တယ်လီဂရမ်စီအီးအို ပါဗယ်လ်ဒူရုဗ်က တရားမဝင် content တွေကို ဖယ်ရှားလိုက်ပြီဖြစ်ကြောင်း ကြေညာ

 294

ရောင်နီ (NP News) - စက်တင်ဘာ ၂၅

Telegram တည်ထောင်သူ၊ အမှုဆောင်အရာရှိချုပ် ပါဗယ်လ်ဒူရုဗ်ဟာ Telegram အက်ပလီကေးရှင်း အသုံးပြုပြီး ပြစ်မှုကျူးလွန်နေသူတွေကို အရေးယူဖို့ ပျက်ကွက်မှုနဲ့ ပြင်သစ်မှာ ဖမ်းဆီးခံရပြီးနောက် သီတင်းပတ်အကြာမှာ သူ့ရဲ့ Telegram ပလက်ဖောင်းပေါ်က တရားမဝင် content တွေကို ဖယ်ရှားမှုတွေပြုလုပ်ခဲ့တယ်ဆိုတဲ့အကြောင်း စက်တင်ဘာ ၂၃ ရက်မှာ ပြောကြားခဲ့ပါတယ်။

"Telegram ရဲ့ search feature ဟာ တရားမ၀င် ကုန်ပစ္စည်းတွေ ရောင်းချချင်သူတွေရဲ့ စည်းမျဉ်းချိုးဖောက်အလွဲသုံးစားမှုကို ခံနေရပါတယ်။ ဒါကြောင့် ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေက Telegram ရဲ့ဝန်ထမ်းတွေဟာ တရားမဝင် content အားလုံး သုံးလို့မရတော့အောင် AI အသုံးပြုပြီး ဖယ်ရှားခဲ့တယ်" လို့ ဒူရုဗ်က ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် အင်တာနက် IP လိပ်စာများ၊ ဖုန်းနံပါတ်များ အပါအဝင် အသေးစိတ်အချက် အလက်တွေကိုလည်း လုံခြုံရေး အပ်ဒိတ်လုပ်ကာ အဆင့်မြှင့်တင်ထားတယ်လို့ ဒူရိုဗ် က ပြောကြားခဲ့ပါတယ်။
ဒူရုဗ်ဟာ သြဂုတ် ၂၄ ရက်က ပါရီမြို့အပြင်ဘက်ရှိ Le Bourget လေဆိပ်ကို ကိုယ်ပိုင်ဂျက်လေယာဉ်နဲ့ရောက်ရှိလာစဉ် ဖမ်းဆီးခံရတာဖြစ်ပြီး ရက်အတန်ကြာ စစ်ဆေးမေးမြန်းပြီးနောက် အစွန်းရောက်နဲ့ အကြမ်းဖက် content တွေကို တားဆီးဖို့ ပျက်ကွက်မှုများစွာနဲ့ တရားစွဲဆိုခံခဲ့ရကာ ယူရို ၅ သန်း (စင်ကာပူဒေါ်လာ ၇.၂ သန်း) အာမခံနဲ့ ပြန်လွတ်မြောကိလာခဲ့တာ ဖြစ်ပါတယ်။

Zawgyi Version;
တယ္လီဂရမ္စီအီးအို ပါဗယ္လ္ဒူ႐ုဗ္က တရားမဝင္ content ေတြကို ဖယ္ရွားလိုက္ၿပီျဖစ္ေၾကာင္း ေၾကညာ
ေရာင္နီ (NP News) - စက္တင္ဘာ ၂၅

Telegram တည္ေထာင္သူ၊ အမႈေဆာင္အရာရွိခ်ဳပ္ ပါဗယ္လ္ဒူ႐ုဗ္ဟာ Telegram အက္ပလီေကးရွင္း အသုံးျပဳၿပီး ျပစ္မႈက်ဴးလြန္ေနသူေတြကို အေရးယူဖို႔ ပ်က္ကြက္မႈနဲ႔ ျပင္သစ္မွာ ဖမ္းဆီးခံရၿပီးေနာက္ သီတင္းပတ္အၾကာမွာ သူ႔ရဲ႕ Telegram ပလက္ေဖာင္းေပၚက တရားမဝင္ content ေတြကို ဖယ္ရွားမႈေတြျပဳလုပ္ခဲ့တယ္ဆိုတဲ့အေၾကာင္း စက္တင္ဘာ ၂၃ ရက္မွာ ေျပာၾကားခဲ့ပါတယ္။

"Telegram ရဲ႕ search feature ဟာ တရားမ၀င္ ကုန္ပစၥည္းေတြ ေရာင္းခ်ခ်င္သူေတြရဲ႕ စည္းမ်ဥ္းခ်ိဳးေဖာက္အလြဲသုံးစားမႈကို ခံေနရပါတယ္။ ဒါေၾကာင့္ ၿပီးခဲ့တဲ့ ရက္သတၱပတ္ေတြက Telegram ရဲ႕ဝန္ထမ္းေတြဟာ တရားမဝင္ content အားလုံး သုံးလို႔မရေတာ့ေအာင္ AI အသုံးျပဳၿပီး ဖယ္ရွားခဲ့တယ္" လို႔ ဒူ႐ုဗ္က ေျပာၾကားခဲ့ပါတယ္။

ဒါ့အျပင္ အင္တာနက္ IP လိပ္စာမ်ား၊ ဖုန္းနံပါတ္မ်ား အပါအဝင္ အေသးစိတ္အခ်က္ အလက္ေတြကိုလည္း လုံၿခဳံေရး အပ္ဒိတ္လုပ္ကာ အဆင့္ျမႇင့္တင္ထားတယ္လို႔ ဒူ႐ိုဗ္ က ေျပာၾကားခဲ့ပါတယ္။
ဒူ႐ုဗ္ဟာ ၾသဂုတ္ ၂၄ ရက္က ပါရီၿမိဳ႕အျပင္ဘက္ရွိ Le Bourget ေလဆိပ္ကို ကိုယ္ပိုင္ဂ်က္ေလယာဥ္နဲ႔ေရာက္ရွိလာစဥ္ ဖမ္းဆီးခံရတာျဖစ္ၿပီး ရက္အတန္ၾကာ စစ္ေဆးေမးျမန္းၿပီးေနာက္ အစြန္းေရာက္နဲ႔ အၾကမ္းဖက္ content ေတြကို တားဆီးဖို႔ ပ်က္ကြက္မႈမ်ားစြာနဲ႔ တရားစြဲဆိုခံခဲ့ရကာ ယူ႐ို ၅ သန္း (စင္ကာပူေဒၚလာ ၇.၂ သန္း) အာမခံနဲ႔ ျပန္လြတ္ေျမာကိလာခဲ့တာ ျဖစ္ပါတယ္။

Related news

© 2021. All rights reserved.