ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသော ကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်

 1061

ချယ်ရီ (NP News) - စက်တင်ဘာ ၁၉

ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းများဖြစ်နိုင်ကြောင်း ယနေ့(စက်တင်ဘာလ ၁၉ ရက်)တွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေးထုတ်ပြန်ထားသည်။

တောင်တရုတ်ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသော အပူပိုင်းမုန်တိုင်းငယ်မှာ အနောက်ဘက်သို့ ရွေ့လျားခဲ့ပြီးနောက် ပိုမိုအားကောင်းလာကာ အပူပိုင်းမုန်တိုင်းဆိုးလစ်ခ်(SOULIK) အဖြစ်သို့ရောက်ရှိလာပြီး ထိုအပူပိုင်းမုန်တိုင်း ဆိုးလစ်ခ်(SOULIK)မှာ အနောက်နှင့် အနောက်တောင်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ကာ ယနေ့ညပိုင်းတွင် ဗီယက်နမ်နိုင်ငံအလယ်ပိုင်းကမ်းခြေကို ဖြတ်ကျော်နိုင်ကြောင်း သိရသည်။

ထို့နောက် လာမည့် စက်တင်ဘာလ၂၀ ရက်တွင် အပူပိုင်းမုန်တိုင်း ဆိုးလစ်ခ် (SOULIK) ၏ အကြွင်းအကျန် တိမ်တိုက်များနှင့် လေပွေလှိုင်းသည် မြန်မာ နိုင်ငံအရှေ့တောင်ပိုင်းဒေသများသို့ စတင်ဖြတ်ကျော်ပြီးနောက်တွင် အ နောက် နှင့် အနောက်တောင်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး ကပ္ပလီပင်လယ်ပြင် နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် လေဖိအားနည်းရပ်ဝန်းအဖြစ်သို့ ပြန်လည်အစပျိုး အားကောင်းလာနိုင်ကြောင်း မိုးဇလက ဆို သည်။

အဆိုပါ ဖြတ်ကျော်လာနိုင်သော လေပွေလှိုင်းအရှိန်ကြောင့် လာမည့်စက်တင်ဘာလ ၂၀ ရက်မှ ၂၅ ရက်အတွင်း နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ် နှင့် မွန်ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာကာ ဒေသအလိုက် မိုးကြီးခြင်းများ၊ နေရာကွက်၍ မိုးကြီးခြင်းများနှင့် လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း မိုးဇလက သတိပေးထားသည်။

“ပြီးခဲ့တဲ့ မိုးတုန်းကတော့ (မိုး)များလည်းများတယ်။ အခုတော့ ရေတွေကပြန်ကျတယ်။ မကျတဲ့နေရာတော့ရှိတာပေါ့။ တောင်ငူတို့၊ဘာတို့၊ ပြီးတော့ နောက်တစ်ခါထပ်ပြီးလာမယ်ဆိုရင်တော့ မိုးကြီးနိုင်တဲ့ ထုတ်ပြန်ထားတဲ့ သက်ရောက်နိုင်တဲ့ဒေသတွေမှာ ကြိုတင်ပြင်ဆင်မှုတွေ၊ ပြင်ဆင်မှုတွေတော့ လုပ်ထားဖို့လိုတယ်။ သို့သော်အခုမုန်တိုင်းဟာ ပြီးခဲ့တဲ့လောက်တော့ အားမကောင်းဘူးပေါ့နော်။ အခုက အပူပိုင်းမုန်တိုင်းလောက်နဲ့ ဖြတ်နိုင်တာပေါ့နော်။ အင်အားကတော့ နည်းနည်းလျော့နိုင်တယ်လို့တော့ ခန့်မှန်းထားတယ်။ ဘာပဲပြောပြော သဘာဝဘေးဆိုတာကတော့ ကြိုတင်ပြင်ဆင်နိုင်မှသာလျှင် အကောင်းဆုံးပေါ့။ ဘာလို့လဲဆိုတော့ သူက မမျှော်လင့်တဲ့အချိန်၊ မမျှော်လင့်တဲ့နေရာကနေ ဖြစ်တာ။ အဲဒီတော့ဘာပဲပြောပြော ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ကြိုတင်သတိရှိဖို့လိုတယ်"ဟု မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးလှထွန်းက NP News ကို ပြောသည်။

မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ လျှပ်တစ် ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ် နိုင်သောကြောင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုရှောင်ရှားနိုင်ရန်နှင့် ပြည်တွင်းရေကြောင်းသွားလာရေးနှင့် လေကြောင်း ပျံသန်းရေးအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေးထားသည်။

zawgyi version
ယခုရက္ပိုင္းအတြင္း ျမန္မာႏိုင္ငံကို အပူပိုင္းေလေပြလႈိင္း ဝင္ေရာက္ႏိုင္ေခ်ရွိေသာေၾကာင့္ ေဒသအလိုက္ မိုးႀကီးျခင္း၊ ေလျပင္းတိုက္ျခင္းျဖစ္ႏိုင္
ခ်ယ္ရီ (NP News) - စက္တင္ဘာ ၁၉

ယခုရက္ပိုင္းအတြင္း ျမန္မာႏိုင္ငံကို အပူပိုင္းေလေပြလႈိင္း ဝင္ေရာက္ႏိုင္ေခ်ရွိေသာေၾကာင့္ ေဒသအလိုက္ မိုးႀကီးျခင္း၊ ေလျပင္းတိုက္ျခင္းမ်ားျဖစ္ႏိုင္ေၾကာင္း ယေန႔(စက္တင္ဘာလ ၁၉ ရက္)တြင္ မိုးေလဝသႏွင့္ ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာနက သတိေပးထုတ္ျပန္ထားသည္။

ေတာင္တ႐ုတ္ပင္လယ္ျပင္တြင္ ျဖစ္ေပၚေနေသာ အပူပိုင္းမုန္တိုင္းငယ္မွာ အေနာက္ဘက္သို႔ ေ႐ြ႕လ်ားခဲ့ၿပီးေနာက္ ပိုမိုအားေကာင္းလာကာ အပူပိုင္းမုန္တိုင္းဆိုးလစ္ခ္(SOULIK) အျဖစ္သို႔ေရာက္ရွိလာၿပီး ထိုအပူပိုင္းမုန္တိုင္း ဆိုးလစ္ခ္(SOULIK)မွာ အေနာက္ႏွင့္ အေနာက္ေတာင္ဘက္သို႔ ဆက္လက္ေ႐ြ႕လ်ားႏိုင္ကာ ယေန႔ညပိုင္းတြင္ ဗီယက္နမ္ႏိုင္ငံအလယ္ပိုင္းကမ္းေျခကို ျဖတ္ေက်ာ္ႏိုင္ေၾကာင္း သိရသည္။

ထို႔ေနာက္ လာမည့္ စက္တင္ဘာလ၂၀ ရက္တြင္ အပူပိုင္းမုန္တိုင္း ဆိုးလစ္ခ္ (SOULIK) ၏ အႂကြင္းအက်န္ တိမ္တိုက္မ်ားႏွင့္ ေလေပြလႈိင္းသည္ ျမန္မာ ႏိုင္ငံအေရွ႕ေတာင္ပိုင္းေဒသမ်ားသို႔ စတင္ျဖတ္ေက်ာ္ၿပီးေနာက္တြင္ အ ေနာက္ ႏွင့္ အေနာက္ေတာင္ဘက္သို႔ ဆက္လက္ေ႐ြ႕လ်ားႏိုင္ၿပီး ကပၸလီပင္လယ္ျပင္ ႏွင့္ ဘဂၤလားပင္လယ္ေအာ္တို႔တြင္ ေလဖိအားနည္းရပ္ဝန္းအျဖစ္သို႔ ျပန္လည္အစပ်ိဳး အားေကာင္းလာႏိုင္ေၾကာင္း မိုးဇလက ဆို သည္။

အဆိုပါ ျဖတ္ေက်ာ္လာႏိုင္ေသာ ေလေပြလႈိင္းအရွိန္ေၾကာင့္ လာမည့္စက္တင္ဘာလ ၂၀ ရက္မွ ၂၅ ရက္အတြင္း ေနျပည္ေတာ္၊ မႏၲေလးတိုင္းေဒသႀကီး၊ မေကြးတိုင္းေဒသႀကီး၊ ပဲခူးတိုင္းေဒသႀကီး၊ ရန္ကုန္တိုင္းေဒသႀကီး၊ ဧရာဝတီတိုင္းေဒသႀကီး၊ တနသၤာရီတိုင္းေဒသႀကီး၊ ရွမ္းျပည္နယ္၊ ခ်င္းျပည္နယ္၊ ရခိုင္ျပည္နယ္၊ ကယားျပည္နယ္၊ ကရင္ျပည္နယ္ ႏွင့္ မြန္ျပည္နယ္တို႔တြင္ ေနရာအႏွံ႔အျပား မိုးထစ္ခ်ဳန္း႐ြာကာ ေဒသအလိုက္ မိုးႀကီးျခင္းမ်ား၊ ေနရာကြက္၍ မိုးႀကီးျခင္းမ်ားႏွင့္ ေလျပင္းတိုက္ခတ္ျခင္းမ်ား ျဖစ္ေပၚႏိုင္ေၾကာင္း မိုးဇလက သတိေပးထားသည္။

“ၿပီးခဲ့တဲ့ မိုးတုန္းကေတာ့ (မိုး)မ်ားလည္းမ်ားတယ္။ အခုေတာ့ ေရေတြကျပန္က်တယ္။ မက်တဲ့ေနရာေတာ့ရွိတာေပါ့။ ေတာင္ငူတို႔၊ဘာတို႔၊ ၿပီးေတာ့ ေနာက္တစ္ခါထပ္ၿပီးလာမယ္ဆိုရင္ေတာ့ မိုးႀကီးႏိုင္တဲ့ ထုတ္ျပန္ထားတဲ့ သက္ေရာက္ႏိုင္တဲ့ေဒသေတြမွာ ႀကိဳတင္ျပင္ဆင္မႈေတြ၊ ျပင္ဆင္မႈေတြေတာ့ လုပ္ထားဖို႔လိုတယ္။ သို႔ေသာ္အခုမုန္တိုင္းဟာ ၿပီးခဲ့တဲ့ေလာက္ေတာ့ အားမေကာင္းဘူးေပါ့ေနာ္။ အခုက အပူပိုင္းမုန္တိုင္းေလာက္နဲ႔ ျဖတ္ႏိုင္တာေပါ့ေနာ္။ အင္အားကေတာ့ နည္းနည္းေလ်ာ့ႏိုင္တယ္လို႔ေတာ့ ခန႔္မွန္းထားတယ္။ ဘာပဲေျပာေျပာ သဘာဝေဘးဆိုတာကေတာ့ ႀကိဳတင္ျပင္ဆင္ႏိုင္မွသာလွ်င္ အေကာင္းဆုံးေပါ့။ ဘာလို႔လဲဆိုေတာ့ သူက မေမွ်ာ္လင့္တဲ့အခ်ိန္၊ မေမွ်ာ္လင့္တဲ့ေနရာကေန ျဖစ္တာ။ အဲဒီေတာ့ဘာပဲေျပာေျပာ ဒီျဖစ္စဥ္နဲ႔ပတ္သက္ၿပီး ႀကိဳတင္သတိရွိဖို႔လိုတယ္"ဟု မိုးေလဝသႏွင့္ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာနမွ ၫႊန္ၾကားေရးမႉး ဦးလွထြန္းက NP News ကို ေျပာသည္။

မိုးသည္းထန္စြာ႐ြာသြန္းျခင္းႏွင့္အတူ ေလျပင္းတိုက္ခတ္ျခင္း၊ လွ်ပ္တစ္ ျပက္ေရႀကီးျခင္းႏွင့္ ေျမၿပိဳျခင္းစသည့္ သဘာဝေဘးအႏၲရာယ္မ်ား ျဖစ္ေပၚ ႏိုင္ေသာေၾကာင့္ ကုန္းျမင့္ေဒသအနီးတြင္ ေနထိုင္ၾကသူမ်ားအေနျဖင့္ ေျမၿပိဳမႈအႏၲရာယ္၊ ျမစ္ငယ္၊ ေခ်ာင္းငယ္မ်ားအနီးတြင္ ေနထိုင္ၾကသူမ်ားအေနျဖင့္ ေရႀကီး၊ ေရလွ်ံမႈမ်ားကို ႀကိဳတင္သတိျပဳေရွာင္ရွားႏိုင္ရန္ႏွင့္ ျပည္တြင္းေရေၾကာင္းသြားလာေရးႏွင့္ ေလေၾကာင္း ပ်ံသန္းေရးအေနျဖင့္လည္း ႀကိဳတင္သတိျပဳႏိုင္ရန္ မိုးေလဝသႏွင့္ ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာနက သတိေပးထားသည္။

Related news

© 2021. All rights reserved.