ထိုင်းအစွန်းရောက်လူနည်းစုက ကိုယ်ပိုင်စီးပွားရေးလုပ်ကိုင်နေကြသော ရွှေ့ပြောင်းလုပ်သားများကို ပစ်မှတ်ထားစီးပွားရေးပိတ်ပင်ရန် ကြိုးပမ်းလာခြင်းကြောင့် မြန်မာများ သတိထားနေထိုင်ရန် လိုအပ်လာ

 446

ယွန်း (NP News) - အောက်တိုဘာ ၂

ထိုင်းနိုင်ငံရှိ ကိုယ်ပိုင်စီးပွားရေးလုပ်ကိုင်နေကြသော ရွှေ့ပြောင်းလုပ် သားများကိုပစ်မှတ်ထား ကာ စီးပွားရေးပိတ်ပင်ရန် ကြိုးပမ်းလာခြင်းကြောင့် သတိထားနေထိုင်ရန် လိုအပ်လာကြောင်း ထိုင်းနိုင်ငံ ရောက် မြန်မာလုပ်သားအရေး ဆောင်ရွက်သူတစ်ဦးက NP News ကို ပြောသည်။

ပြီးခဲ့သည့်ရက်ပိုင်းက ထိုင်းနိုင်ငံရှိ အဖွဲ့အစည်းအချို့မှ ထိုင်းအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ရွှေ့ပြောင်းအလုပ်သမားကိစ္စရပ်များနှင့် ပတ်သက်သည့် အချက်(၈)ချက်ကို တောင်းဆိုစာပေးပို့မှုများရှိခဲ့ သည်။
ထို့ပြင် စက်တင်ဘာ(၂၃)ရက်ကလည်း အဆိုပါ တောင်းဆိုချက်(၈) ချက်နှင့်ပတ်သက်၍ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးရှေ့တွင် ထိုင်းနိုင်ငံသားအချို့ ဆန္ဒပြမှုများလည်း ဖြစ်ပွားခဲ့ကြောင်းသိရသည်။

“ ဆန္ဒပြတယ်ဆိုတာကတော့ သူတို့တောင်းဆိုတဲ့ အချက်(၈)ချက်နဲ့ပတ်သက်ပြီး ဆန္ဒပြတာပေါ့။ ပြီးရင် ထိုင်းမှာ မြန်မာနိုင်ငံသားတွေ ဥပဒေမဲ့လုပ်တဲ့အတွက် အဲဒါတွေကို သွားပြောကြတာ။ နစကသံရုံး ဘက်ကနေ ဒါတွေကို ကြပ်မတ်ပေးဖို့၊ တရားမဝင် အလုပ်သမားတွေ အလုံးအရင်းနဲ့ဝင်လာတာတွေ၊ ဥပဒေမဲ့ ဆောင်ရွက်နေတာတွေကို တောင်းဆိုဆန္ဒပြကြတာပါ” ဟု အထက်ပါ ထိုင်းနိုင်ငံရောက် မြန်မာ လုပ်သားအရေးဆောင်ရွက်သူကဆိုသည်။ ထိုသို့ ဆောင်ရွက်သူများမှာ ထိုင်းနိုင်ငံရှိ အစွန်းရောက် လူ နည်းစုမှဖြစ်ပြီး အဓိကအားဖြင့် ကိုယ်ပိုင်စီးပွားရေးလုပ်ကိုင်နေသည့် ‌ရွှေ့ပြောင်းအလုပ်သမားများကို ပစ်မှတ်ထားခြင်းဖြစ်ကြောင်း သိရသည်။

“ ဒီဖြစ်စဉ်အပေါ်မှာလည်း စာနာတဲ့ထိုင်းနိုင်ငံသားတွေရှိပါတယ်။ အကုန်လုံးမဟုတ်ပါဘူး။ အစွန်းရောက်တဲ့လူနည်းစုကပဲ ဒီလိုတွေလုပ်နေကြတာ။ ပစ်မှတ်ထားကြတာကတော့ ကိုယ်ပိုင်စီးပွား ရေးလုပ်နေတဲ့သူတွေကိုပစ်မှတ်ထားကြတာ။ အဓိကက သူတို့ ဖြစ်စေချင်တာက ဥပဒေမဲ့ မြန်မာ ရွှေ့ပြောင်း အလုပ်သမားတွေ လုပ်ကိုင်ခွင့်မရှိတဲ့အလုပ်တွေကို လုပ်ကိုင်နေတဲ့သူတွေ၊ ထိုင်းအလုပ်တွေ ကိုလုယူနေတဲ့ မြန်မာနိုင်ငံသားတွေကိုထိန်းသိမ်းပေးဖို့၊ ကြပ်မတ်ပေးဖို့နဲ့ ဥပဒေဘောင်ထဲကို ရောက် အောင်လုပ်ပေးဖို့ ဖြစ်စေချင်တာပေါ့။ ပြီးရင် တောင်းဆိုတာတွေရှိတာပေါ့။ ရွှေ့ပြောင်းအလုပ်သမား တွေကို ကလေးမွေးခွင့် မရှိဖို့တွေတောင်းဆိုကြတယ်။ စာသင်တဲ့ကိစ္စတွေလည်း ပါတယ်။ အဲဒါတွေကို ထိန်းသိမ်းပေးဖို့ပါတယ်။ အစွန်းရောက်တဲ့သူတွေကတော့ အဆိုးမြင်နေကြတာပေါ့” ဟု ၎င်းက ဆက်လက်ပြောသည်။

ထိုင်းနိုင်ငံရှိ စက်ရုံ၊ အလုပ်ရုံများတွင် တရားဝင်လုပ်ကိုင်နေသည့် ‌ရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် ထိုင်းနိုင်ငံသားများ၏ တောင်းဆိုချက်များကြောင့်မည်သည့်ပြောင်းလဲမှုမျိုးမှမရှိနိုင်ကြောင်း သိရသည်။

သို့သော် လက်ရှိအချိန်တွင် ဖြစ်ပွားနေသည့် ဖြစ်စဉ်များကြောင့် ကိုယ်ပိုင်အလုပ်လုပ်ကိုင်နေသူ များ၊ အလုပ်ရှင်၊ အလုပ်သမား မှားယွင်းနေသူများနှင့် အထောက်အထားမပြည့်စုံသည့် တရားမဝင်ရွှေ့‌ ပြောင်း အလုပ်သမားများအနေဖြင့် ဂရုစိုက်နေထိုင်ရန် လိုအပ်ပြီး ဥပဒေလမ်းကြောင်းအတိုင်းသာ နေထိုင်ရန် ၎င်းကအကြံပြုထားသည်။

“ ဥပဒေလမ်းကြောင်းအတိုင်းသွားရင် ဘာမှမဖြစ်ဘူး။ ဥပဒေလမ်းကြောင်းအတိုင်းမသွားဘဲနဲ့ ဆေးမြီးတိုနည်းတွေနဲ့လုပ်နေလို့ ဒီလိုပြဿနာတွေက ဖြစ်နေတာ။ လမ်းဘေးဈေးသည်ဆိုတာ ဈေးဆိုင် ဖွင့်ပြီး ရောင်းတဲ့သူတွေကို ပြောတာမဟုတ်ဘူး။ လမ်းဘေးမှာ တွန်းလှည်းလေးတွေနဲ့ ဆိုင်တွေခင်းပြီး ရောင်းနေတဲ့ ထိုင်းနိုင်ငံသားတွေကိုပြောတာ။ အဲဒါတွေကို ထိုင်းနိုင်ငံသားတွေကိုပဲခွင့်ပြုမှာ။ ဒါပေမဲ့ အဲဒီလိုမျိုး လုပ်တဲ့အလုပ်တွေကို မြန်မာနိုင်ငံသားတွေကို လုံးဝရောင်းခွင့်မပေးဘူးလို့ဆိုလိုတာ။ ဆိုင် ကြီးတွေ ဖွင့်ပြီးရောင်းတဲ့ဈေးဆိုင်တွေတော့မဟုတ်ဘူး။ တချို့အလုပ်ရှင်တွေက ဥပဒေကို နားမလည် တော့ အထောက်အထားရှိရင်ပြီးရောဆိုပြီး ခေါ်ခိုင်းကြတယ်။ ဌာနဆိုင်ရာက ဝင်စစ်တော့ အလုပ်ရှင် ကတခြား အလုပ်ကတခြားဆိုတော့ အရေးယူ ခံရတာပေါ့။ အဓိကပြဿနာက အဲဒါဖြစ်နေတာ” ဟု အထက်ပါအလုပ်သမားအရေးဆောင်ရွက်သူက ဆိုသည်။

ထို့ပြင် ထိုင်းနိုင်ငံ၌ တရားမဝင်နေထိုင်သူများကို ဖမ်းဆီးသည့်ရက်ပေါင်း(၁၂၀)စီမံချက်ကြောင့် ဖမ်းဆီးခံရမှုအရေအတွက် မြင့်မားလျက်ရှိပြီး ရက်ပေါင်း(၈၀)ကျော်အတွင်း တရားမဝင် မြန်မာလုပ်သားဦးရေ(၂)သိန်းနီးပါး ဖမ်းဆီးခံထားရကြောင်း သိရသည်။

zawgyi version
ထိုင္းအစြန္းေရာက္လူနည္းစုက ကိုယ္ပိုင္စီးပြားေရးလုပ္ကိုင္ေနၾကေသာ ေ႐ႊ႕ေျပာင္းလုပ္သားမ်ားကို ပစ္မွတ္ထားစီးပြားေရးပိတ္ပင္ရန္ ႀကိဳးပမ္းလာျခင္းေၾကာင့္ ျမန္မာမ်ား သတိထားေနထိုင္ရန္ လိုအပ္လာ
ယြန္း (NP News) - ေအာက္တိုဘာ ၂

ထိုင္းႏိုင္ငံရွိ ကိုယ္ပိုင္စီးပြားေရးလုပ္ကိုင္ေနၾကေသာ ေ႐ႊ႕ေျပာင္းလုပ္ သားမ်ားကိုပစ္မွတ္ထား ကာ စီးပြားေရးပိတ္ပင္ရန္ ႀကိဳးပမ္းလာျခင္းေၾကာင့္ သတိထားေနထိုင္ရန္ လိုအပ္လာေၾကာင္း ထိုင္းႏိုင္ငံ ေရာက္ ျမန္မာလုပ္သားအေရး ေဆာင္႐ြက္သူတစ္ဦးက NP News ကို ေျပာသည္။

ၿပီးခဲ့သည့္ရက္ပိုင္းက ထိုင္းႏိုင္ငံရွိ အဖြဲ႕အစည္းအခ်ိဳ႕မွ ထိုင္းအစိုးရ၊ ႏိုင္ငံျခားေရးဝန္ႀကီးဌာနသို႔ ေ႐ႊ႕ေျပာင္းအလုပ္သမားကိစၥရပ္မ်ားႏွင့္ ပတ္သက္သည့္ အခ်က္(၈)ခ်က္ကို ေတာင္းဆိုစာေပးပို႔မႈမ်ားရွိခဲ့ သည္။
ထို႔ျပင္ စက္တင္ဘာ(၂၃)ရက္ကလည္း အဆိုပါ ေတာင္းဆိုခ်က္(၈) ခ်က္ႏွင့္ပတ္သက္၍ ထိုင္းႏိုင္ငံ ဘန္ေကာက္ၿမိဳ႕ရွိ ျမန္မာသံ႐ုံးေရွ႕တြင္ ထိုင္းႏိုင္ငံသားအခ်ိဳ႕ ဆႏၵျပမႈမ်ားလည္း ျဖစ္ပြားခဲ့ေၾကာင္းသိရသည္။

“ ဆႏၵျပတယ္ဆိုတာကေတာ့ သူတို႔ေတာင္းဆိုတဲ့ အခ်က္(၈)ခ်က္နဲ႔ပတ္သက္ၿပီး ဆႏၵျပတာေပါ့။ ၿပီးရင္ ထိုင္းမွာ ျမန္မာႏိုင္ငံသားေတြ ဥပေဒမဲ့လုပ္တဲ့အတြက္ အဲဒါေတြကို သြားေျပာၾကတာ။ နစကသံ႐ုံး ဘက္ကေန ဒါေတြကို ၾကပ္မတ္ေပးဖို႔၊ တရားမဝင္ အလုပ္သမားေတြ အလုံးအရင္းနဲ႔ဝင္လာတာေတြ၊ ဥပေဒမဲ့ ေဆာင္႐ြက္ေနတာေတြကို ေတာင္းဆိုဆႏၵျပၾကတာပါ” ဟု အထက္ပါ ထိုင္းႏိုင္ငံေရာက္ ျမန္မာ လုပ္သားအေရးေဆာင္႐ြက္သူကဆိုသည္။ ထိုသို႔ ေဆာင္႐ြက္သူမ်ားမွာ ထိုင္းႏိုင္ငံရွိ အစြန္းေရာက္ လူ နည္းစုမွျဖစ္ၿပီး အဓိကအားျဖင့္ ကိုယ္ပိုင္စီးပြားေရးလုပ္ကိုင္ေနသည့္ ‌ေ႐ႊ႕ေျပာင္းအလုပ္သမားမ်ားကို ပစ္မွတ္ထားျခင္းျဖစ္ေၾကာင္း သိရသည္။

“ ဒီျဖစ္စဥ္အေပၚမွာလည္း စာနာတဲ့ထိုင္းႏိုင္ငံသားေတြရွိပါတယ္။ အကုန္လုံးမဟုတ္ပါဘူး။ အစြန္းေရာက္တဲ့လူနည္းစုကပဲ ဒီလိုေတြလုပ္ေနၾကတာ။ ပစ္မွတ္ထားၾကတာကေတာ့ ကိုယ္ပိုင္စီးပြား ေရးလုပ္ေနတဲ့သူေတြကိုပစ္မွတ္ထားၾကတာ။ အဓိကက သူတို႔ ျဖစ္ေစခ်င္တာက ဥပေဒမဲ့ ျမန္မာ ေ႐ႊ႕ေျပာင္း အလုပ္သမားေတြ လုပ္ကိုင္ခြင့္မရွိတဲ့အလုပ္ေတြကို လုပ္ကိုင္ေနတဲ့သူေတြ၊ ထိုင္းအလုပ္ေတြ ကိုလုယူေနတဲ့ ျမန္မာႏိုင္ငံသားေတြကိုထိန္းသိမ္းေပးဖို႔၊ ၾကပ္မတ္ေပးဖို႔နဲ႔ ဥပေဒေဘာင္ထဲကို ေရာက္ ေအာင္လုပ္ေပးဖို႔ ျဖစ္ေစခ်င္တာေပါ့။ ၿပီးရင္ ေတာင္းဆိုတာေတြရွိတာေပါ့။ ေ႐ႊ႕ေျပာင္းအလုပ္သမား ေတြကို ကေလးေမြးခြင့္ မရွိဖို႔ေတြေတာင္းဆိုၾကတယ္။ စာသင္တဲ့ကိစၥေတြလည္း ပါတယ္။ အဲဒါေတြကို ထိန္းသိမ္းေပးဖို႔ပါတယ္။ အစြန္းေရာက္တဲ့သူေတြကေတာ့ အဆိုးျမင္ေနၾကတာေပါ့” ဟု ၎က ဆက္လက္ေျပာသည္။

ထိုင္းႏိုင္ငံရွိ စက္႐ုံ၊ အလုပ္႐ုံမ်ားတြင္ တရားဝင္လုပ္ကိုင္ေနသည့္ ‌ေ႐ႊ႕ေျပာင္းအလုပ္သမားမ်ားအေနျဖင့္ ထိုင္းႏိုင္ငံသားမ်ား၏ ေတာင္းဆိုခ်က္မ်ားေၾကာင့္မည္သည့္ေျပာင္းလဲမႈမ်ိဳးမွမရွိႏိုင္ေၾကာင္း သိရသည္။

သို႔ေသာ္ လက္ရွိအခ်ိန္တြင္ ျဖစ္ပြားေနသည့္ ျဖစ္စဥ္မ်ားေၾကာင့္ ကိုယ္ပိုင္အလုပ္လုပ္ကိုင္ေနသူ မ်ား၊ အလုပ္ရွင္၊ အလုပ္သမား မွားယြင္းေနသူမ်ားႏွင့္ အေထာက္အထားမျပည့္စုံသည့္ တရားမဝင္ေ႐ႊ႕‌ ေျပာင္း အလုပ္သမားမ်ားအေနျဖင့္ ဂ႐ုစိုက္ေနထိုင္ရန္ လိုအပ္ၿပီး ဥပေဒလမ္းေၾကာင္းအတိုင္းသာ ေနထိုင္ရန္ ၎ကအႀကံျပဳထားသည္။

“ ဥပေဒလမ္းေၾကာင္းအတိုင္းသြားရင္ ဘာမွမျဖစ္ဘူး။ ဥပေဒလမ္းေၾကာင္းအတိုင္းမသြားဘဲနဲ႔ ေဆးၿမီးတိုနည္းေတြနဲ႔လုပ္ေနလို႔ ဒီလိုျပႆနာေတြက ျဖစ္ေနတာ။ လမ္းေဘးေဈးသည္ဆိုတာ ေဈးဆိုင္ ဖြင့္ၿပီး ေရာင္းတဲ့သူေတြကို ေျပာတာမဟုတ္ဘူး။ လမ္းေဘးမွာ တြန္းလွည္းေလးေတြနဲ႔ ဆိုင္ေတြခင္းၿပီး ေရာင္းေနတဲ့ ထိုင္းႏိုင္ငံသားေတြကိုေျပာတာ။ အဲဒါေတြကို ထိုင္းႏိုင္ငံသားေတြကိုပဲခြင့္ျပဳမွာ။ ဒါေပမဲ့ အဲဒီလိုမ်ိဳး လုပ္တဲ့အလုပ္ေတြကို ျမန္မာႏိုင္ငံသားေတြကို လုံးဝေရာင္းခြင့္မေပးဘူးလို႔ဆိုလိုတာ။ ဆိုင္ ႀကီးေတြ ဖြင့္ၿပီးေရာင္းတဲ့ေဈးဆိုင္ေတြေတာ့မဟုတ္ဘူး။ တခ်ိဳ႕အလုပ္ရွင္ေတြက ဥပေဒကို နားမလည္ ေတာ့ အေထာက္အထားရွိရင္ၿပီးေရာဆိုၿပီး ေခၚခိုင္းၾကတယ္။ ဌာနဆိုင္ရာက ဝင္စစ္ေတာ့ အလုပ္ရွင္ ကတျခား အလုပ္ကတျခားဆိုေတာ့ အေရးယူ ခံရတာေပါ့။ အဓိကျပႆနာက အဲဒါျဖစ္ေနတာ” ဟု အထက္ပါအလုပ္သမားအေရးေဆာင္႐ြက္သူက ဆိုသည္။

ထို႔ျပင္ ထိုင္းႏိုင္ငံ၌ တရားမဝင္ေနထိုင္သူမ်ားကို ဖမ္းဆီးသည့္ရက္ေပါင္း(၁၂၀)စီမံခ်က္ေၾကာင့္ ဖမ္းဆီးခံရမႈအေရအတြက္ ျမင့္မားလ်က္ရွိၿပီး ရက္ေပါင္း(၈၀)ေက်ာ္အတြင္း တရားမဝင္ ျမန္မာလုပ္သားဦးေရ(၂)သိန္းနီးပါး ဖမ္းဆီးခံထားရေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.