ရေဘေးအလွန် ပြန်လည်ထူထောင်ရေးမှာ ဆေးရုံတွေ ၊ ကျောင်းတွေ ၊ အရေးကြီးတဲ့ ဌာနဆိုင်ရာတွေအတွက် Township Plan သေချာဆွဲသင့်တယ် (အင်တာဗျူး)

 301

သန့်ဇင် (NP News) - အောက်တိုဘာ ၃

သဘာဝဘေးအန္တရာယ်ကြုံတွေ့ရပါက ဆေးရုံ၊ ဆေးခန်းများအပါအဝင် ပြည်သူ့ဝန်ဆောင်မှု ပေးသောနေရာများသည် ဘေးသင့်ဒေသ ပြန်လည်ထူထောင်ရေး၊ ကျန်းမာရေးအတွက် အရေးကြီး သောအရာများဖြစ်သည်။ သို့သော် အဆိုပါနေရာများသည် ဘေးလွတ်ရာတွင် တည်ဆောက်မှုနည်းပါး ကြောင်းလည်း တွေ့မြင်ရပြန်သည်။ အဆိုပါအခြေအနေများနှင့်ပတ်သက်၍ သဘာဝဘေးဖြစ်ပွားနိုင် သည့် ဒေသများတွင် ယင်းအဆောက်အအုံများကို မည်သည့်နေရာများတွင် တည်ဆောက်သင့်ပုံ၊ လုပ် ဆောင်သင့်ပုံများကို ကာကွယ်ရေးနှင့် အပူပိုင်းဆေးပညာ (Master Of Preventive and Tropical Medicine) အထူးကုသမားတော် ဒေါက်တာပြည့်ထူးအား NP News က မေးမြန်းထားသည်များကို ကောက်နုတ်ဖော်ပြအပ်ပါသည်။

မေး-မင်္ဂလာပါဆရာ။ ပထမဆုံးမေးချင်တာက ဆရာကိုယ်တိုင် ရေဘေးကယ်ဆယ်ရေးတွေလည်း လုပ်ခဲ့တာဆိုတော့ အများပြည်သူ အဆောက်အအုံတွေ၊ အများပြည်သူဝန်ဆောင်မှုပေးတဲ့ အဆောက် အအုံတွေရဲ့အခြေအနေက ဘယ်လိုရှိတယ်လို့ ဆရာမြင်တွေ့ရပါသလဲ။
ဖြေ -အဓိက အများပြည်သူဝန်ဆောင်မှုပေးတဲ့အ ဆောက်အအုံတွေပေါ့။ ပညာရေး၊ ကျန်းမာရေးပေါ့ နော်။ ပညာရေးဆို ကျောင်းတွေပေါ့။ ကျန်းမာရေးဆို ကျေးလက်ဆေးပေးခန်းတွေရှိတယ်။ တချို့နေရာ တွေမှာ ဆေးရုံတွေရှိတယ်။ တပ်ကုန်းဘက်မှာဆို ဆေးရုံတွေပေါ့နော်။ အဲဒါတွေက ရေဘေးဒဏ်ကိုပါ ခံခဲ့ရတာကို တွေ့ရတယ်။ ဒါတွေက လတ်တလော ရေဘေးဖြစ်ပြီးတဲ့နောက်ပိုင်းမှာ လူတွေက ကျန်းမာ ရေးအရ လတ်တလောရှာဖွေဖို့ခက်သွားတဲ့ အနေအထားလေး ဖြစ်သွားတာကိုတွေ့ရပါတယ်။

မေး-ဆရာဝန်တစ်ယောက်အနေနဲ့ ကျန်းမာရေးအ ဆောက်အအုံတွေ၊ အထူးသဖြင့် ပြည်သူ့ဝန်ဆောင်မှု ပေးတဲ့အဆောက်အအုံတွေက ဘယ်လိုပုံစံမျိုးရှိ နေသင့်တယ်လို့ ယူဆပါသလဲ ခင်ဗျာ။
ဖြေ- အဓိကတော့ disaster prone area ပေါ့။ သဘာဝ ဘေးတွေဖြစ်နိုင်တဲ့နေရာတွေမှာဆိုရင် disaster preparedness ဆိုတဲ့ fact ပေါ့။ disaster မှာ Fact (၃)ခုရှိတာပေါ့။ Impact ဖြစ်တဲ့ fact ရယ်။ နောက်တစ်ခုက disaster response လုပ်တဲ့ fact ။ နောက်တစ်ခုက ပြန်မဖြစ်အောင် prepare လုပ်တဲ့ fact ။ အဲဒီ fact (၃)ခုရှိတဲ့အထဲမှာ preparedness fact က disaster prone area တွေမှာဆိုရင် အများ ပြည်သူကိုဝန်ဆောင်မှုပေးတဲ့ ကျေးလက်ကျန်းမာရေး ဆေးခန်း၊ ဆေးရုံတွေ၊ ပညာရေးနဲ့ပတ်သက်တဲ့ ကျောင်းတွေ။ နောက်တစ်ခုက လုံခြုံရေးပိုင်းဖြစ်တဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့၊ မြန်မာနိုင်ငံရဲ တပ်ဖွဲ့လို အဆောက်အအုံတွေဟာ ဒီ disaster ကို ခံနိုင်ရှိတဲ့ Disaster resilience power ပေါ့နော်။ ခံနိုင်ရည်ရှိတဲ့ဟာ မြှင့်တင်နိုင်တဲ့အနေအထားမျိုးမှာ ရှိရမယ်။ ဥပမာ- ရေကြီးတတ်တဲ့ဒေသတွေမှာ ဆိုရင် တောင်ပေါ်တွေမှာရှိတဲ့ဟာ။ နောက်တစ်ခု တခြား သဘာဝဘေးပေါ့။ တောမီးလောင်တတ်တဲ့ ဒေသတွေမှာဆိုရင် မီးလွတ်တဲ့နေရာမျိုးတို့၊ ဒီလိုမျိုး preparation သေချာအတိအကျ လုပ်ထားသင့် တာပေါ့။ အခု ဒီနေရာ(ဆင်သေကျေးရွာ)ကိုပဲပြောရမယ်ဆိုရင် ရေကြီးတတ်တဲ့နေရာပေါ့။ ဆရာတို့သွား ရင်လည်း တွေ့ရပါတယ်။ ကျေးလက်ကျန်းမာရေးဌာနတွေပါ ရေထဲမှာပါနေတာတွေ့ရပါတယ်။ ဒီလိုတွေ မဖြစ်သင့်ဘဲနဲ့ ပြန်လည်ထူ ထောင်တဲ့အချိန်မှာ ကုန်းမြင့်တဲ့နေရာတို့ အကယ်၍ ရေကြီးလာပြီဆိုရင် အနည်းဆုံး ပြည်သူတွေ ခိုနားရာနေရာလည်းဖြစ်မယ်။ ပြီးတော့ ကျန်းမာရေးစောင့်ရှောက်မှုလည်း ပေးနိုင်မယ်ပေါ့။ ကျန်းမာရေးတစ်ခုတည်းကိုပြောမယ်ဆိုရင် ဒီလိုနေရာတွေဖြစ်သင့်တယ်။ နောက် တစ်ချက်က ကျောင်းတွေပေါ့။ အခုလည်းကျောင်းတွေပါ ပါသွားတဲ့အတွက် ကျောင်းတွေပါပိတ်ထားရ တယ်။ အဲဒီကျောင်းတွေကလည်း နည်းနည်းမြင့်တဲ့နေရာတွေမှာရှိနေမယ်ဆိုရင် အဲဒီကျောင်းတွေက အခုလို ရေကြီးတာမျိုးဖြစ်လာပြီဆိုရင် လူတွေခိုနားရာနေရာတစ်ခုဖြစ်လာသလို ကျောင်းတွေလည်း ပိတ်စရာမလိုတော့ဘူးပေါ့။ ဒီလိုမျိုး Township plan ကို ပြန်လည်ထူထောင်ရေးကာလမှာ လုပ်သင့် တယ်လို့မြင်ပါတယ်။

မေး- ဟုတ်ကဲ့ဆရာ။ အဲဒီ Township plan ပြန်လုပ်ဖို့ကတော့ လွယ်ပါ့မလားဆရာ။ အခုဆို ဆင်သေ ရွာမှာဆိုရင် အိမ်တွေတောင်ပြန်ဆောက်ဖို့ အခက်အခဲဖြစ်နေတဲ့အနေအထားမျိုးဆိုတော့ အဲဒါကကော ဆရာ ဘယ်လိုမျိုးအကြံပြုချင်ပါသလဲ ခင်ဗျာ။
ဖြေ- Township plan လုပ်ဖို့က Master Plan နဲ့ သွားရင် သိပ်အရမ်းကြီးတော့ မခက်ပါဘူး။ တချို့အ ရာတွေ ပြန်လည်ဖော်ဆောင်ရမှာရှိတယ်။ လယ် ကွက်တွေပေါ့။ လယ်ကွက်တွေမှာဆိုရင် ဘယ်ဟာက ကန်သင်းရိုးမှန်းတောင်မသိတော့တဲ့အနေအထားမှာ လယ်ကွက်တွေကို သေချာပုံဖော်ရမယ်။ ဒီလိုမျိုး အများကြီးလုပ်လို့ရတဲ့အထဲမှာ Township Plan ကလည်းအရမ်းကြီး ခက်ခဲတဲ့အပိုင်းမှာ မရှိဘူးလို့တော့ မြင်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့သွားတဲ့နေရာမှာ တောင်ကုန်းလေးတွေရှိတယ်။ နောက် ဆုံး ဘယ်လိုမှမရှိရင်တောင် လွတ်တဲ့ရွာကိုပြောင်းထားသင့်တယ်။ ဥပမာ- ဆင်သေရွာမှာ ကျန်းမာရေး ဌာနတစ်ခုရှိတယ်ထားပါတော့။ အဲဒီမှာ Township Plan အရ၊ Village Plan အရ အပေါ်မှာ အမြင့် မရှိဘူးဆိုရင် အဲဒီကနေနီးတဲ့နေရာကို ကျေးလက်ကျန်းမာရေးဆေးခန်းပြောင်းတာတို့၊ ကျောင်းပြောင်း တာတို့ ဒီလိုလေးတော့လုပ်ရမယ်တို့ ရှိနိုင်တယ်။ မဖြစ်နိုင်တာတော့မဟုတ်ပါဘူး။ ဖြစ်နိုင်ပါတယ်။ ဒီနေရာမှာဖြစ်ရင် နေရာပြောင်းတာတို့ပေါ့။ အခုတော့ တာဝန်ရှိသူတွေလည်းပြောပါတယ်။ တောက် လျှောက် ဖြစ်နေမယ်ဆိုရင် နေရာပြောင်းတာ စဉ်းစားရမယ်လို့ သူတို့ရဲ့မိန်းခွန်းတွေမှာလည်းတွေ့နေ ရတော့ ဒါဟာ မဖြစ်နိုင်စရာအကြောင်းတော့မရှိပါဘူး။ ဖြစ်နိုင်ပါတယ်။

မေး-ဟုတ်ကဲ့ဆရာ၊ ဆရာကိုယ်တိုင်ကလည်း ရေဘေးကူညီခဲ့တာရှိတယ်။ ကျွန်တော်တို့ကိုယ်တိုင်က လည်း ဆင်သေရွာဖြစ်စဉ်ကို တွေခဲ့ရတယ်။ ကျေးလက် ကျန်းမာရေးဌာနဆိုရင် ရေဘေးမှာမြုပ်သွား တဲ့အနေအထားရှိတယ်။ ဆရာတို့စပြီးကူညီခဲ့တဲ့အချိန်မှာ ဘယ်လိုမျိုးထည့်သွင်းစဉ်းစားပြီး ကူညီခဲ့ရ လဲခင်ဗျ။
ဖြေ- ဖြစ်ပြီးနောက်ရက်မှာ ကျန်းမာရေးဝန်ကြီးဌာန ဘက်ကရော၊ အစိုးရဘက်ကရော ကယ်ဆယ်ရေး စခန်းတွေဖွင့်တယ်။ အဲဒီမှာ ကျန်းမာရေးစောင့်ရှောက်မှု အပြည့်အဝပေးတယ်။ ဒါပေမဲ့ တချို့ပေါ့နော်။ ကျွန်တော်တို့ မြန်မာတွေရဲ့ထုံးစံအရ ကိုယ်နဲ့နီးစပ်ရာ အမျိုးတွေရဲ့အိမ်မှာ သွားနေကြတာရှိတယ်။ အဲဒီ လူတွေက ကျန်းမာရေးစောင့်ရှောက်မှုမှာ နည်းနည်းလေး လစ်ဟာသွားတာမျိုးတွေရှိတယ်။ ဒါက အစိုးရ က အားနည်းချက်လည်း မဟုတ်ပါဘူး။ ဒါမျိုးဆိုတာလည်း Camp မှာပဲလုပ်လို့ရမှာပေါ့။ နာမည် စာရင်း ရော၊ လူစာရင်းရောက အဲဒီမှာပဲလုပ်လို့ရမှာကိုး။ ဒါပေမဲ့ တော်တော်များများက ဘုန်းကြီး ကျောင်းတွေ၊ အမျိုးတွေအိမ်မှာသွားနေကြတယ်။ အဲဒီလူတွေအတွက် ကျွန်တော်တို့က ဘုန်းကြီးကျောင်းတွေမှာ ဒီလို လစ်ဟာမှုလေးတော့ရှိနိုင်တယ်ဆိုပြီး ကျွန်တော်တို့တတ်နိုင်သလောက် ကျန်းမာရေး စောင့်ရှောက်မှု တွေ ပေးတာပါ။ ဖြစ်သင့်တာကို ကျွန်တော်အကြံပြုချင်တာကတော့ mobile clinic လို မျိုးပေါ့နော်။ ဘယ်နေရာတွေမှာ ရေဘေးရှောင်တွေကို ထားထားသလဲ။ ကိုယ်ရဲ့camp မဟုတ်ဘဲနဲ့ တခြား ဘယ် နေရာတွေမှာ နေနေသလဲ။ ဒါလေးတွေကို လိုက်မှတ်ပြီးတော့ တစ်ရက်ကိုတစ်ရွာပဲဖြစ်ဖြစ် ဒါမှ မဟုတ် (၂)ရက်ကိုတစ်ရွာပဲဖြစ်ဖြစ် mobile clinic တွေလုပ်သင့်တယ်။ ဒါမှမဟုတ်ရင် တစ်ပတ်ကို တစ်ရက် ပေါ့။ ကူးစက်ရောဂါဆိုရင် ကူးစက်ရောဂါနဲ့ပတ်သက်တဲ့ဟာ။ နောက်တစ်ခုက မကူးစက်တတ်တဲ့ နာတာ ရှည်ရောဂါလိုဟာတွေပေါ့၊ NCD (Non-Communicable Diseases) ပေါ့။ အဲဒီလို clinic လေးတွေ ဖွင့်ပြီး တော့ လုပ်သင့်တယ်လို့တော့မြင်ပါတယ်။ ဘာလို့လဲဆိုတော့ အခုကာလမှာ ကျန်းမာရေး နဲ့ပတ်သက်ပြီး တော့ ရင်ဆိုင်ရတာ (၃)ချက်ရှိတယ်။ တစ်အချက်က လူတွေက လူပဲအနိုင်နိုင်လွတ်အောင် ပြေးလာတာ ဖြစ်တဲ့အတွက် သူတို့သောက်လက်စ ဆေးတွေမရှိတော့ဘူး။ နောက်တစ်ခုက သူတို့သွားပြရမယ့် ကျန်းမာရေးဌာနတွေ ဘယ်သွားပြရမှန်းမသိတဲ့ အနေအထားတွေရှိတယ်။ ဒီအတွက်က သူတို့ကို ဘယ် နေရာမှာပြရမလဲဆိုတဲ့နေရာတစ်ခုကို သီးသီးသန့်သန့် ရှိဖို့လိုတယ်။ အဲဒီအတွက် ဘယ်ရက်မှာတော့ ဘယ်ရွာမှာ mobile clinic လာထိုင်မယ်ဆိုတဲ့အရာ လုပ်သင့်ပါတယ်။ လုပ်လည်းလုပ်မယ်လို့ ယူဆပါ တယ်။ နောက်တစ်ခုက အမေနဲ့ကလေးတွေအတွက် ကျန်းမာရေးမှာလည်း ကိုယ်ဝန်ဆောင်သည်တွေ လာအပ်ဖို့၊ (၅)နှစ်အောက်ကလေးတွေ သေချာစောင့်ရှောက်ကြဖို့ပေါ့။ ဘာလို့လဲဆိုတော့ အခုနောက် ပိုင်းမှာ (၅)နှစ်အောက်ကလေးတွေမှာ အရေးပြားရောဂါတို့၊ ဝမ်းပျက်ဝမ်းလျှောတို့တွေ့နေရတယ်။ အရမ်းကြီးတော့ မဆိုးသေးပေမယ့် ဒါမျိုးတွေအတွက် သီးသန့်ရက် တစ်ရက်လုပ်သင့်တယ်။ နောက် တစ်ခုက သွေးတိုးဆီးချိုအတွက်က တစ်ရက်၊ NCD အတွက်တစ်ရက်၊ နောက်တစ်ခုက ကူးစက်ရောဂါ တွေ ဝမ်းရောဂါ လိုဟာမျိုးပေါ့။ အခုဆို ရေပြဿနာရှိတယ်။ အဲဒီလို သေချာမသုံးစွဲဘူးဆိုရင် ဝမ်းရောဂါ ဖြစ်သွားနိုင်တယ်။ အဲဒီတော့ ရေတွေကို ကလိုရင်းခတ်တာတို့ ဒီလိုဟာတွေကို တစ်ဖက်ကလုပ်သလို တစ်ဖက်ကလည်း ကူးစက်ရောဂါကိုစောင့်ကြည့်ပြီး ဆေးခန်းဖွင့်ပေးတာတို့။ ဝမ်းလျှောတာ သံသယရှိ တာနဲ့ ဆေးခန်းတန်းလာပြဆိုတဲ့အရာမျိုးတွေပေါ့။ တန်းပြီးတော့ emergency response အတွက်က တစ်ရက်ပေါ့။ ဘာလို့လဲဆိုတော့ (၃)ရက်လောက်တော့ ဆေးခန်းလေးတွေ ဖွင့်သင့်တယ်လို့ ယူဆပါတယ်။

မေး- ဥပမာအားဖြင့် ဆင်သေဆိုရင် ရေဘေးကြုံတယ်။ ကျေးလက်ကျန်းမာရေးဌာန ပြိုလဲသွားတယ် ပေါ့။ အဲဒီအခြေအနေမှာ ဆင်သေရွာကို ကျန်းမာရေး စောင့်ရှောက်မှုပေးဖို့အတွက် ဘယ်လိုအခက်အခဲ တွေ ရှိသွားခဲ့လဲ။ နောက်တစ်ခုက ကျေးလက်ကျန်းမာရေး ဌာနခွဲတွေကို အမြင့်မှာထားရင် ဘယ်လို အားသာချက် ရှိနိုင်လဲခင်ဗျ။
ဖြေ- ဒီကျေးလက်ကျန်းမာရေးဌာနက ဒီဒေသကို လွှမ်းခြုံနိုင်တဲ့ ဌာနလေးတစ်ခုပေါ့။ ဒီဒေသရဲ့ ကိုယ် ဝန်ဆောင်တွေကိုလည်း ကြည့်ပေးနေမယ်။ ကာကွယ်ဆေးလည်း ထိုးမယ်။ ကာကွယ်ဆေးထိုးတဲ့ နေရာ မှာ ဒီတိုင်းသာကြာနေမယ်ဆိုရင် ကာကွယ်ဆေးထိုးမယ့် အစီအစဉ်တွေကအစ ပုံမှန်ကာကွယ်ဆေးထိုး လုပ်ငန်းမှာပါ အားနည်းချက်တွေရှိလာနိုင်တယ်။ အဲဒါက နဂိုရှိနေတဲ့ run နေတဲ့ မျှခြေကြီးတစ်ခုက ဆေးခန်းထဲကို ရေရောက်သွားတဲ့အတွက် ပျက်စီးသွားတယ်။ အဲဒီလိုမှမဟုတ်ဘဲနဲ့ ဒီကောင်က အစ တည်းက Township Plan မှာ၊ Village Plan မှာ ထိပ်အမြင့်မှာ ရှိနေတယ်ဆိုရင် အကယ်၍ အခုလို မျိုးရေဘေးသင့်ခဲ့ရင် သူတို့အတွက် ခိုနားရာနေရာ တစ်ခုဖြစ်နိုင်တယ်။ အဲဒီကိုရှောင်ကြမယ်ပေါ့။ ပြီး တော့ ရောဂါဖြစ်ပြီဆိုရင် အဲဒီနေရာကနေ ရောဂါကို ထိန်းချုပ်နိုင်တယ်ပေါ့။ အဲဒီတော့ ဒီဟာက အမြင့် မှာ ရှိခြင်းရဲ့ကောင်း ခြင်းတွေပေါ့နော်။ ရေလွှမ်းတဲ့ဒဏ်ကို ခံနိုင်တဲ့နေရာတွေမှာ ကျောင်းတို့၊ ကျေးလက် ကျန်းမာရေးဌာနတို့ ဒီလိုဟာလေးတွေထားတယ်ဆိုရင် ခုနလိုအကျိုးအမြတ်တွေနဲ့ တကယ်ဖြစ်လာရင် လူတွေအတွက် ရှောင်စရာနေရာတစ်ခုလည်းဖြစ်မယ်။ အဲဒီကနေပဲ response လုပ်လို့ရတဲ့နေရာ တစ်ခု ဖြစ်မယ်။ ကျန်းမာရေးကြောင့်ပဲ ဖြစ်ဖြစ်၊ ဘာဖြစ်ဖြစ်ပေါ့နော် အဲဒီလို လုပ်လို့ရတဲ့နေရာတစ်ခုဖြစ်လာ နိုင်မယ်လို့ ကျွန်တော် ယူဆပါတယ်။

မေး-ရေးဘေးကြုံလာပြီဆိုရင် ရေဘေးသင့်ပြည်သူတွေအတွက် စိန်ခေါ်မှုဖြစ်လာတာက ကျန်းမာရေး လား ဆရာ။
ဖြေ-မှန်ပါတယ်ခင်ဗျ။ စားဝတ်နေရေးမှာ သူတို့စားနိုင်ဖို့၊ ဝတ်နိုင်၊ နေနိုင်ဖို့က အဓိကကျန်းမာရေး ကောင်းနေဖို့ လိုတာပေါ့လေ။ အဲဒီတော့ ကျန်းမာရေးက အားလုံးရဲ့အဓိကလို့ပဲ ကျွန်တော့်အနေနဲ့ ဖြေရမှာပေါ့လေ။

မေး-အခု ရေဘေးသင့်ပြည်သူတွေဆီ ကျွန်တော်တို့ သွားခဲ့တဲ့အခါမှာ သူတို့မှာ ဝမ်းရောဂါနဲ့ပတ်သက်ပြီး စိုးရိမ်မှုတွေတော့ ရှိတယ်ပေါ့လေ။ အဲဒီတော့ သူတို့မှာ ဝမ်းရောဂါနဲ့ပတ်သက်ပြီး သူတို့သိထားတဲ့ ဗဟုသုတမျိုးရှိနိုင်လားခင်ဗျ။ နောက်တစ်ခုက ကျွန်တော်တို့နိုင်ငံအခြေအနေနဲ့ ဝမ်းရောဂါတွေ ဖြစ်လာရင် တားဆီးနိုင်ပါ့မလားခင်ဗျ။
ဖြေ-ဝမ်းရောဂါအတွက်တော့ ကျန်းမာရေးဌာနက ဟောပြောပွဲတွေလုပ်နေပါတယ်။ ဝမ်းရောဂါဖြစ်ပွား နိုင်တာကလည်း ရန်ကုန်လိုနေရာမျိုးမှာတောင် ရေ ကြီးရင်ဖြစ်တတ်တာဆိုတော့လေ။ ဖြစ်နိုင် မဖြစ်နိုင် ကတော့ ပြောရနည်းနည်းခက်တယ်။ သူတို့ကာကွယ်ထားနိုင်မယ်ဆိုရင်တော့ အတိုင်းအတာတစ်ခုထိ တော့ သူတို့ကျော်လွှားနိုင်တယ်။ အခုတော့ ကျန်းမာရေး ဟောပြောပွဲတွေ ရွာတွေကိုလိုက်ဆင်းနေတာ တွေ့ရတယ်။ နောက်တစ်ခုက ပြောနေရုံနဲ့မရဘူးပေါ့။ ပြုလုပ်မှုလိုက်ရမယ်။ အဲဒီတော့ ရေကျပြီးသားရွာ တွေမှာ ကလိုရင်းခတ်တာတို့ အခုလုပ်တော့ လုပ်နေပါတယ်။ ဒါပေမဲ့ အားစိုက်လုပ်ဖို့လိုတယ်။ ပြီးတော့ ရေဘူးတွေထဲမှာ ရေသန့်ဆေးပြားတွေထည့်ရမယ်။ လုပ်နေတဲ့အချိန်မှာ အားနည်းချက်တွေရှိလာ နိုင်တဲ့ အတွက် ကျွန်တော်တို့က နည်းနည်းနဲ့ကျဲကျဲဝိုင်းနေရတဲ့ အနေအထားဖြစ်တာပေါ့။ ပြည်သူတွေကို ကျွန်တော်ပေးချင်တဲ့အကြံကတော့ ရေသန့်သောက်နိုင်ရင် သောက်၊ မသောက်နိုင်ရင် ရေကိုကျိုသောက် ဖို့လိုတယ်။ အဲဒီလိုဆိုရင်တော့ ဝမ်းရောဂါကို ကာကွယ်နိုင်မယ်။ နောက်တစ်ခုက ဝမ်းရောဂါဖြစ်ပြီဆိုရင် တန်းပြီးတော့ နီးစပ်ရာကျန်းမာရေးဌာန သို့မဟုတ် တာဝန်ရှိသူကို သတင်းပေးဖို့လိုတယ်။ ကြိတ်ကုနေ လို့မရဘူး။ ကုနေရင် ကိုယ်က source ဖြစ်သွားနိုင်တယ်။ အဲဒီမှာ (၁၀)ယောက်ကနေ အယောက်(၁၀ဝ) ကူးသွားနိုင်တယ်။ အဲဒီတော့ တစ်ယောက်ဖြစ်ရင် တစ်ယောက်လုပ်မယ်ဆိုရင်တော့ ဝမ်းရောဂါကို အထိုက်အလျောက် ကာကွယ်နိုင်မှာပါ။ ဒါပေမဲ့ ဒါကြီးက ဖြစ်မယ် မဖြစ်ဘူးကတော့ ပြောရခက်တယ် ပေါ့နော်။ ဖြစ်မယ် မဖြစ်ဘူးဆိုတာထက် ကာကွယ်ဖို့ကိုလုပ်ရမှာပါပဲ။

မေး- Township Plan အရတော့ ကျန်းမာရေး ဌာနတွေက အမြင့်ပိုင်းမှာ ရောက်သွားပြီပေါ့နော်။ အဲ ဒီလိုရောက်သွားပြီဆိုရင် ကျန်းမာရေးလုပ်ငန်းတွေကို မြန်မြန်ဆန်ဆန်လုပ်နိုင်ပါ့မလား ဆရာ။ အဲဒီလို လုပ်ဖို့အတွက်ကျရင် ဘာတွေလိုအပ်လဲခင်ဗျ။
ဖြေ-အဓိကကတော့ disaster သဘာဝဘေးနဲ့ပတ်သက်ပြီးတော့ အသိပေါ့နော်။ ဒါလေးကိုတော့ post disaster manegement အဲဒါကတော့ သဘာဝ ဘေးဖြစ်ပြီးနောက်ပိုင်းမှာ ဒါလေးကိုလုပ်ဖို့လိုတယ်။ ပြည်သူတွေသိဖို့ ကိုယ့်ဝန်ထမ်းတွေက ဒါလေးတွေ သိဖို့လိုတယ်။ နောက် “Drill”လုပ်ဖို့လိုတယ်။ ဥပမာ မီးသတ်တွေက မီးမလောင်ခင်မှာ “Drill” လုပ်သလို‌ပေါ့။ အပြင်မှာကြိုလေ့ကျင့်သလိုပေါ့။ သဘာဝဘေး တစ်ခုဖြစ်လာရင် ဘယ်သူက ဘာလုပ်ရမယ်ဆိုတာမျိုးပေါ့။ ကြိုပြီးတော့ စည်းချက်ဝါးချက်ကိုထားရင် ပို ပြီးတော့ လက်တွဲညီညီလုပ်နိုင်မှာပေါ့။ အခုကတော့ ပြဿနာက နှစ်(၇၀)အတွင်းမှာ ပထမဆုံးဖြစ်တာ။ မဖြစ်ဖူးတော့ ပြည်သူတွေက ဘာလုပ်ရမှန်းမသိတော့ဘူး။ ကယ်ဆယ်ရေးလုပ်မယ့် လူတွေကလည်း ဘာစကိုင်ရမှန်းမသိတဲ့ပုံစံမျိုး ဖြစ်တတ်တာပေါ့။ disaster နဲ့ပတ်သက်ပြီးတော့ သီအိုရီအရ သိထားတဲ့ လူတွေတောင်မှ ကျန်းမာရေးပေါ့နော်၊ တခြားဟာကိုပြောတာတော့ မဟုတ်ပါဘူး။ အဲဒါကို ဘယ်ကစရ မှန်းမသိတာ ဖြစ်တက်တယ်။ အဲဒါကြောင့် “Drill”လုပ်ဖို့တော့ လိုတာပေါ့။ disaster မှာ သူများနိုင်ငံ တွေမှာ လုပ်တယ်။ ရေကြီးလာရင် ဘာတွေလုပ်မလဲ။ ကယ်တဲ့လူတွေက ကယ်ကြမယ်။ ကျန်းမာရေးက ကျန်းမာရေး အလုပ်လုပ်မယ်။ နောက်ဘယ်နေရာကို ရွှေ့မယ်ဆိုတဲ့ အစတည်းကအတိုင်း Plan တစ်ခု အနေနဲ့ Master plan နဲ့ “ Drill ” လုပ်ထားကြတယ်။ ဂျပန်လိုနိုင်ငံမျိုး မှာပေါ့။ အဲဒီတော့ ကျွန်တော်တို့ နိုင်ငံမှာလည်း အဲဒီလိုမျိုး အလေ့အထလေးတွေ လုပ်ထားဖို့လိုတယ်လို့ ကျွန်တော်ထင်ပါတယ်။

မေး- အဲဒီတော့ သဘာဝဘေးကြိုတင်ကာကွယ်ဖို့ Township Plan လိုတယ်။ အဲဒီ Township Plan ကို ပံ့ပိုးဖို့အတွက် Plan တစ်ခုထပ်ပြီး လိုအပ်တာလား ဆရာ။
ဖြေ-ဟုတ်ပါတယ်။Plan ဆိုတာကလည်း disaster response နဲ့ပတ်သက်ပြီး Plan ပေါ့နော်။ Town­ship Plan ကတော့ အကုန်လုံးနဲ့ဆိုင်တာပေါ့နော်။ Securation အရ လိုအပ်မယ့်အရာလေး တွေကို ဘယ်နားဘာထားမယ်ဆိုတာမျိုး အဲဒီ Plan ပေါ့။ ဒါကတော့ ရုပ်ဝတ္ထုအရပေါ့နော်။ နောက်တစ် ဖက်က ကျတော့ activity နဲ့ပတ်သက်ပြီးတော့ Plan တစ်ခု လိုတာပေါ့။ နောက်တစ်ခါဒီလိုရေကြီးရင် ဘာလုပ်မလဲ။ အဲဒီဘာလုပ်မလဲဆိုတာနောက်မှာ အဲဒီ Township Plan တွေအားလုံးပါသွားမှာပေါ့။ လူတွေကို ဘယ်လိုကယ်မလဲဆိုတာတွေနဲ့ လူတွေဘယ်လို လုပ်ဆောင်ရမလဲဆိုတွေ အကုန်ပါသွား တာပေါ့။

မေး-ကျွန်တော်တို့နိုင်ငံမှာရှိတဲ့ ကျန်းမာရေးဌာနတွေ က ဥပမာဆင်သေရွာက ကျန်းမာရေးဌာနလိုမျိုး ရှိနေ ကြတယ်လို့ ယူဆလို့ရလားခင်ဗျာ။ မြေနိမ့်ပိုင်းမှာရှိနေ တာမျိုးတွေနဲ့ တစ်ခုခုဖြစ်ရင် ကျန်းမာရေး ဌာနက အရင်ပါသွားတာမျိုးတွေဖြစ်နိုင်တဲ့နေရာတွေမှာ အများစု ရှိနေကြလားခင်ဗျ။
ဖြေ-အဲဒါကတော့ ကျွန်တော်တို့ ကျန်းမာရေးဌာနတင် မဟုတ်ပါဘူး။ ကျွန်တော်တို့နိုင်ငံရဲ့ Tow­nship Plan ပေါ့နော်။ ပြောရရင် အဲဒီအားနည်းချက်လေးတွေ ရှိတယ်လို့တော့ ကျွန်တော်မြင်မိတယ်။ ဘာလို့ လဲဆိုတော့ တချို့နေရာတွေမှာဆိုရင် တိုက်နယ် ဆေးရုံ(၂)ရုံက လှမ်းခေါ်ရင်ကြားရတဲ့ အနေအထား မှာဖြစ်တယ်။ ဒါတွေက Plan အရ မဖြစ်သင့်ဘူးပေါ့ လေ။ ဒီဟာက မလိုအပ်ဘဲဖြစ်နေတာ။ အဲဒီ အတွက် တချို့နေရာတွေကျတော့လည်း လေး ငါး ဆယ်မိုင် ပြည့်မှ ကုန်းကြီးကျော်ပြီးမှ နောက်ထပ် ကျေးလက် ကျန်းမာရေးဌာနကိုရောက်တယ်။ ဒီလိုတွေကတော့ မဖြစ်သင့်ဘူး။ သေချာကို ဘယ်နား ဘယ်နားကတော့ လိုအပ်တယ်။ ဒီနေရာကတော့ မလိုအပ်ဘူး။ ဒါက လည်း အရင် လွှတ်တော်တွေ ကာလမှာ ကိုယ်စားလှယ်တွေက ဝိုင်းဝန်းတောင်းကြတာကိုး။ ကိုယ့်နေရာကိုယ် ရအောင် ကျေးလက် ကျန်းမာရေးဌာနဆောက် ပေးမယ်။ ဒီလို ဝိုင်းဆောက်ကြတော့ အရမ်းကပ်သွား တာမျိုးတွေရှိသွား တာပေါ့။ အဲဒီလိုပဲ disaster နဲ့ ပတ်သက်ပြီးတော့ ဧရာဝတီတိုင်းမှာတော့ နာဂစ်ဖြစ် ပြီးတည်းက အဲဒီ Plan လေးကိုဆွဲကြတော့ စနစ်ကျ တယ်ပြောရမှာပဲ။ ကျန်တဲ့နေရာတွေမှာတော့ မဖြစ် သေးလို့ပဲ ဒီလို ဆက်လုပ်နေတာလား။ ဒါမှမဟုတ်ရင် disaster prone လို့မထင်လို့လားပေါ့။ ဒီလိုမျိုးတော့ Township Plan မှာ အားနည်းချက်လေးတွေ ရှိ တယ်လို့မြင်ပါတယ်။

မေး-အဲဒီလိုမျိုးလုပ်မယ်ဆိုရင် အဓိကတော့ မြို့မိမြို့ဖတွေရဲ့ တာဝန်လည်းရှိတာပေါ့နော်။ မြို့မိမြို့ဖ တွေမှာကော အဲဒီအမြင်မှာ အားနည်းချက်ရှိတယ်လို့ မြင်လားပေါ့နော်။ အဲဒီ မြို့မိမြို့ဖတွေကိုလည်း ဘာ တွေတိုက်တွန်းချင်ပါသလဲ ခင်ဗျာ။
ဖြေ- ရှိတယ်လို့မြင်ပါတယ်။ disaster နဲ့ ပတ်သက်ပြီးရင် အခုအချိန်ထိ ပုရွက်ဆိတ်အပေါ်ကိုတက်မှ ရေကြီးမယ်လို့ထင်တဲ့အဆင့်ကနေ တက်မလာသေး ဘူးပေါ့နော်။ ဒီဟာမှာလည်း တချို့ကျေးရွာတွေက စောစောပြောင်းနိုင်တယ်။ ဘာလို့လဲမေးတော့ ဒီအ ဆိပ်ရှိတဲ့သတ္တဝါတွေက ဥပမာ- မြွေပွေးလိုအကောင် မျိုးတွေ အိမ်ပေါ်မှာတွေ့နေရတယ်။ အဲဒီတော့ ရေကြီးမယ်လို့ သူတို့ယူဆတယ်။ ဒီလိုပဲ ရှေးရိုးတွေနဲ့ သွားနေတယ်ပေါ့နော်။ တကယ်တော့ အဲဒီလိုမ ဟုတ်ဘဲနဲ့ သိပ္ပံနည်းကျကျ ဘယ်လိုအချက်အလက် နဲ့ဆိုဘာဖြစ်နိုင်မလဲ၊ ဖြစ်ခဲ့ရင် ဘာဖြစ်နိုင်မလဲ အဲဒီ လိုဟာမျိုး စနစ်တကျ ဥပမာ- မိုးလေဝသကို ဖတ် တတ်တဲ့အလေ့အကျင့်၊ မိုးထစ်ချုန်းရွာမယ်ဆိုရင် ဘာဖြစ်မလဲပေါ့နော်။ နောက်ပြီး နိုင်ငံတော်အကြီး အကဲတွေပြောတဲ့အထဲမှာလည်း ပါပါတယ်။ ဌာန ဘက်ကလည်း ပြည်သူတွေနားလည်နိုင်တဲ့ စကားလုံး အသုံးအနှုန်းလေးတွေနဲ့ သုံးရမယ့်အလေ့အကျင့် ဒီလိုလေး ဟန်ချက်ညီအောင်လုပ်ဖို့တော့ အများကြီး လိုအပ်တယ်လို့ မြင်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ ကျန်းမာရေးအသိပညာပဲဖြစ်ဖြစ်၊ ဘယ်အသိပညာ မဆိုပါ နည်းနည်းလေးအားနည်းချက်လေးတွေ ရှိတယ်။ ဒါတွေကိုတော့ အချိန်တစ်ခုယူပြီးတော့ ပြုပြင် ပြောင်းလဲဖို့တော့လိုတယ်။ ဒါကတော့ တန်းပြီး တော့မဖြစ်နိုင်ဘူးပေါ့လေ။ ပညာရေး အဆင့်အတန်း အစ ဖြည်းဖြည်းချင်း မြှင့်တင်ပြီးလုပ်ရမယ်။ အဲဒီကမှ လူတွေက သဘာဝဘေးအပေါ်ပဲဖြစ်ဖြစ်၊ ကျန်းမာ ရေး၊ ပညာရေးပေါ်ပဲဖြစ်ဖြစ် အမြင်တွေ သူတို့ရဲ့ ကောက်ချက်ဆွဲတာတွေ သူတို့ရဲ့တုံ့ပြန်တာတွေက အချိန်တစ်ခုရောက်လာရင် အဲဒီလိုသာ ဟန်ချက် ညီညီလုပ်လာရင် တိုးတက်သွားမယ်လို့ မြင်ပါတယ်။

မေး-အရေးပေါ်သဘာဝဘေးအတွက်ပေါ့နော်။ တစ်ခုခုမဖြစ်ခင်မှာ ကြိုတင်ကာကွယ်ဖို့အတွက် ဆရာ ပြောခဲ့တဲ့ Township Plan ဖြစ်လာဖို့ ပြည်သူတွေက အစိုးရကိုဘာတွေတောင်းဆိုသင့်သလဲဆရာ။ အစိုးရကကော ဘယ်လောက်ထိ စဉ်းစားပေးသင့်လဲ။
ဖြေ-အဓိကတော့ ပြည်သူတွေအနေနဲ့ သဘာဝဘေး တစ်ခုဖြစ်လာရင် ခိုနားရာ၊ ပြေးမယ့်နေရာတစ်ခုပေါ့ နော်။ ဒီလိုအရာမျိုးတွေ ဒေသတစ်ခုမှာ တစ်ခုထား ပေးဖို့ တောင်းဆိုလို့ရတယ်။ သူတို့က အဲဒီလောက်ပဲ လုပ်နိုင်တယ်။ သူတို့မှာ ကျန်းမာရေးဖြစ်လာရင် ဘယ်လိုလုပ်ပေးပါတော့ လုပ်နိုင်မှာမဟုတ်ဘူးပေါ့နော်။ အဲဒီတော့ သူတို့တောင်းဆိုရမှာက အကယ်၍ တကယ်ဖြစ်လာရင် ဘယ်နားသွားရမလဲ။ ဘယ်နား ဆေးခန်းသွားပြရမလဲ။ အဲဒီလိုတွေတော့ တောင်း ဆိုလို့ရမယ်။ ပြည်သူတွေက မတောင်းဆိုရင်လည်း အစိုးရဌာနဘက်က ထည့်သွင်းစဉ်းစားပေးပြီး လုပ် ပေးရမှာ။ ဒါကြီးက ပြည်သူတွေထက်ပိုပြီးတော့ အစိုးရက အမြင်ကျယ်ပါတယ်။ အဲဒီတော့ အစိုးရက လုပ်ပေးဖို့လိုတယ်။ ဒါပေမဲ့ တချို့ပြည်သူတွေက အခုကျန်းမာရေးဌာနက အိမ်နားမှာနီးတယ်။ အပေါ် တက်လိုက်မှ သွားပြရတာဝေးသွားတယ်ဆိုတဲ့ အမြင်တွေလည်းရှိနိုင်တယ်။ အဲဒီတော့ တစ်ယောက်ချင်းအမြင်ကိုထည့်သွင်းစဉ်းစားနေရင် တချို့ ကလည်း ရွှေ့တာကြိုက်မယ်၊ တချို့ကလည်း ရွှေ့တာ မကြိုက် ဘူးဆိုတာတွေကလည်း ဖြစ်လာနိုင် တယ်။ အဲဒါကို အစိုးရဘက်က Plan ကိုသေချာဆွဲပြီးတော့ သေချာ လေး ဒါကဖြစ်သင့်တယ်၊ ဘာ ကြောင့် ဒီလိုရွှေ့ရတာ ဆိုတာမျိုးကို ပြည်သူကိုပြန်ပြီး ပြောပြသင့်တယ်။ ပြည်သူကို ပြန်ပြီးတော့ စည်းရုံးပြီးတော့ နေရာရွှေ့ တာမျိုးလုပ်သင့်တယ်။ ပြည်သူကတင်ပြတာတော့ အများကြီးရှိနိုင်တယ်။

မေး-ကျေးလက်ကျန်းမာရေးဌာနက တာဝန်ရှိတဲ့လူ တွေက သူတို့မှာ သဘာဝဘေးနဲ့ပတ်သက်ပြီး လုံ လောက်တဲ့ ဗဟုသုတတွေရှိတယ်ထင်လား ဆရာ။
ဖြေ- သူတို့မပြောနဲ့ ကျွန်တော်တို့အဆင့်မှာတောင် ရှိပါတယ်။ သီအိုရီအရတော့ သိပါတယ်။ ကျန်းမာ ရေးနဲ့ပတ်သက်ပြီး သဘာဝဘေးတစ်ခုဖြစ်ပြီဆိုရင် ဝမ်းရောဂါဖြစ်တတ်တယ်။ သွေးလွန်တုပ်ကွေးဖြစ် တတ်တယ်။ ဒဏ်ရာတွေရတာဖြစ်တတ်တယ်။ ကူး စက်ရောဂါတွေဖြစ်တတ်တယ်။ မကူးစက်နိုင်တဲ့ရော ဂါတွေကလည်း ဆေးဝါးတွေပြတ်လို့ဖြစ်နိုင်တယ် ဆိုတာကလည်း ဒါတွေကဖြစ်တတ်ပါတယ်။ ဒါပေမဲ့ အဲဒါတွေကို ဘယ်လိုစီမံခန့်ခွဲမလဲ။ စီမံခန့်ခွဲမှုမှာက လည်း စက်ဘီးစီးတာတို့၊ ရေကူးတာတို့စတဲ့ အခြေ ခံလေးတွေတောင်မှ သေချာလေ့ကျင့်နေမှ ကျွမ်း ကျင်မှုအပိုင်းဆိုတာရှိတာကိုး။ အဲဒီတော့ ဒီဟာကို သီအိုရီအရနဲ့ လေ့ကျင့်မှုအပိုင်းတွေကိုတော့ တောက် လျှောက်လုပ်နေဖို့လိုတယ်လို့ မြင်ပါတယ်။ သူတို့ အဆင့်မှာတင်မဟုတ်ပါဘူး။ မြို့နယ်အဆင့်တွေနဲ့ ကျွန်တော်တို့လို ဆရာဝန်အဆင့်တွေမှာတောင် အားနည်းချက်တွေရှိမှာပါ။

မေး-ကျွန်တော်တို့မြန်မာနိုင်ငံမှာရှိတဲ့ အများပြည်သူ ဝန်ဆောင်မှုနဲ့ပတ်သက်တဲ့ လုပ်ငန်းတွေက သဘာဝ ဘေးနဲ့ပတ်သက်ပြီး လျှော့တွက်တဲ့အနေအထားမျိုး တွေရှိလားခင်ဗျာ။
ဖြေ-သဘာဝဘေးနဲ့ပတ်သက်ပြီးတော့ လျှော့တွက် တဲ့ဌာနရယ်လို့တော့မရှိပါဘူး။ ကျွန်တော်တို့ဌာနတွေ ဆိုရင် မိုးရွာရင် ရေကြီးနိုင်တယ်ဆိုတဲ့အသိကြောင့် တချို့ဟာတွေ ဥပမာ- ECG လိုစက်မျိုးတွေကို အ မြင့်ပိုင်းကို ရွှေ့ထားကြတာတွေရှိပါတယ်။ ပျက်စီးနိုင် တဲ့ အရာတွေ‌ရွှေ့တာတို့တော့ ရှိပါတယ်။ ကိုယ့် အဝန်း အဝိုင်းထဲမှာ စီမံခန့်ခွဲမှုတော့ရှိပါတယ်။ ကျေးရွာလူထု လိုတော့ အဲဒါကြီးက ငါတို့ တစ်သက် တစ်ခါမှ မမြင် ဖူးဘူး။ ငါတို့ဆီလာမှာမဟုတ်ပါဘူးဆိုပြီး လျှော့တွက် တာမျိုးတော့မရှိပါဘူး။ ဒါပေမဲ့ တကယ်ဖြစ်လာ တဲ့အချိန်မှာ ခြေမကိုင်မိလက်မကိုင်မိတော့ ဖြစ်တာ ပေါ့။ ဒါကလည်း သဘာဝ ဘေးကိုလျှော့တွက်တာ မျိုးမဟုတ်ဘဲနဲ့ မကြုံတွေ့ဖူးတဲ့အခြေအနေကြီးကို ဝုန်းခနဲကြုံတွေ လာရလို့ မှင်သေသွားတဲ့ ပုံစံမျိုးတွေ တော့တွေ့ရတယ်။ အဲဒီတော့ ဒီလိုမျိုးဖြစ်လာရင် ဘာလုပ်ရမလဲဆိုတာကို လေ့ကျင့်နေဖို့လိုတယ်။ ခေါင်းဆောင်ဖြစ်တဲ့ ဆရာဝန်တစ်ယောက်တည်းက ဒါမျိုးကို လေ့ကျင့်ထား လို့မရဘူး။ အဲဒီမှာရှိတဲ့ သန့် ရှင်းရေးကအစ၊ ယာဉ်မောင်းအထိ Team နဲ့ လုပ် တတ်တဲ့အကျင့်ရှိထားမှာ ဒါကြီးကို ကယ်ဆယ်နိုင် မှာပါ။ ဒီ drill က အများကြီး လိုအပ်ပါတယ်။

မေး- ဟုတ်ကဲ့ပါဆရာ။ နောက်တစ်ခုက ကျေးလက် ကျန်းမာရေးဌာနတွေမှာ အခုသဘာဝဘေးနဲ့ပတ် သက်ပြီး ဆေးဝါးတွေ အလုံအလောက် ရှိပါသလား။ ဘာများ ထပ်ဖြည့်ဖို့လိုအပ်ပါသလဲ။
ဖြေ-ပုံမှန်လည်း ကျန်းမာရေးလုပ်တဲ့ program တွေမှာ ကူးစက်ရောဂါတွေကို ဘယ်လိုကာကွယ်မယ်။ ကာကွယ်ဆေးဘယ်လိုထိုးမယ်။ ဒါတွေက ခုတင်နဲ့ ချိန်ပြီးတော့ ခုတင်(၁၀ဝ)ဆို(၁၀ဝ)။ ခုတင်(၂၀ဝ)ဆို (၂၀ဝ) အလုံအလောက်ရှိပါတယ်။ သို့သော် ဒီကာ လမှာ ဖြစ်နိုင်တာပေါ့နော်။ ဒါတော့ ကျွန်တော်လည်း စာရင်းအတိအကျတော့မသိဘူး။ ဆေးဝါးတွေလည်း ပျက်စီးမှုအနည်းငယ်တော့ ရှိသွားနိုင်တယ်။ ဒီဟာ တွေမှာ ပြည်သူတွေကိုစောင့်ရှောက်မှုအပိုင်းမှာ လူအရရော၊ နေရာအရရော ဆေးဝါးအရရော ဒီသ ဘာဝဘေးကြောင့် အနည်းငယ်တော့ အားနည်းမှုဖြစ် သွားနိုင်တယ်။ ဒါကိုတော့ စာရင်းအတိအကျ ရလာရင် ဘယ်နေရာကို ဘယ်လို ထပ်ဖြည့်ရမယ်ဆိုတာတော့ လုပ်ဖို့လိုတယ်လို့မြင်မိတယ်။ သဘာဝ ဘေးဖြစ်တဲ့ နေရာတွေမှာ ဘယ်လို သဘာဝဘေးအန္တရာယ်ဖြစ်လဲ ဆိုတာပေါ်မူတည်ပြီး ဥပမာ-ဝမ်း ရောဂါဖြစ်တတ်တယ်ဆိုရင် ဝမ်းရောဂါနဲ့ဖြစ်တတ်တဲ့ ဓာတ်ဆားထုပ်။ နောက်တစ်ခုက ချိတ်မယ့်ပုလင်း တွေ၊ နောက်တစ်ခု က ရေကိုခတ်မယ့်ကလိုရင်းတွေ ရေသန့်ဆေးပြား တွေ။ ဆေးပြားတွေကို အရင်က ထက်ပိုပြီး ပြင်ဆင် ထားရမယ်။ ဒါပေမဲ့ ရေတက်လာရင် ဘာမှမလုပ်နိုင်ဘဲ ပါသွားနိုင်တာဖြစ်တဲ့အတွက် မြင့်တဲ့နေရာတွေမှာပြင် ဆင်ထားဖို့တော့လိုအပ်တာပေါ့နော်။ နောက်ဆုံးပြော ချင်တာကတော့ ပြည်သူ တွေပဲဖြစ်ဖြစ်၊ ဝန်ထမ်းတွေ ပဲဖြစ်ဖြစ် သဘာဝဘေးနဲ့ပတ်သက်ပြီး ပေါ့ဆလို့ မရဘူး။ သဘာဝ ဘေးနဲ့ ပတ်သက်ပြီး အသိတွေက မြှင့်ထားဖို့လိုတယ်။ ကိုယ်ကလည်း ဒီဗဟုသုတတွေ ကို ရှာထားဖို့လိုသလို နိုင်ငံတော်အစိုးရဘက်ကလည်း ဒီသဘာဝဘေးနဲ့ပတ်သက်ပြီး ရေကြီးလာရင် ဘာလုပ်ရမယ်၊ ဘာတွေ လုပ်သင့်တယ်။ မိုးလေဝသကို ဘယ်လိုကြည့်ရမယ်ဆိုတဲ့ အသိပညာပေးတွေကို ဖြန့်ဝေတဲ့အလုပ်တွေကို အရင်ထက်ပိုလုပ်သင့်တယ်။ မီဒီယာကနေမှမဟုတ်ဘဲနဲ့ ရပ်ကွက်တွေထဲ ကွင်း ဆင်းပြောတာတို့ လေ့ကျင့်ပေးတာတို့လုပ်သင့်ပါတယ်။

အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

zawgyi version
ေရေဘးအလြန္ ျပန္လည္ထူေထာင္ေရးမွာ ေဆး႐ုံေတြ ၊ ေက်ာင္းေတြ ၊ အေရးႀကီးတဲ့ ဌာနဆိုင္ရာေတြအတြက္ Township Plan ေသခ်ာဆြဲသင့္တယ္
သန႔္ဇင္ (NP News) - ေအာက္တိုဘာ ၃

သဘာဝေဘးအႏၲရာယ္ႀကဳံေတြ႕ရပါက ေဆး႐ုံ၊ ေဆးခန္းမ်ားအပါအဝင္ ျပည္သူ႔ဝန္ေဆာင္မႈ ေပးေသာေနရာမ်ားသည္ ေဘးသင့္ေဒသ ျပန္လည္ထူေထာင္ေရး၊ က်န္းမာေရးအတြက္ အေရးႀကီး ေသာအရာမ်ားျဖစ္သည္။ သို႔ေသာ္ အဆိုပါေနရာမ်ားသည္ ေဘးလြတ္ရာတြင္ တည္ေဆာက္မႈနည္းပါး ေၾကာင္းလည္း ေတြ႕ျမင္ရျပန္သည္။ အဆိုပါအေျခအေနမ်ားႏွင့္ပတ္သက္၍ သဘာဝေဘးျဖစ္ပြားႏိုင္ သည့္ ေဒသမ်ားတြင္ ယင္းအေဆာက္အအုံမ်ားကို မည္သည့္ေနရာမ်ားတြင္ တည္ေဆာက္သင့္ပုံ၊ လုပ္ ေဆာင္သင့္ပုံမ်ားကို ကာကြယ္ေရးႏွင့္ အပူပိုင္းေဆးပညာ (Master Of Preventive and Tropical Medicine) အထူးကုသမားေတာ္ ေဒါက္တာျပည့္ထူးအား NP News က ေမးျမန္းထားသည္မ်ားကို ေကာက္ႏုတ္ေဖာ္ျပအပ္ပါသည္။

ေမး-မဂၤလာပါဆရာ။ ပထမဆုံးေမးခ်င္တာက ဆရာကိုယ္တိုင္ ေရေဘးကယ္ဆယ္ေရးေတြလည္း လုပ္ခဲ့တာဆိုေတာ့ အမ်ားျပည္သူ အေဆာက္အအုံေတြ၊ အမ်ားျပည္သူဝန္ေဆာင္မႈေပးတဲ့ အေဆာက္ အအုံေတြရဲ႕အေျခအေနက ဘယ္လိုရွိတယ္လို႔ ဆရာျမင္ေတြ႕ရပါသလဲ။
ေျဖ -အဓိက အမ်ားျပည္သူဝန္ေဆာင္မႈေပးတဲ့အ ေဆာက္အအုံေတြေပါ့။ ပညာေရး၊ က်န္းမာေရးေပါ့ ေနာ္။ ပညာေရးဆို ေက်ာင္းေတြေပါ့။ က်န္းမာေရးဆို ေက်းလက္ေဆးေပးခန္းေတြရွိတယ္။ တခ်ိဳ႕ေနရာ ေတြမွာ ေဆး႐ုံေတြရွိတယ္။ တပ္ကုန္းဘက္မွာဆို ေဆး႐ုံေတြေပါ့ေနာ္။ အဲဒါေတြက ေရေဘးဒဏ္ကိုပါ ခံခဲ့ရတာကို ေတြ႕ရတယ္။ ဒါေတြက လတ္တေလာ ေရေဘးျဖစ္ၿပီးတဲ့ေနာက္ပိုင္းမွာ လူေတြက က်န္းမာ ေရးအရ လတ္တေလာရွာေဖြဖို႔ခက္သြားတဲ့ အေနအထားေလး ျဖစ္သြားတာကိုေတြ႕ရပါတယ္။

ေမး-ဆရာဝန္တစ္ေယာက္အေနနဲ႔ က်န္းမာေရးအ ေဆာက္အအုံေတြ၊ အထူးသျဖင့္ ျပည္သူ႔ဝန္ေဆာင္မႈ ေပးတဲ့အေဆာက္အအုံေတြက ဘယ္လိုပုံစံမ်ိဳးရွိ ေနသင့္တယ္လို႔ ယူဆပါသလဲ ခင္ဗ်ာ။
ေျဖ- အဓိကေတာ့ disaster prone area ေပါ့။ သဘာဝ ေဘးေတြျဖစ္ႏိုင္တဲ့ေနရာေတြမွာဆိုရင္ disaster preparedness ဆိုတဲ့ fact ေပါ့။ disaster မွာ Fact (၃)ခုရွိတာေပါ့။ Impact ျဖစ္တဲ့ fact ရယ္။ ေနာက္တစ္ခုက disaster response လုပ္တဲ့ fact ။ ေနာက္တစ္ခုက ျပန္မျဖစ္ေအာင္ prepare လုပ္တဲ့ fact ။ အဲဒီ fact (၃)ခုရွိတဲ့အထဲမွာ preparedness fact က disaster prone area ေတြမွာဆိုရင္ အမ်ား ျပည္သူကိုဝန္ေဆာင္မႈေပးတဲ့ ေက်းလက္က်န္းမာေရး ေဆးခန္း၊ ေဆး႐ုံေတြ၊ ပညာေရးနဲ႔ပတ္သက္တဲ့ ေက်ာင္းေတြ။ ေနာက္တစ္ခုက လုံၿခဳံေရးပိုင္းျဖစ္တဲ့ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနတို႔၊ ျမန္မာႏိုင္ငံရဲ တပ္ဖြဲ႕လို အေဆာက္အအုံေတြဟာ ဒီ disaster ကို ခံႏိုင္ရွိတဲ့ Disaster resilience power ေပါ့ေနာ္။ ခံႏိုင္ရည္ရွိတဲ့ဟာ ျမႇင့္တင္ႏိုင္တဲ့အေနအထားမ်ိဳးမွာ ရွိရမယ္။ ဥပမာ- ေရႀကီးတတ္တဲ့ေဒသေတြမွာ ဆိုရင္ ေတာင္ေပၚေတြမွာရွိတဲ့ဟာ။ ေနာက္တစ္ခု တျခား သဘာဝေဘးေပါ့။ ေတာမီးေလာင္တတ္တဲ့ ေဒသေတြမွာဆိုရင္ မီးလြတ္တဲ့ေနရာမ်ိဳးတို႔၊ ဒီလိုမ်ိဳး preparation ေသခ်ာအတိအက် လုပ္ထားသင့္ တာေပါ့။ အခု ဒီေနရာ(ဆင္ေသေက်း႐ြာ)ကိုပဲေျပာရမယ္ဆိုရင္ ေရႀကီးတတ္တဲ့ေနရာေပါ့။ ဆရာတို႔သြား ရင္လည္း ေတြ႕ရပါတယ္။ ေက်းလက္က်န္းမာေရးဌာနေတြပါ ေရထဲမွာပါေနတာေတြ႕ရပါတယ္။ ဒီလိုေတြ မျဖစ္သင့္ဘဲနဲ႔ ျပန္လည္ထူ ေထာင္တဲ့အခ်ိန္မွာ ကုန္းျမင့္တဲ့ေနရာတို႔ အကယ္၍ ေရႀကီးလာၿပီဆိုရင္ အနည္းဆုံး ျပည္သူေတြ ခိုနားရာေနရာလည္းျဖစ္မယ္။ ၿပီးေတာ့ က်န္းမာေရးေစာင့္ေရွာက္မႈလည္း ေပးႏိုင္မယ္ေပါ့။ က်န္းမာေရးတစ္ခုတည္းကိုေျပာမယ္ဆိုရင္ ဒီလိုေနရာေတြျဖစ္သင့္တယ္။ ေနာက္ တစ္ခ်က္က ေက်ာင္းေတြေပါ့။ အခုလည္းေက်ာင္းေတြပါ ပါသြားတဲ့အတြက္ ေက်ာင္းေတြပါပိတ္ထားရ တယ္။ အဲဒီေက်ာင္းေတြကလည္း နည္းနည္းျမင့္တဲ့ေနရာေတြမွာရွိေနမယ္ဆိုရင္ အဲဒီေက်ာင္းေတြက အခုလို ေရႀကီးတာမ်ိဳးျဖစ္လာၿပီဆိုရင္ လူေတြခိုနားရာေနရာတစ္ခုျဖစ္လာသလို ေက်ာင္းေတြလည္း ပိတ္စရာမလိုေတာ့ဘူးေပါ့။ ဒီလိုမ်ိဳး Township plan ကို ျပန္လည္ထူေထာင္ေရးကာလမွာ လုပ္သင့္ တယ္လို႔ျမင္ပါတယ္။

ေမး- ဟုတ္ကဲ့ဆရာ။ အဲဒီ Township plan ျပန္လုပ္ဖို႔ကေတာ့ လြယ္ပါ့မလားဆရာ။ အခုဆို ဆင္ေသ ႐ြာမွာဆိုရင္ အိမ္ေတြေတာင္ျပန္ေဆာက္ဖို႔ အခက္အခဲျဖစ္ေနတဲ့အေနအထားမ်ိဳးဆိုေတာ့ အဲဒါကေကာ ဆရာ ဘယ္လိုမ်ိဳးအႀကံျပဳခ်င္ပါသလဲ ခင္ဗ်ာ။
ေျဖ- Township plan လုပ္ဖို႔က Master Plan နဲ႔ သြားရင္ သိပ္အရမ္းႀကီးေတာ့ မခက္ပါဘူး။ တခ်ိဳ႕အ ရာေတြ ျပန္လည္ေဖာ္ေဆာင္ရမွာရွိတယ္။ လယ္ ကြက္ေတြေပါ့။ လယ္ကြက္ေတြမွာဆိုရင္ ဘယ္ဟာက ကန္သင္း႐ိုးမွန္းေတာင္မသိေတာ့တဲ့အေနအထားမွာ လယ္ကြက္ေတြကို ေသခ်ာပုံေဖာ္ရမယ္။ ဒီလိုမ်ိဳး အမ်ားႀကီးလုပ္လို႔ရတဲ့အထဲမွာ Township Plan ကလည္းအရမ္းႀကီး ခက္ခဲတဲ့အပိုင္းမွာ မရွိဘူးလို႔ေတာ့ ျမင္ပါတယ္။ ဘာလို႔လဲဆိုေတာ့ ကြၽန္ေတာ္တို႔သြားတဲ့ေနရာမွာ ေတာင္ကုန္းေလးေတြရွိတယ္။ ေနာက္ ဆုံး ဘယ္လိုမွမရွိရင္ေတာင္ လြတ္တဲ့႐ြာကိုေျပာင္းထားသင့္တယ္။ ဥပမာ- ဆင္ေသ႐ြာမွာ က်န္းမာေရး ဌာနတစ္ခုရွိတယ္ထားပါေတာ့။ အဲဒီမွာ Township Plan အရ၊ Village Plan အရ အေပၚမွာ အျမင့္ မရွိဘူးဆိုရင္ အဲဒီကေနနီးတဲ့ေနရာကို ေက်းလက္က်န္းမာေရးေဆးခန္းေျပာင္းတာတို႔၊ ေက်ာင္းေျပာင္း တာတို႔ ဒီလိုေလးေတာ့လုပ္ရမယ္တို႔ ရွိႏိုင္တယ္။ မျဖစ္ႏိုင္တာေတာ့မဟုတ္ပါဘူး။ ျဖစ္ႏိုင္ပါတယ္။ ဒီေနရာမွာျဖစ္ရင္ ေနရာေျပာင္းတာတို႔ေပါ့။ အခုေတာ့ တာဝန္ရွိသူေတြလည္းေျပာပါတယ္။ ေတာက္ ေလွ်ာက္ ျဖစ္ေနမယ္ဆိုရင္ ေနရာေျပာင္းတာ စဥ္းစားရမယ္လို႔ သူတို႔ရဲ႕မိန္းခြန္းေတြမွာလည္းေတြ႕ေန ရေတာ့ ဒါဟာ မျဖစ္ႏိုင္စရာအေၾကာင္းေတာ့မရွိပါဘူး။ ျဖစ္ႏိုင္ပါတယ္။

ေမး-ဟုတ္ကဲ့ဆရာ၊ ဆရာကိုယ္တိုင္ကလည္း ေရေဘးကူညီခဲ့တာရွိတယ္။ ကြၽန္ေတာ္တို႔ကိုယ္တိုင္က လည္း ဆင္ေသ႐ြာျဖစ္စဥ္ကို ေတြခဲ့ရတယ္။ ေက်းလက္ က်န္းမာေရးဌာနဆိုရင္ ေရေဘးမွာျမဳပ္သြား တဲ့အေနအထားရွိတယ္။ ဆရာတို႔စၿပီးကူညီခဲ့တဲ့အခ်ိန္မွာ ဘယ္လိုမ်ိဳးထည့္သြင္းစဥ္းစားၿပီး ကူညီခဲ့ရ လဲခင္ဗ်။
ေျဖ- ျဖစ္ၿပီးေနာက္ရက္မွာ က်န္းမာေရးဝန္ႀကီးဌာန ဘက္ကေရာ၊ အစိုးရဘက္ကေရာ ကယ္ဆယ္ေရး စခန္းေတြဖြင့္တယ္။ အဲဒီမွာ က်န္းမာေရးေစာင့္ေရွာက္မႈ အျပည့္အဝေပးတယ္။ ဒါေပမဲ့ တခ်ိဳ႕ေပါ့ေနာ္။ ကြၽန္ေတာ္တို႔ ျမန္မာေတြရဲ႕ထုံးစံအရ ကိုယ္နဲ႔နီးစပ္ရာ အမ်ိဳးေတြရဲ႕အိမ္မွာ သြားေနၾကတာရွိတယ္။ အဲဒီ လူေတြက က်န္းမာေရးေစာင့္ေရွာက္မႈမွာ နည္းနည္းေလး လစ္ဟာသြားတာမ်ိဳးေတြရွိတယ္။ ဒါက အစိုးရ က အားနည္းခ်က္လည္း မဟုတ္ပါဘူး။ ဒါမ်ိဳးဆိုတာလည္း Camp မွာပဲလုပ္လို႔ရမွာေပါ့။ နာမည္ စာရင္း ေရာ၊ လူစာရင္းေရာက အဲဒီမွာပဲလုပ္လို႔ရမွာကိုး။ ဒါေပမဲ့ ေတာ္ေတာ္မ်ားမ်ားက ဘုန္းႀကီး ေက်ာင္းေတြ၊ အမ်ိဳးေတြအိမ္မွာသြားေနၾကတယ္။ အဲဒီလူေတြအတြက္ ကြၽန္ေတာ္တို႔က ဘုန္းႀကီးေက်ာင္းေတြမွာ ဒီလို လစ္ဟာမႈေလးေတာ့ရွိႏိုင္တယ္ဆိုၿပီး ကြၽန္ေတာ္တို႔တတ္ႏိုင္သေလာက္ က်န္းမာေရး ေစာင့္ေရွာက္မႈ ေတြ ေပးတာပါ။ ျဖစ္သင့္တာကို ကြၽန္ေတာ္အႀကံျပဳခ်င္တာကေတာ့ mobile clinic လို မ်ိဳးေပါ့ေနာ္။ ဘယ္ေနရာေတြမွာ ေရေဘးေရွာင္ေတြကို ထားထားသလဲ။ ကိုယ္ရဲ႕camp မဟုတ္ဘဲနဲ႔ တျခား ဘယ္ ေနရာေတြမွာ ေနေနသလဲ။ ဒါေလးေတြကို လိုက္မွတ္ၿပီးေတာ့ တစ္ရက္ကိုတစ္႐ြာပဲျဖစ္ျဖစ္ ဒါမွ မဟုတ္ (၂)ရက္ကိုတစ္႐ြာပဲျဖစ္ျဖစ္ mobile clinic ေတြလုပ္သင့္တယ္။ ဒါမွမဟုတ္ရင္ တစ္ပတ္ကို တစ္ရက္ ေပါ့။ ကူးစက္ေရာဂါဆိုရင္ ကူးစက္ေရာဂါနဲ႔ပတ္သက္တဲ့ဟာ။ ေနာက္တစ္ခုက မကူးစက္တတ္တဲ့ နာတာ ရွည္ေရာဂါလိုဟာေတြေပါ့၊ NCD (Non-Communicable Diseases) ေပါ့။ အဲဒီလို clinic ေလးေတြ ဖြင့္ၿပီး ေတာ့ လုပ္သင့္တယ္လို႔ေတာ့ျမင္ပါတယ္။ ဘာလို႔လဲဆိုေတာ့ အခုကာလမွာ က်န္းမာေရး နဲ႔ပတ္သက္ၿပီး ေတာ့ ရင္ဆိုင္ရတာ (၃)ခ်က္ရွိတယ္။ တစ္အခ်က္က လူေတြက လူပဲအႏိုင္ႏိုင္လြတ္ေအာင္ ေျပးလာတာ ျဖစ္တဲ့အတြက္ သူတို႔ေသာက္လက္စ ေဆးေတြမရွိေတာ့ဘူး။ ေနာက္တစ္ခုက သူတို႔သြားျပရမယ့္ က်န္းမာေရးဌာနေတြ ဘယ္သြားျပရမွန္းမသိတဲ့ အေနအထားေတြရွိတယ္။ ဒီအတြက္က သူတို႔ကို ဘယ္ ေနရာမွာျပရမလဲဆိုတဲ့ေနရာတစ္ခုကို သီးသီးသန႔္သန႔္ ရွိဖို႔လိုတယ္။ အဲဒီအတြက္ ဘယ္ရက္မွာေတာ့ ဘယ္႐ြာမွာ mobile clinic လာထိုင္မယ္ဆိုတဲ့အရာ လုပ္သင့္ပါတယ္။ လုပ္လည္းလုပ္မယ္လို႔ ယူဆပါ တယ္။ ေနာက္တစ္ခုက အေမနဲ႔ကေလးေတြအတြက္ က်န္းမာေရးမွာလည္း ကိုယ္ဝန္ေဆာင္သည္ေတြ လာအပ္ဖို႔၊ (၅)ႏွစ္ေအာက္ကေလးေတြ ေသခ်ာေစာင့္ေရွာက္ၾကဖို႔ေပါ့။ ဘာလို႔လဲဆိုေတာ့ အခုေနာက္ ပိုင္းမွာ (၅)ႏွစ္ေအာက္ကေလးေတြမွာ အေရးျပားေရာဂါတို႔၊ ဝမ္းပ်က္ဝမ္းေလွ်ာတို႔ေတြ႕ေနရတယ္။ အရမ္းႀကီးေတာ့ မဆိုးေသးေပမယ့္ ဒါမ်ိဳးေတြအတြက္ သီးသန႔္ရက္ တစ္ရက္လုပ္သင့္တယ္။ ေနာက္ တစ္ခုက ေသြးတိုးဆီးခ်ိဳအတြက္က တစ္ရက္၊ NCD အတြက္တစ္ရက္၊ ေနာက္တစ္ခုက ကူးစက္ေရာဂါ ေတြ ဝမ္းေရာဂါ လိုဟာမ်ိဳးေပါ့။ အခုဆို ေရျပႆနာရွိတယ္။ အဲဒီလို ေသခ်ာမသုံးစြဲဘူးဆိုရင္ ဝမ္းေရာဂါ ျဖစ္သြားႏိုင္တယ္။ အဲဒီေတာ့ ေရေတြကို ကလိုရင္းခတ္တာတို႔ ဒီလိုဟာေတြကို တစ္ဖက္ကလုပ္သလို တစ္ဖက္ကလည္း ကူးစက္ေရာဂါကိုေစာင့္ၾကည့္ၿပီး ေဆးခန္းဖြင့္ေပးတာတို႔။ ဝမ္းေလွ်ာတာ သံသယရွိ တာနဲ႔ ေဆးခန္းတန္းလာျပဆိုတဲ့အရာမ်ိဳးေတြေပါ့။ တန္းၿပီးေတာ့ emergency response အတြက္က တစ္ရက္ေပါ့။ ဘာလို႔လဲဆိုေတာ့ (၃)ရက္ေလာက္ေတာ့ ေဆးခန္းေလးေတြ ဖြင့္သင့္တယ္လို႔ ယူဆပါတယ္။

ေမး- ဥပမာအားျဖင့္ ဆင္ေသဆိုရင္ ေရေဘးႀကဳံတယ္။ ေက်းလက္က်န္းမာေရးဌာန ၿပိဳလဲသြားတယ္ ေပါ့။ အဲဒီအေျခအေနမွာ ဆင္ေသ႐ြာကို က်န္းမာေရး ေစာင့္ေရွာက္မႈေပးဖို႔အတြက္ ဘယ္လိုအခက္အခဲ ေတြ ရွိသြားခဲ့လဲ။ ေနာက္တစ္ခုက ေက်းလက္က်န္းမာေရး ဌာနခြဲေတြကို အျမင့္မွာထားရင္ ဘယ္လို အားသာခ်က္ ရွိႏိုင္လဲခင္ဗ်။
ေျဖ- ဒီေက်းလက္က်န္းမာေရးဌာနက ဒီေဒသကို လႊမ္းၿခဳံႏိုင္တဲ့ ဌာနေလးတစ္ခုေပါ့။ ဒီေဒသရဲ႕ ကိုယ္ ဝန္ေဆာင္ေတြကိုလည္း ၾကည့္ေပးေနမယ္။ ကာကြယ္ေဆးလည္း ထိုးမယ္။ ကာကြယ္ေဆးထိုးတဲ့ ေနရာ မွာ ဒီတိုင္းသာၾကာေနမယ္ဆိုရင္ ကာကြယ္ေဆးထိုးမယ့္ အစီအစဥ္ေတြကအစ ပုံမွန္ကာကြယ္ေဆးထိုး လုပ္ငန္းမွာပါ အားနည္းခ်က္ေတြရွိလာႏိုင္တယ္။ အဲဒါက နဂိုရွိေနတဲ့ run ေနတဲ့ မွ်ေျခႀကီးတစ္ခုက ေဆးခန္းထဲကို ေရေရာက္သြားတဲ့အတြက္ ပ်က္စီးသြားတယ္။ အဲဒီလိုမွမဟုတ္ဘဲနဲ႔ ဒီေကာင္က အစ တည္းက Township Plan မွာ၊ Village Plan မွာ ထိပ္အျမင့္မွာ ရွိေနတယ္ဆိုရင္ အကယ္၍ အခုလို မ်ိဳးေရေဘးသင့္ခဲ့ရင္ သူတို႔အတြက္ ခိုနားရာေနရာ တစ္ခုျဖစ္ႏိုင္တယ္။ အဲဒီကိုေရွာင္ၾကမယ္ေပါ့။ ၿပီး ေတာ့ ေရာဂါျဖစ္ၿပီဆိုရင္ အဲဒီေနရာကေန ေရာဂါကို ထိန္းခ်ဳပ္ႏိုင္တယ္ေပါ့။ အဲဒီေတာ့ ဒီဟာက အျမင့္ မွာ ရွိျခင္းရဲ႕ေကာင္း ျခင္းေတြေပါ့ေနာ္။ ေရလႊမ္းတဲ့ဒဏ္ကို ခံႏိုင္တဲ့ေနရာေတြမွာ ေက်ာင္းတို႔၊ ေက်းလက္ က်န္းမာေရးဌာနတို႔ ဒီလိုဟာေလးေတြထားတယ္ဆိုရင္ ခုနလိုအက်ိဳးအျမတ္ေတြနဲ႔ တကယ္ျဖစ္လာရင္ လူေတြအတြက္ ေရွာင္စရာေနရာတစ္ခုလည္းျဖစ္မယ္။ အဲဒီကေနပဲ response လုပ္လို႔ရတဲ့ေနရာ တစ္ခု ျဖစ္မယ္။ က်န္းမာေရးေၾကာင့္ပဲ ျဖစ္ျဖစ္၊ ဘာျဖစ္ျဖစ္ေပါ့ေနာ္ အဲဒီလို လုပ္လို႔ရတဲ့ေနရာတစ္ခုျဖစ္လာ ႏိုင္မယ္လို႔ ကြၽန္ေတာ္ ယူဆပါတယ္။

ေမး-ေရးေဘးႀကဳံလာၿပီဆိုရင္ ေရေဘးသင့္ျပည္သူေတြအတြက္ စိန္ေခၚမႈျဖစ္လာတာက က်န္းမာေရး လား ဆရာ။
ေျဖ-မွန္ပါတယ္ခင္ဗ်။ စားဝတ္ေနေရးမွာ သူတို႔စားႏိုင္ဖို႔၊ ဝတ္ႏိုင္၊ ေနႏိုင္ဖို႔က အဓိကက်န္းမာေရး ေကာင္းေနဖို႔ လိုတာေပါ့ေလ။ အဲဒီေတာ့ က်န္းမာေရးက အားလုံးရဲ႕အဓိကလို႔ပဲ ကြၽန္ေတာ့္အေနနဲ႔ ေျဖရမွာေပါ့ေလ။

ေမး-အခု ေရေဘးသင့္ျပည္သူေတြဆီ ကြၽန္ေတာ္တို႔ သြားခဲ့တဲ့အခါမွာ သူတို႔မွာ ဝမ္းေရာဂါနဲ႔ပတ္သက္ၿပီး စိုးရိမ္မႈေတြေတာ့ ရွိတယ္ေပါ့ေလ။ အဲဒီေတာ့ သူတို႔မွာ ဝမ္းေရာဂါနဲ႔ပတ္သက္ၿပီး သူတို႔သိထားတဲ့ ဗဟုသုတမ်ိဳးရွိႏိုင္လားခင္ဗ်။ ေနာက္တစ္ခုက ကြၽန္ေတာ္တို႔ႏိုင္ငံအေျခအေနနဲ႔ ဝမ္းေရာဂါေတြ ျဖစ္လာရင္ တားဆီးႏိုင္ပါ့မလားခင္ဗ်။
ေျဖ-ဝမ္းေရာဂါအတြက္ေတာ့ က်န္းမာေရးဌာနက ေဟာေျပာပြဲေတြလုပ္ေနပါတယ္။ ဝမ္းေရာဂါျဖစ္ပြား ႏိုင္တာကလည္း ရန္ကုန္လိုေနရာမ်ိဳးမွာေတာင္ ေရ ႀကီးရင္ျဖစ္တတ္တာဆိုေတာ့ေလ။ ျဖစ္ႏိုင္ မျဖစ္ႏိုင္ ကေတာ့ ေျပာရနည္းနည္းခက္တယ္။ သူတို႔ကာကြယ္ထားႏိုင္မယ္ဆိုရင္ေတာ့ အတိုင္းအတာတစ္ခုထိ ေတာ့ သူတို႔ေက်ာ္လႊားႏိုင္တယ္။ အခုေတာ့ က်န္းမာေရး ေဟာေျပာပြဲေတြ ႐ြာေတြကိုလိုက္ဆင္းေနတာ ေတြ႕ရတယ္။ ေနာက္တစ္ခုက ေျပာေန႐ုံနဲ႔မရဘူးေပါ့။ ျပဳလုပ္မႈလိုက္ရမယ္။ အဲဒီေတာ့ ေရက်ၿပီးသား႐ြာ ေတြမွာ ကလိုရင္းခတ္တာတို႔ အခုလုပ္ေတာ့ လုပ္ေနပါတယ္။ ဒါေပမဲ့ အားစိုက္လုပ္ဖို႔လိုတယ္။ ၿပီးေတာ့ ေရဘူးေတြထဲမွာ ေရသန႔္ေဆးျပားေတြထည့္ရမယ္။ လုပ္ေနတဲ့အခ်ိန္မွာ အားနည္းခ်က္ေတြရွိလာ ႏိုင္တဲ့ အတြက္ ကြၽန္ေတာ္တို႔က နည္းနည္းနဲ႔က်ဲက်ဲဝိုင္းေနရတဲ့ အေနအထားျဖစ္တာေပါ့။ ျပည္သူေတြကို ကြၽန္ေတာ္ေပးခ်င္တဲ့အႀကံကေတာ့ ေရသန႔္ေသာက္ႏိုင္ရင္ ေသာက္၊ မေသာက္ႏိုင္ရင္ ေရကိုက်ိဳေသာက္ ဖို႔လိုတယ္။ အဲဒီလိုဆိုရင္ေတာ့ ဝမ္းေရာဂါကို ကာကြယ္ႏိုင္မယ္။ ေနာက္တစ္ခုက ဝမ္းေရာဂါျဖစ္ၿပီဆိုရင္ တန္းၿပီးေတာ့ နီးစပ္ရာက်န္းမာေရးဌာန သို႔မဟုတ္ တာဝန္ရွိသူကို သတင္းေပးဖို႔လိုတယ္။ ႀကိတ္ကုေန လို႔မရဘူး။ ကုေနရင္ ကိုယ္က source ျဖစ္သြားႏိုင္တယ္။ အဲဒီမွာ (၁၀)ေယာက္ကေန အေယာက္(၁၀ဝ) ကူးသြားႏိုင္တယ္။ အဲဒီေတာ့ တစ္ေယာက္ျဖစ္ရင္ တစ္ေယာက္လုပ္မယ္ဆိုရင္ေတာ့ ဝမ္းေရာဂါကို အထိုက္အေလ်ာက္ ကာကြယ္ႏိုင္မွာပါ။ ဒါေပမဲ့ ဒါႀကီးက ျဖစ္မယ္ မျဖစ္ဘူးကေတာ့ ေျပာရခက္တယ္ ေပါ့ေနာ္။ ျဖစ္မယ္ မျဖစ္ဘူးဆိုတာထက္ ကာကြယ္ဖို႔ကိုလုပ္ရမွာပါပဲ။

ေမး- Township Plan အရေတာ့ က်န္းမာေရး ဌာနေတြက အျမင့္ပိုင္းမွာ ေရာက္သြားၿပီေပါ့ေနာ္။ အဲ ဒီလိုေရာက္သြားၿပီဆိုရင္ က်န္းမာေရးလုပ္ငန္းေတြကို ျမန္ျမန္ဆန္ဆန္လုပ္ႏိုင္ပါ့မလား ဆရာ။ အဲဒီလို လုပ္ဖို႔အတြက္က်ရင္ ဘာေတြလိုအပ္လဲခင္ဗ်။
ေျဖ-အဓိကကေတာ့ disaster သဘာဝေဘးနဲ႔ပတ္သက္ၿပီးေတာ့ အသိေပါ့ေနာ္။ ဒါေလးကိုေတာ့ post disaster manegement အဲဒါကေတာ့ သဘာဝ ေဘးျဖစ္ၿပီးေနာက္ပိုင္းမွာ ဒါေလးကိုလုပ္ဖို႔လိုတယ္။ ျပည္သူေတြသိဖို႔ ကိုယ့္ဝန္ထမ္းေတြက ဒါေလးေတြ သိဖို႔လိုတယ္။ ေနာက္ “Drill”လုပ္ဖို႔လိုတယ္။ ဥပမာ မီးသတ္ေတြက မီးမေလာင္ခင္မွာ “Drill” လုပ္သလို‌ေပါ့။ အျပင္မွာႀကိဳေလ့က်င့္သလိုေပါ့။ သဘာဝေဘး တစ္ခုျဖစ္လာရင္ ဘယ္သူက ဘာလုပ္ရမယ္ဆိုတာမ်ိဳးေပါ့။ ႀကိဳၿပီးေတာ့ စည္းခ်က္ဝါးခ်က္ကိုထားရင္ ပို ၿပီးေတာ့ လက္တြဲညီညီလုပ္ႏိုင္မွာေပါ့။ အခုကေတာ့ ျပႆနာက ႏွစ္(၇၀)အတြင္းမွာ ပထမဆုံးျဖစ္တာ။ မျဖစ္ဖူးေတာ့ ျပည္သူေတြက ဘာလုပ္ရမွန္းမသိေတာ့ဘူး။ ကယ္ဆယ္ေရးလုပ္မယ့္ လူေတြကလည္း ဘာစကိုင္ရမွန္းမသိတဲ့ပုံစံမ်ိဳး ျဖစ္တတ္တာေပါ့။ disaster နဲ႔ပတ္သက္ၿပီးေတာ့ သီအိုရီအရ သိထားတဲ့ လူေတြေတာင္မွ က်န္းမာေရးေပါ့ေနာ္၊ တျခားဟာကိုေျပာတာေတာ့ မဟုတ္ပါဘူး။ အဲဒါကို ဘယ္ကစရ မွန္းမသိတာ ျဖစ္တက္တယ္။ အဲဒါေၾကာင့္ “Drill”လုပ္ဖို႔ေတာ့ လိုတာေပါ့။ disaster မွာ သူမ်ားႏိုင္ငံ ေတြမွာ လုပ္တယ္။ ေရႀကီးလာရင္ ဘာေတြလုပ္မလဲ။ ကယ္တဲ့လူေတြက ကယ္ၾကမယ္။ က်န္းမာေရးက က်န္းမာေရး အလုပ္လုပ္မယ္။ ေနာက္ဘယ္ေနရာကို ေ႐ႊ႕မယ္ဆိုတဲ့ အစတည္းကအတိုင္း Plan တစ္ခု အေနနဲ႔ Master plan နဲ႔ “ Drill ” လုပ္ထားၾကတယ္။ ဂ်ပန္လိုႏိုင္ငံမ်ိဳး မွာေပါ့။ အဲဒီေတာ့ ကြၽန္ေတာ္တို႔ ႏိုင္ငံမွာလည္း အဲဒီလိုမ်ိဳး အေလ့အထေလးေတြ လုပ္ထားဖို႔လိုတယ္လို႔ ကြၽန္ေတာ္ထင္ပါတယ္။

ေမး- အဲဒီေတာ့ သဘာဝေဘးႀကိဳတင္ကာကြယ္ဖို႔ Township Plan လိုတယ္။ အဲဒီ Township Plan ကို ပံ့ပိုးဖို႔အတြက္ Plan တစ္ခုထပ္ၿပီး လိုအပ္တာလား ဆရာ။
ေျဖ-ဟုတ္ပါတယ္။Plan ဆိုတာကလည္း disaster response နဲ႔ပတ္သက္ၿပီး Plan ေပါ့ေနာ္။ Town­ship Plan ကေတာ့ အကုန္လုံးနဲ႔ဆိုင္တာေပါ့ေနာ္။ Securation အရ လိုအပ္မယ့္အရာေလး ေတြကို ဘယ္နားဘာထားမယ္ဆိုတာမ်ိဳး အဲဒီ Plan ေပါ့။ ဒါကေတာ့ ႐ုပ္ဝတၳဳအရေပါ့ေနာ္။ ေနာက္တစ္ ဖက္က က်ေတာ့ activity နဲ႔ပတ္သက္ၿပီးေတာ့ Plan တစ္ခု လိုတာေပါ့။ ေနာက္တစ္ခါဒီလိုေရႀကီးရင္ ဘာလုပ္မလဲ။ အဲဒီဘာလုပ္မလဲဆိုတာေနာက္မွာ အဲဒီ Township Plan ေတြအားလုံးပါသြားမွာေပါ့။ လူေတြကို ဘယ္လိုကယ္မလဲဆိုတာေတြနဲ႔ လူေတြဘယ္လို လုပ္ေဆာင္ရမလဲဆိုေတြ အကုန္ပါသြား တာေပါ့။

ေမး-ကြၽန္ေတာ္တို႔ႏိုင္ငံမွာရွိတဲ့ က်န္းမာေရးဌာနေတြ က ဥပမာဆင္ေသ႐ြာက က်န္းမာေရးဌာနလိုမ်ိဳး ရွိေန ၾကတယ္လို႔ ယူဆလို႔ရလားခင္ဗ်ာ။ ေျမနိမ့္ပိုင္းမွာရွိေန တာမ်ိဳးေတြနဲ႔ တစ္ခုခုျဖစ္ရင္ က်န္းမာေရး ဌာနက အရင္ပါသြားတာမ်ိဳးေတြျဖစ္ႏိုင္တဲ့ေနရာေတြမွာ အမ်ားစု ရွိေနၾကလားခင္ဗ်။
ေျဖ-အဲဒါကေတာ့ ကြၽန္ေတာ္တို႔ က်န္းမာေရးဌာနတင္ မဟုတ္ပါဘူး။ ကြၽန္ေတာ္တို႔ႏိုင္ငံရဲ႕ Tow­nship Plan ေပါ့ေနာ္။ ေျပာရရင္ အဲဒီအားနည္းခ်က္ေလးေတြ ရွိတယ္လို႔ေတာ့ ကြၽန္ေတာ္ျမင္မိတယ္။ ဘာလို႔ လဲဆိုေတာ့ တခ်ိဳ႕ေနရာေတြမွာဆိုရင္ တိုက္နယ္ ေဆး႐ုံ(၂)႐ုံက လွမ္းေခၚရင္ၾကားရတဲ့ အေနအထား မွာျဖစ္တယ္။ ဒါေတြက Plan အရ မျဖစ္သင့္ဘူးေပါ့ ေလ။ ဒီဟာက မလိုအပ္ဘဲျဖစ္ေနတာ။ အဲဒီ အတြက္ တခ်ိဳ႕ေနရာေတြက်ေတာ့လည္း ေလး ငါး ဆယ္မိုင္ ျပည့္မွ ကုန္းႀကီးေက်ာ္ၿပီးမွ ေနာက္ထပ္ ေက်းလက္ က်န္းမာေရးဌာနကိုေရာက္တယ္။ ဒီလိုေတြကေတာ့ မျဖစ္သင့္ဘူး။ ေသခ်ာကို ဘယ္နား ဘယ္နားကေတာ့ လိုအပ္တယ္။ ဒီေနရာကေတာ့ မလိုအပ္ဘူး။ ဒါက လည္း အရင္ လႊတ္ေတာ္ေတြ ကာလမွာ ကိုယ္စားလွယ္ေတြက ဝိုင္းဝန္းေတာင္းၾကတာကိုး။ ကိုယ့္ေနရာကိုယ္ ရေအာင္ ေက်းလက္ က်န္းမာေရးဌာနေဆာက္ ေပးမယ္။ ဒီလို ဝိုင္းေဆာက္ၾကေတာ့ အရမ္းကပ္သြား တာမ်ိဳးေတြရွိသြား တာေပါ့။ အဲဒီလိုပဲ disaster နဲ႔ ပတ္သက္ၿပီးေတာ့ ဧရာဝတီတိုင္းမွာေတာ့ နာဂစ္ျဖစ္ ၿပီးတည္းက အဲဒီ Plan ေလးကိုဆြဲၾကေတာ့ စနစ္က် တယ္ေျပာရမွာပဲ။ က်န္တဲ့ေနရာေတြမွာေတာ့ မျဖစ္ ေသးလို႔ပဲ ဒီလို ဆက္လုပ္ေနတာလား။ ဒါမွမဟုတ္ရင္ disaster prone လို႔မထင္လို႔လားေပါ့။ ဒီလိုမ်ိဳးေတာ့ Township Plan မွာ အားနည္းခ်က္ေလးေတြ ရွိ တယ္လို႔ျမင္ပါတယ္။

ေမး-အဲဒီလိုမ်ိဳးလုပ္မယ္ဆိုရင္ အဓိကေတာ့ ၿမိဳ႕မိၿမိဳ႕ဖေတြရဲ႕ တာဝန္လည္းရွိတာေပါ့ေနာ္။ ၿမိဳ႕မိၿမိဳ႕ဖ ေတြမွာေကာ အဲဒီအျမင္မွာ အားနည္းခ်က္ရွိတယ္လို႔ ျမင္လားေပါ့ေနာ္။ အဲဒီ ၿမိဳ႕မိၿမိဳ႕ဖေတြကိုလည္း ဘာ ေတြတိုက္တြန္းခ်င္ပါသလဲ ခင္ဗ်ာ။
ေျဖ- ရွိတယ္လို႔ျမင္ပါတယ္။ disaster နဲ႔ ပတ္သက္ၿပီးရင္ အခုအခ်ိန္ထိ ပု႐ြက္ဆိတ္အေပၚကိုတက္မွ ေရႀကီးမယ္လို႔ထင္တဲ့အဆင့္ကေန တက္မလာေသး ဘူးေပါ့ေနာ္။ ဒီဟာမွာလည္း တခ်ိဳ႕ေက်း႐ြာေတြက ေစာေစာေျပာင္းႏိုင္တယ္။ ဘာလို႔လဲေမးေတာ့ ဒီအ ဆိပ္ရွိတဲ့သတၱဝါေတြက ဥပမာ- ေႁမြေပြးလိုအေကာင္ မ်ိဳးေတြ အိမ္ေပၚမွာေတြ႕ေနရတယ္။ အဲဒီေတာ့ ေရႀကီးမယ္လို႔ သူတို႔ယူဆတယ္။ ဒီလိုပဲ ေရွး႐ိုးေတြနဲ႔ သြားေနတယ္ေပါ့ေနာ္။ တကယ္ေတာ့ အဲဒီလိုမ ဟုတ္ဘဲနဲ႔ သိပၸံနည္းက်က် ဘယ္လိုအခ်က္အလက္ နဲ႔ဆိုဘာျဖစ္ႏိုင္မလဲ၊ ျဖစ္ခဲ့ရင္ ဘာျဖစ္ႏိုင္မလဲ အဲဒီ လိုဟာမ်ိဳး စနစ္တက် ဥပမာ- မိုးေလဝသကို ဖတ္ တတ္တဲ့အေလ့အက်င့္၊ မိုးထစ္ခ်ဳန္း႐ြာမယ္ဆိုရင္ ဘာျဖစ္မလဲေပါ့ေနာ္။ ေနာက္ၿပီး ႏိုင္ငံေတာ္အႀကီး အကဲေတြေျပာတဲ့အထဲမွာလည္း ပါပါတယ္။ ဌာန ဘက္ကလည္း ျပည္သူေတြနားလည္ႏိုင္တဲ့ စကားလုံး အသုံးအႏႈန္းေလးေတြနဲ႔ သုံးရမယ့္အေလ့အက်င့္ ဒီလိုေလး ဟန္ခ်က္ညီေအာင္လုပ္ဖို႔ေတာ့ အမ်ားႀကီး လိုအပ္တယ္လို႔ ျမင္ပါတယ္။ ကြၽန္ေတာ္တို႔ႏိုင္ငံမွာ က်န္းမာေရးအသိပညာပဲျဖစ္ျဖစ္၊ ဘယ္အသိပညာ မဆိုပါ နည္းနည္းေလးအားနည္းခ်က္ေလးေတြ ရွိတယ္။ ဒါေတြကိုေတာ့ အခ်ိန္တစ္ခုယူၿပီးေတာ့ ျပဳျပင္ ေျပာင္းလဲဖို႔ေတာ့လိုတယ္။ ဒါကေတာ့ တန္းၿပီး ေတာ့မျဖစ္ႏိုင္ဘူးေပါ့ေလ။ ပညာေရး အဆင့္အတန္း အစ ျဖည္းျဖည္းခ်င္း ျမႇင့္တင္ၿပီးလုပ္ရမယ္။ အဲဒီကမွ လူေတြက သဘာဝေဘးအေပၚပဲျဖစ္ျဖစ္၊ က်န္းမာ ေရး၊ ပညာေရးေပၚပဲျဖစ္ျဖစ္ အျမင္ေတြ သူတို႔ရဲ႕ ေကာက္ခ်က္ဆြဲတာေတြ သူတို႔ရဲ႕တုံ႔ျပန္တာေတြက အခ်ိန္တစ္ခုေရာက္လာရင္ အဲဒီလိုသာ ဟန္ခ်က္ ညီညီလုပ္လာရင္ တိုးတက္သြားမယ္လို႔ ျမင္ပါတယ္။

ေမး-အေရးေပၚသဘာဝေဘးအတြက္ေပါ့ေနာ္။ တစ္ခုခုမျဖစ္ခင္မွာ ႀကိဳတင္ကာကြယ္ဖို႔အတြက္ ဆရာ ေျပာခဲ့တဲ့ Township Plan ျဖစ္လာဖို႔ ျပည္သူေတြက အစိုးရကိုဘာေတြေတာင္းဆိုသင့္သလဲဆရာ။ အစိုးရကေကာ ဘယ္ေလာက္ထိ စဥ္းစားေပးသင့္လဲ။
ေျဖ-အဓိကေတာ့ ျပည္သူေတြအေနနဲ႔ သဘာဝေဘး တစ္ခုျဖစ္လာရင္ ခိုနားရာ၊ ေျပးမယ့္ေနရာတစ္ခုေပါ့ ေနာ္။ ဒီလိုအရာမ်ိဳးေတြ ေဒသတစ္ခုမွာ တစ္ခုထား ေပးဖို႔ ေတာင္းဆိုလို႔ရတယ္။ သူတို႔က အဲဒီေလာက္ပဲ လုပ္ႏိုင္တယ္။ သူတို႔မွာ က်န္းမာေရးျဖစ္လာရင္ ဘယ္လိုလုပ္ေပးပါေတာ့ လုပ္ႏိုင္မွာမဟုတ္ဘူးေပါ့ေနာ္။ အဲဒီေတာ့ သူတို႔ေတာင္းဆိုရမွာက အကယ္၍ တကယ္ျဖစ္လာရင္ ဘယ္နားသြားရမလဲ။ ဘယ္နား ေဆးခန္းသြားျပရမလဲ။ အဲဒီလိုေတြေတာ့ ေတာင္း ဆိုလို႔ရမယ္။ ျပည္သူေတြက မေတာင္းဆိုရင္လည္း အစိုးရဌာနဘက္က ထည့္သြင္းစဥ္းစားေပးၿပီး လုပ္ ေပးရမွာ။ ဒါႀကီးက ျပည္သူေတြထက္ပိုၿပီးေတာ့ အစိုးရက အျမင္က်ယ္ပါတယ္။ အဲဒီေတာ့ အစိုးရက လုပ္ေပးဖို႔လိုတယ္။ ဒါေပမဲ့ တခ်ိဳ႕ျပည္သူေတြက အခုက်န္းမာေရးဌာနက အိမ္နားမွာနီးတယ္။ အေပၚ တက္လိုက္မွ သြားျပရတာေဝးသြားတယ္ဆိုတဲ့ အျမင္ေတြလည္းရွိႏိုင္တယ္။ အဲဒီေတာ့ တစ္ေယာက္ခ်င္းအျမင္ကိုထည့္သြင္းစဥ္းစားေနရင္ တခ်ိဳ႕ ကလည္း ေ႐ႊ႕တာႀကိဳက္မယ္၊ တခ်ိဳ႕ကလည္း ေ႐ႊ႕တာ မႀကိဳက္ ဘူးဆိုတာေတြကလည္း ျဖစ္လာႏိုင္ တယ္။ အဲဒါကို အစိုးရဘက္က Plan ကိုေသခ်ာဆြဲၿပီးေတာ့ ေသခ်ာ ေလး ဒါကျဖစ္သင့္တယ္၊ ဘာ ေၾကာင့္ ဒီလိုေ႐ႊ႕ရတာ ဆိုတာမ်ိဳးကို ျပည္သူကိုျပန္ၿပီး ေျပာျပသင့္တယ္။ ျပည္သူကို ျပန္ၿပီးေတာ့ စည္း႐ုံးၿပီးေတာ့ ေနရာေ႐ႊ႕ တာမ်ိဳးလုပ္သင့္တယ္။ ျပည္သူကတင္ျပတာေတာ့ အမ်ားႀကီးရွိႏိုင္တယ္။

ေမး-ေက်းလက္က်န္းမာေရးဌာနက တာဝန္ရွိတဲ့လူ ေတြက သူတို႔မွာ သဘာဝေဘးနဲ႔ပတ္သက္ၿပီး လုံ ေလာက္တဲ့ ဗဟုသုတေတြရွိတယ္ထင္လား ဆရာ။
ေျဖ- သူတို႔မေျပာနဲ႔ ကြၽန္ေတာ္တို႔အဆင့္မွာေတာင္ ရွိပါတယ္။ သီအိုရီအရေတာ့ သိပါတယ္။ က်န္းမာ ေရးနဲ႔ပတ္သက္ၿပီး သဘာဝေဘးတစ္ခုျဖစ္ၿပီဆိုရင္ ဝမ္းေရာဂါျဖစ္တတ္တယ္။ ေသြးလြန္တုပ္ေကြးျဖစ္ တတ္တယ္။ ဒဏ္ရာေတြရတာျဖစ္တတ္တယ္။ ကူး စက္ေရာဂါေတြျဖစ္တတ္တယ္။ မကူးစက္ႏိုင္တဲ့ေရာ ဂါေတြကလည္း ေဆးဝါးေတြျပတ္လို႔ျဖစ္ႏိုင္တယ္ ဆိုတာကလည္း ဒါေတြကျဖစ္တတ္ပါတယ္။ ဒါေပမဲ့ အဲဒါေတြကို ဘယ္လိုစီမံခန႔္ခြဲမလဲ။ စီမံခန႔္ခြဲမႈမွာက လည္း စက္ဘီးစီးတာတို႔၊ ေရကူးတာတို႔စတဲ့ အေျခ ခံေလးေတြေတာင္မွ ေသခ်ာေလ့က်င့္ေနမွ ကြၽမ္း က်င္မႈအပိုင္းဆိုတာရွိတာကိုး။ အဲဒီေတာ့ ဒီဟာကို သီအိုရီအရနဲ႔ ေလ့က်င့္မႈအပိုင္းေတြကိုေတာ့ ေတာက္ ေလွ်ာက္လုပ္ေနဖို႔လိုတယ္လို႔ ျမင္ပါတယ္။ သူတို႔ အဆင့္မွာတင္မဟုတ္ပါဘူး။ ၿမိဳ႕နယ္အဆင့္ေတြနဲ႔ ကြၽန္ေတာ္တို႔လို ဆရာဝန္အဆင့္ေတြမွာေတာင္ အားနည္းခ်က္ေတြရွိမွာပါ။

ေမး-ကြၽန္ေတာ္တို႔ျမန္မာႏိုင္ငံမွာရွိတဲ့ အမ်ားျပည္သူ ဝန္ေဆာင္မႈနဲ႔ပတ္သက္တဲ့ လုပ္ငန္းေတြက သဘာဝ ေဘးနဲ႔ပတ္သက္ၿပီး ေလွ်ာ့တြက္တဲ့အေနအထားမ်ိဳး ေတြရွိလားခင္ဗ်ာ။
ေျဖ-သဘာဝေဘးနဲ႔ပတ္သက္ၿပီးေတာ့ ေလွ်ာ့တြက္ တဲ့ဌာနရယ္လို႔ေတာ့မရွိပါဘူး။ ကြၽန္ေတာ္တို႔ဌာနေတြ ဆိုရင္ မိုး႐ြာရင္ ေရႀကီးႏိုင္တယ္ဆိုတဲ့အသိေၾကာင့္ တခ်ိဳ႕ဟာေတြ ဥပမာ- ECG လိုစက္မ်ိဳးေတြကို အ ျမင့္ပိုင္းကို ေ႐ႊ႕ထားၾကတာေတြရွိပါတယ္။ ပ်က္စီးႏိုင္ တဲ့ အရာေတြ‌ေ႐ႊ႕တာတို႔ေတာ့ ရွိပါတယ္။ ကိုယ့္ အဝန္း အဝိုင္းထဲမွာ စီမံခန႔္ခြဲမႈေတာ့ရွိပါတယ္။ ေက်း႐ြာလူထု လိုေတာ့ အဲဒါႀကီးက ငါတို႔ တစ္သက္ တစ္ခါမွ မျမင္ ဖူးဘူး။ ငါတို႔ဆီလာမွာမဟုတ္ပါဘူးဆိုၿပီး ေလွ်ာ့တြက္ တာမ်ိဳးေတာ့မရွိပါဘူး။ ဒါေပမဲ့ တကယ္ျဖစ္လာ တဲ့အခ်ိန္မွာ ေျခမကိုင္မိလက္မကိုင္မိေတာ့ ျဖစ္တာ ေပါ့။ ဒါကလည္း သဘာဝ ေဘးကိုေလွ်ာ့တြက္တာ မ်ိဳးမဟုတ္ဘဲနဲ႔ မႀကဳံေတြ႕ဖူးတဲ့အေျခအေနႀကီးကို ဝုန္းခနဲႀကဳံေတြ လာရလို႔ မွင္ေသသြားတဲ့ ပုံစံမ်ိဳးေတြ ေတာ့ေတြ႕ရတယ္။ အဲဒီေတာ့ ဒီလိုမ်ိဳးျဖစ္လာရင္ ဘာလုပ္ရမလဲဆိုတာကို ေလ့က်င့္ေနဖို႔လိုတယ္။ ေခါင္းေဆာင္ျဖစ္တဲ့ ဆရာဝန္တစ္ေယာက္တည္းက ဒါမ်ိဳးကို ေလ့က်င့္ထား လို႔မရဘူး။ အဲဒီမွာရွိတဲ့ သန႔္ ရွင္းေရးကအစ၊ ယာဥ္ေမာင္းအထိ Team နဲ႔ လုပ္ တတ္တဲ့အက်င့္ရွိထားမွာ ဒါႀကီးကို ကယ္ဆယ္ႏိုင္ မွာပါ။ ဒီ drill က အမ်ားႀကီး လိုအပ္ပါတယ္။

ေမး- ဟုတ္ကဲ့ပါဆရာ။ ေနာက္တစ္ခုက ေက်းလက္ က်န္းမာေရးဌာနေတြမွာ အခုသဘာဝေဘးနဲ႔ပတ္ သက္ၿပီး ေဆးဝါးေတြ အလုံအေလာက္ ရွိပါသလား။ ဘာမ်ား ထပ္ျဖည့္ဖို႔လိုအပ္ပါသလဲ။
ေျဖ-ပုံမွန္လည္း က်န္းမာေရးလုပ္တဲ့ program ေတြမွာ ကူးစက္ေရာဂါေတြကို ဘယ္လိုကာကြယ္မယ္။ ကာကြယ္ေဆးဘယ္လိုထိုးမယ္။ ဒါေတြက ခုတင္နဲ႔ ခ်ိန္ၿပီးေတာ့ ခုတင္(၁၀ဝ)ဆို(၁၀ဝ)။ ခုတင္(၂၀ဝ)ဆို (၂၀ဝ) အလုံအေလာက္ရွိပါတယ္။ သို႔ေသာ္ ဒီကာ လမွာ ျဖစ္ႏိုင္တာေပါ့ေနာ္။ ဒါေတာ့ ကြၽန္ေတာ္လည္း စာရင္းအတိအက်ေတာ့မသိဘူး။ ေဆးဝါးေတြလည္း ပ်က္စီးမႈအနည္းငယ္ေတာ့ ရွိသြားႏိုင္တယ္။ ဒီဟာ ေတြမွာ ျပည္သူေတြကိုေစာင့္ေရွာက္မႈအပိုင္းမွာ လူအရေရာ၊ ေနရာအရေရာ ေဆးဝါးအရေရာ ဒီသ ဘာဝေဘးေၾကာင့္ အနည္းငယ္ေတာ့ အားနည္းမႈျဖစ္ သြားႏိုင္တယ္။ ဒါကိုေတာ့ စာရင္းအတိအက် ရလာရင္ ဘယ္ေနရာကို ဘယ္လို ထပ္ျဖည့္ရမယ္ဆိုတာေတာ့ လုပ္ဖို႔လိုတယ္လို႔ျမင္မိတယ္။ သဘာဝ ေဘးျဖစ္တဲ့ ေနရာေတြမွာ ဘယ္လို သဘာဝေဘးအႏၲရာယ္ျဖစ္လဲ ဆိုတာေပၚမူတည္ၿပီး ဥပမာ-ဝမ္း ေရာဂါျဖစ္တတ္တယ္ဆိုရင္ ဝမ္းေရာဂါနဲ႔ျဖစ္တတ္တဲ့ ဓာတ္ဆားထုပ္။ ေနာက္တစ္ခုက ခ်ိတ္မယ့္ပုလင္း ေတြ၊ ေနာက္တစ္ခု က ေရကိုခတ္မယ့္ကလိုရင္းေတြ ေရသန႔္ေဆးျပား ေတြ။ ေဆးျပားေတြကို အရင္က ထက္ပိုၿပီး ျပင္ဆင္ ထားရမယ္။ ဒါေပမဲ့ ေရတက္လာရင္ ဘာမွမလုပ္ႏိုင္ဘဲ ပါသြားႏိုင္တာျဖစ္တဲ့အတြက္ ျမင့္တဲ့ေနရာေတြမွာျပင္ ဆင္ထားဖို႔ေတာ့လိုအပ္တာေပါ့ေနာ္။ ေနာက္ဆုံးေျပာ ခ်င္တာကေတာ့ ျပည္သူ ေတြပဲျဖစ္ျဖစ္၊ ဝန္ထမ္းေတြ ပဲျဖစ္ျဖစ္ သဘာဝေဘးနဲ႔ပတ္သက္ၿပီး ေပါ့ဆလို႔ မရဘူး။ သဘာဝ ေဘးနဲ႔ ပတ္သက္ၿပီး အသိေတြက ျမႇင့္ထားဖို႔လိုတယ္။ ကိုယ္ကလည္း ဒီဗဟုသုတေတြ ကို ရွာထားဖို႔လိုသလို ႏိုင္ငံေတာ္အစိုးရဘက္ကလည္း ဒီသဘာဝေဘးနဲ႔ပတ္သက္ၿပီး ေရႀကီးလာရင္ ဘာလုပ္ရမယ္၊ ဘာေတြ လုပ္သင့္တယ္။ မိုးေလဝသကို ဘယ္လိုၾကည့္ရမယ္ဆိုတဲ့ အသိပညာေပးေတြကို ျဖန႔္ေဝတဲ့အလုပ္ေတြကို အရင္ထက္ပိုလုပ္သင့္တယ္။ မီဒီယာကေနမွမဟုတ္ဘဲနဲ႔ ရပ္ကြက္ေတြထဲ ကြင္း ဆင္းေျပာတာတို႔ ေလ့က်င့္ေပးတာတို႔လုပ္သင့္ပါတယ္။

အခုလို ေျဖၾကားေပးတဲ့အတြက္ ေက်းဇူးတင္ပါတယ္။

Related news

© 2021. All rights reserved.