‌ရေဘေးသင့် ပြည်သူ့ဘဝကို ပြန်လည်ထူထောင်ကြဦးစို့ (ဆောင်းပါး)

 225

မြူနစ် (NP News) - စက်တင်ဘာ ၂၄

မြန်မာနိုင်ငံတွင် မြို့နယ်ပေါင်း (၃၃၀) ကျော်ရှိသည့်အနက် “ရာဂီ” ၏အရှိန်ကြောင့် ဖြစ်ပွား ခဲ့သော ရေကြီးရေလျှံမှုများသည် တိုင်းနှင့်ပြည် နယ်အသီးသီးရှိ မြို့နယ်ပေါင်း(၅၃)မြို့နယ်ထက် မနည်း တွင် ဖြစ်ပွားခဲ့သည်။ ယင်းကဲ့သို့ ရေကြီးမှုဖြစ်စဉ်များစတင်ချိန်တွင် ပြည်သူများက လာရောက် ကယ်ဆယ်ရန် အကူအညီတောင်းခံသည်များကိုလည်း အတိုင်း သား ကြားမြင်ခဲ့ရသည်။ ဝမ်းနည်းကြေကွဲစွာဖြင့် “ခင်မာဝေ..ရေ..” ဆိုသော နောက်ဆုံးအော်ခေါ်သံ၊ “ အခု မှလာမကယ်နိုင်ရင် အသက်ဆုံးရှုံးရဖို့ ရာခိုင်နှုန်း များနေပါပြီ။ လှေနဲ့ကယ်မှအဆင်ပြေမှာပါရှင်။ လူအင် အား (၁၅၀)လောက်ပိတ်မိနေပါတယ်။ ခေါင်မိုး ကျော်ပါတော့မယ်။ ကူညီကြပါလားရှင်။ ဝ၉--------- ’’ ဆိုသော အကူအညီတောင်းခံပြောဆို မှုများသည် စိတ်မကောင်းများစွာဖြစ်ရသည်။

ရေကြီးရေလျှံမှုများကြောင့် နစကမှ ထုတ်ပြန်သည့် စက်တင်ဘာ (၁၉) ရက် နံနက်ပိုင်းအထိ ရရှိခဲ့သောစာရင်းများအရ ပြည်သူ(၂၉၃)ဦး သေဆုံးခဲ့ရပြီး လူနေအိမ်(၄၄၇၁)လုံးလည်း ပျက်စီးခဲ့ရကြောင်းဆိုထားသည်။ ထို့ပြင် ရေကြီးရေလျှံမှုကြောင့် လူနေအိမ်(၁၆၈၇၀၄)လုံး ရေဝင်နစ်မြုပ်ခဲ့ သကဲ့သို့ လူဦးရေပေါင်း (၁၆၁၅၉၂)ဦးသည်လည်း ရေဘေး ကယ်ဆယ်ရေးစခန်း (၄၂၅)ခုတွင် ယာယီရွှေ့ပြောင်းနေရလျက်ရှိသည်။

ရေကြီးရေလျှံမှုများကြောင့် နိုင်ငံတော်ပိုင် ရုံး၊ အဆောက်အအုံ (၁၁၃)လုံး၊ စာသင်ကျောင်း (၉၁၉)ကျောင်း၊ ဘာသာရေး အဆောက် အအုံ(၃၃၁)လုံးအပါအဝင် လမ်း၊ တံတား၊ လျှပ်စစ်မီးတိုင်နှင့် ဆက်သွယ်ရေးတိုင်များလည်း ထိခိုက်ပျက်စီးခဲ့ရသည်။ နိုင်ငံ့ဝန်ထမ်းနှင့် ဆရာ၊ ဆရာမ (၉၅၀ဝ) ကျော် ရေဘေးဒဏ်ခံခဲ့ရသည်။ တိုင်ဖုန်းမုန်တိုင်း ]ရာဂီ}၏အရှိန်ကြောင့် ဖြစ်ပွားခဲ့သော နိုင်ငံအနှံ့ ရေကြီး ရေလျှံမှုသည် မြန်မာ ပြည်သူများစွာကို ရုပ်ပိုင်းဆိုင်ရာ ဆိုးကျိုးသက်ရောက် စေသကဲ့သို့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများစွာကိုလည်း ဖြစ်ပေါ်စေခဲ့သည်။

ရေပြန်ကျချိန်
လက်ရှိအချိန်တွင် နိုင်ငံအနှံ့ဖြစ်ပွားခဲ့သော ရေကြီးရေလျှံမှုများသည် ပြန်လည်ကျဆင်းနေပြီဖြစ် သည်။ သို့သော် ယင်းအကြောင်းအရာသည် ဝမ်းသာစရာဖြစ်သော်လည်း ရေကြီးမှုဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော ရုပ်ဝတ္ထုပိုင်းများသည် စိတ်ပျက်စရာဟု ဆိုနိုင်ပေသည်။

ရေပြန်ကျချိန်တွင် သေဆုံးနေသည့် ရုပ်အလောင်းများကိုတွေ့မြင်နေရသကဲ့သို့ အနှစ်နှစ် အလလ စုဆောင်းတည်ဆောက်ထားသည့် အိုးအိမ် စည်းစိမ်များသည်လည်း မူလအခြေအနေတွင်မရှိ ခဲ့ပေ။ ယင်းပြင် ကျေးဇူးရှင်တောင်သူကြီးများ၏ စပါး နှင့်သီးနှံမျိုးစုံ စိုက်ဧကပေါင်း ခုနစ်သိန်းကျော်တွင် လည်း ထိခိုက်မှုများရှိခဲ့သည်။

“ဒေသခံတွေရဲ့ အဓိကလိုအပ်ချက်ကတော့ ဆန်၊ ဆီ၊ ဆားပါ။ အဲဒါတွေကို ရေကြီးလာတဲ့အချိန်မှာ ဘာမှမသယ်နိုင်လိုက်ဘူး။ ကိုယ်လွတ် ရုန်း ထွက်ခဲ့ရတာ။ အဲဒါတွေကိုတော့ ဝိုင်းဝန်းပံ့ပိုးပေးကြဖို့ မျှော်လင့်ပါတယ်။ နောက်ပြီးတော့ ဆေးဝါးတွေ၊ သောက်ရေသန့်တွေလည်း လိုပါတယ်။ အရာအားလုံး က ပျက်စီးသလိုဖြစ်သွားတာ” ဟု နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ တောင်သူတစ်ဦးက NP News ကို ပြောကြားထားသည်။

နိုင်ငံအနှံ့ဖြစ်ပွားခဲ့သော ယခုရေဘေးသည် ပြီးခဲ့သော (၂၀၂၃)ခုနှစ်တွင် မြန်မာနိုင်ငံကို ဦးတည်တိုက်ခတ်ခဲ့သော ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” ထက် လူသေဆုံးမှု ပိုမိုများပြားခဲ့သည်။ ယခုသဘာဝရေဘေးသည် မြန်မာပြည်သူများအတွက် ကြိုတင်ပြင်ချိန်နည်းပါးခဲ့ပြီး “မိုခါ” မုန်တိုင်းဘေးသည် ပြင်ဆင်ချိန် များစွာရရှိခဲ့သည်။

ရေဘေးအလွန် ပြန်လည်ထူထောင်ရေး
နိုင်ငံတစ်ဝန်းဖြစ်ပွားခဲ့သော ရေကြီးရေလျှံမှုများသည် လက်ရှိတွင် ပြန်လည်ကျဆင်းနေပြီ ဖြစ်ကာ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို စတင်ရန် ပြင်ဆင်နေကြပြီဖြစ်သည်။ ယခု ရေဘေး ကြောင့် မြို့နယ်ပေါင်း(၅၃)မြို့နယ်ရှိ ကျေးရွာပေါင်း (၅၀ဝ)ထက်မနည်း ပိုမိုထိခိုက်ပျက်စီးမှုများရှိခဲ့ပြီး တောင်သူလယ်သမားများ၏ သိန်းနှင့်ချီသော စိုက်ပျိုးဧကများစွာမှာလည်း ထိခိုက်ပျက်စီးမှုများ ဖြစ်ခဲ့ရသည်။ ထို့ ပြင် ယခုရေဘေးကြောင့် မြန်မာပြည်သူများ အနှစ်နှစ်အလလ စုဆောင်းတည်ဆောက်ခဲ့ရ သည့် အိုးအိမ်စည်းစိမ်များစွာလည်း ပျက်စီးခဲ့ရသည်။

ယခုရေကြီးရေလျှံမှုကြောင့် ရေဝင်နစ်မြုပ်ခဲ့သည့် လူနေအိမ်ပေါင်းမှာ (၁၆၀ဝဝဝ)ကျော်ရှိပြီး ထိခိုက်ပျက်စီးသွားသည့် လူနေအိမ်ပေါင်းမှာ (၄၄၇၁)လုံးအထိ ရှိနေပြီဖြစ်ကြောင်း နစက၏ (၂၀) ရက် အထိ စာရင်းများက ဆိုသည်။ ထိုသို့ ရေဘေးကြောင့် ပျက်စီးခဲ့ရသည့် အိမ်ခြေပေါင်း (၄၀ဝဝ)ကျော်ကို တစ်လုံး တန်ဖိုးလျှင် ပျမ်းမျှငွေ ကျပ်သိန်း(၁၀ဝ)ဖြင့် တွက်ဆကြည့်မည်ဆိုပါက ရေဘေးသင့်ပြည်သူ များအနေဖြင့် ငွေကျပ်သိန်း ပေါင်း (၄၀ဝဝဝ၀)ကျော် ဆုံးရှုံးခဲ့သည် ဟုဆိုနိုင်သည်။ မူလအခြေအနေ အားလုံးပျက်ယွင်းသွားခဲ့ရသည့် (၅၀ဝ) ထက်မနည်းသော ကျေးရွာများအတွက် ပြန်လည်ထူထောင် ရေးရန်ပုံငွေ အနည်းဆုံး တစ်ရွာ ကျပ်သိန်းတစ်သောင်း သတ်မှတ်လျှင် ကျေးရွာ (၅၀ဝ) အတွက် ဘီလျံ (၅၀ဝ) အသင့်ပြင်ထားရန် လိုအပ်သည်။

ကိုယ်လွတ်ရုန်းကာ ရေဘေးရှောင်ခဲ့ရသူများနှင့် ကယ်ဆယ်ရေးသမားများကိုစောင့်ဆိုင်းကာ ရေဘေးရှောင်ခဲ့ရသူများသည် ၎င်းတို့စုဆောင်းထား သည့်စည်းစိမ်ဥစ္စာများကိုသယ်ဆောင်ရန် အလွန်ခက်ခဲခဲ့မည်ဟု မှန်းဆနိုင်သည်။ အရှိန်ဖြင့် စီးဆင်း မြင့်တက်လာနေသည့်ရေဘေးကို အသက်မသေရေး ကြိုပမ်းရှောင်ရှားခဲ့ရဖွယ်ရှိသည်။

ယခုရက်ပိုင်းအတွင်း၌ပင် နိုင်ငံတော်တာ ဝန်ရယူထားသော နစကဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင်သည် ရေဘေးသင့်ပြည်သူများနှင့်တွေ့ဆုံအားပေးခဲ့သည်ကိုတွေ့ရှိရသည်။ ယင်းကဲ့သို့ တွေ့ရာတွင် ၎င်းက ရေဘေးသင့်ပြည်သူများကို မူလအခြေအနေအတိုင်းဖြစ်ရန် ကူညီပေးမည်ဟု ပြော ဆိုခဲ့ဖူးသည်။

ရေဘေးကြောင့် ပျက်စီးခဲ့ရသည့် ကျေးရွာပေါင်း(၅၀ဝ)ထက်မနည်းအတွက် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အနေဖြင့် ကျပ် ဘီလျံ (၅၀ဝ)ထက်မနည်း အဆင်သင့်ရှိနေပါပြီလား သို့တည်းမဟုတ် တချို့ တစ်ဝက် အဆင်သင့် ဖြစ်နေပါပြီလားမေးခွန်းထုတ်ချင်ပါသည်။ “ရေဘေးသင့် ပြည်သူများကို မည်သည့်ပုံစံဖြင့် မူလအခြေ အနေသို့ ရောက်ရှိရန် လုပ်ဆောင်ပေးမည်နည်း” ဟု တွေးဆ စဉ်စားမိသည်။ ရေဘေးသင့်ပြည်သူများကို ထိထိရောက်ရောက်ကူညီရန်အတွက် မည်သည့်အစီ အစဉ် ရှိနေသနည်းဆိုသည်ကို လေ့လာခွင့်ရမည်လည်းဖြစ်သည်။ ယခုအချိန်တွင် ရေဘေးသင့် ပြည်သူများအတွက် လူမှုကူညီရေးပရဟိတအဖွဲ့များက ငွေကျပ် (၁၅)သိန်းတန်နေအိမ်များကို ဆောက်လုပ်ကာ စတင်လှူဒါန်းပေးနေလျက်ရှိသည်ကို ဝမ်းသာဖွယ်တွေ့မြင်နေရပြီဖြစ်သည်။

ထို့ပြင် ရေဘေးသင့်ပြည်သူများအနေဖြင့် လယ်ယာစိုက်ပျိုးသီးနှံဧကပေါင်း ခုနစ်သိန်းကျော် ရေနစ်မြုပ်ပျက်စီးမှုရှိခဲ့သကဲ့သို့ တိရစ္ဆာန်မျိုးစုံ စုစုပေါင်းအကောင်ရေ တစ်သိန်းကျော်လည်း သေဆုံးခဲ့ ရကြောင်းသိရသည်။ ပျက်စီးခဲ့သော ဧကပေါင်းများ စွာနှင့် ကျွဲ၊ နွားတိရစ္ဆာန်များအတွက် နစက အစိုးရက မည်ကဲ့သို့ ပြန်လည်ကုစားပေးမည်ဆိုသည်မှာ စိတ်ဝင်စားစရာဖြစ်သည်။

ရေဘေးကြောင့် ဧကပေါင်းများစွာ ပျက်စီး ခဲ့ရသည့် တောင်သူများအနက် အချို့သောတောင်သူ များသည် စပါးပြန်လည်စိုက်ပျိုးခြင်း မပြုလုပ်တော့ဘဲ မတ်ပဲသီးနှံကိုစိုက်ပျိုးရန် အာသီသရှိနေကြသည်။ သို့သော် ရေဘေးကြောင့် ကိုယ်လွတ်ရုန်းခဲ့ရသော တောင်သူများသည် မျိုးစိုက်ပျိုးသီနှံများကို သယ်ဆောင်နိုင်ခြင်းမရှိခဲ့ဘဲ ရေဘေး၏ ဝါးမျိုမှု အောက်တွင်ဆုံးရှုံးခဲ့ရသည်။

“ ဒီနေပြည်တော်တစ်ဝိုက်မှာ ဧကပေါင်းက ထောင်ချီပြီးတော့ ပျက်စီးတယ်လို့ကြားတယ်။ စပါးပင်တွေက အကုန်သေကုန်တယ်လေ။ မတ်ပဲကိုပဲ ပြန်စိုက်တော့မယ်လို့ မှန်းထားတယ်။ အဲဒီအတွက် မတ်ပဲမျိုးတွေက တော်တော်လိုပါတယ်။ မတ်ပဲမျိုး အကူအညီရရင်တော့ သက်သာမယ်။ နဂိုက မတ်ပဲ စိုက်မယ်ဆိုပြီးတော့ ချန်ထားတဲ့မျိုးစေ့တွေက ရေ နောက်ပါသွားတယ်။ ထိန်းသိမ်းနိုင်လိုက်တဲ့သူက တော်တော်လေးကို နည်းမှာပါ။ အဲဒီတော့ မတ်ပဲမျိုး ဝယ်ဖို့အတွက် ကူညီပေးစေချင်တယ်။ ထောက်ပံ့ ပေးစေချင်တယ်” ဟု နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ တောင်သူတစ်ဦးကပြောသည်။

ယခုကဲ့သို့ နိုင်ငံအနှံ့ဖြစ်ပွားခဲ့သော ရေဘေးအတွင်း ကလေးငယ်များအပါအဝင် ပြည်သူ လူထု ရာနှင့်ချီကာ အသက်ဆုံးရှုံးခဲ့ရပြီး ရေဘေးဒဏ်ကိုလည်း အပြင်းအထန်ခံစားခဲ့ကြရသည်။

ထို့ကြောင့် ရေဘေးသင့်ပြည်သူများအား စိတ်ပိုင်းဆိုင်ရာခွန်အားပေးမှုများကိုလည်း လုပ်ဆောင် ရန်လိုအပ်သည်။ ရေဘေးသင့်ပြည်သူများ တွေ့ကြုံခံစားခဲ့ရသည့် ချောက်ချားဖွယ်ရာဖြစ်ရပ်များ၊ ဝမ်း နည်း ကြေကွဲမှုဖြစ်စဉ်များကို ပြန်လည်ကုစားပေးသင့်သည်။

ပြန်လည်ထူထောင်ရေးကာလတွင် နစက လုပ်သင့်သည့်အရာ
ယခုလက်ရှိတွင် နိုင်ငံတော်အစိုးရ တာဝန်ယူထားသည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါ အဝင် သက်ဆိုင်ရာအစိုးရအဖွဲ့ အကြီးအကဲများသည် ရေဘေးသင့်ဒေသများသို့ ကွင်းဆင်းကာ သွားလာ လှုပ်ရှားမှုနေများကို တွေ့မြင်ရသည်။ အားပေးမှုများ၊ လိုအပ်သောအကူအညီများ ဖြည့်ဆည်းပေးနေမှုကို လူမှုကူညီရေးပရဟိတအဖွဲ့များနှင့်အပြိုင် တွေ့ရသည်။

ရေဘေးသင့်ပြည်သူများ၏ လူမှုဘဝ ပြန်လည်ထူထောင်ရေးအတွက် အစိုးရအနေဖြင့် သဘာဝ ဘေးကြောင့် ပျက်စီးခဲ့ရသည့် လူနေအိမ်များကို ပြန်လည်ပြုပြင်ပေးခြင်း၊လယ်ယာမြေများကို ပြန်လည် ထွန်ယက်စိုက်ပျိုးပေးခြင်း၊ ငွေကြေးအရင်းအနှီး မတည်ပေးခြင်းနှင့် စိတ်ခွန်အားပေးခြင်းတို့ကို အမြန် ဆုံးလုပ်ဆောင်သင့်သည်ဟု လွှတ်တော်အမတ်ဟောင်း ဦးစိန်ဝင်းက NP News ကို သုံးသပ်ပြောဆိုထားသည်။

“အဓိကတော့ သူတို့နေရာ၊ သူတို့ဒေသမှာ ပြန်လည်နေထိုင်နိုင်ဖို့အတွက် အရမ်းအရေးကြီး တယ်။ ရေဘေးသင့်ပြည်သူတွေကို အိမ်ဝိုင်းမရှိတဲ့ သူတွေကိုတော့ အိမ်ဝိုင်းပေါ့။ ရှိရင်တော့ ကိစ္စမရှိဘူး။ အိမ်မရှိတဲ့သူကို အိမ်တည်ဆောက်ပေးရမယ်။ နောက်တစ်ချက်က တောင်သူတွေကို မျိုးစေ့မျိုးဆန်ပေါ့။ သူတို့ဒေသနဲ့ကိုက်ညီတာတွေကို အစိုးရအနေနဲ့ ဆောင်ရွက်ပေးဖို့လိုတယ်။ နောက်တစ်ချက်ကတော့ သူတို့မှာ ဘာမှပိုက်ဆံမှမရှိတာ အလိုလိုမှ ကျေးလက် လူထုက ပိုဆင်းပါတယ်ဆိုမှ အခုလို ရေကြီး ပြီးတော့ ရေတွေမြုပ်တဲ့အခါကျတော့ သူတို့မှာ ဘာမှကျန်မှာ မဟုတ်ဘူး။ တော်တော်ကို အခြေအနေ ဆိုးတယ်။ အဲဒီဟာကို ကုစားဖို့ဆိုတာကလည်း တစ်ဖက်က သူတို့နဲ့ သင့်တော်တဲ့ ငွေရေးကြေးရေး မတည်မှုတွေကို လုပ်ပေးသင့်တယ်” ဟု ဦးစိန်ဝင်းက အကြံပြုထားသည်။

ထို့ပြင် ရေဘေးဒဏ်ကြောင့် ပျက်စီးခဲ့သော လယ်ယာမြေများကို အစိုးရအနေဖြင့် မြေပြုပြင် ခြင်း၊ အခမဲ့ထွန်ယက်ပေးခြင်းများကိုလည်း စောလျင်စွာဆောင်ရွက်ပေးသင့်ကြောင်း ၎င်းက ဆက်လက်အကြံပြုထားသည်။

“ အစိုးရအနေနဲ့ မြေပြင်တဲ့လုပ်ငန်းတွေကို အမြန်ဆုံးဆောင်ရွက်ပေးသင့်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဆောင်းသီးနှံက ချက်ချင်းရောက်လာတော့မှာ။ အောက်တိုဘာ သီတင်းကျွတ်ဆိုရင် ဆောင်း သီးနှံ စစိုက်ပြီ။ အဲဒီအချိန်မှာ အစိုဓာတ်မိအောင်စိုက်ရတာ။ အစိုဓာတ်မမိဘူးဆိုရင် ဆောင်းသီးနှံက ပျက်ရော။ အချိန်အရေးကြီးတယ်။ အဲဒါကြောင့် အန်ကယ်ကတော့ ရေဘေးသင့်တဲ့ရွာတွေကို ဘယ်သူ ဘယ်နှဧက ထွန်မလဲ။ လာထွန်ပေးမယ်။ အစိုးရမတတ်နိုင်ဘူးဆိုရင် နှစ်ရှည်ချေးငွေတွေနဲ့ ထား ပေးလိုက်။ ဘာဖြစ်လို့လဲဆိုရင် ဒါက ထိရင် ဘယ်သူတွေထိမလဲဆိုရင် တစ်နိုင်ငံလုံး ထိခိုက်သွားမှာ။ စိုက်ပျိုးရေးနိုင်ငံဖြစ်တဲ့အတွက် ဒီလယ်ယာကဏ္ဍရဲ့ထုတ်လုပ်မှုကို အားလုံးက မှီခိုနေရတာဖြစ်တဲ့ အတွက် ဒီဟာကို ငါတို့နဲ့ မဆိုင်ဘူးဆိုပြီး အစိုးရက ခပ်ပေါ့ပေါ့လုပ်မယ်ဆိုရင် လာမယ့်နွေရာသီမှာ ငြိသွားမှာ။ မြေရာပြုပြင်ထွန် ယက်တာတွေကို အစိုးရအနေနဲ့ အခမဲ့ဆောင်ရွက် ပေးသင့်တယ်” ဟု အမတ်ဟောင်းဦးစိန်ဝင်းကဆိုသည်။

အလားတူ ရခိုင့်ဦးဆောင်ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်ကလည်း နိုင်ငံတော်အစိုးရအနေဖြင့် ရေဘေးသင့်ဒေသများနှင့်ပတ်သက်၍ လုပ်ဆောင်သင့်သည့်ကိစ္စများကို NP News မှတစ်ဆင့် အကြံပြု ပြောဆိုထားသည်။

“ နိုင်ငံတော်က ထောက်ပံ့ပေးနိုင်မယ့် တည်ဆောက်ရေးပစ္စည်းသုံး လုပ်ငန်းတွေရှိမယ်။ လယ်ယာလုပ်ငန်းခွင်ဆိုရင် ပြန်လည်ထွန်ယက် ပေးတာတို့ဘာတို့စသဖြင့်ပေါ့။ လယ်ယာသုံးလုပ်ငန်း ပစ္စည်းတွေကို အကုန်ထည့်ပေးရမှာပေါ့။ ဓာတ်မြေ ဩဇာအစုံပေါ့။ တကယ်လို့ လယ်ယာနဲ့ပတ်သက်လို့ မြေလွှမ်းသွားတယ်၊ ရေလွှမ်းသွားတယ်ဆိုရင်လည်း မြေရာပြန်တိုင်းတာပေးတာတို့က အစ၊ မျိုးစေ့တွေ ရောလုပ်ပေးရမှာပေါ့။ ဒါကတော့ ပြန်လည်ထူထောင် ရေးအပိုင်းနဲ့ဆိုင်တယ်။ အဲဒီမှာ နိုင်ငံတော်က ဘယ် လောက်အထိ ဒီဒေသကို ဒုက္ခဖြစ်တဲ့ဒေသပေါ့ဗျာ။ သဘာဝဘေးဒဏ်ခံရတဲ့ဒေသအဖြစ် သတ်မှတ် ပေးမှာလဲ။ သတ်မှတ်ပေးတာနဲ့လျော်ညီတဲ့ နစ်နာကြေး ဘယ်လောက်ပေးမှာလဲ။ ဒါလည်း ပေးရမယ်။ နိုင်ငံတော် အပိုင်းကပေါ့။ ပြန်လည်ထူထောင်နိုင်ဖို့ ပေးပြီ။ ဥပမာ အိမ်တစ်ဆောင်ကို ဘယ်လောက်ပေး တယ်ပေါ့ဗျာ။ စက်ရုံတစ်ရုံဆိုရင် ဘယ်လောက် ပေးတယ်ပေါ့ဗျာ။ ဒါလေးတွေကိုပေးဖို့ နိုင်ငံတော်က ကမကထ ပြုရမှာပေါ့” ဟု ဒေါက်တာ အေးမောင်ကဆိုသည်။

ဆက်လက်ပြီး ရန်ကုန်တိုင်း၊ ပြည်သူ့ပါတီ ဥက္ကဋ္ဌဦးလှဌေးကလည်း လက်ရှိတွင် တိုင်းပြည်၏ နိုင်ငံရေးသည် ပျက်စီးနေသကဲ့သို့ သဘာဝဘေး အန္တရာယ်ကြောင့်ပါ ပြည်သူလူထုအနေဖြင့် ပျက်စီးမှု များစွာ ကြုံတွေ့နေရပြီး ယင်းကဲ့သို့အခြေအနေများကို ပြန်လည်ကောင်းမွန်ရေးဖန်တီးပေးရန် လက်ရှိ အစိုးရတွင်တာဝန်ရှိကြောင်း NP News ကို သုံးသပ်ပြောကြားထားသည်။

“ လောလောဆယ်အခြေအနေကို ပြောရမယ်ဆိုရင်တော့ ကျွန်တော်တို့တိုင်းပြည်ရဲ့ အခြေအ နေက နိုင်ငံရေးလည်း ပျက်စီးသွားတယ်။ တိုင်းပြည် အခြေအနေလည်း ပျက်စီးသွားတယ်။ သဘာဝ ဘေး အန္တရာယ်ကြောင့်လည်း ပြည်သူလူထုက ပျက်စီးမှုတွေ အများကြီးကြုံရတယ်။ အဲဒီလိုဖြစ်တဲ့ အခါကျတော့ ပြည်သူတွေ အဲဒီလိုအခြေအနေမျိုးနဲ့ ကြုံ ကြိုက်တယ်ဆိုရင် ပြည်သူလူထုအတွက် အခြေအနေ ကောင်းတွေကို ပြန်လည်ဖန်တီပေးဖို့ နံပါတ်တစ် တာဝန်သည် တာဝန်ယူထားတဲ့ လက်ရှိအစိုးရရဲ့ တာဝန် ဖြစ်မယ်။ နံပါတ်နှစ်အနေနဲ့ကတော့ ကျွန်တော်တို့ ပြည်သူလူထုနဲ့ လူထု ကြားက ပေါက်ဖွားလာတဲ့ အဖွဲ့အစည်းတွေရဲ့ ဝန်းရံပူးပေါင်းဆောင်ရွက်ရမယ့်အခြေအနေ ရှိတာပေါ့ နော်” ဟု ဦးလှဌေးကပြောသည်။

လက်ရှိတွင် နစကအစိုးရအနေဖြင့် ရေဘေးကြောင့် ပျက်စီးခဲ့ရသည့် အဆောက်အအုံ၊ နေအိမ် များအတွက် ထောက်ပံ့ကြေးပေးရန် တွက်ချက် မှုများပြုလုပ်နေကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဖွင့်ဟပြောဆိုထားသည်။

“ အတတ်နိုင်ဆုံးခင်ဗျားတို့ မူလအခြေအ နေအတိုင်းဖြစ်အောင်တော့ ကျွန်တော်တို့ကူညီပေး ပါမယ်။ သေဆုံးမှုအတွက်လည်း လူမှုဝန်ထမ်း ဝန်ကြီးဌာနကနေပြီးတော့ လျော်ကြေးတွေပေးတယ်၊ နောက် ဒဏ်ရာရတဲ့သူတွေကိုလည်း၊ နောက်တစ်ခါ ဆေးကုသမှုအတွက် ထောက်ပံ့ကြေးတွေပေးသလို၊ ပျက်စီးသွားတဲ့အဆောက်အအုံတွေအတွက်လည်း အခု ကျွန်တော်တို့တွက်နေပါတယ်။ လုံးဝပျက် သွားတဲ့ အိမ်တွေဆိုရင် ဘယ်လိုပေးမလဲ၊ တစ်စိတ်တစ်ပိုင်း ပျက်သွားတဲ့အိမ်တွေဆိုရင် ဘယ်လို ပေးမလဲ၊ လုံးဝ ပျက်သွားတဲ့အိမ်မှာမှ တဲဆိုရင်ဘယ်လောက်ပေးမလဲ၊ ရိုးရိုးအိမ်ဆိုရင် ဘယ်လောက် ပေးမလဲ၊ တစ်ထပ်အိမ် ဆိုရင်ဘယ်လောက်ပေးမလဲ၊ နှစ်ထပ်အိမ်ဆိုရင် ဘယ်လောက်ပေးမလဲ၊ တတ်နိုင် သလောက် ကျွန်တော်တို့ပေးပါမယ်” ဟု နစကဥက္ကဋ္ဌကပြောသည်။

ရေဘေးသင့်ပြည်သူများ လုပ်ဆောင်ရမည့်အရာ
သဘာဝဘေးနှင့်ပတ်သက်၍ ထိခိုက် ပျက်စီးမှုများကို ပြည်သူလူထု၊ လူမှုကူညီရေးအဖွဲ့ များအပါအဝင် အစိုးရက ကူညီထောက်ပံ့မှုများပြုလုပ် ပေးနေမှုနှင့်အတူ ရေဘေးသင့်ပြည်သူများ ကလည်း တတ်နိုင်သည့်လုပ်ငန်းဆောင်တာများကို ပူးပေါင်းဆောင်ရွက်ရန် လိုအပ်သည်။

လက်ရှိတွင် နိုင်ငံတစ်ဝန်းဖြစ်ပွားခဲ့သော ရေကြီးရေလျှံမှုများသည် ပြန်လည်ကျဆင်းနေပြီဖြစ် သည့်အတွက် ရေဘေးသင့်ပြည်သူများအနေဖြင့် လူမှုဘဝပြန်လည်ရပ်တည်နိုင်ရေးအတွက် တတ်နိုင်သ မျှ ကြိုးစားအားထုတ်ရန်လိုအပ်ကြောင်း လွှတ်တော် အမတ်ဟောင်း ဦးစိန်ဝင်းက တိုက်တွန်းထားသည်။

“ရေဘေးလာကယ်တယ်ဆိုတာ ခဏ အတိုင်းအတာတစ်ခုပဲ ရှိတယ်လေ။ အရေးကြီးတာက သူတို့ရဲ့အတွင်းအားပဲ။ အပြင်အားကတော့ ခဏပဲ။ အတွင်းအားက ဘာလုပ်ရမလဲဆိုတော့ သူတို့ကိုယ် တိုင်က ငါတို့ ဒီလိုဒီလိုဖြစ်သွားပြီ။ ပြီးသွားပြီ။ ငို လည်း ငိုပြီးပြီ။ ငါတို့ဘဝ ပြန်လည်ရပ်တည်နိုင်ရမယ် ဆိုတဲ့ စိတ်ခွန်အားတွေရှိရမယ်။ အခု အန်ကယ်လိုက် ကြည့်တယ်။ လိုက်ကြည့်တဲ့နေရာမှာ အိမ်တွေက ဘာမှရှင်းထားတာမရှိဘူး။ အမှိုက်တွေ၊ ဘာတွေ၊ ညာ တွေကိုလည်း တစ်ဖက်က ရှင်းရမယ်။ ကိုယ့်ဝိုင်း ကို ကိုယ်ရှင်းရမယ်။ ကိုယ့်အိမ်ကို ကိုယ်သန့်ရှင်းရေး လုပ်ရမယ်။ ဒါတွေမလုပ်ရင် ရေရှည်မှာ အဲဒီနေရာ တွေက ဝမ်းရောဂါတွေဖြစ်ပြီး မလိုလားအပ်တဲ့ နောက်ဆက်တွဲ ပြဿနာတွေ ဖြစ်လာနိုင်စရာ အများ ကြီးရှိတယ်။ ရေဘေးသင့်ပြည်သူတွေကိုယ်၌ကလည်း ဘဝပြန်လည်ရပ်တည်ဖို့ ကြိုးစားသင့်တယ်” ဟု ဦးစိန်ဝင်းက ပြောသည်။

တောကြောင်များကို ဖော်ထုတ်အရေးယူပါ
နိုင်ငံတစ်ဝန်းကြုံတွေ့ခဲ့ရသည့် ရေကြီး ရေလျှံမှုများနှင့်ပတ်သက်၍ ရေဘေးသင့် ပြည်သူများကို ပြည်သူလူထု၊ စီးပွားရေးလုပ်ငန်းများ၊ ဘဏ် များ၊ ပရဟိတအဖွဲ့များက အားကြိုးမာန်တက် ကူညီခဲ့ကြ သည်ကို ဝမ်းသာအားရတွေ့ပြီး လက်ရှိအချိန် အထိပါ ကူညီမှုများကို မြှင့်တင်နေဆဲဖြစ်သည်။

ထိုသို့ ရေဘေးသင့်ပြည်သူများကို လူအများက တစ်ခဲနက်ကူညီနေကြချိန်တွင် ရေဘေး အကြောင်းပြကာ လိမ်လည်အလှူခံနေသည့် လူမှု ကွန်ရက်စာမျက်နှာများကို အများကြားတွင်တွေ့ရ သည်။ အလိမ်ခံရသည့် လူပုဂ္ဂိုလ်များထဲတွင် အနုပညာရှင်များပါဝင်ခဲ့သကဲ့သို့ ပြည်သူအချို့လည်း ပါဝင်ခဲ့သည်ကို တွေ့ရှိရသည်။

ရေဘေးသင့်ပြည်သူများကို ကူညီရန် လူအများက တစ်ခဲနက်အားထုတ်ကြိုးပမ်းနေချိန်တွင် ကိုယ်ကျိုးအတွက် လိမ်လည်အလှူခံနေသည့် တောကြောင်များကို နစကအစိုးရအနေဖြင့် ဖော်ထုတ်ကာ ပြင်းပြင်းထန်ထန်အရေးယူသင့်သည်။

“ အဲဒီလိုလူတွေကို အရေးယူသင့်ပါတယ်။ တကယ်လည်း မျက်မြင်တွေ့နေရတာတွေရှိတယ်။ အားလုံးကလည်း သဒ္ဓါတရားကောင်းလွန်းတာကို ခု တုံးလုပ်ပြီးလိမ်ကြတာပါ” ဟု ရေဘေးသင့်ပြည်သူ များကိုကူညီနေသည့် လူမှုကူညီရေးအသင်း တစ်သင်းမှ တာဝန်ရှိသူက NP News ကို ပြောဆိုထားသည်။

zawgyi version
‌ေရေဘးသင့္ ျပည္သူ႔ဘဝကို ျပန္လည္ထူေထာင္ၾကဦးစို႔ (ေဆာင္းပါး)
ျမဴနစ္ (NP News) - စက္တင္ဘာ ၂၄

ျမန္မာႏိုင္ငံတြင္ ၿမိဳ႕နယ္ေပါင္း (၃၃၀) ေက်ာ္ရွိသည့္အနက္ “ရာဂီ” ၏အရွိန္ေၾကာင့္ ျဖစ္ပြား ခဲ့ေသာ ေရႀကီးေရလွ်ံမႈမ်ားသည္ တိုင္းႏွင့္ျပည္ နယ္အသီးသီးရွိ ၿမိဳ႕နယ္ေပါင္း(၅၃)ၿမိဳ႕နယ္ထက္ မနည္း တြင္ ျဖစ္ပြားခဲ့သည္။ ယင္းကဲ့သို႔ ေရႀကီးမႈျဖစ္စဥ္မ်ားစတင္ခ်ိန္တြင္ ျပည္သူမ်ားက လာေရာက္ ကယ္ဆယ္ရန္ အကူအညီေတာင္းခံသည္မ်ားကိုလည္း အတိုင္း သား ၾကားျမင္ခဲ့ရသည္။ ဝမ္းနည္းေၾကကြဲစြာျဖင့္ “ခင္မာေဝ..ေရ..” ဆိုေသာ ေနာက္ဆုံးေအာ္ေခၚသံ၊ “ အခု မွလာမကယ္ႏိုင္ရင္ အသက္ဆုံးရႈံးရဖို႔ ရာခိုင္ႏႈန္း မ်ားေနပါၿပီ။ ေလွနဲ႔ကယ္မွအဆင္ေျပမွာပါရွင္။ လူအင္ အား (၁၅၀)ေလာက္ပိတ္မိေနပါတယ္။ ေခါင္မိုး ေက်ာ္ပါေတာ့မယ္။ ကူညီၾကပါလားရွင္။ ဝ၉--------- ’’ ဆိုေသာ အကူအညီေတာင္းခံေျပာဆို မႈမ်ားသည္ စိတ္မေကာင္းမ်ားစြာျဖစ္ရသည္။

ေရႀကီးေရလွ်ံမႈမ်ားေၾကာင့္ နစကမွ ထုတ္ျပန္သည့္ စက္တင္ဘာ (၁၉) ရက္ နံနက္ပိုင္းအထိ ရရွိခဲ့ေသာစာရင္းမ်ားအရ ျပည္သူ(၂၉၃)ဦး ေသဆုံးခဲ့ရၿပီး လူေနအိမ္(၄၄၇၁)လုံးလည္း ပ်က္စီးခဲ့ရေၾကာင္းဆိုထားသည္။ ထို႔ျပင္ ေရႀကီးေရလွ်ံမႈေၾကာင့္ လူေနအိမ္(၁၆၈၇၀၄)လုံး ေရဝင္နစ္ျမဳပ္ခဲ့ သကဲ့သို႔ လူဦးေရေပါင္း (၁၆၁၅၉၂)ဦးသည္လည္း ေရေဘး ကယ္ဆယ္ေရးစခန္း (၄၂၅)ခုတြင္ ယာယီေ႐ႊ႕ေျပာင္းေနရလ်က္ရွိသည္။

ေရႀကီးေရလွ်ံမႈမ်ားေၾကာင့္ ႏိုင္ငံေတာ္ပိုင္ ႐ုံး၊ အေဆာက္အအုံ (၁၁၃)လုံး၊ စာသင္ေက်ာင္း (၉၁၉)ေက်ာင္း၊ ဘာသာေရး အေဆာက္ အအုံ(၃၃၁)လုံးအပါအဝင္ လမ္း၊ တံတား၊ လွ်ပ္စစ္မီးတိုင္ႏွင့္ ဆက္သြယ္ေရးတိုင္မ်ားလည္း ထိခိုက္ပ်က္စီးခဲ့ရသည္။ ႏိုင္ငံ့ဝန္ထမ္းႏွင့္ ဆရာ၊ ဆရာမ (၉၅၀ဝ) ေက်ာ္ ေရေဘးဒဏ္ခံခဲ့ရသည္။ တိုင္ဖုန္းမုန္တိုင္း ]ရာဂီ}၏အရွိန္ေၾကာင့္ ျဖစ္ပြားခဲ့ေသာ ႏိုင္ငံအႏွံ႔ ေရႀကီး ေရလွ်ံမႈသည္ ျမန္မာ ျပည္သူမ်ားစြာကို ႐ုပ္ပိုင္းဆိုင္ရာ ဆိုးက်ိဳးသက္ေရာက္ ေစသကဲ့သို႔ စိတ္ပိုင္းဆိုင္ရာ ထိခိုက္မႈမ်ားစြာကိုလည္း ျဖစ္ေပၚေစခဲ့သည္။

ေရျပန္က်ခ်ိန္
လက္ရွိအခ်ိန္တြင္ ႏိုင္ငံအႏွံ႔ျဖစ္ပြားခဲ့ေသာ ေရႀကီးေရလွ်ံမႈမ်ားသည္ ျပန္လည္က်ဆင္းေနၿပီျဖစ္ သည္။ သို႔ေသာ္ ယင္းအေၾကာင္းအရာသည္ ဝမ္းသာစရာျဖစ္ေသာ္လည္း ေရႀကီးမႈဒဏ္ေၾကာင့္ ထိခိုက္ပ်က္စီးခဲ့ေသာ ႐ုပ္ဝတၳဳပိုင္းမ်ားသည္ စိတ္ပ်က္စရာဟု ဆိုႏိုင္ေပသည္။

ေရျပန္က်ခ်ိန္တြင္ ေသဆုံးေနသည့္ ႐ုပ္အေလာင္းမ်ားကိုေတြ႕ျမင္ေနရသကဲ့သို႔ အႏွစ္ႏွစ္ အလလ စုေဆာင္းတည္ေဆာက္ထားသည့္ အိုးအိမ္ စည္းစိမ္မ်ားသည္လည္း မူလအေျခအေနတြင္မရွိ ခဲ့ေပ။ ယင္းျပင္ ေက်းဇူးရွင္ေတာင္သူႀကီးမ်ား၏ စပါး ႏွင့္သီးႏွံမ်ိဳးစုံ စိုက္ဧကေပါင္း ခုနစ္သိန္းေက်ာ္တြင္ လည္း ထိခိုက္မႈမ်ားရွိခဲ့သည္။

“ေဒသခံေတြရဲ႕ အဓိကလိုအပ္ခ်က္ကေတာ့ ဆန္၊ ဆီ၊ ဆားပါ။ အဲဒါေတြကို ေရႀကီးလာတဲ့အခ်ိန္မွာ ဘာမွမသယ္ႏိုင္လိုက္ဘူး။ ကိုယ္လြတ္ ႐ုန္း ထြက္ခဲ့ရတာ။ အဲဒါေတြကိုေတာ့ ဝိုင္းဝန္းပံ့ပိုးေပးၾကဖို႔ ေမွ်ာ္လင့္ပါတယ္။ ေနာက္ၿပီးေတာ့ ေဆးဝါးေတြ၊ ေသာက္ေရသန႔္ေတြလည္း လိုပါတယ္။ အရာအားလုံး က ပ်က္စီးသလိုျဖစ္သြားတာ” ဟု ေနျပည္ေတာ္ေကာင္စီနယ္ေျမအတြင္းရွိ ေတာင္သူတစ္ဦးက NP News ကို ေျပာၾကားထားသည္။

ႏိုင္ငံအႏွံ႔ျဖစ္ပြားခဲ့ေသာ ယခုေရေဘးသည္ ၿပီးခဲ့ေသာ (၂၀၂၃)ခုႏွစ္တြင္ ျမန္မာႏိုင္ငံကို ဦးတည္တိုက္ခတ္ခဲ့ေသာ ဆိုင္ကလုန္းမုန္တိုင္း “မိုခါ” ထက္ လူေသဆုံးမႈ ပိုမိုမ်ားျပားခဲ့သည္။ ယခုသဘာဝေရေဘးသည္ ျမန္မာျပည္သူမ်ားအတြက္ ႀကိဳတင္ျပင္ခ်ိန္နည္းပါးခဲ့ၿပီး “မိုခါ” မုန္တိုင္းေဘးသည္ ျပင္ဆင္ခ်ိန္ မ်ားစြာရရွိခဲ့သည္။

ေရေဘးအလြန္ ျပန္လည္ထူေထာင္ေရး
ႏိုင္ငံတစ္ဝန္းျဖစ္ပြားခဲ့ေသာ ေရႀကီးေရလွ်ံမႈမ်ားသည္ လက္ရွိတြင္ ျပန္လည္က်ဆင္းေနၿပီ ျဖစ္ကာ ျပန္လည္ထူေထာင္ေရးလုပ္ငန္းမ်ားကို စတင္ရန္ ျပင္ဆင္ေနၾကၿပီျဖစ္သည္။ ယခု ေရေဘး ေၾကာင့္ ၿမိဳ႕နယ္ေပါင္း(၅၃)ၿမိဳ႕နယ္ရွိ ေက်း႐ြာေပါင္း (၅၀ဝ)ထက္မနည္း ပိုမိုထိခိုက္ပ်က္စီးမႈမ်ားရွိခဲ့ၿပီး ေတာင္သူလယ္သမားမ်ား၏ သိန္းႏွင့္ခ်ီေသာ စိုက္ပ်ိဳးဧကမ်ားစြာမွာလည္း ထိခိုက္ပ်က္စီးမႈမ်ား ျဖစ္ခဲ့ရသည္။ ထို႔ ျပင္ ယခုေရေဘးေၾကာင့္ ျမန္မာျပည္သူမ်ား အႏွစ္ႏွစ္အလလ စုေဆာင္းတည္ေဆာက္ခဲ့ရ သည့္ အိုးအိမ္စည္းစိမ္မ်ားစြာလည္း ပ်က္စီးခဲ့ရသည္။

ယခုေရႀကီးေရလွ်ံမႈေၾကာင့္ ေရဝင္နစ္ျမဳပ္ခဲ့သည့္ လူေနအိမ္ေပါင္းမွာ (၁၆၀ဝဝဝ)ေက်ာ္ရွိၿပီး ထိခိုက္ပ်က္စီးသြားသည့္ လူေနအိမ္ေပါင္းမွာ (၄၄၇၁)လုံးအထိ ရွိေနၿပီျဖစ္ေၾကာင္း နစက၏ (၂၀) ရက္ အထိ စာရင္းမ်ားက ဆိုသည္။ ထိုသို႔ ေရေဘးေၾကာင့္ ပ်က္စီးခဲ့ရသည့္ အိမ္ေျခေပါင္း (၄၀ဝဝ)ေက်ာ္ကို တစ္လုံး တန္ဖိုးလွ်င္ ပ်မ္းမွ်ေငြ က်ပ္သိန္း(၁၀ဝ)ျဖင့္ တြက္ဆၾကည့္မည္ဆိုပါက ေရေဘးသင့္ျပည္သူ မ်ားအေနျဖင့္ ေငြက်ပ္သိန္း ေပါင္း (၄၀ဝဝဝ၀)ေက်ာ္ ဆုံးရႈံးခဲ့သည္ ဟုဆိုႏိုင္သည္။ မူလအေျခအေန အားလုံးပ်က္ယြင္းသြားခဲ့ရသည့္ (၅၀ဝ) ထက္မနည္းေသာ ေက်း႐ြာမ်ားအတြက္ ျပန္လည္ထူေထာင္ ေရးရန္ပုံေငြ အနည္းဆုံး တစ္႐ြာ က်ပ္သိန္းတစ္ေသာင္း သတ္မွတ္လွ်င္ ေက်း႐ြာ (၅၀ဝ) အတြက္ ဘီလ်ံ (၅၀ဝ) အသင့္ျပင္ထားရန္ လိုအပ္သည္။

ကိုယ္လြတ္႐ုန္းကာ ေရေဘးေရွာင္ခဲ့ရသူမ်ားႏွင့္ ကယ္ဆယ္ေရးသမားမ်ားကိုေစာင့္ဆိုင္းကာ ေရေဘးေရွာင္ခဲ့ရသူမ်ားသည္ ၎တို႔စုေဆာင္းထား သည့္စည္းစိမ္ဥစၥာမ်ားကိုသယ္ေဆာင္ရန္ အလြန္ခက္ခဲခဲ့မည္ဟု မွန္းဆႏိုင္သည္။ အရွိန္ျဖင့္ စီးဆင္း ျမင့္တက္လာေနသည့္ေရေဘးကို အသက္မေသေရး ႀကိဳပမ္းေရွာင္ရွားခဲ့ရဖြယ္ရွိသည္။

ယခုရက္ပိုင္းအတြင္း၌ပင္ ႏိုင္ငံေတာ္တာ ဝန္ရယူထားေသာ နစကဥကၠ႒ဗိုလ္ခ်ဳပ္မႉးႀကီးမင္း ေအာင္လႈိင္သည္ ေရေဘးသင့္ျပည္သူမ်ားႏွင့္ေတြ႕ဆုံအားေပးခဲ့သည္ကိုေတြ႕ရွိရသည္။ ယင္းကဲ့သို႔ ေတြ႕ရာတြင္ ၎က ေရေဘးသင့္ျပည္သူမ်ားကို မူလအေျခအေနအတိုင္းျဖစ္ရန္ ကူညီေပးမည္ဟု ေျပာ ဆိုခဲ့ဖူးသည္။

ေရေဘးေၾကာင့္ ပ်က္စီးခဲ့ရသည့္ ေက်း႐ြာေပါင္း(၅၀ဝ)ထက္မနည္းအတြက္ နစကဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္အေနျဖင့္ က်ပ္ ဘီလ်ံ (၅၀ဝ)ထက္မနည္း အဆင္သင့္ရွိေနပါၿပီလား သို႔တည္းမဟုတ္ တခ်ိဳ႕ တစ္ဝက္ အဆင္သင့္ ျဖစ္ေနပါၿပီလားေမးခြန္းထုတ္ခ်င္ပါသည္။ “ေရေဘးသင့္ ျပည္သူမ်ားကို မည္သည့္ပုံစံျဖင့္ မူလအေျခ အေနသို႔ ေရာက္ရွိရန္ လုပ္ေဆာင္ေပးမည္နည္း” ဟု ေတြးဆ စဥ္စားမိသည္။ ေရေဘးသင့္ျပည္သူမ်ားကို ထိထိေရာက္ေရာက္ကူညီရန္အတြက္ မည္သည့္အစီ အစဥ္ ရွိေနသနည္းဆိုသည္ကို ေလ့လာခြင့္ရမည္လည္းျဖစ္သည္။ ယခုအခ်ိန္တြင္ ေရေဘးသင့္ ျပည္သူမ်ားအတြက္ လူမႈကူညီေရးပရဟိတအဖြဲ႕မ်ားက ေငြက်ပ္ (၁၅)သိန္းတန္ေနအိမ္မ်ားကို ေဆာက္လုပ္ကာ စတင္လႉဒါန္းေပးေနလ်က္ရွိသည္ကို ဝမ္းသာဖြယ္ေတြ႕ျမင္ေနရၿပီျဖစ္သည္။

ထို႔ျပင္ ေရေဘးသင့္ျပည္သူမ်ားအေနျဖင့္ လယ္ယာစိုက္ပ်ိဳးသီးႏွံဧကေပါင္း ခုနစ္သိန္းေက်ာ္ ေရနစ္ျမဳပ္ပ်က္စီးမႈရွိခဲ့သကဲ့သို႔ တိရစာၦန္မ်ိဳးစုံ စုစုေပါင္းအေကာင္ေရ တစ္သိန္းေက်ာ္လည္း ေသဆုံးခဲ့ ရေၾကာင္းသိရသည္။ ပ်က္စီးခဲ့ေသာ ဧကေပါင္းမ်ား စြာႏွင့္ ကြၽဲ၊ ႏြားတိရစာၦန္မ်ားအတြက္ နစက အစိုးရက မည္ကဲ့သို႔ ျပန္လည္ကုစားေပးမည္ဆိုသည္မွာ စိတ္ဝင္စားစရာျဖစ္သည္။

ေရေဘးေၾကာင့္ ဧကေပါင္းမ်ားစြာ ပ်က္စီး ခဲ့ရသည့္ ေတာင္သူမ်ားအနက္ အခ်ိဳ႕ေသာေတာင္သူ မ်ားသည္ စပါးျပန္လည္စိုက္ပ်ိဳးျခင္း မျပဳလုပ္ေတာ့ဘဲ မတ္ပဲသီးႏွံကိုစိုက္ပ်ိဳးရန္ အာသီသရွိေနၾကသည္။ သို႔ေသာ္ ေရေဘးေၾကာင့္ ကိုယ္လြတ္႐ုန္းခဲ့ရေသာ ေတာင္သူမ်ားသည္ မ်ိဳးစိုက္ပ်ိဳးသီႏွံမ်ားကို သယ္ေဆာင္ႏိုင္ျခင္းမရွိခဲ့ဘဲ ေရေဘး၏ ဝါးမ်ိဳမႈ ေအာက္တြင္ဆုံးရႈံးခဲ့ရသည္။

“ ဒီေနျပည္ေတာ္တစ္ဝိုက္မွာ ဧကေပါင္းက ေထာင္ခ်ီၿပီးေတာ့ ပ်က္စီးတယ္လို႔ၾကားတယ္။ စပါးပင္ေတြက အကုန္ေသကုန္တယ္ေလ။ မတ္ပဲကိုပဲ ျပန္စိုက္ေတာ့မယ္လို႔ မွန္းထားတယ္။ အဲဒီအတြက္ မတ္ပဲမ်ိဳးေတြက ေတာ္ေတာ္လိုပါတယ္။ မတ္ပဲမ်ိဳး အကူအညီရရင္ေတာ့ သက္သာမယ္။ နဂိုက မတ္ပဲ စိုက္မယ္ဆိုၿပီးေတာ့ ခ်န္ထားတဲ့မ်ိဳးေစ့ေတြက ေရ ေနာက္ပါသြားတယ္။ ထိန္းသိမ္းႏိုင္လိုက္တဲ့သူက ေတာ္ေတာ္ေလးကို နည္းမွာပါ။ အဲဒီေတာ့ မတ္ပဲမ်ိဳး ဝယ္ဖို႔အတြက္ ကူညီေပးေစခ်င္တယ္။ ေထာက္ပံ့ ေပးေစခ်င္တယ္” ဟု ေနျပည္ေတာ္ေကာင္စီနယ္ေျမအတြင္းရွိ ေတာင္သူတစ္ဦးကေျပာသည္။

ယခုကဲ့သို႔ ႏိုင္ငံအႏွံ႔ျဖစ္ပြားခဲ့ေသာ ေရေဘးအတြင္း ကေလးငယ္မ်ားအပါအဝင္ ျပည္သူ လူထု ရာႏွင့္ခ်ီကာ အသက္ဆုံးရႈံးခဲ့ရၿပီး ေရေဘးဒဏ္ကိုလည္း အျပင္းအထန္ခံစားခဲ့ၾကရသည္။

ထို႔ေၾကာင့္ ေရေဘးသင့္ျပည္သူမ်ားအား စိတ္ပိုင္းဆိုင္ရာခြန္အားေပးမႈမ်ားကိုလည္း လုပ္ေဆာင္ ရန္လိုအပ္သည္။ ေရေဘးသင့္ျပည္သူမ်ား ေတြ႕ႀကဳံခံစားခဲ့ရသည့္ ေခ်ာက္ခ်ားဖြယ္ရာျဖစ္ရပ္မ်ား၊ ဝမ္း နည္း ေၾကကြဲမႈျဖစ္စဥ္မ်ားကို ျပန္လည္ကုစားေပးသင့္သည္။

ျပန္လည္ထူေထာင္ေရးကာလတြင္ နစက လုပ္သင့္သည့္အရာ
ယခုလက္ရွိတြင္ ႏိုင္ငံေတာ္အစိုးရ တာဝန္ယူထားသည့္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္အပါ အဝင္ သက္ဆိုင္ရာအစိုးရအဖြဲ႕ အႀကီးအကဲမ်ားသည္ ေရေဘးသင့္ေဒသမ်ားသို႔ ကြင္းဆင္းကာ သြားလာ လႈပ္ရွားမႈေနမ်ားကို ေတြ႕ျမင္ရသည္။ အားေပးမႈမ်ား၊ လိုအပ္ေသာအကူအညီမ်ား ျဖည့္ဆည္းေပးေနမႈကို လူမႈကူညီေရးပရဟိတအဖြဲ႕မ်ားႏွင့္အၿပိဳင္ ေတြ႕ရသည္။

ေရေဘးသင့္ျပည္သူမ်ား၏ လူမႈဘဝ ျပန္လည္ထူေထာင္ေရးအတြက္ အစိုးရအေနျဖင့္ သဘာဝ ေဘးေၾကာင့္ ပ်က္စီးခဲ့ရသည့္ လူေနအိမ္မ်ားကို ျပန္လည္ျပဳျပင္ေပးျခင္း၊လယ္ယာေျမမ်ားကို ျပန္လည္ ထြန္ယက္စိုက္ပ်ိဳးေပးျခင္း၊ ေငြေၾကးအရင္းအႏွီး မတည္ေပးျခင္းႏွင့္ စိတ္ခြန္အားေပးျခင္းတို႔ကို အျမန္ ဆုံးလုပ္ေဆာင္သင့္သည္ဟု လႊတ္ေတာ္အမတ္ေဟာင္း ဦးစိန္ဝင္းက NP News ကို သုံးသပ္ေျပာဆိုထားသည္။

“အဓိကေတာ့ သူတို႔ေနရာ၊ သူတို႔ေဒသမွာ ျပန္လည္ေနထိုင္ႏိုင္ဖို႔အတြက္ အရမ္းအေရးႀကီး တယ္။ ေရေဘးသင့္ျပည္သူေတြကို အိမ္ဝိုင္းမရွိတဲ့ သူေတြကိုေတာ့ အိမ္ဝိုင္းေပါ့။ ရွိရင္ေတာ့ ကိစၥမရွိဘူး။ အိမ္မရွိတဲ့သူကို အိမ္တည္ေဆာက္ေပးရမယ္။ ေနာက္တစ္ခ်က္က ေတာင္သူေတြကို မ်ိဳးေစ့မ်ိဳးဆန္ေပါ့။ သူတို႔ေဒသနဲ႔ကိုက္ညီတာေတြကို အစိုးရအေနနဲ႔ ေဆာင္႐ြက္ေပးဖို႔လိုတယ္။ ေနာက္တစ္ခ်က္ကေတာ့ သူတို႔မွာ ဘာမွပိုက္ဆံမွမရွိတာ အလိုလိုမွ ေက်းလက္ လူထုက ပိုဆင္းပါတယ္ဆိုမွ အခုလို ေရႀကီး ၿပီးေတာ့ ေရေတြျမဳပ္တဲ့အခါက်ေတာ့ သူတို႔မွာ ဘာမွက်န္မွာ မဟုတ္ဘူး။ ေတာ္ေတာ္ကို အေျခအေန ဆိုးတယ္။ အဲဒီဟာကို ကုစားဖို႔ဆိုတာကလည္း တစ္ဖက္က သူတို႔နဲ႔ သင့္ေတာ္တဲ့ ေငြေရးေၾကးေရး မတည္မႈေတြကို လုပ္ေပးသင့္တယ္” ဟု ဦးစိန္ဝင္းက အႀကံျပဳထားသည္။

ထို႔ျပင္ ေရေဘးဒဏ္ေၾကာင့္ ပ်က္စီးခဲ့ေသာ လယ္ယာေျမမ်ားကို အစိုးရအေနျဖင့္ ေျမျပဳျပင္ ျခင္း၊ အခမဲ့ထြန္ယက္ေပးျခင္းမ်ားကိုလည္း ေစာလ်င္စြာေဆာင္႐ြက္ေပးသင့္ေၾကာင္း ၎က ဆက္လက္အႀကံျပဳထားသည္။

“ အစိုးရအေနနဲ႔ ေျမျပင္တဲ့လုပ္ငန္းေတြကို အျမန္ဆုံးေဆာင္႐ြက္ေပးသင့္တယ္။ ဘာျဖစ္လို႔လဲ ဆိုေတာ့ ေဆာင္းသီးႏွံက ခ်က္ခ်င္းေရာက္လာေတာ့မွာ။ ေအာက္တိုဘာ သီတင္းကြၽတ္ဆိုရင္ ေဆာင္း သီးႏွံ စစိုက္ၿပီ။ အဲဒီအခ်ိန္မွာ အစိုဓာတ္မိေအာင္စိုက္ရတာ။ အစိုဓာတ္မမိဘူးဆိုရင္ ေဆာင္းသီးႏွံက ပ်က္ေရာ။ အခ်ိန္အေရးႀကီးတယ္။ အဲဒါေၾကာင့္ အန္ကယ္ကေတာ့ ေရေဘးသင့္တဲ့႐ြာေတြကို ဘယ္သူ ဘယ္ႏွဧက ထြန္မလဲ။ လာထြန္ေပးမယ္။ အစိုးရမတတ္ႏိုင္ဘူးဆိုရင္ ႏွစ္ရွည္ေခ်းေငြေတြနဲ႔ ထား ေပးလိုက္။ ဘာျဖစ္လို႔လဲဆိုရင္ ဒါက ထိရင္ ဘယ္သူေတြထိမလဲဆိုရင္ တစ္ႏိုင္ငံလုံး ထိခိုက္သြားမွာ။ စိုက္ပ်ိဳးေရးႏိုင္ငံျဖစ္တဲ့အတြက္ ဒီလယ္ယာက႑ရဲ႕ထုတ္လုပ္မႈကို အားလုံးက မွီခိုေနရတာျဖစ္တဲ့ အတြက္ ဒီဟာကို ငါတို႔နဲ႔ မဆိုင္ဘူးဆိုၿပီး အစိုးရက ခပ္ေပါ့ေပါ့လုပ္မယ္ဆိုရင္ လာမယ့္ေႏြရာသီမွာ ၿငိသြားမွာ။ ေျမရာျပဳျပင္ထြန္ ယက္တာေတြကို အစိုးရအေနနဲ႔ အခမဲ့ေဆာင္႐ြက္ ေပးသင့္တယ္” ဟု အမတ္ေဟာင္းဦးစိန္ဝင္းကဆိုသည္။

အလားတူ ရခိုင့္ဦးေဆာင္ပါတီဥကၠ႒ ေဒါက္တာေအးေမာင္ကလည္း ႏိုင္ငံေတာ္အစိုးရအေနျဖင့္ ေရေဘးသင့္ေဒသမ်ားႏွင့္ပတ္သက္၍ လုပ္ေဆာင္သင့္သည့္ကိစၥမ်ားကို NP News မွတစ္ဆင့္ အႀကံျပဳ ေျပာဆိုထားသည္။

“ ႏိုင္ငံေတာ္က ေထာက္ပံ့ေပးႏိုင္မယ့္ တည္ေဆာက္ေရးပစၥည္းသုံး လုပ္ငန္းေတြရွိမယ္။ လယ္ယာလုပ္ငန္းခြင္ဆိုရင္ ျပန္လည္ထြန္ယက္ ေပးတာတို႔ဘာတို႔စသျဖင့္ေပါ့။ လယ္ယာသုံးလုပ္ငန္း ပစၥည္းေတြကို အကုန္ထည့္ေပးရမွာေပါ့။ ဓာတ္ေျမ ဩဇာအစုံေပါ့။ တကယ္လို႔ လယ္ယာနဲ႔ပတ္သက္လို႔ ေျမလႊမ္းသြားတယ္၊ ေရလႊမ္းသြားတယ္ဆိုရင္လည္း ေျမရာျပန္တိုင္းတာေပးတာတို႔က အစ၊ မ်ိဳးေစ့ေတြ ေရာလုပ္ေပးရမွာေပါ့။ ဒါကေတာ့ ျပန္လည္ထူေထာင္ ေရးအပိုင္းနဲ႔ဆိုင္တယ္။ အဲဒီမွာ ႏိုင္ငံေတာ္က ဘယ္ ေလာက္အထိ ဒီေဒသကို ဒုကၡျဖစ္တဲ့ေဒသေပါ့ဗ်ာ။ သဘာဝေဘးဒဏ္ခံရတဲ့ေဒသအျဖစ္ သတ္မွတ္ ေပးမွာလဲ။ သတ္မွတ္ေပးတာနဲ႔ေလ်ာ္ညီတဲ့ နစ္နာေၾကး ဘယ္ေလာက္ေပးမွာလဲ။ ဒါလည္း ေပးရမယ္။ ႏိုင္ငံေတာ္ အပိုင္းကေပါ့။ ျပန္လည္ထူေထာင္ႏိုင္ဖို႔ ေပးၿပီ။ ဥပမာ အိမ္တစ္ေဆာင္ကို ဘယ္ေလာက္ေပး တယ္ေပါ့ဗ်ာ။ စက္႐ုံတစ္႐ုံဆိုရင္ ဘယ္ေလာက္ ေပးတယ္ေပါ့ဗ်ာ။ ဒါေလးေတြကိုေပးဖို႔ ႏိုင္ငံေတာ္က ကမကထ ျပဳရမွာေပါ့” ဟု ေဒါက္တာ ေအးေမာင္ကဆိုသည္။

ဆက္လက္ၿပီး ရန္ကုန္တိုင္း၊ ျပည္သူ႔ပါတီ ဥကၠ႒ဦးလွေဌးကလည္း လက္ရွိတြင္ တိုင္းျပည္၏ ႏိုင္ငံေရးသည္ ပ်က္စီးေနသကဲ့သို႔ သဘာဝေဘး အႏၲရာယ္ေၾကာင့္ပါ ျပည္သူလူထုအေနျဖင့္ ပ်က္စီးမႈ မ်ားစြာ ႀကဳံေတြ႕ေနရၿပီး ယင္းကဲ့သို႔အေျခအေနမ်ားကို ျပန္လည္ေကာင္းမြန္ေရးဖန္တီးေပးရန္ လက္ရွိ အစိုးရတြင္တာဝန္ရွိေၾကာင္း NP News ကို သုံးသပ္ေျပာၾကားထားသည္။

“ ေလာေလာဆယ္အေျခအေနကို ေျပာရမယ္ဆိုရင္ေတာ့ ကြၽန္ေတာ္တို႔တိုင္းျပည္ရဲ႕ အေျခအ ေနက ႏိုင္ငံေရးလည္း ပ်က္စီးသြားတယ္။ တိုင္းျပည္ အေျခအေနလည္း ပ်က္စီးသြားတယ္။ သဘာဝ ေဘး အႏၲရာယ္ေၾကာင့္လည္း ျပည္သူလူထုက ပ်က္စီးမႈေတြ အမ်ားႀကီးႀကဳံရတယ္။ အဲဒီလိုျဖစ္တဲ့ အခါက်ေတာ့ ျပည္သူေတြ အဲဒီလိုအေျခအေနမ်ိဳးနဲ႔ ႀကဳံ ႀကိဳက္တယ္ဆိုရင္ ျပည္သူလူထုအတြက္ အေျခအေန ေကာင္းေတြကို ျပန္လည္ဖန္တီေပးဖို႔ နံပါတ္တစ္ တာဝန္သည္ တာဝန္ယူထားတဲ့ လက္ရွိအစိုးရရဲ႕ တာဝန္ ျဖစ္မယ္။ နံပါတ္ႏွစ္အေနနဲ႔ကေတာ့ ကြၽန္ေတာ္တို႔ ျပည္သူလူထုနဲ႔ လူထု ၾကားက ေပါက္ဖြားလာတဲ့ အဖြဲ႕အစည္းေတြရဲ႕ ဝန္းရံပူးေပါင္းေဆာင္႐ြက္ရမယ့္အေျခအေန ရွိတာေပါ့ ေနာ္” ဟု ဦးလွေဌးကေျပာသည္။

လက္ရွိတြင္ နစကအစိုးရအေနျဖင့္ ေရေဘးေၾကာင့္ ပ်က္စီးခဲ့ရသည့္ အေဆာက္အအုံ၊ ေနအိမ္ မ်ားအတြက္ ေထာက္ပံ့ေၾကးေပးရန္ တြက္ခ်က္ မႈမ်ားျပဳလုပ္ေနေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ဖြင့္ဟေျပာဆိုထားသည္။

“ အတတ္ႏိုင္ဆုံးခင္ဗ်ားတို႔ မူလအေျခအ ေနအတိုင္းျဖစ္ေအာင္ေတာ့ ကြၽန္ေတာ္တို႔ကူညီေပး ပါမယ္။ ေသဆုံးမႈအတြက္လည္း လူမႈဝန္ထမ္း ဝန္ႀကီးဌာနကေနၿပီးေတာ့ ေလ်ာ္ေၾကးေတြေပးတယ္၊ ေနာက္ ဒဏ္ရာရတဲ့သူေတြကိုလည္း၊ ေနာက္တစ္ခါ ေဆးကုသမႈအတြက္ ေထာက္ပံ့ေၾကးေတြေပးသလို၊ ပ်က္စီးသြားတဲ့အေဆာက္အအုံေတြအတြက္လည္း အခု ကြၽန္ေတာ္တို႔တြက္ေနပါတယ္။ လုံးဝပ်က္ သြားတဲ့ အိမ္ေတြဆိုရင္ ဘယ္လိုေပးမလဲ၊ တစ္စိတ္တစ္ပိုင္း ပ်က္သြားတဲ့အိမ္ေတြဆိုရင္ ဘယ္လို ေပးမလဲ၊ လုံးဝ ပ်က္သြားတဲ့အိမ္မွာမွ တဲဆိုရင္ဘယ္ေလာက္ေပးမလဲ၊ ႐ိုး႐ိုးအိမ္ဆိုရင္ ဘယ္ေလာက္ ေပးမလဲ၊ တစ္ထပ္အိမ္ ဆိုရင္ဘယ္ေလာက္ေပးမလဲ၊ ႏွစ္ထပ္အိမ္ဆိုရင္ ဘယ္ေလာက္ေပးမလဲ၊ တတ္ႏိုင္ သေလာက္ ကြၽန္ေတာ္တို႔ေပးပါမယ္” ဟု နစကဥကၠ႒ကေျပာသည္။

ေရေဘးသင့္ျပည္သူမ်ား လုပ္ေဆာင္ရမည့္အရာ
သဘာဝေဘးႏွင့္ပတ္သက္၍ ထိခိုက္ ပ်က္စီးမႈမ်ားကို ျပည္သူလူထု၊ လူမႈကူညီေရးအဖြဲ႕ မ်ားအပါအဝင္ အစိုးရက ကူညီေထာက္ပံ့မႈမ်ားျပဳလုပ္ ေပးေနမႈႏွင့္အတူ ေရေဘးသင့္ျပည္သူမ်ား ကလည္း တတ္ႏိုင္သည့္လုပ္ငန္းေဆာင္တာမ်ားကို ပူးေပါင္းေဆာင္႐ြက္ရန္ လိုအပ္သည္။

လက္ရွိတြင္ ႏိုင္ငံတစ္ဝန္းျဖစ္ပြားခဲ့ေသာ ေရႀကီးေရလွ်ံမႈမ်ားသည္ ျပန္လည္က်ဆင္းေနၿပီျဖစ္ သည့္အတြက္ ေရေဘးသင့္ျပည္သူမ်ားအေနျဖင့္ လူမႈဘဝျပန္လည္ရပ္တည္ႏိုင္ေရးအတြက္ တတ္ႏိုင္သ မွ် ႀကိဳးစားအားထုတ္ရန္လိုအပ္ေၾကာင္း လႊတ္ေတာ္ အမတ္ေဟာင္း ဦးစိန္ဝင္းက တိုက္တြန္းထားသည္။

“ေရေဘးလာကယ္တယ္ဆိုတာ ခဏ အတိုင္းအတာတစ္ခုပဲ ရွိတယ္ေလ။ အေရးႀကီးတာက သူတို႔ရဲ႕အတြင္းအားပဲ။ အျပင္အားကေတာ့ ခဏပဲ။ အတြင္းအားက ဘာလုပ္ရမလဲဆိုေတာ့ သူတို႔ကိုယ္ တိုင္က ငါတို႔ ဒီလိုဒီလိုျဖစ္သြားၿပီ။ ၿပီးသြားၿပီ။ ငို လည္း ငိုၿပီးၿပီ။ ငါတို႔ဘဝ ျပန္လည္ရပ္တည္ႏိုင္ရမယ္ ဆိုတဲ့ စိတ္ခြန္အားေတြရွိရမယ္။ အခု အန္ကယ္လိုက္ ၾကည့္တယ္။ လိုက္ၾကည့္တဲ့ေနရာမွာ အိမ္ေတြက ဘာမွရွင္းထားတာမရွိဘူး။ အမႈိက္ေတြ၊ ဘာေတြ၊ ညာ ေတြကိုလည္း တစ္ဖက္က ရွင္းရမယ္။ ကိုယ့္ဝိုင္း ကို ကိုယ္ရွင္းရမယ္။ ကိုယ့္အိမ္ကို ကိုယ္သန႔္ရွင္းေရး လုပ္ရမယ္။ ဒါေတြမလုပ္ရင္ ေရရွည္မွာ အဲဒီေနရာ ေတြက ဝမ္းေရာဂါေတြျဖစ္ၿပီး မလိုလားအပ္တဲ့ ေနာက္ဆက္တြဲ ျပႆနာေတြ ျဖစ္လာႏိုင္စရာ အမ်ား ႀကီးရွိတယ္။ ေရေဘးသင့္ျပည္သူေတြကိုယ္၌ကလည္း ဘဝျပန္လည္ရပ္တည္ဖို႔ ႀကိဳးစားသင့္တယ္” ဟု ဦးစိန္ဝင္းက ေျပာသည္။

ေတာေၾကာင္မ်ားကို ေဖာ္ထုတ္အေရးယူပါ
ႏိုင္ငံတစ္ဝန္းႀကဳံေတြ႕ခဲ့ရသည့္ ေရႀကီး ေရလွ်ံမႈမ်ားႏွင့္ပတ္သက္၍ ေရေဘးသင့္ ျပည္သူမ်ားကို ျပည္သူလူထု၊ စီးပြားေရးလုပ္ငန္းမ်ား၊ ဘဏ္ မ်ား၊ ပရဟိတအဖြဲ႕မ်ားက အားႀကိဳးမာန္တက္ ကူညီခဲ့ၾက သည္ကို ဝမ္းသာအားရေတြ႕ၿပီး လက္ရွိအခ်ိန္ အထိပါ ကူညီမႈမ်ားကို ျမႇင့္တင္ေနဆဲျဖစ္သည္။

ထိုသို႔ ေရေဘးသင့္ျပည္သူမ်ားကို လူအမ်ားက တစ္ခဲနက္ကူညီေနၾကခ်ိန္တြင္ ေရေဘး အေၾကာင္းျပကာ လိမ္လည္အလႉခံေနသည့္ လူမႈ ကြန္ရက္စာမ်က္ႏွာမ်ားကို အမ်ားၾကားတြင္ေတြ႕ရ သည္။ အလိမ္ခံရသည့္ လူပုဂၢိဳလ္မ်ားထဲတြင္ အႏုပညာရွင္မ်ားပါဝင္ခဲ့သကဲ့သို႔ ျပည္သူအခ်ိဳ႕လည္း ပါဝင္ခဲ့သည္ကို ေတြ႕ရွိရသည္။

ေရေဘးသင့္ျပည္သူမ်ားကို ကူညီရန္ လူအမ်ားက တစ္ခဲနက္အားထုတ္ႀကိဳးပမ္းေနခ်ိန္တြင္ ကိုယ္က်ိဳးအတြက္ လိမ္လည္အလႉခံေနသည့္ ေတာေၾကာင္မ်ားကို နစကအစိုးရအေနျဖင့္ ေဖာ္ထုတ္ကာ ျပင္းျပင္းထန္ထန္အေရးယူသင့္သည္။

“ အဲဒီလိုလူေတြကို အေရးယူသင့္ပါတယ္။ တကယ္လည္း မ်က္ျမင္ေတြ႕ေနရတာေတြရွိတယ္။ အားလုံးကလည္း သဒၶါတရားေကာင္းလြန္းတာကို ခု တုံးလုပ္ၿပီးလိမ္ၾကတာပါ” ဟု ေရေဘးသင့္ျပည္သူ မ်ားကိုကူညီေနသည့္ လူမႈကူညီေရးအသင္း တစ္သင္းမွ တာဝန္ရွိသူက NP News ကို ေျပာဆိုထားသည္။

Related news

© 2021. All rights reserved.