မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ရေဘေးကယ်ဆယ်ရေး နှင့် ပြန်လည်ထူထောင်ရေးအတွက် ကျပ်သိန်း ၁ဝဝဝ မတည်

 1810

ယွန်း (NP News) - စက်တင်ဘာ ၁၅

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ရေဘေးကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေးအတွက် ကျပ်သိန်း ၁၀၀၀ မတည်မည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိင်ငံဆန်စပါးအသင်းချုပ် (MRF) မှ စက်တင်ဘာ(၁၄)ရက်တွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထား ခြင်းဖြစ်သည်။

ယခု စက်တင်ဘာလတွင် ဖြစ်ပွားနေသည့် ရေးဘေးနှင့်စပ်လျဥ်း၍ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် အပါအဝင် ညီနောင်အသင်းအဖွဲ့များနှင့်အသင်းဝင်များမှ ဝိုင်းဝန်းကူညီဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ရေးဘေးသင့်ဒေသများတွင် ကယ်ဆယ်ရေးဆောင်ရွက်နေကြသည့် အစိုးရအဖွဲ့အစည်းများ၊ လူမှုရေးအကျိုးပြု အရပ်ဘက်အဖွဲ့အစည်းများ နှင့် ရေးဘေးကယ်ဆယ်ရေးစခန်းများ၊ ယာယီခိုလှုံနေထိုင်သော စခန်းများအတွက် ချက်ပြုတ်ကျွေးမွေးရန် ဆန်အိတ်များကို လှူဒါန်းသွားမည်ဖြစ်ကြောင်း MRF ၏ ထုတ်ပြန်ချက်အရ သိရသည်။

ထို့ပြင် ရေဘေးသင့်ဒေသများထံသို့ ပေါ်ဆန်း/ဧည့်မထဆန်အိတ်များ လှူဒါန်းလိုသော အလှူရှင်များအတွက် ရည်ညွှန်းဆန်ဈေးနှုန်းများအတိုင်း ဆန်အိတ်များကို သက်သာသောဈေးဖြင့် ရောင်းချပေးရန်လည်း စီစဥ် ဆောင်ရွက်နေကြောင်း သိရသည်။
အလားတူ ကျေးလက်ဒေသများတွင် ရေဘေးမှ ပြန်လည်ထူထောင်ရေးလုပ်ငန်း အထူးသဖြင့် လယ်ယာမြေများ တွင် သင့်လျော်သော သီးနှံများ ပြန်လည်စိုက်ပျိုးနိုင်ရေးအတွက် လိုအပ်သောမျိုး၊ သွင်းအားစု၊ ငွေကြေးထောက်ပံ့မှု များကိုလည်း စီစဥ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်အနေဖြင့် မတည်ငွေအဖြစ် ငွေကျပ်သိန်း ၁၀၀၀ စတင်မတည်ပြီး အသင်းဝင်များ ၏ပူးပေါင်းမှုဖြင့် ကူညီ‌ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် အထောက်အပံ့/အကူအညီ လိုအပ်သော အဖွဲ့အစည်းများ၊ ပါဝင်လှူဒါန်းလိုသော အလှူရှင်များ၊ လှူဒါန်းရန် ဆန်လိုအပ်သည့်အဖွဲ့အစည်း/ပုဂ္ဂိုလ်များအနေဖြင့် ဆက်သွယ်ရန် အသိပေးထားပြီး ဆက်သွယ်လိုသူ များအနေဖြင့် Viber ဖုန်း ၀၉-၄၀၀၀၆၇၂၅၀, ၀၉- ၄၀၀၀၆၇၂၀ နှင့် [email protected] သို့ ဆက်သွယ်နိုင် ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Zawgyi Version
ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္မွ ေရေဘးကယ္ဆယ္ေရး ႏွင့္ ျပန္လည္ထူေထာင္ေရးအတြက္ က်ပ္သိန္း ၁ဝဝဝ မတည္
ယြန္း (NP News) - စက္တင္ဘာ ၁၅

ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္မွ ေရေဘးကယ္ဆယ္ေရးႏွင့္ျပန္လည္ထူေထာင္ေရးအတြက္ က်ပ္သိန္း ၁၀၀၀ မတည္မည္ျဖစ္ေၾကာင္း သိရသည္။
ျမန္မာနိင္ငံဆန္စပါးအသင္းခ်ဳပ္ (MRF) မွ စက္တင္ဘာ(၁၄)ရက္တြင္ အထက္ပါကဲ့သို႔ အသိေပးထုတ္ျပန္ထား ျခင္းျဖစ္သည္။

ယခု စက္တင္ဘာလတြင္ ျဖစ္ပြားေနသည့္ ေရးေဘးႏွင့္စပ္လ်ဥ္း၍ ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္ အပါအဝင္ ညီေနာင္အသင္းအဖြဲ႕မ်ားႏွင့္အသင္းဝင္မ်ားမွ ဝိုင္းဝန္းကူညီေဆာင္႐ြက္ခဲ့ျခင္းျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။

ေရးေဘးသင့္ေဒသမ်ားတြင္ ကယ္ဆယ္ေရးေဆာင္႐ြက္ေနၾကသည့္ အစိုးရအဖြဲ႕အစည္းမ်ား၊ လူမႈေရးအက်ိဳးျပဳ အရပ္ဘက္အဖြဲ႕အစည္းမ်ား ႏွင့္ ေရးေဘးကယ္ဆယ္ေရးစခန္းမ်ား၊ ယာယီခိုလႈံေနထိုင္ေသာ စခန္းမ်ားအတြက္ ခ်က္ျပဳတ္ေကြၽးေမြးရန္ ဆန္အိတ္မ်ားကို လႉဒါန္းသြားမည္ျဖစ္ေၾကာင္း MRF ၏ ထုတ္ျပန္ခ်က္အရ သိရသည္။

ထို႔ျပင္ ေရေဘးသင့္ေဒသမ်ားထံသို႔ ေပၚဆန္း/ဧည့္မထဆန္အိတ္မ်ား လႉဒါန္းလိုေသာ အလႉရွင္မ်ားအတြက္ ရည္ၫႊန္းဆန္ေဈးႏႈန္းမ်ားအတိုင္း ဆန္အိတ္မ်ားကို သက္သာေသာေဈးျဖင့္ ေရာင္းခ်ေပးရန္လည္း စီစဥ္ ေဆာင္႐ြက္ေနေၾကာင္း သိရသည္။
အလားတူ ေက်းလက္ေဒသမ်ားတြင္ ေရေဘးမွ ျပန္လည္ထူေထာင္ေရးလုပ္ငန္း အထူးသျဖင့္ လယ္ယာေျမမ်ား တြင္ သင့္ေလ်ာ္ေသာ သီးႏွံမ်ား ျပန္လည္စိုက္ပ်ိဳးႏိုင္ေရးအတြက္ လိုအပ္ေသာမ်ိဳး၊ သြင္းအားစု၊ ေငြေၾကးေထာက္ပံ့မႈ မ်ားကိုလည္း စီစဥ္ေဆာင္႐ြက္ေပးသြားမည္ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္အေနျဖင့္ မတည္ေငြအျဖစ္ ေငြက်ပ္သိန္း ၁၀၀၀ စတင္မတည္ၿပီး အသင္းဝင္မ်ား ၏ပူးေပါင္းမႈျဖင့္ ကူညီ‌ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

ထို႔ေၾကာင့္ အေထာက္အပံ့/အကူအညီ လိုအပ္ေသာ အဖြဲ႕အစည္းမ်ား၊ ပါဝင္လႉဒါန္းလိုေသာ အလႉရွင္မ်ား၊ လႉဒါန္းရန္ ဆန္လိုအပ္သည့္အဖြဲ႕အစည္း/ပုဂၢိဳလ္မ်ားအေနျဖင့္ ဆက္သြယ္ရန္ အသိေပးထားၿပီး ဆက္သြယ္လိုသူ မ်ားအေနျဖင့္ Viber ဖုန္း ၀၉-၄၀၀၀၆၇၂၅၀, ၀၉- ၄၀၀၀၆၇၂၀ ႏွင့္ [email protected] သို႔ ဆက္သြယ္ႏိုင္ ေၾကာင္း ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္၏ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

Related news

© 2021. All rights reserved.