၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၆) ပွဲကြိုသုံးသပ်ချက်များ

 509

ရဲထက် (NP News) - စက်တင်ဘာ ၂၇

၂၀၂၄-၂၀၂၅ ခုနှစ်ရဲ့ အင်္ဂလန်ပရီးမီး ယားလိဂ်ပြိုင်ပွဲဟာ ပွဲစဉ်(၆)ကိုရောက်ရှိလာပါပြီ။ ပွဲစဉ်(၆) ဖြစ်တာကြောင့်လည်း ဇယားထိပ်ပိုင်းက အသင်းကြီးတွေရဲ့ ရလဒ်ပိုင်းနဲ့ ခြေစွမ်းပိုင်းမှာလည်း တဖြည်း ဖြည်း ရုပ်လုံးပေါ်လာခဲ့ပြီဖြစ်သလို မထင်မှတ်ထားဘဲ ရှုံးပွဲတွေ့ခဲ့တဲ့အသင်းကြီးတွေ ပရီးမီးယား လိဂ်ပွဲ စဉ်(၆)မှာတော့ ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ပွဲစဉ် တွေကို ထပ်မံစောင့်ကြည့်သွားရဖို့ရှိနေတာဖြစ်ပါတယ်။ ဒါ့ပြင် ဇယားထိပ်ပိုင်းကအသင်းကြီးတွေဖြစ်တဲ့ မန်စီး တီး၊ လီဗာပူးလ်နဲ့ အာဆင်နယ်အသင်းတို့ရဲ့ ရမှတ်အနေအထားကလည်း အရမ်းကြီးကွာဟနေတာမျိုးမရှိ တဲ့အပြင် ထင်မှတ်မထားတဲ့အသင်း တွေကလည်း ဇယားထိပ်ပိုင်းကို အပြည့်အဝဖိအားပေးနိုင်မယ့် ခြေစွမ်းမျိုးတွေပြသနေတာကြောင့် တစ်ချက်အမှား လုပ်လိုက်တာနဲ့ အသင်းကြီးတွေအနေနဲ့ ပေးဆပ်မှုကြီးမားသွားနိုင်တဲ့ အနေအထားမျိုး လည်းဖြစ်ပါတယ်။ တန်းဆင်းဇုန်ကိုကြည့်ရင်လည်း လက်ရှိအချိန်အထိ နိုင်ပွဲမရသေးတဲ့အသင်းလည်းရှိ နေတဲ့အပြင် ဒီနှစ်မှာ အလယ်အလတ်ခြေစွမ်းရှိတဲ့အသင်းတွေရဲ့ ခြေစွမ်းပိုင်းက သိသိသာသာကျဆင်း လာတာကို မြင်တွေ့လာရတာကြောင့် ပရီးမီးယားလိဂ်ပြိုင်ပွဲဟာ အရင်လို ပြိုင်ဆိုင်မှုအပြင်းထန်ဆုံး သောပွဲစဉ်တွေကို ဒီနှစ်မှာ ပြန်လည်ခံစားရပါ့မလားဆိုတဲ့မေးခွန်းတွေလည်း ရှိနေပါတယ်။ ဒီတစ်ပတ် မှာတော့ The Statesman Journal ကနေ ပရီးမီးယားလိဂ်အသင်းကြီး(၅)သင်းရဲ့ ပွဲစဉ် (၆)ယှဉ်ပြိုင်မှုတွေကို ပွဲကြိုသုံးသပ်ချက်အနေနဲ့ တင်ဆက်ပေးမှုကို NP News က ထပ်ဆင့်ဖော်ပြပေးလိုက်ပါတယ်။

နယူးကာဆယ် Vs မန်စီးတီး
ပရီးမီးယားလိဂ် နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု
နယူးကာဆယ် ၂ - ၃ မန်စီးတီး (၁-၁၄-၂၀၂၄)
မန်စီးတီး ၂ - ဝ နယူးကာဆယ် (၈-၂၀-၂၀၂၃)
မန်စီးတီး ၄ - ၁ အာဆင်နယ် (၂၁-၈-၂၀၂၂)
NP News အကြိုက် ပွဲကြိုသုံးသပ်ချက်
မန်စီးတီး ၂ - ၁ နယူးကာဆယ်
မန်စီးတီး ၃ - ၂ နယူးကာဆယ်

ဒီပွဲစဉ်က မန်စီးတီးအသင်းအတွက် နောက်ထပ်စမ်းသပ်ခံရမယ့် ပွဲကောင်းတစ်ပွဲဖြစ်လာ ဦးမှာ သေချာနေသလို နယူးကာဆယ်အတွက်လည်း မန်စီးတီးကိုသာနိုင်ခဲ့ရင် ဇယားထိပ်ပိုင်းကို တက်လှမ်း နိုင်ဖို့ အခြေအနေကောင်းတစ်ရပ်ကို ဖန်တီးသွားနိုင်မှာဖြစ်တဲ့အတွက် ပြိုင်ဆိုင်မှုပြင်းထန်မယ့် ပွဲ ကောင်းတစ်ပွဲဖြစ်လာဖို့ရှိနေပါတယ်။

လက်ရှိခြေစွမ်းပိုင်းအရပြောရရင် နယူး ကာဆယ်အသင်းက ဒီနှစ်ပရီးမီးယားလိဂ်မှာ အသင်း ကြီးတိုင်းကို ကောင်းကောင်းကြီးဒုက္ခပေးမယ့် ဖျက် မျဉ်းအသင်းလို့ပြောလို့ရနေပါတယ်။ ဒါ့ပြင် ခြေစွမ်း ပိုင်းမှာလည်း မန်စီးတီးကိုယှဉ်နိုင်မယ့် ကစားသမား ကောင်းတွေရှိနေတဲ့အပြင် ကွင်းလယ်နဲ့ တိုက်စစ် ပိုင်းက မြန်ဆန်ပြီး မထင်မှတ်ထားတဲ့အနေအထားကနေ ဂိုးသွင်းယူတတ်တဲ့အသင်းလည်းဖြစ်ပါတယ်။ နောက်ထပ်အနေနဲ့က နယူးကာဆယ် အသင်းနဲ့ရင်ဆိုင်ရတိုင်းမှာ ပြိုင်ဘက်အသင်းက လူချ ကစားခံရပြီး အမှန်အကန်ဖျက်ထုတ်မှုတွေကို ရင်ဆိုင်ရမှာဖြစ်သလို ကြမ်းတမ်းတဲ့ ကစားဟန်ကိုပါ ရင်ဆိုင်ရမှာ သေချာနေပါတယ်။ ပြောရရင်တစ်သင်းလုံး အတက်အဆင်း မှန်မှန်နဲ့ ကစားပုံကောင်းတာ ကြောင့် နိုင်ပွဲရယူဖို့ ခက်ခဲနိုင်တဲ့ အသင်းဖြစ်နေတာပါ။

လက်ရှိအချိန်အထိကတော့ ဟာလန်းက ဂိုးမြူးနေသလို အသင်းရဲ့ အဓိက ကစားသမား များစွာ ကလည်း ပုံမှန်ခြေစွမ်းရှိနေသေးတာကြောင့် မန်စီးတီးအတွက် ဒီရာသီမှာ အကောင်းဆုံးရှေ့ဆက်သွား နိုင်ဦးမယ့် သဘောမှာရှိနေပါတယ်။ ဒါပေမဲ့ နယူးကာဆယ်နဲ့တွေ့တာက မန်စီးတီးအသင်းအတွက် ကံဆိုးမှု တစ်ခုလည်းဖြစ်သွားနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ နယူးကာဆယ်အသင်းနဲ့ နောက်ဆုံး တွေ့ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၃)ပွဲစလုံးမှာ ဟာလန်းအနေနဲ့ ဂိုးသွင်းယူနိုင်ခြင်းမရှိတာဖြစ်ပါတယ်။ ဒါဟာ တိုက်ဆိုင်မှုမဟုတ်ဘဲ အသင်းကြီးတွေနဲ့တွေ့ရင် ခြေစွမ်း မပြနိုင်တဲ့ ဟာလန်းကြောင့် မန်စီးတီး အသင်းအတွက် အခက်ကြုံသွားရနိုင်တဲ့အနေအထားမျိုးဖြစ်ပါတယ်။ အသင်းသားတွေရဲ့ အဆုံးအဖြတ် ဂိုးတွေသာ မရခဲ့ရင် ဟာလန်းဆီကဂိုးရဖို့ အများကြီး မျှော်လင့်လို့မရတဲ့အနေအထားလည်းဖြစ်ပါတယ်။ ဒါကြောင့် ဒီနှစ် အသင်းရဲ့ ပွဲစဉ်ကို ခန့်မှန်းရရင် နယူးကာဆယ်အသင်းက အိမ်ကွင်းအားသာမှုရှိနေတာ ကြောင့် မနိုင်ရင်တောင် သရေကျတဲ့အထိ ခြေကုန်ထုတ်ကစားလာနိုင်တာကြောင့် မန်းစီးတီးက အဝေးကွင်းမှာ နိုင်ပွဲပျောက်နိုင်ပြီး ကံဆိုးရင် ရှုံးပွဲတောင် ကြုံတွေ့ရနိုင်ပါတယ်။

မန်ယူ Vs စပါးစ်
ပရီးမီးယားလိဂ် နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု
မန်ယူ ၂ - ၂ စပါးစ် (၁-၁၄-၂၀၂၄)
စပါးစ် ၂ - ဝ မန်ယူ (၁၉-၈-၂၀၂၃)
စပါးစ် ၂ - ၂ မန်ယူ (၂၈-၄-၂၀၂၃)
NP News အကြိုက် ပွဲကြိုသုံးသပ်ချက်
မန်ယူ ၂ - ၁ စပါးစ်
မန်ယူ ၃ - ၂ စပါးစ်

ဒီနှစ်သင်းရဲ့ ထိပ်တိုက်တွေ့ဆုံမှုတွေက ပရိသတ်တွေကို ရသမျိုးစုံပေးစွမ်းနိုင်မယ့် ပွဲကောင်း တစ်ပွဲဖြစ်လာဖို့ရှိပြီး ခြေစွမ်းအရ နှစ်သင်းလုံးက အ ရမ်းကောင်းနေတဲ့အနေအထားမျိုးမဟုတ်တာကြောင့်လည်း ခြေစွမ်းညီမျှတဲ့အနေအထားမျိုးဖြစ် ပါတယ်။ မန်ယူအသင်းကတော့ ခြေစွမ်းပိုင်း တက်လာတယ်လို့ပြောလို့ရနေပြီး ဒီလစ်နဲ့ မာဇာဝါရီတို့ ပါဝင်လာချိန်မှာ နောက်တန်း တစ်နေရာက လုံခြုံစိတ် ချထားလို့ရနေတဲ့အနေအထားမျိုးဖြစ်နေပါပြီ။ ဒါပေမဲ့ ဒါးလော့ရဲ့ခြေစွမ်းက တစ်ပွဲထက်တစ်ပွဲအမှားများ လာတာကြောင့် သတိထားဖို့လိုအပ်ပြီး ဂိုးသမား အို နာနာသာ ထမဖောက် ရင် စိတ်ချလို့ရနေတဲ့အနေအထားမျိုးဖြစ်ပါတယ်။ ဒါ့ပြင် ကွင်းလယ်ပိုင်းနဲ့ တိုက်စစ် ပိုင်းမှာတော့ ပြောစရာအများကြီးမရှိပေမယ့် ဂိုးရဖို့ ခက်ခဲနေပြီး ပုံမှန်ခြေစွမ်းအောက်ရောက်နေတဲ့ မားကပ်ရက်ဖို့ဒ် ကြောင့် ဂိုးရဖို့ခက်ခဲနေတဲ့ အနေအထားမျိုးကိုလည်း မြင်တွေ့လာရနိုင်ပါတယ်။ မန်ယူအသင်း မှာ အဓိက လိုအပ်ချက်အနေနဲ့ကတော့ ကွင်းလယ် အဖျက်ကစားသမားဖြစ်ပြီး ဘရူနိုဖာနန်ဒက်စ်နဲ့ ကို ဘီမေနူးမှာ ဘောလုံးပေးပို့မှုပိုင်းကောင်းပေမယ့် တစ်ဖက်အသင်းရဲ့ ဘောလုံးဖြတ်တောက်မှုအပိုင်းမှာတော့ အားနည်းတာတွေ့ရပါတယ်။

စပါးစ်အသင်းကတော့ ဒီနှစ်မှာစွမ်း ဆောင်ရည်ပိုင်းက ကောင်းမလိုလိုနဲ့ ပြန်လည်ကျ ဆင်းဖို့ အလားအလာကို မြင်တွေ့နေရပါတယ်။ အဓိကလိုအပ်ချက်အနေနဲ့ကတော့ တိုက်စစ်နဲ့ ကွင်း လယ်ပိုင်း ဖြစ်ပြီး သွင်းဂိုးတွေရဖို့လည်း ရုန်းကန်လာရတာကိုတွေ့ရပါတယ်။ ဆွန်ဟောင်မင် ဦး‌ဆောင်တဲ့ တိုက်စစ်ပိုင်းက လုပ်အားနှုန်းကောင်းပေမယ့် ချိတ်ဆက်မှုနဲ့ နားလည်မှုအပိုင်းအပြင် တိုက်စစ်က အဆုံး သတ်သေချာမှုမရှိတာကိုတွေ့ရပါတယ်။ ရလဒ်ပိုင်း ကို ခန့်မှန်းရမယ်ဆိုရင်တော့ မန်ယူအသင်းရဲ့ အိမ် ကွင်းမှာ စပါးစ်အသင်းအနေနဲ့ နိုင်ဖို့လွယ်ကူမှာမဟုတ်တဲ့အပြင် နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှုတွေမှာ လည်း သရေကျမှုများတာကြောင့် ဒီတစ်ခေါက်အိမ်ကွင်းမှာ မန်ယူ အသင်းကစပါးစ်ကို (၁)ဂိုး အသာလောက်နဲ့ ကပ်နိုင်သွားနိုင်ပါတယ်။

အာဆင်နယ် Vs လက်စတာစီးတီး
ပရီးမီးယားလိဂ် နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု
လက်စတာ ဝ - ၁အာဆင်နယ်(၂၅-၂-၂၀၂၃)
အာဆင်နယ်၄-၂လက်စတာ (၁၃-၈-၂၀၂၂)
အာဆင်နယ်၂ -ဝ လက်စတာ(၁၃-၃-၂၀၂၂)
NP News အကြိုက် ပွဲကြိုသုံးသပ်ချက်
အာဆင်နယ် ၃ - ၁ လက်စတာ
အာဆင်နယ် ၂ - ဝ လက်စတာ
အာဆင်နယ်အသင်းအတွက် ဒီပွဲစဉ်က အနိုင်(၃)မှတ်ရယူဖို့ အကောင်းဆုံးပွဲစဉ်ဖြစ်ပါတယ်။ ကွင်းလယ်ပိုင်းမှာ အိုဒီဂတ်ပါမလာတဲ့ အာဆင်နယ် အသင်းဟာ ပြီးခဲ့တဲ့ပွဲစဉ်တွေမှာ ကွင်းလယ်နဲ့ တိုက် စစ်ပိုင်းမှာ ချိတ်ဆက်မှုအားနည်းသွားသလို ဂျော်ဂျင် ဟိုနဲ့ပွဲထွက်လာရမှုက ကွင်းလယ်ပိုင်းမှာ စိုးမိုးမှုမရှိ မှုကို ထင်သာမြင်သာရှိစေပါတယ်။ ဒါပေမဲ့ အာဆင် နယ်အသင်းဟာ အသင်းကြီးတစ်သင်းဖြစ်တဲ့အပြင် နည်းပြ အာတီတာရဲ့ နည်းစနစ်ပိုင်းနဲ့ အကွက်မြင်မှုက အာဆင်နယ်အသင်းအတွက် သက်သာရာ ရစေမှာပါ။ အိုဒီဂတ်မပါသည့်တိုင်အောင် တိုက်စစ်မှာ ဟာဗက်ဇ်၊ ဆာကာ၊နဲ့ မာတင်နယ်လီတို့ရဲ့ အချိတ် အဆက်တွေ အပြင် နောက်တန်းခံစစ်မှာ မာကျောကျစ်လျစ်မှုရှိတဲ့ စလီဘာနဲ့ ဂါဘရီရယ်တို့ရဲ့ အတွဲ အဖက်အပြင် မနှစ်ကထက် ပိုကောင်းလာတဲ့ ဂိုးသမား ယာယာရဲ့ လက်စွမ်းတွေကြောင့် အာဆင်နယ် အသင်းက ဥရောပ မှာရော ပရီးမီးယားလိဂ်မှာပါ တစ်ခုခုလုပ်ပြနိုင်မှာ သေချာပါတယ်။ လက်စတာစီးတီး အသင်းကတော့ ဒီ နှစ်မှာမှ တန်းပြန်တက်လာတဲ့အသင်းဖြစ်ပြီး နည်းပြကလည်း အသစ်ဖြစ်တာကြောင့် မလွယ်ကူတဲ့ အနေအထားမှာရှိနေပြီး ခြေစွမ်းပိုင်းမှာလည်း ထင်သလောက် မကောင်းတာကိုတွေ့ရ ပါတယ်။ နိုင်ပွဲရဖို့ ရုန်းကန်နေရတဲ့အပြင် သွင်းဂိုးတွေရဖို့လည်း ရုန်း ကန်နေရတဲ့အသင်းဖြစ်ပြီး ဒီတိုင်း သာဆက်သွားရင် လာမယ့်ရာသီမှာ တန်းပြန်ဆင်းဖို့အခြေအနေတွေရှိနေတဲ့ အသင်းဖြစ်ပါတယ်။ အာဆင်နယ်နဲ့ ထိပ်တိုက် တွေ့ဆုံမှုကလည်း လက်စတာစီးတီးအသင်းအတွက် ခက်ခဲလာဖို့ရှိနေသလို နိုင်ပွဲရဖို့လည်း မလွယ်ကူတာကြောင့် ဒီပွဲစဉ်က အာဆင်နယ်ပဲအနိုင်ရဖို့များပြီး အနည်းဆုံး(၂)ဂိုး လောက် အသာနဲ့နိုင်ပါမယ်။

ချဲလ်ဆီး Vs ဘရိုက်တန်
ပရီးမီးယားလိဂ် နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု
ဘရိုက်တန် ၁ - ၂ ချဲလ်ဆီး (၅-၁၆-၂၀၂၄)
ချဲလ်ဆီး ၃ - ၂ ဘရိုက်တန် (၃-၁၂-၂၀၂၃)
ချဲလ်ဆီး ၁ - ၂ ဘရိုက်တန် (၁၅-၄-၂၀၂၃)
NP News အကြိုက် ပွဲကြိုသုံးသပ်ချက်
ချဲလ်ဆီး ၂ - ၁ ဘရိုက်တန်
ချဲလ်ဆီး ၂ - ၂ ဘရိုက်တန်
ချဲလ်ဆီးအသင်းက ဒီရာသီအစပိုင်း ပွဲစဉ်တွေမှာ မန်စီးတီးအသင်းကို ရင်ဆိုင်ခဲ့ရတာကလွဲရင် ကျန်တဲ့ ပွဲစဉ်တွေမှာ ချောင်တယ်လို့ ပြောလို့ရနေပြီး ရမှတ်စုဆောင်းနိုင်ရင် ဇယားထိပ်ပိုင်းအထိကို ဖိအား ပေးနိုင်မှာသေချာပါတယ်။ ဒါပေမဲ့ ကွင်းတွင်းစွမ်း ဆောင်ရည်တွေမှာတော့ လိုအပ်ချက်များစွာရှိ နေတာကို မြင်တွေ့ရမှာဖြစ်ပါတယ်။ အဓိက လိုအပ်ချက်ကတော့ ပလိုင်းပေါက်နဲ့ဖားကောက်သလို ဖြစ်နေတဲ့ နောက်တန်းခံစစ်ပြဿနာဖြစ်ပါတယ်။ တိုက်စစ်က ဂိုးတွေ ဘယ်လောက်သွင်းသွင်း နောက် တန်းကသာ စိတ်မချရရင် တောက်လျှောက်ဂိုး တွေပြန်ပေးရဖို့ရှိနေပါတယ်။ ချဲလ်ဆီးအသင်းရဲ့ နောက်တန်းခံစစ်တွေဖြစ်တဲ့ ဖိုဖာနာ၊ ဒီဇာဆီနဲ့ လဘိုင်းကိုးဝဲတို့အတွဲအဖက်က တစ်ပွဲမှစိတ်မချရ တဲ့အပြင် ဘယ်ချိန်ထဖောက်မလဲကိုစာ ကြည့်နေရတဲ့ အနေအထားဖြစ်ပါတယ်။ အထူးသဖြင့် ဖိုဖာနာ၊ ဒီဇာ ဆီတို့ဟာ နောက်တန်းခံစစ်အတွက် ထိုက်တန်တဲ့ ခြေစွမ်းမျိုးရှိမနေတာ သေချာပါတယ်။ နည်းပြအ သစ်မာရက်စကာအနေနဲ့ ဒီပြဿနာကို အမြန်ဆုံး မဖြေရှင်းနိုင်ရင် သူ့ရဲ့ နည်းပြရာထူး အတွက်ပါ မျက်ခုံးလှုပ်နေရဖို့ရှိနေတာဖြစ်ပါတယ်။ တိုက်စစ်နဲ့ကွင်းလယ်ပိုင်းမှာတော့ ကစားသမား ရွေးချယ်စရာများတဲ့ အပြင် ကစားသမားအသစ် ဆန်ချိုရဲ့အရည်အသွေး ပိုင်းက ကောင်းမွန်နေတာ ကြောင့် တိုက်စစ်ပိုင်းမှာ ဂိုးရဖို့ဆို မခက်ခဲတဲ့အနေအထာမျိုးဖြစ်ပါတယ်။ ဘရိုက်တန်အသင်းကတော့ ခြေစွမ်းခြေစရှိတဲ့ အ သင်းဖြစ်ပြီး ချဲလ်ဆီးနဲ့တွေ့တိုင်း ဒုက္ခပေးတတ်တဲ့ အသင်းဖြစ်ပါတယ်။ အသင်း ကြီးတွေအတွက် ဘရိုက် တန်လိုအသင်းက ရင်ဆိုင်ရခက်ခဲသလို နိုင်ပွဲရဖို့ပါ ခက်ခဲတာကြောင့် ချဲလ်ဆီး အသင်းအနေနဲ့ သတိထား ရင်ဆိုင်ရဖို့ရှိနေပါတယ်။ ဒါ့ပြင် အာဆင်နယ်အသင်းကိုပါ သ‌ရေကန်ထားနိုင် တဲ့ ဘရိုက်တန်အသင်းရဲ့ ခြေစွမ်းကိုလည်း အသိအမှတ်ပြုရမှာဖြစ်တာကြောင့် ဒီနှစ်သင်းရဲ့ ပွဲစဉ်ကို ခန့်မှန်းရရင် ချဲလ်ဆီးအသင်း အနေနဲ့ အိမ်ကွင်းမှာ နိုင်ပွဲရဖို့ ရုန်းကန်လာရနိုင်ပြီး ဘရိုက်တန်သရေကျ ဖို့များပါတယ်။ တကယ်လို့ နိုင်ခဲ့မယ်ဆိုရင်တောင် ချဲလ်ဆီးက ခက်ခက်ခဲခဲနဲ့ကို ကျဉ်းမြောင်းတဲ့ ရလဒ်တစ်ခုနဲ့သာ နိုင်သွားနိုင်ပါတယ်။

ဝုဗ် Vs လီဗာပူးလ်
ပရီးမီးယားလိဂ် နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု
လီဗာပူးလ် ၂ - ဝ ဝုဗ် (၁၉-၅-၂၀၂၄)
ဝုဗ် ၁ - ၃ လီဗာပူးလ် (၁၆-၉-၂၀ ၂၃)
လီဗာပူးလ် ၂ - ဝ ဝုဗ် (၂-၃-၂၀၂၃)
NP News အကြိုက် ပွဲကြိုသုံးသပ်ချက်
ဝုဗ် ဝ - ၂ လီဗာပူးလ်
ဝုဗ် ၁ - ၃ လီဗာပူးလ်

လီဗာပူးလ်အသင်းအတွက် ဒီပွဲစဉ်က အ နိုင်(၃)မှတ်ရဖို့သေချာသလောက်ရှိနေပြီး ဝုဗ်အသင်း ကို ခြေစွမ်းပိုင်းရော စွမ်းဆောင်ရည်ပိုင်းမှာပါ အသာ စီးရယူ အနိုင်ကစားသွားဖို့ရှိနေပါတယ်။ လီဗာ ပူးလ်အသင်းက နော်တင်ဖောရက်စ်ကို မထင်မှတ် ဘဲရှုံးနိမ့်ခဲ့အပြီးမှာ နိုင်ပွဲဆက်မှုတွေရပ်တန့်ခဲ့ရပေမယ့် အဲဒီပွဲစဉ်က နိုင်ငံတကာပွဲစဉ်တွေအပြီးမှာ ပြန် ကန်ရတဲ့ ပွဲစဉ်ဖြစ်တာကြောင့် ကစားသမားတွေရဲ့ ပွဲပန်းမှုတွေကြောင့် ရှုံးနိမ့်ခဲ့ဟန်ရှိပါတယ်။ ဒါပေမဲ့ လီဗာပူးလ်တစ်သင်းလုံးကိုကြည့်လိုက်ရင် လိုအပ် ချက်အနေနဲ့ တိုက်စစ်ပိုင်းမှာ ဂျိုတာ၊လူးဝှစ်ဒီယက်နဲ့ ဆာလက်တို့အတွဲက ယာဂင်ကလော့ လက်ထက်က ဆာလက်၊မာနေးနဲ့ ဖာမီနိုတို့အတွဲကို မီဖို့ဆိုရင် အချိန်တစ်ခုတော့ လိုအပ်နေကိုမြင် တွေ့ရပါတယ်။ အထူးသဖြင့် ဂျိုတာနဲ့ဂတ်ပိုတို့က မာနေးနေရာကို အစားထိုးနိုင်ဖို့ လိုအပ်နေတာဖြစ် ပါတယ်။ ဝုဗ် အသင်းကတော့ တန်းဆင်းဇုန်းထဲကိုရောက်ရှိနေတဲ့အပြင် နိုင်ပွဲတွေရဖို့ရုန်းကန် နေရတဲ့အသင်းဖြစ်တာကြောင့် လီဗာပူးလ်အသင်းကပဲ ဂိုးပြတ်နိုင်ပါမယ်။

၂၈ -၉-၂၀၂၄ (စနေနေ့ညပိုင်း)
ည(၆းဝဝ) နယူးကာဆယ် Vs မန်စီးတီး
ည(၈း၃၀) အာဆင်နယ် Vs လက်စတာ
ည(၈း၃၀) ချဲလ်ဆီး Vs ဘရိုက်တန် ည(၁၁းဝဝ) ဝုဗ် Vs လီဗာပူးလ်

၂၉-၉-၂၀၂၄ (တနင်္ဂနွေနေ့ညပိုင်း)
ည(၁၀းဝဝ) မန်ယူ Vs စပါးစ်

zawgyi version
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ္ ပြဲစဥ္(၆) ပြဲႀကိဳသုံးသပ္ခ်က္မ်ား
ရဲထက္ (NP News) - စက္တင္ဘာ ၂၇

၂၀၂၄-၂၀၂၅ ခုႏွစ္ရဲ႕ အဂၤလန္ပရီးမီး ယားလိဂ္ၿပိဳင္ပြဲဟာ ပြဲစဥ္(၆)ကိုေရာက္ရွိလာပါၿပီ။ ပြဲစဥ္(၆) ျဖစ္တာေၾကာင့္လည္း ဇယားထိပ္ပိုင္းက အသင္းႀကီးေတြရဲ႕ ရလဒ္ပိုင္းနဲ႔ ေျခစြမ္းပိုင္းမွာလည္း တျဖည္း ျဖည္း ႐ုပ္လုံးေပၚလာခဲ့ၿပီျဖစ္သလို မထင္မွတ္ထားဘဲ ရႈံးပြဲေတြ႕ခဲ့တဲ့အသင္းႀကီးေတြ ပရီးမီးယား လိဂ္ပြဲ စဥ္(၆)မွာေတာ့ ၿပိဳင္ဆိုင္မႈ ျပင္းထန္တဲ့ပြဲစဥ္ ေတြကို ထပ္မံေစာင့္ၾကည့္သြားရဖို႔ရွိေနတာျဖစ္ပါတယ္။ ဒါ့ျပင္ ဇယားထိပ္ပိုင္းကအသင္းႀကီးေတြျဖစ္တဲ့ မန္စီး တီး၊ လီဗာပူးလ္နဲ႔ အာဆင္နယ္အသင္းတို႔ရဲ႕ ရမွတ္အေနအထားကလည္း အရမ္းႀကီးကြာဟေနတာမ်ိဳးမရွိ တဲ့အျပင္ ထင္မွတ္မထားတဲ့အသင္း ေတြကလည္း ဇယားထိပ္ပိုင္းကို အျပည့္အဝဖိအားေပးႏိုင္မယ့္ ေျခစြမ္းမ်ိဳးေတြျပသေနတာေၾကာင့္ တစ္ခ်က္အမွား လုပ္လိုက္တာနဲ႔ အသင္းႀကီးေတြအေနနဲ႔ ေပးဆပ္မႈႀကီးမားသြားႏိုင္တဲ့ အေနအထားမ်ိဳး လည္းျဖစ္ပါတယ္။ တန္းဆင္းဇုန္ကိုၾကည့္ရင္လည္း လက္ရွိအခ်ိန္အထိ ႏိုင္ပြဲမရေသးတဲ့အသင္းလည္းရွိ ေနတဲ့အျပင္ ဒီႏွစ္မွာ အလယ္အလတ္ေျခစြမ္းရွိတဲ့အသင္းေတြရဲ႕ ေျခစြမ္းပိုင္းက သိသိသာသာက်ဆင္း လာတာကို ျမင္ေတြ႕လာရတာေၾကာင့္ ပရီးမီးယားလိဂ္ၿပိဳင္ပြဲဟာ အရင္လို ၿပိဳင္ဆိုင္မႈအျပင္းထန္ဆုံး ေသာပြဲစဥ္ေတြကို ဒီႏွစ္မွာ ျပန္လည္ခံစားရပါ့မလားဆိုတဲ့ေမးခြန္းေတြလည္း ရွိေနပါတယ္။ ဒီတစ္ပတ္ မွာေတာ့ The Statesman Journal ကေန ပရီးမီးယားလိဂ္အသင္းႀကီး(၅)သင္းရဲ႕ ပြဲစဥ္ (၆)ယွဥ္ၿပိဳင္မႈေတြကို ပြဲႀကိဳသုံးသပ္ခ်က္အေနနဲ႔ တင္ဆက္ေပးမႈကို NP News က ထပ္ဆင့္ေဖာ္ျပေပးလိုက္ပါတယ္။

နယူးကာဆယ္ Vs မန္စီးတီး
ပရီးမီးယားလိဂ္ ေနာက္ဆုံးထိပ္တိုက္ေတြ႕ဆုံမႈ
နယူးကာဆယ္ ၂ - ၃ မန္စီးတီး (၁-၁၄-၂၀၂၄)
မန္စီးတီး ၂ - ဝ နယူးကာဆယ္ (၈-၂၀-၂၀၂၃)
မန္စီးတီး ၄ - ၁ အာဆင္နယ္ (၂၁-၈-၂၀၂၂)
NP News အႀကိဳက္ ပြဲႀကိဳသုံးသပ္ခ်က္
မန္စီးတီး ၂ - ၁ နယူးကာဆယ္
မန္စီးတီး ၃ - ၂ နယူးကာဆယ္

ဒီပြဲစဥ္က မန္စီးတီးအသင္းအတြက္ ေနာက္ထပ္စမ္းသပ္ခံရမယ့္ ပြဲေကာင္းတစ္ပြဲျဖစ္လာ ဦးမွာ ေသခ်ာေနသလို နယူးကာဆယ္အတြက္လည္း မန္စီးတီးကိုသာႏိုင္ခဲ့ရင္ ဇယားထိပ္ပိုင္းကို တက္လွမ္း ႏိုင္ဖို႔ အေျခအေနေကာင္းတစ္ရပ္ကို ဖန္တီးသြားႏိုင္မွာျဖစ္တဲ့အတြက္ ၿပိဳင္ဆိုင္မႈျပင္းထန္မယ့္ ပြဲ ေကာင္းတစ္ပြဲျဖစ္လာဖို႔ရွိေနပါတယ္။

လက္ရွိေျခစြမ္းပိုင္းအရေျပာရရင္ နယူး ကာဆယ္အသင္းက ဒီႏွစ္ပရီးမီးယားလိဂ္မွာ အသင္း ႀကီးတိုင္းကို ေကာင္းေကာင္းႀကီးဒုကၡေပးမယ့္ ဖ်က္ မ်ဥ္းအသင္းလို႔ေျပာလို႔ရေနပါတယ္။ ဒါ့ျပင္ ေျခစြမ္း ပိုင္းမွာလည္း မန္စီးတီးကိုယွဥ္ႏိုင္မယ့္ ကစားသမား ေကာင္းေတြရွိေနတဲ့အျပင္ ကြင္းလယ္နဲ႔ တိုက္စစ္ ပိုင္းက ျမန္ဆန္ၿပီး မထင္မွတ္ထားတဲ့အေနအထားကေန ဂိုးသြင္းယူတတ္တဲ့အသင္းလည္းျဖစ္ပါတယ္။ ေနာက္ထပ္အေနနဲ႔က နယူးကာဆယ္ အသင္းနဲ႔ရင္ဆိုင္ရတိုင္းမွာ ၿပိဳင္ဘက္အသင္းက လူခ် ကစားခံရၿပီး အမွန္အကန္ဖ်က္ထုတ္မႈေတြကို ရင္ဆိုင္ရမွာျဖစ္သလို ၾကမ္းတမ္းတဲ့ ကစားဟန္ကိုပါ ရင္ဆိုင္ရမွာ ေသခ်ာေနပါတယ္။ ေျပာရရင္တစ္သင္းလုံး အတက္အဆင္း မွန္မွန္နဲ႔ ကစားပုံေကာင္းတာ ေၾကာင့္ ႏိုင္ပြဲရယူဖို႔ ခက္ခဲႏိုင္တဲ့ အသင္းျဖစ္ေနတာပါ။

လက္ရွိအခ်ိန္အထိကေတာ့ ဟာလန္းက ဂိုးျမဴးေနသလို အသင္းရဲ႕ အဓိက ကစားသမား မ်ားစြာ ကလည္း ပုံမွန္ေျခစြမ္းရွိေနေသးတာေၾကာင့္ မန္စီးတီးအတြက္ ဒီရာသီမွာ အေကာင္းဆုံးေရွ႕ဆက္သြား ႏိုင္ဦးမယ့္ သေဘာမွာရွိေနပါတယ္။ ဒါေပမဲ့ နယူးကာဆယ္နဲ႔ေတြ႕တာက မန္စီးတီးအသင္းအတြက္ ကံဆိုးမႈ တစ္ခုလည္းျဖစ္သြားႏိုင္ပါတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ နယူးကာဆယ္အသင္းနဲ႔ ေနာက္ဆုံး ေတြ႕ခဲ့တဲ့ ပရီးမီးယားလိဂ္ပြဲစဥ္(၃)ပြဲစလုံးမွာ ဟာလန္းအေနနဲ႔ ဂိုးသြင္းယူႏိုင္ျခင္းမရွိတာျဖစ္ပါတယ္။ ဒါဟာ တိုက္ဆိုင္မႈမဟုတ္ဘဲ အသင္းႀကီးေတြနဲ႔ေတြ႕ရင္ ေျခစြမ္း မျပႏိုင္တဲ့ ဟာလန္းေၾကာင့္ မန္စီးတီး အသင္းအတြက္ အခက္ႀကဳံသြားရႏိုင္တဲ့အေနအထားမ်ိဳးျဖစ္ပါတယ္။ အသင္းသားေတြရဲ႕ အဆုံးအျဖတ္ ဂိုးေတြသာ မရခဲ့ရင္ ဟာလန္းဆီကဂိုးရဖို႔ အမ်ားႀကီး ေမွ်ာ္လင့္လို႔မရတဲ့အေနအထားလည္းျဖစ္ပါတယ္။ ဒါေၾကာင့္ ဒီႏွစ္ အသင္းရဲ႕ ပြဲစဥ္ကို ခန႔္မွန္းရရင္ နယူးကာဆယ္အသင္းက အိမ္ကြင္းအားသာမႈရွိေနတာ ေၾကာင့္ မႏိုင္ရင္ေတာင္ သေရက်တဲ့အထိ ေျခကုန္ထုတ္ကစားလာႏိုင္တာေၾကာင့္ မန္းစီးတီးက အေဝးကြင္းမွာ ႏိုင္ပြဲေပ်ာက္ႏိုင္ၿပီး ကံဆိုးရင္ ရႈံးပြဲေတာင္ ႀကဳံေတြ႕ရႏိုင္ပါတယ္။

မန္ယူ Vs စပါးစ္
ပရီးမီးယားလိဂ္ ေနာက္ဆုံးထိပ္တိုက္ေတြ႕ဆုံမႈ
မန္ယူ ၂ - ၂ စပါးစ္ (၁-၁၄-၂၀၂၄)
စပါးစ္ ၂ - ဝ မန္ယူ (၁၉-၈-၂၀၂၃)
စပါးစ္ ၂ - ၂ မန္ယူ (၂၈-၄-၂၀၂၃)
NP News အႀကိဳက္ ပြဲႀကိဳသုံးသပ္ခ်က္
မန္ယူ ၂ - ၁ စပါးစ္
မန္ယူ ၃ - ၂ စပါးစ္

ဒီႏွစ္သင္းရဲ႕ ထိပ္တိုက္ေတြ႕ဆုံမႈေတြက ပရိသတ္ေတြကို ရသမ်ိဳးစုံေပးစြမ္းႏိုင္မယ့္ ပြဲေကာင္း တစ္ပြဲျဖစ္လာဖို႔ရွိၿပီး ေျခစြမ္းအရ ႏွစ္သင္းလုံးက အ ရမ္းေကာင္းေနတဲ့အေနအထားမ်ိဳးမဟုတ္တာေၾကာင့္လည္း ေျခစြမ္းညီမွ်တဲ့အေနအထားမ်ိဳးျဖစ္ ပါတယ္။ မန္ယူအသင္းကေတာ့ ေျခစြမ္းပိုင္း တက္လာတယ္လို႔ေျပာလို႔ရေနၿပီး ဒီလစ္နဲ႔ မာဇာဝါရီတို႔ ပါဝင္လာခ်ိန္မွာ ေနာက္တန္း တစ္ေနရာက လုံၿခဳံစိတ္ ခ်ထားလို႔ရေနတဲ့အေနအထားမ်ိဳးျဖစ္ေနပါၿပီ။ ဒါေပမဲ့ ဒါးေလာ့ရဲ႕ေျခစြမ္းက တစ္ပြဲထက္တစ္ပြဲအမွားမ်ား လာတာေၾကာင့္ သတိထားဖို႔လိုအပ္ၿပီး ဂိုးသမား အို နာနာသာ ထမေဖာက္ ရင္ စိတ္ခ်လို႔ရေနတဲ့အေနအထားမ်ိဳးျဖစ္ပါတယ္။ ဒါ့ျပင္ ကြင္းလယ္ပိုင္းနဲ႔ တိုက္စစ္ ပိုင္းမွာေတာ့ ေျပာစရာအမ်ားႀကီးမရွိေပမယ့္ ဂိုးရဖို႔ ခက္ခဲေနၿပီး ပုံမွန္ေျခစြမ္းေအာက္ေရာက္ေနတဲ့ မားကပ္ရက္ဖို႔ဒ္ ေၾကာင့္ ဂိုးရဖို႔ခက္ခဲေနတဲ့ အေနအထားမ်ိဳးကိုလည္း ျမင္ေတြ႕လာရႏိုင္ပါတယ္။ မန္ယူအသင္း မွာ အဓိက လိုအပ္ခ်က္အေနနဲ႔ကေတာ့ ကြင္းလယ္ အဖ်က္ကစားသမားျဖစ္ၿပီး ဘ႐ူႏိုဖာနန္ဒက္စ္နဲ႔ ကို ဘီေမႏူးမွာ ေဘာလုံးေပးပို႔မႈပိုင္းေကာင္းေပမယ့္ တစ္ဖက္အသင္းရဲ႕ ေဘာလုံးျဖတ္ေတာက္မႈအပိုင္းမွာေတာ့ အားနည္းတာေတြ႕ရပါတယ္။

စပါးစ္အသင္းကေတာ့ ဒီႏွစ္မွာစြမ္း ေဆာင္ရည္ပိုင္းက ေကာင္းမလိုလိုနဲ႔ ျပန္လည္က် ဆင္းဖို႔ အလားအလာကို ျမင္ေတြ႕ေနရပါတယ္။ အဓိကလိုအပ္ခ်က္အေနနဲ႔ကေတာ့ တိုက္စစ္နဲ႔ ကြင္း လယ္ပိုင္း ျဖစ္ၿပီး သြင္းဂိုးေတြရဖို႔လည္း ႐ုန္းကန္လာရတာကိုေတြ႕ရပါတယ္။ ဆြန္ေဟာင္မင္ ဦး‌ေဆာင္တဲ့ တိုက္စစ္ပိုင္းက လုပ္အားႏႈန္းေကာင္းေပမယ့္ ခ်ိတ္ဆက္မႈနဲ႔ နားလည္မႈအပိုင္းအျပင္ တိုက္စစ္က အဆုံး သတ္ေသခ်ာမႈမရွိတာကိုေတြ႕ရပါတယ္။ ရလဒ္ပိုင္း ကို ခန႔္မွန္းရမယ္ဆိုရင္ေတာ့ မန္ယူအသင္းရဲ႕ အိမ္ ကြင္းမွာ စပါးစ္အသင္းအေနနဲ႔ ႏိုင္ဖို႔လြယ္ကူမွာမဟုတ္တဲ့အျပင္ ေနာက္ဆုံးထိပ္တိုက္ေတြ႕ဆုံမႈေတြမွာ လည္း သေရက်မႈမ်ားတာေၾကာင့္ ဒီတစ္ေခါက္အိမ္ကြင္းမွာ မန္ယူ အသင္းကစပါးစ္ကို (၁)ဂိုး အသာေလာက္နဲ႔ ကပ္ႏိုင္သြားႏိုင္ပါတယ္။

အာဆင္နယ္ Vs လက္စတာစီးတီး
ပရီးမီးယားလိဂ္ ေနာက္ဆုံးထိပ္တိုက္ေတြ႕ဆုံမႈ
လက္စတာ ဝ - ၁အာဆင္နယ္(၂၅-၂-၂၀၂၃)
အာဆင္နယ္၄-၂လက္စတာ (၁၃-၈-၂၀၂၂)
အာဆင္နယ္၂ -ဝ လက္စတာ(၁၃-၃-၂၀၂၂)
NP News အႀကိဳက္ ပြဲႀကိဳသုံးသပ္ခ်က္
အာဆင္နယ္ ၃ - ၁ လက္စတာ
အာဆင္နယ္ ၂ - ဝ လက္စတာ
အာဆင္နယ္အသင္းအတြက္ ဒီပြဲစဥ္က အႏိုင္(၃)မွတ္ရယူဖို႔ အေကာင္းဆုံးပြဲစဥ္ျဖစ္ပါတယ္။ ကြင္းလယ္ပိုင္းမွာ အိုဒီဂတ္ပါမလာတဲ့ အာဆင္နယ္ အသင္းဟာ ၿပီးခဲ့တဲ့ပြဲစဥ္ေတြမွာ ကြင္းလယ္နဲ႔ တိုက္ စစ္ပိုင္းမွာ ခ်ိတ္ဆက္မႈအားနည္းသြားသလို ေဂ်ာ္ဂ်င္ ဟိုနဲ႔ပြဲထြက္လာရမႈက ကြင္းလယ္ပိုင္းမွာ စိုးမိုးမႈမရွိ မႈကို ထင္သာျမင္သာရွိေစပါတယ္။ ဒါေပမဲ့ အာဆင္ နယ္အသင္းဟာ အသင္းႀကီးတစ္သင္းျဖစ္တဲ့အျပင္ နည္းျပ အာတီတာရဲ႕ နည္းစနစ္ပိုင္းနဲ႔ အကြက္ျမင္မႈက အာဆင္နယ္အသင္းအတြက္ သက္သာရာ ရေစမွာပါ။ အိုဒီဂတ္မပါသည့္တိုင္ေအာင္ တိုက္စစ္မွာ ဟာဗက္ဇ္၊ ဆာကာ၊နဲ႔ မာတင္နယ္လီတို႔ရဲ႕ အခ်ိတ္ အဆက္ေတြ အျပင္ ေနာက္တန္းခံစစ္မွာ မာေက်ာက်စ္လ်စ္မႈရွိတဲ့ စလီဘာနဲ႔ ဂါဘရီရယ္တို႔ရဲ႕ အတြဲ အဖက္အျပင္ မႏွစ္ကထက္ ပိုေကာင္းလာတဲ့ ဂိုးသမား ယာယာရဲ႕ လက္စြမ္းေတြေၾကာင့္ အာဆင္နယ္ အသင္းက ဥေရာပ မွာေရာ ပရီးမီးယားလိဂ္မွာပါ တစ္ခုခုလုပ္ျပႏိုင္မွာ ေသခ်ာပါတယ္။ လက္စတာစီးတီး အသင္းကေတာ့ ဒီ ႏွစ္မွာမွ တန္းျပန္တက္လာတဲ့အသင္းျဖစ္ၿပီး နည္းျပကလည္း အသစ္ျဖစ္တာေၾကာင့္ မလြယ္ကူတဲ့ အေနအထားမွာရွိေနၿပီး ေျခစြမ္းပိုင္းမွာလည္း ထင္သေလာက္ မေကာင္းတာကိုေတြ႕ရ ပါတယ္။ ႏိုင္ပြဲရဖို႔ ႐ုန္းကန္ေနရတဲ့အျပင္ သြင္းဂိုးေတြရဖို႔လည္း ႐ုန္း ကန္ေနရတဲ့အသင္းျဖစ္ၿပီး ဒီတိုင္း သာဆက္သြားရင္ လာမယ့္ရာသီမွာ တန္းျပန္ဆင္းဖို႔အေျခအေနေတြရွိေနတဲ့ အသင္းျဖစ္ပါတယ္။ အာဆင္နယ္နဲ႔ ထိပ္တိုက္ ေတြ႕ဆုံမႈကလည္း လက္စတာစီးတီးအသင္းအတြက္ ခက္ခဲလာဖို႔ရွိေနသလို ႏိုင္ပြဲရဖို႔လည္း မလြယ္ကူတာေၾကာင့္ ဒီပြဲစဥ္က အာဆင္နယ္ပဲအႏိုင္ရဖို႔မ်ားၿပီး အနည္းဆုံး(၂)ဂိုး ေလာက္ အသာနဲ႔ႏိုင္ပါမယ္။

ခ်ဲလ္ဆီး Vs ဘ႐ိုက္တန္
ပရီးမီးယားလိဂ္ ေနာက္ဆုံးထိပ္တိုက္ေတြ႕ဆုံမႈ
ဘ႐ိုက္တန္ ၁ - ၂ ခ်ဲလ္ဆီး (၅-၁၆-၂၀၂၄)
ခ်ဲလ္ဆီး ၃ - ၂ ဘ႐ိုက္တန္ (၃-၁၂-၂၀၂၃)
ခ်ဲလ္ဆီး ၁ - ၂ ဘ႐ိုက္တန္ (၁၅-၄-၂၀၂၃)
NP News အႀကိဳက္ ပြဲႀကိဳသုံးသပ္ခ်က္
ခ်ဲလ္ဆီး ၂ - ၁ ဘ႐ိုက္တန္
ခ်ဲလ္ဆီး ၂ - ၂ ဘ႐ိုက္တန္
ခ်ဲလ္ဆီးအသင္းက ဒီရာသီအစပိုင္း ပြဲစဥ္ေတြမွာ မန္စီးတီးအသင္းကို ရင္ဆိုင္ခဲ့ရတာကလြဲရင္ က်န္တဲ့ ပြဲစဥ္ေတြမွာ ေခ်ာင္တယ္လို႔ ေျပာလို႔ရေနၿပီး ရမွတ္စုေဆာင္းႏိုင္ရင္ ဇယားထိပ္ပိုင္းအထိကို ဖိအား ေပးႏိုင္မွာေသခ်ာပါတယ္။ ဒါေပမဲ့ ကြင္းတြင္းစြမ္း ေဆာင္ရည္ေတြမွာေတာ့ လိုအပ္ခ်က္မ်ားစြာရွိ ေနတာကို ျမင္ေတြ႕ရမွာျဖစ္ပါတယ္။ အဓိက လိုအပ္ခ်က္ကေတာ့ ပလိုင္းေပါက္နဲ႔ဖားေကာက္သလို ျဖစ္ေနတဲ့ ေနာက္တန္းခံစစ္ျပႆနာျဖစ္ပါတယ္။ တိုက္စစ္က ဂိုးေတြ ဘယ္ေလာက္သြင္းသြင္း ေနာက္ တန္းကသာ စိတ္မခ်ရရင္ ေတာက္ေလွ်ာက္ဂိုး ေတြျပန္ေပးရဖို႔ရွိေနပါတယ္။ ခ်ဲလ္ဆီးအသင္းရဲ႕ ေနာက္တန္းခံစစ္ေတြျဖစ္တဲ့ ဖိုဖာနာ၊ ဒီဇာဆီနဲ႔ လဘိုင္းကိုးဝဲတို႔အတြဲအဖက္က တစ္ပြဲမွစိတ္မခ်ရ တဲ့အျပင္ ဘယ္ခ်ိန္ထေဖာက္မလဲကိုစာ ၾကည့္ေနရတဲ့ အေနအထားျဖစ္ပါတယ္။ အထူးသျဖင့္ ဖိုဖာနာ၊ ဒီဇာ ဆီတို႔ဟာ ေနာက္တန္းခံစစ္အတြက္ ထိုက္တန္တဲ့ ေျခစြမ္းမ်ိဳးရွိမေနတာ ေသခ်ာပါတယ္။ နည္းျပအ သစ္မာရက္စကာအေနနဲ႔ ဒီျပႆနာကို အျမန္ဆုံး မေျဖရွင္းႏိုင္ရင္ သူ႔ရဲ႕ နည္းျပရာထူး အတြက္ပါ မ်က္ခုံးလႈပ္ေနရဖို႔ရွိေနတာျဖစ္ပါတယ္။ တိုက္စစ္နဲ႔ကြင္းလယ္ပိုင္းမွာေတာ့ ကစားသမား ေ႐ြးခ်ယ္စရာမ်ားတဲ့ အျပင္ ကစားသမားအသစ္ ဆန္ခ်ိဳရဲ႕အရည္အေသြး ပိုင္းက ေကာင္းမြန္ေနတာ ေၾကာင့္ တိုက္စစ္ပိုင္းမွာ ဂိုးရဖို႔ဆို မခက္ခဲတဲ့အေနအထာမ်ိဳးျဖစ္ပါတယ္။ ဘ႐ိုက္တန္အသင္းကေတာ့ ေျခစြမ္းေျခစရွိတဲ့ အ သင္းျဖစ္ၿပီး ခ်ဲလ္ဆီးနဲ႔ေတြ႕တိုင္း ဒုကၡေပးတတ္တဲ့ အသင္းျဖစ္ပါတယ္။ အသင္း ႀကီးေတြအတြက္ ဘ႐ိုက္ တန္လိုအသင္းက ရင္ဆိုင္ရခက္ခဲသလို ႏိုင္ပြဲရဖို႔ပါ ခက္ခဲတာေၾကာင့္ ခ်ဲလ္ဆီး အသင္းအေနနဲ႔ သတိထား ရင္ဆိုင္ရဖို႔ရွိေနပါတယ္။ ဒါ့ျပင္ အာဆင္နယ္အသင္းကိုပါ သ‌ေရကန္ထားႏိုင္ တဲ့ ဘ႐ိုက္တန္အသင္းရဲ႕ ေျခစြမ္းကိုလည္း အသိအမွတ္ျပဳရမွာျဖစ္တာေၾကာင့္ ဒီႏွစ္သင္းရဲ႕ ပြဲစဥ္ကို ခန႔္မွန္းရရင္ ခ်ဲလ္ဆီးအသင္း အေနနဲ႔ အိမ္ကြင္းမွာ ႏိုင္ပြဲရဖို႔ ႐ုန္းကန္လာရႏိုင္ၿပီး ဘ႐ိုက္တန္သေရက် ဖို႔မ်ားပါတယ္။ တကယ္လို႔ ႏိုင္ခဲ့မယ္ဆိုရင္ေတာင္ ခ်ဲလ္ဆီးက ခက္ခက္ခဲခဲနဲ႔ကို က်ဥ္းေျမာင္းတဲ့ ရလဒ္တစ္ခုနဲ႔သာ ႏိုင္သြားႏိုင္ပါတယ္။

ဝုဗ္ Vs လီဗာပူးလ္
ပရီးမီးယားလိဂ္ ေနာက္ဆုံးထိပ္တိုက္ေတြ႕ဆုံမႈ
လီဗာပူးလ္ ၂ - ဝ ဝုဗ္ (၁၉-၅-၂၀၂၄)
ဝုဗ္ ၁ - ၃ လီဗာပူးလ္ (၁၆-၉-၂၀ ၂၃)
လီဗာပူးလ္ ၂ - ဝ ဝုဗ္ (၂-၃-၂၀၂၃)
NP News အႀကိဳက္ ပြဲႀကိဳသုံးသပ္ခ်က္
ဝုဗ္ ဝ - ၂ လီဗာပူးလ္
ဝုဗ္ ၁ - ၃ လီဗာပူးလ္

လီဗာပူးလ္အသင္းအတြက္ ဒီပြဲစဥ္က အ ႏိုင္(၃)မွတ္ရဖို႔ေသခ်ာသေလာက္ရွိေနၿပီး ဝုဗ္အသင္း ကို ေျခစြမ္းပိုင္းေရာ စြမ္းေဆာင္ရည္ပိုင္းမွာပါ အသာ စီးရယူ အႏိုင္ကစားသြားဖို႔ရွိေနပါတယ္။ လီဗာ ပူးလ္အသင္းက ေနာ္တင္ေဖာရက္စ္ကို မထင္မွတ္ ဘဲရႈံးနိမ့္ခဲ့အၿပီးမွာ ႏိုင္ပြဲဆက္မႈေတြရပ္တန႔္ခဲ့ရေပမယ့္ အဲဒီပြဲစဥ္က ႏိုင္ငံတကာပြဲစဥ္ေတြအၿပီးမွာ ျပန္ ကန္ရတဲ့ ပြဲစဥ္ျဖစ္တာေၾကာင့္ ကစားသမားေတြရဲ႕ ပြဲပန္းမႈေတြေၾကာင့္ ရႈံးနိမ့္ခဲ့ဟန္ရွိပါတယ္။ ဒါေပမဲ့ လီဗာပူးလ္တစ္သင္းလုံးကိုၾကည့္လိုက္ရင္ လိုအပ္ ခ်က္အေနနဲ႔ တိုက္စစ္ပိုင္းမွာ ဂ်ိဳတာ၊လူးဝွစ္ဒီယက္နဲ႔ ဆာလက္တို႔အတြဲက ယာဂင္ကေလာ့ လက္ထက္က ဆာလက္၊မာေနးနဲ႔ ဖာမီႏိုတို႔အတြဲကို မီဖို႔ဆိုရင္ အခ်ိန္တစ္ခုေတာ့ လိုအပ္ေနကိုျမင္ ေတြ႕ရပါတယ္။ အထူးသျဖင့္ ဂ်ိဳတာနဲ႔ဂတ္ပိုတို႔က မာေနးေနရာကို အစားထိုးႏိုင္ဖို႔ လိုအပ္ေနတာျဖစ္ ပါတယ္။ ဝုဗ္ အသင္းကေတာ့ တန္းဆင္းဇုန္းထဲကိုေရာက္ရွိေနတဲ့အျပင္ ႏိုင္ပြဲေတြရဖို႔႐ုန္းကန္ ေနရတဲ့အသင္းျဖစ္တာေၾကာင့္ လီဗာပူးလ္အသင္းကပဲ ဂိုးျပတ္ႏိုင္ပါမယ္။

၂၈ -၉-၂၀၂၄ (စေနေန႔ညပိုင္း)
ည(၆းဝဝ) နယူးကာဆယ္ Vs မန္စီးတီး
ည(၈း၃၀) အာဆင္နယ္ Vs လက္စတာ
ည(၈း၃၀) ခ်ဲလ္ဆီး Vs ဘ႐ိုက္တန္ ည(၁၁းဝဝ) ဝုဗ္ Vs လီဗာပူးလ္

၂၉-၉-၂၀၂၄ (တနဂၤေႏြေန႔ညပိုင္း)
ည(၁၀းဝဝ) မန္ယူ Vs စပါးစ္

Related news

© 2021. All rights reserved.