မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ

 74

သန်းထိုက်စိုး (NP News) - စက်တင်ဘာ ၂ဝ

သမ္မတဗလာဒီမာပူတင်သည် (၂၀၂၄) ခုနှစ် စက်တင်ဘာလ (၂) ရက်နေ့တွင် မွန်ဂိုလီးယား နိုင် ငံသို့ရောက်ရှိလာခဲ့သည်။ နိုင်ငံတကာရာဇဝတ်တရား ရုံး ICC က (၂၀၂၃) ခုနှစ်တွင် သမ္မတပူတင်ကို ဖမ်းဝရမ်းထုတ်ခဲ့ပြီးနောက် ရုရှားသမ္မတတစ်ဦး မွန်ဂိုလီးယားသို့ ပထမဆုံးအကြိမ် လာရောက်ခဲ့ခြင်း ဖြစ်သည်။ သမ္မတပူတင်သည် ဒုတိယကမ္ဘာစစ်အတွင်း ဆိုဗီယက်-မွန်ဂိုလီးယား စစ်ရေးအောင်ပွဲကျင်းပ မည့်အခမ်းအနားနှင့် အချိန်ကိုက်လာရောက်ခဲ့ခြင်း လည်းဖြစ်သည်။ အလားတူ သမ္မတပူတင်၏ခရီး စဉ်သည် အာရှအလယ်ပိုင်းနိုင်ငံလေးဖြစ်သည့် မွန်ဂို လီးယားနိုင်ငံ၏ ဘက်မလိုက်မူဝါဒကျင့်သုံးမှုနှင့် နိုင်ငံ တကာအင်စတီကျူးရှင်းများ၏ ခြေတံလက်တံကို စမ်းသပ်မည့်ခရီးစဉ်လည်း ဖြစ်သည်။

မွန်ဂိုလီးယားနိုင်ငံသည် လူဦးရေ (၃.၄) သန်း ခန့်ရှိသည့် နိုင်ငံတစ်နိုင်ငံဖြစ်သော်လည်း နယ်မြေ အကျယ်အဝန်းကြီးမားသည်။ ရုရှား၊တရုတ်နိုင်ငံတို့နှင့် စီးပွားရေးအရသမိုင်းကြောင်းနှင့်ချီ၍ ချိတ် ဆက်နေသော်လည်း လွတ်လပ်သည့်နိုင်ငံခြားရေး မူဝါဒကို ချမှတ်အကောင်အထည် ဖော်ရန် အပတ်တကုတ်ကြိုးပမ်းနေခြင်းဖြစ်သည်။ အမေရိကန်၊ ဂျာမနီ၊ ဂျပန်၊ တောင်ကိုရီးယား စသည့်တတိယနိုင်ငံတို့ နှင့်လည်း နွေးထွေးသည့်ဆက်ဆံရေးရရှိရန် အစဉ် တစိုက်ကြိုးစားနေခြင်းဖြစ်သည်။

မွန်ဂိုလီးယားနိုင်ငံအနေဖြင့် နိုင်ငံတကာ စင်မြင့် တွင် ၎င်း၏ ဘက်မလိုက်သည့်ပုံရိပ်ကောင်းရရှိရန် ကြိုးပမ်းခြင်းဖြင့် နိုင်ငံအတွက် လုံခြုံမှုရရှိလိမ့်မည်ဟု မျှော်မှန်းထားခြင်းဖြစ်သည်။ သံတမန်ရေး အခင်းအ ကျင်းအဖြစ်Ulaanbaatar Dialogue ကို နှစ်စဉ် ကျင်းပသည်။Ulaanbaatar Dialogue ဆိုသည်မှာ အမေရိကန်နှင့် ဥရောပနိုင်ငံများအပါအဝင် ဖိတ်ကြား ခံရသည့်နိုင်ငံများ၊ ဒေသတွင်းနိုင်ငံများအနေဖြင့် ရာသီဥတုပြောင်းလဲမှုမှသည် ဒေသတွင်း လုံခြုံရေး နှင့် အရေးကြီးဓာတ်သတ္တုများအထိ ကိစ္စရပ်အတော် များများကို ဆွေးနွေးနိုင်သည့် အခွင့်အရေးတစ်ရပ် လည်း ဖြစ်သည်။

နိုင်ငံတကာမျက်နှာစာတွင် သမ္မတပူတင်၏ ပုံရိပ်ကောင်းမွန်ခြင်းမရှိသော်လည်း မွန်ဂိုလီးယား နိုင်ငံသည် ရုရှားနှင့်နီးကပ်သည့်ဆက်ဆံရေးကို ထိန်းသိမ်းထားလိုသည်။ (၂၀၂၄) ခုနှစ် ဇူလိုင်လ အတွင်းကလည်း မွန်ဂိုလီးယားသမ္မတUknaagiin Khurelsukh သည် သမ္မတပူတင်နှင့် ရှန်ဟိုင်းပူး ပေါင်းဆောင်ရွက်ရေး ထိပ်သီးဆွေးနွေးပွဲတွင် တွေ့ ဆုံခဲ့သည်။ သမ္မတပူတင်၏ မွန်ဂိုလီးယားခရီးစဉ် သည် အမေရိကန်ဦးဆောင်သည့် နိုင်ငံတကာအထိုင် နှင့် လိုက်လျောညီထွေမှုနှင့်ဟန်ချက်ညီမှုကို ရှာဖွေ နေသည့် မွန်ဂိုလီးယားနိုင်ငံအတွက် စိန်ခေါ်မှုများ ရှိလာနိုင်သည်။ မွန်ဂိုလီးယားနိုင်ငံသည် နိုင်ငံတကာ ရာဇဝတ်တရားရုံးICC အဖွဲ့ဝင်နိုင်ငံလည်းဖြစ်သည်။

နိုင်ငံတကာရာဇဝတ်တရားရုံး ICC သည် သမ္မတပူ တင်ကို ယူကရိန်းကလေးငယ်များအား ဥပဒေနှင့်ညီ ညွတ်ခြင်းမရှိဘဲ ရုရှားသို့ရွှေ့ပြောင်းမှုနှင့်ပတ်သက် ၍ဟုဆိုကာ ဖမ်းဝရမ်းထုတ်ခဲ့သည်။ ယူကရိန်းနိုင်ငံက လည်း သမ္မတပူတင်ကို ဖမ်းဆီးထိန်းသိမ်းပေးရန် မွန်ဂိုလီးယားနိုင်ငံကို တိုက်တွန်းခဲ့သည်။ သို့သော် နိုင်ငံတကာရာဇဝတ်တရားရုံး ICC တွင် ဥပဒေကို အသက်သွင်းနိုင်သည့် ထိရောက်သည့်ယန္တရားမရှိပါ။ ဖမ်းဝရမ်းထုတ်ထားသော်လည်း အဖွဲ့ဝင်နိုင်ငံအချို့ သည် ဖမ်းဆီးခံရခြင်းမရှိဘဲ လွတ်မြောက်နိုင်သည့် သာဓကများစွာရှိသည်။

မွန်ဂိုလီးယားနိုင်ငံသည် ဆိုဗီယက်ပြည်ထောင်စု ခေတ်ကတည်းက နှစ်ပေါင်း (၇၀) နီးပါးကြာ နီးနီးကပ်ကပ်ရှိခဲ့သည့်နိုင်ငံဖြစ်သည်။ သို့သော် ကွန်မြူနစ် ဝါဒကျဆုံးခြင်းနှင့်အတူ စစ်အေးခေတ်လွန်ကာလ အထိုင် ပထဝီနိုင်ငံရေး အပြောင်းအလဲ နောက်ဆက် တွဲများကြောင့် နိုင်ငံ၏စီးပွားရေးနှင့် နိုင်ငံရေးဆိုင်ရာ အပြောင်းအလဲများ ပြုလုပ်လာခဲ့ရသည်။ သို့ဖြစ်ရာ မွန်ဂိုလီးယားသည် ယခင်က ကွန်မြူနစ်နိုင်ငံဖြစ်ခဲ့ သော်လည်း ဒီမိုကရက်တစ်နိုင်ငံရေးစနစ်နှင့် တံခါး ဖွင့် စီးပွားရေးစနစ်ဘက်သို့ ကူးပြောင်းလာခဲ့သည်။ အမေရိကန်နှင့် အခြားသော အနောက်နိုင်ငံများနှင့် ဆက်ဆံရေး အထူးကောင်းမွန်ခဲ့ရာ ဒေသတွင်းအတွက် စံပြနိုင်ငံအဖြစ်ပင် ချီးကျူးထောမနာပြုခြင်း ခံခဲ့ရသည်။

မွန်ဂိုလီးယားနိုင်ငံသည် (၂၀၂၄) ခုနှစ်အထိ အမေရိကန်နိုင်ငံ၊ ဆလိုဗေးနီးယားနိုင်ငံ၊ ဖိလစ်ပိုင် နိုင်ငံ၊ ဗီလာရုစ်နိုင်ငံ၊ ဗြိတိန်နိုင်ငံနှင့် ဂျာမနီနိုင်ငံတို့မှ နိုင်ငံခြားရေးဝန်ကြီးများ၊ နိုင်ငံတော်အကြီးအကဲ များကို လက်ခံတွေ့ဆုံခဲ့သည်။ မွန်ဂိုလီးယားဝန်ကြီး ချုပ် Luvsannamsrain Oyun-Erdene သည် (၂၀၂၃) ခုနှစ်တွင် အမေရိကန်နိုင်ငံသို့ သွားရောက်ခဲ့ ပြီး ဒုတိယသမ္မတ ကင်မလာဟားရစ်နှင့် တွေ့ဆုံခဲ့ သကဲ့သို့ တရုတ်သမ္မတ ရှီကျင့်ဖျင်၊ ဝန်ကြီးချုပ် လီ ချန်းတို့နှင့်လည်း တွေ့ဆုံခဲ့သည်။ ပြင်သစ်သမ္မတ မက်ခရွန်နှင့် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်တို့ နှစ်ဦး သည်လည်း မကြာသေးမီကပင်Ulaabaatar ဆွေးနွေးပွဲသို့သွားရောက်ခဲ့ကြသည်။

မွန်ဂိုလီးယားနိုင်ငံသည်Ulaabaatar ဆွေးနွေး ပွဲ ဆော့ပါဝါကိုအသုံးချပြီး နိုင်ငံတကာ အသိုက်အဝန်း နှင့် ချစ်ကြည်ရင်းနှီးမှုကို ရရှိနေသည်။ သို့သော် ပထဝီနိုင်ငံရေးစက်ကွင်းကနေမူ ရုန်းမထွက်နိုင်ခဲ့ပါ။ ကုန်းတွင်းပိတ်နိုင်ငံဖြစ်သည့် မွန်ဂိုလီးယားနိုင်ငံအ နေဖြင့် အင်အားကြီးနိုင်ငံနှစ်ခု၏ စိတ်အလိုဆန္ဒအတိုင်းနေထိုင်ခဲ့ရသည်။ မွန်ဂိုလီးယားနိုင်ငံအနေဖြင့် တရုတ်နှင့်ဆက်ဆံရေးက တစ်ဖက်၊ ရုရှားနှင့်ဆက် ဆံရေးကတစ်ဖက် မဟုတ်ပါ။ ရုရှားနှင့်ရော၊ တရုတ်နှင့်ပါ ကျယ်ပြန့်သည့် မဟာဗျူဟာမြောက် မိတ်ဖက် ဆက်ဆံရေးရှိနေခြင်းဖြစ်သည်။ သုံးနိုင်ငံဆက်ဆံ ရေးမှာ သမိုင်းကြောင်းနှင့်ဆက်စပ်နေသကဲ့သို့ ပြည် သူ ပြည်သူချင်းဆက်ဆံရေး၊ ယဉ်ကျေးမှုအရ လေး နက်သည့်ဆက်စပ်မှုနှင့် အခြားအရေးကြီးသော သွင် ပြင်လက္ခဏာများသည် သုံးနိုင်ငံကြား ခိုင်မာသည့် ဆက်ဆံရေးကို ကျားကန်ပေးထားသည်။ မွန်ဂိုလီး ယားနိုင်ငံအနေဖြင့် လျှပ်စစ်မီးရရှိရေး၊ ဓာတ်ဆီနှင့် ဒီဇယ်ဆီရရှိရေးတို့အတွက် ရုရှားနိုင်ငံအပေါ် မှီခိုနေ ရသည်။ ရုရှားနိုင်ငံသည် ဆိုဗီယက်ခေတ်၏ အမွေ ဆက်ခံမှု သဘောတူညီများအရ မွန်ဂိုလီးယားနိုင်ငံရှိ အရေးကြီးအခြေခံအဆောက်အအုံများနှင့် သတ္တု တွင်းစီမံကိန်း (၅၀)ရာခိုင်နှုန်းကို ဆက်လက်ပိုင်ဆိုင် ထားဆဲဖြစ်သည်။ အထူးသဖြင့် ရုရှားနိုင်ငံသည် မွန်ဂို လီးယားနိုင်ငံ၏ ရထားလမ်းစနစ်တွင် အရေးပါသည့် မိတ်ဖက်နိုင်ငံတစ်နိုင်ငံဖြစ်သည်။ အဆိုပါရထားလမ်း သည် တရုတ်နှင့် ရုရှား၊ တရုတ်နှင့် ဥရောပတို့ကြား ဆက်သွယ်ထားသည့် ကုန်သွယ်ရေး စင်္ကြံတစ်ခုအနေ ဖြင့် အရေးကြီးသည့်လမ်းကြောင်းတစ်ခုလည်းဖြစ် သည်။ ရုရှားနိုင်ငံအနေဖြင့် အိမ်နီးချင်းများ၏အကျိုး စီးပွားကို ငဲ့ညှာခြင်းမရှိဘဲ စစ်ပွဲကာလအတွင်း ၎င်း၏ ကိုယ်ပိုင်စွမ်းအင်လိုအပ်ချက်ကိုသာ ဦးစားပေးမည် ဆိုပါက လောင်စာဆီထောက်ပံ့ရေးနှင့် သယ်ယူပို့ ဆောင်ရေးကွန်ရက်စနစ်များ ပျက်စီးသွားမည်ကို မွန် ဂိုလီးယားနိုင်ငံက စိုးရိမ်နေခြင်းဖြစ်သည်။ အလားတူ မွန်ဂိုလီးယားနိုင်ငံအနေဖြင့် အစားအစာနှင့် စက်မှု ထုတ်ကုန်များနှင့်ပတ်သက်သည့် သွင်းကုန်အများစု အတွက်လည်း တရုတ်နိုင်ငံအပေါ်တွင် မှီခိုနေရ သည်။ တရုတ်နိုင်ငံသည် မွန်ဂိုလီးယားပို့ကုန်၏ (၉၀) ရာခိုင်နှုန်းအတွက် ဈေးကွက်ကြီးတစ်ခုလည်း ဖြစ်သည်။ အထူးသဖြင့် ကျောက်မီးသွေးနှင့် ကြေးနီ တို့ဖြစ်သည်။ ရုရှားနှင့် တရုတ်နိုင်ငံတို့သည် အတိတ် ကာလများတွင် မွန်ဂိုလီးယားနိုင်ငံကို၎င်းတို့လိုချင် သည့်လမ်းကြောင်းပေါ်သို့ ရောက်ရှိလာစေရန်အ တွက် ၎င်းတို့၏နိုင်ငံရေးနှင့် စီးပွားရေးလီဗာကို ဖိနင်းလေ့ရှိခဲ့ကြသည်။ တိဘက်ဘုန်းတော်ကြီး ဒလိုင်းလားမားသည် (၂၀၁၆) ခုနှစ်က မွန်ဂိုလီးယား နိုင်ငံသို့ သွားရောက်ခဲ့မှုကို ကန့်ကွက်သည့်အနေဖြင့် တရုတ်နိုင်ငံက ကုန်သွယ်ရေးနှင့်အရေးပါသည့် ချေး ငွေများကို ရပ်ဆိုင်းခဲ့ဖူးသည်။

တရုတ်နှင့်ရုရှားတို့သည် နိုင်ငံရေးအရရော၊ စီးပွားရေးအရပါ ပိုမိုနီးကပ်လာကြရာ ဗဟိုအာရှဒေသရှိ မွန်ဂိုလီးယားနှင့် အခြားသောနိုင်ငံများသည် စိန် ခေါ်မှုအသစ်များကို ရင်ဆိုင်ကြရဖွယ်ရှိသည်။ မွန်ဂို လီးယားနိုင်ငံသည် (၂၀) ရာစုကာလက ဆိုဗီယက် ပြည်ထောင်စုနှင့် တရုတ်နိုင်ငံတို့ကြား ကြားခံပြည် နယ်လေးတစ်ခုအနေဖြင့် ရပ်တည်ခဲ့သည်။ ယခုအခါ တရုတ်နှင့်ရုရှားတို့ကြား ချစ်ကြည်ရင်းနှီးမှု တိုးတက် လာခဲ့ရာ သမ္မတရှီကျင့်ဖျင်နှင့် သမ္မတဗလာဒီမာ ပူတင်တို့သည် (၂၀၂၂) ခုနှစ် ဖေဖော်ဝါရီလတွင် အကန့်အသတ်မရှိ မိတ်ဖက်ဖြစ်မှု I no limits partn­e­r­ship အဖြစ်ပင် ကြေညာခဲ့သည်။ မွန်ဂိုလီးယားနိုင်ငံ သည်လည်း တရုတ်နိုင်ငံကဲ့သို့ပင် ရုရှားနိုင်ငံက ယူကရိန်းနိုင်ငံကိုတိုက်ခိုက်ခဲ့ခြင်းနှင့်ပတ်သက်၍ ကုလသမဂ္ဂက ပြစ်တင်ရှုတ်ချသည့်ဆုံးဖြတ်ချက် တွင် ပါဝင်ခြင်းမရှိခဲ့ပါ။ သို့သော် မွန်ဂိုလီးယားနိုင်ငံ သည် အမေရိကန်နှင့်၎င်း၏မဟာမိတ်များက ရုရှား နိုင်ငံအပေါ်တွင် ချမှတ်ထားသည့် ဒဏ်ခတ်ပိတ်ဆို့မှု များကို မချိုးဖောက်မိစေရန် သတိကြီးစွာထားနေပုံ ရသည်။ မွန်ဂိုလီးယားအစိုးရသည် နိုင်ငံအတွက် လောင်စာဆီ ပုံမှန်ရရှိစေရန်နှင့် ရုရှားနိုင်ငံနှင့် ကောင်းမွန်သည့်ဆက်ဆံရေးတစ်ရပ် ထိန်းသိမ်းထား ရန်အတွက် သမ္မတပူတင် ခရီးစဉ်၏ အရေးပါမှုကို အသိအမှတ်ပြုသကဲ့သို့ICC ၏ ဒဏ်ခတ်ပိတ်ဆို့မှု တချို့ကြောင့် ကမ္ဘာ့အင်စတီကျူးရှင်းများ၊ ဒေသပြင် ပရှိ အင်အားကြီးနိုင်ငံများနှင့် ချိတ်ဆက်ထားမှုအပေါ် ထိခိုက်စေနိုင်သည်ကိုလည်း မျှော်လင့်ထားပြီးဖြစ်ပါ လိမ့်မည်။ ရွေ့လျားနေသည့် ကမ္ဘာ့အထိုင်တွင် မွန်ဂို လီးယားနိုင်ငံသည် ဘက်မလိုက်ဘဲ အလယ်တွင် ရပ်သည့် နိုင်ငံတစ်နိုင်ငံအဖြစ် နေလိုသကဲ့သို့ အား လုံးနှင့်လည်း မိတ်ဆွေအဖြစ်ရပ်တည်နိုင်ရန် ခက် ခက်ခဲခဲ ကြိုးပမ်းနေရသည်။ မည်သို့ပင်ဖြစ်စေ မွန်ဂို လီးယားနိုင်ငံ၏ စီးပွားရေးအတွက် ရုရှား၊ တရုတ်နိုင် ငံတို့နှင့် ခိုင်မာသည့်ဆက်ဆံရေး ထားရှိခြင်းအပေါ် မည်သည့်အရာနှင့်မှ အစားထိုး၍မရနိုင်သေးပါ။ သို့ သော် လတ်တလော သမ္မတပူတင်၏ မွန်ဂိုလီးယား ခရီးစဉ်က မွန်ဂိုလီးယားနိုင်ငံနှင့် မွန်ဂိုလီးယားအစိုးရ ၏မျှော်မှန်းချက်ကို မည်မျှအထိ ဖြည့်စွမ်းပေးနိုင် သည်ဆိုသည်ကိုမူ ဆက်လက်စောင့်ကြည့်ရမည်ဟု သာဆိုချင်သည်။

zawgyi version
မြန္ဂိုလီးယားအတြက္ ႐ုရွားႏွင့္ တ႐ုတ္သည္သာ အခရာ
သန္းထိုက္စိုး (NP News) - စက္တင္ဘာ ၂ဝ

သမၼတဗလာဒီမာပူတင္သည္ (၂၀၂၄) ခုႏွစ္ စက္တင္ဘာလ (၂) ရက္ေန႔တြင္ မြန္ဂိုလီးယား ႏိုင္ ငံသို႔ေရာက္ရွိလာခဲ့သည္။ ႏိုင္ငံတကာရာဇဝတ္တရား ႐ုံး ICC က (၂၀၂၃) ခုႏွစ္တြင္ သမၼတပူတင္ကို ဖမ္းဝရမ္းထုတ္ခဲ့ၿပီးေနာက္ ႐ုရွားသမၼတတစ္ဦး မြန္ဂိုလီးယားသို႔ ပထမဆုံးအႀကိမ္ လာေရာက္ခဲ့ျခင္း ျဖစ္သည္။ သမၼတပူတင္သည္ ဒုတိယကမာၻစစ္အတြင္း ဆိုဗီယက္-မြန္ဂိုလီးယား စစ္ေရးေအာင္ပြဲက်င္းပ မည့္အခမ္းအနားႏွင့္ အခ်ိန္ကိုက္လာေရာက္ခဲ့ျခင္း လည္းျဖစ္သည္။ အလားတူ သမၼတပူတင္၏ခရီး စဥ္သည္ အာရွအလယ္ပိုင္းႏိုင္ငံေလးျဖစ္သည့္ မြန္ဂို လီးယားႏိုင္ငံ၏ ဘက္မလိုက္မူဝါဒက်င့္သုံးမႈႏွင့္ ႏိုင္ငံ တကာအင္စတီက်ဴးရွင္းမ်ား၏ ေျခတံလက္တံကို စမ္းသပ္မည့္ခရီးစဥ္လည္း ျဖစ္သည္။

မြန္ဂိုလီးယားႏိုင္ငံသည္ လူဦးေရ (၃.၄) သန္း ခန႔္ရွိသည့္ ႏိုင္ငံတစ္ႏိုင္ငံျဖစ္ေသာ္လည္း နယ္ေျမ အက်ယ္အဝန္းႀကီးမားသည္။ ႐ုရွား၊တ႐ုတ္ႏိုင္ငံတို႔ႏွင့္ စီးပြားေရးအရသမိုင္းေၾကာင္းႏွင့္ခ်ီ၍ ခ်ိတ္ ဆက္ေနေသာ္လည္း လြတ္လပ္သည့္ႏိုင္ငံျခားေရး မူဝါဒကို ခ်မွတ္အေကာင္အထည္ ေဖာ္ရန္ အပတ္တကုတ္ႀကိဳးပမ္းေနျခင္းျဖစ္သည္။ အေမရိကန္၊ ဂ်ာမနီ၊ ဂ်ပန္၊ ေတာင္ကိုရီးယား စသည့္တတိယႏိုင္ငံတို႔ ႏွင့္လည္း ေႏြးေထြးသည့္ဆက္ဆံေရးရရွိရန္ အစဥ္ တစိုက္ႀကိဳးစားေနျခင္းျဖစ္သည္။

မြန္ဂိုလီးယားႏိုင္ငံအေနျဖင့္ ႏိုင္ငံတကာ စင္ျမင့္ တြင္ ၎၏ ဘက္မလိုက္သည့္ပုံရိပ္ေကာင္းရရွိရန္ ႀကိဳးပမ္းျခင္းျဖင့္ ႏိုင္ငံအတြက္ လုံၿခဳံမႈရရွိလိမ့္မည္ဟု ေမွ်ာ္မွန္းထားျခင္းျဖစ္သည္။ သံတမန္ေရး အခင္းအ က်င္းအျဖစ္Ulaanbaatar Dialogue ကို ႏွစ္စဥ္ က်င္းပသည္။Ulaanbaatar Dialogue ဆိုသည္မွာ အေမရိကန္ႏွင့္ ဥေရာပႏိုင္ငံမ်ားအပါအဝင္ ဖိတ္ၾကား ခံရသည့္ႏိုင္ငံမ်ား၊ ေဒသတြင္းႏိုင္ငံမ်ားအေနျဖင့္ ရာသီဥတုေျပာင္းလဲမႈမွသည္ ေဒသတြင္း လုံၿခဳံေရး ႏွင့္ အေရးႀကီးဓာတ္သတၱဳမ်ားအထိ ကိစၥရပ္အေတာ္ မ်ားမ်ားကို ေဆြးေႏြးႏိုင္သည့္ အခြင့္အေရးတစ္ရပ္ လည္း ျဖစ္သည္။

ႏိုင္ငံတကာမ်က္ႏွာစာတြင္ သမၼတပူတင္၏ ပုံရိပ္ေကာင္းမြန္ျခင္းမရွိေသာ္လည္း မြန္ဂိုလီးယား ႏိုင္ငံသည္ ႐ုရွားႏွင့္နီးကပ္သည့္ဆက္ဆံေရးကို ထိန္းသိမ္းထားလိုသည္။ (၂၀၂၄) ခုႏွစ္ ဇူလိုင္လ အတြင္းကလည္း မြန္ဂိုလီးယားသမၼတUknaagiin Khurelsukh သည္ သမၼတပူတင္ႏွင့္ ရွန္ဟိုင္းပူး ေပါင္းေဆာင္႐ြက္ေရး ထိပ္သီးေဆြးေႏြးပြဲတြင္ ေတြ႕ ဆုံခဲ့သည္။ သမၼတပူတင္၏ မြန္ဂိုလီးယားခရီးစဥ္ သည္ အေမရိကန္ဦးေဆာင္သည့္ ႏိုင္ငံတကာအထိုင္ ႏွင့္ လိုက္ေလ်ာညီေထြမႈႏွင့္ဟန္ခ်က္ညီမႈကို ရွာေဖြ ေနသည့္ မြန္ဂိုလီးယားႏိုင္ငံအတြက္ စိန္ေခၚမႈမ်ား ရွိလာႏိုင္သည္။ မြန္ဂိုလီးယားႏိုင္ငံသည္ ႏိုင္ငံတကာ ရာဇဝတ္တရား႐ုံးICC အဖြဲ႕ဝင္ႏိုင္ငံလည္းျဖစ္သည္။

ႏိုင္ငံတကာရာဇဝတ္တရား႐ုံး ICC သည္ သမၼတပူ တင္ကို ယူကရိန္းကေလးငယ္မ်ားအား ဥပေဒႏွင့္ညီ ၫြတ္ျခင္းမရွိဘဲ ႐ုရွားသို႔ေ႐ႊ႕ေျပာင္းမႈႏွင့္ပတ္သက္ ၍ဟုဆိုကာ ဖမ္းဝရမ္းထုတ္ခဲ့သည္။ ယူကရိန္းႏိုင္ငံက လည္း သမၼတပူတင္ကို ဖမ္းဆီးထိန္းသိမ္းေပးရန္ မြန္ဂိုလီးယားႏိုင္ငံကို တိုက္တြန္းခဲ့သည္။ သို႔ေသာ္ ႏိုင္ငံတကာရာဇဝတ္တရား႐ုံး ICC တြင္ ဥပေဒကို အသက္သြင္းႏိုင္သည့္ ထိေရာက္သည့္ယႏၲရားမရွိပါ။ ဖမ္းဝရမ္းထုတ္ထားေသာ္လည္း အဖြဲ႕ဝင္ႏိုင္ငံအခ်ိဳ႕ သည္ ဖမ္းဆီးခံရျခင္းမရွိဘဲ လြတ္ေျမာက္ႏိုင္သည့္ သာဓကမ်ားစြာရွိသည္။

မြန္ဂိုလီးယားႏိုင္ငံသည္ ဆိုဗီယက္ျပည္ေထာင္စု ေခတ္ကတည္းက ႏွစ္ေပါင္း (၇၀) နီးပါးၾကာ နီးနီးကပ္ကပ္ရွိခဲ့သည့္ႏိုင္ငံျဖစ္သည္။ သို႔ေသာ္ ကြန္ျမဴနစ္ ဝါဒက်ဆုံးျခင္းႏွင့္အတူ စစ္ေအးေခတ္လြန္ကာလ အထိုင္ ပထဝီႏိုင္ငံေရး အေျပာင္းအလဲ ေနာက္ဆက္ တြဲမ်ားေၾကာင့္ ႏိုင္ငံ၏စီးပြားေရးႏွင့္ ႏိုင္ငံေရးဆိုင္ရာ အေျပာင္းအလဲမ်ား ျပဳလုပ္လာခဲ့ရသည္။ သို႔ျဖစ္ရာ မြန္ဂိုလီးယားသည္ ယခင္က ကြန္ျမဴနစ္ႏိုင္ငံျဖစ္ခဲ့ ေသာ္လည္း ဒီမိုကရက္တစ္ႏိုင္ငံေရးစနစ္ႏွင့္ တံခါး ဖြင့္ စီးပြားေရးစနစ္ဘက္သို႔ ကူးေျပာင္းလာခဲ့သည္။ အေမရိကန္ႏွင့္ အျခားေသာ အေနာက္ႏိုင္ငံမ်ားႏွင့္ ဆက္ဆံေရး အထူးေကာင္းမြန္ခဲ့ရာ ေဒသတြင္းအတြက္ စံျပႏိုင္ငံအျဖစ္ပင္ ခ်ီးက်ဴးေထာမနာျပဳျခင္း ခံခဲ့ရသည္။

မြန္ဂိုလီးယားႏိုင္ငံသည္ (၂၀၂၄) ခုႏွစ္အထိ အေမရိကန္ႏိုင္ငံ၊ ဆလိုေဗးနီးယားႏိုင္ငံ၊ ဖိလစ္ပိုင္ ႏိုင္ငံ၊ ဗီလာ႐ုစ္ႏိုင္ငံ၊ ၿဗိတိန္ႏိုင္ငံႏွင့္ ဂ်ာမနီႏိုင္ငံတို႔မွ ႏိုင္ငံျခားေရးဝန္ႀကီးမ်ား၊ ႏိုင္ငံေတာ္အႀကီးအကဲ မ်ားကို လက္ခံေတြ႕ဆုံခဲ့သည္။ မြန္ဂိုလီးယားဝန္ႀကီး ခ်ဳပ္ Luvsannamsrain Oyun-Erdene သည္ (၂၀၂၃) ခုႏွစ္တြင္ အေမရိကန္ႏိုင္ငံသို႔ သြားေရာက္ခဲ့ ၿပီး ဒုတိယသမၼတ ကင္မလာဟားရစ္ႏွင့္ ေတြ႕ဆုံခဲ့ သကဲ့သို႔ တ႐ုတ္သမၼတ ရွီက်င့္ဖ်င္၊ ဝန္ႀကီးခ်ဳပ္ လီ ခ်န္းတို႔ႏွင့္လည္း ေတြ႕ဆုံခဲ့သည္။ ျပင္သစ္သမၼတ မက္ခ႐ြန္ႏွင့္ ပုပ္ရဟန္းမင္းႀကီး ဖရန္စစ္တို႔ ႏွစ္ဦး သည္လည္း မၾကာေသးမီကပင္Ulaabaatar ေဆြးေႏြးပြဲသို႔သြားေရာက္ခဲ့ၾကသည္။

မြန္ဂိုလီးယားႏိုင္ငံသည္Ulaabaatar ေဆြးေႏြး ပြဲ ေဆာ့ပါဝါကိုအသုံးခ်ၿပီး ႏိုင္ငံတကာ အသိုက္အဝန္း ႏွင့္ ခ်စ္ၾကည္ရင္းႏွီးမႈကို ရရွိေနသည္။ သို႔ေသာ္ ပထဝီႏိုင္ငံေရးစက္ကြင္းကေနမူ ႐ုန္းမထြက္ႏိုင္ခဲ့ပါ။ ကုန္းတြင္းပိတ္ႏိုင္ငံျဖစ္သည့္ မြန္ဂိုလီးယားႏိုင္ငံအ ေနျဖင့္ အင္အားႀကီးႏိုင္ငံႏွစ္ခု၏ စိတ္အလိုဆႏၵအတိုင္းေနထိုင္ခဲ့ရသည္။ မြန္ဂိုလီးယားႏိုင္ငံအေနျဖင့္ တ႐ုတ္ႏွင့္ဆက္ဆံေရးက တစ္ဖက္၊ ႐ုရွားႏွင့္ဆက္ ဆံေရးကတစ္ဖက္ မဟုတ္ပါ။ ႐ုရွားႏွင့္ေရာ၊ တ႐ုတ္ႏွင့္ပါ က်ယ္ျပန႔္သည့္ မဟာဗ်ဴဟာေျမာက္ မိတ္ဖက္ ဆက္ဆံေရးရွိေနျခင္းျဖစ္သည္။ သုံးႏိုင္ငံဆက္ဆံ ေရးမွာ သမိုင္းေၾကာင္းႏွင့္ဆက္စပ္ေနသကဲ့သို႔ ျပည္ သူ ျပည္သူခ်င္းဆက္ဆံေရး၊ ယဥ္ေက်းမႈအရ ေလး နက္သည့္ဆက္စပ္မႈႏွင့္ အျခားအေရးႀကီးေသာ သြင္ ျပင္လကၡဏာမ်ားသည္ သုံးႏိုင္ငံၾကား ခိုင္မာသည့္ ဆက္ဆံေရးကို က်ားကန္ေပးထားသည္။ မြန္ဂိုလီး ယားႏိုင္ငံအေနျဖင့္ လွ်ပ္စစ္မီးရရွိေရး၊ ဓာတ္ဆီႏွင့္ ဒီဇယ္ဆီရရွိေရးတို႔အတြက္ ႐ုရွားႏိုင္ငံအေပၚ မွီခိုေန ရသည္။ ႐ုရွားႏိုင္ငံသည္ ဆိုဗီယက္ေခတ္၏ အေမြ ဆက္ခံမႈ သေဘာတူညီမ်ားအရ မြန္ဂိုလီးယားႏိုင္ငံရွိ အေရးႀကီးအေျခခံအေဆာက္အအုံမ်ားႏွင့္ သတၱဳ တြင္းစီမံကိန္း (၅၀)ရာခိုင္ႏႈန္းကို ဆက္လက္ပိုင္ဆိုင္ ထားဆဲျဖစ္သည္။ အထူးသျဖင့္ ႐ုရွားႏိုင္ငံသည္ မြန္ဂို လီးယားႏိုင္ငံ၏ ရထားလမ္းစနစ္တြင္ အေရးပါသည့္ မိတ္ဖက္ႏိုင္ငံတစ္ႏိုင္ငံျဖစ္သည္။ အဆိုပါရထားလမ္း သည္ တ႐ုတ္ႏွင့္ ႐ုရွား၊ တ႐ုတ္ႏွင့္ ဥေရာပတို႔ၾကား ဆက္သြယ္ထားသည့္ ကုန္သြယ္ေရး စႀကႍတစ္ခုအေန ျဖင့္ အေရးႀကီးသည့္လမ္းေၾကာင္းတစ္ခုလည္းျဖစ္ သည္။ ႐ုရွားႏိုင္ငံအေနျဖင့္ အိမ္နီးခ်င္းမ်ား၏အက်ိဳး စီးပြားကို ငဲ့ညႇာျခင္းမရွိဘဲ စစ္ပြဲကာလအတြင္း ၎၏ ကိုယ္ပိုင္စြမ္းအင္လိုအပ္ခ်က္ကိုသာ ဦးစားေပးမည္ ဆိုပါက ေလာင္စာဆီေထာက္ပံ့ေရးႏွင့္ သယ္ယူပို႔ ေဆာင္ေရးကြန္ရက္စနစ္မ်ား ပ်က္စီးသြားမည္ကို မြန္ ဂိုလီးယားႏိုင္ငံက စိုးရိမ္ေနျခင္းျဖစ္သည္။ အလားတူ မြန္ဂိုလီးယားႏိုင္ငံအေနျဖင့္ အစားအစာႏွင့္ စက္မႈ ထုတ္ကုန္မ်ားႏွင့္ပတ္သက္သည့္ သြင္းကုန္အမ်ားစု အတြက္လည္း တ႐ုတ္ႏိုင္ငံအေပၚတြင္ မွီခိုေနရ သည္။ တ႐ုတ္ႏိုင္ငံသည္ မြန္ဂိုလီးယားပို႔ကုန္၏ (၉၀) ရာခိုင္ႏႈန္းအတြက္ ေဈးကြက္ႀကီးတစ္ခုလည္း ျဖစ္သည္။ အထူးသျဖင့္ ေက်ာက္မီးေသြးႏွင့္ ေၾကးနီ တို႔ျဖစ္သည္။ ႐ုရွားႏွင့္ တ႐ုတ္ႏိုင္ငံတို႔သည္ အတိတ္ ကာလမ်ားတြင္ မြန္ဂိုလီးယားႏိုင္ငံကို၎တို႔လိုခ်င္ သည့္လမ္းေၾကာင္းေပၚသို႔ ေရာက္ရွိလာေစရန္အ တြက္ ၎တို႔၏ႏိုင္ငံေရးႏွင့္ စီးပြားေရးလီဗာကို ဖိနင္းေလ့ရွိခဲ့ၾကသည္။ တိဘက္ဘုန္းေတာ္ႀကီး ဒလိုင္းလားမားသည္ (၂၀၁၆) ခုႏွစ္က မြန္ဂိုလီးယား ႏိုင္ငံသို႔ သြားေရာက္ခဲ့မႈကို ကန႔္ကြက္သည့္အေနျဖင့္ တ႐ုတ္ႏိုင္ငံက ကုန္သြယ္ေရးႏွင့္အေရးပါသည့္ ေခ်း ေငြမ်ားကို ရပ္ဆိုင္းခဲ့ဖူးသည္။

တ႐ုတ္ႏွင့္႐ုရွားတို႔သည္ ႏိုင္ငံေရးအရေရာ၊ စီးပြားေရးအရပါ ပိုမိုနီးကပ္လာၾကရာ ဗဟိုအာရွေဒသရွိ မြန္ဂိုလီးယားႏွင့္ အျခားေသာႏိုင္ငံမ်ားသည္ စိန္ ေခၚမႈအသစ္မ်ားကို ရင္ဆိုင္ၾကရဖြယ္ရွိသည္။ မြန္ဂို လီးယားႏိုင္ငံသည္ (၂၀) ရာစုကာလက ဆိုဗီယက္ ျပည္ေထာင္စုႏွင့္ တ႐ုတ္ႏိုင္ငံတို႔ၾကား ၾကားခံျပည္ နယ္ေလးတစ္ခုအေနျဖင့္ ရပ္တည္ခဲ့သည္။ ယခုအခါ တ႐ုတ္ႏွင့္႐ုရွားတို႔ၾကား ခ်စ္ၾကည္ရင္းႏွီးမႈ တိုးတက္ လာခဲ့ရာ သမၼတရွီက်င့္ဖ်င္ႏွင့္ သမၼတဗလာဒီမာ ပူတင္တို႔သည္ (၂၀၂၂) ခုႏွစ္ ေဖေဖာ္ဝါရီလတြင္ အကန႔္အသတ္မရွိ မိတ္ဖက္ျဖစ္မႈ I no limits partn­e­r­ship အျဖစ္ပင္ ေၾကညာခဲ့သည္။ မြန္ဂိုလီးယားႏိုင္ငံ သည္လည္း တ႐ုတ္ႏိုင္ငံကဲ့သို႔ပင္ ႐ုရွားႏိုင္ငံက ယူကရိန္းႏိုင္ငံကိုတိုက္ခိုက္ခဲ့ျခင္းႏွင့္ပတ္သက္၍ ကုလသမဂၢက ျပစ္တင္ရႈတ္ခ်သည့္ဆုံးျဖတ္ခ်က္ တြင္ ပါဝင္ျခင္းမရွိခဲ့ပါ။ သို႔ေသာ္ မြန္ဂိုလီးယားႏိုင္ငံ သည္ အေမရိကန္ႏွင့္၎၏မဟာမိတ္မ်ားက ႐ုရွား ႏိုင္ငံအေပၚတြင္ ခ်မွတ္ထားသည့္ ဒဏ္ခတ္ပိတ္ဆို႔မႈ မ်ားကို မခ်ိဳးေဖာက္မိေစရန္ သတိႀကီးစြာထားေနပုံ ရသည္။ မြန္ဂိုလီးယားအစိုးရသည္ ႏိုင္ငံအတြက္ ေလာင္စာဆီ ပုံမွန္ရရွိေစရန္ႏွင့္ ႐ုရွားႏိုင္ငံႏွင့္ ေကာင္းမြန္သည့္ဆက္ဆံေရးတစ္ရပ္ ထိန္းသိမ္းထား ရန္အတြက္ သမၼတပူတင္ ခရီးစဥ္၏ အေရးပါမႈကို အသိအမွတ္ျပဳသကဲ့သို႔ICC ၏ ဒဏ္ခတ္ပိတ္ဆို႔မႈ တခ်ိဳ႕ေၾကာင့္ ကမာၻ႔အင္စတီက်ဴးရွင္းမ်ား၊ ေဒသျပင္ ပရွိ အင္အားႀကီးႏိုင္ငံမ်ားႏွင့္ ခ်ိတ္ဆက္ထားမႈအေပၚ ထိခိုက္ေစႏိုင္သည္ကိုလည္း ေမွ်ာ္လင့္ထားၿပီးျဖစ္ပါ လိမ့္မည္။ ေ႐ြ႕လ်ားေနသည့္ ကမာၻ႔အထိုင္တြင္ မြန္ဂို လီးယားႏိုင္ငံသည္ ဘက္မလိုက္ဘဲ အလယ္တြင္ ရပ္သည့္ ႏိုင္ငံတစ္ႏိုင္ငံအျဖစ္ ေနလိုသကဲ့သို႔ အား လုံးႏွင့္လည္း မိတ္ေဆြအျဖစ္ရပ္တည္ႏိုင္ရန္ ခက္ ခက္ခဲခဲ ႀကိဳးပမ္းေနရသည္။ မည္သို႔ပင္ျဖစ္ေစ မြန္ဂို လီးယားႏိုင္ငံ၏ စီးပြားေရးအတြက္ ႐ုရွား၊ တ႐ုတ္ႏိုင္ ငံတို႔ႏွင့္ ခိုင္မာသည့္ဆက္ဆံေရး ထားရွိျခင္းအေပၚ မည္သည့္အရာႏွင့္မွ အစားထိုး၍မရႏိုင္ေသးပါ။ သို႔ ေသာ္ လတ္တေလာ သမၼတပူတင္၏ မြန္ဂိုလီးယား ခရီးစဥ္က မြန္ဂိုလီးယားႏိုင္ငံႏွင့္ မြန္ဂိုလီးယားအစိုးရ ၏ေမွ်ာ္မွန္းခ်က္ကို မည္မွ်အထိ ျဖည့္စြမ္းေပးႏိုင္ သည္ဆိုသည္ကိုမူ ဆက္လက္ေစာင့္ၾကည့္ရမည္ဟု သာဆိုခ်င္သည္။

Related news

© 2021. All rights reserved.