ငါးလအတွင်းရန်ကုန်လေဆိပ်မှခရီးသွား တစ်သိန်းကျော်ဝင်‌ရောက်

 1179

NP News ဇွန် (၁၂)ရက်
၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ မေလကုန်အထိ (၅) လတာအတွင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ နိုင်ငံခြားသားခရီးသွား ၁ သိန်းကျော်ဝင်ရောက်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာနမှသိရ သည်။
"အခုနှစ်ရဲ့ နှစ်အစ ဇန်နဝါရီလကနေ မေလကုန်အထိကို နိုင်ငံခြားသားခရီးသွားများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ ၁၁၈,၀၀၀ ဦး ကျော်ဝင်ရောက်ခဲ့ပါတယ်။ မနှစ်က ကာလတူနဲ့နှိုင်းယှဉ်ရင် ၁၇,၀၀၀ ကျော်လောက် ပိုဝင်လာတာတွေ့ရပါတယ်" ဟု ၎င်းဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
ရန်ကုန်တိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန၏ စာရင်းများအရ လွန်ခဲ့သော ၂၀၂၄ ခုနှစ်၏ပထမ (၅) လတာမှာ နိုင်ငံခြားသားခရီးသွားဧည့်သည် ၁၀၀,၀၀၀ ကျော်ဝင်ရောက်ခဲ့တာဖြစ်ပြီး ယခုနှစ်ပထမ (၅) လတာမှာတော့ ဝင်ရောက်မှုပိုမိုများပြားခဲ့ကြောင်း သိရသည်။
ဝင်ရောက်လာသည့် နိုင်ငံခြားသားခရီးသွား ဧည့်သည်များတွင် အများစုသည့် တရုတ်နှင့် ထိုင်း နိုင်ငံသားများဖြစ်ကြောင်း၊ ထို့အပြင် တောင်ကိုရီးယား၊ ဂျပန်၊ အိန္ဒိယ၊ ဗီယက်နမ်၊ ရုရှားနှင့် အမေရိကန် အပါအဝင် အခြားပြည်ပနိုင်ငံများမှ ခရီးသွားဧည့်သည်များလည်း ဝင်ရောက်ခဲ့ကြောင်း သိရသည်။
ပြည်ဝင်ဗီဇာများ အနေဖြင့်လည်း Business Visa ဖြင့် အများဆုံးဝင်ရောက်ခဲ့သ်ည့အပြင် Tourist Visa ၊ e-Visa တို့ဖြင့် ဝင်ရောက်သည့် ခရီးသည်များလည်း အများအပြားရှိကြောင်း သိရသည်။

Zawgyi Version:
ငါးလအတြင္းရန္ကုန္ေလဆိပ္မွခရီးသြား တစ္သိန္းေက်ာ္ဝင္‌ေရာက္ခဲ့
NP News ဇြန္ (၁၂)ရက္
၂၀၂၅ ခုႏွစ္ ဇန္နဝါရီလမွ ေမလကုန္အထိ ၅ လတာအတြင္း ရန္ကုန္အျပည္ျပည္ဆိုင္ရာေလဆိပ္မွ ႏိုင္ငံျခားသားခရီးသြား ၁ သိန္းေက်ာ္ဝင္ေရာက္ခဲ့ေၾကာင္း ရန္ကုန္တိုင္းေဒသႀကီး ဟိုတယ္ႏွင့္ခရီးသြား ၫႊန္ၾကားမႈဦးစီးဌာနမွသိရ သည္။
"အခုႏွစ္ရဲ႕ ႏွစ္အစ ဇန္နဝါရီလကေန ေမလကုန္အထိကို ႏိုင္ငံျခားသားခရီးသြားမ်ားက ရန္ကုန္အျပည္ျပည္ဆိုင္ရာေလဆိပ္ကေန ၁၁၈,၀၀၀ ဦး ေက်ာ္ဝင္ေရာက္ခဲ့ပါတယ္။ မႏွစ္က ကာလတူနဲ႔ႏႈိင္းယွဥ္ရင္ ၁၇,၀၀၀ ေက်ာ္ေလာက္ ပိုဝင္လာတာေတြ႕ရပါတယ္" ဟု ၎ဦးစီးဌာနမွ တာဝန္ရွိသူ တစ္ဦးက ေျပာသည္။
ရန္ကုန္တိုင္းေဒသႀကီး ဟိုတယ္ႏွင့္ခရီးသြား ၫႊန္ၾကားမႈဦးစီးဌာန၏ စာရင္းမ်ားအရ လြန္ခဲ့ေသာ ၂၀၂၄ ခုႏွစ္၏ ၅ လတာမွာ ႏိုင္ငံျခားသားခရီးသြားဧည့္သည္ ၁၀၀,၀၀၀ ေက်ာ္ဝင္ေရာက္ခဲ့တာျဖစ္ၿပီး ယခုႏွစ္ ၅ လတာမွာေတာ့ ဝင္ေရာက္မႈပိုမိုမ်ားျပားခဲ့ေၾကာင္း သိရသည္။
ဝင္ေရာက္လာသည့္ ႏိုင္ငံျခားသားခရီးသြား ဧည့္သည္မ်ားတြင္ အမ်ားစုသည့္ တ႐ုတ္ႏွင့္ ထိုင္း ႏိုင္ငံသားမ်ားျဖစ္ေၾကာင္း၊ ထို႔အျပင္ ေတာင္ကိုရီးယား၊ ဂ်ပန္၊ အိႏၵိယ၊ ဗီယက္နမ္၊ ႐ုရွားႏွင့္ အေမရိကန္ အပါအဝင္ အျခားျပည္ပႏိုင္ငံမ်ားမွ ခရီးသြားဧည့္သည္မ်ားလည္း ဝင္ေရာက္ခဲ့ေၾကာင္း သိရသည္။
ျပည္ဝင္ဗီဇာမ်ား အေနျဖင့္လည္း Business Visa ျဖင့္ အမ်ားဆုံးဝင္ေရာက္ခဲ့သ္ည့အျပင္ Tourist Visa ၊ e-Visa တို႔ျဖင့္ ဝင္ေရာက္သည့္ ခရီးသည္မ်ားလည္း အမ်ားအျပားရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.