စပိန်နိုင်ငံထုတ် ရထားတွဲဆိုင်းသစ်များဖြင့် ရန်ကုန်-ပဲခူးခရီးစဉ် စတင်ပြေးဆွဲ

 1946

ပြည့်ဖြိုး (NP News) - အောက်တိုဘာ ၃

စပိန်နိုင်ငံမှ ဝယ်ယူထားသည့် ခေတ်မီ Diesel Electric Multiple Unit (DEMU) ရထားတွဲဆိုင်းအသစ်တွေကို အသုံးပြုပြီး ရန်ကုန်-ပဲခူး အစုန်၊ အဆန်ခရီးစဉ်များတွင် စတင်ပြေးဆွဲနေပြီဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည် ။

ယခင် အသုံးပြုခဲ့သည့် RBE ရထားခရီးစဉ်များကို ယာယီရပ်ဆိုင်းကာ DEMU ရထားတွဲဆိုင်းအသစ်များဖြင့် အသုံးပြုပြေးဆွဲနေခြင်းဖြစ်သည်။
ပထမဆုံး DEMU အစုန်ရထားသည် ပဲခူးဘူတာမှ အောက်တိုဘာ ၁ ရက်နေ့၊ နံနက် ၆ နာရီမှာစတင်ထွက်ခွာပြီး ရန်ကုန်ဘူတာကို နံနက် ၈ နာရီ ၂၀ မိနစ် ခန့်တွင် ဆိုက်ရောက်ခဲ့သည်။ အမှတ်(၁၅)အဆန် ရန်ကုန်-ပဲခူး DEMU ရထားသည် ရန်ကုန်ဘူတာမှ ညနေ ၄ နာရီ ၄၅ မိနစ်တွင် ပြန်လည်ထွက်ခွာပြီး ပဲခူးဘူတာသို့ ၇ နာရီ ၅ မိနစ်တွင် ရောက်ရှိခဲ့ကြောင်း သိရသည်။

လမ်းခရီးတစ်လျှောက် ပုဇွန်တောင်၊ မလွှကုန်း၊ သင်္ဃန်းကျွန်း၊ တိုးကြောင် ကလေး၊ ရွာသာကြီး၊ လေးဒေါင့်ကန်၊ ဒါးပိန်၊ ကော့ချဲ၊ ထုံးကြီး၊ ကျောက် တန်း၊ တာဝ၊ ဘုရားသုံးဆူဘူတာများတွင် ရပ်တန့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ရန်ကုန်-ပဲခူးရထားခရီးစဉ်၌ အသုံးပြုမည့် စပိန်နိုင်ငံထုတ် DEMU ရထားတွဲဆိုင်းများသည် ခရီးသည် ရပ်စီး/ထိုင်စီး စုစုပေါင်း (၈၃၂)ဦး စီးနင်းလိုက်ပါနိုင်ကြောင်းသိရသည်။ ခရီးသွားလက်မှတ်ခအဖြစ် ခရီးစဉ်အစအဆုံးထိ တစ်ဦးလျှင် ၂၅၀၀ ကျပ်သတ်မှတ်ထားပြီး ခရီးစဥ်တစ်ဝက် လိုက်ပါစီးနင်းသူကို ၁၃၀၀ ကျပ်နှုန်း သတ်မှတ်ထားကြောင်း သိရသည်။ရထားခရီးစဉ်များအား (အောက်တိုဘာ ၂ ရက်)တွင် စတင်ပြေးဆွဲခဲ့ကြောင်း သိရသည်။

zawgyi version
စပိန္ႏိုင္ငံထုတ္ ရထားတြဲဆိုင္းသစ္မ်ားျဖင့္ ရန္ကုန္-ပဲခူးခရီးစဥ္ စတင္ေျပးဆြဲ
ျပည့္ၿဖိဳး (NP News) - ေအာက္တိုဘာ ၃

စပိန္ႏိုင္ငံမွ ဝယ္ယူထားသည့္ ေခတ္မီ Diesel Electric Multiple Unit (DEMU) ရထားတြဲဆိုင္းအသစ္ေတြကို အသုံးျပဳၿပီး ရန္ကုန္-ပဲခူး အစုန္၊ အဆန္ခရီးစဥ္မ်ားတြင္ စတင္ေျပးဆြဲေနၿပီျဖစ္ေၾကာင္း ျမန္မာ့မီးရထားမွ သိရသည္ ။

ယခင္ အသုံးျပဳခဲ့သည့္ RBE ရထားခရီးစဥ္မ်ားကို ယာယီရပ္ဆိုင္းကာ DEMU ရထားတြဲဆိုင္းအသစ္မ်ားျဖင့္ အသုံးျပဳေျပးဆြဲေနျခင္းျဖစ္သည္။
ပထမဆုံး DEMU အစုန္ရထားသည္ ပဲခူးဘူတာမွ ေအာက္တိုဘာ ၁ ရက္ေန႔၊ နံနက္ ၆ နာရီမွာစတင္ထြက္ခြာၿပီး ရန္ကုန္ဘူတာကို နံနက္ ၈ နာရီ ၂၀ မိနစ္ ခန႔္တြင္ ဆိုက္ေရာက္ခဲ့သည္။ အမွတ္(၁၅)အဆန္ ရန္ကုန္-ပဲခူး DEMU ရထားသည္ ရန္ကုန္ဘူတာမွ ညေန ၄ နာရီ ၄၅ မိနစ္တြင္ ျပန္လည္ထြက္ခြာၿပီး ပဲခူးဘူတာသို႔ ၇ နာရီ ၅ မိနစ္တြင္ ေရာက္ရွိခဲ့ေၾကာင္း သိရသည္။

လမ္းခရီးတစ္ေလွ်ာက္ ပုဇြန္ေတာင္၊ မလႊကုန္း၊ သဃၤန္းကြၽန္း၊ တိုးေၾကာင္ ကေလး၊ ႐ြာသာႀကီး၊ ေလးေဒါင့္ကန္၊ ဒါးပိန္၊ ေကာ့ခ်ဲ၊ ထုံးႀကီး၊ ေက်ာက္ တန္း၊ တာဝ၊ ဘုရားသုံးဆူဘူတာမ်ားတြင္ ရပ္တန႔္ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။ ရန္ကုန္-ပဲခူးရထားခရီးစဥ္၌ အသုံးျပဳမည့္ စပိန္ႏိုင္ငံထုတ္ DEMU ရထားတြဲဆိုင္းမ်ားသည္ ခရီးသည္ ရပ္စီး/ထိုင္စီး စုစုေပါင္း (၈၃၂)ဦး စီးနင္းလိုက္ပါႏိုင္ေၾကာင္းသိရသည္။ ခရီးသြားလက္မွတ္ခအျဖစ္ ခရီးစဥ္အစအဆုံးထိ တစ္ဦးလွ်င္ ၂၅၀၀ က်ပ္သတ္မွတ္ထားၿပီး ခရီးစဥ္တစ္ဝက္ လိုက္ပါစီးနင္းသူကို ၁၃၀၀ က်ပ္ႏႈန္း သတ္မွတ္ထားေၾကာင္း သိရသည္။ရထားခရီးစဥ္မ်ားအား (ေအာက္တိုဘာ ၂ ရက္)တြင္ စတင္ေျပးဆြဲခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.