ပညာရေးဝန်ထမ်း(၆)ဦးကို DCS လုပ်ထားသည့် ပညာရေးဝန်ထမ်းက အကြမ်းဖက်သမားများနှင့်ပူးပေါင်းဖမ်းဆီးကာ ကျပ်သိန်းတစ်သောင်းဖြင့် ပြန်ရွေးခိုင်းမှု တမူးမြို့နယ်တွင် ဖြစ်ပွား
2246
သန့်ဇင် (NP News) - စက်တင်ဘာ ၂၃
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်တွင် ပညာရေးဝန်ထမ်း(၆)ဦးကို DCS(Disloyal Civil Service) လုပ်ထား သည့် ပညာရေးဝန်ထမ်းက အကြမ်းဖက်သမားများနှင့်ပူးပေါင်းဖမ်းဆီးကာ ကျပ်သိန်းတစ်သောင်းဖြင့် ပြန်ရွေးခိုင်း သည့်ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့(စက်တင်ဘာ ၂၂ ရက်)၊ နံနက် ၉ နာရီအချိန်က တမူးမြို့နယ်၊ ထင်းဇင်းကျေးရွာတွင် ဖြစ်ပွား ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တမူးမြို့နယ် ပညာရေးဌာနမှ ပညာရေးဝန်ထမ်း အမျိုးသား(၂)ဦး နှင့် အမျိုးသမီး(၄)ဦးတို့သည် နေပြည်တော်တွင် ရာထူးတိုးစားမေးပွဲဖြေဆိုရန် နှင့် ရုံးကိစ္စဆောင်ရွက်ရန် ဆိုင်ကယ်(၃)စီးဖြင့် ထွက်ခွာလာစဉ် အထက်ပါနေရာ အရောက်၌ တမူးမြို့နယ်ပညာရေးဌာနမှ DCS (Disloyal Civil Service) ပြုလုပ်ထားသည့် ပညာရေးဝန်ထမ်း ဖြစ်သူ ဇိုထန်မောယာသည် PDF အဖွဲ့ဝင်များနှင့်ပူးပေါင်း၍ ပညာရေးဝန်ထမ်းများအား ဖမ်းဆီးခေါ်ဆောင်သွားခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ ဖမ်းဆီးခေါ်ဆောင်ပြီးနောက် ညနေ ၃နာရီအချိန်ခန့်တွင် TPDF အဖွဲ့မှ တပ်ရင်းမှူးဆိုသူက ဖမ်းဆီး ခံထားရသူ ပညာရေးဝန်ထမ်းအမျိုးသားတစ်ဦး၏ ဖုန်းဖြင့် တမူးမြို့နယ် ပညာရေးမှူး ထံသို့ ဆက်သွယ်ကာ ပညာရေးဝန်ထမ်းများအား ဖမ်းဆီးထားကြောင်းနှင့် ၎င်းတို့အား ကျပ်သိန်းပေါင်း တစ်သောင်းဖြင့် ပြန်ရွေးရန် ပြောဆိုခဲ့ကြောင်း အထက်ပါသတင်းအရင်းမြစ်က ဆိုသည်။
လက်ရှိတွင် ဖမ်းဆီးခံထားရသည့် ပညာရေးဝန်ထမ်းများအား အမြန်ဆုံးလွတ်မြောက်ရန် လုံခြုံရေးတပ်ဖွဲ့ဝင်များ နှင့် သက်ဆိုင်ရာ တာဝန်ရှိ သူများက ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
Zawgyi Version;
ပညာေရးဝန္ထမ္း(၆)ဦးကို DCS လုပ္ထားသည့္ ပညာေရးဝန္ထမ္းက အၾကမ္းဖက္သမားမ်ားႏွင့္ပူးေပါင္းဖမ္းဆီး ကာ က်ပ္သိန္းတစ္ေသာင္းျဖင့္ ျပန္ေ႐ြးခိုင္းမႈ တမူးၿမိဳ႕နယ္တြင္ ျဖစ္ပြား
သန႔္ဇင္ (NP News) - စက္တင္ဘာ ၂၃
စစ္ကိုင္းတိုင္းေဒသႀကီး၊ တမူးၿမိဳ႕နယ္တြင္ ပညာေရးဝန္ထမ္း(၆)ဦးကို DCS(Disloyal Civil Service) လုပ္ထား သည့္ ပညာေရးဝန္ထမ္းက အၾကမ္းဖက္သမားမ်ားႏွင့္ပူးေပါင္းဖမ္းဆီးကာ က်ပ္သိန္းတစ္ေသာင္းျဖင့္ ျပန္ေ႐ြးခိုင္း သည့္ျဖစ္စဥ္တစ္ခုျဖစ္ပြားခဲ့ေၾကာင္း လုံၿခဳံေရးတပ္ဖြဲ႕ႏွင့္ နီးစပ္သူမ်ားထံမွ သိရသည္။
ျဖစ္စဥ္မွာ ယမန္ေန႔(စက္တင္ဘာ ၂၂ ရက္)၊ နံနက္ ၉ နာရီအခ်ိန္က တမူးၿမိဳ႕နယ္၊ ထင္းဇင္းေက်း႐ြာတြင္ ျဖစ္ပြား ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
တမူးၿမိဳ႕နယ္ ပညာေရးဌာနမွ ပညာေရးဝန္ထမ္း အမ်ိဳးသား(၂)ဦး ႏွင့္ အမ်ိဳးသမီး(၄)ဦးတို႔သည္ ေနျပည္ေတာ္တြင္ ရာထူးတိုးစားေမးပြဲေျဖဆိုရန္ ႏွင့္ ႐ုံးကိစၥေဆာင္႐ြက္ရန္ ဆိုင္ကယ္(၃)စီးျဖင့္ ထြက္ခြာလာစဥ္ အထက္ပါေနရာ အေရာက္၌ တမူးၿမိဳ႕နယ္ပညာေရးဌာနမွ DCS (Disloyal Civil Service) ျပဳလုပ္ထားသည့္ ပညာေရးဝန္ထမ္း ျဖစ္သူ ဇိုထန္ေမာယာသည္ PDF အဖြဲ႕ဝင္မ်ားႏွင့္ပူးေပါင္း၍ ပညာေရးဝန္ထမ္းမ်ားအား ဖမ္းဆီးေခၚေဆာင္သြားခဲ့ ျခင္းျဖစ္ေၾကာင္း သိရသည္။
ထိုသို႔ ဖမ္းဆီးေခၚေဆာင္ၿပီးေနာက္ ညေန ၃နာရီအခ်ိန္ခန႔္တြင္ TPDF အဖြဲ႕မွ တပ္ရင္းမႉးဆိုသူက ဖမ္းဆီး ခံထားရသူ ပညာေရးဝန္ထမ္းအမ်ိဳးသားတစ္ဦး၏ ဖုန္းျဖင့္ တမူးၿမိဳ႕နယ္ ပညာေရးမႉး ထံသို႔ ဆက္သြယ္ကာ ပညာေရးဝန္ထမ္းမ်ားအား ဖမ္းဆီးထားေၾကာင္းႏွင့္ ၎တို႔အား က်ပ္သိန္းေပါင္း တစ္ေသာင္းျဖင့္ ျပန္ေ႐ြးရန္ ေျပာဆိုခဲ့ေၾကာင္း အထက္ပါသတင္းအရင္းျမစ္က ဆိုသည္။
လက္ရွိတြင္ ဖမ္းဆီးခံထားရသည့္ ပညာေရးဝန္ထမ္းမ်ားအား အျမန္ဆုံးလြတ္ေျမာက္ရန္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ား ႏွင့္ သက္ဆိုင္ရာ တာဝန္ရွိ သူမ်ားက ဆက္လက္လုပ္ေဆာင္လ်က္ရွိေၾကာင္း သိရသည္။