ရေဘေးသင့်ပြည်သူများအရေး ရှေ့ထွက်လာကြသူများနှင့် နောက်ဆုံးရအခြေအနေ

 2570

သုတကျော် ၊ သန့်ဇင် (NP News) - စက်တင်ဘာ ၁၆

စက်တင်ဘာ ဒုတိယပတ်မှစတင်၍ မြန်မာနိုင်ငံတစ်ဝန်းတွင် ရေဘေးကို စတင်ကြုံတွေ့ခဲ့ကြသည်။ ယခင်က ရေဘေးကိုကြုံခဲ့ဖူးသော်လည်း ယခုတစ်ကြိမ်တွင်မူ ပုံမှန်ရေကြီးခြင်းကဲ့သို့မဟုတ်ဘဲ အရှိန်ပြင်းပြင်းစီးလာသော ရေစီးကို ကြုံကြရခြင်း ဖြစ်သည်။

လတ်တလော ရေကြီးမှုဖြစ်စဉ်များမှာ ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ မန္တ လေးတိုင်း ဒေသကြီးအပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီး (၇)ခုတွင် ဖြစ်ပွားနေခြင်းဖြစ်ပြီး အဓိက အကြောင်းအရင်းမှာ ဗီယက်နမ်ကမ်းခြေကို ဖြတ် ကျော်ဝင်ရောက်ခဲ့သော ရာဂီမုန်တိုင်းအရှိန်ကြောင့် ဖြစ်ပေါ်လာသည့် လေပွေလှိုင်းများ၏ အကျိုးသက် ရောက်မှု နှင့် မိုးရေချိန်များစွာ ရွာသွန်းခဲ့သောကြောင့် ဖြစ်သည်။

စက်တင်ဘာလ (၉) ရက်နှင့် (၁၀) ရက်တွင် ရေကြီးရေလျှံမှုများ စတင်ဖြစ်ပွားပြီးနောက် မြန်မာနိုင်ငံအနှံ့မှ မြို့ များတွင် ဆက်တိုက်ရေကြီးမှုများ ဖြစ်ပွားခဲ့ကာ ကလောမြို့၊ တောင်ကြီးမြို့စသည်ဖြင့် တောင်ပေါ်ဒေသများတွင်ပါ ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့သည်။

ထို့နောက် ရေကြီး၊ ရေလျှံမှုများ ဆက်တိုက်ဖြစ်ပေါ်ခဲ့ရာ နေပြည်တော်ကောင်စီနယ်မြေမှ မြို့နယ်များ၊ ပုသိမ် ကြီးမြို့နယ်၊ ရမည်းသင်းမြို့နယ်၊ မြဝတီမြို့နယ်၊ ကျိုင်းတုံမြို့နယ်၊ ဟိုပုံးမြို့နယ်၊ သာယာဝတီမြို့နယ်၊ ကျောက်ဆည် မြို့နယ်၊ ဝမ်းတွင်းမြို့နယ်၊ တံတားဦးမြို့နယ် စသည်ဖြင့် မြို့နယ်ပေါင်း (၃၀) ကျော်တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ သည်။

နစက၏ စက်တင်ဘာလ ၁၄ ရက် ညပိုင်းအထိ ရရှိထားသည့် စာရင်းများအရ ရေကြီး၊ ရေလျှံ၊ မြေပြိုမှုကြောင့် နိုင်ငံတစ်ဝန်းလုံး၌ ရွှေ့ပြောင်းခဲ့ရသည့် နေအိမ် (၇၂,၉၀၀) ကျော်၊ အိမ်ထောင်စုပေါင်း (၇၈၀၀၀)ကျော်ရှိကြောင်း သိရသည်။ လူဦးရေအနေဖြင့် (၃၂၀,၀၀၀) ကျော်ကို ဘေးကင်းရာ ယာယီကယ်ဆယ်ရေးစခန်းများသို့ ရွှေ့ပြောင်းခဲ့ရပြီး နိုင်ငံတစ်ဝန်းလုံး၌ သေဆုံးသူ (၁၁၃)ဦး၊ ပျောက်ဆုံးသူ (၆၄) ဦး၊ ဒဏ်ရာရရှိသူ (၁၄)ဦးရှိခဲ့ပြီး ပျောက်ဆုံးသူများကို ကြိုးစားရှာဖွေလျက်ရှိကြောင်း နစက ဘက်က သတင်းထုတ်ပြန်ထားသည်။

‘ရေကတစ်ရှိန်ထိုး ဆင်းလာတယ်။ ပြောရမယ်ဆိုရင် မြန်တယ်လို့ပြောလို့ရတယ်။ ရေစီးက အရမ်းသန်တော့ တိမ်းရှောင်ရတာလည်း ခက်သွားတာပါမယ်’ဟု ဝမ်းတွင်းမြို့နယ်မှ ရေဘေးသင့် ပြည် သူတစ်ဦးကဆိုသည်။
ယခုရေကြီးသော ဖြစ်စဉ်ကဲ့သို့ ရေတစ်ဟုန်ထိုး တက်လာသည့်ဖြစ်စဉ်မှာ ရှားတောင့်ရှားခဲ ဖြစ်စဉ်ဖြစ်ပြီး ပြည်သူများသည် နီးစပ်ရာ အမြင့်နေရာများတွင် ခိုကပ်ရင်း ကယ်ဆယ်မည့်သူအလာကို စောင့်ရသော အခြေအနေသို့ ဆိုက်ရောက်သွားခဲ့သည်။

ရေကြီးမှုများ စတင်ဖြစ်ပွားလာပြီးနောက် စက်တင်ဘာလ (၁၁)ရက်မှစတင်ကာ လိုင်းမိသော နေရာများမှ ရေဘေးဒုက္ခသည်များ၏ အကူအညီတောင်းခံသောပို့စ်များကို များများစားစားမြင်တွေ့ လာရသည်။ ရေဘေး ဒုက္ခသည် အချို့မှာ သစ်ပင်ကို ဖက်ရင်း၊ အိမ်ခေါင်မိုးထိပ်များတွင် ကယ်ဆယ့်မည့် သူကို စောင့်ရင်း လူမှုကွန်ရက် ဖေ့စ်ဘွတ် စာမျက်နှာ များမှတစ်ဆင့် ပို့စ်တင်ကာ အကူအညီတောင်းခံခဲ့ကြခြင်းဖြစ်သည်။
ထို့ပြင် လူရှာပို့စ်များကိုလည်း မြင်တွေ့ရပြီး မိသားစုဝင်များ ရေစီးနှင့်အတူ မျောပါသွားသောကြောင့် တွေ့ရှိက ဆယ်ယူပေးရန် သို့မဟုတ် မြင်တွေ့ပါက အကြောင်းကြားပေးရန် အကူအညီတောင်းခံခဲ့ကြခြင်း ဖြစ်သည်။
ရေစီးနှင့်အတူ အိမ်မျောပါသွားသည့် ဗီဒီယိုနှင့်ရေစီးကြောင့် ပျက်စီးသွားသည့် မြင်ကွင်းများမှာလည်း လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ် စာမျက်နှာများထက်တွင် ပျံ့နှံ့လာခဲ့သည်။

NP News မှ လတ်တလော စုံစမ်းရရှိသော အချက်အလက်များအရ ရမည်းသင်း ခရိုင်မှာ သေဆုံးသူ အများဆုံး ဖြစ်ဖွယ်ရှိပြီး ပျောက်ဆုံးသူ အရေအတွက်မှာလည်း ယခုထက်တိုင်များနေဆဲဖြစ်သည်။ လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ် စာမျက်နှာများနှင့် ဒေသခံအချို့ထံ မေးမြန်းထားသည့် အချက်အလက်များအရ ရမည်းသင်းခရိုင်တွင် သေဆုံးသူ (၂၀ဝ)ထက်မနည်းရှိကြောင်းသိရပြီး မနည်းလှသော အရေအတွက်မှာ အဆက်အသွယ် ပြတ်တောက်နေဆဲ ဖြစ်သည်။ အချို့မှာ မြေပြိုသောကြောင့် သေဆုံးခြင်းများလည်းရှိသည်။ မြေပြိုသည့်အတွက် မိသားစု (၇) ဦးလုံး သေဆုံးသည့် ဖြစ်စဉ်လည်း ရှိခဲ့သည်။ ထို့ပြင် တောင်ပေါ်မြို့ဖြစ်သော ကလောမြို့နယ် တစ်ခုတည်း တွင်ပင် ရေကြီးရေလျှံခြင်းကြောင့် လူ (၆၀)ခန့် သေဆုံးသည်ဟု သတင်းများ ထွက်နေသည်။ သို့သော် ရေဘေး သင့်ဒေသများတွင် အချက်အလက်ကို တိကျစွာ သိရှိရန်အတွက် စာရင်း ကောက်ယူရေးမှာ ဆက်သွယ်ရေး အခြေအနေ ကြောင့် ခက်နေဆဲဖြစ်သည်။ အဆက်အသွယ် ပြတ်တောက်နေသူများနှင့် မှန်းဆချက်များအရမူ သေဆုံး သူပမာဏမှာ မနည်းလှပေ။

‘အခုကတော့ ဆက်သွယ်ရေး ပြတ်တောက်တာပေါ့။ Communication က နည်းနည်း အခက်အခဲရှိတယ်။ ကျေးရွာအလိုက် အုပ်ချုပ်မှုအဖွဲ့အစည်းတွေက အဆက်အသွယ် ပြတ်သွားတော့ ဘယ်နေရာမှာ ဘယ်လောက်ကျန် တယ်ဆိုတာ တစ်ဆင့်စကားနဲ့လိုက်နေရသလို ဖြစ်နေတယ်’ ဟု မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ အရာရှိတစ်ဦးက ပြောသည်။

လက်ရှိ အတည်မပြုနိုင်သေးသော်လည်း ကနဦးသိရသော အချက်အလက်များအရ နေပြည်တော်ကောင် စီနယ်မြေက ကျေးရွာများတွင် သေဆုံးသူအရေအတွက်မှာ (၂၀ဝ)နီးပါးအထိပင်ရှိနိုင်ကြောင်း မြန်မာနိုင်ငံဟာသ ပညာရှင်များ အစည်းအရုံး ဥက္ကဋ္ဌ ဦးဒိန်းဒေါင်ကဆိုသည်။

‘(၂၀ဝ) ကျော်လောက် သေသွားတယ်လေ။ ရွာဥက္ကဋ္ဌက ပြောတာ။ အဲဒီနေရာတွေက ပျဉ်းမနားသကြား စက်ကို ကျော်ရတာ။ အဝေးကြီးပဲ သွားရတယ်။ အဲဒီဘက်မှာ ညောင်ပင်သာတို့ရှိတယ် ရွာတွေက အများကြီးပဲ’ ဟု ၎င်းက ဆို သည်။

နေ့လယ် (၁၂) နာရီအချိန်အထိ ရရှိသော စာရင်းအရတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် သေဆုံးသူ (၃၃)ဦး၊ ဒဏ်ရာရသူ (၁) ဦးရှိကြောင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ် ချုပ်ဇော်မင်းထွန်းက NP News သို့ ဖြေကြားထားသည်။

ရေကြီးရေလျှံမှုများဖြစ်ပွားပြီးနောက် မကြာမီအချိန်အတွင်း တပ်မတော်၊ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နှင့် ပရဟိတအဖွဲ့အစည်းများက ရေဘေးသင့်ဒေသများသို့ အချိန်မီကူညီရန်၊ ပျောက်ဆုံးနေသူများကို ရှာဖွေရန် ဆောင်ရွက်ခဲ့ကြသည်။ သို့သော် လွယ်လွယ်ကူကူ ကယ်တင်နိုင်ခြင်းတော့ မဟုတ်ပေ။ အခက်အခဲများကြားမှ ဆောင် ရွက်ကြရသည်။ ‘တပ်မတော်က လှေတွေရော၊ မီးသတ်က လှေတွေရော၊ ပရဟိတအဖွဲ့တွေက လှေတွေရော တော်တော်များများတော့ ရောက်လာပြီ။ လမ်းပန်း ဆက်သွယ်ရေးကတော့ ရေကြီးပြီးကားတွေ ဝင်မရဘူး။ ရေဘေး သင့်တဲ့နေရာမှာ စက်လှေကလည်း တချို့နေရာက အောက်ကိုတောက်လျှောက် မောင်းလို့မရတဲ့နေရာမှာ ဒလက်နဲ့ တိုက်ပေါ့။ ခါးတစ်ပိုင်းလောက် ရေထဲတွန်းပြီးသွားရတော့ ခရီးလည်း ဖင့်တာပေါ့’ဟု အထက်ပါ မြန်မာနိုင်ငံ မီးသတ် တပ်ဖွဲ့မှ အရာရှိက ဆိုသည်။ ကယ်ဆယ်ရေးသမားများ အတွက် အခြားအခက်အခဲတစ်ခုမှာ ရေစီးဖြစ်သည်။

‘ပျဉ်းမနား သကြားစက်လမ်းက ဆင်သေ ကျေးရွာမှာ လူတွေကို ဆွဲထုတ်လို့ ရတဲ့ အခြေအနေ ဖြစ်နေပါပြီ။ ဟိုတစ်ရက်ကတော့ လူဆွဲထုတ်ဖို့ကို အဆင်မပြေဘူး။ မတ်တတ်ကို ရပ်လို့မရဘူး။ ကားတွေဆို မျောလိုမျော။ လူတွေဆိုလည်း သစ်ပင်တွေကို ဖက်တက်ပြီး ရေကျအောင် စောင့်နေရတဲ့ အခြေအ နေပေါ့။ အဲဒီအချိန်မှာတော့ ကယ်ဖို့ကို ဘယ်လိုမှ မဖြစ်နိုင်တဲ့ အရာမျိုးပေါ့။ စက်လှေတောင် ဝင်လို့မ ရဘူး။ ရေစီးက တော်တော် ကြမ်းတယ်’ဟု နေပြည် တော်ကောင်စီနယ်မြေတွင် ရေဘေးသင့်ပြည် သူများကို ကယ်ဆယ်ရာတွင် ကြုံခဲ့ရသော အခက် အခဲကို ရွှေပြည်တော်သို့ ဆုံမှတ် ပရဟိတအဖွဲ့မှ ဦးဆောင်သူတစ်ဦးဖြစ်သူ ကိုအောင်ပိုင်မင်းက ဆိုသည်။

ရေဘေးသင့်သူများကို ကိုယ်တိုင်ကယ် ရသူ ပရဟိတအဖွဲ့များမှာလည်း ဘေးကင်းလှသည်တော့မဟုတ်။ အသက်ကို စွန့်ကာ ကယ်တင်ကြ ရခြင်းဖြစ်သည်။ ‘ကျွန်တော်က နောက်ပြန်လန်ကျ သွားတယ်။ အသက်ကယ် အင်္ကျီကို စနစ်တကျ ဝတ်ထားတဲ့အတွက် ကျွန်တော် ရေပေါ်ပေါ်သွားခဲ့တယ်။ ညီ အစ်ကိုတွေ၊ မောင်နှမတွေကတော့ သူတို့ ခေါင်းဆောင်တွေကျသွားတော့ ဝိုင်းအော်ကြတာပေါ့။ ငါ့ ဘာသာရအောင် ပြန်တက်မယ်၊ မင်းတို့ ဆက်သွားဆိုပြီး ရေစီးကြောင်းနဲ့အလိုက်သင့်မျှောပြီး ကယ်ဆယ်ရေးသမားတွေ လိုက်နာဆောင်ရွက်ရမယ့်အတိုင်း လိုက်နာဆောင်ရွက်ခဲ့ပါ တယ်’ဟု ရေဘေးဒုက္ခသည်များကို ကယ်ဆယ်ရင်း ကိုယ်တိုင်ရေစီးနှင့် အတူမျောပါသွားခဲ့သူ ရွှေပြည်တော်သို့ဆုံမှတ် ပရဟိတအဖွဲ့မှ ကိုအောင်ပိုင်မင်းက ၎င်း၏ အတွေ့ အကြုံကို ပြောသည်။

NP News က မြင်တွေ့ရသော အခြေအနေရ အချို့ရေဘေးသင့်သူများမှာ ရေစီးနှင့်အတူ မျောပါသွားပြီးနောက် ရောက်သည့် နေရာတွင် ဖက်တွယ်ကာ ကယ်ဆယ်ရေးသမားများ လာမည့်အချိန်ကို စောင့်နေကြခြင်းဖြစ်ရာ အချို့ ပရဟိတအဖွဲ့များမှ တင်သော ပို့စ်များမှာ ပြည်သူများ အတွက် အချိန်နှင့်တစ်ပြေးညီ သိရခြင်း ဖြစ်သကဲ့သို့ စိတ်မကောင်းဖြစ်ဖွယ်၊ ကရုဏာသက်ဖွယ် ဖြစ်သည်။

ထင်ရှားသော ဖြစ်စဉ်တစ်ခုမှာ ရေစီးနှင့်အတူ မျောပါပြီးနောက် ကြံပင်များကြား တစ်ညလုံး ကပ်နေခဲ့ရသော ပျဉ်းမနားမြို့နယ်၊ ဆင်သေရွာမှ အမျိုးသမီးတစ်ဦးကို ကယ်တင်နိုင်ခဲ့ခြင်း ဖြစ်သော် လည်း စိတ်မကောင်းဖြစ်စရာမှာ ၎င်း၏အနီးတွင် ၎င်း၏ ယောက္ခမအလောင်းကို မြင်တွေ့ရခြင်းဖြစ် သည်။

ထို့ပြင် အမြင့်တစ်နေရာတွင် ကပ်နေပြီး ရေစီးနှင့် မျောပါလုဆဲဆဲ ရေဘေးဒုက္ခသည်များကို အချိန်မီကယ်တင် နိုင်ခဲ့သော ဖြစ်စဉ်က ကြည်နူးစရာ ကောင်းခဲ့ပြီး လှေပေါ်အရောက် အသက်ဘေးမှလွတ်ပြီဟုဆိုကာ စိတ်လျှော့လိုက် ကြသော အထက်ပါ ရေဘေးဒုက္ခသည်တို့၏ မျက်နှာများကလည်း ပြည်သူများ၏ စိတ်နှလုံးကို ပီတိမျက်ရည်ကျစေ ခဲ့သည်။
လတ်တလော ရေကြီးသည့် ဒေသများတွင် ရေလျော့နည်းလာပြီဟုဆိုသော်လည်း အထက်မှ ဆင်းလာသောရေများကြောင့် မြန်မာနိုင်ငံအောက် ပိုင်းတွင် ရေကြီးမည့်ဘေးများရှိနေပြီး မြစ်ကမ်းဘေး နေထိုင်သူများ အနေဖြင့် ယခုသတိထားရန် လိုအပ်နေပြီဖြစ်သည်။ ထို့ပြင် ယခုအခါ အချို့နေရာများတွင် ရေစတက်နေသည်။ တောင်ငူမြို့နယ်၊ တံတားဦး မြို့ နယ်စသည်ဖြင့် မြို့နယ်များတွင် ရေတက်နေရာ တံတားဦးမြို့နယ်တွင် တက်လာသော ရေစီးမျိုးကို တစ်ကြိမ်မျှ မမြင်တွေ့ဖူးကြောင်း ဒေသခံ တစ် ဦးက ဆိုသည်။

‘ရေတိုးတာတော့ အသားကျနေပါပြီ။ ဒါပေမဲ့ ဒီလိုမျိုးကြီး ရေက ဖြတ်စီးပြီးသွားတာမျိုးကို မကြုံဖူးဘူး} ဟု တံတားဦး မြို့ခံတစ်ဦးက ဆိုသည်။
ယခုအချိန်တွင် မြန်မာနိုင်ငံက ဒေသအတော်များများတွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားနေရာ ထင်ရှား ကျော်ကြားသူ အချို့ကလည်း ရေဘေးသင့်ပြည်သူ များအရေးတတ်နိုင်သည့်ဘက်မှ ကူညီရန် စတင် ဆောင်ရွက် လာနေကြသည်။

ဥပမာအားဖြင့် မြန်မာ့ရိုးရာ လက်ဝှေ့ကျော် ထွန်းထွန်းမင်က ၎င်းပထမဆုံးရခဲ့သော မြန်မာ့လက် ဝှေ့ကမ္ဘာ့ချန် ပီယံခါးပတ်ကို လေလံတင်ရောင်းချပြီး ရောင်းချရငွေ အားလုံးကို ရေဘေးသင့် ပြည်သူများထံ တစ်ပြားမကျန် လှူဒါန်း ရန်စီစဉ်နေခြင်းဖြစ်ပြီး ရုပ်ရှင် မင်းသမီးတစ်ဦးဖြစ်သူ ခိုင်နှင်းဝေကလည်း ရေဘေး သင့် ပြည်သူများအတွက် လှူဒါန်းရန် စီစဉ်နေသည်။
အလားတူ အခြားထင်ရှားသူအချို့က လည်း ရေဘေးသင့်ပြည်သူများအတွက် လှူဒါန်း မှုများ ပြုလုပ်နေကြောင်း သိရသည်။ ထိုသို့ လှူဒါန်းခဲ့ သည့်အထဲတွင် အကယ်ဒမီ စိုင်းစိုင်းခမ်းလှိုင်က ကျပ် သိန်း (၃၀) ၊ အကယ်ဒမီ ဝတ်မှုန်ရွှေရည် ဇနီးမောင်နှံ က ကျပ်သိန်း (၁၀ဝ)၊ သူချစ်ခင် ရုပ်ရှင်အဖွဲ့သား များက ကျပ်သိန်းတစ်ရာ၊ သရုပ်ဆောင် ယုသန္တာတင် က ကျပ်သိန်း (၃၀)၊ နေဝင်း၊ ရဲလေး၊ ယွန်းမြတ်သူ၊ ပိုးမမှီသာ အစရှိသဖြင့် အနုပညာရှင်များကလည်း သရုပ်ဆောင်ခိုင်နှင်းဝေမှတစ်ဆင့်လှူဒါန်းမှုများ ပြုလုပ်ခဲ့ကာ အဆိုတော် ချယ်ရီသင်းကလည်း ရေဘေး ရှောင်ပြည်သူ များအတွက် ပရဟိတပွဲကို ဦးဆောင်သီ ဆိုမည်ဖြစ်သည့်အပြင် ငွေကြေးလှူဒါန်းရန်အတွက် ကောက်ခံနေကြောင်း သိရသည်။ ထို့ပြင် နိုင်ငံရေး ပါတီအချို့ကလည်း ရေဘေးသင့်ပြည်သူများ အတွက် လှူဒါန်းမှုများ ပြုလုပ်နေကြောင်း သိရသည်။

‘အခုဆိုရင် ပြည်သူလူထုတွေ အရမ်းဒုက္ခ ရောက်နေတယ်။ တချို့သူတွေက ရေတွေမျောနေတယ်။ ကျွန်တော် တို့မှာ လှူဖို့တန်းဖို့ ကျတော့လည်း ထိုးကြေးတွေက နိုင်ငံခြားလို့လည်းမရဘူး။ အများ ကြီးလည်း မလှူနိုင်ဘူး။ အဲဒီတော့ စဉ်းစားလိုက်တာက ကျွန်တော် ဘဝနဲ့ ရင်းပြီးတော့ ငယ်ငယ်လေးတည်းက ထိုးခဲ့ရတဲ့ကျွန်တော့် မှတ်တိုင်ပေါ့။ အသက်နဲ့ ရင်း ပြီးတော့ ယူခဲ့ရတဲ့ဥစ္စာကို ဒီဟာနဲ့အလှူအတန်း လုပ် ချင်တယ်။ ပထမဆုံး အကြိမ်ရတဲ့ ခါးပတ်ဆိုတော့’ ဟု လက်ဝှေ့ကျော် ထွန်းထွန်းမင်းက NP Newsကို ပြောသည်။

ယခု ရေဘေးနှင့် ပတ်သက်၍ ကယားပြည် နယ်တွင်လည်း င်္ဏီများ သေဆုံးမှု ဖြစ်ပွားခဲ့သကဲ့သို့ အခြား PDF အဖွဲ့များအတွင်း သေဆုံးမှုများရှိနေ ကြောင်းလည်း သိရသည်။

လက်ရှိ ရေဘေးကိုအခြေပြု၍ အင်ဒိုနီးရှား ဆူနာမီ သင်ခန်းစာကဲ့သို့ အပစ်အခတ်ရပ်စဲရေး ဆောင်ရွက်သင့်ကြောင်း မြန်မာ့ငြိမ်းချမ်းရေး ဆောင်ရွက်ရာတွင်ပါဝင်ခဲ့သူတစ်ဦးဖြစ်သော ဦးညိုအုန်း မြင့်က ၎င်း၏ လူမှုကွန်ရက်ဖေ့စ် ဘွတ်ခ် စာမျက်နှာထက်တွင် ရေးသားထားသည်။

‘(၂၀ဝ၅)ခုနှစ် အင်ဒိုနီးရှား နိုင်ငံအာချေး (Aceh) မှာနှစ် (၃၀)ကျော် လက်နက်ကိုင် ပဋိပက္ခကို (၂၀ဝ၄)ခုနှစ် ဆူနာမီကြောင့် အစိုးရတပ်ရောခွဲ ထွက်ရေးသမားတွေပါ ငြိမ်းချမ်းရေးအတွက် သဘောတူညီနိုင်ခဲ့ပါတယ်။ အခွင့်အရေး တစ်ခုကို မိမိရရဆုပ် ကိုင်နိုင်သလို လက်နက်ကိုင်ဖြေရှင်းရေးထက် ပြည်သူတွေဒုက္ခကို ချက်ချင်းတုံ့ပြန်ဖို့နဲ့ ပြန်လည် ထူထောင်ရေးအတွက် အင်ဒို စစ်တပ်နဲ့ သူပုန်အကြား နိုင်ငံတကာကပါအင်တိုက်အား တိုက် ပံပိုးပေးခဲ့ပါတယ်။ ဆူနာမီ ရင်ကြားစေ့ရေးလို့ တောင်ပြောလို့ရပါတယ်’ဟု ၎င်းကဆိုသည်။ ထို့ ကြောင့် ဒုက္ခသည်များကို ဦးစားပေးစေလိုကြောင်းလည်း ၎င်းက ဆိုထားသည်။

‘လိုတိုရှင်းပြောချင်တာက မြန်မာနိုင်ငံလက်ရှိ ရေဘေးအတွက် နှစ်ဖက် လက်နက်ကိုင်အဖွဲ့ အစည်းများ ယာယီအပစ်ရပ်ထားစေချင်ပါတယ်။ အာချေးလို ဆူနာမီကိုအကြောင်းပြုပြီး အပစ်ရပ်လို့ရပါတယ်။ ဒုက္ခသည် သန်းချီကိုဦးစားပေးကူဖို့နှစ် ဖက်သဘောတူကြပါတယ်။ ဒုက္ခသည်တွေအတွက် သွားရတဲ့အင်ဒိုနီးရှားစစ်တပ် ယာဉ်တန်း တွေကို မတိုက်ခိုက်ဖို့ မိုင်းမဆွဲဖို့ သဘောတူခဲ့ရတယ်။ အထစ်အငေါ့တွေကြားက ခွဲထွက်ရေးသမားတွေလည်း ယုံယုံကြည်ကြည် ကယ်ဆယ်ရေးလုပ်ငန်းတွေ တွဲလုပ်ကြပါတယ်။ ရင်ဆိုင်တပ်စွဲထားတဲ့တပ်တွေ စစ်ပွဲအစား ဆူနာမီဒုက္ခသည်ကယ်ဆယ် ထူထောင်ရေးအတွက် စာမျက်နှာသစ်ဖွင့်ခဲ့ပါတယ်။ အာချေး ဆွေးနွေးပွဲမှာပါခဲ့သူ ဗိုလ်ချုပ် ကြီးကိုယ်တိုင် ဂျကာတာ အစည်းအဝေးတစ်ခုမှာ (၂၀ဝ၇)ခုနှစ်က ပြောဖူး လို့ ပါ’ဟု ၎င်းက ရေးသားအသိပေးထားသည်။

zawgyi version
ေရေဘးသင့္ျပည္သူမ်ားအေရး ေရွ႕ထြက္လာၾကသူမ်ားႏွင့္ ေနာက္ဆုံးရအေျခအေန
သုတေက်ာ္ ၊ သန႔္ဇင္ (NP News) - စက္တင္ဘာ ၁၆

စက္တင္ဘာ ဒုတိယပတ္မွစတင္၍ ျမန္မာႏိုင္ငံတစ္ဝန္းတြင္ ေရေဘးကို စတင္ႀကဳံေတြ႕ခဲ့ၾကသည္။ ယခင္က ေရေဘးကိုႀကဳံခဲ့ဖူးေသာ္လည္း ယခုတစ္ႀကိမ္တြင္မူ ပုံမွန္ေရႀကီးျခင္းကဲ့သို႔မဟုတ္ဘဲ အရွိန္ျပင္းျပင္းစီးလာေသာ ေရစီးကို ႀကဳံၾကရျခင္း ျဖစ္သည္။

လတ္တေလာ ေရႀကီးမႈျဖစ္စဥ္မ်ားမွာ ျပည္ေထာင္စုနယ္ေျမ ေနျပည္ေတာ္၊ မႏၲ ေလးတိုင္း ေဒသႀကီးအပါအဝင္ ျပည္နယ္ႏွင့္ တိုင္းေဒသႀကီး (၇)ခုတြင္ ျဖစ္ပြားေနျခင္းျဖစ္ၿပီး အဓိက အေၾကာင္းအရင္းမွာ ဗီယက္နမ္ကမ္းေျခကို ျဖတ္ ေက်ာ္ဝင္ေရာက္ခဲ့ေသာ ရာဂီမုန္တိုင္းအရွိန္ေၾကာင့္ ျဖစ္ေပၚလာသည့္ ေလေပြလႈိင္းမ်ား၏ အက်ိဳးသက္ ေရာက္မႈ ႏွင့္ မိုးေရခ်ိန္မ်ားစြာ ႐ြာသြန္းခဲ့ေသာေၾကာင့္ ျဖစ္သည္။

စက္တင္ဘာလ (၉) ရက္ႏွင့္ (၁၀) ရက္တြင္ ေရႀကီးေရလွ်ံမႈမ်ား စတင္ျဖစ္ပြားၿပီးေနာက္ ျမန္မာႏိုင္ငံအႏွံ႔မွ ၿမိဳ႕ မ်ားတြင္ ဆက္တိုက္ေရႀကီးမႈမ်ား ျဖစ္ပြားခဲ့ကာ ကေလာၿမိဳ႕၊ ေတာင္ႀကီးၿမိဳ႕စသည္ျဖင့္ ေတာင္ေပၚေဒသမ်ားတြင္ပါ ေရႀကီးေရလွ်ံမႈမ်ား ျဖစ္ပြားခဲ့သည္။

ထို႔ေနာက္ ေရႀကီး၊ ေရလွ်ံမႈမ်ား ဆက္တိုက္ျဖစ္ေပၚခဲ့ရာ ေနျပည္ေတာ္ေကာင္စီနယ္ေျမမွ ၿမိဳ႕နယ္မ်ား၊ ပုသိမ္ ႀကီးၿမိဳ႕နယ္၊ ရမည္းသင္းၿမိဳ႕နယ္၊ ျမဝတီၿမိဳ႕နယ္၊ က်ိဳင္းတုံၿမိဳ႕နယ္၊ ဟိုပုံးၿမိဳ႕နယ္၊ သာယာဝတီၿမိဳ႕နယ္၊ ေက်ာက္ဆည္ ၿမိဳ႕နယ္၊ ဝမ္းတြင္းၿမိဳ႕နယ္၊ တံတားဦးၿမိဳ႕နယ္ စသည္ျဖင့္ ၿမိဳ႕နယ္ေပါင္း (၃၀) ေက်ာ္တြင္ ေရႀကီးေရလွ်ံမႈမ်ား ျဖစ္ပြားခဲ့ သည္။

နစက၏ စက္တင္ဘာလ ၁၄ ရက္ ညပိုင္းအထိ ရရွိထားသည့္ စာရင္းမ်ားအရ ေရႀကီး၊ ေရလွ်ံ၊ ေျမၿပိဳမႈေၾကာင့္ ႏိုင္ငံတစ္ဝန္းလုံး၌ ေ႐ႊ႕ေျပာင္းခဲ့ရသည့္ ေနအိမ္ (၇၂,၉၀၀) ေက်ာ္၊ အိမ္ေထာင္စုေပါင္း (၇၈၀၀၀)ေက်ာ္ရွိေၾကာင္း သိရသည္။ လူဦးေရအေနျဖင့္ (၃၂၀,၀၀၀) ေက်ာ္ကို ေဘးကင္းရာ ယာယီကယ္ဆယ္ေရးစခန္းမ်ားသို႔ ေ႐ႊ႕ေျပာင္းခဲ့ရၿပီး ႏိုင္ငံတစ္ဝန္းလုံး၌ ေသဆုံးသူ (၁၁၃)ဦး၊ ေပ်ာက္ဆုံးသူ (၆၄) ဦး၊ ဒဏ္ရာရရွိသူ (၁၄)ဦးရွိခဲ့ၿပီး ေပ်ာက္ဆုံးသူမ်ားကို ႀကိဳးစားရွာေဖြလ်က္ရွိေၾကာင္း နစက ဘက္က သတင္းထုတ္ျပန္ထားသည္။

‘ေရကတစ္ရွိန္ထိုး ဆင္းလာတယ္။ ေျပာရမယ္ဆိုရင္ ျမန္တယ္လို႔ေျပာလို႔ရတယ္။ ေရစီးက အရမ္းသန္ေတာ့ တိမ္းေရွာင္ရတာလည္း ခက္သြားတာပါမယ္’ဟု ဝမ္းတြင္းၿမိဳ႕နယ္မွ ေရေဘးသင့္ ျပည္ သူတစ္ဦးကဆိုသည္။
ယခုေရႀကီးေသာ ျဖစ္စဥ္ကဲ့သို႔ ေရတစ္ဟုန္ထိုး တက္လာသည့္ျဖစ္စဥ္မွာ ရွားေတာင့္ရွားခဲ ျဖစ္စဥ္ျဖစ္ၿပီး ျပည္သူမ်ားသည္ နီးစပ္ရာ အျမင့္ေနရာမ်ားတြင္ ခိုကပ္ရင္း ကယ္ဆယ္မည့္သူအလာကို ေစာင့္ရေသာ အေျခအေနသို႔ ဆိုက္ေရာက္သြားခဲ့သည္။

ေရႀကီးမႈမ်ား စတင္ျဖစ္ပြားလာၿပီးေနာက္ စက္တင္ဘာလ (၁၁)ရက္မွစတင္ကာ လိုင္းမိေသာ ေနရာမ်ားမွ ေရေဘးဒုကၡသည္မ်ား၏ အကူအညီေတာင္းခံေသာပို႔စ္မ်ားကို မ်ားမ်ားစားစားျမင္ေတြ႕ လာရသည္။ ေရေဘး ဒုကၡသည္ အခ်ိဳ႕မွာ သစ္ပင္ကို ဖက္ရင္း၊ အိမ္ေခါင္မိုးထိပ္မ်ားတြင္ ကယ္ဆယ့္မည့္ သူကို ေစာင့္ရင္း လူမႈကြန္ရက္ ေဖ့စ္ဘြတ္ စာမ်က္ႏွာ မ်ားမွတစ္ဆင့္ ပို႔စ္တင္ကာ အကူအညီေတာင္းခံခဲ့ၾကျခင္းျဖစ္သည္။
ထို႔ျပင္ လူရွာပို႔စ္မ်ားကိုလည္း ျမင္ေတြ႕ရၿပီး မိသားစုဝင္မ်ား ေရစီးႏွင့္အတူ ေမ်ာပါသြားေသာေၾကာင့္ ေတြ႕ရွိက ဆယ္ယူေပးရန္ သို႔မဟုတ္ ျမင္ေတြ႕ပါက အေၾကာင္းၾကားေပးရန္ အကူအညီေတာင္းခံခဲ့ၾကျခင္း ျဖစ္သည္။
ေရစီးႏွင့္အတူ အိမ္ေမ်ာပါသြားသည့္ ဗီဒီယိုႏွင့္ေရစီးေၾကာင့္ ပ်က္စီးသြားသည့္ ျမင္ကြင္းမ်ားမွာလည္း လူမႈကြန္ရက္ေဖ့စ္ဘြတ္ခ္ စာမ်က္ႏွာမ်ားထက္တြင္ ပ်ံ႕ႏွံ႔လာခဲ့သည္။

NP News မွ လတ္တေလာ စုံစမ္းရရွိေသာ အခ်က္အလက္မ်ားအရ ရမည္းသင္း ခ႐ိုင္မွာ ေသဆုံးသူ အမ်ားဆုံး ျဖစ္ဖြယ္ရွိၿပီး ေပ်ာက္ဆုံးသူ အေရအတြက္မွာလည္း ယခုထက္တိုင္မ်ားေနဆဲျဖစ္သည္။ လူမႈကြန္ရက္ ေဖ့စ္ဘြတ္ခ္ စာမ်က္ႏွာမ်ားႏွင့္ ေဒသခံအခ်ိဳ႕ထံ ေမးျမန္းထားသည့္ အခ်က္အလက္မ်ားအရ ရမည္းသင္းခ႐ိုင္တြင္ ေသဆုံးသူ (၂၀ဝ)ထက္မနည္းရွိေၾကာင္းသိရၿပီး မနည္းလွေသာ အေရအတြက္မွာ အဆက္အသြယ္ ျပတ္ေတာက္ေနဆဲ ျဖစ္သည္။ အခ်ိဳ႕မွာ ေျမၿပိဳေသာေၾကာင့္ ေသဆုံးျခင္းမ်ားလည္းရွိသည္။ ေျမၿပိဳသည့္အတြက္ မိသားစု (၇) ဦးလုံး ေသဆုံးသည့္ ျဖစ္စဥ္လည္း ရွိခဲ့သည္။ ထို႔ျပင္ ေတာင္ေပၚၿမိဳ႕ျဖစ္ေသာ ကေလာၿမိဳ႕နယ္ တစ္ခုတည္း တြင္ပင္ ေရႀကီးေရလွ်ံျခင္းေၾကာင့္ လူ (၆၀)ခန႔္ ေသဆုံးသည္ဟု သတင္းမ်ား ထြက္ေနသည္။ သို႔ေသာ္ ေရေဘး သင့္ေဒသမ်ားတြင္ အခ်က္အလက္ကို တိက်စြာ သိရွိရန္အတြက္ စာရင္း ေကာက္ယူေရးမွာ ဆက္သြယ္ေရး အေျခအေန ေၾကာင့္ ခက္ေနဆဲျဖစ္သည္။ အဆက္အသြယ္ ျပတ္ေတာက္ေနသူမ်ားႏွင့္ မွန္းဆခ်က္မ်ားအရမူ ေသဆုံး သူပမာဏမွာ မနည္းလွေပ။

‘အခုကေတာ့ ဆက္သြယ္ေရး ျပတ္ေတာက္တာေပါ့။ Communication က နည္းနည္း အခက္အခဲရွိတယ္။ ေက်း႐ြာအလိုက္ အုပ္ခ်ဳပ္မႈအဖြဲ႕အစည္းေတြက အဆက္အသြယ္ ျပတ္သြားေတာ့ ဘယ္ေနရာမွာ ဘယ္ေလာက္က်န္ တယ္ဆိုတာ တစ္ဆင့္စကားနဲ႔လိုက္ေနရသလို ျဖစ္ေနတယ္’ ဟု ျမန္မာႏိုင္ငံ မီးသတ္တပ္ဖြဲ႕မွ အရာရွိတစ္ဦးက ေျပာသည္။

လက္ရွိ အတည္မျပဳႏိုင္ေသးေသာ္လည္း ကနဦးသိရေသာ အခ်က္အလက္မ်ားအရ ေနျပည္ေတာ္ေကာင္ စီနယ္ေျမက ေက်း႐ြာမ်ားတြင္ ေသဆုံးသူအေရအတြက္မွာ (၂၀ဝ)နီးပါးအထိပင္ရွိႏိုင္ေၾကာင္း ျမန္မာႏိုင္ငံဟာသ ပညာရွင္မ်ား အစည္းအ႐ုံး ဥကၠ႒ ဦးဒိန္းေဒါင္ကဆိုသည္။

‘(၂၀ဝ) ေက်ာ္ေလာက္ ေသသြားတယ္ေလ။ ႐ြာဥကၠ႒က ေျပာတာ။ အဲဒီေနရာေတြက ပ်ဥ္းမနားသၾကား စက္ကို ေက်ာ္ရတာ။ အေဝးႀကီးပဲ သြားရတယ္။ အဲဒီဘက္မွာ ေညာင္ပင္သာတို႔ရွိတယ္ ႐ြာေတြက အမ်ားႀကီးပဲ’ ဟု ၎က ဆို သည္။

ေန႔လယ္ (၁၂) နာရီအခ်ိန္အထိ ရရွိေသာ စာရင္းအရတစ္ႏိုင္ငံလုံး အတိုင္းအတာျဖင့္ ေသဆုံးသူ (၃၃)ဦး၊ ဒဏ္ရာရသူ (၁) ဦးရွိေၾကာင္း ႏိုင္ငံေတာ္ စီမံအုပ္ခ်ဳပ္ေရးေကာင္စီ၏ ေျပာေရးဆိုခြင့္ရွိသူ ဗိုလ္ ခ်ဳပ္ေဇာ္မင္းထြန္းက NP News သို႔ ေျဖၾကားထားသည္။

ေရႀကီးေရလွ်ံမႈမ်ားျဖစ္ပြားၿပီးေနာက္ မၾကာမီအခ်ိန္အတြင္း တပ္မေတာ္၊ ျမန္မာႏိုင္ငံ မီးသတ္တပ္ဖြဲ႕ႏွင့္ ပရဟိတအဖြဲ႕အစည္းမ်ားက ေရေဘးသင့္ေဒသမ်ားသို႔ အခ်ိန္မီကူညီရန္၊ ေပ်ာက္ဆုံးေနသူမ်ားကို ရွာေဖြရန္ ေဆာင္႐ြက္ခဲ့ၾကသည္။ သို႔ေသာ္ လြယ္လြယ္ကူကူ ကယ္တင္ႏိုင္ျခင္းေတာ့ မဟုတ္ေပ။ အခက္အခဲမ်ားၾကားမွ ေဆာင္ ႐ြက္ၾကရသည္။ ‘တပ္မေတာ္က ေလွေတြေရာ၊ မီးသတ္က ေလွေတြေရာ၊ ပရဟိတအဖြဲ႕ေတြက ေလွေတြေရာ ေတာ္ေတာ္မ်ားမ်ားေတာ့ ေရာက္လာၿပီ။ လမ္းပန္း ဆက္သြယ္ေရးကေတာ့ ေရႀကီးၿပီးကားေတြ ဝင္မရဘူး။ ေရေဘး သင့္တဲ့ေနရာမွာ စက္ေလွကလည္း တခ်ိဳ႕ေနရာက ေအာက္ကိုေတာက္ေလွ်ာက္ ေမာင္းလို႔မရတဲ့ေနရာမွာ ဒလက္နဲ႔ တိုက္ေပါ့။ ခါးတစ္ပိုင္းေလာက္ ေရထဲတြန္းၿပီးသြားရေတာ့ ခရီးလည္း ဖင့္တာေပါ့’ဟု အထက္ပါ ျမန္မာႏိုင္ငံ မီးသတ္ တပ္ဖြဲ႕မွ အရာရွိက ဆိုသည္။ ကယ္ဆယ္ေရးသမားမ်ား အတြက္ အျခားအခက္အခဲတစ္ခုမွာ ေရစီးျဖစ္သည္။

‘ပ်ဥ္းမနား သၾကားစက္လမ္းက ဆင္ေသ ေက်း႐ြာမွာ လူေတြကို ဆြဲထုတ္လို႔ ရတဲ့ အေျခအေန ျဖစ္ေနပါၿပီ။ ဟိုတစ္ရက္ကေတာ့ လူဆြဲထုတ္ဖို႔ကို အဆင္မေျပဘူး။ မတ္တတ္ကို ရပ္လို႔မရဘူး။ ကားေတြဆို ေမ်ာလိုေမ်ာ။ လူေတြဆိုလည္း သစ္ပင္ေတြကို ဖက္တက္ၿပီး ေရက်ေအာင္ ေစာင့္ေနရတဲ့ အေျခအ ေနေပါ့။ အဲဒီအခ်ိန္မွာေတာ့ ကယ္ဖို႔ကို ဘယ္လိုမွ မျဖစ္ႏိုင္တဲ့ အရာမ်ိဳးေပါ့။ စက္ေလွေတာင္ ဝင္လို႔မ ရဘူး။ ေရစီးက ေတာ္ေတာ္ ၾကမ္းတယ္’ဟု ေနျပည္ ေတာ္ေကာင္စီနယ္ေျမတြင္ ေရေဘးသင့္ျပည္ သူမ်ားကို ကယ္ဆယ္ရာတြင္ ႀကဳံခဲ့ရေသာ အခက္ အခဲကို ေ႐ႊျပည္ေတာ္သို႔ ဆုံမွတ္ ပရဟိတအဖြဲ႕မွ ဦးေဆာင္သူတစ္ဦးျဖစ္သူ ကိုေအာင္ပိုင္မင္းက ဆိုသည္။

ေရေဘးသင့္သူမ်ားကို ကိုယ္တိုင္ကယ္ ရသူ ပရဟိတအဖြဲ႕မ်ားမွာလည္း ေဘးကင္းလွသည္ေတာ့မဟုတ္။ အသက္ကို စြန႔္ကာ ကယ္တင္ၾက ရျခင္းျဖစ္သည္။ ‘ကြၽန္ေတာ္က ေနာက္ျပန္လန္က် သြားတယ္။ အသက္ကယ္ အက်ႌကို စနစ္တက် ဝတ္ထားတဲ့အတြက္ ကြၽန္ေတာ္ ေရေပၚေပၚသြားခဲ့တယ္။ ညီ အစ္ကိုေတြ၊ ေမာင္ႏွမေတြကေတာ့ သူတို႔ ေခါင္းေဆာင္ေတြက်သြားေတာ့ ဝိုင္းေအာ္ၾကတာေပါ့။ ငါ့ ဘာသာရေအာင္ ျပန္တက္မယ္၊ မင္းတို႔ ဆက္သြားဆိုၿပီး ေရစီးေၾကာင္းနဲ႔အလိုက္သင့္ေမွ်ာၿပီး ကယ္ဆယ္ေရးသမားေတြ လိုက္နာေဆာင္႐ြက္ရမယ့္အတိုင္း လိုက္နာေဆာင္႐ြက္ခဲ့ပါ တယ္’ဟု ေရေဘးဒုကၡသည္မ်ားကို ကယ္ဆယ္ရင္း ကိုယ္တိုင္ေရစီးႏွင့္ အတူေမ်ာပါသြားခဲ့သူ ေ႐ႊျပည္ေတာ္သို႔ဆုံမွတ္ ပရဟိတအဖြဲ႕မွ ကိုေအာင္ပိုင္မင္းက ၎၏ အေတြ႕ အႀကဳံကို ေျပာသည္။

NP News က ျမင္ေတြ႕ရေသာ အေျခအေနရ အခ်ိဳ႕ေရေဘးသင့္သူမ်ားမွာ ေရစီးႏွင့္အတူ ေမ်ာပါသြားၿပီးေနာက္ ေရာက္သည့္ ေနရာတြင္ ဖက္တြယ္ကာ ကယ္ဆယ္ေရးသမားမ်ား လာမည့္အခ်ိန္ကို ေစာင့္ေနၾကျခင္းျဖစ္ရာ အခ်ိဳ႕ ပရဟိတအဖြဲ႕မ်ားမွ တင္ေသာ ပို႔စ္မ်ားမွာ ျပည္သူမ်ား အတြက္ အခ်ိန္ႏွင့္တစ္ေျပးညီ သိရျခင္း ျဖစ္သကဲ့သို႔ စိတ္မေကာင္းျဖစ္ဖြယ္၊ က႐ုဏာသက္ဖြယ္ ျဖစ္သည္။

ထင္ရွားေသာ ျဖစ္စဥ္တစ္ခုမွာ ေရစီးႏွင့္အတူ ေမ်ာပါၿပီးေနာက္ ႀကံပင္မ်ားၾကား တစ္ညလုံး ကပ္ေနခဲ့ရေသာ ပ်ဥ္းမနားၿမိဳ႕နယ္၊ ဆင္ေသ႐ြာမွ အမ်ိဳးသမီးတစ္ဦးကို ကယ္တင္ႏိုင္ခဲ့ျခင္း ျဖစ္ေသာ္ လည္း စိတ္မေကာင္းျဖစ္စရာမွာ ၎၏အနီးတြင္ ၎၏ ေယာကၡမအေလာင္းကို ျမင္ေတြ႕ရျခင္းျဖစ္ သည္။

ထို႔ျပင္ အျမင့္တစ္ေနရာတြင္ ကပ္ေနၿပီး ေရစီးႏွင့္ ေမ်ာပါလုဆဲဆဲ ေရေဘးဒုကၡသည္မ်ားကို အခ်ိန္မီကယ္တင္ ႏိုင္ခဲ့ေသာ ျဖစ္စဥ္က ၾကည္ႏူးစရာ ေကာင္းခဲ့ၿပီး ေလွေပၚအေရာက္ အသက္ေဘးမွလြတ္ၿပီဟုဆိုကာ စိတ္ေလွ်ာ့လိုက္ ၾကေသာ အထက္ပါ ေရေဘးဒုကၡသည္တို႔၏ မ်က္ႏွာမ်ားကလည္း ျပည္သူမ်ား၏ စိတ္ႏွလုံးကို ပီတိမ်က္ရည္က်ေစ ခဲ့သည္။
လတ္တေလာ ေရႀကီးသည့္ ေဒသမ်ားတြင္ ေရေလ်ာ့နည္းလာၿပီဟုဆိုေသာ္လည္း အထက္မွ ဆင္းလာေသာေရမ်ားေၾကာင့္ ျမန္မာႏိုင္ငံေအာက္ ပိုင္းတြင္ ေရႀကီးမည့္ေဘးမ်ားရွိေနၿပီး ျမစ္ကမ္းေဘး ေနထိုင္သူမ်ား အေနျဖင့္ ယခုသတိထားရန္ လိုအပ္ေနၿပီျဖစ္သည္။ ထို႔ျပင္ ယခုအခါ အခ်ိဳ႕ေနရာမ်ားတြင္ ေရစတက္ေနသည္။ ေတာင္ငူၿမိဳ႕နယ္၊ တံတားဦး ၿမိဳ႕ နယ္စသည္ျဖင့္ ၿမိဳ႕နယ္မ်ားတြင္ ေရတက္ေနရာ တံတားဦးၿမိဳ႕နယ္တြင္ တက္လာေသာ ေရစီးမ်ိဳးကို တစ္ႀကိမ္မွ် မျမင္ေတြ႕ဖူးေၾကာင္း ေဒသခံ တစ္ ဦးက ဆိုသည္။

‘ေရတိုးတာေတာ့ အသားက်ေနပါၿပီ။ ဒါေပမဲ့ ဒီလိုမ်ိဳးႀကီး ေရက ျဖတ္စီးၿပီးသြားတာမ်ိဳးကို မႀကဳံဖူးဘူး} ဟု တံတားဦး ၿမိဳ႕ခံတစ္ဦးက ဆိုသည္။
ယခုအခ်ိန္တြင္ ျမန္မာႏိုင္ငံက ေဒသအေတာ္မ်ားမ်ားတြင္ ေရႀကီးေရလွ်ံမႈမ်ား ျဖစ္ပြားေနရာ ထင္ရွား ေက်ာ္ၾကားသူ အခ်ိဳ႕ကလည္း ေရေဘးသင့္ျပည္သူ မ်ားအေရးတတ္ႏိုင္သည့္ဘက္မွ ကူညီရန္ စတင္ ေဆာင္႐ြက္ လာေနၾကသည္။

ဥပမာအားျဖင့္ ျမန္မာ့႐ိုးရာ လက္ေဝွ႔ေက်ာ္ ထြန္းထြန္းမင္က ၎ပထမဆုံးရခဲ့ေသာ ျမန္မာ့လက္ ေဝွ႔ကမာၻ႔ခ်န္ ပီယံခါးပတ္ကို ေလလံတင္ေရာင္းခ်ၿပီး ေရာင္းခ်ရေငြ အားလုံးကို ေရေဘးသင့္ ျပည္သူမ်ားထံ တစ္ျပားမက်န္ လႉဒါန္း ရန္စီစဥ္ေနျခင္းျဖစ္ၿပီး ႐ုပ္ရွင္ မင္းသမီးတစ္ဦးျဖစ္သူ ခိုင္ႏွင္းေဝကလည္း ေရေဘး သင့္ ျပည္သူမ်ားအတြက္ လႉဒါန္းရန္ စီစဥ္ေနသည္။
အလားတူ အျခားထင္ရွားသူအခ်ိဳ႕က လည္း ေရေဘးသင့္ျပည္သူမ်ားအတြက္ လႉဒါန္း မႈမ်ား ျပဳလုပ္ေနေၾကာင္း သိရသည္။ ထိုသို႔ လႉဒါန္းခဲ့ သည့္အထဲတြင္ အကယ္ဒမီ စိုင္းစိုင္းခမ္းလႈိင္က က်ပ္ သိန္း (၃၀) ၊ အကယ္ဒမီ ဝတ္မႈန္ေ႐ႊရည္ ဇနီးေမာင္ႏွံ က က်ပ္သိန္း (၁၀ဝ)၊ သူခ်စ္ခင္ ႐ုပ္ရွင္အဖြဲ႕သား မ်ားက က်ပ္သိန္းတစ္ရာ၊ သ႐ုပ္ေဆာင္ ယုသႏၲာတင္ က က်ပ္သိန္း (၃၀)၊ ေနဝင္း၊ ရဲေလး၊ ယြန္းျမတ္သူ၊ ပိုးမမွီသာ အစရွိသျဖင့္ အႏုပညာရွင္မ်ားကလည္း သ႐ုပ္ေဆာင္ခိုင္ႏွင္းေဝမွတစ္ဆင့္လႉဒါန္းမႈမ်ား ျပဳလုပ္ခဲ့ကာ အဆိုေတာ္ ခ်ယ္ရီသင္းကလည္း ေရေဘး ေရွာင္ျပည္သူ မ်ားအတြက္ ပရဟိတပြဲကို ဦးေဆာင္သီ ဆိုမည္ျဖစ္သည့္အျပင္ ေငြေၾကးလႉဒါန္းရန္အတြက္ ေကာက္ခံေနေၾကာင္း သိရသည္။ ထို႔ျပင္ ႏိုင္ငံေရး ပါတီအခ်ိဳ႕ကလည္း ေရေဘးသင့္ျပည္သူမ်ား အတြက္ လႉဒါန္းမႈမ်ား ျပဳလုပ္ေနေၾကာင္း သိရသည္။

‘အခုဆိုရင္ ျပည္သူလူထုေတြ အရမ္းဒုကၡ ေရာက္ေနတယ္။ တခ်ိဳ႕သူေတြက ေရေတြေမ်ာေနတယ္။ ကြၽန္ေတာ္ တို႔မွာ လႉဖို႔တန္းဖို႔ က်ေတာ့လည္း ထိုးေၾကးေတြက ႏိုင္ငံျခားလို႔လည္းမရဘူး။ အမ်ား ႀကီးလည္း မလႉႏိုင္ဘူး။ အဲဒီေတာ့ စဥ္းစားလိုက္တာက ကြၽန္ေတာ္ ဘဝနဲ႔ ရင္းၿပီးေတာ့ ငယ္ငယ္ေလးတည္းက ထိုးခဲ့ရတဲ့ကြၽန္ေတာ့္ မွတ္တိုင္ေပါ့။ အသက္နဲ႔ ရင္း ၿပီးေတာ့ ယူခဲ့ရတဲ့ဥစၥာကို ဒီဟာနဲ႔အလႉအတန္း လုပ္ ခ်င္တယ္။ ပထမဆုံး အႀကိမ္ရတဲ့ ခါးပတ္ဆိုေတာ့’ ဟု လက္ေဝွ႔ေက်ာ္ ထြန္းထြန္းမင္းက NP Newsကို ေျပာသည္။

ယခု ေရေဘးႏွင့္ ပတ္သက္၍ ကယားျပည္ နယ္တြင္လည္း ဏႌမ်ား ေသဆုံးမႈ ျဖစ္ပြားခဲ့သကဲ့သို႔ အျခား PDF အဖြဲ႕မ်ားအတြင္း ေသဆုံးမႈမ်ားရွိေန ေၾကာင္းလည္း သိရသည္။

လက္ရွိ ေရေဘးကိုအေျချပဳ၍ အင္ဒိုနီးရွား ဆူနာမီ သင္ခန္းစာကဲ့သို႔ အပစ္အခတ္ရပ္စဲေရး ေဆာင္႐ြက္သင့္ေၾကာင္း ျမန္မာ့ၿငိမ္းခ်မ္းေရး ေဆာင္႐ြက္ရာတြင္ပါဝင္ခဲ့သူတစ္ဦးျဖစ္ေသာ ဦးညိဳအုန္း ျမင့္က ၎၏ လူမႈကြန္ရက္ေဖ့စ္ ဘြတ္ခ္ စာမ်က္ႏွာထက္တြင္ ေရးသားထားသည္။

‘(၂၀ဝ၅)ခုႏွစ္ အင္ဒိုနီးရွား ႏိုင္ငံအာေခ်း (Aceh) မွာႏွစ္ (၃၀)ေက်ာ္ လက္နက္ကိုင္ ပဋိပကၡကို (၂၀ဝ၄)ခုႏွစ္ ဆူနာမီေၾကာင့္ အစိုးရတပ္ေရာခြဲ ထြက္ေရးသမားေတြပါ ၿငိမ္းခ်မ္းေရးအတြက္ သေဘာတူညီႏိုင္ခဲ့ပါတယ္။ အခြင့္အေရး တစ္ခုကို မိမိရရဆုပ္ ကိုင္ႏိုင္သလို လက္နက္ကိုင္ေျဖရွင္းေရးထက္ ျပည္သူေတြဒုကၡကို ခ်က္ခ်င္းတုံ႔ျပန္ဖို႔နဲ႔ ျပန္လည္ ထူေထာင္ေရးအတြက္ အင္ဒို စစ္တပ္နဲ႔ သူပုန္အၾကား ႏိုင္ငံတကာကပါအင္တိုက္အား တိုက္ ပံပိုးေပးခဲ့ပါတယ္။ ဆူနာမီ ရင္ၾကားေစ့ေရးလို႔ ေတာင္ေျပာလို႔ရပါတယ္’ဟု ၎ကဆိုသည္။ ထို႔ ေၾကာင့္ ဒုကၡသည္မ်ားကို ဦးစားေပးေစလိုေၾကာင္းလည္း ၎က ဆိုထားသည္။

‘လိုတိုရွင္းေျပာခ်င္တာက ျမန္မာႏိုင္ငံလက္ရွိ ေရေဘးအတြက္ ႏွစ္ဖက္ လက္နက္ကိုင္အဖြဲ႕ အစည္းမ်ား ယာယီအပစ္ရပ္ထားေစခ်င္ပါတယ္။ အာေခ်းလို ဆူနာမီကိုအေၾကာင္းျပဳၿပီး အပစ္ရပ္လို႔ရပါတယ္။ ဒုကၡသည္ သန္းခ်ီကိုဦးစားေပးကူဖို႔ႏွစ္ ဖက္သေဘာတူၾကပါတယ္။ ဒုကၡသည္ေတြအတြက္ သြားရတဲ့အင္ဒိုနီးရွားစစ္တပ္ ယာဥ္တန္း ေတြကို မတိုက္ခိုက္ဖို႔ မိုင္းမဆြဲဖို႔ သေဘာတူခဲ့ရတယ္။ အထစ္အေငါ့ေတြၾကားက ခြဲထြက္ေရးသမားေတြလည္း ယုံယုံၾကည္ၾကည္ ကယ္ဆယ္ေရးလုပ္ငန္းေတြ တြဲလုပ္ၾကပါတယ္။ ရင္ဆိုင္တပ္စြဲထားတဲ့တပ္ေတြ စစ္ပြဲအစား ဆူနာမီဒုကၡသည္ကယ္ဆယ္ ထူေထာင္ေရးအတြက္ စာမ်က္ႏွာသစ္ဖြင့္ခဲ့ပါတယ္။ အာေခ်း ေဆြးေႏြးပြဲမွာပါခဲ့သူ ဗိုလ္ခ်ဳပ္ ႀကီးကိုယ္တိုင္ ဂ်ကာတာ အစည္းအေဝးတစ္ခုမွာ (၂၀ဝ၇)ခုႏွစ္က ေျပာဖူး လို႔ ပါ’ဟု ၎က ေရးသားအသိေပးထားသည္။

Related news

© 2021. All rights reserved.