နိုင်ငံကူးလက်မှတ်နှင့်ပတ်သက်၍ လူမှုကွန်ယက်စာမျက်နှာများထက်တွင် ပုံစံမျိုးစုံဖြင့် လိမ်လည်နေသူများကို ဖော်ထုတ်အရေးယူရန်လို

 1706

သန့်ဇင် (NP News) - အောက်တိုဘာ ၃

နိုင်ငံကူးလက်မှတ်နှင့်ပတ်သက်၍ လူမှုကွန်ယက်စာမျက်နှာများထက်တွင် ပုံစံမျိုးစုံဖြင့် လိမ်လည်နေသူများကို ဖော်ထုတ်အရေးယူရန်လိုကြောင်းအငြိမ်းစားရဲမှူးကြီးတစ်ဦးက NP News မှတစ်ဆင့် အကြံပြုပြောကြား သည်။

မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့အနေဖြင့် ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ ပုသိမ်၊ နေပြည်တော်အပါအဝင် မြို့နယ်(၁၁)ခုတို့တွင် နိုင်ငံကူးလက် မှတ်လျှောက်ထားမှုများကို Online Booking တင်၍ QR Code စနစ်ဖြင့် နိုင်ငံကူးလက်မှတ်များကို ပုံမှန်လုပ်ငန်းစဉ်အတိုင်း စိစစ်ထုတ်ပေးနေလျက်ရှိကြောင်း သိရသည်။ သို့သော် လိမ်လည်သူများက နိုင်ငံကူးလက်မှတ်အမြန်ရလိုသူများကို ပစ်မှတ်ထား၍ လူမှုကွန်ယက်စာမျက်နှာများဖြစ်သည့် Facebook၊ Instargam နှင့် Tik Tok စသည်တို့တွင် Page အတုများ၊ Group အတုများတွင် လိမ်လည်မှုများကိုလုပ်ဆောင်လျက်ရှိနေပြီး ၎င်းတို့အား ထိထိရောက်ရောက်အရေးယူရန်လိုကြောင်း အငြိမ်းစားရဲမှူးကြီး တစ်ဦးက အကြံပြုထားသည်။

“မကြာကြာတွေ့ရတာပေါ့ Tik Tok မှာလည်းပြောတယ်။ Youtube မှာလည်းပြောတယ်။ Facebook မှာလည်းပေါ်တင်ကြီးတွေ ပတ်စ်ပို့ပုံကြီးတွေ တင်ပြီး ဘယ်နှရက်အတွင်းလျှောက်ပေးမယ် ဘာညာပေါ့လေ။ ဒါနဲ့ပတ် သက်လို့ကတော့ ပြောရရင်တော့ အခုလိုလုပ်နေတာက သက်ဆိုင်ရာ တားဆီးနှိမ်နင်းရေးအဖွဲ့တွေကို စိန်ခေါ်နေသလိုဖြစ်နေတယ်။ ဒါကို မဖြစ်မနေအရေးယူသင့်တယ် အရေးယူမှုအပိုင်းမှာတော့ အရေးယူနိုင်တဲ့ အရည် အသွေးလိုတယ်။ နည်းပညာလိုမယ်။ အဲဒီအဖွဲ့အစည်းရဲ့ လုပ်ချင်ကိုင်ချင်စိတ်နဲ့ လိုက်နိုင်ကိုင်နိုင်မှု အဲဒါလိုတယ်”ဟု ၎င်းကဆိုသည်။

လက်ရှိတွင် ပြည်ပထွက်ခွာအလုပ်လုပ်ခွင့် နိုင်ငံကူးလက်မှတ် PJ (Passport for Job) မှ အလည်အပတ်နိုင်ငံကူးလက်မှတ် PV (Passport for Visit) ပြောင်းလဲလျှောက်ထားမှုကို ယာယီ ပိတ်သိမ်းထားသော်လည်း ပြည်ပထွက်ခွာလိုသူများအနေဖြင့် လူမှုကွန်ရက် စာမျက်နှာများရှိ အကောင့်တုများသို့ ဆက်သွယ်ကာ ပြောင်းလဲလျှောက်ထားရာမှတစ်ဆင့်လည်း အလိမ်ခံရသည့် ဖြစ်စဉ်များလည်း ဖြစ်ပွားနေကြောင်း သိရသည်။ ထို့ပြင် လိမ်လည်မှုဖြစ်စဉ်များတွင် နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးမှ လက်ရှိအမှုထမ်းအယောင်ဆောင်ခြင်းနှင့် တာဝန်ထမ်းဆောင် ခဲ့သော တာဝန်ရှိပုဂ္ဂိုလ်များအယောင်ဆောင်သည့် အယောင်ဆောင်လိမ်လည်မှုများမှာ အများဆုံး ဖြစ်ပွားခဲ့သည်ကို NP News က ရရှိထားသည့် အချက်အလက်များအရ သိရသည်။

“အဲဒီပုံယူသုံးခံရတဲ့ ကာယကံရှင်တွေကနေ တိုင်ရမှာပေါ့။ သူ့နာမည်နဲ့ သူ့ဓာတ်ပုံကိုအလွဲသုံးစားလုပ်နေပါတယ်ဆိုပြီး သက်ဆိုင်ရာကို တိုင်ရမှာပေါ့။ ရဲစခန်းမှာတိုင်လို့ရတယ်။ နောက်ပြီး ဆိုက်ဘာမှုခင်းဌာနကိုတိုင်ရမယ်။ အဲဒါကတော့ ကာယကံရှင်နဲ့ ဆိုင်သွားပြီး ကာယကံရှင်က သူ့ပုံကြီးတင်ပြီးတော့ လုပ်တယ်ဆိုတည်းကိုက ကာယကံရှင်ရဲ့သဘောတူညီမှုမရှိရင်လုပ်လို့မရဘူးလေ။ အဲလောက်ထိလုပ်နေရင် ကာယကံရှင်ကငြိမ်နေရင် သူပါအလိုတူအလိုပါဖြစ်သွားမှာပေါ့”ဟု အငြိမ်းစားရဲမှူးက ဆိုသည်။

အထက်ပါကဲ့သို့ နည်းလမ်းမျိုးစုံဖြင့် လိမ်လည်နေသော လူပုဂ္ဂိုလ်၊ အဖွဲ့အ စည်းများအသုံးပြုသည့် လူမှုကွန်ယက်များအား တားဆီးအရေးယူနိုင်ခြင်းမရှိသေးသည်ကိုလည်း လိမ်လည်ခံရသူများက NP News မှတဆင့် မေးခွန်း ထုတ်ပြောဆိုမှုများရှိနေသည်။ နိုင်ငံတစ်ဝန်း တိုင်းဒေသကြီးနှင့် ပြည်နယ်များအနက် ရန်ကုန်တိုင်းဒေသကြီးသည် နိုင်ငံကူးလက်မှတ်လျှောက်ထားသူ အများဆုံးရှိသော တိုင်းဒေသကြီးတစ်ခုဖြစ်ပြီး လိမ်လည်ခံရသူများလည်း တစ်ရက်လျှင် (၃)ဦးထက်မနည်းရှိနေကြောင်း သိရသည်။

zawgyi version
ႏိုင္ငံကူးလက္မွတ္ႏွင့္ပတ္သက္၍ လူမႈကြန္ယက္စာမ်က္ႏွာမ်ားထက္တြင္ ပုံစံမ်ိဳးစုံျဖင့္ လိမ္လည္ေနသူမ်ားကို ေဖာ္ထုတ္အေရးယူရန္လို
သန႔္ဇင္ (NP News) - ေအာက္တိုဘာ ၃

ႏိုင္ငံကူးလက္မွတ္ႏွင့္ပတ္သက္၍ လူမႈကြန္ယက္စာမ်က္ႏွာမ်ားထက္တြင္ ပုံစံမ်ိဳးစုံျဖင့္ လိမ္လည္ေနသူမ်ားကို ေဖာ္ထုတ္အေရးယူရန္လိုေၾကာင္းအၿငိမ္းစားရဲမႉးႀကီးတစ္ဦးက NP News မွတစ္ဆင့္ အႀကံျပဳေျပာၾကား သည္။

ျမန္မာႏိုင္ငံကူးလက္မွတ္ထုတ္ေပးေရးအဖြဲ႕အေနျဖင့္ ရန္ကုန္၊ မႏၲေလး၊ ပဲခူး၊ ပုသိမ္၊ ေနျပည္ေတာ္အပါအဝင္ ၿမိဳ႕နယ္(၁၁)ခုတို႔တြင္ ႏိုင္ငံကူးလက္ မွတ္ေလွ်ာက္ထားမႈမ်ားကို Online Booking တင္၍ QR Code စနစ္ျဖင့္ ႏိုင္ငံကူးလက္မွတ္မ်ားကို ပုံမွန္လုပ္ငန္းစဥ္အတိုင္း စိစစ္ထုတ္ေပးေနလ်က္ရွိေၾကာင္း သိရသည္။ သို႔ေသာ္ လိမ္လည္သူမ်ားက ႏိုင္ငံကူးလက္မွတ္အျမန္ရလိုသူမ်ားကို ပစ္မွတ္ထား၍ လူမႈကြန္ယက္စာမ်က္ႏွာမ်ားျဖစ္သည့္ Facebook၊ Instargam ႏွင့္ Tik Tok စသည္တို႔တြင္ Page အတုမ်ား၊ Group အတုမ်ားတြင္ လိမ္လည္မႈမ်ားကိုလုပ္ေဆာင္လ်က္ရွိေနၿပီး ၎တို႔အား ထိထိေရာက္ေရာက္အေရးယူရန္လိုေၾကာင္း အၿငိမ္းစားရဲမႉးႀကီး တစ္ဦးက အႀကံျပဳထားသည္။

“မၾကာၾကာေတြ႕ရတာေပါ့ Tik Tok မွာလည္းေျပာတယ္။ Youtube မွာလည္းေျပာတယ္။ Facebook မွာလည္းေပၚတင္ႀကီးေတြ ပတ္စ္ပို႔ပုံႀကီးေတြ တင္ၿပီး ဘယ္ႏွရက္အတြင္းေလွ်ာက္ေပးမယ္ ဘာညာေပါ့ေလ။ ဒါနဲ႔ပတ္ သက္လို႔ကေတာ့ ေျပာရရင္ေတာ့ အခုလိုလုပ္ေနတာက သက္ဆိုင္ရာ တားဆီးႏွိမ္နင္းေရးအဖြဲ႕ေတြကို စိန္ေခၚေနသလိုျဖစ္ေနတယ္။ ဒါကို မျဖစ္မေနအေရးယူသင့္တယ္ အေရးယူမႈအပိုင္းမွာေတာ့ အေရးယူႏိုင္တဲ့ အရည္ အေသြးလိုတယ္။ နည္းပညာလိုမယ္။ အဲဒီအဖြဲ႕အစည္းရဲ႕ လုပ္ခ်င္ကိုင္ခ်င္စိတ္နဲ႔ လိုက္ႏိုင္ကိုင္ႏိုင္မႈ အဲဒါလိုတယ္”ဟု ၎ကဆိုသည္။

လက္ရွိတြင္ ျပည္ပထြက္ခြာအလုပ္လုပ္ခြင့္ ႏိုင္ငံကူးလက္မွတ္ PJ (Passport for Job) မွ အလည္အပတ္ႏိုင္ငံကူးလက္မွတ္ PV (Passport for Visit) ေျပာင္းလဲေလွ်ာက္ထားမႈကို ယာယီ ပိတ္သိမ္းထားေသာ္လည္း ျပည္ပထြက္ခြာလိုသူမ်ားအေနျဖင့္ လူမႈကြန္ရက္ စာမ်က္ႏွာမ်ားရွိ အေကာင့္တုမ်ားသို႔ ဆက္သြယ္ကာ ေျပာင္းလဲေလွ်ာက္ထားရာမွတစ္ဆင့္လည္း အလိမ္ခံရသည့္ ျဖစ္စဥ္မ်ားလည္း ျဖစ္ပြားေနေၾကာင္း သိရသည္။ ထို႔ျပင္ လိမ္လည္မႈျဖစ္စဥ္မ်ားတြင္ ႏိုင္ငံကူးလက္မွတ္ထုတ္ေပးေရး႐ုံးမွ လက္ရွိအမႈထမ္းအေယာင္ေဆာင္ျခင္းႏွင့္ တာဝန္ထမ္းေဆာင္ ခဲ့ေသာ တာဝန္ရွိပုဂၢိဳလ္မ်ားအေယာင္ေဆာင္သည့္ အေယာင္ေဆာင္လိမ္လည္မႈမ်ားမွာ အမ်ားဆုံး ျဖစ္ပြားခဲ့သည္ကို NP News က ရရွိထားသည့္ အခ်က္အလက္မ်ားအရ သိရသည္။

“အဲဒီပုံယူသုံးခံရတဲ့ ကာယကံရွင္ေတြကေန တိုင္ရမွာေပါ့။ သူ႔နာမည္နဲ႔ သူ႔ဓာတ္ပုံကိုအလြဲသုံးစားလုပ္ေနပါတယ္ဆိုၿပီး သက္ဆိုင္ရာကို တိုင္ရမွာေပါ့။ ရဲစခန္းမွာတိုင္လို႔ရတယ္။ ေနာက္ၿပီး ဆိုက္ဘာမႈခင္းဌာနကိုတိုင္ရမယ္။ အဲဒါကေတာ့ ကာယကံရွင္နဲ႔ ဆိုင္သြားၿပီး ကာယကံရွင္က သူ႔ပုံႀကီးတင္ၿပီးေတာ့ လုပ္တယ္ဆိုတည္းကိုက ကာယကံရွင္ရဲ႕သေဘာတူညီမႈမရွိရင္လုပ္လို႔မရဘူးေလ။ အဲေလာက္ထိလုပ္ေနရင္ ကာယကံရွင္ကၿငိမ္ေနရင္ သူပါအလိုတူအလိုပါျဖစ္သြားမွာေပါ့”ဟု အၿငိမ္းစားရဲမႉးက ဆိုသည္။

အထက္ပါကဲ့သို႔ နည္းလမ္းမ်ိဳးစုံျဖင့္ လိမ္လည္ေနေသာ လူပုဂၢိဳလ္၊ အဖြဲ႕အ စည္းမ်ားအသုံးျပဳသည့္ လူမႈကြန္ယက္မ်ားအား တားဆီးအေရးယူႏိုင္ျခင္းမရွိေသးသည္ကိုလည္း လိမ္လည္ခံရသူမ်ားက NP News မွတဆင့္ ေမးခြန္း ထုတ္ေျပာဆိုမႈမ်ားရွိေနသည္။ ႏိုင္ငံတစ္ဝန္း တိုင္းေဒသႀကီးႏွင့္ ျပည္နယ္မ်ားအနက္ ရန္ကုန္တိုင္းေဒသႀကီးသည္ ႏိုင္ငံကူးလက္မွတ္ေလွ်ာက္ထားသူ အမ်ားဆုံးရွိေသာ တိုင္းေဒသႀကီးတစ္ခုျဖစ္ၿပီး လိမ္လည္ခံရသူမ်ားလည္း တစ္ရက္လွ်င္ (၃)ဦးထက္မနည္းရွိေနေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.