မြေကမ္ဘာက လအသေးစားတစ်စင်းကို ရက်(၅၀)ကျော်ခန့်ကြာမျှ ပိုင်ဆိုင်မည်

 6709

Htay Oung (NP News) - စက်တင်ဘာ ၁၆

ယခုလမှစတင်ပြီး ဂြိုဟ်သိမ်ငယ်တစ်ခုဟာ ကမ္ဘာမြေကို လှည့်ပတ်သွားလာနေမှာဖြစ်ပြီး နေအဖွဲ့အစည်းရဲ့အခြားတစ်နေရာသို့ ပြန်လည်မထွက်ခွာမီအထိ ကျွန်ုပ်တို့အတွက် လက်ရှိမြင်တွေ့နေရတဲ့ လအပြင် နောက်ထပ်ဂြိုဟ်ရံ လအသေးစားတစ်စင်းကို ပိုင်ဆိုင်ရသလို ရှိမှာဖြစ်ကြောင်း စပိန်နိုင်ငံ “ယူနီဗာစီဒတ်ကွန်ပလူတင့် ဒီမက်ဒရစ်”တွက်ချက်မှုဆိုင်ရာ တက္ကသိုလ်ဂြိုဟ်သိမ်ဂြိုဟ်မွှားလေ့လာရေး သုတေသီ နှစ်ဦးက ပြောဆိုတယ်လို့ Phys Org က စက်တင်ဘာလ ၁၃ ရက်တွင် ရေးသားပါတယ်။

2024 PT5 အမည်ရှိ ဂြိုလ်သိမ်ငယ်ရဲ့ ကမ္ဘာမြေထံ ပုံမှန်ချဉ်းကပ်လာနေပုံနဲ့ နီးကပ်လာပုံတို့ရဲ့ တွက်ချက်မှု ရလဒ်ကို အဆိုပါပညာရှင်များက AAS ဂျာ နယ်မှာ သုတေသနမှတ်ချက်အဖြစ် ရေးသားခဲ့ခြင်းဖြစ်ကြောင်း သိရှိ ရပါတယ်။

နေမိသားစုမှာ နေမှစတင်ရေတွက်လျှင် စတုတ္ထမြောက်ဖြစ်တဲ့ အင်္ဂါဂြိုဟ်နဲ့ ပဉ္စမမြောက် ကြာသပတေးဂြိုဟ် အကြားရှိ ဂြိုဟ်သိမ်ခါးပတ်အတွင်း ပုံမှန်အားဖြင့် နေကိုလှည့်ပတ်နေတဲ့ ကျောက် သို့မဟုတ် သတ္တုပစ္စည်းအ စိုင်အခဲများ ရှိနေပါတယ်။ ဂြိုဟ်သိမ်ဂြိုဟ်မွှားတွေဟာ လမ်းခင်း ကျောက်စရစ်ခဲအရွယ် အချင်း မီတာ အနည်း ငယ်မှ ကီလိုမီတာ ရာနဲ့ချီတဲ့အထိ အရွယ်အစား ကွဲပြားနိုင်ပါတယ်။ ယေဘူယျအားဖြင့် အရွယ်အစားနဲ့ ပါဝင် သြဂဲနစ်ပစ္စည်အပေါ် ပေါင်းစပ်မှုအပေါ် မူတည်ပြီး Meteors ဥက္ကာခဲ သို့မဟုတ် Asteroid ဂြိုဟ်သိမ်ဂြိုဟ်မွှားလို့ သတ်မှတ်ကြပါတယ်။

ချဉ်းကပ်လာတဲ့ ဥက္ကာခဲတွေဟာ အမြီးသဖွယ် အလင်းတန်းများ ထွက်ပေါ်လာတဲ့အခါ “ကြယ်တံခွန်” သို့မဟုတ် “ဥက္ကာပျံ” တယ်လို့ ခေါ်ကြပါတယ်။ ဥက္ကာခဲအချို့ဟာ ကမ္ဘာ့ဆွဲငင်အားကြောင့် ကမ္ဘာပေါ်ကို မကျရောက်မီ ခေတ္တမျှ အလင်းတန်းများဖြစ်ပေါ်တဲ့အခါ “ကြယ်ကြွေ” တယ်လို့ ပြောကြပါတယ်။

ကနဦး သုတေသနပြုချက်များအရ ဂြိုဟ်သိမ်ဂြိုဟ်မွှားအများအပြားတို့ဟာ အာကာသအတွင်း နောက်ဆုံး လုံး၀ လွင့်ထွက်သွားခြင်းမတိုင်မီ ကမ္ဘာမြေအား ဘဲဥပုံအပြည့် သို့မဟုတ် တစ်စိတ်ပိုင်းပတ်လမ်းကြောင်းအတွင်း ဝင်ရောက်ခဲ့ကြောင်း တွေ့ရှိရပါတယ်။ ဥပမာအားဖြင့် လွန်ခဲ့တဲ့ ၂၀၀၆-ခုနှစ်က ဂြိုလ်သိမ်ငယ်တစ်ခုဟာ ကမ္ဘာကို တစ်နှစ်ခန့်ကြာအောင် လှည့်ပတ်နေခဲ့ုပြီး အခြား တစ်ခုကတော့ ၂၀၂၀-ခုနှစ် ပြန်လည်ထွက်ခွာခြင်း မတိုင်မီ နှစ်အတော်ကြာအောင် ကမ္ဘာကို လှည့်ပတ်နေခဲ့ပါတယ်။

ကမ္ဘာမြေအား ဝင်ဆောင့်မိဖွယ်ရှိတဲ့ ဂြိုဟ်သိမ်ဂြိုလ်မွှားတို့ရဲ့ အန္တရာယ်ကို သတိပြုစောင့်ကြည့်နေကြတဲ့ သိပ္ပံပ ညာရှင်တွေဟာ အဲ့ဒီ ဂြိုလ်သိမ်ငယ်လေးကို လွန်ခဲ့တဲ့လမှာ တွေ့ရှိခဲ့ပြီး ခြင်းဖြစ်ပါတယ်။ ကနဦး သုတေသနပြု ချက်များအရ အဲ့ဒီဂြိုလ်သိမ်ငယ်လေးဟာ သူ့ရဲ့ဆွဲငင်အားနဲ့ ကမ္ဘာမြေကို ဝင်တိုက်မိလောက်တဲ့ လမ်းကြောင်း ပေါ်မှာတော့ ရှိမနေဘူးလို့ သိရှိရပါတယ်။ ကမ္ဘာရဲ့ ဆွဲငင်အားကြောင့် အချိန်ကာလတစ်ခုသာ လှည့်ပတ်နေ လိမ့်လို့ ယူဆရပါတယ်။

ဂြိုဟ်သိမ်ငယ်ဟာ အရွယ်အစားသေးငယ်ပြီး ကန့်လန်ဖြတ်အကျယ် ၁၀ မီတာသာ ရှိကြောင်း သုတေသီ များက မှတ်ချက်ပြုခဲ့ကြပါတယ်။ သူ့ရဲ့ လက်ရှိအရွယ်အစား၊ အမြန်နှုန်းနဲ့ လမ်းကြောင်းတို့ကို သတိပြုစောင့် ကြည့်ပြီး နောင်လာမည့်လအနည်းငယ်အတွင်း ဖြစ်ပေါ်လာမယ့်လမ်း ကြောင်းကို တွက်ချက်နိုင်ပါတယ်။ လအနည်းငယ်ကြာလျှင် ဂြိုလ်သိမ်ငယ်ကို ကမ္ဘာက ဆွဲငင်အားဖြင့် ချည်နှောင်ထားနိုင်လောက်အောင် နီးကပ်လာ မှာကိုလည်း တွေ့ရှိခဲ့ကြပါတယ်။ ဂြိုလ်သိမ်ငယ်ဟာ ဒီလကုန်မှာ စတင်ပြီး ၅၃ ရက်ကြာ တစ်ကြိမ် ကမ္ဘာကို လှည့်ပတ်ပြီး နိုဝင်ဘာလလယ်လောက်မှာ ပြန်လည်ထွက်ခွာမှာဖြစ်ကြောင်း ပြသနေပါတယ်။

ယခုလို လားရာလမ်းကြောင်းကို မှတ်သားခြင်းအားဖြင့် သုတေသီများအနေနဲ့ ဂြိုလ်သိမ်ငယ် စတင်ဖြစ်ပေါ်လာတဲ့ ဇစ်မြစ်ကိုလည်း ခန့်မှန်းနိုင်ခဲ့ပါတယ်။ ကမ္ဘာနဲ့ ခပ်ဆင်ဆင်တူတဲ့ နေပတ်လမ်းကြောင်းအတော်များများ ကို ပိုင်ဆိုင်ထားပြီး ဂြိုဟ်သိမ်ဂြိုဟ်မွှားများစွာဖြင့် ဖွဲ့စည်းထားတဲ့ Arjuna “အာဂျူးနားဂြိုဟ်သိမ်ခါးပတ်” မှ ဆင်းသက်လာဖွယ်ရှိကြောင်း တွေ့ရှိကြပါတယ်။ ရွေ့လျားနေစဉ် ကမ္ဘာအနီးရောက်ရှိတဲ့အခါ ဆွဲငင်အား ကြောင့် တစ်ကြိမ်လှည့်ပတ်ပြီး ပြန်ထွက်သွားမှာဖြစ်ကြောင်း၊ အဲ့ဒီကာလမှာ ကမ္ဘာမြေအတွက် လက်ရှိ ဂြိုလ်ရံ ဖြစ်တဲ့ လကမ္ဘာအပြင် နောက်ထပ် လအငယ်စားတစ်စင်းကို ပိုင်ဆိုင်ရသလို ဖြစ်လာကြောင်း သိပ္ပံပညာရှင်များက ရှင်းပြထားပါတယ်။

(Phys Org., 13 September 2024,” Earth to have new mini-moon for two months” ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)

zawgyi version
ေျမကမာၻက လအေသးစားတစ္စင္းကို ရက္(၅၀)ေက်ာ္ခန႔္ၾကာမွ် ပိုင္ဆိုင္မည္
Htay Oung (NP News) - စက္တင္ဘာ ၁၆

ယခုလမွစတင္ၿပီး ၿဂိဳဟ္သိမ္ငယ္တစ္ခုဟာ ကမာၻေျမကို လွည့္ပတ္သြားလာေနမွာျဖစ္ၿပီး ေနအဖြဲ႕အစည္းရဲ႕အျခားတစ္ေနရာသို႔ ျပန္လည္မထြက္ခြာမီအထိ ကြၽႏ္ုပ္တို႔အတြက္ လက္ရွိျမင္ေတြ႕ေနရတဲ့ လအျပင္ ေနာက္ထပ္ၿဂိဳဟ္ရံ လအေသးစားတစ္စင္းကို ပိုင္ဆိုင္ရသလို ရွိမွာျဖစ္ေၾကာင္း စပိန္ႏိုင္ငံ “ယူနီဗာစီဒတ္ကြန္ပလူတင့္ ဒီမက္ဒရစ္”တြက္ခ်က္မႈဆိုင္ရာ တကၠသိုလ္ၿဂိဳဟ္သိမ္ၿဂိဳဟ္မႊားေလ့လာေရး သုေတသီ ႏွစ္ဦးက ေျပာဆိုတယ္လို႔ Phys Org က စက္တင္ဘာလ ၁၃ ရက္တြင္ ေရးသားပါတယ္။

2024 PT5 အမည္ရွိ ၿဂိဳလ္သိမ္ငယ္ရဲ႕ ကမာၻေျမထံ ပုံမွန္ခ်ဥ္းကပ္လာေနပုံနဲ႔ နီးကပ္လာပုံတို႔ရဲ႕ တြက္ခ်က္မႈ ရလဒ္ကို အဆိုပါပညာရွင္မ်ားက AAS ဂ်ာ နယ္မွာ သုေတသနမွတ္ခ်က္အျဖစ္ ေရးသားခဲ့ျခင္းျဖစ္ေၾကာင္း သိရွိ ရပါတယ္။

ေနမိသားစုမွာ ေနမွစတင္ေရတြက္လွ်င္ စတုတၳေျမာက္ျဖစ္တဲ့ အဂၤါၿဂိဳဟ္နဲ႔ ပၪၥမေျမာက္ ၾကာသပေတးၿဂိဳဟ္ အၾကားရွိ ၿဂိဳဟ္သိမ္ခါးပတ္အတြင္း ပုံမွန္အားျဖင့္ ေနကိုလွည့္ပတ္ေနတဲ့ ေက်ာက္ သို႔မဟုတ္ သတၱဳပစၥည္းအ စိုင္အခဲမ်ား ရွိေနပါတယ္။ ၿဂိဳဟ္သိမ္ၿဂိဳဟ္မႊားေတြဟာ လမ္းခင္း ေက်ာက္စရစ္ခဲအ႐ြယ္ အခ်င္း မီတာ အနည္း ငယ္မွ ကီလိုမီတာ ရာနဲ႔ခ်ီတဲ့အထိ အ႐ြယ္အစား ကြဲျပားႏိုင္ပါတယ္။ ေယဘူယ်အားျဖင့္ အ႐ြယ္အစားနဲ႔ ပါဝင္ ၾသဂဲနစ္ပစၥည္အေပၚ ေပါင္းစပ္မႈအေပၚ မူတည္ၿပီး Meteors ဥကၠာခဲ သို႔မဟုတ္ Asteroid ၿဂိဳဟ္သိမ္ၿဂိဳဟ္မႊားလို႔ သတ္မွတ္ၾကပါတယ္။

ခ်ဥ္းကပ္လာတဲ့ ဥကၠာခဲေတြဟာ အၿမီးသဖြယ္ အလင္းတန္းမ်ား ထြက္ေပၚလာတဲ့အခါ “ၾကယ္တံခြန္” သို႔မဟုတ္ “ဥကၠာပ်ံ” တယ္လို႔ ေခၚၾကပါတယ္။ ဥကၠာခဲအခ်ိဳ႕ဟာ ကမာၻ႔ဆြဲငင္အားေၾကာင့္ ကမာၻေပၚကို မက်ေရာက္မီ ေခတၱမွ် အလင္းတန္းမ်ားျဖစ္ေပၚတဲ့အခါ “ၾကယ္ေႂကြ” တယ္လို႔ ေျပာၾကပါတယ္။

ကနဦး သုေတသနျပဳခ်က္မ်ားအရ ၿဂိဳဟ္သိမ္ၿဂိဳဟ္မႊားအမ်ားအျပားတို႔ဟာ အာကာသအတြင္း ေနာက္ဆုံး လုံး၀ လြင့္ထြက္သြားျခင္းမတိုင္မီ ကမာၻေျမအား ဘဲဥပုံအျပည့္ သို႔မဟုတ္ တစ္စိတ္ပိုင္းပတ္လမ္းေၾကာင္းအတြင္း ဝင္ေရာက္ခဲ့ေၾကာင္း ေတြ႕ရွိရပါတယ္။ ဥပမာအားျဖင့္ လြန္ခဲ့တဲ့ ၂၀၀၆-ခုႏွစ္က ၿဂိဳလ္သိမ္ငယ္တစ္ခုဟာ ကမာၻကို တစ္ႏွစ္ခန႔္ၾကာေအာင္ လွည့္ပတ္ေနခဲ့ုၿပီး အျခား တစ္ခုကေတာ့ ၂၀၂၀-ခုႏွစ္ ျပန္လည္ထြက္ခြာျခင္း မတိုင္မီ ႏွစ္အေတာ္ၾကာေအာင္ ကမာၻကို လွည့္ပတ္ေနခဲ့ပါတယ္။

ကမာၻေျမအား ဝင္ေဆာင့္မိဖြယ္ရွိတဲ့ ၿဂိဳဟ္သိမ္ၿဂိဳလ္မႊားတို႔ရဲ႕ အႏၲရာယ္ကို သတိျပဳေစာင့္ၾကည့္ေနၾကတဲ့ သိပၸံပ ညာရွင္ေတြဟာ အဲ့ဒီ ၿဂိဳလ္သိမ္ငယ္ေလးကို လြန္ခဲ့တဲ့လမွာ ေတြ႕ရွိခဲ့ၿပီး ျခင္းျဖစ္ပါတယ္။ ကနဦး သုေတသနျပဳ ခ်က္မ်ားအရ အဲ့ဒီၿဂိဳလ္သိမ္ငယ္ေလးဟာ သူ႔ရဲ႕ဆြဲငင္အားနဲ႔ ကမာၻေျမကို ဝင္တိုက္မိေလာက္တဲ့ လမ္းေၾကာင္း ေပၚမွာေတာ့ ရွိမေနဘူးလို႔ သိရွိရပါတယ္။ ကမာၻရဲ႕ ဆြဲငင္အားေၾကာင့္ အခ်ိန္ကာလတစ္ခုသာ လွည့္ပတ္ေန လိမ့္လို႔ ယူဆရပါတယ္။

ၿဂိဳဟ္သိမ္ငယ္ဟာ အ႐ြယ္အစားေသးငယ္ၿပီး ကန႔္လန္ျဖတ္အက်ယ္ ၁၀ မီတာသာ ရွိေၾကာင္း သုေတသီ မ်ားက မွတ္ခ်က္ျပဳခဲ့ၾကပါတယ္။ သူ႔ရဲ႕ လက္ရွိအ႐ြယ္အစား၊ အျမန္ႏႈန္းနဲ႔ လမ္းေၾကာင္းတို႔ကို သတိျပဳေစာင့္ ၾကည့္ၿပီး ေနာင္လာမည့္လအနည္းငယ္အတြင္း ျဖစ္ေပၚလာမယ့္လမ္း ေၾကာင္းကို တြက္ခ်က္ႏိုင္ပါတယ္။ လအနည္းငယ္ၾကာလွ်င္ ၿဂိဳလ္သိမ္ငယ္ကို ကမာၻက ဆြဲငင္အားျဖင့္ ခ်ည္ေႏွာင္ထားႏိုင္ေလာက္ေအာင္ နီးကပ္လာ မွာကိုလည္း ေတြ႕ရွိခဲ့ၾကပါတယ္။ ၿဂိဳလ္သိမ္ငယ္ဟာ ဒီလကုန္မွာ စတင္ၿပီး ၅၃ ရက္ၾကာ တစ္ႀကိမ္ ကမာၻကို လွည့္ပတ္ၿပီး ႏိုဝင္ဘာလလယ္ေလာက္မွာ ျပန္လည္ထြက္ခြာမွာျဖစ္ေၾကာင္း ျပသေနပါတယ္။

ယခုလို လားရာလမ္းေၾကာင္းကို မွတ္သားျခင္းအားျဖင့္ သုေတသီမ်ားအေနနဲ႔ ၿဂိဳလ္သိမ္ငယ္ စတင္ျဖစ္ေပၚလာတဲ့ ဇစ္ျမစ္ကိုလည္း ခန႔္မွန္းႏိုင္ခဲ့ပါတယ္။ ကမာၻနဲ႔ ခပ္ဆင္ဆင္တူတဲ့ ေနပတ္လမ္းေၾကာင္းအေတာ္မ်ားမ်ား ကို ပိုင္ဆိုင္ထားၿပီး ၿဂိဳဟ္သိမ္ၿဂိဳဟ္မႊားမ်ားစြာျဖင့္ ဖြဲ႕စည္းထားတဲ့ Arjuna “အာဂ်ဴးနားၿဂိဳဟ္သိမ္ခါးပတ္” မွ ဆင္းသက္လာဖြယ္ရွိေၾကာင္း ေတြ႕ရွိၾကပါတယ္။ ေ႐ြ႕လ်ားေနစဥ္ ကမာၻအနီးေရာက္ရွိတဲ့အခါ ဆြဲငင္အား ေၾကာင့္ တစ္ႀကိမ္လွည့္ပတ္ၿပီး ျပန္ထြက္သြားမွာျဖစ္ေၾကာင္း၊ အဲ့ဒီကာလမွာ ကမာၻေျမအတြက္ လက္ရွိ ၿဂိဳလ္ရံ ျဖစ္တဲ့ လကမာၻအျပင္ ေနာက္ထပ္ လအငယ္စားတစ္စင္းကို ပိုင္ဆိုင္ရသလို ျဖစ္လာေၾကာင္း သိပၸံပညာရွင္မ်ားက ရွင္းျပထားပါတယ္။

(Phys Org., 13 September 2024,” Earth to have new mini-moon for two months” ကို ဆီေလ်ာ္ေအာင္ ဘာသာျပန္ဆိုသည္။)

Related news

© 2021. All rights reserved.