြောင့် ပိတ်မိနေသူအနည်းဆုံး (၃၀၀)ခန့်ရှိနေပြီး ၎င်းတို့ကိုအမြန်ဆုံး ပြန်ကယ်တင်ရန် ထိုင်းဝန်ကြီးချုပ်က သတိပေးထားကြောင်းသိရသည်။

zawgyi version
မဲေခါင္ျမစ္ေရစံခ်ိန္တင္ျမင့္တက္မႈေၾကာင့္ ထိုင္းတြင္ ေရႀကီးမႈမ်ားျဖစ္ပြားေနၿပီး လူေပါင္းေထာင္ခ်ီ အခက္ခဲမ်ားစြာႀကဳံေတြ႕
ဂ်န္ဇက္ (NP News) - စက္တင္ဘာ ၁၄

ထိုင္းႏိုင္ငံခ်င္း႐ိုင္ျပည္နယ္ မယ္ဆိုင္ေဒသအတြင္းရွိ ေရႀကီးမႈဒဏ္ေတြ႕ႀကဳံခံစားခဲ့ရသူမ်ားကို ကူညီေပးမႈမ်ားအရွိန္ျမင့္လုပ္ဆာင္ရန္ ထိုင္းဝန္ႀကီးခ်ဳပ္ ပီတြန္ရွင္နာဝါထရာက အမိန္ေပးလိုက္ေၾကာင္း သိရသည္။

မယ္ဆိုင္ေဒသသို႔ ေရာက္ရွိလာခဲ့ေသာ ပီတြန္တန္ရွင္နာဝါထရာက "ေရထဲ ပိတ္မိေနတဲ့ ျပည္သူေတြကို အစားအစာနဲ႔ ေရေတြ လ်င္ျမန္စြာကူညီေပးရမယ္"ဟု ေျပာသည္။ မဲေခါင္ျမစ္ ေရစံခ်ိန္တင္ျမင့္တက္လာခဲ့ၿပီးေနာက္ ေရႀကီးမႈမ်ားျဖစ္ပြားခဲ့ရာ ေရထဲတြင္ ပိတ္မိေနသူမ်ားရွိေနၿပီး ပိတ္မိေနသူမ်ားကို အစားအစာမ်ားေပးပို႔ႏိုင္ျခင္းမရွိေသးေၾကာင္း သိရသည္။ အခ်ိဳ႕အရပ္ေဒသမ်ားတြင္ ေရထဲပိတ္မိေနသူမ်ားကို ရဟတ္ယာဥ္မ်ားျဖင့္ ကယ္ တင္ေပးခဲ့ေၾကာင္းသိရသည္။ ေရႀကီးမႈဒဏ္ကို ထိုင္းႏိုင္ငံေျမာက္ပိုင္း အရပ္ေဒသမ်ားက အဆိုး႐ြားဆုံးခံစားေနရေၾကာင္း သိရသည္။ ေရႀကီးမႈမ်ားႏွင့္အတူ ေျမၿပိဳမႈမ်ားလည္းျဖစ္ပြားခဲ့ရာ လူေသဆုံးမႈမ်ားျဖစ္ပြားခဲ့ၿပီး အနည္းဆုံး (၄)ဦးေသဆုံးထားကာ အိမ္ေထာင္စုေပါင္း ၄၅၃၀၀ ခန႔္ သက္ေရာက္မႈမ်ားရွိေနေၾကာင္း သိရသည္။

မဲေခါင္ျမစ္တစ္ေလွ်ာက္ေနထိုင္ေနသူမ်ားသည္ ေရႀကီးမႈဒဏ္ကို အဆိုး႐ြားဆုံးေတြ႕ႀကဳံေနရေၾကာင္း သိရသည္။ ေရႀကီးမႈမ်ားေၾကာင့္ ပိတ္မိေနသူအနည္းဆုံး (၃၀၀)ခန႔္ရွိေနၿပီး ၎တို႔ကိုအျမန္ဆုံး ျပန္ကယ္တင္ရန္ ထိုင္းဝန္ႀကီးခ်ဳပ္က သတိေပးထားေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.