ယခုနှစ်အတွင်း ရေကြီးရေလျှံမှု(၂)ကြိမ်ဖြစ်ပွားခဲ့သော တောင်ငူမြို့တွင် အနိမ့်ပိုင်းရပ်ကွက်အချို့၌ ရေပြန်လည်ဝင်ရောက်နေ

 480

သန့်ဇင် (NP News) - အောက်တိုဘာ ၃

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့တွင် ယခုနှစ်အတွင်း ရေကြီးရေလျှံမှု(၂)ကြိမ်ဖြစ်ပွားခဲ့ပြီးနောက် လက်ရှိတွင်လည်း အနိမ့်ပိုင်း ရပ်ကွက်အချို့သို့ ရေပြန်လည်ဝင်ရောက်လာကြောင်း ကရုဏာရင်ခွင့်ပရဟိတအသင်းထံမှ သိရသည်။

စစ်တောင်းမြစ်ရေမြင့်တက်လာမှုကြောင့် ယနေ့(အောက်တိုဘာ ၃ ရက်) နံနက်ပိုင်းမှစတင်ကာ တောင်ငူမြို့ရှိအနိမ့်ပိုင်းရပ်ကွက်များ ဖြစ်သော (၈)ရပ်ကွက်၊ (၉)ရပ်ကွက်၊ (၁၀)ရပ်ကွက်၊ (၁၉)ရပ်ကွက်နှင့် သဖန်းပင်ကျေးရွာတို့တွင် ရေဝင်ရောက်လျက်ရှိကြောင်း သိရသည်။

“အနိမ့်ပိုင်းရပ်ကွက်တွေမှာ ရေစဝင်နေပါပြီ။ ကျွန်တော်တို့အဖွဲ့တွေလည်း ရပ်ကွက်တွေ ကျေးရွာထဲကို ဖြန့်ပြီးတော့ အကူအညီလိုအပ်ရင် ရွှေ့ပြောင်းပေးဖို့အတွက် လုပ်ဆောင်နေပါပြီ”ဟု ကရုဏာရင်ခွင်ပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

လက်ရှိတွင် စစ်တောင်းမြစ်ရေသည် တောင်ငူမြို့၏ စိုးရိမ်ရေအမှတ်ဖြစ်သော (၆၀၀ စင်တီမီတာ)အထက်သို့ ဆက်လက်မြင့်တက်လာသောကြောင့် အထက်ပါအနိမ့်ပိုင်းရပ်ကွက်များတွင် နေထိုင်သူများအား ပြောင်းရွှေ့ကယ် ဆယ်ရေးများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။ ထို့ပြင် စစ်တောင်းမြစ်ရေမှာဆက်လက်မြင့်တက်လာနိုင်သည့် အခြေအနေဖြစ်သောကြောင့် ရေဘေးသင့်ပြည်သူ(၄၀၀၀)ထားရှိနိုင်သော ကယ်ဆယ်ရေးစခန်းတစ်ခုကိုလည်း တောင်ငူမြို့ဆရာအတတ်သင်ကျောင်းအဟောင်းတွင် စတင်ဖွင့်ထားပြီဖြစ်ကြောင်း အထက်ပါ သတင်းအရင်းမြစ်က ဆိုသည်။

“အခုအကြိမ်နဲ့ဆို တောင်ငူရေတက်တာက (၃)ကြိမ်ဖြစ်တာပေါ့။ ပထမတစ်ကြိမ်နဲ့ ဒုတိယအကြိမ်တုန်းက (၅)ရက်လောက်ပဲကွာတယ်။ အခုဟာက တချို့လူတွေဆို သူတို့အိမ်တွေကို ပြန်လာပြီး သန့်ရှင်းရေးတွေလုပ်နေတုန်းပဲရှိသေးတယ်။ ကျွန်တော်တို့တောင် အိမ်တွေလိုက်ဆောက်ပေးနေတာ။ တစ်လုံးတောင်မပြီးသေးဘူး အခုအကြိမ်ထပ်ပြီး ရေတက်တာပေါ့။ ရေကထပ်တက်နိုင်တယ်။ မြစ်ဘက်ကစီးလာတဲ့ရေမဟုတ်ဘဲနဲ့ မြို့ထဲကနေ မြစ်ဘက်ကိုစီးလာတဲ့ရေဖြစ်တဲ့အတွက် မြစ်ကတောင့်ထားရင် ရေလျှံတက် နိုင်တယ်”ဟု ၎င်းကဆက်လက်ပြောသည်။

တောင်ငူမြို့သည် ယခုနှစ်အတွင်း ဩဂုတ်လနှင့် စက်တင်ဘာလ (၂)လဆက်တိုက်ရေကြီးရေလျှံမှုကြုံတွေ့ခဲ့ရပြီး ယခုတစ်ကြိမ် ရေကြီးရေလျှံမှု ဖြစ်ပွားပါက (၃)လဆက်တိုက်ရေကြီးရေလျှံဖြစ်ပေါ်မည့် အခြေအနေတွင်ရှိနေသည်။

zawgyi version
ယခုႏွစ္အတြင္း ေရႀကီးေရလွ်ံမႈ(၂)ႀကိမ္ျဖစ္ပြားခဲ့ေသာ ေတာင္ငူၿမိဳ႕တြင္ အနိမ့္ပိုင္းရပ္ကြက္အခ်ိဳ႕၌ ေရျပန္လည္ဝင္ေရာက္ေန

သန႔္ဇင္ (NP News) - ေအာက္တိုဘာ ၃

ပဲခူးတိုင္းေဒသႀကီး၊ ေတာင္ငူၿမိဳ႕တြင္ ယခုႏွစ္အတြင္း ေရႀကီးေရလွ်ံမႈ(၂)ႀကိမ္ျဖစ္ပြားခဲ့ၿပီးေနာက္ လက္ရွိတြင္လည္း အနိမ့္ပိုင္း ရပ္ကြက္အခ်ိဳ႕သို႔ ေရျပန္လည္ဝင္ေရာက္လာေၾကာင္း က႐ုဏာရင္ခြင့္ပရဟိတအသင္းထံမွ သိရသည္။

စစ္ေတာင္းျမစ္ေရျမင့္တက္လာမႈေၾကာင့္ ယေန႔(ေအာက္တိုဘာ ၃ ရက္) နံနက္ပိုင္းမွစတင္ကာ ေတာင္ငူၿမိဳ႕ရွိအနိမ့္ပိုင္းရပ္ကြက္မ်ား ျဖစ္ေသာ (၈)ရပ္ကြက္၊ (၉)ရပ္ကြက္၊ (၁၀)ရပ္ကြက္၊ (၁၉)ရပ္ကြက္ႏွင့္ သဖန္းပင္ေက်း႐ြာတို႔တြင္ ေရဝင္ေရာက္လ်က္ရွိေၾကာင္း သိရသည္။

“အနိမ့္ပိုင္းရပ္ကြက္ေတြမွာ ေရစဝင္ေနပါၿပီ။ ကြၽန္ေတာ္တို႔အဖြဲ႕ေတြလည္း ရပ္ကြက္ေတြ ေက်း႐ြာထဲကို ျဖန႔္ၿပီးေတာ့ အကူအညီလိုအပ္ရင္ ေ႐ႊ႕ေျပာင္းေပးဖို႔အတြက္ လုပ္ေဆာင္ေနပါၿပီ”ဟု က႐ုဏာရင္ခြင္ပရဟိတအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

လက္ရွိတြင္ စစ္ေတာင္းျမစ္ေရသည္ ေတာင္ငူၿမိဳ႕၏ စိုးရိမ္ေရအမွတ္ျဖစ္ေသာ (၆၀၀ စင္တီမီတာ)အထက္သို႔ ဆက္လက္ျမင့္တက္လာေသာေၾကာင့္ အထက္ပါအနိမ့္ပိုင္းရပ္ကြက္မ်ားတြင္ ေနထိုင္သူမ်ားအား ေျပာင္းေ႐ႊ႕ကယ္ ဆယ္ေရးမ်ား လုပ္ေဆာင္လ်က္ရွိေၾကာင္း သိရသည္။ ထို႔ျပင္ စစ္ေတာင္းျမစ္ေရမွာဆက္လက္ျမင့္တက္လာႏိုင္သည့္ အေျခအေနျဖစ္ေသာေၾကာင့္ ေရေဘးသင့္ျပည္သူ(၄၀၀၀)ထားရွိႏိုင္ေသာ ကယ္ဆယ္ေရးစခန္းတစ္ခုကိုလည္း ေတာင္ငူၿမိဳ႕ဆရာအတတ္သင္ေက်ာင္းအေဟာင္းတြင္ စတင္ဖြင့္ထားၿပီျဖစ္ေၾကာင္း အထက္ပါ သတင္းအရင္းျမစ္က ဆိုသည္။

“အခုအႀကိမ္နဲ႔ဆို ေတာင္ငူေရတက္တာက (၃)ႀကိမ္ျဖစ္တာေပါ့။ ပထမတစ္ႀကိမ္နဲ႔ ဒုတိယအႀကိမ္တုန္းက (၅)ရက္ေလာက္ပဲကြာတယ္။ အခုဟာက တခ်ိဳ႕လူေတြဆို သူတို႔အိမ္ေတြကို ျပန္လာၿပီး သန႔္ရွင္းေရးေတြလုပ္ေနတုန္းပဲရွိေသးတယ္။ ကြၽန္ေတာ္တို႔ေတာင္ အိမ္ေတြလိုက္ေဆာက္ေပးေနတာ။ တစ္လုံးေတာင္မၿပီးေသးဘူး အခုအႀကိမ္ထပ္ၿပီး ေရတက္တာေပါ့။ ေရကထပ္တက္ႏိုင္တယ္။ ျမစ္ဘက္ကစီးလာတဲ့ေရမဟုတ္ဘဲနဲ႔ ၿမိဳ႕ထဲကေန ျမစ္ဘက္ကိုစီးလာတဲ့ေရျဖစ္တဲ့အတြက္ ျမစ္ကေတာင့္ထားရင္ ေရလွ်ံတက္ ႏိုင္တယ္”ဟု ၎ကဆက္လက္ေျပာသည္။

ေတာင္ငူၿမိဳ႕သည္ ယခုႏွစ္အတြင္း ဩဂုတ္လႏွင့္ စက္တင္ဘာလ (၂)လဆက္တိုက္ေရႀကီးေရလွ်ံမႈႀကဳံေတြ႕ခဲ့ရၿပီး ယခုတစ္ႀကိမ္ ေရႀကီးေရလွ်ံမႈ ျဖစ္ပြားပါက (၃)လဆက္တိုက္ေရႀကီးေရလွ်ံျဖစ္ေပၚမည့္ အေျခအေနတြင္ရွိေနသည္။

Related news

© 2021. All rights reserved.